← Chapters

မည်သည့်နေရာကမသိ

Vol. 9 Ch. 126

မည်သည့်နေရာကမသိ

Vol. 9 Ch. 126

အခြားတစ်ဖက်ကမ်းတွင် ခုနစ်ရောင်ဖြင့် ပန်းတစ်ပွင့်ပွင့်လျက်ရှိသည်။ ၄င်းနာမည်ကား အင်မိုတယ်အဆင့်တက်ခြင်းဟု အဓိပ္ပါယ်ရ၏။

ကမ္ဘာပေါ်ရှိ ရှင်သန်ခြင်းနှင်းပန်းတိုင်းသည် စွမ်းအားကြီးသူတစ်ယောက်၏ အသက်ဓာတ်ကို စားသုံးပြီး ထိုပုဂ္ဂိုလ်၏သွေးဖြင့် ရေလောင်းပေးရသည်။ စိတ်တန်ခိုး၏ မရေမတွက်နိုင်သောပေါင်းစည်းမှုများ၏ ရလဒ်အဖြစ် ၄င်းသည် တစ်ရောင်မှတစ်ရောင် ပြောင်းရင်း စုစုပေါင်းခုနစ်ရောင်ဖြင့် ရှင်သန်လေသည်။

မန်ဟိုမှာ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းဖြင့် အဆိပ်ခတ်ထားရခြင်းဖြစ်သည်။ သူ့အရှေ့ရှိသည်က လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းပင်။ သူ့ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါက်ဖွားလာ၏။ ဤပန်းမှာ တစ်ခါက သူ့နည်းတူ ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ကြောင်း သူသိသိသာသာ အာရုံရနေလေသည်။

သူ ရှင်သန်ခြင်းနှင်းပန်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သုံးရောင်ခြယ်မြူထုတစ်ခုက သူ၏ငယ်ထိပ်မှ ထွက်လာပြီး လှပသော သုံးရောင်ခြယ်နှင်းပန်းပွင့်တစ်ပွင့်အဖြစ် စုခဲသွားသည်။ ၄င်းက ရှေ့နောက်ယိမ်းထိုးနေ၏။ ပွင့်ချပ်များမှာ ငိုချင်ပါသော်လည်း မငိုချင်သည့်ပုံရသော မိစ္ဆာမျက်နှာအသွင်ဖြစ်နေသည်။ ၄င်းမှာ ၄င်း၏ဘဝကို ပြန်တမ်းတ၍ ငိုကြွေးချင်ပါသော်လည်း တစ်ချိန်တည်းမှာပင် မငိုချင်ပြန်သည့်ပုံပေါ်သည်။

တဖြေးဖြေး မန်ဟို့အရှေ့ရှိ လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းသည်လည်း ရှေ့နောက် ယိမ်းထိုးလာ၏။ နောက်ဆုံး၌ ပန်းပွင့်ပေါ်တွင် အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်၏ ဝိုးတိုးဝါးတားပုံရိပ်တစ်ခု ရပ်နေကြောင်း မန်ဟိုသဘောပေါက်လိုက်သည်။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ပုံရိပ်မှာ မပီပြင်သော်လည်း သူက မန်ဟို့ကို မမှိတ်မသုန်ကြည့်နေချေသည်။

သူတို့နှစ်ယောက် မြစ်တစ်စင်း၏ တဖက်တချက်စီမှနေ၍ အချိိန်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ အချိန်များစွာကုန်ဆုံးသွားပြီးနောက်ဆုံး အဖြူရောင်ဝတ်ရုံနှင့်လူက သက်ပြင်းချသည်။ သူက ညာလက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်ရာ သူ့ဘေးရှိ သဲထဲတွင် တံခါးတစ်ချပ်ထွက်ပေါ်လာ၏။

