← Chapters

အန္တိမဒုက္ခပေါ်ပေါက်လာခြင်း

Vol. 12 Ch. 161

အန္တိမဒုက္ခပေါ်ပေါက်လာခြင်း

Vol. 12 Ch. 161

ရှဲ့ကျဲသာ မန်ဟိုကို အာရုံစိုက်နေခြင်းမဟုတ်။ ရှုယိုတောက်နှင့် ခဲရောင်ဝတ်ရုံကျင့်ကြံသူလည်း သူ့ကို အဓိပ္ပါယ်ပါပါ လေးလေးနက််နက်ကြည့်နေကြသည်။

သူ၏အမူအရာသည် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ ဖြတ်ခနဲ နားလည်လိုက်လေသည်။ ဒယ်အိုးကြီးထဲ ဝင်ရောက်ခဲ့ချိန်တုံးက လူတိုင်း သူကို့ အဘယ်ကြောင့်ထူးထူးဆန်းဆန်းကြည့်ခဲ့ကြသည်လဲ ယခု သူသိလိုက််လေပြီ။

မဟာနာမည်ကိုးခုတွင် မန်မပါဝင်သောကြောင့် သူဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူက နာမည်အတုသုံးနေသည်ဟု သူတို့အားလုံး ကောက်ချက်ချခဲ့သည်ဖြစ်မည်။

သူပင်လျှင် အဖြစ်အပျက်နှင့်ပတ်သက်၍ မသေချာပေ။ သူက လျှပ်စီးထုကြီးကိုဖြတ်၍ ရုပ်တုကိုးရုပ်ကို ကြည့်သည်။ အမှန်အားဖြင့် ၄င်းတို့အကြားတွင် ရှုယိုတောက်၊ ခဲရောင်ဝတ်ရုံကျင့်ကြံသူနှင့် ရှဲ့ကျဲနှင့်ပင်လျှင် ဆင်တူသောမျက်နှာများကို တွေ့နိုင်၏။

ဤရုပ်တုများက သူတို့၏ဘိုးဘေးများကို ကိုယ်စားပြုလေသည်။ သူတို့တွင်

ရှေးယခင်အချိန်များကို ခြေရာပြန်ကောက်ပါက မဟာမျိုးနွယ်ကိုးခုဟု လူတချို့ခေါ်သော မျိုးနွယ်များ၏ မျိုးရိုးနာမည်များ ရှိကြသည်။

"ငါက မဟာမျိုးနွယ်ကိုးခုကလား......" မန်ဟို သူ့ကိုယ်သူ မေးလိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ထွန်းလာသော်လည်း ၄င်းက အတန်ငယ်အေးစက်လျက်ရှိသည်။ သူက မဟာမျိုးနွယ်ကိုးခုမှ မဟုတ်ကြောင်း သေချာလေသည်။

သူသည် ဧရာမဒယ်အိုးကြီးထဲ ဝင်လျှင်ချင်း စကြဝဠာအိတ်ထဲက ကြေးမုံပူလာခဲ့သည်ကို ပြန််မှတ်မိလိုက်လေပြီ။ ထိုမျှသာဆိုလျှင် သက်သေပြရန် အထောက်အထားလုံလောက်ဦးမည်မဟုတ်ပေ။ သို့သော် မန်ဟိုက ရုတ်တရက် လျှို့ဝှက်တွေ့ဆုံပွဲအတောအတွင်း ဟန်ပေ့ အချိန်ဖြစ်စဥ်၏ပထမအတွဲနှင့် စပ်လျဥ်းသောသတင်း ဖော်ပြုခဲ့တုံးက ကြေးမုံပူလာခဲ့ပုံကိုလည်း ပြန်သတိရလိုက်၏။

