← Chapters

ရှေးဟောင်းတောင်ကြားလမ်း

Vol. 11 Ch. 145

ရှေးဟောင်းတောင်ကြားလမ်း

Vol. 11 Ch. 145

"ခေါင်းဆောင်ကြီးဇီလော်"

"ကျုပ်တို့ကို ခေါင်းဆောင်မယ့်လူက ချင်းလော်ဂိုဏ်းရဲ့ အနုသုခမရုပ်ခန္ဓာအဆင့်ပညာရှင်၊ ခေါင်းဆောင်ကြီးဇီလော််ကိုယ်တိုင်ဖြစ်လိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့ဘူး။ သူရဲ့အသတ်အဖြတ်အရှိန်အဝါက မယုံနိုင်စရာကောင်းတယ်ပြောတယ်။ အရင်နှစ်တွေတုံးက သူ အနုသုခုမရုပ်ခန္ဓာဖန်တီးနေတဲ့အချိန် သူ့နာမည်က တောင်ပိုင်းဒေသမှာ ဟိုးလေးတကျော်ကျော်ပဲ။ တစ်ခါတုံးကဆို တစ်ညထဲနဲ့ မျိုးနွယ်စုသုံးစုလုံးကို အမြစ်ဖြုတ်သုတ်သင်ပစ်ခဲ့တာ"

"ကောလဟလတွေအရ ချင်းလော်ဂိုဏ်းက အန္တရာယ်နယ်မြေကို ငါးကြိမ်ဝင်ရောက်ခဲ့ပြီးသွားပြီတဲ့။ တစ်ကြိမ်ဝင်တိုင်း တစ်ယောက် ချန်ထားခဲ့တယ်။ ဒီနေ့က ခြောက်ကြိမ်မြောက်ပဲ။ ဒါတောင်မှ သူတို့လူတွေဘယ်လောက်ရှိလဲကြည့်။ ဒီဂိုဏ်းက တကယ် အားကောင်းတာပဲ။ တောင်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်နေတာ မဆန်းပါဘူး"

မန်ဟိုသည် သူ့ပတ်လည်ကစကားသံများကို ကြားနေရပြီး ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုထုတ်လွှတ်နေသော ဖိအားကိုလည်း ခံစားနေရ၏။ သို့သော် သူ၏အမြင်အာရုံမှာ သူရှိရာသို့ ပျံသန်းလာနေသော မီတာကိုးထောင်အကျယ် အဝါရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်ကြီးပေါ်တွင် အာရုံစူးစိုက်နေသည်။ ၄င်း၏အပေါ်၊ ကျင့်ကြံသူများအကြားထဲတွင် အမျိုးသမီးတစ်ယောက် ရပ်နေသည်။

သူမသည် အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သွေးမရှိသည့်နှယ် မျက်နှာလေးဖြူဆုပ်နေချေသည်။ ဤသည်က သူမ၏အေးစက်သောအမူအရာကို ပို၍ပင် ရေခဲတမျှအေးစက်သွားစေ၏။ သို့သော် သူမကို ကြည့်ရင်း..... သူမမှာ တကယ်တမ်း နုနယ်သောနှလုံးသားလေးကို ကာကွယ်ထားခြင်းသာဖြစ်ကြောင်း မန်ဟို အာရုံရလေသည်။

"အစ်မရှု......." သူက သူမကိုကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ နောက်ဆုံး သူ့မှာ အတန်ငယ်စိတ်အေးသွားလေသည်။ ယခုတွင် သူတို့နှစ်ယောက် သိပ်မကွာတော့ပေ။ သို့သော် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေသည့်တိုင် သူတို့နှစ်ယောက်ကား ကမ္ဘာခြားနေသေးလေသည်........

