← Chapters

မိသားစုကိုးစုတွင် မန်ဟူ၍မရှိ။

Vol. 12 Ch. 160

မိသားစုကိုးစုတွင် မန်ဟူ၍မရှိ။

Vol. 12 Ch. 160

အပြင်ဘက်က ဧရာမလေးထောင့်ဒယ်အိုးကြီးဖြစ်ပြီး ၄င်းအတွင်းပိုင်းမှာ မိုးကောင်းကင် ဒယ်အိုးဝိုင်းတစ်ခု ဖြစ်သည်။ ဤဒယ်အိုးဝိုင်းသည် စစ်မှန်သော ကောင်းကင်ဦးတည်ရာဖြစ်ချေသည်။

မန်ဟို ဤသည်ကို မြင်သောအခါ သူ၏ခေါင်းထဲ၌ တဝီဝီမြည်သွား၏။ ဧရာမဒယ်အိုးကြီး၏ ကမ္ဘာကို ကြုံတွေ့ပြီးနောက် သူသည် ၄င်းတွင် စကြဝဠာနှင့်ဆိုင်သော အရာတစ်မျိုး ပါဝင်နေသည့်အလား ခံစားရလေသည်။

"ဒူးထောက်နေတဲ့ ပုံရိပ်ကိုးခု၊ မိုးကောင်းကင်ရဲ့ အထွတ်အထိပ်ကိုးဦး" ခဲရောင်ဝတ်ရုံနှင့်လူက တဆတ်ဆတ်တုန်ရီလာရင်း ရေရွတ်သည်။ "ဒီ ဒူးထောက်နေတဲ့ ပုံရိပ်တွေက လူမဟုတ်ဘူး။ သူတို့က မိုးကောင်းကင်ရဲ့စိတ်ဆန္ဒကို ညွှန်ပြနေတာ

"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ဒယ်အိုးက ဘယ်လိုလုပ်ပြောင်းပြန်ဖြစ်နေရတာလဲ။ ဒီလိုမဖြစ်သင့်ဘူး။ မိုးကောင်းကင်က လုံးဝန်းပြီး ကမ္ဘာမြေကြီးက လေးထောင့်လေ။ ဒါက ရှေးခတ်ကာလကတည်းက သိရှိလာခဲ့တဲ့ အမှန်တရားတစ်ခုပဲ။ ဒါက ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ချမှတ်ခဲ့တဲ့ ဥပဒေတစ်ရပ်၊ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတစ်ခုပဲ

"ဒယ်အိုးက အပြင်ဘက်မှာ လုံးဝန်းပြီး အတွင်းမှ လေးထောင့်ဖြစ်သင့်တယ်။ ဒါမှ မှန်မှာ။ ဒီလိုသာဆိုရင် သူတို့ပြောသလို အပြင်ဘက်မိုးကောင်းကင် အပေါ်၊ အတွင်းပိုင်းကမ္ဘာမြေကြီး အောက် ဆိုပြီးဖြစ်လိမ့်မယ်......" ထိုလူမှာ တစ်ယောက်တည်း တတွတ်တွတ်ရေရွတ်ရင်း တစ်ကိုယ်လုံး ပို၍ပင်တုန်ရီလာသည်။ ကြည့်ရသည်မှာ သူသည် အပြင်ဘက်တွင် လေးထောင့်ဖြစ်ပြီး အတွင်းပိုင်း၌လုံးဝန်းနေသော ဤဒယ်အိုး၏ကမ္ဘာကို နားမလည်နိုင်သည့်ပုံရသည်။

ရှုယိုတောက်က အံအားသင့်နေသောမျက်လုံးများဖြင့် ဒယ်အိုးဝိုင်းကြီးကို ကြောင်တောင်တောင်ငေးကြည့်နေသည်။ သူဘာတွေးနေသည်လဲ ပြောရန်မဖြစ်နိုင်ပေ။

ရှဲ့ကျဲ၏မျက်လုံးများ ကျဥ်းမြောင်းနေသည်။ သူက အံသြနေသည့်တိုင် ချက်ချင်းပင် ကျောက်စိမ်းပြားတစ်ပြားထုတ်ပြီး ဤအရာအားလုံးကို ရေးထိုးမှတ်သားတော့သည်။

