← Chapters

အပြင် လေးထောင့်၊ အထဲ စက်ဝိုင်း၊ မိုးကောင်းကင်၏ ဦးတည်ရာ

Vol. 12 Ch. 159

အပြင် လေးထောင့်၊ အထဲ စက်ဝိုင်း၊ မိုးကောင်းကင်၏ ဦးတည်ရာ

Vol. 12 Ch. 159

ယင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် ရှုယိုတောက်၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူ့ဘေးရှိ ခဲရောင်ဝတ်ရုံကျင့်ကြံသူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက သိုလှောင််အိတ်ကိုပုတ်ကာ သစ်သားစာလိပ်တစ်လိပ်ထုတ်လိုက်သည်။

၄င်းက မိုးကြိုးကို တွန်းလှန်နိုင်ပုံရသော အပြာရောင်အလင်းရောင်တစ်ခု ထုတ်လွှတ်နေသည်။ အပြာရောင်အလင်းသည် ခဲရောင်ဝတ်ရုံနှင့်ကို ဝန်းရံလှည့်ပတ်နေပြီး သူက အခြားမည်သူ့အနားတွင်မှ မရပ်လိုသည့်အလား နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

ရှဲ့ကျဲမျက်နှာလည်း ရိပ်ခနဲဖြစ်သွား၏။ ခဲရောင်ဝတ်ရုံနှင့်လူပတ်လည်၌ အပြာရောင်အလင်း ပေါ်လာသည့်တစ်ချိန်တည်းမှာပင် သစ်သားရုပ်တုတစ်ခု ရှဲ့ကျဲလက်ထဲတွင် ပေါ်လာသည်။ ရုပ်တုတွင် ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက်ရှိ၏။ ၄င်းသည် ပေါ်လာသည်နှင့် တောက်ပနေသောအလင်းဖျော့ဖျော့ အသွင်ပြောင်းပြီး ရှဲ့ကျဲကို ဝိုင်းပတ်လိုက်သည်။

ဟန်ပေ့က ရှဲ့ကျဲနှင့် ခဲရောင်ဝတ်ရုံနှင့်လူထက်ပင် ပိုလျင်သေးသည်။ သုံးရောင်ခြယ်ကြာပလ္လင်တစ်ဆူ သူမအရှေ့တွင် ပေါ်လာ၏။ သိသာစွာပင် ၄င်းသည်လည်း မိုးကြိုးအကာအကွယ်ရတနာတစ်မျိုးဖြစ်သည်။

ရှုယိုတောက်နှင့် မန်ဟိုသာလျှင် ထိုကဲ့သို့ပစ္စည်းများ မရှိပုံထောက်သည်။ ရှုယိုတောက်က အေးစက်စက်နှာမှုတ်ပြီး ဆေးလုံးတစ်လုံးသဏ္ဍာန် အပြာရောင်ရတနာတစ်ခုကို ဖွင့်လိုက်သည်။ ဆေးလုံးသည် စိမ်းပြာရောင်ဒိုင်းတစ်ခုထုတ်လွှတ်၍ သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။

ဤအရာအားလုံးကို မြင်သောအခါ မန်ဟိုက သွေးအေးအေးရယ်လိုက်သည်။ အခြားသူသုံးယောက်ကား သိသာစွာပင် တိတ်တဆိတ်ပူးပေါင်းထားကြလေသည်။ မဟုတ်လျှင် သူတို့အားလုံး မည်သည့်အတွက်ကြောင့် မိုးကြိုးအကာအကွယ်ရတနာများ အသင့်ပြင်ဆင်လာကြမည်နည်း။ သူနှင့် လီအမျိုးသမီးသာလျှင် မပြင်မဆင်လာခဲ့ခြင်းဖြစ်သည်။

"သိပ်လှတဲ့အကွက်ပဲ၊ တာအိုရောင်ရင်းဟန်" မန်ဟိုက သူတို့လေးယောက်ကို ဝေ့ကြည့်ရင်း အေးအေးဆေးဆေးပြောသည်။