တူညီသောကံကြမ္မာရှိသူများအဖို့ တစ်ယောက်ကိုတစ်ယောက် ခက်ခဲအောင် လုပ်စရာမလိုအပ်သည် မဟုတ်ပါလော။ တံခါးချပ်အထဲ ဝင်ရောက်ခြင်းက စတုတ္ထကွန်ချာမှ ထွက်ခွာခြင်းဟုဆိုလိုပေသည်။

တံခါးချပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဖြူရောင်ဝတ်ရုံနှင့်လူ ပျောက်ကွယ်သွားသည်။ ရှင်သန်ခြင်းနှင်းပန်းသည်သာ ရှေ့နောက် ယိမ်းနွဲ့လျက် ကျန်ရစ်ခဲ့၏။ ၄င်းမှာ ငိုချလိုက်ချင်ပါသော်လည်း တစ်ချိန်တည်း မငိုချင််ပြန်သည့်ပုံပေါက်နေသည်။

မန်ဟို တခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက လက်ယှက်၍ အလေးအနက် အရိုအသေပေးလိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးသည်နှင့် သူက ခေါင်းပြန်မော့ပြီး ခံစားချက်များရောထွေနေသောမျက်နှာထားဖြင့် တံခါးကို ဖြတ်လျှောက်သွားတော့သည်။ သူ့ပတ်လည်ရှိကမ္ဘာကြီးမှာ အစိတ်စိတ်အမြွှာမြွာကွဲကြေသွားပြီး အတူတကွပြန်ဆက်သွား၏။ သူသည် သူနှင့် သွေးခွေးကြီးကို ချက်ချင်း လွှမ်းခြုံသွားသည့် သိပ်သည်းသောစိတ်ဝိညါဥ်စွမ်းအင်များဖြင့် ပြည့်နှက်သော စင်မြင်ကြီးတစ်ခုအပေါ်တွင် ဖြစ်သည်။

သူ့အရှေ့တွင် ပဥ္စမကွန်ချာနှင့် လီတောက်ရီရှိသည်။ အခြားသူများအားလုံး မန်ဟို့အနောက် စတုတ္ထကွန်ချာတွင် ပိတ်မိနေကြလေသည်။ စတုတ္ထကွန်ချာမှ ဆယ်ရက်အတွင်း ထွက်လာရန်မှာ ရှေးခေတ်ကာလများကတည်းက အမွေအနှစ်ပြိုင်ပွဲအားလုံး အတောအတွင်း တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ မန်ဟိုက သမိုင်းထဲကလူတကာထက် ပို၍လျင်မြန်စွာ စတုတ္ထကွန်ချာကို ကျော်ဖြတ်ခဲ့လေသည်။

မန်ဟို၏ထွက်ပေါ်လာမှုက အပြင်ဘက်တောင်ပိုင်းဒေသတွင် ဆူညံပွက်လောရိုက်သွားစေသည်။ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေများအပြင်က သွေးမျက်နှာပြင်များကို စောင့်ကြည့်နေသူတိုင်းမှာ မန်ဟို၏ ဝိုးတိုးဝါးတားပုံရိပ်အား အံ့သြတကြီးစိုက်ကြည့်နေကြသည်။ သူတို့မှာ သူတို့မျက်စိသူတို့ မယုံကြည်နိုင်ဖြစ်နေကြ၏။

"ခုနစ်ရက်။ ဒီလူက စတုတ္ထကွန်ချာကို ခုနစ်ရက်ထဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ဘယ်လိုများလုပ်ခဲ့တာတုံး။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်လုံး ဒီလိုမျိုးတစ်ခါမှ မဖြစ်ခဲဖူးဘူး"

"စတုတ္ထကွန်ချာက သူရဲ့စွမ်းဆောင်ရည်အရဆိုရင် ဟိုလူတွေအားလုံးကို အခု သူကျော်သွားပြီ။ အခုသူ့အရှေ့မှာ လီတောက်ရီပဲရှိတော့တယ်။ သူ ပဉ္စမကွန်ချာမှာလဲ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် သွေးအင်မိုတယ်အမွေအနှစ်ကို သူမရရင်တောင်မှ တောင်ပိုင်းဒေသတစ်လွှား ထင်ရှားကျော်ကြားသွားဦးမှာပဲ"

