← Chapters

ပြီးပြည့်စုံသော အခြေတည်ခြင်း

Vol. 10 Ch. 130

ပြီးပြည့်စုံသော အခြေတည်ခြင်း

Vol. 10 Ch. 130

"ကျန်တဲ့သူတွေကော ဘယ်လိုလုပ်မလဲ" ရုပ်တုကြီးက အေးဆေးတည်ငြိမ်စွာ ပြောသည်။ လီတောက်ရီထံမှ ခေါင်းဆောင်ကြီးဟု ခေါ်ခံရပြီး ဝင်စီးခြင်းနှင့်ပတ်သက်၍ ပြောခဲ့သည်ကို စဥ်းစားကြည့်လျှင် ၄င်း၏သရုပ်မှန်ကား ယခုတွင် ထင်ရှားလာ၏။

ဤသည်မှာ လွန်ခဲ့သောနှစ်လေးထောင်က အဋ္ဌမကွန်ချာကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း နဝမအဆင့်သို့ ဆက်မသွားခဲ့သည့် လီမျိုးနွယ်စုရွေးချယ်ခံဖြစ်သည်။ ထိုအချက်က သူနှင့်ပတ်သက်၍ လူမသိသော စိတ်ဝင်စားစရာ၊ အံဖွယ် အရာသာဖြစ်သည်။

လီမျိုးနွယ်စုကို ပြန်လာပြီးနောက် သူက စကားသိပ်မပြောတော့သလို၊ လှုပ်ရှားမှုလည်း သိပ်မရှိတော့ပေ။ ထို့နောက်ပိုင်း နှစ်တစ်ထောင်ကြာသော် သူ တရားထိုင်လျက် ကွယ်လွန်သွားသည်။ ယနေ့ခေတ်အခါတွင် သွေးအင်မိုတယ်အမွေအနှစ်အကြောင်း မပြောသရွေ့ ဘယ်သူမှ သူ့ကို သတိပင်ရမည်မဟုတ်ပေ။

သိို့သော် လီမျိုးနွယ်စု၏ အနက်နဲဆုံးလျှို့ဝှက်ချက်များမှာ ဤပုဂ္ဂိုလ်၏နောက်ဆုံးပြောစကားများဖြစ်သည်။ ထိုစကားလုံးများအား လီမျိုးနွယ်စုအရှင်၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြ၏။ အမှန်တကယ်တွင် ခေါင်းဆောင်ကြီးကား....... သေဆုံးခြင်းမရှိခဲ့ပေ။

သူ၏နောက်ဆုံးစကားများက ရှစ်ကြိမ်မြောက်သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲပြီးနောက် ရှေးကံကြမ္မာဆိုးမျိုးနွယ်စု၏သွေးဆက်သည် လီမျိုးနွယ်စုလက်တွင်း ကျရောက်ခဲ့သည်ဟူ၍ မှတ်သားဖော်ပြထားသည်။

လွန်ခဲ့သော နှစ်လေးထောင်က အမွေအနှစ်ပြိုင်ပွဲမှ ထွက်လာခဲ့သူမှာ သူဖြစ်သော်လည်း အပြည့်အဝသူတော့မဟုတ်ပေ။ ထိုပုဂ္ဂိုလ်တွင် သူ၏စိတ်ဝိညာဥ်အစိတ်အပိုင်းလေးတစ်ခုသာ ပါရှိ၏။ သူ၏ကျန်ရှိသောအစိတ်အပိုင်းမှာ ဆဋ္ဌမကွန်ချာတွင် အိပ်မောကျနေသော သွေးကျွန်ဖြစ်ကျန်ရစ်ခဲ့သည်။ ထိုနေ့ကစပြီး ယနေ့အထိ လီမျိုးနွယ်စုဝင်များသာ ထိုအကြောင်း သိကြလေသည်။

၄င်းမှာ စိတ်ကူး၍မရလောက်အောင် အလွန်ထူးခြားဆန်းပြားသော အခြေအနေတစ်ရပ်ဖြစ်သည်။ သွေးကျွန်သည် အလွန့်အလွန်စွမ်းအားကြီးပြီး ချီအခြေတည်အဆင့်ရှိ လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ၄င်းကို အောင်အောင်မြင်မြင် မပိုင်ဆိုင်နိုင်ခဲ့သင့်ပေ။ တကယ်တမ်းဆိုရလျှင် အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့်အောက် မည်သူမှ မရရှိသင့်သည့်တိုင် သူက......တစ်နည်းနည်းဖြင့် ပိုင်ဆိုင်ခဲ့လေသည်။

သူမည်သို့အောင်မြင်ခဲ့သည်လဲ တစ်ဦးတစ်ယောက်မှ မသိနိုင်ပေ။ သို့သော် စိတ်ဝိညာဥ်အစိတ်အပိုင်းအများစုပျောက်ဆုံးလျက် သူ၏တစိတ်တပိုင်းက ပြန်ရောက်လာခဲ့သည်။ ၄င်း တစတစပျောက်ကွယ်သွားပြီးနောက် နောက်ဆုံးသေတမ်းစာနှင့် ရှင်းလင်းချက်ကို ချန်ထားခဲ့၏။

"ခေါင်းဆောင်ကြီး စုန့်မျိုးနွယ်စုနဲ့ သွေးနတ်ဆိုးဂိုဏ်းက ဂိုဏ်းသားတွေကို လျစ်လျူရှူနိုင်ပါတယ်" လီတောက်ရီက လေးစားကြည်ညိုသော အပြုံးတစ်ခုဖြင့် ပြောသည်။ "ပြီးတော့ အခုလေးတင် လွတ်မြောက်သွားတဲ့သူကလဲ ထည့်တွက်စရာတောင်မလိုဘူး။ ဒါပေမယ့် ဒီဝမ်မျိုးနွယ်စုက ဝမ်လီဟိုင်ကတော့ သေရမယ်" သူ့ဘေးရှိ သွေးနဂါးကြီးက ခေါင်းထောင်လိုက်သည်။

သွေးဝိညာဥ်အမြောက်အမြား လီတောက်ရိီ၏ ပတ်ချာလည်တွင် ပေါ်ပေါက်လာသည်။ တစ်ကောင်က ဝမ်လီဟိုင်၏ ရွှမ်းဝူလိပ်ကြီးဖြစ်ပြီး နောက်တစ်ကောင်က ဝမ်ယိုချိုင်နှင့်တူသော လူငယ်၏ သွေးမှင်စာဖြစ်သည်။ သွေးဝိညာဥ်များမှာ ပေါ်လာလျှင်ချင်း တဆတ်ဆတ်တုန်ရီနေကြပြီး သွေးနဂါးကြီးက ၄င်းတို့ကို ချက်ချင်း မြိုချပစ်လိုက်သည်။ ၄င်းတို့မှာ ခုခံခြင်းအနည်းငယ်ပင်မရှိပေ။

