← Chapters

ထူးဆန်းသောဓား

Vol. 43 Ch. 610

ထူးဆန်းသောဓား

Vol. 43 Ch. 610

အခန်း (၆၁၀) ထူးဆန်းသောဓား

ရန်ကျောက်ကဲစကားကိုကြားတော့ ရန်တိ အနည်းငယ် အံ့အားသင့်သွားပြီး...

“အကြံအစည်တွေရှိသေးတယ် ဟုတ်လား ၊ ဘာတွေများလဲ”

ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...

“ယိုးမင်ဂိုဏ်းက လျန်ကျီးချောင်ဆီက ရလာတဲ့ စက္ကူယပ်တောင်ကို ကျွန်တော် သေသေချာချာ လေ့လာပြီးပြီ ၊ အဲဒီပစ္စည်းကိုအသုံးပြုဖို့ ကန့်သတ်ချက်တွေအများကြီးရှိပေမယ့် လူတစ်ယောက်တည်းသွားနိုင်တယ်လို့ ကန့်သတ်မထားဘူး ၊ ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်သွားလာတဲ့အခါ လူအ‌တော်များများကို ကျွန်တော်နဲ့အတူ ခေါ်ဆောင်သွားနိုင်တယ် ၊ အများဆုံး (၅)ယောက်အထိ သွားနိုင်တယ်”

ရန်တိက...

“ဆရာလည်း ဒီမှာမရှိဘူးဆိုတော့... ငါက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကာကွယ်ဖို့ သေချာပေါက် နေခဲ့ရမှာပဲ ၊ မင်းက ဘယ်သူ့ကို ခေါ်သွားချင်လို့လဲ ၊ အဘိုးအို’မော့’ လား ၊ ဒါပေမဲ့ သူက အထက်ဘုံကမ္ဘာကို ပြန်ဖို့ ရည်ရွယ်ချက်မရှိတော့ဘူးလေ”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“ယင်ရှန်းကို ခေါ်သွားမလားလို့”

ရန်တိက သားဖြစ်သူကို စူးစိုက်ကြည့်ရင်း...

“အခုက အပျော်ခရီးထွက်တာမဟုတ်သလို ဧည့်ကောင်းဆောင်ကောင်းအနေနဲ့ အလည်အပတ်သွားတာလည်း မဟုတ်ဘူး ၊ အထက်ဘုံကမ္ဘာက အခြေအနေတွေက ရှုတ်ထွေးတယ် ၊ ကွမ်းမင်ဂိုဏ်းကလည်း မင်းကို အချိန်မရွေး အန္တရယ်ပြုနိုင်တယ် ၊ ဆိုတော့... ဒီခရီးက အန္တရယ်များတယ်လေ ၊ တူမလေး’ဖန်း’ ကို ခေါ်သွားလို့ အဆင်မပြေနိုင်ဘူး”

ရန်တိက ရန်ကျောက်ကဲကို တည်ကြည်စွာကြည့်ရင်း...

“ငါ့သားအကြောင်း ငါသိပါတယ် ၊ မင်းက ဒီလိုအခြေအနေမျိုးမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဦးစားပေးမှာမဟုတ်ဘူး ၊ ယွင်ရှန်းကို ခေါ်သွားချင်တာ တခြားဘာအကြောင်းရှိလို့လဲ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ကျွန်တော်က ယွင်ရှန်းကို အန္တရယ်တွင်းထဲ ဆွဲမခေါ်ပါဘူးဗျာ ၊ အခု သူ့ကို ခေါ်သွားမယ်ဆိုတာက ကိုယ်ရေးကိုယ်တာနဲ့လည်းမဆိုင်ပါဘူး ၊ တခြားကိစ္စရှိလို့ပါ”

ရန်တိက...

“ထူးကဲယင်သရဖူအတွက်လား ၊ ဒီတစ်ခေါက်က ထူးကဲယင်သရဖူကိုပြန်ယူဖို့ အခွင့်အရေး ရနိုင်မယ်မထင်ဘူး”

ရန်ကျောက်ကဲက...

