မိုးကြိုးသစ်ရွက်
Vol. 10 Ch. 139
အနက်ရောင်ဝတ်ရုံနှင့်လူငယ်က စကားပြောပြီးသည်နှင့် ထရပ်သည်။ သူက ရှေ့တည့်တည့်သို့လျှောက်လာပြီး မန်ဟို့စားပွဲအရှေ့၌ ရပ်သည်။ သူက သူ့ကိုအေးစက်စွာ တခဏစိုက်ကြည့်ပြီးနောက် ထိုင်လိုက်သည်။
မန်ဟိုက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လူငယ်ကို ကြည့်သည်။ သူက ဘာမှမပြောဘဲ ခွက်ကိုမြှောက်ပြီး နောက်တစ်ကျိုက်မော့လိုက်သည်။
"မင်းမှာ မိုးကြိုးသစ်ရွက်ရှိတယ်" အနက်ရောင်ဝတ်ရုံနှင့်လူငယ်က မန်ဟို့ကို ကြည့်ရင်း ပြောသည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ဝါးပေါ်တွင် သံပြားတစ်ပြားပေါ်လာ၏။ ၄င်းက တဖျပ်ဖျပ်လက်နေပြီး စိမ်းပုပ်ရောင်အလင်းကို ထုတ်လွှတ်နေသည်။
"ဒါက သာမန်သံအမျိုးအစား မဟုတ်ဘူး" သူက မာနခေါက်ခိုက်နေလျက် အေးစက်စွာ ဆက်ပြောသည်။ " ဒါက သစ်ပင်တစ်ပင် မိုးကြိုးပစ်ခံရတဲ့အချိန် မွေးဖွားလာတဲ့ သစ်သား-သံ ရတနာပဲ။ အထူးသဖြင့် မိုးကြိုးသစ်ရွက်လိိုမျိုး မိုးကြိုးပေါ်အခြေခံတဲ့ပစ္စည်းတွေကို တုံ့ပြန်အားကောင်းတယ်။ ဒီတော့ မင်း မိုးကြိုးသစ်ရွက်နဲ့ လဲချင်လား" သူက သံပြားကို စားပွဲတင်လိုက်သည်။ လှုပ်ရှားမှုက ပုံမှန်ဖြစ်ပုံပေါ်သော်လည်း သူ၏လက်ရွေ့လျားသွားစဥ် လက်ဖဝါးမှ အလင်းရောင်ထွက်ပေါ်လာပြီး လျှပ်စီးစက်ကွင်းတစ်ခုအသွင်ပြောင်းကာ ပြန့်ကားလာသည်။
လူငယ်သည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်သည်။ လျှပ်စီးစက်ကွင်း ကျယ်ပြန့်လာစဥ် သူ၏ကျင့်ကြံခြင်းအခြေခံသည် မန်ဟိုအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
သူ့ထံမှ အသတ်အဖြတ်စိတ်ဆန္ဒများ တဖြေးဖြေးဆူပွက်လာသည်။ မန်ဟို "မလဲဘူး" ဟု ငြင်းပယ်ရုံနှင့် လူငယ်က တိုက်ခိုက်မည်ဖြစ်သည်။ သူ၏မျက်လုံးများသည် အေးစက်မှုများဖြင့် တောက်ပနေသည်။
"ထွက်သွား" မန်ဟိုက သေရည်တစ်ငုံသောက်ရင်း မထူးခြားသလို ပြောသည်။
သူ ဤသို့ပြောလိုက်သည့်အခိုက်အတန့်၊ အနက်ရောင်ဝတ်ရုံနှင့်လူငယ် မျက်မှောင်ကြုတ်သွားသည်။
