ဝမ်မျိုးနွယ်စု၏ ဒသမခေါင်းဆောင်ကြီး
Vol. 10 Ch. 137
ရက်အနည်းငယ်မတိုင်ခင်.......
တောင်ပိုင်းဒေသ။ ကွဲ့ချင်းပြည်နယ်။
ဤပြည်နယ်သည် တောင်ပိုင်းဒေသ အလယ်ဗဟိုတွင် တည်ရှိ၏။ ၄င်းက ကြီးမားကျယ်ပြောသော နယ်နိမိတ်ကို သိမ်းပိုက်ထားလေသည်။ တောင်ပိုင်းဒေသတွင်ပင်လျှင် ဤကဲ့သို့ပြည်နယ်မျိုးအား လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရသည်။
ကွဲ့ချင်းပြည်နယ်အတွင်း၌ မည်သည့်ဂိုဏ်းမှမရှိိပေ။ ၄င်းက ဂိုဏ်းမရှိသော ထူးထူးခြားခြားပြည်နယ်များအထဲ တစ်ခုအပါအဝင်ဖြစ်သည်။ ထိုအစား ဤပြည်နယ်တွင် မျိုးနွယ်စုတစ်စုက နေရာယူထား၏။ ထို့ပြင် ဤပြည်နယ်ကား...... ဝမ်နိုင်ငံဟူ၍လည်း အမည်တွင်သည်။
သေမျိုးလူသားဖြစ်၍ ကျင့်ကြံခြင်းကို အားမထုတ်နိုင်သော ဝမ်မျိုးနွယ်စု၏ အမျိုးသားအဖွဲ့ဝင်များသည် ကွဲ့ချင်းပြည်နယ် တော်ဝင်မိသားစု၏ တစ်စိတ်တပိုင်းဖြစ်လာကြသည်။ ကျင့်ကြံအားထုတ်နိုင်သူများက ဝမ်ဘိုးဘေးစံအိမ်ကို ဝင်ရောက်ကြသည်။
ဝမ်မျိုးရိုးမဟုတ်သော ကျင့်ကြံသူများမှာမူ ဝမ်မျိုးနွယ်စု၏ အရန်အဖွဲ့ခွဲ့များဖြစ်လာကြသည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤသို့သာ ဖြစ်သည်။
မန်ဟို ပြီးပြည့်စုံသောအခြေတည်ဆေးလုံးကို စားပြီး သွေးအင်မိုတယ်အမွေအနှစ််နယ်မြေမှ ထွက်လာပြီးနောက်တွင် အသံတစ်သံကြားလိုက်ရသည်။ ထိုအသံသည် ကွဲ့ချင်းပြည်အတွင်းရှိ တားမြစ်တောင်သုံးသောင်းအထဲ ဆယ်တောင်မြောက်မှ ထွက်လာခြင်းပင်။
ဝမ်မျိုးနွယ်စု၏ တားမြစ်တောင်သုံးသောင်းသည် ဆက်စပ်မှုမရှိချေ။ ၄င်းက ကွဲ့ချင်းပြည်တစ်လွှား ဟိုတစ်လုံး၊ သည်တစ်လုံးပြန့်ကြဲနေခြင်းဖြစ်သည်။ တောင်တစ်လုံးစီ၏အောက်ခြေတွင် သစ်သားအခေါင်းတစ်ခေါင်းစီရှိသည်။ ဝမ်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး အဖွဲ့ဝင်များသာ ကွယ်လွန်ပြီးနောက်ပိုင်း တားမြစ်တောင်တစ်လုံး၏အောက်တွင် မြှုပ်နှံခံရလေသည်။
ဝမ်မျိုးနွယ်စုအတွင်းတွင် နက်နဲသောလျှို့ဝှက်ချက်များစွာရှိိပြီး ဂိုဏ်းကြ်ီးငါးဂိုဏ်းမှာ ယေဘုယျသတင်းအချက်အလက်တချို့သာ သိရှိကြသည်။ ရှေးမှတ်တမ်းမှတ်ရာများတွင် သဲလွန်စများ တွေ့နိုင်သော်လည်း ဝမ်မျိုးနွယ်စု၏လျှို့ဝှက်ချက်များမှာ အဆုံးမရှိသည့်အပြင် သူတို့၏သမိုင်းကြောင်းကား နက်ရှိုင်းလွန်း၏။ ဒဏ္ဍာရီများအရ သူတို့က ကြယ်တာရာများမှ လာကြသည်ဟူ၍......