"ဒီလူက ဘယ်ကပါလိမ့်။ သူ့မှာ နောက်ကြောင်းမရှိတာ ကျုပ်မယုံနိုင်ဘူး.....ချင်းလော်ဂိုဏ်းကတော့ မဟုတ်လောက်ဘူးမလား။ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေခုနစ်ခု ဖွင့်တုံးက ချင်းလော်ဂိုဏ်းရဲ့အရိပ်အယောင်တောင် မမြင်ရဘူးလေ"

အဆက်မပြတ်ဆူညံနေသော စကားသံများအလယ်တွင် လူထူးဆန်းစုန့်သည် တရားထိုင်နေရင်း မန်ဟို၏ဝိုးတိုးဝါးတားပုံရိပ်ကို စိုက်ကြည့်နေသည်။ သူတစ်ယောက်တည်းမဟုတ်။ ဇီယွင်ဂိုဏ်းမှ ဝူတင်းချိုး၊ ကျင်းဟန်ဂိုဏ်းမှ ကျောက်ရှန့်လင်နှင့် ယီးကျန့်ဂိုဏ်း၏ ကျိုးယွင်ယန်နှင့်အတူ ချန်ဖန်းတို့သည်လည်း မန်ဟို့ကို အနီးကပ်စောင့်ကြည့်နေကြသည်။

မှန်ပါသည်။ သူတို့တစ်ယောက်ချင်းစီ မန်ဟိုနှင့်ဆုံတွေ့ခဲဖူးကြောင်း ဘယ်နည်းနှင့်မှ မသိနိုင်ပေ။

ဝမ်တန်ဖေးသည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လျက် မန်ဟို့ကို ကြည့်လိုက်သည်။ သူလည်း သူ့ကို မမှတ်မိပေ။ မည်သို့ဆိုစေ သူက သူ့အစ်ကို ဝမ်လီဟိုင်ကိုသာ ပို၍အာရုံစိုက်နေ၏။

လီမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့် အဘိုးအိုနှစ်ယောက် မျက်နှာမှာ မှုန်ကုပ်နေသည်။ သူတို့မှာ ယခုတွင် မန်ဟိုကို့ အတန်ငယ်လန့်နေပြီဖြစ်သည်။

အပြင်ဘက်ကမ္ဘာ၌ မန်ဟို ခုနစ်ရက်အတွင်း စတုတ္ထကွန်ချာကို ဖြတ်ကျော်နိုင်ခဲ့သည်နှင့်ပတ်သက်၍ ပွက်လောရိုက်နေစဥ် သူသည် ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအင်များကို မြန်နိုင်သမျှမြန်မြန် စုပ်ယူရင်း တရားထိုင်နေ၏။ သူ၏ဒုတိယတာအိုမဏ္ဍိုင်၏ ပုံသဏ္ဍာန်မှာ ပို၍ ထင်ရှားပြတ်သားလာနေပြီဖြစ်သည်။ သူ၏သွေးခွေးကြီးလည်း စိတ်ဝိညာဥ်စွမ်းအင်များကို လျင်မြန်စွာစုပ်ယူနေသည်။ မကြာမီ ၄င်းသည် လူတစ်ယောက်အရွယ်ရှိလာ၏။ တင်ပျဥ်ခွေထိုင်နေသော မန်ဟိိုဘေးနား ရပ်နေသော ၄င်း၏အသွင်မှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလေသည်။