"ငါ အနက်ရောင်နယ်မြေတွေကနေ ထွက်မလာတာ နှစ်တော်တော်ကြာခဲ့ပြီ။ ကြည့်ရတာ အပြင်ကလူတွေ တကယ်မောက်မာလာပုံပဲ" သူက ညာဘက်ကို ဖြေးညှင်းစွာ မြှောက်လိုက်စဥ် သူ့နှုတ်ခမ်းထောင့်စွန်းသည် သွေးအေးသောအပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ မန်ဟိုက ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်၏။
မန်ဟို နှင့် လူငယ် အကြည့်ချင်းဆုံသွားသောအခါ လူငယ်၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီသွားသည်။ အပေါ်မြှောက်နေခဲ့သော လက်မှာ ချက်ချင်း ရပ်တန့်သွားသည်။ သူ့မှာ ဆက်၍မမြှောက်ရဲတော့ပေ။ ရင်ခုန်သံတို့လည်း တဒိန်းဒိန်း မြန်ဆန်လာ၏။ မန်ဟို၏မျက်လုံးနှစ်ဖက်ကား သူ့ကို ဖောက်ထွင်းသွားသော ဓားချွန်ချွန်နှစ်လက်အလားပင်။ သူ့နှလုံးသားသည် ဝုန်းဒိုင်းကြဲနေပြီး သူ့ခေါင်းမှာ ထစ်ခြုန်းနေချေသည်။ သူ၏စိတ်ဝိညာဥ်အာရုံမှ မတည်မငြိမ်ဖြစ်လာပုံရပြီး အေးခဲချီတစ်ခုသည် သူတစ်ကိုယ်လုံးကို ချွေးအေးများဖြင့် ဖုံးလွှမ်းသွားစေရင်း သူ့ကိုယ်တွင်း၌ ကြီးထွားလာပုံပေါ်သည်။
သူ့မျက်လုံးများထဲမှ မည်သည့်အသတ်အဖြတ်စိတ်ဆန္ဒကိုမှ ထုတ်လွှတ်မနေတော့ပေ။ ထိုအစား အံ့သြတုန်လှုပ်ခြင်းများ အစားထိုးဝင်ရောက်လာသည်။ မန်ဟို ထုတ်လွှတ်နေသည့်ဖိအားက အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ ခန္ဓာကိုယ်ကို ချက်ချင်းတောင့်တင်းလာစေလေသည်။
ဤအရာအားလုံးကား မန်ဟို၏အကြည့်တစ်ချက်တည်းနှင့် ဖြစ်လာခြင်းပင်။ လူငယ်သည် မင်ချင်းပြည်နယ်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ အနက်ရောင်နယ်မြေများမှ လူရိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့အတွက် သွေးချောင်းစီး သေခြင်းရှင်ခြင်းတိုက်ပွဲများမှာ ရိုးနေပြီဖြစ်၍ သေရေးရှင်ရေးကိစ္စများနှင့်ပတ်သက်လျှင် ဝမ်းတွင်းအသိတစ်မျိုးရှိလေသည်။ ဤအခိုက်အတန့်တွင် သူသည် သူ့အရှေ့က ပုဂ္ဂိုလ်မှာ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ သူ့ကို အကောင်လိုက်မြိုချနိုင်သည့် စိတ်ဝိညာဥ်ရိုင်းတစ်မျိုးဖြစ်သည်ဟူ၍ ခံစားချက်ပြင်းထန်နေသည်။
