အေးဆေးဖြစ်သွားတော့မှာပါ
Vol. 11 Ch. 148
လူတိုင်း အနက်ရောင်တံခါးပေါက်ထဲ ဝင်ရောက်ပြီးနောက်တွင် ဧရာမမျက်နှာကြီး တွ့န်လိမ်ရှုံ့တွလာသည်။ ဝိုးတိုးဝါးတားပုံရိပ်သုံးခု မျက်နှာကြီးမှ ကွာကျလာပြီးနောက် ပိန်လှီနေသောကျင့်ကြံသူအဘိုးကြီးများ အသွင်ပြောင်းသွား၏။ သူတို့ကြည့်ရသည်မှာ ယခုလေးတင် အုတ်ဂူထဲမှ လေးဖက်ထောက်ထွက်လာခဲ့သည့်အလားပင်။
သူတို့က တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ သူတို့လာခဲ့သော ရုပ်တုကြီးထံ ပြန်ဦးတည်သွားကြသည်။ သူတို့ ၄င်းထံ လှုပ်ရှားသွားကြစဥ်တွင် သေခြင်းတရားချီများက တိုက်စားးနေသည့်အလား သူတို့ထံမှ တလှိုင်လှိုင်ထွက်နေလျက််ရှိသည်။
"ဘာဖြစ်သွားတာလဲ" မျက်နှာကြီးကပြောသည်။ "ကဲပါလေ။ ဘယ်လိုနေနေ အထောက်အထားပစ္စည်းမပါဘဲ မင်းတို့ ဝင်လို့မရဘူး" ၄င်းသည် တခဏတွေဝေနေပုံရသော်လည်း ၄င်း၏မျက်လုံးများ ရှင်းလင်းပြတ်သားလာပြီး စတင်ဟိန်းဟောက်တော့သည်။
လောလောဆယ််တွင် အက်ကြောင်းအတွင်း၌ လူဆယ့်တစ်ယောက်သာ ကျန်ခဲ့သည်။ ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးအပြင် အခြားကိုးယောက်လုံးမှာ အမြုတေဖြစ်တည်မှုအဆင့်တွင် ဖြစ်ကြသည်။ သူတို့သည် တံခါးရှိမျက်နှာကြီး၏ ဟိန်းဟောက်သံများကို လျစ်လျူရှုပြီး မျက်လုံးများပိတ်၍ တင်ပျဥ်ခွေထိုင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏လက်များက ဂါယာမန္တန်ယားဆိုင်ရာ မုဒြာဟန်များ တဖျပ်ဖျပ်လက်သွား၏။ ကိုးယောက်အဖွဲ့၏အလယ်တွင် ဂျင်ဆင်းသစ်သီးတစ်လုံး လေထဲ၌ လွင့်မျောရင်း ထွက်ပေါ်လာသည်။
သစ်သီးသည် တလက်လက်တောက်ပနေပြီး ကြည်လင်လျက်ရှိသည်။ ၄င်း၏အတွင်းပိုင်းမှာ မိုးကောင်းကင်မှကံတရားပါရှိနေသည့်အလား အနည်ထနေချေသည်။
ဝိညာဥ်သစ်သီးသည် ကျင့်ကြံခြင်းအခြေခံကိုးခု၏လည်ပတ်ခြင်းနှင့်အတူ လူးလွန့်နေပြီး ခေါင်းတစ်လုံးနှင့် လက်လေးဖက်ထွက်လာနေပုံပေါ်သည်။
ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့က ဝိညာဥ်သစ်သီးကို မမှိတ်မသုန်ကြည့်ရင်း ဘေးတွင် ရပ်နေသည်။