"ဝမ်မျိုးနွယ်စုရဲ့ ဂျူနီယာမျိုးဆက်......." ရုပ်တုကြီးက သွေးနဂါးကြီးကို အေးစက်စွာ ကြည့်ရင်းပြောသည်။ "ဝမ်မျိုးနွယ်စုရွေးချယ်ခံတစ်ယောက်ကို သုတ်သင်တာက ငါလုပ်နိုင်တဲ့အရာပဲ။ ငါ မင်းကို ဆဋ္ဌမကွန်ချာထဲမှာပဲ ကူညီနိုင်လောက်တယ်။ ကျန်တဲ့ကွန်ချာသုံးခုမှာတော့ မင်းကို တိုက်ရိုက်မကူညီနိုင်လောက်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်လေးထောင်တုံးက ငါ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲအကြောင်း တော်တော်လေးနားလည်လာခဲ့တယ်။ တကယ်တမ်း ကမ္ဘာပေါ်က ဘယ်သူမှ ငါ့ထက်ပိုပြီးနားမလည်နိုင်ဘူး

"မင်းရဲ့ သွေးနဂါးကို ဝင်ပူးပြီးတဲ့နောက် အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန်အတွင်း ငါတို့ သတ္တမ၊ အဋ္ဌမနဲ့ နဝမကွန်ချာတွေဆီ တက်နိုင်လိမ့်လို့ ယုံကြည်ချက်အပြည့်ရှိတယ်"

"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ကြီး" လီတောက်ရီက ရိုရိုသေသေပြန်ဖြေသည်။ "ဂျူနီယာ အမွေအနှစ်ကို သိပ်ဂရုမစိုက်ပါဘူး။ မျိုးနွယ်စုအရှင်သခင်ဆီကနေ သင့်ကို အပြင်ထုတ်ပေးဖို့ အမိန့်ကြောင့် ဒီကိုရောက်လာတာပါ"

"ရှစ်ကြိမ်မြောက်သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ အဆုံးသတ်မှာ ရှေးကံကြမ္မာဆိုးမျိုးနွယ်စုရဲ့သွေးဆက်က လီမျိုးနွယ်စုလက်ထဲရောက်လာခဲ့တယ်" ရုပ်တုကြီး၏အသံသည် လေးနက်တည်ကြည်ပြီး ရှေးဆန်၏။ "ဒီစကားကို ငါပြောခဲ့တာပဲ။ တကယ်လဲ မှန်တယ်။ သွေးအင်မိုတယ်အမွေအနှစ်က မင်းအပိုင်ပဲ။ ငါ ဒီမှာ နှစ်လေးထောင်ပိတ်မိနေခဲ့ပြီးပြီ။ အပြင်ဘက်ကမ္ဘာ ဘယ်လိုဘယ်ပုံရှိနေလဲ ငါမသိတော့ဘူး..... ဟိုးတစ်ချိန်က ငါ့မိတ်ဆွေကြီးဘယ်နှစ်ယောက် အသက်ရှင်နေဦးမလဲ" ရုပ်တုကြီးစကားပြောပြီးသွားသောအခါ ၄င်း၏မျက်ခုံးနှစ်ဖက်ကြားနေရာ ကွဲထွက်သွားပြီး တောက်ပနေသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ အက်ကြောင်း ပွင့်ထွက်သွားစဥ် ရုပ်တုကြိီး၏ ခန္ဓာကိုယ်သည် မှေးမှိန်လာ၏။ အလင်းက ပျံထွက်လာပြီး သွေးနဂါးကြီးထံ တန်းတန်းမတ်မတ်ဝင်သွားတော့သည်။

သွေးနဂါးကြီးက ခုခံခြင်းမပြု။ သွေးရောင်အလင်းဝင်ရောက်လာစဥ် ၄င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြောဆွဲသည့်နှယ် ဆန့်ငင်ဆန့်ငင်ဖြစ်သွားသည်။ အချိန်အနည်းငယ်ကြာသော် ၄င်း၏မျက်လုံးများကား ရှေးဆန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း တောက်ပလာသည်။ ၄င်းက အခြားသွေးဝိညာဥ်များကို အပြည့်အဝမြိုမချသေးသည့်အလား အငမ်းမရမြိုချလိုက်သည်။

၄င်း၏ခန္ဓာကိုယ်က တဖျပ်ဖျပ်လက်လာပြီး မီတာသုံးထောင်အရှည်အထိ ပြန့်ကားလာရာ တစ်ကမ္ဘာလုံးအား တသိမ့်သိမ့်တုန်ခါသွားစေတော့သည်။ အချိန်များကုန်လွန်သွား၏။

နောက်ဆုံး၌ ၄င်းသည် မီတာခြောက်ဆယ်ရှည်မျှသာ ပြန်ကျုံ့လိုက်သည်။ ၄င်းက လီတောက်ရီကိုပတ်၍ ဝဲပျံပြီး တံခါးချပ်ထံပျံသွားကာ ဆဋ္ဌမကွန်ချာမှ ထွက်ခွာသွား၏။ အသက်မဲ့နေသောရုပ်တုတစ်ခုသာ တိတ်ဆိတ်ငြိမ်သက်စွာ မလှုပ်မယှက်ရပ်ကျန်ရစ်ခဲ့တော့သည်။

လီတောက်ရီ ဆဋ္ဌမကွန်ချာမှ ထွက်လာသည့်အခိုက်အတန့်တွင် အပြင်ဘက်တောင်ပိုင်းဒေသမှ စောင့်ကြည့်သူများကြားထဲ ဆူညံပွက်လောရိုက်သွားလေသည်။

လီတောက်ရီကား နောက်ဆုံးထွက်လာသူဖြစ်သည်။ ပထမဆုံးမှာ သွေးလေးပွက်ငါးပွက်အန်ရင်း လွင့်ထွက်လာသော မန်ဟိုပင်။ သူ့မှာ တရားထိုင်ရန် ခက်ခက်ခဲခဲတင်ပျဥ်ခွေထိုင်ခဲ့ရသည်။ သူက ဒဏ်ရာများပျောက်ကင်းအောင် စိတ်ဝိညာဥ်စွမ်းအင်များအား အရူးအမူးစုပ်ယူနေသဖြင့် သူ၏ပုံပန်းသွင်ပြင်မှာ အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့သည်။ သူက မျက်လုံးများပိတ်ထားသော်လည်း သူ၏သတ်ဖြတ်လိုစိတ်ကား တဟုန်းဟုန်းတောက်လျက်ရှိ၏။