အေးခဲချီမှာ ဆတိုးလာပြီး သူ့နဖူးမှ ချွေးအေးများ တပေါက်ပေါက် ကျနေတော့သည်။ သူ့မှာ ရင်ခုန်သံတို့ မြန်ဆန်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခြင်းခံနေရသည်ကိုပင် ခံစားနေရသည်။ သူမှာ မျက်စိမျက်နှာပျက်လာပြီး လှုပ်ပင်မလှုပ်ရဲပေ။
တစ်ချိန်လုံး မန်ဟိုသည် ပကတိတည်ငြိမ်အေးဆေးလျက်ရှိ၏။ သူ့အရှေ့က ပုဂ္ဂိုလ်မှ အသတ်အဖြတ်အရှိန်အဝါထုတ်လွှတ်ခဲ့ပြီး ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်သည့်တိုင် သူ့အတွက် ထိုလူ့ကို သတ်ရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။ မန်ဟိုက သေရည်ခွက်ကို ချလိုက်သည်။ သူက အနက်ရောင်ဝတ်ရုံနှင့် လူငယ်ကို နောက်ဆုံး တစ်ချက်ကြည့်ပြီး ထရပ်ကာ အင်္ကျီလက်စကို ခါ၍ စားသောက်ဆိုင်မှ ထွက်သွားတော့သည်။
သူထွက်သွားစဥ် အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏မျက်လုံးများ ရုတ်တရက် ဖျတ်ခနဲလက်သွားသည်။ သူက ထိတ်လန့်မှုများဖြင့် ရင်တလှပ်လှပ်ဖြစ်နေရင်း တရွေ့ရွေ့ထွက်ခွာသွားသော မန်ဟို၏ပုံရိပ်ကို လှည့်ကြည့်လိုက်သည်။ စောစောက သူ့မှာ အလုံးစုံဖိနှိပ်ခံခဲ့ရလေသည်။ တိုက်ပွဲမှော်ပညာဖြင့် ထိုသို့ပြုလုပ်ခဲ့ခြင်းမဟုတ်၊ စိတ်ဝိညာဥ်အာရုံသက်သက်သာ ဖြစ်သည်။
"ဒီလူ့မှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံမျိုးတကယ်ရှိတာလဲ" အနက်ရောင်ဝတ်ရုံနှင့်လူငယ်က မျက်နှာရိပ်ခနဲဖြစ်သွားရင်း တွေးနေမိသည်။ "ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ပုံပေါ်ပေမယ့် သူ့ရဲ့စိတ်ဝိညာဥ်အာရုံကတော့ ငါ့ထက် အများကြီးသာတယ်.....ငါ ဘာအသတ်အဖြတ်စိတ်ဆန္ဒမှ အာရုံမရခဲ့ပေမယ့် သူငါ့ကိုကြည့်လိုက်တာနဲ့ ငါ့စိတ်အာရုံ တုန်ရီသွားရတယ်" မန်ဟို အဝေးသို့ တစတစဝင်ရောက်ပျောက်ကွယ်သွားစဥ် သူက ရုတ်တရက်ထရပ်ပြီး သူ့နောက်လိုက်သွားသည်။
"တာအိုရောင်ရင်း၊ ကျေးဇူးပြုပြီးစောင့်ပါဦး" သူက လှမ်းအော်သည်။ " ကျုပ်က လုတောက်ပါ။ ကျေးဇူးပြုပြီး တာအိုရောင်ရင်း၊ ကျုပ်ပြောတာနားထောင်ပါဦး" သူက မန်ဟို့အနားသို့ ကတိုက်ကရိုက်ပြေးသွား၏။ သူ၏သဘောထားသည် ယခင်နှင့် လုံးဝကွဲပြားသွားလေပြီ။