" ကျွန်မတစ်ခါဝင်သွားဖူးတယ်" သက်လတ်ပိုင်းအရွယ်အမျိုးသမီးက မျက်မှောင်ကြုတ်ရင်း ပြောသည်။ "ဒါပေမယ့် အသက်ရှိုက်ကြိမ်သုံးဆယ်ကြာပြီးတဲ့နောက် အထဲကနှင်ထုတ်အားက အရမ်းပြင်းထန်ခဲ့တယ်။ ကျွန်မ နတ်ဘုရားအာရုံနဲ့တောင် ပစ္စည်းကို မရှာဖွေနိုင်ခဲ့ဘူး။ သတမဝိညာဥ်မျှော်စင် ထိရောက်ပါစေလို့ပဲ ကျွန်မ ဆုတောင်းနိုင်တယ်။ အဲ့တာက တော်တော်လေးပြည့်စုံသေးဘူး။ အဲ့ဒီမှာ အချိန်လုံလောက်မယ်လို့ မျှော်လင့်ရတာပဲ"
ခေါင်းဆောင်ကြီးဇီလော်က တခဏ နှုတ်ဆိတ်နေပြီးနောက် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျုပ်ကိုယ်တိုင် ဒီဝိညာဥ်ဂျင်ဆင်းကို ပြင်ဆင်ခဲ့တာ။ ဂျင်ဆင်းပုံစံနဲ့ဆိုရင် ကျုပ်တို့ အထဲမှာ အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ နေနိုင်မှာပါ။ အကုန်လုံး အဆင်သင့်ပြင်ဆင်ပြီးသားပဲ။ ကျုပ်တို့ ဒီတစ်ခါမအောင်မြင်ရင်တော့ ဂိုဏ်းချုပ်နဲ့ ခေါင်းဆောင်ကြီးတွေရဲ့ စကားအတိုင်း မြင့်မြတ်သောနယ်မြေကို လူသိရှင်ကြား ဖွင့်ရလိမ့်မယ်။ ကျုပ်တို့ ဒဏ္ဍာရီပစ္စည်းကို မွမ်းမံဖို့ တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ အင်အားကို ငှားယူမယ်။ ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် ဒီပစ္စည်းက ပြန်လည်မွေးဖွားခြင်းဂူလွဲလို့ တစ်ခုတည်းသောမျှော့်င့်ချက်ပဲ"
လှပသောအမျိုးသမီးက တခဏတုံ့ဆိုင်းနေပြီးနောက် ပြောသည်။ "ဒါပေမယ့် အဲ့ဒီလိုသာဖြစ်ရင် ကျွန်မတို့ မတတ်သာဘဲ ဝေမျှရလိမ့်မှာ။ ချင်းလော်ဂိုဏ်းက သန့်စင်မွမ်းမံခြင်းကို ပြုလုပ်ရင်တောင်မှ လူအများကြီးပါဝင်လာရင် ကျွန်မတို့ အလှည့်ရောက်ဖို့ အခွင့်အရေးနည်းလိမ့်မယ်..... ကျွန်မက နည်းနည်းတော်သေးပေမယ့် ရှင်နဲ့ တခြားသူတွေ ပိုပြီးကန့်သတ်ခံရလိမ့်မယ်"
"အမှန်ပဲ။ ကျုပ်တို့ ဒီတစ်ကြိမ်တော့ ကျုပ်တို့ဂိုဏ်းသားတွေကို စတေးရရင်တောင်မှ ကျရှုံးမှာမဟုတ်ဘူး" သူ့မျက်နှာပေါ်က မွေးရာပါအမှတ်ကြီးအတွင်းတွင် ခရမ်းရင့်ရောင်ထွက်ပေါ်လာရာ သူ့ကို အလွန်ရက်စက်ကြမ်းကြုတ်သည့်အသွင် ပေါက်သွားစေတော့သည်။
**
ကမ္ဘာကြီးသည် လည်နေပြီး မည်သည့်အရပ်မျက်နှာက မည်သည့်အရပ်တွင်ဖြစ်ကြောင်း ပြောရခက်သည်။ အရာအားလုံးမှာ အမှောင်အတိပင်။ သို့သော် သိပ်မကြာခင် အရာအားလုံး ထင်ရှားပြတ်သားလာ၏။ မှောင်မိုက်နေသောကောင်းကင်သည် အပြာရင့်ရောင်သမ်းလာသည်။ အောက်ဖက်ရှိ ကမ္ဘာမြေကြီးကား အနက်ရောင်မြေသားများဖြင့် ပြည့်နှက်နေသည်။