ဤအခိုက်အတန့်တွင် မန်ဟိုမျက်မှောင်ကြုတ်သွား၏။ အစ်မရှုဘေးတွင် ကလူမြူဆွယ်နေသော အငွေ့အသက်နှင့် လှောင်ပြောင်နေသောမျက်လုံးများဖြင့် မိန်းမလှလေးတစ်ဦးကို သူသတိထားမိလိုက်သည်။ သူမက စကားမပြောရဲသည့်အလား ခေါင်းငုံ့ထားသော အစ်မရှုကို အပြစ်ရှာနေပုံရသည်။ သူမမျက်နှာမှာ ပို၍ပင် ဖြူဖျော့လာ၏။

အေးစက်သောအလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများထဲတွင် ပေါ်လာသည်။ အစ်မရှုနှင့်အတူ ဧရာမဖုန်းရွှေသံလိုက်အိမ်မြှောင်ကြီးအပေါ်တွင် ဂိုဏ်းသားများစွာရှိသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံသည် အမျိုးအစားစုံလင်သော်လည်း သူတို့က ဂိုဏ်း၏ရွေးချယ်ခံများမဟုတ်ဘဲ သာမန်ဂိုဏ်းသားများသာဖြစ်ကြောင်း သိသာလေသည်။

ဖုန်းရွှေသံလိုက်အိမ်မြှောင်ကြီးအပေါ်တွင် ကျောမှ တောင်ပံနှစ်ဖက် ထွက်နေသော အပေါ်ပိုင်းအဝတ်ဗလာနှင့်လူတစ်ယောက်၏ ဧရာမအနက်ရောင်ရုပ်တုကြီးတစ်ရုပ်လည်းရှိသည်။ တောင်ပံများသည် တစ်ဝက်ပြန့်ကားနေရာ ရုပ်တုကြီးကို တမူထူးခြားနေစေသည်။

ပို၍ပင်ထူးဆန်းသည်က ရုပ်တုကြီး၏ ခေါင်းထိပ်တွင် အလွန်ရှည်လျားသောဦးထုပ်ကြီးတစ်ခု ရှိနေရာ အတော်လေး မအပ်မစပ်ဖြစ်နေတော့သည်။

မန်ဟိုသည် ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ မလှုပ်မယှက်ရပ်နေ၏။ သူ့ကို ကြည့်လိုက်သည့်မည်သူမဆို စဦးချီဖွဲ့စည်းမှုအဆင့်ရှိ ကျင်ကြံသူတစ်ယောက်အဖြစ် မြင်ကြသည်။ သူက ကျင့်ကြံသူများအလယ်တွင် ရပ်နေ၏။ လုတောက်ကလွဲ၍ ဘယ်သူမှ သူ့ကိုသတိထားမိပုံမရသလို အစ်မရှုလည်း သူ့ကို သတိမထားမိပေ။ သူမ၏မျက်နှာလေးမှာ သူမအနာဂတ်သူမစဥ်းစားနေသည့်အလား ခါးသိီးနာကျင်နေသောအမူအရာဖြင့် ဖုံးလွမ်းလျက်ရှိသည်။

ဖုန်ရွှေသံလိုက်အိမ်မြှောင် တောင်တစ်ရာ၏အလယ်အနား နီးကပ်လာစဥ် ဧရာမအမွှေးအိုးကြီးမှ လွင့်လူတက်နေသော မီးခိုးမျှင်များသည် ဂိုဏ်းအပေါ်ရှိလေထုတွင် လူးလွန့်လှုပ်ရှားလာ၏။ ၄င်းတို့က တစ်လွှာပေါ်တစ်လွှာထပ်ရင်း အတူတကွတွန့်လိမ်ကာ ဧရာမမီးခိုးကွင်းကြီးတစ်ကွင်း ဖန်တီးလိုက်လေသည်။

မိိီးခိုးကွင်းကြီး ဖြစ်ပေါ်လာစဥ် အလယ်ရှိ နေရာသည် လှိုင်းဂယက်များထလာ၏။ မန်ဟိုကြည့်နေစဥ်မှာပင် ခေါင်းဆောင်နေရာရှိ ဖုန်းရွှေသံလိုက်အိမ်မြှောင်က မီးခိုးကွင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ သူရပ်နေသော ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်လည်း ကွင်းထဲဝင်ရောက်သွားသဖြင့် သူ၏မျက်လုံးများ ရိပ်ခနဲဖြစ်သွားသည်။