“ထူးကဲယင်သရဖူက အဓိကမကျသေးပါဘူး ၊ အထက်ဘုံကမ္ဘာကိုရောက်တဲ့အခါ ထူးကဲယင်သရဖူကို မြင်ရပါ့မလားတောင် မပြောနိုင်ဘူး”

သူက ဆက်ပြောသည်။

“မန်ဝမ်နဲ့ ထူးကဲယင်သရဖူကို ကွမ်းမင်ဂိုဏ်းကယူသွားပြီဆိုတော့... အခုချိန် မန်ဝမ်က ကွမ်းမင်ဂိုဏ်းဌာနချုပ်မှာ ထူးကဲယင်သရဖူနဲ့အတူ ကျင့်ကြံနေလောက်တယ် ၊ ကျွန်တော့အတွက် အခွင့်အရေးမရှိနိုင်သေးဘူး”

ရန်တိက ခဏမျှစဉ်းစားရင်း...

“မင်းအရမ်းအာရုံစိုက်နေတဲ့ ရာဟုကြယ်ရတနာပစ္စည်းနဲ့ ပတ်သက်နေတာလား ၊ အဲဒါက တူမလေး’ဖန်း’ နဲ့ ဘယ်လိုပတ်သက်လို့လဲ”

ရန်ကျောက်ကဲက သူ၏လက်ချောင်းများဖြင့် လေထဲတွင် ဓားတစ်လက်သဏ္ဌန်ရေးဆွဲလိုက်ရင်း...

“အရင်ကလည်း ဒီအကြောင်း ကျွန်တော်ပြောပြဖူးတယ်လေ ၊ အဖေ မှတ်မိသေးလား မသိဘူး”

ရန်ကျောက်ကဲ၏လှုပ်ရှားဟန်ကိုတွေ့တော့ ရန်တိက မှတ်မိသွားဟန်ဖြင့်...

“တူမလေး’ဖန်း’ ရဲ့ ဓားရှည်အကြောင်း မင်း ပြောနေတာလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... အဲဒီအနက်ရောင်ဓားပဲ ၊ အဲဒီဓားက အရမ်းထူးခြားတယ် ၊ သိပ်ပြီး ထင်ထင်ရှားရှားမရှိပေမယ့် အတော်လေး လျှို့ဝှက်ဆန်းကျယ်တယ် ၊ ပြီးတော့ ယွင်ရှန်း ကျင့်ကြံခြင်းအဆင့်မြင့်တက်လာတာနဲ့အမျှ အဲဒီဓားရဲ့ ဝိညာဉ်စွမ်းအားကလည်း မြင့်တက်လာတယ်”

“ပထမဆုံးအကြိမ် အဲဒီဓားကိုတွေ့တုန်းက အဆင့်နိမ့်ဝိညာဉ်လက်နက်တစ်ခုပဲရှိသေးတာ ၊ အခု အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေပြီ ၊ ရှေးဟောင်းကျမ်းစာတွေထဲမှာ လေ့လာကြည့်တော့လည်း အဲဒီလိုပစ္စည်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး”

ရန်ကျောက်ကဲပြုလုပ်ထားသည့် အစိမ်းရင့်ရောင်ဝါးကိုင်းသည်လည်း သူ၏ကျင့်ကြံခြင်းအဆင့်နှင့်အတူ စွမ်းအားများတိုးလက်လာသည်ပင်။ သို့သော် ထိုဝါးကိုင်းအဆင့်မြင့်မားလာစေရန် ရန်ကျောက်ကဲက ရတနာပစ္စည်းများ ၊ ရှေးဟောင်းရတနာများနှင့် ဝိညာဉ်ပစ္စည်းများစွာ စဉ်ဆက်မပြတ် ကျွေးမွေးနေခဲ့ရသည်။