ယခု ဒသမတောင်အတွင်းမှာ သွေးနှင့်မီးအလင်းရောင်တို့ရောစပ်နေသော ကြက်သွေးရောင်အလင်းကမ္ဘာတစ်ခု ဖြစ်သည်။ ဤနေရာ၌ နှစ်တစ်သောင်းအတွင်း ဘယ်တော့မှလောင်ကျွမ်းပြာချပစ်နိုင်ပုံမရသော တပွက်ပွက်ဆူနေသည့် ပင်လယ်တစ်စင်းရှိသည်။ ဤမီးတောက်၏ အက်ကြောင်းများအတွင်း အနက်ရှိုင်းဆုံးတစ်နေရာတွင်ကား အနီရောင်အခေါင်းတစ်ခေါင်း။
အခေါင်းတွင် အဖုံးမရှိ။ အထဲတွင် အဘိုးအိုတစ်ဦး လဲလျောင်းနေသည်။ သူ၏မျက်နှာမှာ အတွန့်အခေါက်များဖြင့် ဖုံးလွှမ်းနေပြီး သေဆုံးခဲ့သည်မှာ အလွန်ကြာမြင်ခဲ့ပြီဖြစ်သည့်အလား သူ၏ခန္ဓာကိုယ်သည် ပိန်လှီရှုံ့တွနေ၏။ သို့သော် အလောင်းမှ မည်သည့်သေခြင်းတရားချီမှ ထုတ်လွှတ်နေခြင်းမရှိ။
အမှန်တွင် သူ၏မျက်လုံးများ တဖြေးဖြေးပွင့်လာနေသည်။ ထိုအချိန် ငြိမ်သက်နေသောမီးပင််လယ်သည်.... ရုတ်တရက် လှုပ်ရှားလာ၏။ ၄င်းက ပို၍ပြင်းစွာတောက်လောင်လာခြင်းမဟုတ်၊ တကယ်တမ်း မီးအပူရှိန်ပင် အတန်ငယ်လျော့ကျသွားပုံရသည်။
"ငါ..... ပြီးပြည့်စုံတဲ့ချီဓာတ်ကို ခံစားနေရတယ်......." အဘိုးအိုက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ့အသံမှာ အချိန်အတော်ကြာ စကားမပြောခဲ့ရသည့်အလား အလွန်တရာ အက်ကွဲနေ၏။ သူစကားပြောသောအခါ ဒသမတောင်တစ်တောင်လုံး ထစ်ခြုန်းလာတော့သည်။
ဤထစ်ခြုန်းမှုက ဝမ်မျိုးနွယ်စုအကြီးအကဲအဖွဲ့ဝင်များကို ချက်ချင်း သတိထားမိသွားစေ၏။ ဝမ်ဘိုးဘေးစံအိမ်တွင် ပုံရိပ်အမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ပြီးပြည့်စုံခြင်း ....." အခေါင်းထဲရှိ ပုဂ္ဂိလ်၏မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ဖြင့် တောက်ပလာသည်။
သူ၏မျက်လုံးများ တောက်ပသွားသောအခါ ဒသမတောင်၏ဟိန်းဟောက်သံကြီးမှာ ပို၍ပြင်းထန်လာသည်။ ဝမ်ဘိုးဘေးစံအိမ်မှ ရောက်လာခဲ့ကြသော အဖွဲ့က တလေးတစား အရိုအသေးပေးလိုက်သည်။
"ပြန်လည်မွေးဖွားခြင်းကျောက်တုံးသုံးသောင်း ပြင်" အခေါင်းထဲရှိ အဘိုးအိုကပြောလိုက်ရာ သူ၏အသံသည် ဒသမတောင်အတွင်း ပဲ့တင်ထပ်သွား၏။ "ငါ လူဝင်စားဖို့ အချိန်ရောက်လာခဲ့ပြီ" ဤစကားကို ကြားသောအခါ အသက်ကြီးကြီးမျိုးနွယ်စုအဖွဲ့၏မျက်နှာများ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
