← Chapters

ကျီနှင့်အတူ

Vol. 12 Ch. 158

ကျီနှင့်အတူ

Vol. 12 Ch. 158

ဟန်ပေ့က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး စိတ်လှုပ်ရှားနေသော အရိပ်အယောင်တစ်ခု သူမမျက်နှာအပေါ် ဖြတ်ပြေးသွားသည်။ သူမက ညာလက်ကိုမြှောက်လိုက်ရာ ရှေးဟောင်းလခြမ်းကွေးသဏ္ဍာန်ကျောက်စိမ်းပြားတစ်ပြား ပျံထွက်လာသည်။ ၄င်းသည် အနက်ရောင်ဖြစ်လုနီးပါး အစိမ်းရင့်ရောင်ဖြစ်ပြီး သာမန်ထက် လုံးဝထူးခြားသော ပုံပန်းသွင်ပြင်ရှိလေသည်။ ၄င်းမှာ လူတစ်ယောက် လက်ထဲတွင် ပုံမှန်အတိုင်းကိုင်ထားနိုင်သည့်ပစ္စည်းမဟုတ်ဘဲ နေ့အလင်းရောင်ကို ဘယ်တော့မှမမြင်ရသော ရှေးသင်္ချိုင်းတစ်ခုထဲ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသင့်သည့် ပစ္စည်းတစ်မျိုးအလားပင်။ ၄င်း၏အရောင်သည် အေးစက်သော သေခြင်းတရားချီအမြောက်အမြားစုပ်ယူထားခြင်း၏ရလဒ်ဖြစ်ဟန်တူသည်။

လခြမ်းကျောက်စိမ်းပြားက ပျံထွက်လာပြီးနောက် တောက်ပသောအလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်ရာ ပတ်ပတ်လည်ရှိအရာအားလုံးကို ဖုံးလွှမ်းသွား၏။ အလင်းရောင်မှာ ဧရာမဒယ်အိုးကြီး၏မျက်နှာပြင်ပေါ်ရှိ အက်ကြောင်းထံ တဟုန်ထိုးပြေးဝင်သွားသဖြင့် ဂယက်များရိုက်ခတ်သွားပြီးနောက် ၄င်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

"ဒါက အချိန်ဖြစ်စဥ်ရဲ့ နောက်ဆုံးအတွဲနှစ်တွဲရှိတဲ့နေရာပဲ" ဟန်ပေ့က ပြောသည်။ သူမက ရှေ့သို့ပျံသန်းသွားရာ ရှဲ့ကျဲ၊ လီအမျိုးသမီး၊ ရှုယိုတောက်နှင့် ခဲရောင်ဝတ်ရုံနှင့်လူတို့ နောက်က လိုက်သွားကြသည်။

မန်ဟိုလည်း အတူတကွ လိုက်ပါသွား၏။ အလင်းတန်းခြောက်တန်းသည် ဧရာမဒယ်အိုးကြီးနှင့် နီးကပ်သထက် နီးကပ်လာရင်း ရှေ့သို့ တဟုန်ထိုး သွားနေကြသည်။ သူတို့က အက်ကြောင်းအရှေ့တွင် ရပ်လိုက်ကြသည်။ အတွင်း၌ မြူထုတစ်ခု လွင့်မျောနေပြီး ခပ်ပါးပါးသာဖြစ်သော်လည်း အရာအားလုံးကို လွှမ်းခြုံထားလေသည်။ အထဲတွင် အမှောင်ထုကလွဲင ဘာမှမရှိပေ။

အက်ကြောင်းအနားရောက်သည်နှင့် ရှဲ့ကျဲက သိုလှောင်အိတ်ကို ပုတ်သည်။ အစိမ်းရောင်အလင်းတန်း ထွက်ပေါ်လာပြီး အမွေးပွပွ အစိမ်းရောင်သားရဲတစ်ကောင်အဖြစ် အကောင်အထည်ပေါ်လာ၏။ ၄င်း၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ အက်ကြောင်းထံ တန်းတန်းမတ်မတ်ဦးတည်သွားသည်။ သို့သော် ၄င်းမြူကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် မချိတင်ကဲအော်ဟစ်ပြီး ၄င်း၏ခန္ဓာကိုယ်ကား အပိုင်းပိုင်းစုတ်ပြဲသွားတော့သည်။