ဟန်ပေ့သည်လည်း ထိုနည်းတူ အံ့သြနေဟန်တူသည်။ သူမက ရုတ်တုကြီး၏ကျောပေါ်က အက်ကြောင်းကြီးကို ကြည့်ပြီးနောက် သူမဘိုးဘေးများကို လေးစားကြည်ညိုခြင်း၏ ရွှန်းလက်တောက်ပနေသော အလင်းရောင်တစ်ခု သူမမျက်လုံးလေးများထဲ၌ ပေါ်ပေါက်လာသည်။

"ကျုပ် နားလည်ပြီ" ခဲရောင်ဝတ်ရုံနှင့်လူက အသံတို့တုန်ရီနေရင်း ပြောသည်။ "မိုးကောင်းကင်က လုံးဝန်းပြီး ကမ္ဘာမြေကြီးက လေးထောင့်ကျတယ်။ အပြင်ဘက်က ဒယ်အိုးအဝိုင်းက မိုးကောင်းကင်ဖြစ်လာပြီး အထဲက လေးထောင့်ဒယ်အိုးက ကမ္ဘာမြေကြီးဖြစ်လာတယ်။ ဒါက မိုးကောင်းကင်ရဲ့ အလို အတိုင်းပဲ။ ဒါပေမယ့် ဒါ......ဒါက မကောင်းဆိုးဝါးကို သရုပ်ဖော်နေတာ။ ဒါက မြေကြီးက မိုးကောင်းကင်ကို ဖုံးလွှမ်းတယ််လို့ ကိုယ်စားပြုတယ်။ ဒါက မိုးကောင်းကင်ကို မြှုပ်နှံတာနဲ့အတူတူပဲ

"ဒိီလိုနဲ့ ဒယ်အိုးဝိုင်းက မိုးကောင်းကင် ၊ လေးထောင့်ဒယ်အိုးက ကမ္ဘာမြေကြီး။ ဒီ ဒီနေရာက.... သင်္ချိုင်းပဲ" သိသာထင်ရှားသော အံသြတုန်လှုပ်ခြင်းက သူ့အသံတွင် ပြည့်နှက်နေသည်။ သူက ဖြေးဖြေးချင်း နောက်သို့ခြေလှမ်းသုံးလှမ်းဆုတ်ပြီး သွေးတစ််ပွက်အန်လိုက်၏။ သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏မျက်လုံးများသည် အံအားသင့်ခြင်းများစွာဖြင့် တောက်ပလျက်ရှိသည်။ သူ၏လက်များသည် တစ်ခုခုကို တွက်ချက်နေသည့်အလား တဖျပ်ဖျပ်လှုပ်ရှားသွားပြီး သူ့အသံသည် ပို၍ကျယ်လောက်လာ၏။

"ကိုးကွယ်သူကိုးဦးက သေချာပေါက် ကောင်းကင်ရဲ့အထွတ်အထိပ်ကိုးဦးပဲ။ သူတို့က ဒဏ္ဍာရီလာ လျှို့ဝှက်ကြယ်ကိုးစင်းကို သိိသိသာသာကိုယ်စားပြုနေတဲ့ ဒိီရုပ်တုတွေနဲ့ အတူတကွပေါင်းစည်းခဲ့တာ။ လျှို့ဝှက်ကြယ်ကိုးစင်းက ဒယ်အိုးကို ကိုးကွယ်နေကြတယ်။ မိုးကောင်းကင်ဦးတည်ရာက ဒီမှာ အခြေတည်တယ်။ အထဲမှာ မိုးးကောင်းကင်ရဲ့နှလုံးသားကို မြှုပ်နှံထားတဲ့ ကြေးလေးထောင့်ဒယ်အိုးတစ်လုံး

"ဘယ်လောက်ရဲတင်းလိုက်သလဲ။ ဘယ်လောက်ခမ်းနားလိုက်သလဲ။ မိုးကောင်းကင်ရှိတဲ့ သင်္ချိိုင်းက ကမ္ဘာမြေကြီးထဲမှာ မြှုပ်နှံခံထားရတယ်။ ဒါ ဘယ်သူ့ရဲ့သင်္ချိိုင်းများလဲ။ မိုးကောင်းကင်က ကံတရားကို လုယူပြီး သေခြင်းကို ရင်ဆိုင်လိုခြင်း။ ဒါက အခေါင်းတစ်ခေါင်း။ အပြင်ဘက် မြင့်မြတ်သောနယ်မြေက သင်္ချိိုင်း