"တာအိုရှာဖွေခြင်းအဆင့် အထွတ်အထိပ်မှာ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ ချိတ်ပိတ်ခံခဲ့ရတယ်။ အစတုံးက အကြီးအကဲမျိုးဆက်ရဲ့အဖွဲ့ဝင်တွေလိုမျိုး အင်မိုတယ်နယ်ပယ်ကို မျှော်ကြည့်ပြီး အဲ့ဒီနောက်ဆုံးခြေလှမ်းတွေကို မလှမ်းနိုင်ဘဲ သက်ပြင်းချရင်း မရာဏတံခါးပေါက်မှာပဲ ရုန်းကန်နေနိုင်ခဲ့တယ်။ ကြယ်တာရာတွေဆီ မလျှောက်လှမ်းနိုင်ခဲ့လို့ ငါ့မျိုးနွယ်စုဝင်တွေဆီ ပြန်လာခဲ့ရတယ်...." အဘိုးအို၏ တွန့်ခေါက်ရှုံ့တွနေသော မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခုဖြစ်ထွန်းသွားသည်။ အပြုံးမှာ ကြောက်စရာကောင်းလောက်အောင် ထူးဆန်းနေသည်။
"ဒါပေမယ့် အခုတော့......ငါ့မှာ မျှော်လင့်ချက်ရှိပြီ...." သူအပြုံးသည် ပို၍တောက်ပလာပြီး သူ့မျက်လုံးများကာ ပို၍ပင် လင်းလက်လာတော့သည်။
"ဝမ်မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာတည်ထောင်သူက တာအိုအမှန်တရားတစ်ခုကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးခဲ့တယ်။ သူက အညတရအဖြစ် မွေးဖွားလာခဲ့ပေမယ့် တစ်နှစ်မှာတော့ လူတစ်ယောက်ရဲ့ ချီအခြေတည်ခြင်းကို လုယက်နိုင်ခဲ့ပြီး အစွမ်းထက်ပညာရှင်တစ်ယောက်ရဲ့လမ်းစဥ်ကို လျှောက်လှမ်းခဲ့တယ်..... အဲ့နောက် သူက ဒဏ္ဍာရီလာပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်လာခဲ့တယ်
"အခု ပြီးပြည့်စုံတဲ့အခြေတည်ခြင်း ပေါ်ပေါက်လာခဲ့ပြီ။ ငါလဲ ဒဏ္ဍာရီလာတည်ထောင်သူရဲ့လမ်းစဥ်ကို လျှောက်လှမ်းနိုင်သင့်တယ်။ ပြီးပြည့်စုံခြင်းအားလုံးကို လုယူပြီးနောက် အင်မိုတယ်အဆင့်ကို တက်လှမ်းမယ်
"ဒါပေမယ့်......ဒီကျင့်ကြံသူရဲ့ချီက သိပ်အားနည်းလွန်းတယ်။ ငါ အင်မိုတယ်အဆင့်တက်ဖို့အထိ မလုံလောက်ဘူး။ နည်းနည်းလောက်ထပ်စောင့်ရမယ် နည်းနည်းလေးပဲ နည်းနည်းထပ်စောင့်မယ်....." အခေါင်းထဲက အဘိုးအို၏အပြုံးသည် ပို၍ရက်စက်ကြမ်းကြုတ်လာ၏။ ထို့အနောက် အချိန်အနည်းငယ်ကြာသော် သူ၏မျက်လုံးများမှိတ်သွားသည်။ ဒသမတောင်အတွင်းရှိ မီးပင်လယ်မှာ ၄င်း၏မီးလောင်တိုက်သွင်းမပစ်နိုင်သော မီးတောက်မီးလျှံများကို နောက်တစ်ဖန် အသက်ပြန်သွင်းနိုင်သွားလေသည်။
ရက်ပေါင်းများစွာအကြာ၊ တိမ်တိုက်များကင်းစင်နေသော အဆုံးအစမဲ့ကောင်းကင်အောက်တွင်။