"ဟန်ပေ့ ဒီနေ့အတွက် အချိန်တော်တော်ကြာကြာပြင်ဆင်ခဲ့တာဖြစ်မယ်" သူကဘတွေးသည်။ "ပြီးတော့ သူ လျှို့ဝှက်တွေ့ဆုံပွဲတစ်ခုပဲ တက်ခဲ့တာမဟုတ်ဘူး။ သူ ပို့လွှတ်ခဲ့တာက သတင်းက ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကိုပဲ ကန့်သတ်ထားတာမဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက မဟာမျိုးနွယ်ကိုးခုရဲ့ သွေးမျိုးဆက်တွေအတွက်သက်သက်ပဲ" ဤဟိုတစ်စ၊ သည်တစအချက်အလက်များအားလုံးနှင့် သူသည် ၄င်းကကြေးမုံနှင့် တစ်ခုခုပတ်သက်နေမည်ဖြစ်ကြောင်းး သုံးသပ်မိလိုက်လေသည်။

"ဒိီ ကြေးမုံက တကယ်ဘာလဲ။ သားရိုင်းကောင်ကြီးတွေ ပေါက်ကွဲအောင် လှုံ့ဆော်နိုင်တယ်။ အံဖွယ်ပုံတူပွားစွမ်းအားလည်းရှိတယ်။ ကြည့်ရသရွေ့ ဒါက ငါ့ရဲ့ရည်ရွယ်ချက်တွေ အောင်မြင်အောင် တိတ်တဆိတ်ကူညီနေပုံပဲ။ မဟာမျိုးနွယ်ကိုးခုက မဟုတ်တာတောင်မှ ငါ ဒီနေရာကိုဝင်နိုင်သေးတယ်" ဤအတွေးပေါင်းစုံသည် မန်ဟို၏ခေါင်းထဲ၌ ဆက်တိုက်ပြေးနေ၏။ ရှဲ့ကျဲ၏မေးခွန်းနှင့် မန်ဟို၏ အဖြေအကြား အချိန်အနည်းငယ်သာကြာလိုက်သည်။

"မဟာမျိုးနွယ်ကိုးခုမှာ မန်ပါလား၊ မပါလား ကျုပ်တကယ်မသိဘူး" သူက အေးအေးဆေးဆေးပြောသည်။ " ဒါပေမယ့် ကျုပ် ဒယ်အိုးထဲဝင်ရောက်ပြီး ဒီနေရာအထိ ရောက်လာခဲ့တဲ့အချက်က သိပ်အရေးကြီးတဲ့ကိစ္စတစ်ရပ်ပဲ" သူ့မျက်နှာပေါ်က အသွင်သည် သူဘာတွေးနေသည်လဲ အထင်းသားပေါ်လွင်စေ၏။

ရှဲ့ကျဲ၏မျက်လုံးများ ဝင်းလက်သွားပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။ မန်ဟို၏စကားလုံးများက သူ့ကို ဆွံ့အသွားစေ၏။ သူက ဝန်ခံခြင်းမရှိသလို၊ ငြင်းဆိုးခြင်းလည်း မရှိ၊ သို့မဟုတ် နှစ်မျိုးလုံး ပြုလုပ်ခဲ့ကောင်း ပြုလုပ်ခဲ့သည့်တိုင် စကားလုံးများ၌ ပြန်လည်ချေပချက်ပါရှိလေသည်။ ရှဲ့ကျဲက သူ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေသည်။

အဖြေက ရှင်းသည်။ မန်ဟိုမသိပေ။ သို့သော် သူ ဤနေရာရောက်နေရသည့်အကြောင်းရင်း မဟာမျိုးနွယ်ကိုးခုမှ အမှန်တကယ်ဖြစ်၍ ဖြစ်လောက်သည်။

"တာအိုရောင်ရင်းမန် ရှင့်ကို ဖြေပြီးပါပြီ" ဟန်ပေ့က တည်ငြိမ်စွာ ပြောသည်။ "အစ်ကိုရှဲ့၊ ဂိုဏ်းချုပ် ရှင့်ကို ဒီနေရာမှာ အသုံးပြုဖို့ ပေးထားတဲ့ အစိမ်းရောင်အကာအကွယ်ဆေးလုံးတချို့ ရှိတာ ကျွန်မသိပါတယ်။ ကျွန်မသိနေပြီးသားဆိုတော့ ရှင်အတွက် အတည်ပြုစရာလဲမလိုသလို၊ ငြင်းစရာလဲမလိုအပ်ဘူး"