"အဲ့တာတွေအားလုံး အတူတူပေါင်းလိုက်ရင် ဒီနေရာက မြင့်မြတ်သောနယ်မြေမဟုတ်ဘူး။ ကျိန်စာမြေပဲ။ ဒါက မိုးကောင်းကင်ကို အာခံတဲ့ သင်္ချိိုင်းဂူတစ်ခု"

သူ၏စကားလုံးများသည် အခြားသူများ၏နားထဲ ဝင်ရောက်လာပြီး အေးစက်သွားသ၏။ ရှဲ့ကျဲနှင့် ရှုယိုတောက်တို့၏ အမူအရာများ ပြောင်းသွားသည်။ မန်ဟိုက သူ၏တုန်ခါနေသောသွေးကြောများ တည်ငြိမ်စေရန် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ခဲရောင်ဝတ်ရုံနှင့်လူ၏စကားများသည် သူ့ကိုယ်ထဲတွင် ပဲ့တင်ထပ်နေကာ ရင်းနှီးသောအာရုံတစ်ခုကို ဖန်တီးနေ၏။ ဤနေရာကား..... အမှန်တကယ်ပင် သင်္ချိိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူသည် ဒယ်အိုးကြီး၏အပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသော အမြင်အာရုံနှင့် မိုးကြိုး ၄င်းကို ပစ်ချချိန်က သူကြားခဲ့ရသော ထိုလူ၏စကားများကို ပြန်တွေးမိလိုက်သည်။

" မင်းက ငါ့ကို ဒီကနေ ဒီဒယ်အိုးယူသွားခွင့်မပေးချင်ဘူးပဲ။ ဒါဆိုရင်တော့...... ငါ မင်းကျဆုံးမယ့်နေ့ရက်ကို စောင့်ရင်း ဒီမှာပဲ တစ်သက်လုံး လဲလျောင်းနေတော့မယ်"

မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ဒယ်အိုးအတွင်းမှ သူကြားခဲ့ရသော အခြားရှေးဆန်သောအသံကြီးကို ပြန်စဥ်းစားလိုက်သည်။

"ဒါက ကောင်းကင်ရဲ့အမိုးကို ကြယ်တွေနဲ့ အစားထိုးဖို့၊ ကောင်းကင်ရဲ့အမိုးနဲ့ ငါ့မျက်လုံးတွေကို ပိတ်ကွယ်ဖို့၊ လောကသစ်ပင်ကို ဟန့်တားဖို့၊ ကြယ်တွေ ကြေမွပျက်စီးစေဖို့ အရှင့်ဆုတောင်းဖြစ်တယ်။ ငါ့သခင် အိပ်ပျော်ရင် အိပ်ပျော်နေမယ်။ ဒါပေမယ့် သူက ကျီနဲ့ တစ်မိုးအောက်မှာ အတူတူရှိနေနိုင်သေးတယ်"

အသံကြီးသည် မန်ဟို့ခေါင်းထဲတွင် ပဲ့တင်ထပ်နေပုံရသည်။ သူ၏နှလုံးခုန်နှုန်းမြန်ဆန်လာပြီး သူက နွေဦးနှင့် ဆောင်းဦးသစ်ပင်၏ဒဏ္ဍာရီနှင့် လောကသစ်ပင်သည် မိုးကောင်းကင်ကို လိုက်လျောမည့်အစား ၄င်းဘာသာ၄င်း ဖျက်စီးပစ်ခဲ့ပုံကို ပြန်တွေးမိသည်။ ရှေးဟောင်းကံကြမ္မာဆိုးမျိုးနွယ်စု၏ပျက်သုဥ်းခြင်းနှင့် လောလောဆယ် သွေးမျက်နှာဖုံးအတွင်း၌ရှိသော တံခွန်သုံးခုအလံကိုလည်း ပြန်မှတ်မိလိုက်သည်။ ထိုအလံ၏အပေါ်တွင် ကျီစကားလုံးရေးသားထားလေသည်။