"ဒီလောက် မိုးကြိုးတွေများလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မထင်ထားခဲ့ဘူး" ဟန်ပေ့က ညင််သာစွာ ပြောသည်။ "ဒါကြောင့် ရှင်ဘာပြောနေတာလဲ ကျွန်မ မသိဘူး။ တာအိုရောင်ရင်းမန်၊ ရှင့်မှာ မိုးကြိုးအကာအကွယ်ပစ္စည်းမရှိရင် ဒီမိုးကြိုးဆန့်ကျင်သစ်ရွက်ကို သုံးလို့ရပါတယ်။ ဘာမှမရှိတာထက်စာရင်တော့ အသင့်အတင့်အသုံးဝင်တာပေါ့" ကြည်လဲ့နေသောသစ်ရွက်တစ်ရွက် သူမလက်ထဲတွင် ပေါ်လာပြီး သူမက မန်ဟို့ကိုကြည့်သည်။ အမှန်တွင် သူမသည် သူ ဒယ်အိုးထဲ ဝင်ရောက်ခဲ့သည့် အခိုက်အတန့်မှစ၍ တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပျက်လာသောအခါ သူမ၏မျက်လုံးများ အရောင်လက်သွားသည်။

သူတို့ဘာတွေးနေသည်လဲ ပြောရန်မဖြစ်နိုင်သော်လည်း ရှဲ့ကျဲနှင့် အခြားလူနှစ်ယောက်လုံး မန်ဟို့ကို ကြည့်နေကြသည်။ သူတို့၏မျက်လုံးများကား အဖြေမပေးနိုင်သော မေးခွန်းများဖြင့် ပြည့်နှက်နေပုံရသည်။

သူတို့အပေါ်တွင် လျှပ်ပန်းလျှပ်နွယ်များ တဝင်းဝင်းလက်နေပြီး တဂျိန်းဂျိန်းမိုးထစ်ခြုန်းသံများ လေထဲတွင် ပြည့်နှက်နေသည်။ ၄င်းမှာ စွမ်းအားကြီးမားပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ လျှပ်စီးတစ်တန်းစီသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကိုပင် ပစ်ချရန် လုံလောက်သည်အထိ ရက်စက်ပြင်းထန်ပုံရသည်။

ရုတ်တရက် လျှပ်စီးတစ်တန်းက သူတို့အလယ်ကို ပစ်ချလိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသွားကာ လျှပ်စီးတန်းသည် မရေမတွက်နိုင်သော လျှပ်စီးစက်ဝန်းပြတ်များအဖြစ် ပြိုကွဲသွားသည်။

"ကျုပ်မှာ မိုးကြိုးအကာအကွယ်ပစ္စည်း မရှိပေမယ့် မိုးကြိုးညှို့ယူပေးတဲ့ နည်းလမ်းတစ်ခုတော့ရှိတယ်" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ သူ့ပတ်လည်တွင် လျှပ်စီးတိမ်တိုက်ပေါ်လာပြီးနောက် လျှပ်စီးအလံအဖြစ် ပေါင်းစည်းသွားသည်။

မန်ဟို ခံယူခဲ့သော ပြစ်ဒဏ်မိုးကြိုးပါဝင်သော အမျှင်များအပါအဝင် လျှပ်စီးများ ၄င်းပတ်လည်တွင် ဝန်းရံလည်ပတ်လျက်ရှိသည်။ ၄င်းသည် သိသာထင်ရှားစွာပင် အံ့မခန်းပစ္စည်းတစ်ခုဖြစ်၏။ အနီးနားရှိ လျှပ်စီးတန်းမှာ ဆွဲငင်ခံနေရသည့်အလား တွန့်လိမ်ကောက်ကွေးလာသည်။