ရှဲ့ကျဲ တခဏတိတ်ဆိတ်သွားသည်။ သူက တင်းမာခက်ထန်နေသော မျက်နှာထားဖြင့် လျှပ်စီးမိုးကြိုးများကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက သူ၏ခေါင်းထိပ်ကို ရိုက်ပြီး လက်သည်းခွံအရွယ် အစိမ်းရောင်ဆေးလုံးတစ်လုံး ထွေးထုတ်သည်။ ၄င်းက ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသွားကာ အစိမ်းရောင်ချီအမြောက်အမြားအား အရပ်မျက်နှာအနှံ့ပို့လွှတ်လိုက်သည်။ ၄င်း ထိုသို့လုပ်လိုက်သဖြင့် မိုးကြိုးလျှပ်စီးများသည် ဖုံးအုပ်ခံနေရသည့်အလား မဆိုစလောက် ကြည့်လဲ့သွား၏။

ရှုယိုတောက်နှင့် ခဲရောင်ဝတ်ရုံကျင့်ကြံသူနှင့်က ရှေ့မှဦးဆောင်ရင်း သူတို့ငါးယောက်သည် မီတာရာပေါင်းများစွာ ဆက်သွားကြသည်။

မီတာတစ်ရာနောက်ပိုင်း ရှဲ့ကျဲက တင်းမာနေသောမျက်နှာထားဖြင့် ပြောသည်။ "ကျုပ်မှာ အစိမ်းရောင်အကာအကွယ်ဆေးလုံးသုံးလုံးပဲရှိတော့တယ်" သူက နောက်ထပ်ဆေးလုံးတစ်လုံးထွေးထုတ်လိုက်ပြီး သူတို့ ဝိုးတိုးဝါးတားလျှပ်စီးများအလယ်၌ ရှေ့ဆက်သွားကြလေသည်။

အစိမ်းရောင်အကာအကွယ်ဆေးလုံးနှစ်လုံး၏စွမ်းအားဖြင့် သူတို့သည် ရုပ်တုကြီးများ၏တည်နေရာထံ ရောက်သွားနိုင်ကြသည်။ ရုပ်တုများမှာ အံ့အားသင့်ဖွယ်ကောင်းပြီး သူတို့အလယ်ရှိ မိုးကောင်းကင်ပါဝင်နေပုံရသော ဒယ်အိုးကြီးသည်လည်း ထိုနည်းတူပင်။

ရှေးဆန်သောချီတစ်ခုက သူတို့၏မျက်နှာများကို ပွတ်တိုက်ရင်း ပတ်ဝန်းကျင်တွင် လည်ပတ်နေရာ ကမ္ဘာဦးကာလသို့ ခရီးပြန်နှင်နေသည့်အလား ခံစားရစေသည်။ ထိုခေတ်ကာလ၏ အကန့်အသတ်မဲ့မှုကို သူတို့ခံစားရသကဲ့သို့ ဖြစ်သည်။

ဟန်ပေ့သည် သူမမျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်တော့ပေ။ သူမမှာ သူမဘိုးဘေးရုပ်တုကို ကြည့်ရင်း အသက်ရှူသံတို့ မြန်ဆန်နေချေသည်။ သူမဘေးတွင် ရှုယိုတောက်၊ ခဲရောင်ဝတ်ရုံလူနှင့် ရှဲ့ကျဲပင်လျှင် သူတို့၏သက်ဆိုင်ရာဘိုးဘေးရုပ်တုအသီးသီးကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။