"ကျုပ် မိုးကြိုးသစ်ရွက်ကို ဝယ်ချင်ပါတယ်" လုတောက်က မန်ဟို့အနားကပ်ပြီး ဖော်ဖော်ရွေရွေပြောသည်။ " ခင်ဗျားသာ အဲ့တာကို လက်လွှတ်ပေးမယ်ဆိုရင် တာအိုရောင်ရင်း၊ ကျုပ် တကယ် အတိုင်းမသိ ဝမ်းသာမိမှာပါ။ ခင်ဗျား လိုချင်တာမှန်သမျှ ကျုပ်မှာရှိနေသရွေ့ ပေးဖို့အသင့်ပါပဲ။ စကားပြောကြရအောင်လေဗျာ" မန်ဟို ထုတ်လွှတ်နေသော ဖိအားမှာ စဥ်းစားစရာဖြစ်သော်လည်း လုတောက်အတွက် မိုးကြိုးသစ်ရွက်မှာ အလွန်အရေးကြီးသဖြင့် သူ့မှာရွေးချယ်စရာမရှိပေ။
မန်ဟိုက မျက်မှောင်ကြုတ်ပြီး လုတောက်ကို လျစ်လျူရှုကာ ရှေ့ဆက်သွားသည်။
"တာအိုရောင်ရင်း၊ ကျုပ်တောင်းးဆိုပါတယ်။ ဝိညာဥ်ကျောက်တုံး၊ မှော်ပစ္စည်း၊ ဆေးလုံးဘယ်လောက်ဖြစ်ဖြစ် ကျုပ် ညှိနှိုင်းပေးပါ့မယ်။ ခင်ဗျားလိုချင်တာ ကျုပ်မှာမရှိရင် လဲလှယ်ဖို့အတွက် ကျုပ်အဲ့တာကို ရယူဖို့ နည်းလမ်းရှာနိုင်ပါတယ်" သူက မန်ဟို အတော်လေး ချောင်ကျသောနေရာထံ ဆက်လျှောက်သွားသည်ကို ကြည့်နေ၏။ ဤအခြင်းအရာက သူ့ကို အတန်ငယ်စိုးရိမ်သွားစေသည်။ သူ့မှာ စစချင်း ခြေလှမ်းမှားခဲ့မိကြောင်းသိ၍ မန်ဟို သူ့ကို ရုတ်တရက် တိုက်ခိုက်မည်စိုးလေရာ ဘာမှဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။
"တာအိုရောင်ရင်း..... ခင်ဗျား ဒီကို ချင်းလော်ဂိုဏ်းရဲ့ မြေဆေးလုံးအတွက် ရောက်နေတာလား" သူက ပြတ်ပြတ်သားသားမေးသည်။ "ဒီနေ့ခတ်မှာ အဲ့ဆေးလုံးတွေရဖို့ မလွယ်တော့ပေမယ့် အန္တရာယ်ကင်းကင်း ထွက်သွားတာက တစ်ပိုင်းလေ။ တာအိုရောင်ရင်း၊ ခင်ဗျားရတနာနဲ့ပတ်သက်ပြီး အရောင်းအဝယ်စကားလေးဘာလေး ပြောချင်ရင် ကျုပ် ခင်ဗျားကို ချင်းလော်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက််ဆီ ညွှန်းပေးနိုင်တယ်။ ဒီဂိုဏ်းသားမှာ အပြင်လူတွေ ဘယ်တော့မှမသိနိုင်တဲ့ ချင်းလော်ဂိုဏ်းရဲ့သတင်းအချက်အလက်တွေရှိတယ်။ ဒါဆို သေချာပေါက် ခင်ဗျား မြေဆေးလုံးနဲ့ အန္တရာယ်ကင်းကင်းထွက်သွားနိုင်ဖို့ အခွင့်အရေးပိုများလိမ့်မယ်" လုတောက် စကားပြောနေစဥ် မန်ဟိုက ဆက်သာလျှောက်နေသည်။ သူတို့သည် ယခုတွင် အစွန်အဖျားကျသော တောင်ကြားတစ်ခုကို ရောက်နေကြလေပြီ။