စောင့်ကြည့်နေသူများ၏ ရင်ထဲ၌ သတိများပြည့်နှက်သွားသည်။

"အံမခန်း စိတ်ဝိညာဥ်အာရုံနဲ့ လူတစ်ယောက်သာ မြူထုကိုမပြီး ဒီအက်ကြောင်းကို ဖာနိုင််တယ်" ဟန်ပေ့ကပြောသည်။ "ဒါဆို ကျွန်မတို့ ဝင်နိုင်ပြီ" သူမက တစ်စုံတစ်ခုကို တွက်ချက်နေသည့်အလား ကောင်းကင်ကို မော့ကြည့်ပြန်သည်။ ထို့နောက် သူမက လှည့်ပြီး မန်ဟို့ကို ကြည့်သည်။

သူမတင်မဟုတ်။ ရှုယိုတောက်၏အကြည့်သည်လည်း သူ့အပေါ်ကျရောက်လာ၏။ မန်ဟိုနှင့်လီအမျိုးသမီးတိုက်ပွဲအပြင် သူ၏စိတ်ဝိညာဥ်အာရုံမှ မယုံကြည်နိုင်ဖွယ်စွမ်းအားက ရှယိုတောက်ကို အတော်လေးအထင်ကြီးသွားစေခဲ့လေသည်။

"တာအိုရောင်ရင်းဟန်၊ ခင်ဗျား နောက်နေတာဖြစ်ရမယ်" မန်ဟိုက အတော်လေး မချေမငံပြော၏။ "ဒီဒယ်ဇောက်အိုးက ဟိုးမရေမတွက်နိုင်တဲ့နှစ်ပေါင်းများစွာထဲက ရှိနေခဲ့တာလေ။ သူ့ချီက သာမန်ထက်ပိုတယ်။ ကျုပ် အက်ကြောင်းကိုတောင် ထိနိုင်မယ် မထင်ဘူး"

"တာအိုရောင်ရင်းမန်၊ ရှင်နားလည်မှုလွဲနေပြီ" သူမက ကပျာကယာပြောသည်။ "ဟုတ်ပါတယ်။ ဒီဒယ်အိုးက ကျွန်မတို့လိုကျင့်ကြံခြင်းအခြေခံနဲ့လူတွေ မထိနိုင်တဲ့အရာဆိုတာ ကျွန်မသိပါတယ်။ ကျွန်မမှာ အက်ကြောင်းကို ဖယ်ရှားပစ်နိုင်တဲ့ မိသားစုဘိုးစဥ်ဘောင်ဆက်ရတနာတစ်ပါး ရှိတယ်။ ဒါပေမယ့် အဲ့တာကို စိတ်ဝိညာဥ်အာရုံနဲ့ ညွှန်ကြားမှ ဖြစ်မှာ။ အဲ့ဒီလိုလုပ်ရင် ကျွန်မတို့ အက်ကြောင်းကို ဖာနိုင်ပြီ" သူမ က စကားပြောနေစဥ် သိုလှောင်အိတ်ကို ရိုက်ပြီး လက်ဝါးအရွယ်ယပ်တောင်အသေးစားတစ်ခု ထုတ်လိုက်သည်။ ၄င်းတွင် ငှက်မွှေးသုံးချောင်းသာပါရှိပြီး တစ်ချောင်းစီမှာ မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