သူ့နောက်တွင် ဝမ်ယိုချ်ိုင်နှင့်ဆင်သော သွေးနတ်ဆိုးဂိုဏ်းမှ လူငယ်။ ထို့နောက် စုန့်ကျား။ သူတို့နှစ်ယောက်လုံးမှာ အခြေအနေဆိုးပုံရသည်။ သူ၏ခန္ဓာကိုယ်များမှာ သွေးအလိမ်းလိမ်းဖြစ်နေပြီး အရိုးများလည်း ကျိုးခဲ့ပုံပေါ်သည်။ သူတို့၏အသက်ရှူသံများမှာ ပုံမှန်မဟုတ်သည့်အပြင် သူတို့၏သွေးဝိညာဥ်များကိုလည်း မည်သည့်နေရာတွင်မှ မမြင်ရပေ။

သူတို့က အံတင်းတင်းကြိတ်ရင်း မန်ဟို့နည်းတူ တင်ပျဥ်ခွေထိုင်ကာ ပတ်ဝန်းကျင်ရှိ ထူထဲသောစိတ်ဝိညာဥ်စွမ်းအင်များကို အသုံးပြုရင်း ဒဏ်ရာများအားကုသနေကြသည်။ သူတို့၏ထိခိုက်ဒဏ်ရာများ လျင်မြန်စွာပျောက်ကင်းလာကြသော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သွေးဝိညာဥ်များ အမှန်တကယ်သေဆုံးသွားခဲ့ကြောင်း နှစ်ယောက်လုံးသိလိုက်ရသည်။ တွေဝေရှုပ်ထွေးသောအရိပ်အယောင်များ သူတို့မျက်နှာပေါ်တွင် ပေါ်လာ၏။ သူတို့တွေးနေသည်ကား ထင်ရှားလေသည်။

ဝမ်လီဟိုင် ထွက်မလာခဲ့။ ဤအခြင်းအရာက အပြင်ဘက်တွင် ဝရုန်းသုန်းကားပွက်လောက်ရိုက်သွားစေသည်။ ဝမ်လီဟိုင်၏ ဝိုးတိုးဝါးတားပုံရိပ် ဆဋ္ဌမကွန်ချာအတွင်း ပျောက်ကွယ်သွားခဲ့သည်ကို လူတိုင်းမြင်ခဲ့ရ၏။ ဤသည်က သူကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိသိသာသာညွန်ပြနေလေသည်။

ဝမ်မျိုးနွယ်စုဝင်များမှာ ချက်ချင်း အံသြမှင်သက်သွားကြသည်။ အထူးသဖြင့် ဝမ်လီဟိုင်၏ တာအိုစောင့်ရှောက်သူနှင့် ဝမ်မျိုးနွယ်စုအကြီးအကဲများပင်။ သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လျက်ရှိသည်။ သူတို့၏မျက်လုံးများကား ချက်ချင်း သွေးချင်းနီလာပြီး သူတို့ခေါင်းများကား ပေါက်ထွက်တော့မည့်ပုံပင်ရသည်။

တောင်ပိုင်းဒေသတစ်ခွင်လုံး ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဝမ်လီဟိုင် သေဆုံးသွားလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့ပေ။ ဤအဖြစ်အပျက်က ဝမ်မျိုးနွယ်စုကို မိုးမီးလောင်သွားစေတော့သည်။

ဝမ်လီဟိုင်သည် ဝမ်မျိုးနွယ်စု၏လက်ရှိမျိုးဆက်တွင် အလွန်တရာအရေးပါ၏။ သူက ချီအခြေတည်အဆင့် တာအိုကလေးဖြစ်သည်။ ရွေးချယ်ခံများ ကျဆုံးနိုင်သော်လည်း တာအိုကလေးများကတော့ အလွယ်တကူ မသေဆုံးနိုင်ပေ။ ဤသည်က ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအမျိူးမျိုးအကြား ယေဘုယျလက်ခံထားသော စည်းမျဥ်းတစ်ခုဖြစ်သည်။ ၄င်းသည် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲက အရေးကြီးသော်လည်း ထိပ်သီးဂိုဏ်းငါးဂိုဏ်းလုံး တာအိုကလေးများမဟုတ်ဘဲ ရွေးချယ်ခံများသာ စေလွှတ်ခဲ့သည့်အချက်ကြောင့် သိသာထင်ရှား၏။

ဝမ်မျိုးနွယ်စုနှင့် လီမျိုးနွယ်စုသာလျှင် တာအိုကလေးများ လွှတ်ခဲ့ခြင်းဖြစ်သည်။

အားလုံးအထဲ အဝမ်းသာဆုံးလူမှာတော့ ဝမ်တန်ဖေးပင်။ သူ့ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ်တုန်နေပြီး သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့မှာ ဤနေ့ရောက်ဖို့ အချိန်များစွာ စောင့်စားနေခဲ့ရသည်။ သူ့ဘေးက ဝမ်ချီဖန်းသည်လည်း ထိုနည်းတူ စိတ်လှုပ်ရှားနေပုံရသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ယခုတွင် သူတို့၏အနာဂတ်သည် အကန့်အသတ်မရှိသော ဖြစ်နိုင်ချေပေါင်းများစွာဖြင့် ပြည့်နှက်နေလေပြီ။

လီတောက်ရီ မီတာခြောက်ဆယ်အရှည် သွေးနဂါးကြိီးရစ်ပတ်လျက် နောက်ဆုံးမှ ထွက်လာချိန် အပြင်ဘက်ကမ္ဘာမှာ အထိတ်တလန့်အုတ်အုတ်ကျက်ကျက်ဖြစ်သွားတော့သည်။

စုန့်ကျားက ဖြူဖပ်ဖြူလျော်မျက်နှာလေးနှင့် ဖြေးညင်းစွာ ထရပ်ပြီး ထွက်ပေါက်ဆီလျှောက်သွားသည်။ သူမက အလျှော့ပေးရန် ရွေးချယ်လိုက်လေသည်။ သူမနောက်တွင် ဝမ်ယိုချိုင်နှင့်ဆင်သော သွေးနတ်ဆိုးဂိုဏ်းမှလူငယ် ထရပ်သည်။ သူက လီတောက်ရီကို လျစ်လျူရင်း မန်ဟို့ကို တခဏကြာစိုက်ကြည့်နေပြီး ဆုံးဖြတ်ရခက်နေပုံရသည်။ ထို့နောက် သူလည်း ဆက်သွားရန် မရွေးချယ်တော့ဘဲ လှည့်၍ တံခါးမှ ထွက်သွားတော့သည်။

သူတို့ထွက်သွားခြင်းက အပြင်ဘက်ကမ္ဘာတွင် အုတ်အော်သောင်းနင်းဖြစ်သွားစေ၏။

"ဆဋ္ဌမကွန်ချာမှာ ဘာဖြစ်ခဲ့တာလဲ။ လီတောက်ရီကလွဲပြီး ဘယ်သူ့မှာမှ သွေးဝိညာဥ်တွေ မရှိတော့ပုံပဲ။ ပြီးတော့ ဝမ်လီဟိုင်.....တကယ်ကြီးသေသွားပြီ။ သူက လီနမျိုးနွယ်စုရဲ့ တာအိုကလေးတစ်ယောက်လေ"