ပတ်ဝန်းကျင်ရှိ လျှပ်စီးတန်းအားလုံးသာ အမှန်တကယ် ညှို့ယူခံရလျှင် အခြားသူများ၌ မိုးကြိုးအကာအကွယ်ပစ္စည်းရှိစေကာမူ အသုံးမဝင်တော့ပေ။ သူတို့အားလုံး လီအမျိုးသမီးကဲ့သို့ တမုဟုတ်ချင်း ပြာကျသွားမည်ဖြစ်သည်။

လျှပ်စီးအလံပေါ်လာပြီး သူတို့ပတ်လည်ရှိ လျှပ်စီးတန်းများ တသိမ့်သိမ့်လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက အလံကို သူ၏ပါးစပ်ထဲ ပြန်စုပ်ယူလိုက်သည်။ စုဆုံလာသော လျှပ်စီးတန်းများ လွင့်စင်ပျောက်ကွယ်သွားသည်။ သို့သော် အလံသာ ဤနေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေပါက ၄င်းသည် မိုးကြိုးကို ညှို့ယူမည်ဖြစ်ပြီး သူတို့အားလုံး သေသွားပေလိမ့်မည်။

ရှဲ့ကျဲ၏ အမူအရာရိပ်ခနဲ ဖြစ်သွားပြီး ခဲရောင်ဝတ်ရုံနှင့်လူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ရှုယိုတောက်က ပင့်သက်ရှိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ မန်ဟိုကို ကြောက်လန့်ခြင်းတို့က သူတို့၏မျက်လုံးများထဲ အထင်းသားပင်။

အန္တရာယ်အာရုံများ သူတို့၏ခေါင်းထဲတွင် ပြည့်နှက်သွားပြီး သူတို့၏နှလုံးသားများ တဒိန်းဒိန်းခုန်လာသည်။ အရုပ်ဆိုးသောအမူအရာများ သူတိို့၏မျက်နှာများတွင် ချက်ချင်း ပြည့်နှက်သွား၏။

ရှဲ့ကျဲ စကားပြောလိုက်စဥ် သူ၏အသံသည်လည်း ခက်ထန်လျက်ရှိသည်။ "တာအိုရောင်ရင်း ၊ ခင်ဗျား သိပ်ပိုလွန်းမနေဘူးလား" သူက မန်ဟို့တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားပြီး သတိအပြည့်ဖြင့် ပြောသည်။

ရှုယိုတောက်မှာ မန်ဟို၏ရက်စက်ကြမ်းကြုတ်ကို နှစ်ခါတိတိကြုံတွေ့ခဲ့ပြီးလေပြီ။ ယခုတွင် သူက ဘာမှမပြောဘဲ သူကို ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် ကြည့်သည်။ သူ့မှာ နောက်တစ်ဖန် ကြိတ်၍ သက်ပြင်းချလိုက်ရပြန်သည်။ သူ့မျက်လုံးထဲတွင် မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်တချို့ထက် မနိမ့်ကျပေ။

သူက မိုးကြိုးအကာအကွယ်ပစ္စည်းမလို၊ မိုးကြိုးညှို့ယူပစ္စည်းတစ်ခုဖြင့် ရုတ်တရက် အခြေအနေကို ပြောင်းပြန်လှန်ပြီး အခြားသူတကာကို အရေးနိမ့်သွားစေသည်။

"တာအိုရောင်ရင်း၊ ဒါက ဘာအဓိပ္ပာယ်လဲ" ခဲရောင်ဝတ်ရုံနှင့်လူက မန်ဟို့ကို စိုက်ကြည့်ရင်း ပြောသည်။