စိမ်းလန်းစိုပြည်နေသော သစ်ရွက်များက နိမ့်လိုက်၊မြင့်လိုက် သွယ်တန်းနေကြသော တောင်ကုန်းများကို ဖုံးလွှမ်းရင်း နေရာအနှံ့တည်ရှိနေသည်။ မြစ်ကြီးတစ်စင်းသည် တောင်တန်းကိုဖြတ်၍ ကွေ့ကောက်စီးဆင်းနေရာ ရေပွက်သံများကို ကြားနိုင်လေသည်။
ဤသည်မှာ မန်ဟို ပြန်ပေါ်လာချိန် မြင်ရသောအရာပင်။ ဘယ်သူ့ကိုမှမတွေ့ရ၊ သူတစ်ယောက်တည်းသာဖြစ်သည်။
"ဒီနေရာက တော်တော်ကြီးတာပဲ....." သူက ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။ နေလုံးကြီးသည် တောင်စွယ်သို့ကွယ်လျှိုးပုန်းအောင်းတော့မည်ဖြစ်ရာ မိုးကောင်းကင်တွင် လှပသော ပတ္တမြားရောင်လေး ယှက်သမ်းနေချေသည်။
တကယ်တမ်း ပို၍နီးနီးကပ်ကပ်ကြည့်ရှုပြီးနောက်တွင် ကွယ်နေသော လတစ်စင်း၏အသွင်ကို မန်ဟိုမြင်လိုက်ရသည်။
"ငါတို့ အချိန်ဖြစ်စဥ်အဖွဲ့ရဲ့ ဆုံရပ်က နေနဲ့လတစ်ထပ်တည်းကျတဲ့ ပုံရိပ်ရှိတဲ့နေရာပဲ" မန်ဟိုသည် ရောင်စုံအလင်းတန်းအသွင်ပြောင်းရင်း ရှေ့ဆက်သွားနေစဥ် သူ၏မျက်လုံးများက တဖျပ်ဖျပ်လက်နေ၏။
"ပြီးတော့ အဲ့ဒီ သတမဝိညာဥ်တောင်ဆိုတာကော ဘယ်မှာလဲ။ အဲ့တာက ဘာလဲ" မန်ဟို ရင်ထဲတွင် စနိုးစနောင့်ဖြစ်လာသည်။ သူရှေ့ဆက်သွားနေစဥ် ပထမဆုံးလုပ်သည့်အရာမှာ ကံကောင်းခြင်းအဆောင်ကို သူ၏စကြဝဠာအိတ်ထဲမှ ပြန်ထုတ်လိုက်ခြင်းပင်။ ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးပြီးနောက် သူ့မှာ အတန်ငယ်စိတ်သက်သာရာရသွားတော့သည်။ သူသည် အမှန်တကယ်ပင် ကံကောင်းခြင်းအဆောင်အား ပိုပို၍ တန်ဖိုးထားလာလေသည်။
"မှီခိုရာဂိုဏ်းချုပ်ကြီး ဒီအဆောင်ကို စုဆောင်းတဲ့အထဲ ထားထားတာ မဆန်းဘူး။ ဒါက ဒီနေရာကနေတောင် နေရာရွှေ့ပြောင်းပေးနိုင်တယ်" သူက ကံကောင်းခြင်းအဆောင်ကို ပြန်သိမ်းလိုက်သည်။ ဤသည်မှာ ယခုအချိန်တွင် သူ၏အသက်ကယ်ရတနာဖြစ်၏။
"အစ်မရှုက ငါ့နောက်မှာဆိုပေမယ့် ချင်းလော်ဂိုဏ်းသားတွေ ဘယ်နေရာမှာ ပေါ်လာမလဲ ဘယ်သူသိမလဲ။ သူတို့အတူတူထွက်လာမှာတာလား ဒါမှမဟုတ် ကြုံသလိုစေလွှတ်ခံရတာလား။ နောက်တစ်ခုက ပိုဖြစ်နိုင်တယ်။ ဘယ်လိုနေနေ ငါ သူ့ကို တတ်နိုင်သမျှ မြန်မြန်ရှာရမယ်" အစ်မရှုဘေးနားတွင် ရပ်နေခဲ့သော နန့်တန့်တန့်အမျိုးသမီးနှင့် ရှုချင်၏ ဖြူဆုပ်နေသောမျက်နှာလေးကို ပြန်တွေးမိလိုက်သဖြင့် သူ၏မျက်လုံးများထဲ၌ ရက်စက်သောအလင်းရောင်တစ်ခု ပေါ်လာတော့သည်။