အစိမ်းရောင်တောက်တောက် အလင်းတန်းတစ်တန်း လေကိုခွင်း၍ တဟုန်ထိုးထွက်သွား၏။ ဤသည်မှာ မိုးကောင်းကင်ကို ထက်ပိုင်းခွဲသွားသော မန်ဟိုပင်။ ကျိုးဒရကိုမူ မန်ဟိုသည် ထိုလူငယ် သူ့နောက်လိုက်နေကြောင်း တစ်ချိန်လုံးသိခဲ့သော်လည်း အလွှတ်ပေးလိုက်သည်။ အမှန်တွင် သူမကြားသင့်သောအရာများ မကြားအောင် မန်ဟိုဟန့်တားထားခဲ့ပြီး ဖြစ်၏။ မည်သိို့ပင်ဆိုစေ သူက ဖက်တီးနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေပုံရ၍ သူလွှတ်ပေးလိုက်ခြင်းဖြစ်သည်။
"ပြီးပြည့်စုံတဲ့ ချီအခြေတည်ဆေးလုံးကို ဖော်စပ်ဖို့ ဝိညာဥ်ကျောက်တုံးတော်တော်ကုန်သွားတာပဲ။ ငါ့မှာ နည်းနည်းရှိသေးပေမယ့် သိပ်မကျန်တော့ဘူး....." မန်ဟိုမှာ စကြဝဠာအိတ်ကို စစ်ဆေးရင်း မျက်မှောင်ကြုတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။
"ငါ ကျင့်ကြံခြင်းကမ္ဘာကို မဝင်ရောက်ခင်တုံးက မွဲပြာကျနေခဲ့တယ်။ စဥ်ီးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူဖြစ်လာတော့လဲ အမြဲ ဝိညာဥ်ကျောက်တုံးနည်းနေတယ်။ အခု ချီအခြေတည်အဆင့်ရောက်ပြန်တော့လဲ....နည်းနေသေးပြန်တာပဲ" သူ့မှာ ဝိညာဥ်ကျောက်တုံးများအပေါ် တောင့်တစိိတ်များနိုးထလာပြန်သဖြင့် မျက်ခုံးများတွန့်ချိုးနေတော့သည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် ဤအဆင့်သို့ ရောက်ခဲ့ပြီဖြစ်၍ သူ၏ဝိညာဥ်ကျောက်တုံးလိုအပ်မှုမှာ ပို၍ပင်များလာတော့သည်။
"ပြီးတော့ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းရဲ့အဆိပ်ရှိသေးတယ်။ ငါ ဒါကို မထုတ်ပစ်နိုင်ရင် တကယ့်ပြဿနာကြီးဖြစ်နေတော့မှာ" သူ၏မျက်ခုံးများ ပို၍တွန့်ချိုးသွားသည်။
"ဒါတင်မကသေးဘူး" သူက တစ်ယောက်တည်းရေရွတ်နေ၏။ " ငါ့မှာ ပြီးပြည့်စုံတဲ့အခြေရှိတာကြောင့် အခုပိုပြီးအစွမ်းထက်နေပေမယ့် ကောင်းကင်နဲ့မြေကြိီးကနေ ဖြတ်တောက်ခံထားရတယ်။ စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူဖို့ နည်းလမ်းမရှိဘူး...... ဆေးလုံးတွေစားမှပဲ ရတော့မှာ။ ငါ အဲ့လို ထာဝရလုပ်သွားလို့မှ မဖြစ်ပဲ...." သို့သော် သူသည် ထို့အတွက် ပြင်ဆင်ခဲ့ပြီးလေပြီ။ ဒုတိယအခွင့်အရေးပေးလျှင်လည်း ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံးကိုသာ သေချာပေါက် ရွေးချယ်ဦးမည်ဖြစ်သည်။
"တစ်ခုခုရရင်၊ တစ်ခုခုတော့ ဆုံးရှူံးရမှာပဲ။ မျှတပါတယ်" မန်ဟိုက ခေါင်းမော့လိုက်သည်။ သူသည် စကြဝဠာအိတ်ကိုပုတ်ရင်း သွေးရောင်မျက်နှာဖုံးကို ထုတ်လိုက်သည်။ နွေးထွေးသောခံစားချက်တစ်ခု သူ့နှလုံးသားထဲ ပြည့်နှက်သွား၏။
