← Chapters

မကြခင်ပဲလာလာ ၊ မကြာခဏပဲလာလာ ကြိုဆိုပါတယ်

Vol. 43 Ch. 609

မကြခင်ပဲလာလာ ၊ မကြာခဏပဲလာလာ ကြိုဆိုပါတယ်

Vol. 43 Ch. 609

အခန်း (၆၀၉) မကြခင်ပဲလာလာ ၊ မကြာခဏပဲလာလာ ကြိုဆိုပါတယ်

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များအားလုံး တုန်ခါသွားပြီး ဖုံးကွယ်ထားသည့် ပရမ်းပတာချီစွမ်းအားအစုအဝေးက အဆုံးမရှိ ၊ အကန့်အသတ်မရှိသောစွမ်းအားများ ထွက်ပေါ်လာသည်။ ထိုပရမ်းပတာချီစွမ်းအားအစုအဝေးက ပျံ့နှံ့သွားသည်နှင့်အမျှ အတွင်းမှ မသန့်စင်ရသေးသော နဂါးအစစ်အမှန် ချီစွမ်းအားများသည်လည်း တဟုန်ထိုး ပေါ်ထွက်လာ၏။

ဤသည်က ရေခဲနဂါးသူတော်စင်၏နန်းတော်မှရရှိခဲ့သော ရေခဲနဂါးရုပ်အလောင်းကြီးမှ ရရှိထားသော ချီစွမ်းအားအနှစ်သာရများ မဟုတ်ပေ။ နဂါးသင်္ချိုင်းအတွင်းမှ စုပ်ယူလာခဲ့သော များပြားလှသည့် နဂါးအစစ်ချီစွမ်းအားများ ဖြစ်သည်။

ထိုသို့ နဂါးအစစ်အမှန်ချီစွမ်းအားများက ထူးကဲယန်စည်းတံဆိပ်အတွင်းဝင်ရောက်သွားသည်နှင့် စွမ်းအားက ရုတ်ချည်းပင် အသစ်သောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။ ကြောက်မက်ဖွယ်ရာ ရွှေရောင်စည်းတံဆိပ်သည် ကောင်းကင်အလယ်ဗဟိုတွင် နေတစ်စင်းအလားတောက်ပနေပြီး သူ့ကိုတိုက်စားဝါးမြိုလိုသော အနက်ရောင်မီးတောက်ကို ချေမှုန်းပစ်လိုက်သည်။

ရာဟုကြယ်၏အဆိပ်ဓာတ်သည် နေမင်း၏စွမ်းအားကို ဝါးမြိုနိုင်စွမ်းရှိသော်လည်း ရာဟုကြယ်စွမ်းအားသည် နေမင်း၏စွမ်းအားကို တားဆီးချေဖျက်နိုင်စွမ်း မရှိပေ။

အရှေ့လေက အနောက်လေထက်ကြမ်းမလား ၊ သို့မဟုတ် တူညီသောပြင်းအားရှိမည်လား ဆိုသည်မှာ မည်သည့်အရာက စွမ်းအားပိုမိုကြီးမားသလဲအပေါ် မူတည်သည်။

ရေက မီးကိုငြိမ်းသတ်နိုင်သည်ဆိုသော်ငြား မီးက ပြင်းထန်လွန်းပြီး ရေက အကန့်အသတ်ရှိနေလျှင် မီးကိုမငြိမ်းသတ်နိုင်သည့်အပြင် ရေသာအငွေ့ပျံသွားပေမည်။

ရာဟုကြယ်နှင့် နေမင်းသည်လည်း ထို့အတူပင် စွမ်းအားကြီးသည့်ဘက်က အနိုင်ရမည်သာ ဖြစ်၏။

ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ နုန်ယွိရွှမ်၏အသံ ထွက်ပေါ်လာသည်။ သူ့အသံက အနည်းငယ် စိတ်မချမ်းမြေ့ ဖြစ်နေဟန်ပင်။

“ကြည့်ရတာ တိုက်စားခြင်းတန်ခိုးစွမ်းအားက မလုံလောက်သလိုပဲ ၊ ထားလိုက်ပါ... မင်းတို့ကို ရက်နည်းနည်းလောက် ပျော်ခွင့်ပေးလိုက်မယ်”