မကြာမီ ဖုန်းရွှေသံလိုက်အိမ်မြှောင်များနှင့်ကျင့်ကြံသူများအားလုံး ဝင်ရောက်ပြီးနောက် မီးခိုးကွင်းပျောက်ကွယ်သွားပြီး ချင်းလော်ဂိုဏ်းသည် ပုံမှန်အခြေအနေပြန်ရောက်သွား၏။ တောင်တစ်ရာ၏အပြင်ဘက်တွင် အကာအကွယ်တစ်ခုပေါ်လာသည်။ တောင်တစ်ထောင်နှင့် တောင်တစ်သိန်းတို့တွင်လည်း အကာအကွယ်များ ဝန်းရံသွားကြသည်။ ယခုတွင် ဂိုဏ်းတစ်ဂိုဏ်းလုံးကား တင်းကြပ်စွာပိတ်ပင်လိုက်လေပြီ။ မည်သူမှမဝင်ရောက်နိုင်သလို၊ မည်သူမှလည်း ထွက်သွားခွင့်မရှိ။

ချင်းလော်ဂိုဏ်း ၄င်းဘာသာ၄င်း အဝင်အထွက်ပိတ်လိုက်သည့်တစ်ချိန်တည်းမှာပင် နေရာများစွာမှ နတ်ဘုရားစိတ်အာရုံများ မင်ချင်းပြည်တစ်ပြည်လုံး ပြည့်နှက်သွား၏။ ဤသည်မှာ ချင်းလော်ဂိုဏ်းအထဲဖြစ်ပျက်နေသည်များကို စုံစမ်းရန် ရောက်လာသော တောင်ပိုင်းဒေသအတွင်းရှိ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ နတ်ဘုရားးစိတ်အာရုံများဖြစ်လေသည်။

ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်တွင် ရှဲ့ကျဲ၏အသံထွက်ပေါ်လာသည်။ " တာအိုရောင်ရင်းတို့၊ အထိတ်တလန့်ဖြစ်စရာမလိုပါဘူး။ ဒါက ချင်းလော်ဂိုဏ်းရဲ့ တန်ဖိုးအရှိဆုံးရတနာတွေထဲက တစ်ခု၊ ကောင်းကင်ပန်းပဲဖိုပါ။ ရှေးအချိန်တွေတုံးက ဒါကိုဟင်းလင်းပြင်းဖောက်ထွင်းအက္ခရာတွေ ရေးဆွဲပြီး နေရာရွှေ့ပြောင်းရေးဝင်ပေါက်အဖြစ် ပြောင်းခဲ့တာဖြစ်ပါတယ်

"ဒီနေရာရွှေ့ပြောင်းခြင်းဝင်ပေါက် ဘယ်ကိုဦးတည်မယ်ဆိုတာကိုတော့ ၊ ခင်ဗျားတို့တစ်ယောက်နဲ့မှ မရင်းနှီးတဲ့နေရာဖြစ်တာကြောင့် စိုးရွံ့မိပါတယ်။ တကယ်တမ်း ကျုပ်တောင်မှ မသိဘူး......." စောစောက နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သည် အုတ်အုတ်ကျက်ကျက်ဖြစ်စေခဲ့သော်လည်း ရှဲ့ကျဲ၏စကားများကြားပြီးနောက် ပြန်ငြိမ်ကျသွားသည်။

မန်ဟိုသည် ဘေးပတ်လည်ကို အေးစက်စွာကြည့်နေ၏။ သူတို့သည် ကြယ်များနှင့်တူသော အလင်းစက်များ မှိတ်တုတ်မှိတ်တုတ်လက်နေသော အမှောင်ထုဖြင့် ဝန်းရံခံထားရပုံပေါ်သည်။ ဖုန်းရွှေသံလိုက်အိမ်မြှောင်များမှ ထုတ်လွှတ်နေသည့်အလင်ရောင်များသာ ၄င်းတို့အပေါ်ရှိလူများကို အလင်းပေးလျက်ရှိသည်။