"တစ်ယောက်ပဲ ရတနာကို သုံးနိုင်တယ်။ ပြီးတော့ ရှင့်ရဲ့ စိတ်ဝိညာဥ်အာရုံက ကျွန်မတို့အဖွဲ့ထဲ အစွမ်းထက်ဆုံးလေ။ ရှင်အကူအညီပေးနိုင်မယ်လို့ ကျွန်မတကယ်မျှော်လင့်မိပါတယ်။ ကျွန်မတို့ အထဲရောက်တာနဲ့ ရှင်ဘာမှလုပ်စရာမလိုတဲ့ တခြားနေရာတွေ ရှိမှာပါ။ ဒီပစ္စည်းက ယပ်တောင်ပဲ။ သူ့ရဲ့စိတ်ဝိညာဥ်ကို စိတ်ဝိညာဥ်အာရုံနဲ့ တွန်းအားပေးရင် ကျွန်မကျင့်ကြံခြင်းအခြေခံတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ စွမ်းအားထုတ်ပေးလိမ့်မယ်။ ဒါက ဟန်မျိုးနွယ်စု ဒီနေရာအတွက် အထူးသီးသန့်ပြုလုပ်ထားတဲ့ ရတနာတစ်ပါးပဲ"

မန်ဟိုက ယပ်တောင်ကို တည်ငြိမ်စွာ တခဏကြည့်ပြီးနောက် သူ့လက်ကို မြှောက်လိုက်သည်။ ယပ်တောင်သည် သူ့ထံပျံသန်းလာ၏။ သူက ၄င်းကို အချိန်အနည်းငယ် စစ်ဆေးကြည့်သော်လည်း ပထမဆုံး မထိပေ။

နောက်ဆုံး၌ သူက ခေါင်းညိတ်လိုက်သည်။

သူ သဘောတူသည်ကိုမြင်မှ ဟန်ပေ့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမက နားလည်မှုလွဲခြင်းတစ်စုံတရာမဖြစ်စေရန်အလို့ငှာ မန်ဟိုနှင့် ဝေးရာသို့ ရွှေ့လိုက်သည်။

သူသည် ခံစားချက်မဲ့သောအသွင်ဖြင့် သူ၏စိတ်ဝိညာဥ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ၄င်းထွက်ပေါ်လာစဥ် ဟန်ပေ့နှင့်အခြားသူများသည် အာရုံစိုက်ပြီး ပြင်းထန်သောစွမ်းအားကို အာရုံခံကာ သူတို့၏စိတ်ဝိညာဥ်အာရုံကိုယ်စီဖြင့် နှိုင်းယှဥ်လိုက်ကြသည်။ သူတို့အားလုံး ပို၍ပင် သတိရှိလာကြလေသည်။

မန်ဟိုက ယပ်တောင်အထဲ စိတ်ဝိညာဥ်အာရုံပို့လွှတ်၍ စစ်ဆေးလိုက်သည်။ အသေအချာပင် ၄င်းက ဟန်ပေ့နှင့်ချိတ်ဆက်လျက် တံဆိပ်ခတ်နှိပ်ခံထားရလေသည်။ ဧရာမဒယ်အိုးကြီးရှိ အက်ကြောင်အား မန်ဟိုခေါင်းထောင်ကြည့်လိုက်သည်။

တခဏကြာသော် သူက သူ၏လက်ကိုမြှောက်ပြီး ရှေ့သို့ ခတ်လိုက်သည်။ ယပ်တောင်သည် ရုတ်တရက် မီးထတောက်သွား၏။ ငှက်မွှေးသုံးချောင်း ထူးခြားဆန်းကြယ်စွာ လူးလွန့်လာပြီး မန်ဟို့ပတ်လည်တွင် လေပွေတစ်ခု ဖြစ်တည်လာသည်။

သူ၏လက် ရှေ့ရောက်သွားသည်နှင့် လေပွေက မြူထုထံ ပြေးဝင်သွားသည်။ ဝုန်းခနဲ ပေါက်ကွဲသံ ပဲ့တင်ထပ်သွား၏။ မြူထုသည် ချက်ချင်း တလိပ်လိပ်ထလာပြီး ဆူပွက်လာသည်။ ပထမတွင် ၄င်းတို့ တစ်ခုကိုတစ်ခု ချေဖျက်တော့မည့်ပုံရသည်။ သို့သော် လေပွေမှာ လုံလုံလောက်လောက် အားမကောင်းသဖြင့် လွင့်စင်ပျောက်ကွယ်လာတော့သည်။