ထို့နောက် ကောင်းကင်အက်ကွဲကြောင်း ဖြည်းညင်းစွာ ပိတ်သွားလေသည်။

ကောင်းကင်အက်ကွဲကြောင်းအတွင်းတွင် ကျန်းချောင်တို့ (၃)ယောက်၏ ပုံရိပ်များပေါ်လာပြီး သူတို့၏ တန်ခိုးစွမ်းအားရောင်ဝါများက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရှိစဉ်ကထက် ပိုမိုမြင့်မားနေသည်။

သို့သော် သူတို့၏စိတ်နှလုံးများကတော့ တင်းကြပ်စွာခံစားနေရသည်။

ကျန်းချောင်သည် ယခင်က သူ နေထိုင်ခဲ့သော ကမ္ဘာအလင်းတောင်ထွတ် ပျက်ဆီးသွားသည်ကိုတစ်ချက်အကဲခတ်ပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိကို စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့သည်လည်း ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေကြပြီး ကျန်းချောင်အကြည့်ကို လုံးဝ မရှောင်လွှဲခဲ့ပေ။

နုန်ယွိရွှမ်၏အသံက ထပ်မံထွက်ပေါ်လာသည်။

“ဝါဒတောင်က ရန်တိနဲ့ ရန်ကျောက်ကဲ ၊ သိပ်မကြာခင် ငါတို့ပြန်ဆုံကြမယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“လာမယ်ဆို အချိန်မရွေး ကြိုဆိုပါတယ် ၊ မကြခင်ပဲလာလာ... မကြာခဏပဲလာလာ ကြိုဆိုပါတယ်...”

ကောင်းကင်အက်ကွဲကြောင်း ပြန်ပိတ်သွားသည့်တိုင် ကမ္ဘာအလင်းတောင်ထွတ်တည်ရှိရာနေရာ အထက်ရှိလေထုကတော့ ပရမ်းပတာ ဖြစ်နေဆဲပင်။ ဤနေရာမှ ဝိညာဉ်စွမ်းအားများကပြိုကျပျက်ဆီးလုနီးပါးဖြစ်သွားလေရာ ပြန်လည်‌ကောင်းမွန်လာရန် အချိန်အတော်ကြာပေမည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာကြီး ပြောင်းလဲသွားသည်ဖြစ်ရာ အချိန်အတန်ကြာအောင် မငြိမ်မသက် ဖြစ်နေပေလိမ့်မည်။

ထူးကဲယန်စည်းတံဆိပ်က တစ်ဖန်ပြန်လည်မှေးမှိန်သွားပြီး ရန်ကျောက်ကဲက ထိုစည်းတံဆိပ်ကို သိမ်းဆည်းလိုက်သည်။

ရန်တိက သူ့အနားရောက်လာပြီး...

“အချိန်တစ်နှစ်ကျော်အတွင်းမှာ မင်း ဒီစည်းတံဆိပ်ကို ပြန်အသုံးပြုနိုင်ပြီလား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စပဲ ၊ ဒီပစ္စည်းက ကျွန်တော် အမြန်ဆုံး ပြန်အသုံးပြုလို့ရတဲ့ပစ္စည်းမျိုးတော့မဟုတ်ဘူး ၊ အခု အဲဒါကို အသုံးပြုနိုင်တာ သိပ်တော့ပုံမှန်မဟုတ်ဘူး ၊ ဒါပေမဲ့ ဒီပစ္စည်းသာအသုံးမပြုလိုက်ရင် ကွမ်းမင်ဂိုဏ်းကလူတွေ ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဒီလောက်အကွဲကွဲအပြဲပြဲ ဖြစ်သွားကြမယ် မထင်ဘူး”

ရန်တိက စဉ်းစားရင်း...

“ဘာပဲဖြစ်ဖြစ် ထူးကဲယန်စည်းတံဆိပ်ကို နောက်တစ်ကြိမ် အသုံးပြုလို့ရတဲ့အချိန်ထိစောင့်ပြီးမှ အထက်ဘုံကမ္ဘာကိုသွားတာ ပိုကောင်းလိမ့်မယ် ၊ အဘိုးအို’မော့’ ပြောသလိုဆိုရင် အထက်ဘုံကမ္ဘာရဲ့ အချိန်စီးဆင်းမှုက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာထက် နှေးကွေးတယ်မဟုတ်လား ၊ သူတို့တွေ နောက်တစ်ကြိမ်ဒီကိုလာမယ်ဆိုရင် အရင်ကထက်ပိုပြီး အချိန်ယူပြင်ဆင်ပြီးမှ ရောက်လာကြမှာဆိုတော့ အရမ်းတော့ မမြန်လောက်ဘူး”

ရန်ကျောက်ကဲက...