သူသည် ကျီသွေးမျိုးဆက်ကို သန့်စင်ရန်ဟူသော သွေးအင်မိုတယ်၏သတ်မှတ်ချက်ကိုလည်း ပြန်စဥ်းစားမိလိုက်သည်။

"တာအိုရောင်ရင်းတို့" ဟန်ပေ့က ပြောသည်။ "အလန့်တကြားဖြစ်စရာမလိုပါဘူး" သူမ၏ ဆည်းလည်းသံလေးသဖွယ် ကြည်လင်ပြတ်သားသော အသံလေးပဲ့တင်ထပ်လာသည်။ ၄င်းက မိုးခြိန်းသံကို မတုပြိုင်နိုင်သော်လည်း လူတိုင်းကြားနိုင်သည်အထိ ရှင်းလင်းပြတ်သား၏။ "ဒီနေရာက သင်္ချိုင်းလား ဘာလားဆိုတာတော့ ကျွန်မလဲ မသိပေမယ့် ရှင်တို့အားလုံးမြင်တဲ့အတိုင်း ဟိုရှေးဟောင်းပုရပိုက်တွေကို ကိုင်ထားတဲ့ ပုဂ္ဂိုလ်က ကျွန်မဘိုးဘေးပဲ။ ရုပ်တုက ကောင်းကင်မိုးကြိုးကြောင့် အက်ကွဲသွားခဲ့တယ်။ ဒါကြောင့် အချိန်ဖြစ်စဥ်ပထမတွဲက ဒီနေရာက ထွက်လာပြီးနောက်ဆုံး နောက်ပိုင်းမျိုးဆက်တွေ လက်ခံရရှိခဲ့တာပဲ" သူမက လှည့်ပြီး မန်ဟိုနှင့်အခြားသူများကို ကြည့်သည်။ "တကယ်တော့ ဒီက ရတနာတွေအားလုံးထဲမှာမှ ဒီကျမ်းစာ တွေကိုပဲ ယူသွားလို့ရတယ်။ တခြားးရုပ်တုတွေအားလုံးက ပြီးပြည့်စုံပြီး ထိခိုက်ပျက်စီးမှုမရှိဘူး

"ကျွန်မ လျှို့ဝှက်တွေ့ဆုံပွဲ တော်တော်များများ တက်ရောက်ခဲ့တယ်။ ရှင်တို့အားလုံး ကျွန်မစာကို တွေ့တယ်ဆိုတော့ ရှင်တို့ ဒီရောက်လာဖို့ ကံပါပြီးသားပဲ။ ရှင်တို့မှာ ဒီကိုလာရတဲ့အကြောင်းရင်းကိုယ်စီနဲ့ အစွမ်းထက်နောက်ခံတွေ သေချာပေါက်ရှိမှာပဲ။ ကျွန်မ အဲ့တာကို သိတယ်။ ရှင်တို့ ဘယ်သူ့ကို ကိုယ်စားပြုပြု ကျွန်မတကယ် ဂရုမစိုက်ဘူး" သူမက နူးညံသောလေသံလဖြင့် ဆက်ပြောသည်။ "လျှို့ဝှက်ကြယ်ကိုးစင်းအတွက် ရှင်တို့အားလုံး ကတိတည်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ အခု ကျွန်မတို့ ကြည့်ပဲ ကြည့်နိုင်ပေမယ့် ကျွန်မတို့ ရုပ်တုတွေအနားသွားရင် ကျမ်းစာနှစ်စောင်ကိုယူဖို့ နည်းလမ်း ကျွန်မမှာရှိတယ်။ ပြီးတော့ ကျွန်မတို့ အားလုံးအတွက် ပုံတူပွားနိုင်ပြီ