သူတို့ခေါင်းထဲတွင် မည်သည်တို့ဖြစ်ပျက်နေသည်လဲ မန်ဟို ဘယ်နည်းနှင့်မှ သဘောမပေါက်နိုင်ပေ။ ရုပ်တု တစ်ရုပ်ပြီးတစ်ရုပ် ကြည့်နေစဥ် သူ၏မျက်နှာသည် အတည်ငြိမ်ဆုံးအသွင်ကို ဖော်ဆောင်နေ၏။ နောက်ဆုံး၌ သူ့အကြည့်က မိုးကောင်းကင်ကို ကိုယ်စားပြုသော ဒယ်အိုးဝိုင်းပေါ် ကျရောက်လာသည်။

ဒယ်အိုးကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အမြင်အာရုံ၏ ထောင့်စွန်းနားက တစ်ခုသည် သူ၏အာရုံကိုဆွဲဆောင်လိုက်သည်။ ရုပ်တုတစ်ရုပ်အပေါ်တွင် တစ်စုံတခု ရွေ့လျားနေချေသည်။ မန်ဟို၏မျက်လုံးများသည် ချက်ချင်း ဖျတ်ခနဲ ရွေ့လျားသွားပြီး ဝိုင်းစက်ပြူးကျယ်သွား၏။

ထိုနေရာ၊ ခဲရောင်ဝတ်ရုံကျင့်ကြံသူနှင့် ဆင်သော ရုပ်တု၏ပခုံးအပေါ်တွင် ဖုန်များကျလာပြီး တစ်စုံတခုပေါ်ထွက်လာသည်။ ၄င်းက လေးထောင့်ဖြစ်ပြီး အသားဂျယ်လီပြားတစ်ပြားကဲ့သို့ စေးပျစ်ကာ အတော်လေးအိတုံအိတုံဖြစ်နေပုံပေါ်သည်။

၄င်းသည် သန့်ရှင်းဖြူဆွတ်နေပြီး ၄င်းကိုကြည့်ပြီးနောက် လူအများစု၏ ပထမဆုံးတုံ့ပြန်ချက်မှာ စားကြည့်ရန်ဖြစ်လိမ့်မည်။ ရုပ်တုပခုံးပေါ်တွင် ရှိနေသော အရာဝတ္ထုက အတန်ငယ်လူးလွန့်လာရာ ဖုန်များ ပိုမိုကျဆင်းလာ၏။ မန်ဟိုမှာ မျက်လုံးများဝိုင်းစက်ပြူးကျယ်လျက် ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေသည်။ ထိုအရာကား အသက်ရှိပုံရလေသည်။ ရုတ်တရက် ၄င်းက ရုပ်တုပခုံးအပေါ်မှ ၄င်း၏ခေါင်းထက်သို့ ပျံတက်သည်။ ထို့မှတစ်ဆင့် လေထဲ ခုန်တက်လိုက်သည်။ အသားဂျယ်လီ၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်းပေါ်လာပြီး ဧရာမပါးစပ်ပေါက်ကြီးအဖြစ် ဖွင့်ထွက်သွား၏။ ချက်ချင်း ကောင်းကင်ယံတွင် မိုးထစ်ချုန်းသွားသည်။ လျှပ်စီးတန်းဆယ်တန်းက အသားဂျယ်လီအပေါ် တန်းတန်းမတ်မတ် ပစ်ချလိုက်သည်။

၄င်းက မိုးကြိုးများကို အစာခြေနေသည့်အလား တမြုံ့မြုံဝါးပြီးနောက် ရပ်လိုက်သည်။ မန်ဟို အံ့အားသင့်နေစဥ်မှာပင် ၄င်းက မြေကြီးပေါ် ဆင်းလာပြီး ဒယ်အိုးဝိုင်းထံ ခုန်ဆွခုန်ဆွသွားသည်။ ၄င်းက ထိုနေရာတွင် မလှုပ်မယှက်ရှိနေချေသည်။