ထိုဝါးကိုင်းက သူ့အလိုလိုကြီးထွားလာသော ဖန်းယွင်ရှန်း၏ အနက်ရောင်ဓားနှင့် တူညီခြင်းမရှိပေ။ ထိုဓားကတော့ ဖန်းယွင်ရှန်း ကျင့်ကြံခြင်းအဆင့်မြင့်တက်လာခြင်းနှင့်အတူ ဝိညာဉ်စွမ်းအားများပါ လိုက်ပါမြင့်တက်လာခဲ့သည်။

ရန်ကျောက်ကဲတွက်ချက်မှု မမှားဘူးဆိုလျှင် ဖန်းယွင်ရှန်း သိုင်းဆရာသခင်အဆင့်တက်ရောက်သည့်နေ့တွင် ထိုအနက်ရောင်ဓားသည်လည်း သေချာပေါက် မှော်ဝင်ဓားတစ်လက်ဖြစ်လာပေလိမ့်မည်။ ထိုဓား၏တိုးတက်မှု မသေချာချင်းကသာ ကန့်သတ်မှုတစ်ခု ဖြစ်နိုင်သည်။

ရန်ကျောက်ကဲက...

“အဲဒီဓားကို အရင်ကစစ်ဆေးကြည့်တော့ ဘာထူးခြားတာမှ မတွေ့ရဘူး ၊ ဒါပေမဲ့ အဲဒီဓားက ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူလို့မျိုး တန်ခိုးစွမ်းအားတွေ ငိုက်မြည်းအိပ်ပျော်နေပြီး ဖြည်းဖြည်းချင်းနိုးထလာတဲ့အရာမဟုတ်တာတော့ သေချာတယ် ၊ ပြီးတော့ ကနဦးမှာ အဆင့်နိမ့်မှော်ဝင်ဓားတစ်လက်ဖြစ်ပေမယ့် ဘယ်လိုဖြစ်လို့ အဆင့်တက်လာသလဲဆိုတာ ခန့်မှန်းလို့မရဘူး”

ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်အသာပွတ်ရင်း...

“ဒါပေမဲ့... အခု ရာဟုကြယ်ရဲ့ အမှောင်နတ်ဆိုးချီကို တွေ့လိုက်ရတဲ့နောက် အဲဒီဓားရှည်ရဲ့ထူးခြားချက်နဲ့ နည်းနည်းဆင်တူနေတာကို သိလိုက်ရပြီး ရုတ်တရက် အတွေးတစ်ခုရသွားတယ်”

ထိုစကားကိုကြားတော့ ရန်တိက အံ့အားသင့်သွားပြီး တစ်ခဏမျှ လေးလေးနက်နက် စဉ်းစားနေသည်။

ပြီးမှ...

“ဒါပေမဲ့ ... အဲဒါက ရာဟုကြယ်ရဲ့အမှောင်ထု မဟုတ်ဘူးမလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... အဲဒီဓားက ထူးကဲယင်စွမ်းအားပိုင်ဆိုင်တဲ့ လမင်းရဲ့ဆန့်ကျင်ဘက် ‘ခဲ့ထူကြယ်’ ဖြစ်နိုင်တယ် ၊ ပြီးတော့ အဲဒီဓား နေသူတော်စင်ဂိုဏ်းမှာရှိနေတာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးလို့ ကျွန်တော် ခံားရတယ်”

သူက စိတ်အားထက်သန်စွာဖြင့် ဆက်ပြောသည်။

“ကျွန်တော် အရင်က ယွင်ရှန်းကို အဲဒီဓားအကြောင်း မေးကြည့်ဖူးတယ် ၊ သူလည်း အဲဒီဓားရဲ့ဇာစ်မြစ်ကို အတိအကျ မသိဘူး ၊ နေသူတော်စင်ဂိုဏ်းရဲ့လက်နက်တိုက်ထဲမှာတွေ့လို့ သူလည်း ယူလာတာတဲ့ ၊ ကြည့်ရတာ အဲဒီဓားရှည်မှာ အရမ်းရှည်လျားတဲ့ဒဏ္ဍာရီသမိုင်းကြောင်းတစ်ခု ရှိရမယ်”

ရန်တိက...