"အခုလက်ရှိ ဒီလိုဖြစ်နေပေမယ့် အနည်းဆုံးတော့ သွေးအင်မိုတယ်အမွေအနှစ်ကို ရခဲ့သေးတာပဲ။ အခု သွေးခွေးကြီး နိုးလာတာစောင့်ဖို့ပဲ ကျန်တော့တယ်။ ပြီးရင် အဆင်ပြေပြီ" သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပနေတော့သည်။ သူက သွေးရောင်မျက်နှာဖုံးအတွင်းသို့ စိတ်ဝိညာဥ်အာရုံစေလွှတ်လိုက်ရာ အိပ်စက်နေသောသွေးခွေးကြီး၏ပုံစံကို အာရုံရလိုက်သည်။ ၄င်း မည်သည့်အချိန်နိုးလာမည်လဲ သူမသိသော်လည်း ၄င်းထံမှ ထုတ်လွှတ်နေသည့် အားကောင်းသထက် အားကောင်းလာသော ဖိအားကြီးတစ်ခုကို အာရုံရလေသည်။
"ပြီးတော့ ဒီအလံ" မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူ၏စိတ်ဝိညာဥ်အာရုံသည် ပျက်စီးစုတ်ပြတ်နေသော တံခွန်သုံးခုနှင့် အလံအပေါ် ကျရောက်သွားသည်။ သူ၏စိတ်ဝိညာဥ်အာရုံအထဲဝင်သွားသည့်အခါ ၄င်းမှာ ပင်လယ်တစ်စင်းကဲ့သို့ဖြစ်ကြောင်းသာ တွေ့လိုက်ရ၏။ ၄င်းနှင့်ယှဥ်လျှင် မန်ဟို၏ စိတ်ဝိညာဥ်အာရုံမှာ အလွန့်အလွန်သေးငယ်သည်။ ၄င်းနှင့်ပတ်သက်၍ သူ ဘယ်နည်းနှင့်မှ ဘာမှမလုပ်နိုင်ပေ။
သို့သော် သူသည် ၄င်းအတွင်း၌ ကောင်းကင်ဘုံ၏ အင်အားကဲ့သို့ မယုံနိုင်ဖွယ်အင်အားကြီးတစ်ခုကို အာရုံခံလိုက်နိုင်သေးသည်။ ၄င်းသည် ကောင်းကင်နှင့်မြေကြီးအား ဖျက်စီးပစ်ရန် လုံလောက်သည်အထိ အင်အားကြီးပုံရသည်။
"ငါ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်သေးဘူး....ဒီရတနာက တော်တော်လေးပျက်စီးနေပမယ့် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေမှာ ရှိနေသေးတာဆိုတော့ တော်တော်တန်ဖိုးကြီးမှာပဲ။ ငါ့ကျင့်ကြံခြင်းအခြေခံ အားကောင်းသင့်သလောက် အားကောင်းရင် ဒါကို သုံးပြီးတော့ မိုးကောင်းကင်ကိုလှုပ်ရမ်းပစ်နိုင်တဲ့အထိ အစွမ်းထက်သွားမှာ သေချာတယ်" သူက မျှော်လင့်ချက်များဖြင့် ရင်တလှပ်လှပ်ဖြစ်လျက် သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူလိုက်သည်။ ထိုအချိန် တတိယတံခွန်အပေါ် ရေးထိုးထားသော စာလုံးကို သူမြင်လိုက်၏။
"ဘာလို့ ကျီဆိုတဲ့ စာလုံးရှိနေတာလဲ။ မျိုးရိုးနာမည်တစ်ခုလား" သူက အတန်ငယ်တွေးနေပြီးနောက် သွေးအင်မိုတယ်အမွေအနှစ်စာလိပ်အပေါ် အာရုံစိုက်လိုက်သည်။ ၄င်းကို ကြည့်လိုက်သည့်အခိုက်အတန့်မှာပင် သူ့ဦးခေါင်း နှစ်ခြမ်းကွဲတော့မည့်အလား ခံစားလိုက်ရ၏။