“အချိန်စီးဆင်းမှု တူညီတယ်ဆိုရင်တောင်မှ ကျွန်တော် အကြာကြီးမစောင့်ချင်တော့ဘူး ၊ ခပ်မြန်မြန်ပဲ သွားချင်နေပြီ”

ရန်တိ စိတ်ထဲ အနည်းငယ် လှုပ်ရှားသွားပြီး...

“ထူးကဲယန်စည်းတံဆိပ်ကိုထိန်းချုပ်ဖို့အတွက် ကွမ်းမင်ဂိုဏ်းကအသုံးပြုတဲ့ အနက်ရောင်မီးတောက်ကြောင့်လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... ကျွန်တော်ထင်တာမမှားဘူးဆိုရင် အဲဒါက ရာဟုကြယ်ရဲ့ အမှောင်စွမ်းအားပဲ”

“ရာဟုကြယ်ရဲ့အမှောင်စွမ်းအားက နေမင်းနဲ့ဆန့်ကျင်ဘက်ပဲ ၊ ပြီးတော့ သူတို့နှစ်ခုလုံးက သီးသန့်ဆန်တယ် ၊ ထူးကဲယန်စည်းတံဆိပ်က နေမင်းရဲ့အပြင်းထန်ဆုံးစွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိတယ်ဆိုရင် ရာဟုကြယ်ရဲ့ အပြင်းထန်ဆုံးစွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိတဲ့ ရတနာပစ္စည်းတစ်ခုခု ရှိနေနိုင်တယ် ၊ အဲဒီ ရတနာပစ္စည်းက ထူးကဲယန်စည်းတံဆိပ်ကို တန်ပြန်တိုက်ခိုက်ဖို့ အသုံးပြုလို့ရတယ်”

ရန်ကျောက်ကဲက မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ရင်း...

“အဲဒီလို ရာဟုကြယ်ရဲ့အမှောင်စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိတဲ့ ရတနာပစ္စည်းမျိုး ရှိခဲ့မယ်ဆိုရင် အထက်ဘုံကမ္ဘာမှာပဲ ရှိနိုင်ခြေများတယ်”

“နုန်ယွိရွှမ် အခုအသုံးပြုလိုက်တဲ့ အမှောင်နတ်ဆိုးစွမ်းအားက သိုင်းပညာတစ်မျိုးမဟုတ်ဘူး ၊ ထူးကဲယန်စည်းတံဆိပ်နဲ့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ နေမင်းရဲ့စွမ်းအားတွေကို ဝါးမြိုပြီး ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိတယ် ၊ ပြီးတော့ နုန်ယွိရွှမ်ကိုကြည့်ရတာလည်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေတယ် ၊ ဒီတော့... ကျွန်တော် မှန်းဆကြည့်သလောက် ရာဟုကြယ်နဲ့သက်ဆိုင်တဲ့ရတနာပစ္စည်း ဘယ်မှာရှိတယ်ဆိုတာ သူတို့ သဲလွန်စရပြီးနေပြီထင်တယ်”

သာမန်ကြေးနီစည်းတံဆိပ်တစ်ခုပမာ ပြောင်းလဲငြိမ်သက်သွားသော သူ့လက်ထဲမှ ထူးကဲယန်စည်းတံဆိပ်ကို ရန်ကျောက်ကဲ ငုံ့ကြည့်လိုက်သည်။

“ထူးကဲယန်စည်းတံဆိပ်က ကွမ်းမင်ဂိုဏ်းကသိုင်းပညာကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်စွမ်းရှိတယ် ၊  ပြီးတော့ ကွမ်းမင်ဂိုဏ်းက သိုင်းပညာတွေက နေမင်းရဲ့စွမ်းအားကို အပြည့်အဝနားမလည်နိုင်ပေမယ့် တူညီတဲ့အချက်တွေရှိနေတာ တွေ့ရတယ် ၊ တကယ်လို့ ရာဟုကြယ်နဲ့သက်ဆိုင်တဲ့ရတနာပစ္စည်းသာ ကျွန်တော့်လက်ထဲရောက်လာရင် ကွမ်းမင်ဂိုဏ်းကိုရင်ဆိုင်ဖို့ အတော်လေး အထောက်အကူ ဖြစ်လာနိုင်တယ်”