"တကယ်တော့ ကျွန်မ ဒီကိုလာရတဲ့ တစ်ခုတည်းသောရည်ရွယ်ချက်အစစ်အမှန်က ကျွန်မဘိုးဘေးရဲ့ ရုပ်တုရှေ့မှာ ဝတ်ပြုဖို့ပဲ" သူမအသံတွင် လူတိုင်းအား စိတ်တည်ငြိမ်သွားစေသည့် ထူးဆန်းသောစွမ်းအားတစ်မျိုးပါဝင်ပုံရသည်။ ခဲရောင်ဝတ်ရုံနှင့်လူ၏ တွေဝေရှုပ်ထွေးနေမှုသည် တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာ၏။ ယခုတွင် မန်ဟို ထိုအကြောင်းပြန်တွေးကြည့်သောအခါ ၊ထိုလူ ထိုကဲ့သို့ရူးရူးနှမ်းနှမ်းအရာများအား တမင်ပြောခဲ့သည်လားပင် သိချင်သွားတော့သည်။

သူသည် ဟန်ပေ့၏စကားများကိုလည်း တထစ်ချမယုံကြည်ပေ။ "လျှို့ဝှက်ကြယ်ကိုးစင်းအတွက်"

"အခုက မဝေးတော့ဘူး" ဟန်ပေ့ကပြောသည်။ "ဒါပေမယ့် တာအိုရောင်ရင်းရှုနဲ့ တာအိုရောင်ရင်းစီမာဆီက ကျွန်မအကူအညီတောင်းရလိမ့်မယ်။ ဒီအမှတ်နောက်ပိုင်း မိုးကြိုးတွေ ပိုများပြီး ခရီးက ပိုခက်ခဲကြမ်းတမ်းလိမ့်မယ်။ နဂိုအတိုင်းဆို ကျွန်မတို့မှာ အခုလိုမျိုးလုပ်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ပထမအတွဲပျံထွက်လာတဲ့ နှစ်မှာ အဲ့တာက လမ်းကြောင်းတစ်ခုဖော်ခဲ့တယ်။ အဲ့ဒီ့လမ်းကြောင်းမှာ ကျွန်မတို့ အများကြီး ပိုအန္တရာယ်ကင်းလိမ့်မယ်။ အရေးကြီးတာကတော့ မိုးကြိုးစွမ်းအား သိပ်မပြင်းတော့ဘူး

"ဒါ့အပြင် အဲ့ဒီမှာ အားပျော့တဲ့ ကာလ ကြိုကြားကြိုကြားရှိမယ်။ အဲ့အချိန်ကာလက တစ်နာရီလောက်ပဲရှိလိမ့်မယ်။ ဒါပေမယ့် အန္တရာယ်ကင်းကင်းဖြတ်သွားဖို့ လုံလောက်တယ်။ ကျွန်မတို့ စစ်ဆင်ရေး မိုးကြိုးအားပျော့တဲ့ကာလနဲ့ တိုက်ဆိုင်ဖို့ ကျွန်မ စမယ့်အချိန် ရွေးထားတယ်" သူမက သူတို့ကို ဝေ့ကြည့်ပြီးနောက် တစ်စုံတစ်ခုကို တွက်ချက်နေသည့်အလား အပေါ်ကို မော့ကြည့်သည်။

အသက်ဆယ်ရှိုက်ကြာသော် ပတ်ဝန်းကျင်ရှိ လျှပ်စီးမိုးကြိုးများ စတင်မှေးမှိန်လာသည်။ ၄င်းက သိပ်သည်းဆဲဖြစ်သော်လည်း သူတို့အပေါ်သက်ရောက်နေသော ဖိအားသည် သိသိသာသာလျော့နည်းသွား၏။ ၄င်းက သေချာပေါက် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်မကောင်းတော့ပေ။

"မိုးကြိုးက တစ်နေရာအထိ အားပျော့နေလိမ့်မယ်။ တာအိုရောင်ရင်းရှု၊ တာအိုရောင်ရင်းစီမာ မြန်မြန်" သူမ ညာလက်ကို မြှောက်လိုက်စဥ် သူမ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွား၏။ အနက်ရောင် ရှေးဟောင်းကျောက်စိမ်းအပိုင်းအစတစ်ခု ပျံထွက်လာပြီး အရပ်မျက်နှာတစ်ခုကို ညွှန်ပြနေရင်း သူတို့အပေါ်တွင် လွင့်မျောနေသည်။