အရှေ့တွင် ဖုန်းရွှေသံလိုက်အိမ်မြှောင် တစ်ခုပြီးတစ်ခု ပျံသန်းနေကြသည်။ ချင်းလော်ဂိုဏ်းသားအများစုသည် တင်ပျဥ်ခွေ၍တရားထိုင်နေကြသည်။ ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်ရှိ ရွေးချယ်ခံအဖွဲ့သာ အမှောင်ထုထဲ ငေးကြည့်နေကြလေသည်။

အဝေးတွင် အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်သုံးယောက်သည် သူတို့အကြား နတ်ဘုရားစိတ်အာရုံဖြင့် တစ်ခုခုဆွေးနွေးနေကြပုံရသည်။ ထို့ပြင် အားလုံးအထဲ အစွမ်းထက်ဆုံးပုဂ္ဂိုလ်၊ ခေါင်းဆောင်ကြီးဇီလော်က မျက်လုံးများပိတ်လျက် မလှုပ်မယှက်တရားထိုင်လျက်ရှိသည်။

အစ်မရှုသည် ချင်းလော်ဂိုဏ်းသားရာပေါင်းများစွာ၏အလယ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူတို့အလယ်ရှိ ရုပ်တုကြီးမှာ ဤအမှောင်ကမ္ဘာ၏ အမှောင်ထုထဲ ပျော်ဝင်တော့မည့်အလားပင် ထင်ရသည်။ ၄င်းထံမှ သရဲပုံရိပ်များ ထွက်ပေါ်နေရာ ၄င်း၏ထူးဆန်းမှုကို ထပ်တိုးသွားစေတော့သည်။

ရှဲ့ကျဲ၏ ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်က ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူသုံးယောက်အနက် ခဲရောင်ဝတ်ရုံနှင့်အဘိုးအိုက မျက်မှောင်ကြုတ်ပြီး ပြောသည်။ "တာအိုရောင်ရင်း ရှဲ့။ ခင်ဗျား ဒီနေရာကို အရင်က အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးတယ်ပြောခဲ့တယ်။ ဒါတောင် ကျုပ်တို့ဘယ်သွားနေလဲ ခင်ဗျားဘယ်လိုပြောရမလဲမသိဘူးလား......."

ရှဲ့ကျဲသည် တခဏအတွေးထဲ နစ်မြောလျက် တုံ့ဆိုင်းနေပုံရပြီးနောက် ဘေးဘီဝဲယာကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်သည်။ "အင်း" သူက ပြောသည်။ "ကျုပ်တို့ ခရီးနှင်နေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီး ကျုပ်နည်းနည်းတော့ သိတယ်။ တာအိုရောင်ရင်းတု ထင်သလို၊ ဒါက ပြင်ပစိတ်ဝိညာဥ်မျိုးနွယ်တွေကို စုဆောင်းရှာဖွေဖို့အတွက် ရှေးခတ်ကျင့်ကြံသူတွေ ခရီးနှင်တဲ့လမ်းကြောင်းတစ်ကြောင်းပဲ။ ဒါကိုတောင်ကြားလမ်းလို့ခေါ်တယ်" ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ သူ့ကို တအံ့တသြကြည့်ပြီးနောက် သူတို့ပတ်လည်က အရာအားလုံးကို စိတ်ထဲစွဲမှတ်ထားလိုသည့်အလား ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။

"ဒါက စစ်မှန်တဲ့တောင်ကြားလမ်းတော့မဟုတ်ဘူး" ရှဲ့ကျဲက သင်းကွဲ ချီအခြေတည်အဆင့်ကျင့်ကြံသူများ၏ အံ့အားသင့်နေသောအမူအရာများကို အားရကျေနပ်စွာ ဝေ့ဝိုက်ကြည့်ရင်း ပြောသည်။ "အင်မိုတယ်တွေပဲ အဲ့ဒီလမ်းကို လျှောက််နိုင်တယ်။ ဒါက နဂါးငွေ့တန်းပင်လယ်ထဲစီးဝင်နေတဲ့ စမ်းချောင်းရာပေါင်းများစွာထဲက တစ်ခုလိုမျိုး အရန်လမ်းခွဲတစ်ခုသာသာပဲ။ ဒါက ကျုပ်တို့မလျှောက်သင်တဲ့ လမ်းကြောင်းဖြစ်နေသေးတယ်လို့ ပြောခဲ့တာကြောင့်မလို့ ချင်းလော်ဂိုဏ်းရဲ့ ကောင်းကင်ပန်းပဲဖိုစွမ်းအားကို အသုံးပြုဖို့လိုအပ်ခဲ့တာပဲ။ ဒါက ကျုပ်တို့ ခရီးနှင်နေတဲ့အချိန် ကာကွယ်ပေးနိုင်တယ်"