"တာအိုရောင်ရင်း၊ ဆရာကြီး" လုတောက်က အားတင်းပြုံးရင်း ပြောသည်။ "ကျုပ် တကယ် မိုးကြိုးသစ်ရွက်ကို လိုချင်ပါတယ်။ ကျုပ်အတွက် အရမ်းအရေးကြီးလို့ပါ။ ခင်ဗျား အဲ့တာအတွက် လဲချင်တာ တစ်ခုခုများ ရှိသလားဗျာ" သူခြေလှမ်းများအတန်ငယ် နှေးကွေးသွားသည်။
မန်ဟိုက ရုတ်တရက် ရပ်ပြီး လုတောက်ကို လှည့်ကြည့်သည်။ သူ၏အမူအရာကား ဝမ်းသာနေခြင်းမရှိသလို၊ ဒေါသထွက်နေခြင်းလည်းမရှိ။
"မင်းရဲ့ သစ်သား- သံ ရတနာကို ထုတ်၊ ကြည့်ရအောင်" မန်ဟိုက အေးစက်စွာ ပြောသည်။ သူ၏မျက်လုံးများသည် တဖျပ်ဖျပ်လက်နေလျက်ရှိ၏။
လုတောက် မန်ဟိုလှည့်လာသည်ကိုမြင်သောအခါ ရုတ်တရက် လန့်သွား၏။ သူက စကားတစ်ခွန်းမှ မပြောဘဲ သစ်သား-သံရတနာကို ထုတ်ကာ မန်ဟို့ထံ ကမ်းပေးလိုက်သည်။ မန်ဟိုက သူ့ထံပျံလာသော သံပြားကို ဖမ်းယူပြီး စိတ်ဝိညာဥ်အာရုံတချို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် သူ့စကြဝဠာအိတ်ထဲရှိ မိုးကြိုးသစ်ရွက်ကို အာရုံရလိုက်လေသည်။ ၄င်းက သံပြားစုပ်ယူနေသော မိုးကြိုးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
"လိမ်ပြောနေတာ မဟုတ်ဘူးပဲ" မန်ဟို တွေးလိုက်မိသည်။ "ဒါပေမယ့် ဒီကိစ္စတစ်ရပ်လုံးက တိုက်ဆိုင်နေလွန်းတယ်" မိုးကြိုးသစ်ရွက်ကြောင့် လုတောက် သူ့ကို ခြေရာခံနိုင်ခဲ့ကြောင်း သူသိလိုက်လေသည်။ သို့သော် သူ၏ သတိရှိသော စရိုက်ကြောင့် သံသယတချို့ရှိနေဆဲပင်။
"ငါ့မှာ မိုးကြိုးသစ်ရွက် ရှိတာ ဟုတ်တယ်။ မင်း လဲချင်ရင် ဒါနဲ့ဘာလုပ်မှာလဲဆိုတာ ငါ့ကို သေသေချာချာ ရှင်းပြဖို့လိုတယ်" သူက ညာလက်ကိုဝှေ့ယမ်းပြီး လုတောင်ထံ သစ်သား-သံရတနာကို ပစ်ပေးလိုက်သည်။
မိုးကြိုးသစ်ရွက်မှာ မှီခိုရာဂိုဏ်းချုပ်ထံမှ မန်ဟိုရရှိခဲ့သော အရာတစ်ခုဖြစ်သည်။ တကယ်တမ်း သစ်ရွက်တစ်ရွက်တည်းမဟုတ်၊ တစ်ပင်လုံးရရှိခဲ့ခြင်းပင်။ ၄င်းကို မှီခိုရာဂိုဏ်းချုပ်၏ တားမြစ်မန္တန်တစ်ခုဖြင့် ကာကွယ်ထားလေသည်။ သို့သော် ၄င်း၏အသုံးဝင်ပုံ ဂဃနဏကို မန်ဟိုမသိပေ။ သူသိသမျှမှာ လျှပ်စီးအလံကိုအသုံးပြု၍ မိုးကြိုးသစ်ရွက်များကို လွှမ်းခြုံကာကွယ်နိုင်သည့်အကြောင်းသာ ဖြစ်သည်။