"လီတောက်ရီမှာပဲ သွေးဝိညာဥ်ရှိတော့တယ်။ ပြီးတော့ အဲ့အကောင်ကြီးက တော်တော်လေးစွမ်းအားကြီးပုံပဲ။ သူ အမွေအနှစ်ကို တကယ်ရလောက်တယ်"

အပြင်ဘက်ကမ္ဘာ၌ ဆူညံပွက်လောက်ရိုက်နေစဥ် မန်ဟို သူ၏သွေးချင်းနီနေသောမျက်လုံးများကို ဖွင့်လိုက်သည်။ သူက ခေါင်းမာသောအသွင်ဖြင့် ဖြေးညှင်းစွာ ထရပ်ပြီး တံခါးပေါက်ထံ လမ်းလျှောက်သွားသည်။ သူက တံခါးထဲခြေမချခင် လီတောက်ရီ၏ဝိုးတိုးဝါးတားပုံရိပ်ကို ပြန်ကြည့်လိုက်သည်။ သို့သော် သူကြည့်နေသည်က လီတောက်ရီမဟုတ်ဘဲ ထင်ထင်ရှားရှားမြင်နေရသော သွေးနဂါးကြီးသာဖြစ်သည်။

သွေးနဂါးကြီးကိုကြည့်နေရင်း မန်ဟို ရင်တဒိန်းဒိန်းခုန်လာသည်။ အခြားသူများ မြင်ခဲ့သည်လား သူမသိသော်လည်း ဤနဂါးကြီး၏မျက်လုံးထဲက အကြည့်သည် ရုပ်တုကြီး၏အကြည့်နှင့် တစ်ထပ်တည်းပင်။ သူက အပိုင်းအစများကို အတူဆက်ကြည့်လိုက်သည်။ သူသည် ယခုတွင် ဖြစ်ပျက်ခဲ့သောအရာနှင့်ပတ်သက်၍ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာသွားလေပြီ။

မန်ဟို လှမ်းကြည့်လိုက်စဥ် လီတောက်ရီက လှောင်ရယ်ရယ်သည်။ "ငါ့နာမည်ကိုမှတ်ထား" သူက ပြောသည်။ "ငါက လီတောက်ရီပဲ။ မင်းခွေး အသေဆိုးနဲ့သေခဲ့ရတာတော့ စိတ်မကောင်းပါဘူးကွာ" သူက သွေးနဂါးကြီးအပေါ် လက်တင်လိုက်သည်။

ထိုစကားများက မန်ဟို၏စိတ်အစဥ်ကို မိုးခြိမ်းသံပေါင်းများစွာဖြင့် ပြည့်နှက်သွားစေ၏။ သူက နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာရင်း လီတောက်ရီကို သတ်ဖြတ်တော့မည်ပုံဖြင့် ကြည့်သည်။ သူ၏မျက်လုံးများထဲက အမျက်ဒေါသနှင့်သတိဖြတ်လိုစိတ်များကား မိုးကောင်းကင်အထိ ထိုးတက်သွားတော့သည်။ သူသည် အလွန်မြင့်သောအဆင့်တစ်ခုအထိ ကျင့်ကြံခြင်းကို အားထုတ်ခဲ့၍ လူများစွာအား သတ်ဖြတ်လိုစိတ်များရှိခဲ့သည်။ သို့သော် ယခုအချိန်တွင် ဤပုဂ္ဂိုလ်ကို သတ်ဖြတ်လိုစိတ်ကား အဆုံးစွန်ထိ ပြင်းထန်သည်။

သိို့သော် မန်ဟို၏ စရိုက်မှာ ဤသို့ဖြစ်သည်။ လူတစ်ယောက်အား သတ်ဖြတ်ချင်လေလေ၊ ပို၍စကားနည်းလာလေလေဖြစ်သည်။ သူသည် ငယ်ငယ်ကတည်းက ထိုသို့ဖြစ်ခဲ့ပြီး ယခုတွင် ထို့ထက်ပိုသေးသည်။ ပို၍တိတ်ဆိတ်လာလေလေ၊ ပို၍ရက်စက်လာလေလေပင်။ ဝုန်းဒိုင်းကြဲအော်ဟစ်တတ်သူများက ဦးနှောက်မရှိသူများဖြစ်သည်။ တိတ်ဆိတ်နေသူများသာလျှင် အမှန်တကယ်ကြောက်စရာကောင်း၏။

အချိန်များစွာ ကုန်လွန်သွားသည်။ နောက်ဆုံး၌ မန်ဟိုသည် ဒေါသတကြီး ခေါင်းကိုလှည့်၍ တံခါးထံလမ်းလျှောက်သွားသည်။

လီတောက်ရီက တဟားဟားရယ်ရင်း သတ္တမကွန်ချာဆီ လျှောက်သွား၏။

မန်ဟို သွေးကန်အပြင်ဘက်တွင် ပြန်ပေါ်လာသောအခါ သူ၏မျက်လုံးများသည် ဒေါသမီးတဝင်းဝင်းတောက်လျက်ရှိသည်။ ဆဋ္ဌမကွန်ချာအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက သူ့ခေါင်းထဲတွင် စွဲကျန်ရစ်နေဆဲဖြစ်၍ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေတော့သည်။

"လီတောက်ရီ၊ ငါ မန်ဟို မင်းကို အသေသတ်ပစ်မယ်" သူ၏မျက်လုံးများက သွေးဖြင့်ပြည့်နှက်နေရာ သူ့ကို ခါတိုင်းထက်ပို၍ ရက်စက်သည့်အသွင် ပေါက်နေစေတော့သည်။ သူက ချူယွီယန်နှင့် သူမဆေးဖော်ရာနေရာသို့ တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းအသွင်ပြောင်းသွားတော့သည်။

သူရောက်လာသောအခါ ချူယွီယန်မှာ မြေမီးတောက်ကို ထိန်းညှိနေသည့်ခုလတ် ဖြစ်သည်။ ပြီးပြည်စုံသော အခြေတည်ဆေးလုံးက ပြီးဆုံးခါနီးဆဲဆဲ အရေးကြီးသော အခိုက်အတန့်တွင်ဖြစ်သည်။ အစက သူမသည်် မန်ဟိုအချိန်မီပြန်ရောက်မလာလောက်၍ ၄င်းကို အနည်းငယ်လေ့လာနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် သူကား သူမအထင်နှင့်တခြားစီ ရောက်လာလေပြီ။ သူမမှာ သူ့ကို နည်းနည်းပါးပါးလိမ်ညာရန် တွေးလိုက်မိသော်လည်း မန်ဟို၏တင်းမာခက်ထန်နေသောအမူအရာကို မြင်သောအခါ တုံ့ဆိုင်းသွား၏။ သူ့မှာ ဘယ်သူမှအထိမခံသည့် ပေါက်ကွဲတော့မည့် မီးတောင်ကြီးအလားပင်။