ရှုယိုတောက် တစ်ယောက်တည်း တီးတိုးရေရွတ်ပြီး ရှေ့သို့ပျံထွက်သွားသည်။ ခဲရောင်ဝတ်ရုံနှင့်လူမှာ ပကတိပုံမှန်ပြန်ဖြစ်သွားပုံရ၏။ သူက ရှုယိုတောက်နှင့်အတူ ထွက်သွားသည်။ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏စွမ်းအားများ သူတို့ထံမှ တလိပ်လိပ်ထွက်ပေါ်လျက်ရှိသည်။ သူတို့ထဲကတစ်ယောက်သည် သိသာထင်ရှားစွာ သစ်သားဓာတ်ချီကို ထုတ်လွှတ်နေ၏။ သို့သော် ခဲရောင်ဝတ်ရုံနှင့်လူက သစ်သားချီအောက်တွင် လုံးဝနစ်မြုပ်နေသော အမှုန်ဓာတ်ချီတစ်ခုကို စတင်ထုတ်လွှတ်လာလေသည်။ သူတို့ရှေ့လျှောက်သွားကြစဥ် ဝါညိုရောင်အလင်းတစ်ခု ပျံ့နှံ့လာ၏။

သူတို့နှစ်ယောက်လုံး မှော်ပစ္စည်းများ ထုတ်လိုက်ကြပြီး ဟန့်ပေ့က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ရာ သူမ၏ရှေးဟောင်းအချိန်ကျောက်စိမ်းသည် အလွန်တောက်ပသောအလင်းရောင်တစ်ခု ထုတ်လွှတ်လာ၏။ လူတိုင်း သတိကြီးကြီးရှေ့ဆက်သွားကြသည်။

မိုးကြိုးများ ယာယီနည်းပါးမှုကြောင့် သူတို့ အတော်လေးမြန်မြန် ပျံသန်းနိုင်ကြ၏။

သို့သော် ရုပ်တုများနှင့် နီးကပ်လေလေ၊ မိုးကြိုးလျှပ်စီးများ ပိုမို သိပ်သည်းထူထပ်လာလေလေဖြစ်သည်။ ကောင်းကင်တွင် ထစ်ချုန်းပေါက်ကွဲသံများ ပြည့်နှက်နေသည်။ လျှပ်စီးတန်းများ ထိုးဆင်းလာပြီီး တချို့တဝက်က ငါးယောက်အဖွဲ့နှင့်အလွန်နီးကပ်နေသော မြေကြီးကို ပစ်ချလိုက်သည်။ သူ့တို့ကား ရင်တုန်စွာဖြင့် ဆက်သွားနေကြလေသည်။

ရှုယိုတောက်နှင့် ခဲရောင်ဝတ်ရုံကျင့်ကြံသူမှာ ခက်ခက်ခဲခဲ အတူတူခရီးနှင်နေကြရန်ဟန်တူသည်။ မကြာမီ သူတို့၏ရတနာပစ္စည်းများအပေါ်၌ အက်ရာများထလာသည်။ သူတို့က တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ မိုးကြိုးအကာအကွယ်ပစ္စည်းများ ထုတ်လိုက်ကြသည်။ မန်ဟို၏ အမူအရာမှာတော့ ယခင်အတိုင်းသာဖြစ်ပြီး သူက ဘာမှမပြောပေ။ သူသည် ဝင်ရောက်ကူညီမည့်အရိပ်အယောင် တစ်စုံတရာမပြပေ။ သူက သူ့တာဝန်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ဤနေရာမှစပြီး သူတို့ သူ့ကို တစ်ခုခုတောင်းဆိုလောက်မည်မဟုတ်ပေ။

ဤနေရာသည် အန္တရာယ်များသော်လည်း အခြားသူအားလုံးက လာရောက်ရန် ရွေးချယ်ခဲ့ကြပြီး ကောင်းကောင်းပြင်ဆင်လာခဲ့ကြလေသည်။