"အက်ကြောင်းကို ဖျက်ပစ်လို့ရတယ်။ ဒါပေမယ့် တော်တော်လေး အားကုန်တယ်"မန်ဟိုက အက်ကြောင်းထဲက မြူများ ပြန်လည်မွေးဖွားနေသည့်အလား ၄င်းဘာသာ ပြန်လည်ဖြည့်တင်းနေသည်ကို ကြည့်သည်။ သူက တခဏစဥ်းစားပြီးနောက် ညာလက်ကိုမြှောက်ကာ ပို၍ပင်များပြားသော စိတ်ဝိညာဥ်အာရုံထုတ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ယခင်ပို၍အသုံးပြုလိုက်သောကြောင့် ယပ်တောင်ပေါ်ရှိ မီးတောက်များ ပို၍အံသြတုန်လှုပ်ဖွယ်ကောင်းစွာ တဟုန်းဟုန်းတောက်လာတော့သည်။ ယခုတွင် မီးတောက်များသည် အရောင်နှစ်ရောင်ရောစပ်နေ၏။

မန်ဟို၏ စိတ်ဝိညာဥ်အာရုံစွမ်းအား သူတို့ထက် နှစ်ဆကျော်ပုံရကြောင်း ခံစားလိုက်ရသဖြင့် ဝိုင်းကြည့်နေကြသူများ၏သူငယ်အိမ်များ ကျုံ့သွားကြသည်။ ဤအခြင်းအရာက သူတို့ကို အမြုတေအထိ တုန်လှုပ်သွားစေသည်။ အထူးသဖြင့် မန်ဟို့ကို ကြည့်နေသော ဟန်ပေ့၏မျက်လုံးများမှာ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေချေသည်။

ယပ်တောင်က မန်ဟို၏စိတ်ဝိညာဥ်အာရုံကို မြန်နိုင်သမျှ မြန်မြန်စုပ်ယူနေပုံရသည်။ သူက သတိကြီးကြီးထား၍ ရှေ့တက်သွား၏။ သူထိန်းချုပ်နိုင်စွမ်းကင်းမဲ့မည့် လက္ခဏာတစ်စုံတရာ ပေါ်ပေါက်လျှင် သူသည် ၄င်းနှင့် သူ၏စိတ်ဝိညာဥ်အာရုံချိတ်ဆက်မှုကို ချက်ချင်းဖြတ်တောက်လိုက်မည်ဖြစ်သည်။

လေပွေ နောက်တစ်ဖန်ပေါ်လာပြီး ယခင်တစ်ခေါက်ထက်ပင် ပို၍အစွမ်းထက်လေသည်။ တခဏအတွင်း မန်ဟို၏ပုံရိပ်သည် ၄င်း၏တဝေါဝေါတိုက်နေသောလေပြင်းမျအကြား မမြင်ရလုနီးပါး ဖြစ်သွား၏။ ကြည့်ရှုနေကြသူများမှာ သူ၏ပုံရိပ် လက်ကို ရှေ့သို့ဝှေ့ယမ်းနေသည်ကိုသာ မြင်သည်ဆိုရုံလေး မြင်လိုက်ကြရသည်။

သူထိုသို့လုပ်လိုက်စဥ် ယပ်တောင်၏ပထမငှက်မွှေးသည် ချက်ချင်း မီးလောင်ပြာကျသွားပြီး ဒုတိယငှက်မွှေး စတင်ပျက်စီးလာသည်။ လေသည် တဝေါဝေါအော်မြည်ရင်း အားကောင်းသထက် အားကောင်းလာသည်။ ၄င်း မြုထုကို ဝင်တိုက်လိုက်သည့်အချိန် ယပ်တောင်၏တတိယငှက်မွှေးကား ပြာကျပျောက်ကွယ်သွားတော့သည်။