မန်ဟို အနားလျှောက်သွားပြီး စကားတစ်ခွန်းမှမဆိုဘဲ တင်ပျဥ်ခွေထိုင်လိုက်သည်။ သို့ထိတိုင် လီတောက်ရီအပေါ် သူ၏မုန်းတီးခြင်းနှင့် သူ့ကို သတ်ဖြတ်လိုစိတ်များမှာ ပို၍သာပြင်းထန်လာ၏။ သူ့နှလုံးသားထဲတွင် စကားလုံးများဖြင့် ဖော်ပြ၍မရသော စိုးရိမ်သောကများ ပြည့်နှက်နေသည်။ သွေးခွေးကြီး သေဆုံးသွားသည်ကို သူလုံးဝလက်မခံနိုင်။ ပြီးပြည့်စုံသော ချီအခြေတည်ခြင်းကို တည်ဆောက်ပြီး သွေးနီခွေးကြိီးကို သူသွားကယ်မည်။

ချူယွီယန် စကားမပြောရဲပေ။ သူမက အာရုံစူးစိုက်ပြီး အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်သည်။ ထို့နောက် သူမလက်တွင် ဂါယာမန္တရားဆိုင်ရာ မုဒြာတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူမက ဆေးပေါင်းဖိုအပေါ် ဖိချလိုက်သည်။ သူမထိုသို့လုပ်လိုက်သဖြင့် အောက်ရှိ မြေမီးတောက်နှင့် ချော်ရည်များ တပွက်ပွက်ဆူသွားပြီး ဆေးပေါင်းဖိုကား တုန်ခါလာသည်။

ယခုအချိန်တွင် မီးတောင်အတွင်းရှိ မြူခိုးတိမ်တိုက်များအားလုံး တလိပ်လိပ်ထနေသည့််လားပင်။ မြေကြီးသည် တုန်ခါလာပြီး လေမုန်တိုင်းများ တိုက်ခတ်လာ၏။ တိမ်တိုက်များ တစ်ခုပေါ်တစ်ခုထပ်၍ ဧရာမတိမ်စိုင်တိမ်လိပ်ကြီးများ ဖြစ်လာသည်။ ကောင်းကင်ွီင် လျှပ်စီးများဝင်းလက်လာပြိီး တဂျိန်းဂျိန်းထစ်ခြုန်းသံကြီးများ ပြည့်နှက်သွားသည်။ လျှပ်စီးတစ်ခါလက်တိုင်း အပြင်ဘက်ကောင်းကင်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများပေါ်ပေါက်လာသည်။

"ဒါက တကယ်ကြီး မိုးကြိုးဆေးလုံးလား" အမှန်ပင် ချူယွီယန်သည် သံသယဝင်ခဲ့၏။ သို့သော် ယခု မြူခိုးများနှင့် အပြင်ဘက်ကမ္ဘာအပေါ်ရှိ အရာအားလုံးကို မြင်သောအခါ သူမ ပို၍ပင်သေချာသွားလေပြီ။ ဤဆေးလုံးက......သေချာပေါက် မိုးကြိုးဆေးလုံးမဟုတ်ပေ။

" ထွက်ပေါ်လာရုံလေးနဲ့ ကောင်းကင်မှာ ဒီလိုပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်ဆိုတော့..... မိုးကောင်းကင်က ဒီဆေးလုံးကို ဖျက်စီးချင်သလိုပဲ။ ဒါ....ဒါဘာဆေးလုံးလဲ" ချူယွီယန်မှာ အမြုတေထဲထိပင် တုန်လှုပ်သွား၏။ သူမ ဆေးပေါင်းဖိုကို ဖိချလိုက်စဥ် ဟိန်းဟောက်သံတစ်သံ လေထဲတွင် ပြည့်နှက်သွားသည်။ ရုတ်တရက် ဆေးပေါင်းဖိုက ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားသည်။ ချူယွီယန်မှာ ကျောက်နံရံထံ လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူမမှာ ချက်ချင်း သတိလစ်သွားလေသည်။

မန်ဟို၏မျက်လုံးများ ရုတ်တရက် ပွင့်သွားပြီး သူက တဟုန်ထိုးရှေ့တက်သွားသည်။ ဆေးပေါင်းဖိုကွဲထွက်သွားသည်နှင့် အပြင်ဘက်ကမ္ဘာတွင် မိုးထစ်ခြုန်းသံများ ပြည့်နှက်သွားပြီး မြေငလျင်တို့လှုပ်ခတ်ကာ အက်ကွဲကြောင်းများ ပြည့်နှက်လာ၏။ မန်ဟိုက...... ဆေးပေါင်းဖိုထဲမှ လျှို့ဝှက်ဆန်းကြယ် ခုနစ်ရောင်ခြယ်ဆေးလုံးကို ဆတ်ခနဲလှမ်းယူလိုက်သည်။

ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံး။

ဤဆေးလုံးသည် ကောင်းကင်နှင့်မြေကြီးမှ ခွင့်ပြုခြင်းမခံရသော မိုးကောင်းကင်တားမြစ်ချက်တစ်ခုဖြစ်သည်။ မိီးတောင်အပြင်ဘက်ကမ္ဘာမှာ မိုးထစ်ခြုန်းသံများဖြင့် ပြည့်နှက်နေသည်။ တိမ်စိုင်တိမ်လိပ်များလည်း ဝင်းခနဲ ဝင်းခနဲ တလိပ်လိပ်ထလျက်ရှိသည်။ အဆုံးမရှိပုံရသော မိုးကြိုးများက မန်ဟို့လက်ထဲရှိ ဆေးလုံးကို သုတ်သင်ဖယ်ရှားရန် ပြင်ရင်း စုဝေးလာကြသည်။ မိုးကောင်းကင်၏အရှေ့၌ ဤဆေးလုံးကို သောက်သုံးရဲလျှင် ထိုလူသည် ပြင်းပြင်းထန်ထန် မိုးကြိုးပြစ်ဒဏ်ခတ်ခံရမည်ဖြစ်သည်။

သို့သော် မန်ဟိုက တုံ့ဆိုင်းနေခြင်းမရှိ။ သူ့လက်ထဲတွင် ကိုင်ထားသောဆေးလုံးမှာ တဖြေးဖြေး အရည်ပျော်ကျလာသည်။ အကယ်၍ သူသာ ချက်ချင်း မစားလျှင် ဆေးလုံးက မိုးကြိုးပြစ်ဒဏ်မှ အကူအညီတစ်စုံတရာမလိုဘဲ ၄င်းဘာသာ၄င်း ပျောက်ကွယ်တော့မည်ဟု ခံစားနေရသည်။

မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်နေသည်လဲ သူမသိသည့်တိုင် စဥ်းစားရန် အချိန်မရှိသလို ဆေးလုံးနှစ်လုံးပွားရန်လည်း အချိန်မရှိပေ။ သူ ၄င်းကိုကြည့်နေချိန်မှာပင် ၄င်းသည် ပျောက်ကွယ်တော့မည့် အရိပ်အယောင်များပြလာတော့သည်။

မန်ဟိုက မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားမှုများပြည့်နှက်နေလျက် သူ့ပါးစပ်ထဲ ဆေးလုံးပစ်ထည့်လိုက်သည်။ အပေါ်တွင် မိုးကြိုးများစုဆုံလာပြီး ပစ်ချရန် ပြင်နေကြလေပြီ။

ဆေးလုံး သူ့ပါးစပ်ထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း အရည်ပျော်သွားပြီး ဗိုက်ထဲ ကျဆင်းသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးတော့မည့်ပုံရသော ထူးဆန်းသောစွမ်းအားကြီးတစ်ခုနှင့်အတူ ဟိန်းဟောက်သံကြီးတစ်ခု သူ့ကိုယ်ထဲ၌ ပြည့်နှက်သွားသည်။ ဤသည်က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားမဟုတ်ဘဲ ဖော်ပြရန်ခက်ခဲသောအရာတစ်ခုဖြစ်သည်။ ဤအခိုက်အတန့်တွင် မန်ဟို၏တာအိုမဏ္ဍိုင်မှာ စတင်တုန်ခါလာတော့သည်။

၄င်းတုန်ခါနေစဥ် ၄င်း၏မျက်နှာပြင်ပေါ်ရှိ အက်ရာမှာ ရုတ်တရက် တဖြေးဖြေးပြန်ဆက်လာသည်။ ပြီးပြည်စုံခြင်း၏ခံစားချက်သည် မန်ဟို့ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာ၏။ သူ၏အသွေးအသားကား ပို၍မာကြောလာသည်။ သူ၏ရွှေရောင်တာအိုမဏ္ဍိုင်မှာ တုန်ခါလာပြီး ပြန့်ကားလာပုံရသည်။ သူ့အသားမှာ တောက်ပသထက် တောက်လာသော ရွှေရောင်အလင်းရောင်တစ်ခုဖြင့် စတင်ဝင်းလက်လာသည်။

သူသည် အနာအဆာမဲ့ချီအခြေတည်ခြင်းအဆင့်တုံးက တစ်ခါမှမကြုံတွေ့ခဲ့ရဖူးသော စွမ်းအားတစ်ခုကို အာရုံရလိုက်သည်။ ၄င်းနှင့်အတူ သူ၏ကမ္ဘာကြီးအပေါ် အမြင်မှာ ရုတ်တရက်ပြောင်းလဲသွား၏။ သူ၏စိတ်ဝိညာဥ်အာရုံသည် မထိန်းမသိမ်းနိုင်လောက်အောင် တိုးတက်လာသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အရာအားလုံး ပြောင်းလဲနေ၏။ ကျင့်ကြံခြင်းကမ္ဘာတွင် နှစ်တစ်သောင်းကြာ မတွေ့မြင်ခဲ့ရသော ပြီးပြည့်စုံသောအခြေတည်ခြင်းကား ယခုထွက်ပေါ်လာလေပြီ။

ဒဏ္ဍာရီများအရ၊ ပြီးပြည့်စုံသော အခြေတည်ခြင်းမှာ ထောင်စုနှစ်အတွင်းး ပေါ်မလာတတ်ပေ။ သို့သော် ယခု မန်ဟို့တွင် တွေ့ရလေပြီ။ သူ၏စိတ်ဝိညာဥ်အာရုံစွမ်းအားသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ထက် များစွာ သာလွန်သွားသည်။ အမှန်တကယ်ဆိုရလျှင် စိတ်ဝိညာဥ်စွမ်းအင်လုံလုံလောက်လောက်ရှိပါက သူ၏ဒုတိယနှင့်တတိယ တာအိုမဏ္ဍိုင်တို့ကို ချက်ချင်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း မန်ဟိုသိသည်။

ထိုမျှသာမက ရှေ့ဆက် ပေါ်ပေါက်လာမည့် တာအိုမဏ္ဍိုင်များသည်လည်း ပြီးပြည့်စုံသော ဒဏ္ဍာရီလာ တာအိုမဏ္ဍိုင်များဖြစ်လိမ့်မည်ကို သူသိသည်။

ဤအခိုက်အတန့်တွင် အပေါ်ထက်ကောင်းကင်တွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ဧရာမလျှပ်စီးတန်းကြီးက မီးတောင်ထံ ထိုးဆင်းလာပြီး ဒိုင်းအလွှာကို ပစ်ချလိုက်သည်။

၄င်း ဒိုင်းကို ထိသောအခါ တောင်ပိုင်းဒေသပတ်လည်ရှိ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေတစ်ခုစီတိုင်း ရုတ်တရက် သွေးနီရောင်အလင်းဖြင့် တောက်ပလာသည်။ သွေးအလင်းသည် အပြင်လူများစောင့်ကြည့်နေသော ပုံရိပ်များကို ဖယ်ရှားပြီး ကောင်းကင်ထံထိုးတက်ကာ ဧရာမသွေးတိုင်ကြီးများဖြစ်သွားကြသည်။

သွေးတိုင်တစ်တိုင်စီတိုင်းအား သွေးနီရောင်သံကြိုးများရစ်ပတ်နေသည်။ ထိုမျှသာမက သွေးတိုင်တစ်တိုင်စီ၏ထိပ်တွင် မချိတင်ကဲအော်ဟစ်နေသော ဝိုးတိုးဝါးတားပုံရိပ်တစ်ခုရှိသည်။

ဤအရာအားလုံးက အလွန်ရုတ်တရက်ဆန်လွန်းသည်။ အမွေအနှစ်နယ်မြေများပတ်ပတ်လည်ရှိ ပရိသတ်မှာ ဇဝေဇဝါဖြစ်ရင်း မှင်သက်နေတော့သည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်သွားတာလဲ"

"သွေးမျက်နှာပြင်ကြီး ကောင်းကင်ပေါ်မြောက်တက်သွားပြီ။ အမွေအနှစ်နယ်မြေထဲမှာ ဘာတွေဖြစ်နေလဲ ငါတို့မမြင်ရတော့ဘူး။ ဘာတွေဖြစ်နေတာလဲ"