ဤသည်မှာ စစ်မှန်သောတောင်ကြားလမ်းမဟုတ်ဘဲ လမ်းခွဲတစ်ခုသာဖြစ်နေခဲ့လေသည်။ သို့ထိတိုင် ၄င်းကို ဖွင့်ရန်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏စွမ်းအားးလိုအပ်သည်။ သာမန်ဂိုဏ်းလေးတစ်ဂိုဏ်းအနေဖြင့် ဖွင့်နိုင်လိမ့်မည်မဟုတ်ပေ။

ရှဲ့ကျဲ၏မျက်လုံးများသည် လူအုပ််အပေါ် ပြေးလွှားသွားပြီး မန်ဟိုအပေါ်ကျရောက်လာ၏။ သူက အတန်ငယ်မျက်မှောင်ကြုတ်သွားပြီးနောက် ပြောသည်။ "အာ ခင်ဗျားက တာအိုရောင်ရင်းမန် ဖြစ်ရမယ်။ ကျေးဇူးပြုပြီးး ဒီကိုလာပါဦး" သူသည် အမှန်တကယ်တွင် မန်ဟို့ကို သည့်ထက်စောစောသတိထားမိခဲ့၏။ စောစောကမထွက်ခွာခင် အမြုတေဖြစ်တည်မှုခေါင်းဆောင်ကြီးသုံးဦးသည် သူ့ကို မန်ဟိုအပေါ် မျက်စိဒေါက်ထောက်ကြည့်နေရန် တာဝန်ပေးအပ်ခဲ့သည်။

မည်သည့်အတွက်ကြောင့်နှင့် အမြုတေဖြစ်တည်မှုအဆင့်ခေါင်းဆောင်ကြီးသုံးဦးက ဤသေးဖွဲနုံနဲ့သော ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဘာကြောင့် အာရုံစိုက်နေသည်လဲ သူမသိပေ။ သူက မန်ဟိုကို ပြုံးပြလိုက်သော်လည်း ဤအပြုံးကား စစ်မှန်ရိုးသားမှုမရှိချေ။ သူက မန်ဟို့အပေါ် စိတ်ကောင်းစေတနာမရှိသဖြင့် အခြားကျင့်ကြံသူများအကြားထဲ သဘောထားကွဲလွဲခြင်းများဖြစ်လာစေရန်အတွက်သာ သူ့နာမည်ကိုခေါ်လိုက်ခြင်းပင်။ ဤနည်းဖြင့် မန်ဟို့အကြောင်းအနည်းငယ် သူသိရနိုင်သည်။

သူမျှော်မှန်းထားခဲ့သည့်အတိုင်း သူ၏စကားလုံးများက ပတ်ဝန်းကျင် ယရှိ သင်းကွဲကျင့်ကြံသူများကို မန်ဟို့အား လှမ်းကြည့်လိုက်စေ၏။ အများစုက စိန်းစိန်းဝါးဝါးကြည့်နေကြလေသည်။

မန်ဟိုမှာမူ နည်းနည်းလေးပင်ဂရုမစိုက်သည့်အလားး အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ ယခင်ညက သူ၏အပြုအမူများက အာရုံစိုက်မိစေမည်ဖြစ်ကြောင်း သူသိခဲ့ပြီးဖြစ်သည်။ ၄င်းက ရှောင်လွှဲ၍မရပေ။ ထို့ကြောင့် ရှဲ့ကျဲ၏စကားများအား သူကြားသောအခါ မဆိုစလောက် ခေါင်းညိတ်လိုက်သည်။