"အင်း......" လုတောက်က ဒေါသထွက်သွားသော အရိပ်အယောင်ဖြင့် မန်ဟို့ကို ကြည့်ပြီး တခဏတုံ့ဆိုင်းနေသည်။ နောက်ဆုံးတွင် သူက အံတင်းတင်းကြိတ်ပြီး ဆက်ပြောသည်။ "ဆရာကြီး၊ ကျုပ်မှာ မိုးကြိုးဆွယ်တောင်ဆီက ကျောက်ကနေ သန့်စင်မွမ်းမံထားတဲ့ သက်စောင့်မှော်ပညာတစ်ရပ်ရှိတယ်။ အဲ့ဒီမှော်ပညာရဲ့စွမ်းအားအပြည့်ထုတ်လွှတ်နိုင်ဖို့အတွက် ကျုပ် လွန်ခဲ့တဲ့နှစ်အနည်းငယ်က မိုးကြိုးဓာတ်ပစ္စည်းအမျိုးမျိုးကို နေရာအနှံရှာဖွေခဲ့တယ်။ ဒါပေမယ့် ဘယ်ပစ္စည်းကမှ မိုးကြိုးသစ်ရွက်ကို မယှဥ်နိုင်ဘူး။ မိုးကြိုးသစ်ရွက်ကလဲ အရမ်းရှားလွန်းတာကြောင့် ကျုပ် ခင်ဗျားသစ်ရွက်ကို အာရုံရလိုက်တုံးက စိတ်အားထက်သန်သွားပြီး မရည်ရွယ်ဘဲ ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မိတာပါ" သူ့စကားများအား ယုံကြည်စေရန်အတွက် သူသည် ဝမ်းခေါင်းအတွင်းကျဆုံးနေရာအပေါ် ဖိချလိုက်သည်။ သူ့ပါးစပ်မှ လျှပ်စီးကြောင်းတစ်ကြောင်းထွက်လာပြီးနောက် လက်သီးဆုပ်အရွယ်ကျောက်တုံးတစ်တုံး အသွင်ပြောင်းသွား၏။ ကျောက်တုံးသည် အနက်ရောင်ဖြစ်ပြီး ၄င်းမျက်နှာပြင်တွင် လျှပ်စီးစက်ကွင်းများနှင့်အတူ ကြိမ်ပင်သဖွယ် နွယ်ပင်လေးများဖြင့် ဝန်းရံလျက်ရှိသည်။
"ဒါဆို မင်း ချင်းလော်ဂိုဏ်းနဲ့ပတ်သက်ပြီး ပြောနေတာက ဘာလဲ" မန်ဟိုက အေးအေးဆေးဆေး မေးသည်။
"ကျုပ် ခင်ဗျားကို ချင်းလော်ဂိုဏ်းက လူတစ်ယောက်နဲ့တွေ့ပေးနိုင်တယ်" သူက ဝမ်းပန်းတသာပြောသည်။ "သူတို့က ပုံမှန်ဆို လူစိမ်းတွေနဲ့ အဆက်အဆံမလုပ်ဘူး။ ခင်ဗျား ဒီလူကို နည်းနည်းပါးပါးပေးလိုက်ရင် ချင်းလော်ဂိုဏ်း ဘာကြောင့် ကျင့်ကြံသူတွေစုရုံးနေရတဲ့ အကြောင်းရင်းကို သိရလိမ့်မယ်
"တာအိုရောင်ရင်း၊ ခင်ဗျားသာ မိုးကြိုးသစ်ရွက်ကို လဲပေးမယ်ဆိုရင် ခင်ဗျားကို ကျုပ်နဲ့အတူ လျှို့ဝှက်အစည်းအဝေးတစ်ခုကို ခေါ်သွားပေးနိုင်တယ်။ အဲ့ဒီမှာ အစီအစဥ်မှူးအဖြစ် လုပ်ဆောင်ပေးမယ့် စီနီယာမျိုးဆက် ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်နဲ့အတူ အခြားတာအိုရောင်ရင်း ခုနစ်ယောက်၊ရှစ်ယောက်လောက်ရှိမယ်။ ခင်ဗျား မှော်ပစ္စည်းတွေ လဲလှယ်နိုင်ရုံတင်မကဘူး။ သတင်းတွေကော ဖလှယ်နိုင်တယ်