ထူပိန်းနေသော သွေးနီရောင်အမွှေးထုက ၄င်း၏ခန္ဓာကိုယ်နှင့် မျက်နှာကိုပင်လျှင် ဖုံးအုပ်နေသည်။ ၄င်း၏ခေါင်းကို ဖုံးအုပ်နေသော အမွှေးအမျှင်များအကြား အေးစက်ပြီး သွေးဆာနေသော အလင်းများဖြင့် ဝင်းဝင်းတောက်လျက်ရှိသော သွေးနီရောင်မျက်လုံးတစ်စုံကို မြင်နိုင်၏။ ၄င်း၏ခြေသည်းများသည် ဓားများကဲ့သို့ ချွန်ထက်နေပြီး ကောင်းကင်နှင့်မြေကြီးကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိပုံရသည်။ ၄င်း၏ ပါးစပ်ကို ဖွင့်သောအခါ မည်သည့်သက်ရှိအရာကိုမဆို ခေါင်းတခြားကိုယ်တခြား ဖြစ်သွားစေနိုင်သော ချွန်ထက်ရှည်လျားသည့်သွားကြီးများကို ပထမဆုံးမြင်ရမည်ဖြစ်သည်။

မန်ဟိုသည် စတုတ္ထကွန်ချာမှ ထွက်ခွာပြီးနောက် ရှစ်ရက်တိုင်တိုင် ဆက်လက်တရားထိုင်နေ၏။ နောက်ဆုံး၌ လေထဲတွင် လှိုင်းဂယက်များထလာပြီး ဝမ်လီဟိုင်ထွက်လာသည်။ သူက မန်ဟို့ကို တအံ့တသြကြည့်လိုက်သည်။ ဝမ်တောက်ရီပြီးနောက် စတုတ္ထကွန်ချာမှ ပထမဆုံးထွက်လာသူမှာ သူဖြစ်လိမ့်မည်ဟု ယူဆခဲ့လေသည်။ လဝက်တည်းနှင့် ကွန်ချာကို ကျော်ဖြတ်ခဲ့ခြင်းက အပြင်ဘက်ကမ္ဘာတွင် အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့သင့်သည်။သို့သော်.... မန်ဟိုက လုယူသွားခဲ့လေပြီ။

သူက မန်ဟို တခဏ အနီးကပ်ကြည့်ပြီးနောက် တရားထိုင်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။ နောက်ထပ်သုံးရက်ကုန်ဆုံးသွားပြီးနောက် စုန့်ကျားထွက်လာသည်။ သူမမှာ ပါးစပ်မှ သွေးကျစီးကျရင်း ဒယိမ်းဒယိုင်ဖြစ်နေ၏။ ထို့နောက် သူမက အသက်ရှူလေ့ကျင့်ခန်းများစတင်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။

မန်ဟိုမျက်လုံးများ ဖွင့်လိုက်သည်။ ဤနေရာရှိ စိိတ်ဝိညာဥ်စွမ်းအင်များ လျော့နည်းလာပြီဖြစ်သည်။ သူက တစ်ယောက်တည်း ရေရွတ်နေ၏။ သူ၏ဒုတိယတာအိုမဏ္ဍိုင်ပုံသဏ္ဍာန်မှာ အပြည့်အဝဖြစ်တည်ခါနီးနေလေပြီ။ စစချင်းကဲ့သို့ စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်လျက်ရှိပါက တာအိုမဏ္ဍိုင် အပြည့်အဝရုပ်လုံးပေါ်စေရန် လဝက်သာလိုအပ်မည် ဖြစ်သည်။

သို့သော် စိတ်ဝိညာဥ်စွမ်းအင်များမှာ ယခုတွင် နည်းပါးလာပြီး ပြည်လည်ပြည့်တင်းရန် အချိန်လိုအပ်ပေမည်။

"ပြီးပြည့်စုံသော အခြေတည်ခြင်း....." မန်ဟို၏ ပြီးပြည့်စုံသောအခြေတည်ခြင်းအပေါ် လိုချင်တပ်မက်မှုမှာ ပို၍ကြီးထွားလာတော့သည်။

ရုတ်တရက် သူ၏သွေးခွေးကြီးက ကောင်းကင်ထံ ခေါင်းကိုမော့ပြီး အံအားသင့်ဖွယ် ဟိန်းဟောက်လိုက်၏။ မန်ဟိုနှင့် စင်မြင့်ပေါ်ကအခြားသူများ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