"ကျုပ်နေရာမှာ ကျုပ်အဆင်ပြေပါတယ်" သူကပြောသည်။ "ကျုပ်ရဲ့ကျင့်ကြံခြင်းအခြေခံက အားနည်းတာကြောင့် ဒီလိုအစွမ်းထက်ပုဂ္ဂိုလ်တွေအကြားထဲ ထိုင်ဖို့ ကျုပ်အတွက် မသင့်တော်ပါဘူး"

အမှန်ပင် အရှေ့၌ နတ်ဘုရား စိတ်အတွေးဖြင့် ဆက်သွယ်နေကြသော အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်သုံးဦးလည်း ဤသည်ကို သတိထားမိလိုက်သည်။ သူတို့က ဝင်ရောက်မစွက်ဖက်ပေ။ မန်ဟို့တွင် မည်သည့် ထူးခြားစွမ်းရည်များရှိနေသည်လဲ သူတို့သေချာမသိပေ။ ဤအခြင်းအရာကြောင့် ချင်းလော်ဂိုဏ်းချုပ်က မန်ဟို့ကို အနီးကပ်စောင့်ကြည့်ရန် အထူးညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှဲ့ကျက သာမန်ကာလျှံကာ ပြုံးလိုက်ပြီး တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲ၊ရုတ်တရက် ဖုန်းရွှေသံလိုက်အိမ်မြှောင်တုန်ခါသွားပြီး တုံ့ခနဲရပ်သွားသည်။ အရှေ့က ဖုန်းရွှေသံလိုက်အိမ်မြှောင်လည်း ရပ်သွား၏။ သံလိုက်အိမ်မြှောင်မှ ထုတ်လွှတ်နေသော မှော်အလင်းသည် ချက်ချင်းပျောက်ကွယ်သွား၏။။

အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်သုံးဦး၏ မျက်နှာများပြောင်းလဲသွားးသည်။ အလွန်အစွမ်းထက်သော ခေါင်းဆောင်ကြီးဇီလော်က ပထမဆုံးအကြိမ် မျက်လုံးဖွင့်လိုက်သည်။ ၄င်းတို့သည် က္ကန္ဒြေသိက္ခါနှင့် သတိနှစ်မျိုးလုံးဖြင့် တောက်ပလျက်ရှိသည်။

ရှေးဆန်သောအသံကြီးတစ်သံသည် ရုတ်တရက် ကျင့်ကြံသူအားလုံး၏စိတ်ထဲ ပဲ့တင်ထပ်လာ၏။ "အားလုံး တိတ်တိတ်နေ" မမြင်နိုင်သောချုပ်နှောင်ခြင်းတစ်မျိုးက စကားမပြောနိုင်အောင် သူတို့အားလုံးအပေါ် ထားရှိခြင်းခံခဲ့ရသည့်အလားပင်။

သူတို့ပတ်လည်ရှိ တိတ်ဆိတ်နေသော အမှောင်ထုအတွင်းတွင် လှပသောငါးရောင်ခြယ်အလင်းရောင်တစ်ခု ရုတ်တရက်ပေါ်လာ၏။ သူတို့အရှေ့တွင်ကား မီတာတစ်သောင်းရှိသော ဧရာမရေခူကြီးပင်။ ၄င်း၏မရေမတွက်သောလက်တံများက နူးညံ့ပျော့ပျောင်းစွာ လှုပ်ယမ်းနေပြီး ၄င်း၏ တပိုင်းတစထိုးဖောက်မြင်နေရသော ခန္ဓာကိုယ်သည် တဖြေးဖြေး လှိုင်းတွန့်များထနေသည်။ ၄င်း၏အလင်းရောင်သည် စောင့်ကြည့်နေသူများ၏မျက်လုံးများထဲ ကျရောက်လာ၏။

ရေခူကြီး၏ခန္ဓာကိုယ်ထဲတွင် လူတိုင်း ပုပ်ပွနေသောအလောင်းတစ်လောင်းကို မြင်နိုင်လေသည်။ ၄င်းမှာ ရေခူကြီး၏ တစ်ပိုင်းတစ်ဝက် အစာခြေခြင်းခံထားရပုံပေါက်သည်။

***

All Chapters