မန်ဟိုသာလျှင် ဤအခြင်းအရာကို မြင်သည်မဟုတ်။ မိုးကြိုးနှင့် အသားဂျယ်လီကြောင့် ဖြစ်ပေါ်လာသည့် အသံမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသဖြင့် ဟန်ပေ့နှင့် အခြားသူအားလုံးအား လှမ်းကြည့်မိလိုက်စေသည်။ ဟန်ပေ့၏မျက်လုံးများ ကျဥ်းမြောင်းသွားချိန် ရှဲ့ကျဲ၏မျက်လုံးများ ပို၍ပြူးကျယ်လာသည်။ သူက ပင့်သက်ရှိုက်လိုက်ပြီး သူတို့နှစ်ယောက်က သိနားလည်ကြောင်းပြသနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် တအံ့တသြကြည့်လိုက်ကြသည်။

"ဒါက......"

ခဲရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက ရုတ်တရက်ပြောသည်။ "ဒါက ချင်းလော်ဂိုဏ်း သတမဝိညာဥ်မျှော်စင်အတွက် လိုအပ်တဲ့ဟာ ဖြစ်ရမယ်။ သူတို့က အန္တိမဒုက္ခကို ဆွဲထုတ်ချင်ကြတာပဲ" လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးအထဲ ပေါ်ပေါက်လာသည်။ သူက သတင်းအချက်အလက်ရရှိရန် ကြိုးစားလိုက်သဖြင့် သူ၏သူငယ်အိမ်များထဲတွင် မှော်သင်္ကေတများ ထွက်ပေါ်လာသည်။ ဤသည်က သူ၏ကျင့်ကြံခြင်းအခြေခံနှင့်မဆိုင်၊ သူ၏မျက်လုံးများနှင့်ပတ်သက်၍ ထူးခြားသောအရာတစ်ခုပင်။

ဟန်ပေ့နှင့် ရှဲ့ကျဲ ဘာမှမပြောနိုင်ခင် အသားဂျယ်လီက ရုတ်တရက် ထခုန်သည်။ ၄င်း၏မျက်နှာပြင်ပေါ်တွင် မျက်လုံးများပိတ်ထားသော အဘိုးအိုတစ်ယောက်၏မျက်နှာ မှော်ဆန်ဆန်ပေါ်လာသည်။ သူ၏နှာခေါင်း ဆတ်ခနဲရှုံ့သွားပြီး သူ၏မျက်လုံးများ ပွင့်လာသည်။ ၄င်းတို့သည် ခံပြင်းခြင်းများဖြင့် ပြည့်နှက်နေ၏။ အသားဂျယ်လီက ရုတ်တရက်ပျံတက်ပြီး လေးထောင်ဒယ်အိုး၏ထွက်ပေါက်ထံ တဟုန်ထိုးဦးတည်သွားသည်။ သို့သော် ၄င်းက တုံ့ဆိုင်းနေသည့်အလား လေလယ်တွင် ရပ်သွားပြန်သည်။ ၄င်းက ထိုနေရာတွင် တခဏရပ်နေပြီး မိုးကြိုးများ ထပ်မံဝါးမြိုလိုက်သည်။

ဤအခြင်းအရာကို မြင်သော် ကျင့်ကြံသူငါးဦး၏မျက်လုံးများ တောက်ပသွားသည်။

"ဒီဟာကို ဘာလို့ အန္တိမဒုက္ခလို့ခေါ်တာလဲ" မန်ဟိုက ခဲရောင်ဝတ်ရုံကျင့်ကြံသူကို ကောက်ကာငင်ကာ မေးသည်။

"ကျုပ်တောင် မသိဘူး" အဖြေဖြစ်သည်။ "ကျုပ် ဒီဥစ္စာရဲ့မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး ဘာမှအချက်အလက်ကိုမှ မရှာနိုင်ခဲ့ဘူး။ ချင်းလော်ဂိုဏ်းက ဒါကို လေ့လာရင်း အချိန်ပိုပေးခဲ့ပုံပေါ်တယ်။ ကျုပ်သိတာလေးကတော့ ဒီဟာတည်ရှိနေသရွေ့ အန္တိမဒုက္ခလို့ အခေါ်ခံရတာပဲ"