သူ သူမအကြောင်းတွေးနေစဥ် ချင်းလော်ဂိုဏ်းမှ ဖြန့်ဝေခဲ့သော ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် နှိုးဆွလိုက်ရာ အမည်စာရင်းတစ်ခုကို မြင်လိုက်ရသည်။ သူက စာရင်းကို ဖတ်ရှုပြီးနောက် သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူကာ ကျောက်စိမ်းပြားကို ချိုးဖျက်လိုက်သည်။
ထို့နောက် သူက အစ်မရှုကို ရှာရန် တဟုန်ထိုးထွက်သွားတော့သည်။
အချိန်များကုန်လွန်သွားပြီး မကြာခင် ညနေစောင်းလာသည်။ ကောင်းကင်သည် မှောင်မိုက်လာပြီး လထွက်လာလေပြီ။ အရာအားလုံးကား အမှောင်အတိပင်။ မန်ဟိုသည် လောလောဆယ်တွင် ခပ်သေးသေးတောင်ကုန်းတစ်လုံးပေါ်တွင် ရပ်ပြီး သူ့အရှေ့မလှမ်းမကမ်းရှိ ရှေးဟောင်းအပျက်အစီးပုံကို လှမ်းကြည့်နေသည်။
ယခုအချိန်တွင် ငွေသော်လမင်းသည် တိမ်စိုင်တိမ်မည်းတို့၏ အောက်တွင် စုန်းစုန်းမြုပ်နေရာ အရှေ့ရှိ အပျက်အစီးများမှာ အတော်လေးမှောင်မည်း၍နေသည်။ ၄င်းတို့မှာ ခေတ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးသည့်အလား အတိုင်းထက်အလွန် အိုမင်းလျက်ရှိသည်။ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ၄င်းသည် စည်ကားသောမြို့ကြီးတစ်မြို့ဖြစ်ခဲ့သည်ဟူ၍ မန်ဟိုခံစားနေရလေသည်။
သို့သော် ယခုတွင် ၄င်းမှာ မြေကြီးထဲ တစ်ဝက်နစ်မြုပ်နေသည်။ အဆောက်အဦးအနည်းငယ်ကိုသာ ဟိုတစ်စသည်တစ မြင်ရပြီး ၄င်းတို့ပင်လျှင် ပြိုကျပျက်စီးနေချေသည်။ ဤလရောင်ဆမ်းသောညတွင် ၄င်းမှာ အလွန်အထီးကျန်လျက်ရှိသည်။ လေတစ်ချက်သည် အပျက်အစီးများပေါ်မှ ဖြတ်တိုက်ရင်း ထူးဆန်းသောအသံများကို ၄င်းနှင့်တစ်ပါတည်းသယ်ဆောင်သွား၏။
ထိုအသံများမှာ မရေမတွက်နိုင်သောလူများ ခပ်တိုးတိုး ငြီးတွားနေသယောင်ပင်။ မန်ဟိုသည် သူတို့ပြောနေသည်အား သေချာမကြားရသော်လည်း အသံအားလုံးအတူတကွပေါင်းစည်းသွားသောအခါ အလွန်ထူးခြားသောခံစားချက်တစ်ခု ဖြစ်ပေါ်သွားစေ၏။
အပျက်အစီးများ၏အရှေ့တွင် ကျောက်တိုင်တစ်တိုင်ရှိသည်။ ၄င်းတွင် ရေးသားထားသည့် စာလုံးအကုန်လုံးနီးပါး မကျန်တော့သဖြင့် ၄င်းမှာ ယခုတွင် အက်ရာဗလပွနှင့် ဗလာကျင်းနေတော့သည်။