“အထက်ဘုံကမ္ဘာက ကျယ်ပြောလွန်းသလို ချီစွမ်းအားတွေလည်း ကြွယ်ဝတယ် ၊ မဟာကပ်ဘေးမတိုင်ခင်က သိုင်းပညာတွေလည်း သိပ်မပျက်ဆီးဘဲ တည်ရှိနေတာကြောင့် တခြားကမ္ဘာတွေထက် သာလွန်တာအမှန်ပဲ ၊ တခြားကမ္ဘာတွေကလူတွေ အထက်ဘုံကမ္ဘာကိုသွားချင်ရင် သိုင်းသူတော်စင်စတုတ္ထအဆင့်ရောက်တဲ့အထိ စောင့်ဆိုင်းရတယ် ၊ ပြီးတော့ တခြားကမ္ဘာတွေကနေ အထက်ဘုံကမ္ဘာကိုရောက်လာတဲ့ သိုင်းသူတော်စင်တွေကို ကွမ်းမင်ဂိုဏ်းလို ထိပ်သီးသိုင်းဂိုဏ်းကြီးတွေက ဧည့်သည်အကြီးအကဲတွေအဖြစ် သူတို့ဘက်ပါဖို့ စည်းရုံးထားသေးတယ်”

သူက ဆက်ပြောသည်။

“ကွမ်းမင်ဂိုဏ်းက တိမ်တိုက်ပမာ စွမ်းအားကြီးမားလွန်းပေမယ့် သူနဲ့ရန်ဘက်ဖြစ်တဲ့ ယိုးမင်ဂိုဏ်းအပါအဝင် တခြားသိုင်းဂိုဏ်းတွေလည်း ရှိနေတယ် ၊ ဆိုတော့... ရန်သူကို နှိမ်နင်းဖို့ဆိုတာ မခက်ခဲပါဘူး ၊ ရန်သူကို အနိုင်မယူနိုင်ရင်တောင်မှ ခုခံအားတိုးမြှင့်ဖို့အတွက် ကိုယ်ပိုင်အင်အားကြီးမားနေဖို့ လိုတယ်လေ”

ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကိုအသာပွတ်သပ်ရင်း...

“နေမင်းကို တိုက်စားနိုင်စွမ်းရှိတဲ့ ရာဟုကြယ်ရတနာပစ္စည်းသာ ရန်သူလက်ထဲရောက်သွားရင် ကျွန်တော်တို့အတွက် အရမ်းနစ်နာလိမ့်မယ်”

ရန်တိက...

“အဘိုးအို’မော့’ ပြောပြတဲ့ အထက်ဘုံကမ္ဘာအခြေအနေကို မင်းလည်းသိတာပဲလေ ၊ မင်းမှာ ထူးကဲယန်စည်းတံဆိပ်မရှိရင် စွမ်းအားမလုံလောက်ဘူးဆိုတာ သိထားသင့်တယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကျွန်တော့်မှာ ကောင်းကင်ဘုံအက်ကွဲကြောင်း အကန့်အသတ်ကိုဖြတ်ကျော်နိုင်တဲ့ ရတနာပစ္စည်းရှိနေတယ်ဆိုတာ ကွမ်းမင်ဂိုဏ်းကလူတွေ သိကြမှာမဟုတ်ဘူး ၊ ဒါကြောင့် ကျွန်တော် အထက်ဘုံကမ္ဘာကိုရောက်လာမယ်လို့ သူတို့ တွေးမထားလောက်ဘူး”

“မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလည်းရှိနေတော့ အခြေအနေအတော်များများကို ရင်ဆိုင်နိုင်မှာပါ ၊ ပြီးတော့ ကျွန်တော်က အထက်ဘုံကမ္ဘာကိုရောက်တာနဲ့ ကွမ်းမင်ဂိုဏ်းရဲ့တံခါးကို ခြေထောက်နဲ့ကန်ဖွင့်ပြီး စိန်ခေါ်မှာမှ မဟုတ်တာ”

စကားပြောနေရင်း ရန်ကျောက်ကဲမျက်နှာအမူအရာက အေးစက်သွားသည်။

“ဒါပေမဲ့ အဲဒီလိုနေ့မျိုး အနှေးနဲ့အမြန် ရောက်လာမှာပါ ၊ အခုကတည်းက အဲဒီနေ့အတွက် ပြင်ဆင်ထားရမယ်”

ရန်တိက...