"ဒါကို ဘယ်လိုခေါ်လဲ ကျုပ်ဂရုမစိုက်ဘူး" ရှုယိုတောက်က ပြောသည်။ "နာရီဝက်ကုန်သွားပြီ။ တာအိုရောင်ရင်းဟန် မကြာခင် အချိန်ဖြစ်စဥ်ရဲ့ ကျန်အတွဲနှစ်တွဲမယူနိုင်ရင် ကျုပ်တို့ရဲ့ ဒီခရီးစဥ်တစ်ခုလုံး အလဟဿဖြစ်သွားလိမ့်မယ်"

ဟန်ပေ့က စကားတစ်ခွန်းမဆိုဘဲ သူမဘိုးဘေးရုပ်တုအောက်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူမ၏လက်များက မုဒြာလက်ကွက်များ ပြုလုပ်လိုက်ရာ သူမ၏ရှေးဟောင်းကျောက်စိမ်းသည် အစိမ်းရောင်အလင်းကို ထုတ်လွှတ်ရင်း သူမပတ်လည်တွင် လည်ပတ်လာ၏။ မန်ဟို၏မျက်လုံးများ တလက်လက်တောက်ပလာပြီး သူမက သူမအနားသို့ အတန်ငယ်တိုးကပ်သွားလိုက်သည်။

သူတို့ပတ်လည်က အရာအားလုံးသည် အတော်လေးတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ တဂျိန်းဂျိိန်းမိုးထစ်ချုန်းသံများသာ မြည်ဟည်းနေ၏။ အသက်တစ်ရာရှိုက်စာ အချိန်ခန့် ကုန်ဆုံးသွားသည်။ ဟန်ပေ့၏မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သူမပါးစပ်မှ ဂါထာရွတ်ဖတ်သံများ ထွက်လာသည်။ ရှုယိုတောက်၊ ခဲရောင်ဝတ်ရုံကျင့်ကြံသူနှင့် ရှဲ့ကျဲတို့အားလုံးး သတိရှိရှိ ရပ်နေကြလေသည်။

ရုတ်တရက် ဟန်ပေ့၏ဂါယာရွတ်သံ ပျောက်ကွယ်သွားပြီး သူမက ရှေးဟောင်းကျောက်စိမ်းအပေါ်သို့ သွေးတစ်လုပ်အန်လိုက်သည်။ ၄င်းက စူးရှတောက်ပသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်ပြီး ရုပ်တု၏လက်နှစ်ဖက်ထံ ပျံသန်းသွားသည်။

၄င်းက လျင်မြန်စွာ ရွေ့လျားနေခြင်းမဟုတ်၊ အမှန်တွင် ရှေ့နောက်ယိမ်းထိုးနေ၏။ ဟန်ပေ၏မျက်နှာမှာ ၄င်းကို ထိန်းချုပ်ရာတွင် အခက်အခဲရှိနေသည့်အလား သွေးဆုပ်ဖြူဖျော့လျက်ရှိသည်။ ကျောက်စိမ်း ရုပ်တုအနားရောက်သွားစဥ် ရုပ်တု၏လက်နှစ်ဖက်ထဲရှိ ကျမ်းပုရပိုက်နှစ်ခုသည် လင်းလက်တောက်ပလာ၏။ ၄င်းတို့၏မျက်နှာပြင်ပေါ်တွင် အက်ရာများပေါ်လာပြီး ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ရုတ်တရက် ကျောက်စိမ်းအပိုင်းအစနှစ်ခုသည် ပုရပိုက်နှစ်ခုအတွင်းမှ ထိုးထွက်လာသည်။

လူတိုင်း ဤအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြပြီး ဖြစ်ပျက်နေသည့်အရာနှင့်ပတ်သက်၍ သံသယကိုယ်စီရှိကြသော်လည်း ကျောက်စိမ်းအပိုင်းအစနှစ်ခုက ပေါက်ကွဲသွားသော ကျမ်းပုရပိုက်များမှ အဝေးကို ပျံသန်းနေပုံရလေသည်။ သူတို့အားလုံး တဟုန်ထိုး လှုပ်ရှားလိုက်သဖြင့် တရွှီးရွှီးလေတိုးသံများ ပဲ့တင်ထပ်သွားသည်။