သူက ၄င်းကို လှမ်းကြည့်ပြီး လှည့်ပြန်တော့မည့်အချိန် ရုတ်တရက် သူ၏အမူအရာရိပ်ခနဲ ဖြစ်သွား၏။ တိမ်မည်းများကျော်ဖြတ်သွားပြီး ရုတ်တရက် လရောင်တို့ ဖြာကျလာသည်။ ကျောက်တိုင်ရှိ အက်ကွဲကြောင်း တစ်ခုထဲ၌ တစ်စုံတခုကို မန်ဟိုမြင်လိုက်ရသည်။ ထိုနေရာထဲတွင် ရွှေရောင်နွယ်ပင်ကဲ့သို့ သစ်ကိုင်းတစ်ကိုင်းရှိသည်။ ၄င်းသည် လူးလွန့်နေပုံရ၏။ ၄င်းကို လက်မအရွယ်ရှိသော အသီးသေးသေးလေးများအား ရစ်ပတ်ထားသည့် သစ်ရွက်များဖြင့် ဖုံးလွှမ်းနေချေသည်။
ဤသစ်သီးသည် သူ စောစောကချိုးဖျက်ခဲ့သော ကျောက်စိမ်းပြားမှဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ၄င်းက ချင်းလော်ဂိုဏ်းအလိုရှိသော ပစ္စည်းတစ်မျိုးဖြစ်ပြီး လကျောက်တုံးသစ်သီးဟုခေါ်လေသည်။
မန်ဟိုက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဘာမှမလုပ်ပေ။ သူက အေးစက်သောမျက်လုံးများဖြင့် လှမ်းကြည့်ရင်း တောင်ကုန်းပေါ်တွင်သာ ရပ်နေသည်။
သိပ်မကြာခင် ပုံရိပ်တစ်ခု အနီးနားရှိ သစ်တောမှ တဟုန်ထိုးထွက်လာ၏။ ၄င်းမှာ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ရှိ ကျင့်ကြံခြင်းအခြေခံဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။ သူက ကျောက်တိုင်ထံ တန်းတန်းမတ်မတ် ပြေးဝင်လာရာ မျက်စိတစ်မှိတ်အတွင်း ၄င်းအရှေ့ရောက်သွားသည်။ ထိုလူက လကျောက်တုံးသစ်သီးကို ယူရန် လက်လှမ်းလိုက်သည်။
သို့သော် သူ သစ်သီးတစ်လုံးကို ထိလိုက်သည့်အခိုက်အတန့်၌ အေးစက်သောအလင်းရောင်တစ်ခု ကျောက်တိုင်အတွင်းမှ ဖြာထွက်လာသည်။ သက်လတ်ပိုင်းလူက အံသြတုန်လှုပ်စွာဖြင့် နောက်ဆုတ်လိုက်၏။ အေးစက်သောအလင်းရောင်က အလင်းတန်းပေါင်းများစွာ အသွင်ပြောင်းရင်း သူထံ ပြေးဝင်လာသည်။
တဖောက်ဖောက်မြည်သံများး ထွက်ပေါ်လာပြီး ထိုလူမှာ သွေးအန်လိုက်ရသည်။ သူက အံ့အားသင့်နေသောမျက်နှာဖြင့် သူ့ကိုယ်သူ ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူဘာမှမလုပ်နိုင်ခင် သူ၏ခန္ဓာကိုယ်မှာ တုန်ခါလာ၏။ ရုတ်တရက် သူ၏ခေါင်းကား ပခုံးကြားမှ ပြတ်ထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ကျောက်တိုင်၏အက်ကြောင်းများထဲရှိ ရွှေရောင်နွယ်ပင်များ ဆန့်ထွက်လာပြီး ခေါင်းပြတ်ကိုယ်ကြီးကို ရစ်ပတ်လိုက်၏။ နွယ်တစ်ပင်က အသွေးသားထဲ စိုက်ဝင်သွားသည်။ ၄င်းက တစ်စုံတခုကို ဝါးမြိုနေပုံရလေသည်။ အသက်ရှူချိန်အနည်းငယ်ကြာသော် ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ ရွတ်တွခြောက်ကပ်သွားတော့သည်။