"အာ ဘာမှမဟုတ်ပါဘူး" မန်ဟိုက ပြော၏။ " ကျုပ် မန်ဟိုက အချိန်မရွေး မိုးကြိုးကို ဆင့်ခေါ်နိုင််တယ်ဆိုတာ တာအိုရောင်ရင်းတို့ကို အသိပေးချင်ရုံသက်သက်ပါ" သူက ထိုနေရာတွင် ရပ်နေရင်း တည်ငြိမ်အေးဆေးစွာ ပြောသည်။ သူ့အသွင်မှာ လျှပ်စီးတန်းလေးတစ်တန်း သူ့ဆီ ဥိီးတည်လာလျှင်ပင် သူ၏လျှပ်စီးရတနာကို ဆွဲထုတ်ရန် အဆင်သင့်ဖြစ်နေပုံရသည်။

ဟန်ပေ့က အသက်ရှူချိန်အကြိမ််အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ သူမမျက်နှာပေါ်တွင် ဖော်ရွေသောအပြုံးတစ်ခု ဖြစ်ထွန်းလာသည်။

"စောနက ကျွန်မ နောက်နေတာပါ တာမိုရောင်ရင်းမန်ရဲ့။ ဟုတ်တာပေါ့ ရှင် မိုးကြိုးကို ကာကွယ်နိုင်ဖို့အတွက် ကျွန်မမှာ နည်းလမ်းရှိတယ်" သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြာပလ္လင်မှ သစ်ရွက်တစ်ရွက် ကြွေကျလာသည်။ သူမ ၄င်းကို သူ့ထံပေးရန် ပြင်နေဆဲဆဲ သူက ရယ်ပြီး သူမအနားကပ်လာ၏။

သူမမျက်နှာပျက်ယွင်းသွားသည်။ သူမနှလုံးသားတွင် သူ၏နည်းလမ်းများအပေါ် ကြောက်ရွံထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး သူ သူမအနားကပ်လာသည်ကို မြင်သောအခါ သူမသည် မရည်ရွယ်ဘဲ နောက်တစ်လှမ်းဆုတ်လိုက်မိသည်။

သို့သော် သူက သူမဘေး ရောက်နေလေပြီ။ "ဒုက္ခခံနေစရာမလိုပါဘူး တာအိုရောင်ရင်းဟန်" သူက အေးအေးလူလူပြောသည်။ သူတို့အပေါ်တွင် ဂျိန်းခနဲ မိုးထစ်ချုန်းသွား၏။ "ခင်ဗျားရဲ့ ကြာပလ္လင်ကိုပဲ အတူတူသုံးကြတာပေါ့။ ဒါဆို ပိုမလွယ်ကူဘူးလား။ ဒါမှမဟုတ် ခင်ဗျားအတူမသုံးချင်နေတာလား"

သူမမျက်နှာ ရှုံ့မဲ့သွားသော်လည်း သူမဘာမှပြန်မပြောနိုင်ခင် ခဲရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်သည်။

"အဲ့တာ အကောင်းဆုံး ဖြစ်လိမ့်မယ်" သူက ပြောသည်။

"ကျုပ် သဘောတူတယ်" ရှုယိုတောက်က စိတ်ထဲတွင် သက်ပြင်းချရင်း ပြောသည်။

ရှဲ့ကျဲ၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက သဘောမတူကြောင်း ဘာမှမပြောပေ။

ဟန်ပေ့က တခဏတုံ့ဆိုင်းနေပြီးနောက် မန်ဟို့ကို ခါးသက်သက်ပြုံးပြသည်။

"ဒါက ရှင့်ရဲ့လိုအပ်ချက်ဆိုရင် တာအိုရောင်ရင်းမန်၊ ကျွန်မ ဘယ််လိုလုပ် သဘောမတူဘဲ နေနိုင်မှာလဲ" သူမသည် အံတင်းတင်းကြိတ်ပြီး ကြာပလ္လင်အကာအွိယ်ကို ဖွင့်ကာ မန်ဟို့ကို ဝင်ခွင့်ပေးလိုက်သည်။