သူတို့မြင်ရသည်မှာ အားကောင်းသထက် အားကောင်းလာသော သွေးခွေးကြီး၏ချီဓာတ်ပင်။ ၄င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် သုံးမီတာထပ်ရှည်လာ၏။ ၄င်း၏ပုံပန်းသွင်ပြင်ကား ယခုအချိန်တွင် အတိုင်းထက်အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ထိုမျှကြီးထွားလာခြင်းက အံဖွယ်ကောင်းနေပြီဖြစ်သော်လည်း ထပ်ရှိသေးချေသည်။ ၄င်း၏ခြေထောက်များမှ သွေးအရိုးချွန်များစွာရုတ်တရက်ထွက်လာပြီး ၄င်း၏သွားများမှာ အလွန်ရှည်လျားလာသဖြင့် ၄င်းတို့ကို ထုတ်ပြရန် ပါးစပ်ဟစရာပင် မလိုတော့ပေ။ အကြည့်တစ်ချက်နှင့် မည်သူ့ကိုမဆို ရင်တုန်သွားစေမည်ဖြစ်သည်။

၄င်း၏ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံတစ်ခုထွက်လာသည်။ တခဏအတွင်း ၄င်းသည် ချီအခြေတည်အဆင့်မဟုတ်တော့ဘဲ...... အမြုတေဖြစ်တည်မှုအဆင့် ဖြစ်သွားလေပြီ။

အပြင်ဘက်ကမ္ဘာမှာ နောက်တစ်ဖန် အံသြမှင်သက်သွားရပြန်၏။

"အမြုတေဖြစ်တည်မှုအဆင့်။ ဒီလူ့ရဲ့သွေးဝိညာဥ်က အမြုတေဖြစ်တည်မှုအဆင့် ရောက်သွားပြီ"

"ကြည့်ရတာ သူတစ်ယောက်တည်းပဲ လီတောက်ရိီနဲ့ယှဥ်နိုင်တယ် ထင်တယ်။ သူက ဘယ်သူလဲ....."

မန်ဟိုမှာ သွေးခွေးကြီး၏ ကြောက်မက်ဖွယ် ပုံပန်းသွင်ပြင်နှင့် အံမခန်းလိလိချီဓာတ်များကို ကြည့်ပြီး သက်ပြင်းခိုးချလိုက်မိသည်။ ခွေးကြီးသည် ဤနေရာတွင်သာ တည်ရှိနိုင်ပြီး အပြင်ဘက်ခေါ်ထုတ်၍မရပေ။ ခေါ်သာထုတ်နိုင်ပါက သူတို့နှစ်ယောက်ကြား ဖြစ်တည်လာခဲ့သော မိတ်ဆွေဆက်ဆံရေးအရ မန်ဟိုမှာ အပြင်ဘက်ကျင့်ကြံခြင်းကမ္ဘာတွင် ပို၍ဘေးကင်းသလို ခံစားရမည်ဖြစ်သည်။

"ပြီးတော့ ကြီးပြင်းတာ မရပ်သေးဘူး....." မန်ဟို မျက်လုံးများတဖျပ်ဖျပ်လက်ရင်း တွေးလိုက်မိသည်။ " ဒီကောင်ကြီးကို ဒီနေရာက ခေါ်ထုတ်သွားနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက သွေးအင်မိုတယ်ရဲ့အမွေအနှစ်ကို ရယူဖို့ပဲ" သူက သွေးခွေးကြီးကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။ အခြားသူများအတွက် ၄င်းသည် ရက်စက်ကြမ်းကြုတ်ပုံပေါ်သော်လည်း မန်ဟို့မျက်လုံးထဲတွင်တော့ တော်တော်လေးချစ်စရာကောင်းလေသည်။ သူ ၄င်းကိုပွတ်သပ်ပေးနေချိန် ၄င်းမှာ ပေါက်စလေးတုံးကကဲ့သို့ ကျေကျေနပ်နပ်ငြီးတွားနေ၏။ ထို့နောက် ၄င်းက ဝမ်းလျားမှောက်ပြီး မန်ဟို့လက်ကို လျက်ကာ ငယ်စဥ်ကလို မျက်နှာလိုမျက်နှာရလုပ်နေသော မျက်ဝန်းလေးများဖြင့် ကြည့်နေတော့သည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ၄င်း၏လျှာက မန်ဟို့လက်တစ်ဖက်လုံး အရွယ်အစားရှိနေခြင်းပင်။