ယခုတွင် ယပ်တောင်တစ်ခုလုံး ပျက်စီးသွားလေရာ ဟန်ပေ့နှလုံးသား အတန်ငယ်ပျော့ပျောင်းသွားစေ၏။ ထို့နောက် သူမအကြည့် စူးရှသွားသည်။ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းက ဤအဆင့်တွင် အဖြေထွက်လိမ့်မည်။

ဝုန်း

ဧရာမလေပွေကြီး မြူထုနှင့် ဝင်တိုက်လိုပ်သဖြင့် ပေါက်ကွဲမှုလှိုင်းကြီး ရိုက်ခတ်သွားသည်။ ၄င်းတို့က တစ်ခုကိုတစ်ခု ဝါးမြိိုလိုက်ကြပြီး ရုတ်တရက် မြူများအတွင်း အပေါက်တစ်ပေါက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အေးစိမ့်သော အေးခဲချီတစ်ခု ဒယ်ဇောက်အိုးအတွင်းမှ တဟုန်ထိုး ထွက်လာပြီး ကျင့်ကြံသူအဖွဲ့ကို တိုးဝှေ့သွားလေသည်။

ယင်းမှာ ခေတ်ပေါင်းများစွာ ပိတ်နေခဲ့သည့် တံခါးတစ်ချပ်ပွင့်သွားသကဲ့သို့ဖြစ်သည်။ နှစ်ပေါင်းများစွာ ပိတ်လှောင်ခဲ့ရသည် ချီသည် မန်ဟိုနှင့်အခြားသူများကို ဖြတ်စီးဆင်းရင်း ဝုန်းခနဲထွက်ပေါ်လာသည်။ ဤမျှသာဆိုလျှင် အရေးမကြီးပေ။ သို့သော် အချိန်၏ အေးခဲချီအတွင်းတွင် လူခြောက်ယောက်ကို ဖြတ်၍တိုက်ခတ်သွားသော မှတ်ဉာဏ်များပါရှိသည်။ ရုတ်တရက် သူတို့အရှေ့တွက် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ပုံရိပ်များ ပေါ်ထွက်လာ၏။

အမြင်အာရုံအတွင်းတွင် ဧရာမ အံ့ဖွယ်ကြေးဒယ်အိုးကြီးတစ်လုံး မြင်နိုင်သည်။ ၄င်းသည် အနီရောင်ကောင်းကင်၏အောက်၊ ကမ္ဘာမြေကြီး၏အပေါ်တွင် လွင့်မျောနေသည်။ အံမခန်းလိလိ လျှပ်စီးမိုးကြိုးများက ၄င်းကို ဘာမှမရှိတော့သည်အထိ ခြေမွေဖျက်စီးပစ်ချင်သည့်အလား ၄င်း၏မျက်နှာပြင်ပေါ်သို့ ကျရောက်ပစ်ခတ်လျက်ရှိသည်။

သို့သော် ဒယ်အိုးကြီးက အလျှော့မပေးဘဲ မိုးထစ်ခြုန်းသံတို့အလယ်တွင် မြင့်တက်နေသည်။ အပေါ်ထက် အနီရောင်ကောင်းကင်တွင် ရေဝဲတစ်ခုပေါ်လာပြီး ၄င်းနောက်တွင် အခြားကမ္ဘာတစ်ခုကို မြင်သည်ဆိုရုံလေး မြင်ရ၏။ ဒယ်အိုးကြီးသည် မိုးကောင်းကင်ကို အာခံ၍ ရေဝဲကိုဖြတ်၍ နောက်ကွယ်က ဝိုးတိုးဝါးတားကမ္ဘာထံ သွားရောက်လိုနေချေသည်။