သာမန်လူတစ်ယောက်အတွက် ဤနာကျင်မှုမှာ ပြင်းထန်ပြီး သည်းခံရန် ခက်ခဲပေမည်။ သို့သော် မန်ဟို့အတွက်တော့ အဆိပ်တက်ချ်ိန်ခံစားရသည့် မချိတင်ကဲဝေဒနာကို ဘယ်အရာမှမယှဥ်နိုင်ချေ။ သူ၏အမူအရာမှာ ရိပ်ခနဲဖြစ်သွားသော်လည်း သူ့ခေါင်းထဲက တဆစ်ဆစ် နာကျင်မှုကို အာရုံစိုက်လိုက်စဥ် အထူးကျင့်စဥ်တစ်ခုကို မြင်လိုက်ရ၏။
"စိတ်ဝိညာဥ် ဝါးမြိုခြင်း ကျမ်း" သွေးစာလုံးသုံးလုံး သူ့အရှေ့တွင်ပေါ်လာပြီး ၄င်းတို့က သူ့ခေါင်းထဲတွင် ထာဝရဖျောက်ဖျက်၍မရအောင် တံဆိပ်ခတ်လိုက်သဖြင့် မန်ဟို ရင်တဒိန်းဒိန်းခုန်သွား၏။
၄င်းသည် ရှေးဆန်သောအသံကြီးတစ်သံဖြင့် ပြည့်နှက်လာရာ မန်ဟိုခေါင်းမှာ စတင်တုန်ခါလာတော့သည်။ အသံက ယောကျ်ားသံလော၊ မိန်းမသံလော ပြောရန်ခက်သည်။ " ငါရဲ့ကျမ်းအတိုင်း မင်းကျင့်ကြံရင် ဝိညာဥ်နဲ့သွေးကို ထိန်းချုပ်နိုင်ပြီး မင်းခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်စေနိုင်တယ်။ သူတို့ကို သွေးကိုယ်၊ သွေးစိတ်ဝိညာဥ်၊ သွေးအင်မ်ိုတယ်၊ သွေးတာအိုအဖြစ် သန့်စင်ပါ
"ကောင်းကင်နဲ့မြေကြီးမှာ ပညာရပ်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ ငါ့အမွေအနှစ်ရဲ့သွေးမျိုးဆက်က စွမ်းအားကြီးမားတဲ့ ပထမဆုံးတည်ထောင်သူကနေ အခြေခံတယ်။ သွေးဆက်မှာ သူ့ရဲ့ စိတ်ဆန္ဒပါဝင်ပြီး မျိုးဆက်တစ်သောင်းဆီ လွှဲပြောင်းနိုင််တယ်။ သွေးဆက်က ဆက်ခံသူမျိုးဆက်အတွင်းမှာ နိုးထလာရင် သူတို့မှာ ပင်ကိုယ်ပါရမီတွေ ပိုင်ဆိုင်ကြလိမ့်မယ်
"ငါ့ရဲ့ပညာရပ်ကို ပင်ကိုယ်ပါရမီတွေ ပေါ်ထွက်လာပြီး တည်ထောင်သူရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ဆန္ဒကို အာရုံခံဖို့အတွက် အသုံးပြုနိုင်တယ်။ ခန္ဓာကိုယ်ကို သန့်စင်၊ ပင််ကိုယ်ပါရမီတွေကို မင်းအပိုင်ဖြစ်အောင်လုပ်။ တချို့က အင်မ်ိုတယ်တွေ၊ နတ်ဆိုးမိစ္ဆာတွေကို သတ်ဖို့ တည်ထောင်သူရဲ့ သရဲဝိညာဥ်ကို ကမ္ဘာထဲ ပြန်ခေါ်ဆောင်ဖို့တောင် ကြိုးစားခဲ့ကြတယ်
" ငါ့အမွေအနှစ်ရဲ့ပညာရပ်အတိုင်း ကျင့်ကြံခြင်းကို အားထုတ်တာဟာ မိုးကောင်းကင်ကို စော်ကားခြင်းတစ်ခုပဲ။ ဒါပေမယ့် သရဲတစ္ဆေတွေ ၊ ဝိညာဥ်တွေကို မကြောက်နဲ့။ မိုးကောင်းကင်ကို လက်တစ်ဖက်နဲ့ ပြောင်းပြန်လှန်ပြီး ကောင်းကင်နဲ့မြေကြီး ဝမ်းနည်းပူဆွေးအောင် မင်းခေါင်းကိုငုံ့ပါ" တဖြေးဖြေးနှင့် ကျမ်းတစ်ကျမ်းသည် မန်ဟို၏စိတ်ထဲ တံဆိပ်ခတ်နှိပ်ခံနေရ၏။ ထို့နောက် မျက်နှာဖုံးနှင့်ပတ်သက်သော အချက်အလက်ကုဋေကုဋာ သူ့ခေါင်းထဲ စီးဝင်လာတော့သည်။