၄င်းအသွင်မှာ ဤကမ္ဘာရှိအရာအားလုံးကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံနိုင်သော်လည်း မန်ဟိုအတွက်ဆိုလျှင် မည်သို့ပင်ဖြစ်စေ မြင်မြဲတိုင်း မြင်နေမည်သာဖြစ်သည်။ မန်ဟိုက ၄င်းကို ပွတ်သက်ပေးမည်။ ၄င်းက သူ့လက်ကို လျက်မည်။ အရအားလုံး ငြိမ်းချမ်းနေမည်ဖြစ်သည်။

"တကယ်တော့ ငါ သွေးအင်မိုတယ်ရဲ့အမွေအနှစ်ကို သိပ်ဂရုမစိုက်ဘူး။ ဒါပေမယ့် ဒီသွေးဝိညာဥ်ကို ငါနဲ့အတူခေါ်သွားနိုင်ဖို့ တိုက်ခိုက်ရလိမ့်မယ်....." မန်ဟို ခေါင်းကိုမော့လိုက်စဥ်တွင် သူ၏မျက်လုံးများသည် ဝင်းလက်တောက်ပနေ၏။ သူသည် ဤနေရာတွင် စုစုပေါင်းသုံးလနေနိုင်ပြီး လဝက် ကုန်သွားခဲ့ပြီဖြစ်သည်။ သူက သွေးခွေးကြီးနှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။ အပြင်ဘက်ကမ္ဘာ၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူတို့နှစ်ယောက်သည် ပဥ္စမကွန်ချာထဲ ပျံဝင်သွား၏။

ယခုအချိန်အထိ လီတောက်ရီတစ်ယောက်တည်းသာ ပဥ္စမကွန်ချာကို ဝင်ရောက်နိုင်သေးသည်။ မန်ဟို ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှေးဆန်သောအသံကြီးကို ကြားလိုက်ရသည်။

"ဒီကွန်ချာက ဟင်းလင်းပြင်နဲ့ဆိုင်တယ်။ ဟင်းလင်းပြင်ဆိုတာ အဆုံးသတ်ကိုဆိုလိုတယ်။ ဒါကြောင့် နာမည်က 'ဟင်းလင်းပြင်အဆုံးသတ်'ပဲ။ ဒီမှာ အနန္တဝိညာဥ်တွေကို ချိတ်ပိတ်ထားတဲ့ သွေးအက္ခရာတွေရှိတယ်။ ဉာဏ်အလင်းရအောင်လုပ်ပါ။ ဒါဆို ချိုးဖျက်လို့ရမယ်။ မင်း ချိုးဖျက်ရင် အဲ့တာ အမွေအနှစ်ကိုရတဲ့အခါ ထိန်းသိမ်းထားနိုင်တယ်။ အမွေအနှစ်ကိုမရရင်တော့ ဖျက်သိမ်းခံရလိမ့်မယ်

"ဒီကွန်ချာက ခက်တာထက်ပိုတာကြောင့် သွေးဝိညာဥ်တွေ အချိန်မရွေး ထွက်သွားဖို့ ရွေးချယ်လိမ့်မယ်။ ဒါပေမယ့် အမွေအနှစ်ပြိုင်ပွဲဝင်တွေကတော့ သေခြင်းနဲ့အဆုံးသတ်မယ်ဆိုရင်တောင်မှ အဆုံးထိ တိုက်ခိုက်ရမယ်"