“အဲဒီဓားက အသုံးဝင်တယ်ထင်ရင် မင်းယူသွားလေ ၊ ငါ မကန့်ကွက်ပါဘူး ၊ ဒါပေမဲ့ တူမလေး’ဖန်း’ ကို ခေါ်သွားမှာကတော့...”

ရန်ကျောက်ကဲက မချိပြုံးပြုံးရင်း...

“အဖေပြောတာ ကျွန်တော်နားလည်ပါတယ် ၊ တတ်နိုင်ရင် ကျွန်တော်လည်း ဓားကိုပဲ ယူသွားချင်တာပါ ၊ ဒါပေမဲ့ အဖေမသိသေးတဲ့ကိစ္စတစ်ခုရှိတယ်”

သူက ရန်တိကို တစ်ချက်လှမ်းအကဲခတ်ပြီး ဆက်ပြောသည်။

“အဲဒီဓားက ယွင်ရှန်းဆီရောက်မလာခင် နေသူ‌တော်စင်ဂိုဏ်းက တခြားသူတွေ ကိုင်ခဲ့ဖူးတယ် ၊ ဒါပေမဲ့ သူတို့တွေ အပြင်ပိုင်းကြယ်တာရာချီစွမ်းအားအဆင့်ရောက်တဲ့အထိ အဲဒီဓားက ဘာမှမထူးခြားဘူး ၊ အဆင့်နိမ့် ဝိညာဉ်ဓားတစ်လက်အဖြစ်ပဲ ရှိနေတာ ၊ ယွင်ရှန်းလက်ထဲရောက်မှ ယွင်ရှန်းရဲ့ကျင့်ကြံခြင်းနဲ့အတူ သူပါလိုက်အဆင့်တက်သွားတာ”

ရန်တိ : “……”

ထိုစကားကြားတော့ ရန်တိ ငိုရမလား ရယ်ရမလားမသိ ဖြစ်သွားသည်။

“တကယ်ပဲ... အဲဒီလိုလား”

သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မချိပြုံးပြုံးလိုက်ကြသည်။

ခဏနေမှ ရန်တိက ခေါင်းခါယမ်းရင်း...

“အေးပါ... ဒါဆိုလည်း နည်းလမ်းမရှိတော့ဘူးပေါ့ ၊ မင်းရဲ့လုပ်ဆောင်ချက် မှန်ကန်ဖို့ပဲ ငါ မျှော်လင့်ရတော့မယ်”

သူက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ဒီလိုဆိုရင်တော့... တစ်ယောက်ခေါ်သွားပြီဆိုမှတော့ နောက်ထပ်နည်းနည်းလောက်ပါ ထပ်ခေါ်သွားပေါ့ ၊ မင်းမှာ တခြားဘာအစီအစဉ်တွေရှိသေးလဲ ၊ အထက်ဘုံကမ္ဘာက ဝိညာဉ်စွမ်းအားစီးဆင်းမှုက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပိုပြီးများပြားတယ်လို့ သိရတယ်ဆိုတော့...”

ဝါဒတောင် လက်ရှိရင်ဆိုင်နေရသည့်အန္တရယ်မှ အထက်ဘုံကမ္ဘာမှ အန္တရယ်ဖြစ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်ကို မည်သူမှ ရန်မစရဲတော့ပေ။

ရန်ကျောက်ကဲ ခရီးထွက်သွားချိန် ရန်တိက မီးနယ်မြေကိုစောင့်ကြပ်နေသည့်တိုင် အခြား မည်သည့်သိုင်းဂိုဏ်းကမှ ဝါဒတောင်ကို လာရောက်တိုက်ခိုက်မည် မဟုတ်ပေ။

ပင်လယ်တစ်ဖက်ခြားဒေသနှင့် အနောက်ဘက်သဲကန္တာရကြီးမှ ထင်ရာစိုင်းတတ်သော တစ်ကိုယ်တော်သိုင်းကျင့်ကြံသူများသည်ပင် ယခု ဝါဒတောင်မှသိုင်းသမားများကို အန္တရယ်မပြုဘဲ ရှောင်ရှားသွားကြသည်။

ရေတိုတွင် အန္တရယ်မရှိနိုင်သော်လည်း ရေရှည်တွင် ဝါဒတောင်မှတပည့်များအတွက် ပိုမိုအန္တရယ်ကင်းရန် စဉ်းစားရပေမည်။

ရန်တိက ခဏမျှစဉ်းစားရင်း...