ကျောက်စိမ်းအပိုင်းအစနှစ်ခုမှာ မည်သူ၏ထိန်းချုပ်မှုအောက်တွင်မှ မရှိဘဲ အထိန်းအကွပ်မဲ့စွာ ပျံထွက်သွားသည်။ ၄င်းတို့က လေးထောင်ဒယ်အိုးမှ ထွက်ခွာရန်ကြိုးစားနေသည့်အလား တဟုန်ထိုးထွက်သွားကြလေသည်။

သို့သော် သူတို့ ခပ်ဝေးဝေးမသွားနိုင်ခင် ဟန်ပေ့၏ ရှေးဟောင်းကျောက်စိမ်းပြားမှ ထုတ်လွှတ်နေသော အစိမ်းရောင်အလင်း၏ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ ၄င်းတို့အားလုံးက တစ်နည်းနည်းဖြင့် ဆက်စပ်နေပုံရလေသည်။ ထွက်ပြေးနေသော ကျောက်စိမ်းအပိုင်းအစနှစ်ခု ရုတ်တရက် လေလယ်တွင် ရပ်သွားသည်။ ၄င်းတို့က ရုန်းကန်နေသည့်အလား တုန်ခါလာကြသည်။ ၄င်းတို့ထံမှ တဝီးဝီးအသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

ဟန်ပေ့ သွေးအနည်းငယ်အန်လိုက်ပြီး ချက်ချင်းနုံးခွေလာပုံရသည်။ ပင်ပန်းနွမ်းနယ်မှုတို့က သူမမျက်နှာကို ဖုံးလွှမ်းနေပြီး ရုတ်တရက် သူမ၏ရှေးဟောင်းကျောက်စိမ်းအပိုင်းအစသည် သူမထိန်းချုပ်မှုအောက်မှ ချော်ထွက်ကာ မြေပေါ်သို့ကျသည်။

ထိုအခိုက်အတန့်တွင် အခြားကျောက်စိမ်းအပိုင်းအစနှစ်ခုသည် အဝေးသို့ စတင်ပျံထွက်လာသည်။ ၄င်းက ရုတ်တရက်ဆန်လွန်း၍ ဘယ်သူမှစဥ်းစားရန် အချိန်မရှိလိုက်ပေ။ ရှုယိုတောက်၏မျက်လုံးများ လင်းလက်သွားပြီး သူက ကျောက်စိမ်းအပပိုင်းအစတစ်ခုထံ တရှိန်ထိုးပျံသန်းသွားသည်။ ခဲရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း သူလည်း ရှေ့တက်ပြီး ဒုတိယကြောကျဈိမျးအပိုငျးအစထံ ဦးတည်သွားသော အစိမ်းရောင်အလင်းတန်းအသွင်ပြောင်းသွားသည်။ ရှဲ့ကျဲကမူ သံသယဝင်နေသော မျက်နှာထားဖြင့် လေပေါ်ပျံတက်ပြီး မူလကျောက်စိမ်းအပိုင်းအစထံ ဦးတည်သွား၏။

"မတိုက်ခိုက်ကြပါနဲ့ တာအိုရောင်ရင်းတို့" ဟန်ပေ့က အော်သည်။ "ကျွန်မသွေးမျိုးဆက်မဟုတ်ဘဲ ဒီပစ္စည်းတွေကို ထတဲ့ဘယ်သူမဆို ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်။ ကျွန်မမှာ ရှေးဟောင်းကျောက်စိမ်းအပိုင်းအစသုံးခုကို အတူပေါင်းစည်းဖို့ နည်းလမ်းတစ်ခုရှိတယ်" သူမက နောက်ထပ်သွေးတစ်လုပ်အန်လိုက်ပြန်သည်။

***

All Chapters