အသံကြီးပဲ့တင်ထပ်သွားစဥ် ကမ္ဘာအသစ်တစ်ခုသည် မန်ဟို့အရှေ့၌ ဖြစ်တည်လာ၏။ အတိအကျဆိုရလျှင် ၄င်းက တောင်တစ်လုံးဖြစ်သည်။ တောင်ထိပ်တွင် ဧရာမကျောက်တိုင်ကြီးတစ်တိုင်ရှိသည်။ ကျောက်တိုင်၏ဘေးတွင် သွေးဝိညာဥ်များသာ အသုံးပြုနိုင်သော တံခါးတစ်ချပ်ရှိ၏။

ကျောက်တိုင်မှာ သွေးရောင်ရှိသော မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည်။ သင်္ကေတများသည် တ နားလည်ရန် ဉာဏ်အလင်းပွင့်မှုလိုအပ်သော တာအိုအမျိုးအစားတစ်ခုခုပါဝင်နေပုံရသည်။

မန်ဟို ဤကမ္ဘာတွင် ပေါ်လာသောအခါ သူ့ကိုယ်သူ ကျောက်တိုင်ကြီး၏အောက် ၊ တောင်ထိပ်ပေါ်တွင် ဖြစ်ကြောင်း တွေ့လိုက်လေသည်။ သွေးခွေးကြီးက ဘေးဘီဝဲယာကို သတိရှိရှိကြည့်ရင်း သူ့ဘေးတွင် ရပ်နေသည်။

မန်ဟို ကျောက်တိုင်ပေါ်က မှော်သင်္ကေတများကို ကြည့်လိုက်စဥ် သူ၏မျက်လုံးများသည် အတွေးနက်နေ၏။။ ထိုသို့ကြည့်နေစဥ်မှာပင် သူ့မျက်နှာမှာ အံ့သြစွာဖြင့် ရှုံ့တွသွားသည်။ သူ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေတွင် ရှိနေခဲ့သည့်တစ်ချိန်လုံး မဖြစ်ပွားခဲ့သည့်အရာတစ်ခု ဖြစ်ပျက်နေလေသည်။ သူက သိုလှောင်အိတ်ကိုပုတ်လိုက်ရာ နွေဦးနှင့်ဆောင်းဦးသစ်ပင်ပေါ်လာသည်။ သူက ၄င်းကို ဆုပ်ကိုင်လိုက်၏။

သို့သော် သူ့တွင် ရုတ်တရက် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို စုပ်ယူရန် စွမ်းအားမရှိတော့ပေ။ ကြည့်ရသရွေ့ ပဉ္စမမန္တန်ကွန်ချာတွင် သူ့မှာ သစ်ပင်မှ အပြီးပိုင်ဖြတ်တောက်ခံထားရပုံထောက်သည်။ မန်ဟို၏အမူအရာမှာ နောက်တစ်ဖန်ရိပ်ခနဲဖြစ်သွား၏။

သူဘာမှမလုပ်နိုင်ခင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီလာပြီး သူက သွေးတစ်ပွက်အန်လိုက်လေသည်။ သွေးများက အနက်ရောင်ဖြစ်ပြီး မြေသို့မကျခင်မှာပင် သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းအသွင် ပြောင်းသွားသည်။ ၄င်း၏ ငိုလိုက်ရယ်လိုက်ပွင့်ချပ် မျက်နှာက မန်ဟို့ကို စူးစိုက်ကြည့်နေ၏။