မန်ဟို ဤအဖြစ်အပျက်များအားလုံးကို တွေ့မြင်နေရသည်။ သူက မျက်လုံးများထဲမှ စူးရှသောအလင်းရောင်တစ်ခုထုတ်လွှတ်ရင်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။
"ဝါးမြိုနေတဲ့နွယ်ပင်တွေက ဘာတွေလဲ"
သူစောင့်ကြည့်နေချိန်မှာပင် ကျောက်တိုင်သည် တွန့်လိမ်ရှုံတွလာပြီး ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော တင်းမာခက်ထန်သည့်မျက်နှာထားနှင့် လူငယ်တစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူက ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင်ဖြစ်ပြီး နှောင်းပိုင်းအဆင့်နှင့်ပင် နီးကပ်နေလေပြီ။ သူ၏လက်မောင်းနှစ်ဖက်ကို ရေဘဝဲလက်တံများကဲ့သို့ဆန့်ထွက်နေသည့် အလုံးတုတ်တုတ်နွယ်ပင်များက ရစ်ပတ်ထားသည်။ သူ့ကား အတော်လေး ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။
မန်ဟို သူ့ကို ယခင်ကမြင်ဖူးသည်။ သူသည် သူနှင့်အတူ ဤနေရာသို့ ခရီးနှင်လာခဲ့သော ချင်းလော်ဂိုဏ်းသားတစ်ဦးဖြစ်သည်။ သူက ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်ရှိ ရွေးချယ်ခံများအကြားထဲ ရှိခဲ့လေသည်။
လူငယ်က ရွတ်တွနေသောအလောင်းကို လှည့်၍ပင်မကြည့်ပေ။ ထိုအစား သူက မန်ဟိုထိုင်နေသော တောင်ကုန်းထံသို့တည့်တည့် ခေါင်းလှည့်ကြည့်သည်။ သူ၏မျက်လုံးများ ဖျတ်ခနဲလက်သွား၏။
မန်ဟိုက သူ့ကိုပြန်ကြည့်ရင်း တင်ပျဥ်ခွေထိုင်နေသည်။ သူတို့နှစ်ယောက်အကြားထဲ မီတာအနည်းငယ်သာ ကွာဝေးလေသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေကြသည်။ ထို့နောက် လူငယ်က ရှေ့သို့တဟုန်ထိုးပြေးသွားပြီး လေပေါ်ခုန်တက်ကာ ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်း၍ မန်ဟို့ဆီ ဦးတည်လာသည်။
ထိုအချိန် သိပ်မကွာဝေးသော မတူညီသည့်နေရာတစ်နေရာတွင် ရှုချင်သည် မျက်နှာလေးဖြူဖပ်ဖြူလျော်နှင့် တဟုန်ထိုးသွားနေ၏။ သူမခြေထောက်အောက်က ရောင်စုံမြူတိမ်တိုက်သည် ပြိုကွဲခါနီးနေလေပြီ။ သူမအနောက်တွင်ကား ချင်းလော်ဂိုဏ်းမှ အစ်ကိုကျောက်ဖြစ်သည်။ မထီတထီ အပြုံးတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းနေ၏။ သူ့ဘေးတွင် ရွှယ့်မျိုးရိုးနှင့် နန့်တန့်တန့်အမျိုးသမီးရှိသည်။ သူတို့နှစ်ယောက်က ရှုချင်နောက်သို့ စိမ်ပြေနေပြေလိုက်နေကြသည်။