"ငါက သွေးအင်မိုတယ်။ ငါ့တစ်ဘဝလုံးကို မိုးကောင်းကင်နဲ့တိုက်ခိုက်ရင်း ကုန်ဆုံးခဲ့တယ်။ ငါ သုံးကြိမ်သုံးခါပဲ ရှုံးနိမ့်ခဲ့ဖူးတယ်။ ငါ ကောင်းကင်နဲ့မြေကြီးကဝိညာဥ်တွေကို ဖယ်ရှားခဲ့တယ်။ ကျီသွေးမျိုးဆက်ကို သုတ်သင်လိုတဲ့စိတ်ကြောင့် မိုးကောင်းကင်က အမျက်ရှပြီး ငါ့ပျက်စီးသွားစေဖို့ တောင့်တခဲ့တယ်။ ငါ့ခန္ဓာကိုယ်ကို ဖျက်စီးပစ်နိုင်ပေမယ့် ငါ့စိတ်ဆန္ဒကိုတော့ ဘယ်တော့မှ မဖျက်စီးနိုင်စေရဘူး
"ငါ့တာအိုအမွေအနှစ်ရဲ့ ဆက်ခံသူမျိုးဆက်တွေ၊ မင်းတို့ ကျီမျိုးဆက်ကို သုတ်သင်ရမယ်ဆိုတာ မမေ့နဲ့။ ကောင်းကင်တာအို ငိုကြွေးမြည်တမ်းပြီး ပထဝီမြေကြီး ဝမ်းနည်းပူးဆွေးအောင် လုပ်။ သွေးအင်မ်ိုတယ်ရဲ့ပညာရပ်တွေဖြစ်တဲ့ သတ်ဖြတ်ခြင်းမှော်ပညာကိုးရပ်က်ို သတိရပါ
"သတိရပါ၊ မင်းရဲ့တာအို အောင်မြင်တဲ့နေ့ရက်မှာ ငါ့မျက်နှာဖုံးကို တပ်။ တံခွန်သုံးခုအလံကို လွှင့်ထူ။ ဘိုးဘေးတွေကို အာခံပြီး မ်ိုးကောင်းကင်ကို ဖျက်စီးပါ
" မျက်နှာတစ်ချက်မထောက်၊ စကားတစ်ခွန်းမဆို၊ စစ်ပွဲမီးတောက် ပေါင်းစည်း
"ကွဲကွာနေတဲ့တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့်ပင်လယ်တွေ
"နတ်ဘုရားတွေဖမ်းဆီး။ စစ်သားတွေချီတက်၊ မီးတောက်တွေ မျှော်စင်တွေကို ဝါးမြို
"ဝိညာဥ်နဲ့သွေးဆက်အားလုံးကို အသတ်အဖြတ်စွမ်းအား ၇ ရပ်အဖြစ် ပုံသွင်း"
မန်ဟို့ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူက မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် ကျယ်ပြောသောကွင်းပြင်တစ်ခုနှင့် တောင်ကတုံးများအပေါ်တွင် ပျံသန်းနေဆဲဖြစ်သည်။ သူ၏မျက်လုံးများ ဆက်လက်ဝေဝါးနေပြီး သူ့စိတ်မှာ ရှေးဆန်သောအသံကြီးဖြင့် ပဲ့တင်ထပ်လျက်ရှိသည်။
"သွေးမျိုးဆက်တွေကို သုတ်သင်ပြီး အောင်မြင်မှုကို ရယူ။ သွေးမျိုးဆက်ရဲ့ ခွန်အားက တည်ထောင်သူရဲ့ဂုဏ်သရေပေါ် မူတည်တယ်...လုယူထားတဲ့သွေးဆက်ရဲ့ ပင်ကိုယ်ပါရမီက.... သွေးကိုယ်တစ်ကိုယ်အဖြစ် သန့်စင်လို့ရတယ်.....ခန္ဓာကိုယ်အပြင်ပိုင်းမှာ သန့်စင်ထားတဲ့ ကိုယ်တစ်ကိုယ်......