"အဲ့ဒီက လူတစ်ယောက်က ချင်းလော်ဂိုဏ်း အပြင်စည်းဂိုဏ်းသားပဲ
"တာအိုရောင်ရင်း၊ ကျေးဇူးပြုပြီး ကျုပ်ကို ယုံပါ။ ဒီနေ့ခတ် မင်ချင်းပြည်မှာ နဂါးတွေ၊ မြွေတွေအကုန် အတူတူရောထွေးနေတာနော်။ နေရာတစ်ဝှမ်းလုံးမှာ လူဆိုးလူကောင်းတွေရှိတယ်။ ဂိုဏ်းအသီးသီး၊ မျိုးနွယ်စုအမျိုးမျိုးက ကျင့်ကြံသူတွေ ဒီရောက်နေကြတယ်။ ဒါ့အပြင် ချင်းလော်ဂိုဏ်းထဲမှာ အုပ်စုအမျိုးမျိုးကွဲနေတယ်။ ဟုတ်တာပါ့ သူတို့အကြားထဲ သဘောထားကွဲလွဲမှုတွေ ရှိမှာပဲ။ သေချာတာပေါ့ မဟုတ်မမှန်တဲ့ သတင်းတချို့လဲရှိမှာပဲ။ ဒါပေမယ့် သတင်းအားလုံးက အတုဆိုရင် ဘယ်သူမှ ယုံနေမှာမဟုတ်ဘူးလေ။ ဒီတော့ အဲ့မှာ သတင်းကောင်းကောင်းတွေလဲ သေချာပေါက်ရှိလိမ့်မယ်
"ခင်ဗျား အဲ့တာနဲ့ပတ်သက်ပြီီး ကိုယ့်ဘာသာကိုယ် သုံးသပ်ပြီး အလိိုလိုသိနေဖို့လိုလိမ့်မယ်"
"ငါ့ကို စဥ်းစားဖို့ အချိန်နည်းနည်းပေး" မန်ဟိုက နဂိုအတိုင်းပြောင်းလဲမှုမရှိသော မျက်နှာထားဖြင့် ပြောသည်။ " ငါ ဆုံးဖြတ်ချက်ချပြီးရင် မင်းကို အကြောင်းကြားမယ်" သူဘာတွေးနေသည်လဲ ဘယ်သူမှမပြောနိုင်ပေ။ သူသည် သူ့ကို ဆက်လက်ဖျောင်းဖျရန် ကြိုးစားတော့မည့် လုတောက်ထံ ကျောက်စိမ်းပြားတစ်ပြား ပစ်ပေးလိုက်သည်။
"အနက်ရောင်နယ်မြေဂိုဏ်းရဲ့ လျှမ်းလျှမ်းတောက်နတ်ဆရာကြီး သေချာပေါက် လက်တစ်ဖက်နဲ့ခြေတစ်ချောင်းပေးရပေမယ့် သူပြောခဲ့သမျှ အကုန်နီးပါးမှန်တယ်။ ငါ ဒီနေရာမှာ တကယ်ပဲ မိုးကြိုးသစ်ရွက်ကို အာရုံခံနိုင်ခဲ့တာပဲ......ဒါပေမယ့် အခု ရှာတွေ့ပြီဆိုတော့ အဲ့တာကိုရယူဖို့ နည်းလမ်းရှာရမယ်။ ဒီလူ ငါ့ရဲ့ ချီကပ်ပါးကောင် ကူးစက်စေလိုက်ပြီဆိုတော့ သူငါ့ဆီက ဘယ်တော့မှ ထွက်မသွားနိုင်တော့ဘူး
"မိုးကြိုးသစ်ရွက်နဲ့ဆိုရင် ငါ ဒဏ္ဍာရီလာမျက်လုံးမဲ့ပိုးကောင်ကို သန့်စင်လို့ရပြီ" သူက ကျောက်စိမ်းပြားကို လက်တွင်ကိုင်ပြီး မျက်လုံးများ တဖျပ်ဖျပ်လက်နေ၏။ မှန်ပါသည်။ သူသည် မိုးကြိုးသစ်ရွက်အား မည်သို့အသုံးပြုမည့်ပုံနှင့်ပတ်သက်၍ မန်ဟို့ကို အသေးစိတ်အစစ်မှန် မရှင်းပြခဲ့ပေ။ လုတောက်သည် အတွေးများထဲ နစ်မြောရင်း လှည့်ထွက်သွားတော့သည်။