ယခုတွင် မန်ဟိုသည် အကာအကွယ်ထဲတွင် ဟန်ပေ့နှင့်အတူ ရပ်နေရာ ကျန်လူသုံးယောက် အတော်လေး အသက်ရှူချောင်သွား၏။ စောစောက မန်ဟို၏ခြိမ်းခြောက်မှုက သူတို့ မျှော်မှန်းနိုင်ခဲ့သမျှထက် သာလွန်လေသည်။ ၄င်းအကြောင်းပြန်တွေးကြည့်ရုံနှင့်ပင် သူတို့မှာ ကြက်သီးတဖြန်းဖြန်းထသွားကြလေသည်။ မန်ဟိုကား အမှန်အကန် ရက်စက်လှ၏။

ဟန်ပေ့က အားတင်းပြုံးရင်း မန်ဟိုကို တခဏ လေးလေးနက်နက်ကြည့်နေသည်။ ထို့နောက် သူမက သူ့ကို မဆိုစလောက်ဦးညွတ်ပြီး ရှေ့ဆက်သွားတော့သည်။ မန်ဟိုက တည်ငြိမ်သောမျက်နှာထားဖြင့် အတူဆက်သွား၏။ ရှဲ့ကျဲနှင့် အခြားသူများ နောက်မှလိုက်လာကြသည်။

လူငါးယောက်သည် မြောက်မြားစွာသော မိုးကြိုးလျှပ်စီးများကို ဖြတ်၍ တရိပ်ရိပ်သွားနေကြသည်။ ထစ်ခြုန်းသံများ လေတွင် ပြည့်နှက်လျက်ရှိသည်။ မိုးကြိုးများ ကျဆင်းလာပြီး မြေပြင်ကို ပစ်ခတ်ကာ မီးပွှားများ အရပ်မျက်နှာတစ်ခွင် ဖွာထွက်သွားသည်။

သိသာစွာပင် မိုးကြိုးအကာအကွယ်ပစ္စည်းများကား သာမန်ထက်ထူးကဲ၏။ ထိုလူများ လုံးလုံးလျားလျား အန္တရာယ်ကင်းပုံရသည်။ မန်ဟို၏အကြည့်သည် သူတို့ကို လွှမ်းခြုံသွားပြီး အထဲတွင်တော့ သူက အေးစက်စက်ရယ်နေလေသည်။ သူတိို့၏မှော်ပစ္စည်းများက ချီအခြေတည်အဆင့်ကျင်ကြံသူများ ပိုင်ဆင်သင့်သည့်အရာများ မဟုတ်ကြောင်း ထင်ရှားသည်။ ဤကျင့်ကြံသူတစ်ယောက်စီတွင် ဤနေရာသို့ဝင်ရောက်စေခဲ့သည့် အတိုင်းထက်အလွန် အင်အားကြီးမားသော ကျောက်ထောက်နောက်ခံလူတစ်ယောက်ရှိရမည်။

"ရှဲ့ကျဲမှာ ချင်းလော်ဂိုဏ်းပဲရှိတယ်" သူက တွေးသည်။ "ခဲရောင်ဝတ်ရုံလူနဲ့ ရှုယိုတောက်ကတော့ သေချာပေါက် သာမန်သင်းကွဲကျင့်ကြံသူတွေမဟုတ်ဘူး။ သူတို့မှာ အင်အားကြီးတဲ့အဆက်အသွယ်တွေရှိရမယ်" အဖွဲ့ဆက်သွားနေကြစဥ် မိုးကြိုး လျှပ်စီးများသည် ပို၍ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလာ၏။ တဂျိန်းဂျိန်းထစ်ခြုန်းသံများကား အဆုံးသတ်မည့်ပုံမရပေ။ မန်ဟိုသည် ယခင်က ပြစ်ဒဏ်မိုးကြိုးကို မြင်ခဲ့ဖူးသော်လည်း ဤနေရာရှိ မိုးကြိုးများမှာ ပို၍ပင် ရှိန်စရာကောင်းလေသည်။