အောက်ဖက်မြေကြီးပေါ်တွင် ပုံရိပ်သိန်းသန်းပေါင်းများစွာရှိ၏။ ၄င်းတို့က မြေကြီးပေါ်ဝမ်းလျားမှောက်၍ ကျမ်းစာများကို တစ်ပြိုင်တည်းရွတ်ဖတ်နေကြသည်။ ၄င်းတို့၏ အသံများ အတူတကွစုပေါင်းသွားကြပြီး ပဲ့တင်ထပ်နေချေသည်။ အသံ သူ့နားထဲရောက်လာသောအခါ တင်ပျဥ်ခွေထိုင်ပြီး ကျမ်းစာရွတ်ဖတ်နေသော ချင်းလော်ဂိုဏ်းသားများကို မန်ဟို တွေးလိုက်မိသည်။ သူတို့ရွတ်နေသောအရာကို သူသဲသဲကွဲကွဲမသိသော်လည်း....အသံကခပ်ဆင်ဆင်ရှိလေသည်။

ရုတ်တရက် ဒယ်အိုးအတွင်းမှ အသံတစ်သံ ဟိန်းထွက်လာသည်။ "ဒါက ကောင်းကင်ရဲ့အမိုးကို ကြယ်တွေနဲ့ အစားထိုးဖို့၊ ကောင်းကင်ရဲ့အမိုးနဲ့ ငါ့မျက်လုံးတွေကို ပိတ်ကွယ်ဖို့၊ လောကသစ်ပင်ကို ဟန့်တားဖို့၊ ကြယ်တွေ ကြေမွပျက်စီးစေဖို့ အရှင့်ဆုတောင်းဖြစ်တယ်။ ငါ့သခင် အိပ်ပျော်ရင် အိပ်ပျော်နေမယ်။ ဒါပေမယ့် သူက ကျီနဲ့ တစ်မိုးအောက်မှာ အတူတူရှိနေနိုင်သေးတယ်" ကောင်းကင်မှ မိုးကြိုးသည် ဒယ်အိုးကြီးကို ဖျက်စီးရန် အဆက်မပြတ် ကျဆင်းလာသည်။ ရုတ်တရက် အမြင်အာရုံသည် မန်ဟိုမှလွဲ၍ အခြားသူများ၏မျက်လုံးများမှ ပျောက်ကွယ်သွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် အံသြတုန်လှုပ်နေသောအသွင်များဖြင့် ကြည့်လိုက်ကြသည်။

သို့သော် မန်ဟိုသည် ဒယ်အိုးနှင့် အတန်ငယ်ပို၍နီးကပ်ပြီး အချိန်လေဟပ်ခြင်းးကို ပထမဆုံးတွေ့ဆုံသူဖြစ်သည်။ သူ၏အမြင်အာရုံသည် အတန်ငယ်ပိုရှည်လျား၏။

သူက ဧရာမကြေးဒယ်အိုးကြီးဆက်လက် မြင့်တက်နေသည်ကို မြင်နေရသည်။ အနီရောင်ကောင်းကင်မှ ကျဆင်းလာသော မိုးကြိုးများသည် တစ်ခုနှင့်တစ်ခု အတူတကွပေါင်းစည်းလာကြသည်။ မိုးကြီးမည်မျှ ပေါင်းစည်းပြီး ဧရာမလှံတံကြီးဖြစ်လာသည်လဲ ပြောရန်မဖြစ်နိုင်ပေ။ လှံကြီးသည် လျှပ်စီးစက်ကွင်းများ ခြံရံလျက်ရှိသော လွှကြီးသဖွယ် ဒယ်ဇောက်အိုးကြီးထံ ထိုးဆင်းလာ၏။

ပေါက်ကွဲသံတစ်သံပဲ့တင်ထပ်သွားပြီး ဧရာမကြေးဒယ်အိုးကြီး တသိမ့်သိမ့်တုန်ခါသွားးသည်။ အက်ရာကြီးတစ်ကြောင်း ၄င်းတစ်လျှောက် အက်လာ၏။ ၄င်းက ဆက်မမြှောက်တက်တော့ဘဲ ကျဆင်းလာသည်။ ၄င်းသည် မြေကြီးနှင့်ဝင်တိုက်သွားပြီးနောက် နောက်ထပ်အသံတစ်သံ ဟိန်းထွက်လာသည်။ ယင်းကား သက်ပြင်းချနေပုံရလေသည်။