မန်ဟို၏လက်အတွင်းတွင်ကား ကံကောင်းခြင်းအဆောင်ပင်။ ဤသည်မှာ သူ၏ဝှက်ဖဲတစ်ချပ်ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး အဖွဲ့သည် တဖြေးဖြေး ရုပ်တုများနှင့် နီးကပ်လာသည်။ ရှုယိုတောင်နှင့် ခဲရောင်ဝတ်ရုံကျင့်ကြံသူတို့၏မျက်နှာများ ဖြူဖပ်ဖြူလျော်ဖြစ်နေကြသည်။ သူတို့ကား သူတို့ခံနိုင်သည့်အတိုင်းအတာ ရောက်နေကြလေပြီ။ ရုပ်တုများနှင့် နီးသထက် နီးလာကြစဥ် လျှပ်စီးမိုးကြိုးများသည် ပို၍သိပ်သည်းလာ၏။ သူတို့မှာ မှော်ပစ္စည်းအမြောက်အမြားဖြင့် ကျော်ဖြတ်ခဲ့ပြီး သွေးများအန်နေကြလေသည်။ သူတို့နှစ်ယောက် ဆက်မသွားနိုင်တော့ပေ။

ရုတ်တရက် လျှပ်စီးတန်းတစ်တန်းသည် အဖွဲ့ဆီသို့ တန်းတန်းမတ်မတ်ဦးတည်ရင်း ထိုးဆင်းလာ၏။ ဤသည်ကိုမြင်သော် ရှုယိုတောက်နှင့် အခြားသူများ၏ မျက်နှာများ ရိပ်ခနဲဖြစ်သွားသည်။ ဟန်ပေ့ကိုင်ထားသည့် ရှေးဟောင်းအချိန်ကျောက်စိမ်းက ရုတ်တရက် တောက်ပသောအကာအကွယ် တစ်ခုကို ထုတ်လွှတ်လိုက်သည်။ လျှပ်စီးတန်း အကာအကွယ်ကို ဝင်တိုက်သောအခါ ဧရာမပေါက်ကွဲမှုကြီး ရိုက်ခတ်သွား၏။ ဟန်ပေ့သည် သွေးတစ်ပွက် အန်လိုက်ရပြီး အခြားသူများလည်း ထိုနည်းတူပင်။ လျှပ်စီးအလင်းက သူတို့ကို ဝန်းရံထား၍ သူတို့၏မျက်နှာများ သွေးဆုပ်သွားကြသည်။ အထူးသဖြင့် ရှုယိုတောက်နှင့် ခဲရောင်ဝတ်ရုံကျင့်ကြံသူတို့၏ ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ရီနေကြလေသည်။

လျှပ်စီးသည် ကွေးနေသောမီးပွားလေးများအဖြစ် လွင့်စဥ်ပျောက်ကွယ်သွားပြီး လူတိုင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ သူတို့က ယခင်ထက်ပင် ပို၍ သတိရှိရှိ ဝေ့ဝိုက်ကြည့်လိုက်သည်။

"တာအိုရောင်ရင်းဟန်" ရှယိုတောက်က လှည့်၍ ဟန်ပေ့ကိုစိုက်ကြည့်ရင်း ပြောသည်။ "ခင်ဗျား မိုးကြိုးတွေ ပို့အားပျော့လာမယ်လို့ မပြောခဲ့ဘူးလား။ အခုပစ်ချက်က ဘာလို့ဒီလောက် အားပြင်းရတာလဲ"

မန်ဟိုက ပါးစပ်မှ သွေးများ သုတ်လိုက်သော်လည်း သူ၏မျက်လုံးများသည် စူးရှတောက်ပနေ၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ လျှပ်စီးအပိုင်းအစများမှာ လျှပ်စီးအလံ၏ စုပ်ယူခြင်းခံလိုက်ရလေသည်။ ၄င်းက ထပ်မံပြောင်းလဲနေပုံရသည်။

အမှန်တော့ သူ့အသွင်က ထိခိုက်ထားသည့်ပုံပေါ်သော်လည်း သွေးတစ်ပွက်အန်ပြီးနောက် သူသက်သာသွားလေသည်။ သို့သော် သူက မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်အောင် ဆက်ဟန်ဆောင်ထား၏။