"ဒါနေရာက ချီအခြေတည်အဆင့်ကျင့်ကြံသူတွေအတွက် မဟုတ်ဘူး။ လျှပ်စီးတစ်တန်းနဲ့တင် ငါတို့အားလုံး အသက်ပျောက်သွားစေနိုင်တယ်။ ဒါတောင်မှ ဒီလူတွေ နည်းနည်းလေးတောင် စိတ်ပူပုံမရဘူး။ သူတို့ ဘာတွေကို ရင်ဆိုင်ရမယ်ဆိုတာ သေချာပေါက် ကြိုသိပြီးသားပဲ ဖြစ်ရမယ်

"ငါက တည်ရှိဖို့ ခွင့်မပြုထားတဲ့ ပြီးပြည့်စုံတဲ့တာအိုမဏ္ဍိုင်ကြောင့် ပြစ်ဒဏ်မိုးကြိုးရဲ့ ပစ်မှတ်ထားခံရတာ။ ဒီဒယ်အိုးကြီးကျတော့...... မိုးကောင်းကင်ရဲ့စိတ်ဝိညာဥ် ဒေါသထွက်ပြီး ငါ့ထက်တောင်မှ သူ့ကို ဖယ်ရှားချင်စိတ်ပေါက်နေတာပဲဖြစ််မယ်" မန်ဟို ရှေ့သို့လှမ်းကြည့်လိုက်သည်။ ဤမိုးကြိုးလျှပ်စီးပမာဏမှာ မျက်စိအတွက် မသက်သာ၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုရန် မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ရှေ့သွားနေရန်သာ ဖြစ်သည်။

သူတို့ ခရီးနှင်နေကြစဥ် ဘယ်သူမှ စကားမပြောပေ။ တစ်နာရီကြာပြီးနောက် သူတို့ အတော်ဝေးဝေးဝင်လာခဲ့လေပြီ။ သို့ထိတိုင် ပြင်းအားသိပ်များတော့သော်လည်း လျှပ်စီးများဖြင့် ခြံရံလျက်ရှိသေးသည်။ ယခုတွင် သူတို့ အတန်ငယ် သဲသဲကွဲကွဲ မြင်နိုင်သွားကြသည်တွင် သူတို့အရှေ့၌ မြင်လိုက်ရသည့်အရာက သူတို့အားလုံးကို အသက်ရှူမှားသွားစေသည်။

ရှုယိုတောက် ပင့်သက်ရှိုက်လိုက်ရ၏။ "ဒါက....." သူ၏မျက်နှာသည် အံ့သြတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ရှဲ့ကျဲ၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ နှလုံးခုန်သံတို့ မြန်ဆန်လာသည်။ ခဲရောင်ဝတ်ရုံနှင့်လူက တောက်ပနေသောမျက်လုံးများဖြင့် ရှေ့သို့ မမှိတ်မသုတ်စိုက်ကြည့်နေသည်။

ဟန်ပေ့၏မျက်လုံးများလည်း ရွှန်းလဲ့တောက်ပလာသည်။

အရှေ့တွင် ဧရာမဒယ်အိုးကြီး၏အလယ်၌ ရုပ်တုကိုးရုပ်ရှိသည်။ ရုပ်တုတစ်ရုပ်စီသည် သက်လက်ပိုင်းလူတစ်ယောက်အသွင် ဖော်ပြနေ၏။ သူတို့ဝတ်ဆင်ထားသော အဝတ်အစားများက လက်ရှိခေတ်အဝတ်အစားနှင့်မတူ၊ ပို၍ရိုးရှင်း၏။ သို့သော် ၄င်းတို့က သိသာထင်ရှားစွာပင် ဝတ်ရုံရှည်များဖြစ်သည်။