"မင်းက ငါ့ကို ဒီနေရာကနေ ဒီဒယ်အိုး ယူသွားခွင့်မပြုလိုဘူးပဲ။ ဒါဆိုရင်တော့....မင်းကျရှုံးမယ့်နေ့ရက်ကို စောင့်ရင်း ဒီမှာ ထာဝရလဲလျောင်းနေတော့မယ်"

ဤအချိန်တွင် မန်ဟို၏မျက်လုံးများမှ အမြင်အာရုံပျောက်ကွယ်သွားသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် ဒယ်အိုးကို ခေါင်းမော့ကြည့်လိုက်သည်။ ယခုတွင် မြူများနှင့် အက်ကြောင်းကား ပျောက်ကွယ်နေလေပြီ။

ဟန်ပေ့၏မျက်နှာပေါ်တွင် ပူပန်နေသာအမူအရာတစ်ခုပေါ်လာသည်။ သူမက နည်းနည်းလေးပင် တုံ့ဆိုင်းမနေဘဲ အက်ကြောင်းထံပျံသန်းသွားသည်။ ကျန်လူများလည်း စကားတစ်ခွန်းမဆိုဘဲ မျက်လုံးများ စူးရှတောက်ပလျက် နောက်မှာလိုက်ပါသွားကြသည်။

မန်ဟိုသည် သူတို့နှင့်အတူ အက်ကြောင်းထံသို့ အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းနေသည်။သူ ဒယ်အိုးထဲဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စကြဝဠာအိတ်ထဲက ကြေးမုံပူလာကြောင်း မန်ဟိုခံစားလိုက်ရသည်။

သို့သော် ယခုအချိန်မှာ ၄င်းကို စစ်ဆေးရမည့်အချိန်မဟုတ်ပေ။ မန်ဟို ဒယ်အိုးကြီးထဲဝင်ရောက်လိုက်သည်တွင် သူ့ကိုယ်သူ လျှပ်စီးမိုးကြိုးကမ္ဘာထဲ၌ တွေ့လိုက်ရလေသည်။

ဒယ်အိုး၏အတွင်းမှာ မီတာထောင်ပေါင်းများစွာရှိသော နေရာတစ်နေရာဖြစ်သည်။ ၄င်းသည် တဂျိန်းဂျိန်းထစ်ခြုန်းနေသော မိုးကြိုးများနှင့် ပကတိပြည့်နှက်နေရာ မြစ်တစ်စင်းပမာဖြစ်နေတော့သည်။ မိုးကြိုးပေါင်းများစွာ၏ လျှပ်ရောင်များက နေရောင်သဖွယ် အလွန်စူးရှဝင်းလက်လျက်ရှိသည်။

သို့သော် အဖွဲ့အတွက် ဒယ်အိုးအတွင်းက ကမ္ဘာကို ကြည့်ရန် အချိန်မရှိပေ။ သူတို့အလယ်မှ သွေးပျက်ချောက်ချားဖွယ် အသံတစ်သံထွက်ပေါ်လာ၏။

လီအမျိုးသမီးက နောက်ဆုံးမှ ဝင်ရောက်သူဖြစ်သည်။ သူမဝင်လာသည့်အခိုက်တွင် လျှပ်စီးတန်းကြီးတစ်တန်းသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့်် ထိုးဆင်းလာ၏။ ၄င်းက သူမကို ပစ်ချလိုက်သည်။ သူမက စူးစူးဝါးဝါးအော်လိုက်ပြီး သူမခန္ဓာကိုယ်မှာ မီးလောင်ပြာကျသွားတော့သည်။ သူမသိုလှောင်အိတ်ပင်လျှင် အစအနမကျန်ပြာကျသွား၏။

***

All Chapters