“ခြေတစ်လှမ်းတည်းနဲ့ အဝေးကြီးလှမ်းလို့တော့ မဖြစ်ဘူး ၊ ယာယီစခန်းတစ်ခုချဖို့ နေရာတစ်နေရာကို ငါ စဉ်းစားမိတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“သမုဒ္ဒရာကမ္ဘာလား”

ရန်တိက...

“အမှန်ပဲ... မင်းနဲ့ ဂိုဏ်းတူအစ်မ’ဖူ’ ရဲ့စကားအရ သမုဒ္ဒရာကမ္ဘာက အရမ်းမလုံခြုံပေမယ့်လည်း အန္တရယ်လည်းသိပ်မရှိဘူး ၊ စွန့်စားရမှုတွေရှိနေပေမယ့် လက်ခံနိုင်တဲ့အတိုင်းအတာအတွင်းမှာ ရှိတယ် ၊ ဒီတော့ ငါတို့ဂိုဏ်းက ထူးချွန်တဲ့တပည့်တွေကို အဲဒီ သမုဒ္ဒရာကမ္ဘာမှာ အေးအေးဆေးဆေး သွားရောက်ကျင့်ကြံဖို့ စေလွှတ်နိုင်တယ်...”

သူက ခဏမျှစဉ်းစားရင်း...

“ရွှီဖေးနဲ့ ရှီကျွင်းလေးတို့လည်း အဲဒီမှာဆိုတော့ ငါတို့ကို ကူညီပေးနိုင်မှာပါ”

သူက သားဖြစ်သူကို လှမ်းကြည့်ရင်း...

“သမုဒ္ဒရာကမ္ဘာကို တရားဝင်သိမ်းပိုက်ဖို့ကတော့ ငါတို့အတွက် အချိန်စောလွန်းပါသေးတယ် ၊ အဲဒါကို မစဉ်းစားနဲ့ဦး”

ရန်ကျောက်ကဲက...

“ဟုတ်တယ် ၊ ကျွန်‌တော်လည်း သမုဒ္ဒရာကမ္ဘာကို သွားချင်နေတာ ၊ ကွမ်းမင်ဂိုဏ်းလည်း ထိချက်ပြင်းပြင်းနဲ့ အခုပဲ ပြန်သွားခါစဆိုတော့ အထက်ဘုံကမ္ဘာကို ချက်ချင်းလိုက်သွားလို့ မကောင်းသေးဘူး”

ရန်တိက...

“အရမ်းကောင်းတယ် ၊ ကဲ... မင်းပဲ အရာအားလုံး အဆင်ပြေသလို ကြည့်စီစဉ်လိုက်တော့”

ရန်ကျောက်ကဲက ပြုံးရင်း...

“အဖေ စိတ်ချပါ ၊ ကျွန်တော့်ဘက်က ဘာပြဿနာမှ မရှိနိုင်ပါဘူး”

ထို့နောက်မှာတော့ ရန်တိက ကမ္ဘာအလင်းတောင်ထွတ်တည်ရှိရာနေရာတွင် ကျန်ရစ်ခဲ့ပြီး ရန်ကျောက်ကဲကတော့ ဝါဒတောင်တွင် ကျန်ရစ်ခဲ့သည်။

တောင်ပေါ်ြပန်ရောက်သည်နှင့် ရန်ကျောက်ကဲပြောလိုက်သည့် စကားတစ်ခွန်းက ဝါဒတောင်တစ်ခုလုံးအား လှုပ်လှုပ်ရှားရှားဖြစ်သွားစေလေသည်။

All Chapters