တောင်ပိုင်းဒေသ၏ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဆူညံပွက်လောရိုက်ကုန်သည်။ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစု၏ ဘုရားကျောင်းအသီးသီးမှ ပုံရိပ်များစွာ ပျံတက်လာသည်။ ဤအရာအားလုံးသည် များသောအားဖြင့် တံခါးပိတ်ကျင့်ကြံနေကြသော ရှေးဟောင်းကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် အပြင်ဘက်အဖြစ်အပျက်များ၏ပြင်းအားက သူတို့ကို နိုးထစေခဲ့၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

"သွေးအင်မိုတယ်ယဇ်ပူဇော်ခြင်း။ ဒါ ဒဏ္ဍာရီလာ ရှေးကံကြမ္မာဆိုးမျိုးနွယ်စု သွေးအင်မိုတယ်ယဇ်ပူဇော်ခြင်းပဲ"

"ဒဏ္ဍာရီတွေအရ လူတစ်ယောက် ရှေးကြံမ္မာဆိုးမျိုးနွယ်စုကို ကျုးကျော်ဖို့ကြိုးစားရင် သွေးအင်မ်ိုတယ်ယဇ်ပူဇော်ခြင်း ပေါ်ပေါက်လာလိမ့်မယ်။ ဒါပေမယ့် ရှေးကံကြမ္မာဆိုးမျိုးနွယ်စုက ဟိုးအရင်ထဲက ချေမှုန်းခံခဲ့ရတာလေ။ သူတို့ရန်သူက ဘယ်သူဖြစ်လိမ့်မလဲ......"

ပေါက်ကွဲသံကြီး တောင်ပိုင်းဒေသတစ်ခုလုံး ပြည့်နှက်သွားစဥ် မန်ဟိုသည် ကောင်းကင်ကို စိုက်ကြည့်၍ ဟိန်းဟောက်ကြုံးဝါးရင်း မီးတောင်အတွင်း၌ ရပ်နေသည်။ သူက သတိလစ်နေသော ချူယွီယန်ကို မြန်မြန်ပွေ့ပြီး အနက်ရောင်ပိုက်ကွန်ဖြင့် ရစ်ပတ်၍ ဘေးချထားလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် သွေးအင်မိုတယ်၏ ယဇ်ပလ္လင်ထံ တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။

သူ့အပေါ်တွင် မိုးကြိုးပြစ်ဒဏ်သည် တလက်လက်တောက်ပနေသော ဒိုင်းအလွှာကို တုန်ခါစေရင်း ကျဆင်းလာ၏။ သို့သော် ၄င်းတုန်ခါနေချိန်မှာပင် အနီရောင်အလင်းတစ်ခု မီးတောင်အတွင်းမှ ထွက်ပေါ်လာပြီး ဧရာမသွေးအလင်းတိုင်ကြီးအသွင်ပြောင်းသွားသည်။ ဤသွေးအလင်းတိုင်ကြီးကား တောင်ပိုင်းဒေသအတွင်း ရှစ်တိုင်မြောက်ပေါ်လာခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် သွေးအင်မိုတယ်ယဇ်ပလ္လင်သည် ဘယ်တော့မှ ထိုသို့ပြုလုပ်မည်မဟုတ်သော်လည်း မန်ဟိုက ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံးကို သောက်သုံးခဲ့ပြီး မိုးကြိုးပြစ်ဒဏ်ကို လှုံ့ဆော်ခဲ့ချေသည်။ ပြစ်ဒဏ်မိုးကြိုးများက သွေးအင်မိုတယ်ယဇ်ပလ္လင်ပေါ်ပစ်ချနေသဖြင့် ၄င်း၏ဒိုင်းအလွှာမှာ တဝုန်းဝုန်းမြည်ဟည်းနေတော့သည်။

ဤဒိုင်းအလွှာကို တိုက်ခိုက်ခြင်းက သွေးအင်မိုတယ်ကို တိုက်ခိုက်ခြင်းနှင့်အတူတူပင်။

"ငါ့ကို စောင့်နေ" မန်ဟိုက မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ တဟုန်းဟုန်းတောက်လောင်နေရင်း ပြောသည်။ "ငါ မင်းကို ငါနဲ့အတူခေါ်သွားမယ်လို့ ကတိပေးခဲ့တယ်။ မင်း ငါ့ကိုစောင့်နေ၊ ငါမင်းကိုလာကယ်မယ်။ ပြီးရင် ငါတို့အတူ လီတောက်ရီကို သတ်ပစ်မယ်" သူက တုံဆိုင်းခြင်းအလျဥ်းမရှိဘဲ ပလ္လင််ထံသို့ လျှပ်စီးတန်းသဖွယ် တဟုန်ထိုးပျံသန်းသွားသည်။

သူ ဝင်ရောက်သွားသည့်အခိုက်အတန့်.......

သွေးအင်မိုတယ်အမွေအနှစ်နယ်မြေအတွင်း၌ တိမ်တိုက်များ တပွက်ပွက်ဆူလာပြီး လေပြင်းများတိုက်ခတ်သွားသည်။ နဝမကွန်ချာအလွန်တွင် အရိုးစုတစ်စုသည် တဆတ်ဆတ်တုန်လျက် တင်ပျဥ်ခွေထိုင်နေသည်။ ၄င်းက တဖြေးဖြေး ၄င်း၏အရိုးခေါင်းကို မော့လိုက်ရာ စွမ်းအားကြီးသောအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ၄င်းမှာ ထူးဆန်းသောအလင်းဖြစ်သော်လည်း အရိုးစုမှာ စိတ်လှုပ်ရှားနေပုံရသည်။

"နောက်ဆုံးတော့ .....ငါစောင့်နေခဲ့ရတာ...."

အဋ္ဌမကွန်ချာအတွင်းတွင် အရာအားလုံးတုန်ခါနေပြီး မိုးကောင်းကင်မှာ ထက်ခြမ်းကွဲတော့မည့်ပုံရသည်။ ရဲရဲနီနေသောအလင်းရောင်က အရာအားလုံးကို ဖုံးလွှမ်းနေ၏။ လွန်ခဲ့သောအချိန်အနည်းငယ်က အပ်ကျသံပင် မကြားရလောက်အောင်တိတ်ဆိတ်နေခဲ့သော်လည်း ရုတ်တရက် ဟိန်းဟောက်သံများ ပြည့်နှက်သွားသည်။ ဟိန်းဟောက်သံတွင် စိတ်လှုပ်ရှားမှုများပြည့်နှက်နေပုံရလေသည်။

သတ္တမကွန်ချာတွင် ဧရာမသင်္ချိုင်းဂူကြီးတစ်ခုကိုသာ မြင်နိုင်၏။ သင်္ချိုင်းဂူပေါ်တွင် စာလုံး ခြောက်လုံး ရေးထိုးထားသည်။ မိုးကောင်းကင်၏သင်္ချိုင်း။