"ဘယ်သူမှ သွေးဆက်တစ်ဆက်လုံးရဲ့ စွမ်းအားကို မကိုင်ဆောင်နိုင်ဘူး။ အသေးစား သွေးကိုယ်ပွားတစ်ကိုယ်လေး သန့်စင်ဖို့အတွက် မျိုးဆက်သုံးဆက်ရဲ့သွေး လိုအပ်တယ်။ သွေးဆက် ခြောက်ဆက် စုစည်းသွားရင်တော့ အံ့ဖွယ်သွေးစိတ်ဝိညာဥ် ရရှိသွားလိမ့်မယ်။ သွေးမျိုးဆက် ကိုးဆက်ဆိုရင် သွေးစိတ်ဝိညာဥ်ရဲ့ မဟာစက်ဝန်း အောင်မြင်လိမ့်မယ်
"ဘိုးဘေးတွေက သွေးဆက်တစ်ဆက်ရဲ့ခွန်အားရဲ့ အဆုံးအဖြတ်ပဲ။ အရင်မျိုးဆက်တွေ သန်မာလေလေ သွေးစိတ်ဝိညာဥ် အားကောင်းလေလေပဲ
"ဒါကြောင့် အဲ့တာက သေခြင်းဖြစ်လာတယ်။ သွေးဆက်ကိုးဆက်၊ ပညာရှင်ကိုးဦး။ သူတို့က သေခြင်းကိုးရပ်ဖြစ်လာပြီး သေခြင်းကိုးရပ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတယ်။ ဒါကတော့.....သွေးတာအိုပဲ" မန်ဟို အာခေါင်ခြောက်ကပ်နေပြီး မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရသည်။ ယခုလောလောဆယ်တွင် သူပျံမနေတော့ပေ။ သူသည် အနီးနားရှိ တောင်ကတုံးတစ်လုံးအပေါ် ဆင်းသက်ခဲ့ပြီး ယခုတွင် သူ့ခေါင်းထဲ တုန်ခါနေသော စိတ်ဝိညာဥ်ဝါးမ်ြိုခြင်းကျမ်းကို ခံစားရင်း တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
ဤသည်က ပြည်စုံသောကျမ်းစဥ်၊ စစ်မှန်သော အမွေအနှစ်ဖြစ်သည်။ သို့သော် အမွေအနှစ်အတွင်းရှိ တစ်စုံတခုက မန်ဟိုကို သွေးအနံ့အသက်များ လှိုင်လှိုင်ထွက်နေစေ၏။ သူသည် အချိိန်အတော်ကြာ ထိုင်စဥ်းစားနေပြိီးနောက် မျက်လုံးများ စတင်တောက်ပလာတော့သည်။
" မျက်နှာတစ်ချက်မထောက်၊ စကားတစ်ခွန်းမဆို၊ စစ်ပွဲမီးတောက် ပေါင်းစည်း
"ကွဲကွာနေတဲ့တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့်ပင်လယ်တွေ
"နတ်ဘုရားတွေဖမ်းဆီး။ စစ်သားတွေချီတက်၊ မီးတောက်တွေ မျှော်စင်တွေကို ဝါးမြို
"ဝိညာဥ်နဲ့သွေးဆက်အားလုံးကို အသတ်အဖြတ်စွမ်းအား ၇ ရပ်အဖြစ် ပုံသွင်း"
"အထဲမှာ မှော်ပညာလေးရပ်ရှိတယ်...." မန်ဟိုက တခဏကြာစဥ်းစားပြိီးနောက် သူ့လက်ထဲရှိ မျက်နှာဖုံးကို ငုံကြည့်လိုက်သည်။ ဤမျက်နှာဖုံးမှာ မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်မရှိ ပြောင်ချောကြီးဖြစ်သည်။ သူ ၄င်းကို ကြည့်နေစဥ် သူ့လက်သည် နွေးထွေးလာပြီး သူ့မျက်လုံးများ တောက်ပလာ၏။ သူက မျက်နှာဖုံးကို သူ့အပေါ်ကပ်တော့မည့်အလား ထင်ရသည်။
မျက်နှာဖုံး သူ့မျက်နှာနှင့်နီးကပ်လာစဥ် ၄င်းသည် ပို၍နွေးထွေးလာပြီး လူးလွန့်လာ၏။ ၄င်းထံမှ သွေးချီတစ်ခု ထွက်ပေါ်လာသည်။ မန်ဟို ၄င်းကို သူ့မျက်နှာအပေါ် ကပ်တော့မည့်အချိန်မှာပင် သူ၏သိုလှောင်အိတ်ထဲက ကြေးမုံထံမှ ရုတ်တရက် ငှက်အော်သံကဲ့ ခပ်စူးစူး အသံတစ်သံထွက်လာသည်။
ငှက်အော်သံက မန်ဟို့စိတ်ထဲ ဝင်ရောက်လာပြီး သူ့မှာ ဒိန်းခနဲရင်တုန်သွား၏။ သူ့မျက်လုံးထဲက အလင်းသည် ရုတ်တရက် ပြတ်သားသွားပြီး သူက မျက်နှာဖုံးကို ချက်ချင်းပြန်ချလိုက်သည်။ သူ၏မျက်လုံးများ တင်းမာခက်ထန်သွား၏။
"ခင်ဗျား သေချင်နေတာလား ။ မလောက်လေးစား ဝိညာဥ်လေး"
***