မန်ဟိုမျက်နှာမှာ ဖြူဖျော့လာပြီး သူ့မျက်လုံးနှစ်ဖက်အတွင်းတွင် သုံးရောင်ခြယ်ပန်းပွင့်ဖတ်များဖြင့် ပြုလုပ်ထားသော မျက်နှာနှစ်ခုပေါ်ပေါက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ပို၍ပင် တဆတ်ဆတ်တုန်ရီလာပြီး ပြင်းထန်သောနာကျင်မှုကို သူ့ကို သတိလစ်သွားစေရန် ခြိမ်းခြောက်ရင်း ခန္ဓာကိုယ်တစ်လျှောက် စိီးဆင်းလာ၏။ သူ့မှာ အဆိပ်နောက်တစ်ကြိမ် ထလာသဖြင့် ကွေးကောက်နေရတော့သည်။

"ငါ အရင်လဝက်ကပဲ မီးတောင်ထဲမှာ အဆိပ်ကို ဖိနှိပ်ခဲ့တာလေ......" သူက မျက်လုံးများ အားတင်းဖွင့်ထားရင်း တွေးသည်။ သူက သတိလစ်မသွားစေရန် သူ့ကိုယ်သူ တဖွဖွပြောနေလေသည်။ ပဥ္ဧမကွန်ချာတွင် သူသတိလစ်သွားပါက သေချာပေါက်သေသွားလိမ့်မည်ဖြစ်သည်။

အမှန်တကယ်တွင် အဆိပ်တက်ခြင်းက ပဥ္စမကွန်ချာနှင့်မဆိုင်၊ စတုတ္ထကွန်ချာနှင့် သက်ဆိုင်၏။ လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကို မြင်ပြီးနောက် သူ့ကိုယ်အတွင်းရှိ အဆိပ်မှာ လှုံ့ဆော်ခံခဲ့ရ၍ ပြန်ထခြင်းဖြစ်သည်။

မန်ဟို့တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး ဖော်ပြ၍ပင်မရသောနာကျင်မှုက သူ့ကို လှိုင်းတံပိုးကြီးများအလား ရိုက်ခတ်နေရာ လူသားတစ်ယောက်ကဲ့သို့ ဖြစ်နေစေတော့သည်။ သူ့မျက်နှာမှာ စိတ်မချမ်းသာဖွယ်ကောင်းစွာ ရှုံ့တွနေပြီး သူက အံတင်းတင်းကြိတ်ထားလေ၏။

သွေးခွေးကြီးမှာ မည်သည်တို့ဖြစ်ပျက်နေသည်လဲ နားမလည်သည့်တိုင် မန်ဟို့ကို ဤသို့မြင်ရခြင်းက ၄င်းကို တအီအီအော်နေစေသည်။ ဤအခိုက်အတန်တွင် ရုတ်တရက် တောင်ခြေမှ လွင့်ပျံ့လာသော ဟိန်းဟောက်အမြောက်အမြားကြားလိုက်ရသည်။

အောက်ဖက်တွင် ပုံရိပ်များပေါ်လာသည်။ ၄င်းတို့က လူရိုင်းများသဖွယ် စုတ်စုတ်ပြတ်ပြတ်ဝတ်စားထားသော အရပ်ရှည်ရှည်လူတစ်အုပ်ဖြစ်သည်။ သူတို့က ရက်စက်မှုများပြည့်နှက်နေသော မျက်လုံးများဖြင့် တောင်ထိပ်သို့ တဟုန်ထိုးပြေးတက်လာကြသည်။

သူတို့၏အမြန်နှုန်းအရ အသက်ရှူချိန်အနည်းငယ်လေးအတွင်း တောင်ထိပ်ရောက်လာတော့မည်ဖြစ်သည်။ မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့ကိုယ်မှာ တဆတ်ဆတ်တုန်ယင်နေသည်။ ဤအဆိပ်ထခြင်းက ယခင်အကြိမ်များထက် ပိုပြင်း၏။ သူ့တွင် လက်တစ်ဖက်မြှောက်ရန်ပင် အားမရှိပေ။ သူ့မှာ သူ့ထံ ပြေးလာနေသော လူအုပ်ကြီးကို မျက်လုံးသာ ဝေ့ကြည့်လိုက်နိုင်တော့သည်။

***

All Chapters