သင်္ချိုင်းဂူထဲတွင်ကား မီတာသုံးထောင်အရှည်နီးပါးရှိသော အခေါင်းတစ်ခု။ အတွင်းတွင် အရိုးများ တောင်လိုပုံနေပြီး ၄င်းတို့အလည်တည့်တည့်၌ ပျက်စီးစုတ်ပြတ်နေသော အလံတစ်ခုကိုမြင်နိုင်သည်။ အလံတွင် တံခွန်သုံးခုရှိပြီး တစ်ခုစီတွင် နာမည်တစ်ခုရေးသားထားသည်။ နှစ်ထောင်ပေါင်းများစွာ လေဒဏ်၊မိုးဒဏ်ခံခဲ့ရသဖြင့် ပထမနာမည်နှစ်ခုမှာ သိပ်မထင်ရှားတော့ပေ။ သို့သော် တတိယတစ်ခုက တော်တော်လေးရှင်းလင်းပြတ်သားနေ၏။

၄င်းက ကျီမျိုးရိုးပင်။

သင်္ချိိုင်းဂူထဲတွင် လီတောက်ရီသည် တအံ့တသြလှည့်ပတ်ကြည့်နေ၏။ မြေကြီးမှာ တုန်ခါနေပြီး မိုးကောင်းကင်မှာ ထစ်ခြုန်းနေသည်။ အရာအားလုံး လည်နေသည့်အလားပင်။ သူ့ဘေးရှိ သွေးနဂါးကြီးက ခေါင်းထောင်ပြီး တစ်စုံတခုကို ရေတွက်နေသည့်အလား သူ၏လက်သည်းများရွေ့လျားသွားသည်။ ရုတ်တရက် ၄င်း၏အမူအရာပြောင်းလဲသွား၏။

"မြန်မြန်။ အင်မိုတယ်ဝိညာဥ်သုံးဦးအလံကို ယူစရာမလိုဘူး။ ငါပြောသလိုပဲ ငါတို့ နဝမကွန်ချာဆီ တိုက်ရိုက်သွားရမယ်။ ငါတို့နောက်ကျရင်.....အမွေအနှစ်က မင်းဟာမဟုတ်တော့ဘူး"

"ဘာတွေဖြစ်နေတာလဲ" လီတောက်ရီကမအီမသာဖြစ်ရင်း မေးသည်။

"အမွေအနှစ်က ရှေးကံကြမ္မာဆိုးမျိုးနွယ်စုလို မိုးကောင်းကင်ကို အာခံတဲ့ တစ်ယောက် ယောက်ကို စောင့်နေတာ။ အဲ့ဒီပုဂ္ဂိုလ်ရောက်လာပြီ။ ဒါပေမယ့် ငါတို့မှ အခွင့်အရေးရှိသေးတယ်။ သွေးအင်မိုတယ်က သေသွားခဲ့ပြီးပြီ။ သူ့ဆီအရင်ရောက်တဲ့ဘယ်သူမဆို အမွေအနှစ်ကို ရလိမ့်မယ်"

"အမွေအနှစ်က သူ့ကိုရွေးချယ်မယ်ဆိုတာ

ကြိုသိခဲ့ရင် ဖျက်စီးပစ်ခဲ့မှာ။ သူသါသေသွားရင် ကျုပ်က ဆက်ခံသူအလောင်းအလျာပဲ" လီတောက်ရီမျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် လင်းလက်နေတော့သည်။

"သူ့ကို အရင်ကသတ်တာက လွယ်တယ်။ ဒါပေမယ့် အခု သူကသွေးအင်မိုတယ်အမွေအနှစ်နယ်မြေထဲမှာ။ ဘယ်သူက သူ့ကိုသတ်မှာလဲ။ ဘယ်သူက သူ့ကိုသတ်နိုင်မှာလဲ" သွေးနဂါးကြီးက ရုတ်တရက် မီတာသုံးထောင်အရှည်ပြန့်ကားသွားရင်း လီတောက်ရီကို ဝိုင်းပတ်ကာ သိသိသာသာထွက်သွားလိုစိတ်ပြင်းပြနေချေသည်။

ထိုအချိန် အပြင်ဘက်တောင်ပိုင်းဒေသ၊ အန္တရာယ်နယ်မြေသုံးခုထဲက တစ်ခု၊ ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းတွင် ဘုရားကျောင်းသည် ၄င်းဘာသာ၄င်း အသက်ဝင်လာပုံရ၏။ ရှေးဟောင်းဘုရားကျောင်းအတွင်းရှိ ရုပ်တုပေါင်းများစွာမှာ ပုံမှန်အားဖြင့် မလှုပ်မယှက်ရပ်နေခဲ့ကြသည်။ တစ်စုံတယောက် ဘုရားကျောင်းထဲဝင်လာလျှင်ပင် ၄င်းတို့က ပြောင်းလဲမည်မဟုတ်ပေ။

သို့သော် ယခုတွင် ဤရုပ်တုထောင်ပေါင်းများစွာမှာ ရုတ်တရက် တုန်ခါလာ၏။ ၄င်းတို့၏မျက်လုံးများ ပွင့်သွားပြီး ၄င်းတို့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မျိုးနွယ်စုတစ်စုလုံးကား ပမာမခန့်ဟိန်းဟောက်လိုက်၏။ ဟိန်းဟောက်သံများပဲ့တင်ထပ်နေစဥ်မှာပင် ရုပ်တုများသည် လေပေါ်ပျံတက်ပြီး ဘုရားကျောင်းကိုဝန်းရံလာကြသည်။

ဘုရားကျောင်းအနီးနားမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူအတော်များများမှာ ချက်ချင်း အံ့သြမှင်သက်သွားကြတော့သည်။

ပို၍မယုံကြည်နိုင်ဖွယ်ကောင်းသည်က ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်း၏ သရဲပုံရိပ်အမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာချိန်တွင် ဖြစ်သည်။ ဘုရားကျောင်း၏ဝိညာဥ်မှ ရုတ်တရက် ကမ္ဘာမြေအတွင်းမှ နိုးထလာသည့်အလားပင်။ ၄င်းက ရုပ်တုများကို ၄င်းနှင့်အတူသယ်ဆောင်သွားသော မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခုအသွင်ပြောင်းသွားသည်။ ဘုရားကျောင်းကြီး ကောင်းကင်ထံပျံတက်သွားစဥ် ၄င်း၏အသွင်မှာ ဧရာမစစ်ရထားကြီးဖြစ်ပြီး ရုပ်တုများက စစ်သားများ၊ စစ်မြင်းများဖြစ်လာသည့်အလားပင်။ မရေမတွက်နိုင်သော စစ်သား၊ စစ်မြင်းအစုအဝေးကြီးကား မိုးကောင်းကင်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။

***

All Chapters