သူသတိမထားမိခဲ့သည်က သူ့အနောက်တွင် ကိုယ်ပျောက်တစ္ဆေပုံရိပ် ရှိနေခြင်းကိုပင်။ ထိုပုံရိပ်က လက်ထဲတွင် လက်သည်းခွံအရွယ်ခန့်ရှိ အင်းဆက်ပျံတစ်ကောင်ကို ကိုင်ထား၏။အင်းဆက်မှာ မပျံသန်းနိုင်ဘဲ ပိတ်မိနေလေသည်။ ပုံရိပ်က မလှမ်းမကမ်းရှိလုတောက်ကို အေးတိအေးစက် ရပ်ကြည့်နေသည်။ လုတောက်ထွက်သွားသည့်နောက် ထိုပုံရိပ်က လိုက်လာသည်။
ဤတစ္ဆေပုံရိပ်က ထွက်သွားပြီးနောက် တခဏအတွင်း ပြန်ရောက်လာခဲ့သော မန်ဟိုကလွှဲ၍ တခြားမဟုတ်ပေ။ သူက ကိုယ်ပျောက်အဆောင်စက္ကူကို သုံးရင်း ညအမှောင်ထုကိုဖြတ်၍ လုတောက်နောက် တိတ်တဆိတ်လိုက်နေသည်။ ရံဖန်ရံခါ လုတောက်က မန်ဟို သူ့ကိုပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်ထုတ်ကြည့်သည်။ နောက်ဆုံး မြို့ထဲရှိ သာမန်စံအိမ်တစ်လုံးဖြစ်ပုံရသည့်နေရာကို ရောက်သွားသောအခါ သူ့မျက်နှာသည် မှုန်ကုန်သွား၏။ သူက တံခါးကို သုံးခေါက်လိုက်ရာ အလိုအလျောက်ပွင့်သွားသည်။ သူဝင်ရောက်သွားစဥ် တံခါးမှ လှိုင်းတွန့်များ ထသွားပုံရသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက် နောက်ထပ်ကျင့်ကြံသူလေးငါးယောက် ချဥ်းကပ်လာသည်ကို မန်ဟိုမြင်လိုက်သည်။ သူတို့က ယောက်ျားများလော၊ မိန်းမများလောပြောရန်ခက်သော်လည်း အားလုံးက ချီအခြေတည်ခြင်းအဆင့်တွင် ဖြစ်ကြသည်။ တစ်ယောက်က ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ပင် ဖြစ်၏။ သူတို့က မျက်နှာများကိုဖုံးထားပြီး လုတောက် ဝင်သွားသည့်နည်းအတိုင်း စံအိမ်ထဲ သုတ်တီးသုတ်ပျာဝင်ရောက်သွားကြသည်။
မန်ဟို၏မျက်လုံးများ တလက်လက်တောက်ပနေသည်။ သူက လက်ချောင်းဖြင့် လက်ဝါးပေါ်က ပိုးကောင်ကို ဖိခြေလိုက်ပြီးနောက် သူ့ကိုဖုံးကွယ်ပေးထားသည့် အဆောင်စက္ကူကို ဖယ်လိုက်သည်။ သူက အင်္ကျီလက်စကို ခါပြီး အဝတ်အသစ်တစ်စုံလဲကာ ဝါးခမောက်ကိုဆောင်း၍ အဝတ်စဖြင့် မျက်နှာကို ဖုံးလိုက်သည်။ ထို့နောက် စံအိမ်ထံ လမ်းလျှောက်သွားသည်။
***