ဟန့်ပေ့က နှုတ်ခမ်းမှ သွေးများကို သုတ်ရင်း တည်ငြိမ်စွာ ပြောသည်။ " ရှင်တို့အားလုံး ဒီကိုလာဖို့ ရွေးချယ်ခဲ့တယ်။ ဒီနေရာက ချီအခြေတည်အဆင့်ကျင့်ကြံသူတွေအတွက် မသင့်တော်ဘူးဆိုတာ ရှင်တို့ မသိဘဲ နေမှာမဟုတ်ဘူး။ ကျွန်မ ဒီနေရာကိုသာ နားမလည်ရင်၊ ဒီရှေးဟောင်းအချိန်ကျောက်စိမ်းသာ မရှိရင်၊ ကျွန်မအားလုံးသိတဲ့ အခြားအရာတွေအတွက်သာ မဟုတ်ရင်၊ ကျွန်မတို့ ဒီနေရာကို ဖြတ်လျှောက်နိုင်မှမဟုတ်ဘူး။ ကျွန်မတို့ ဒယ်အိုးထဲကိုတောင် ဝင်နိုင်ခဲ့မှာမဟုတ်ဘူး

"လျှပ်စီးတွေကတော့ အခုလောလောဆယ် အားပျော့နေတယ်။ ဒါပေမယ့် အားမပျောတဲ့ လျှပ်စီးတန်းတွေ ကျရောက်လာနိုင်ခြေလဲ ရှိသေးတယ်" သူမက ရှဲ့ကျဲဘက်လှည့်သည်။ "အစ်ကိုရှဲ့၊ ဒိီထိရောက်လာခဲ့ပြီဆိုတော့ အခု အစ်ကို လှုပ်ရှားရမယ့်နေရာ ကျွန်မတို့ရောက်ပြီ။ ဒီနေရာက သတမဝိညာဥ်မျှော်စင်နဲ့ ရှာဖွေဖို့ ချင်းလော်ဂိုဏ်းကြိုးစားနေတဲ့အရာကိုလဲ ကိုင်ဆောင်ထားတယ်။ သူတို့ ကျွန်မတို့ ဒီမှာ လှုပ်ရှားနေတာကို လျစ်လျူရှူထားပုံရပေမယ့် အပြင်မှာစောင့်ကြည့်နေကြမှာ သေချာတယ်

"သူတို့မဝင်ရဲကြဘူးဆိုတာ ကျွန်မတို့နှစ်ယောက်လုံးသိတယ်။ မဟာမျိုးနွယ်ကိုးခုရဲ့ ဆက်ခံသူတွေကလွဲလို့ ဒီနေရာကို ဝင်ရောက်လာတဲ့သူမှန်သမျှ သေရလိမ့်မယ်။ မဟာမျိုးနွယ်ကိုးခုက တောင်ပိုင်းဒေသမှာ လက်ရှိမျိုးနွယ်စုမျိုးဆက်နဲ့ မယှဥ်နိုင်တော့တဲ့ အတိုင်းအတာအထိ အားပျော့ဆုတ်ယုတ်လာပြီး အများအားဖြင့် သေမျိုးလူသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ကျင့်ကြံအားထုတ်နိုင်တဲ့သူတွေကို ဂိုဏ်းအမျိုးမျိုးက ထိန်းကျောင်းပေးတယ်။ ကျွန်မတို့က ပုံပန်းလှပပေမယ့် တကယ်တော့ ခြံမွေးတိရစ္ဆာန်တွေထက်မပိုဘူး။ ရှင်နဲ့ကျွန်မက ချင်းလော်ဂိုဏ်းရဲ့လက်တည့်စမ်းပစ္စည်းလေးတွေသာသာပဲ"

ရှဲ့ကျဲက တခဏတိတ်ဆိတ်နေပြီးနောက် ပြုံးသည်။ "တကယ်တော့ ကျုပ်ကို သိချင်စိတ်ပြင်းပြနေစေတဲ့အရာက မဟာမျိုးနွယ်ကိုးခုမှာ မန်မပါတာပဲ။ ဒါ့အပြင် ဒီရုပ်တုကိုးရုပ်မှာလဲ တာအိုရောင်ရင်းမန်နဲ့တူတာ တစ်ခုမှမရှိဘူး။ ဒီတော့ သူ ဒီနေရာကို ဘယ်လိုဝင်လာနိုင်တာလဲ" သူက မန်ဟို့ကို အဓိပ္ပါယ်ပါပါ လေးလေးနက်နက်ကြည့်သည်။

***

All Chapters