“မင်းကိုတော့ ငါ စိတ်ချပါတယ် ၊ ငါကတော့ အရင်အစီအစဉ်အတိုင်းပဲ ရန်သူတွေထပ်လာရင် ကာကွယ်ပေးဖို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ နေခဲ့မယ်”

စကားဆိုရင်း သူက အချိန်နှင့်ဗလာနယ်လေထု ပရမ်းပတာဖြစ်နေသော မိုးကောင်းကင်ဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။

“ဒီတစ်ခေါက် ငါတို့ဆီလာဖို့အတွက် သူတို့တွေ တစ်နှစ်ကျော်လောက်အချိန်ယူရတယ် ၊ ကြည့်ရတာ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့တည်နေရာကို ပြန်ရှာနေရတယ်ထင်တယ် ၊ ဆိုတော့... နောက်တစ်ခါ ရောက်လာဖို့ အချိန်ဘယ်လောက်ကြမလဲ ကြိုတင်ခန့်မှန်းနိုင်ဖို့ လိုအပ်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော်လည်း အဲဒီလိုပဲတွေးတယ် ၊ သူတို့ စွမ်းအားတွေစုစည်းပြီး သေသေချာချာပြင်ဆင်ပြီးမှ နောက်တစ်ကြိမ် ထပ်လာလောက်တယ် ၊ ဒါပေမဲ့ ကျွန်တော်နဲ့ ထူးကဲယန်စည်းတံဆိပ်ရယ် ၊ အဖေရယ်ကို တစ်ချိန်တည်းထိန်းချုပ်ဖို့အတွက် စွမ်းအားစုစည်းဖို့ လွယ်မှာတော့မဟုတ်ဘူး”

“ကွမ်းမင်ဂိုဏ်းက ထိပ်တန်းသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်လို့ သူတို့ရဲ့သိုင်းသူတော်စင်တွေ နှစ်ခါတိတိ ဆုံးရှုံးခံလိုက်ရတာက ထိခိုက်တာမျိုးမဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာ သူတို့လိုပဲ အင်အားကြီးသိုင်းဂိုဏ်းတွေရှိနေတဲ့အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာကို တစ်ကြိမ်တည်းနဲ့ အင်အားအများကြီးဆင်းလာဖို့ဆိုတာ သိပ်တော့ မလွယ်လောက်ဘူး”

ရန်ကျောက်ကဲက ခဏနားပြီးဆက်ပြောသည်။

“သူတို့က အထက်ဘုံကမ္ဘာမှာ ခံစစ်နည်းနည်းပဲထားခဲ့ပြီး ထူးကဲယန်စည်းတံဆိပ်ကိုရယူဖို့ပဲ အာရုံစိုက်မယ်ဆိုရင်တော့ မပြောတတ်ဘူး”

“ပြီးတော့ ကျွန်တော် အထက်ဘုံကမ္ဘာကိုသွားရင် ကျွန်တော် ဘယ်နေရာကလာသလဲ ဘယ်သူမှ သိကြမှာမဟုတ်ဘူး ၊ ဒီတော့ ကွမ်းမင်ဂိုဏ်းကလည်း အချိန်အတိုင်းအတာတစ်ခုအထိ အာရုံစိုက်မိမှာမဟုတ်ဘူး ၊ မဟုတ်ရင် အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ဖိအားအရမ်းများသွားနိုင်တယ်”

ရန်ကျောက်ကဲ၏ ထိုစကားကိုတော့ ရန်တိက အရေးမစိုက်ပေ။

သူက ရန်ကျောက်ကဲ၏ဖခင်ဖြစ်သလို မာနလည်းကြီးသူဖြစ်ရာ ရန်ကျောက်ကဲမရှိလျှင်လည်း ရန်သူများကို တွန်းလှန်နိုင်မည်ဟု ယုံကြည်သည်။

“ဒါဖြင့်လည်း ငါ ဒီနေရာမှာ စခန်းချရင်း မင်းဆီက သတင်းကောင်းကို စောင့်နေမယ်”

ပြောပြီးသည်နှင့် ရန်တိက ယခင်က ကမ္ဘာအလင်းတောင်ထွတ် တည်ရှိခဲ့ရာနေရာတွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ရန်ကျောက်ကဲက ရန်တိကို ဦးညွှတ်လိုက်ရင်း...

“ပြီးတော့ ကျွန်‌တော့်မှာ တခြားအကြံအစည်တွေလည်း ရှိသေးတယ်”

All Chapters