ရေးဆွဲထားသော လူကိုးယောက်အနက် ၊ သုံးယောက်၏ခေါင်းအထက်၌ သရဖူများရှိသည်။ နှစ်ယောက်၏ ဆံပင်များက ပခုံးကိုကျော်၍ ဖားလျားကျလျက်ရှိသည်။ အခြားတစ်ယောက်က လုံးဝထိပ်ပြောင်နေသည်။ သူတို့သည် ဖော်ပြရန်ခက်ခဲသည့် ခမ်းနားထည်ဝါသောစွမ်းအားတစ်ခုကို ထုတ်လွှတ်နေကြသည်။ ရုပ်တုတစ်ရုပ်စီက ကောင်းကင်နှင့်မြေကြီး၏ လမ်းစဥ်တစ်ခုကို သရုပ်ဖော်ထားသော အစွမ်းထက်တာအိုတစ်မျိုးကို ကိုယ်စားပြုသည့်အလားပင်။

ဤရုပ်တုကြီးများအား မြင်လိုက်ရသည့် မည်သူမဆို အံ့သြမှင်သက်ပြီး ရှေးဆန်သောခံ့ညားထည်ဝါမှု၏အာရုံတစ်ခုဖြင့် ပြည့်နှက်သွားရမည်သာ ဖြစ်သည်။ ရုပ်တုများက မားမားမတ်မတ်ရပ်နေကြခြင်းမဟုတ်။ ၄င်းတို့အားလုံးက ဒူးတစ်ဖက်ထောက်လျက် လက်နှစ်ဖက်လုံးရှေ့ဆန့်တန်းကား ဦးညွှတ်ထားလျက်ရှိသည်။

၄င်းတို့၏ဆန့်တန်းထားသော လက်များအတွင်း အရာဝတ္ထုများကို မြင်နိုင်သည်။

ထိုနေရာတွင် တောက်ပနေသောကျောက်စိမ်းပုလင်းတစ်ပုလင်းနှင့်အတူ အံဖွယ်ဓားတစ်ချောင်းသာမက ဘီးသဏ္ဍာန်ရတနာတစ်မျိုးရှိသည်။ ရုပ်တုတစ်ရုပ်စီ၌ မတူညီသောရတနာတစ်မျိုးရှိလေသည်။ ရတနာများမှ ထွက်ပေါ်နေသော ပြိုးပြိုးပြက်ပြက်အလင်းရောင်က တောက်ပနေသောတံလျှပ်အမြောက်အမြားကို ဖန်တီးနေသည်။ မန်ဟိုနှင့် အခြားသူများ ပင့်သက်မရှိုက်မိဘဲ မနေတော့ပေ။

ရုပ်တုတစ်ရုပ်၏ လက်နှစ်ဖက်အတွင်းတွင် ရှေးဟောင်းစာလိပ်နှစ်လိပ်ကို မြင်နိုင်သည်။ ဤရုပ်တု၏ပုံပန်းသွင်ပြင်က ဟန်ပေ့နှင့် ချွတ်စွပ်တူချေသည်။

ရုပ်တုကြီး၏ကျောဘက်တွင် ကောင်းကင်မှ မိုးကြိုးကြောင့် ပျက်စီးခဲ့သော အက်ရာကြီးတစ်ခုရှိသည်။ ထိုသို့ဖြစ်ပျက်ခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းမည်မျှကြာခဲ့ပြီလဲ ပြောရခက်လေသည်။

ဤမျှသာဆိုလျှင် ကိစ္စမရှိသေး။ သို့သော် ထပ်ရှိသေးလေသည်။ မန်ဟို အံသြမှင်သက်နေပြီး အခြားသူများအားလုံး ပင့်သက်ရှိုက်နေကြသည်။ မယုံကြည်နိုင်ဖွယ် ရုပ်တုကြီးကိုးရုပ်၏အလယ်၊ ၄င်းတို့အားလုံး ဦးညွှတ်နေသော အရာကား...... ကြေးဒယ်အိုးဝိုင်းကြီးတစ်လုံး။

အသံတစ်သံ မန်ဟို၏စိတ်ထဲ ရိုက်ခတ်လာ၏။ "အပြင် လေးထောင့်၊ အထဲ စက်ဝိုင်း၊ မိုးကောင်းကင်၏ ဦးတည်ရာ"

***

All Chapters