"ဂိုဏ်းတူညီမလေးရှု၊ မင်း အရင်တစ်ခေါက်က ကံကောင်းလို့ လွတ်သွားခဲ့တယ်" သူက ပြောသည်။ ဤကျောက်မျိုးရိုးနှင့် လူငယ်သည် အတော်လေးချောမော၏။ "ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ အစ်ကိုကြီးရှဲ့ကို လာဘ်ထိုးထားတယ်။ သူက မင်းကိုတွေ့ရင် ငါ့ကို အသိပေးဖို့ ဘယ်ဂိုဏ်းသားကိုမဆို အမိန့်ထုတ်ထားတယ် သိလား။ ကြည့်ပါဦး ငါတို့ဒီရောက်တာ နာရီအနည်းငယ်ပဲ ရှိသေးတယ် ငါမင်းကို ရှာတွေ့ပြီလေ" သူက တဟားဟားအော်လိုက်သည်။ သူ၏အသံ ရှုချင်၏နားထဲဝင်ရောက်လာသောအခါ သူမျက်နှာလေးမှာ ပို၍ပင် ဖြူဖျော့သွား၏။ သူမက အံတင်းတင်းကြိတ်ပြီး ဘာမှမပြောဘဲ တတ်နိုင်သမျှ မြန်မြန်ဆက်သွားနေသည်။ သို့သော် သူမမည်မျှမြန်မြန်သွားစေကာမူ အချည်းနှီးပင်။ အစ်ကိုကျောက်သည် ချီအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူမမှာ အမှန်တကယ် သူ့ကို မရှောင်တိမ်းနိုင်ပေ။
"ဂိုဏ်းတူညီမလေးရှု ၊ အစ်ကိုကျောက် နင့်ကို ကြိုက်တာ ကံကောင်းတယ်နော်။ ငါ့တုန်းကလဲ ဒီလိုမျိုး မကြိုက်ခဲ့ဘူး။ ဒါပေမယ့် အခု အကုန်အဆင်ပြေနေပြီလေ။ အကုန်လုံးအဆင်ပြေသွားလိမ့်မှာပါ" နန့်တန့်တန့်အမျိုးသမီးသည် ကျောက်အမည်ရှိလူငယ်၏လက်များ သူမတစ်ကိုယ်လုံးအား ပွတ်သပ်နေသည်ကို ဘာမှမလုပ်ပေ။ သူမက ရယ်ပင်ရယ်နေသေးသည်။
"ငါ မင်းကို ခက်ခဲအောင် မလုပ်ချင်ဘူး" အစ်ကိုကျောက်က မျက်လုံးများထဲရှိ ရမ္မက်မီးများပြင်းထန်လာရင်း ပြောသည်။ "ငါ မင်းရဲ့ ချယ်ရီလေးကိုပဲ လိုချင်တာ။ အလဲအလှယ်အနေနဲ့ မင်းကို ချီအခြေတည်ဆေးလုံးတစ်လုံးပေးမယ်။ ကဲ မမျှတဘူးလား။ ဒါကိုတောင် မင်းက ငါ့ကို ငြင်းဆန်နေသေးတယ်။ မင်းကို အဓမ္မသိမ်းပိုက်မှ အဆိုးမဆိုနဲ့နော်" သူက ညာဘက်လက်က လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်သည်။
လက်ချောင်းမှ လေစီးကြောင်းတစ်ကြောင်း ထုတ်လွှတ်လိုက်သည်။ ၄င်းက ရှူချင်ကို တိုက်ခတ်သွားရာ သူမဝတ်ရုံများ မြောက်တက်သွားပြီး အသားတော်တော်များများ လှစ်ဟပေါ်သွားလေသည်။ ရှူချင် အနည်းငယ်တုန်ရီသွားပြီး သူမနှုတ်ခမ်းထောင့်မှ သွေးတချို့ စီးကျလာ၏။ သို့ထိတိုင် သူမက အံကြိတ်၍သာ ဆက်သွားနေမြဲပင်။
ကျောက်မျိုးရိုးနှင့် လူငယ်က တဟားဟားသာ အော်ရယ်သည်။ သူက ရမ္မက်ခိုးဝေနေသောမျက်လုံးများဖြင့် လက်ကို ထပ်မြှောက်ပြန်သည်။
***