← Chapters

ဉာဏ်နီဉာဏ်နက်များ

Vol. 12 Ch. 162

ဉာဏ်နီဉာဏ်နက်များ

Vol. 12 Ch. 162

သူမစကားလုံးများက အဓိပ္ပါယ်လုံးလုံးမရှိပေ။ ရှုယိုတောက်က အရှိန်တင်လိုက်သည်။

လူသုံးယောက်၊ ဦးတည်ရာသုံးရပ်။ သူတို့သည် မိုးကြိုးအကာအကွယ်ပစ္စည်းများ တဖျပ်ဖျပ်လက်နေရင်း ရှေ့သို့တဟုန်ထိုးထွက်သွားကြသည်။ သူတို့က လျှပ်တပြက်အတွင်း ပျံထွက်သွားကြလေသည်။ မန်ဟိုလည်း လှုပ်ရှား၏။ သို့သော် သူက ကျောက်စိမ်းများနောက်မလိုက်။ ရှေးဟောင်းကျောက်စိမ်းပြားကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေပုံရသော ဟန်ပေ့ထံ ဦးတည်သွားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှုယိုတောက်သည် သူလိုက်နေခဲ့သောကျောက်စိမ်းထံ ရောက်သွားသည်။ သူက အင်္ကျီလက်စကို ခါရမ်းပြီး ၄င်းကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ဖြစ်စဥ်တစ်လျှောက်လုံး သူသည် မည်သည့်အန္တရာယ်ကိုမဆို ရှောင်ရှားနိုင်ခဲ့၏။

"ဟားဟားဟား၊ တာအိုရောင်ရင်းဟန်။ ခင်ဗျားအတွက် ကျုပ် ဒီပစ္စည်း ယူလိုက်ပြီ။ အခုတော့ ဒါကို ကျုပ်နဲ့အတူသိမ်းထားမယ်။ နောက်ကျရင် ခင်ဗျားကို မူပွားတစ်ခုပေးပါ့မယ်" သူ၏ရယ်သံထွက်ပေါ်လာသည့်အချိန် ရှဲ့ကျဲ၏မျက်လုံးများ ရုတ်တရက် တောက်ပလင်းလက်သွားသည်။ သူ့ကိုကြည့်နေသည့်မည်သူမဆို စောစောက သံသယများ သူ့မျက်နှာအပေါ်၌ ရှိနေသေးသည်ကို မြင်မည်ဖြစ်သည်။ သို့သော် ဟန်ပေ့က ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သွေးများအန်ပြီးနောက် သူမမျက်နှာပေါ်က စိုးရိမ်သောကနှင့်ရန်လိုမှုများက အစစ်အမှန်ဖြစ်သည်။ သို့ထိတိုင် ရှုယိုတောက်က အောင်မြင်သွားခဲ့လေပြီ။ ရှဲ့ကျဲသည် မည်သည်ကိုမှ သံသယမဝင်တော့ပုံရသည်။ သူက အရှိန်တင်လိုက်၏။

သူ ရှေ့သို့သွားနေစဥ် လျှပ်စီးတန်းတစ်တန်း သူထံ ထိုးဆင်းလာသည်။ သူက ပါးစပ်မှ သုံးလုံးမြောက် အစိမ်းရောင်အကာအကွယ်ဆေးလုံးကို ထွေးထုတ်လိုက်၏။ ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွားပြီး ဆေးလုံးက ရှဲ့ကျဲကို လျှပ်စီးတန်းများမှ အလုံးစုံဖုံးကွယ်ပေးရင်း အသက်ဝင်သွားသည်။ သူက လျှာကိုကိုက်ပြီး သွေးအနည်းငယ် ထွေးထုတ်လိုက်ရာ သွေးမြူတိမ်တစ်ခုအသွင် ပြောင်းသွား၏။ ၄င်းကို ဖြတ်သွားသည်နှင့် သူ၏အမြန်နှုန်းမှာ အံဖွယ်လိလိ တိုးတက်သွားပြီး တခဏလေးအတွင်း သူသည် ကျောက်စိမ်းအပိုင်းအစကို လိုက်မှီသွားသည်။ သူက အင်္ကျီလက်စကို ခါရင်း ၄င်းကိုသိုလှောင်အိတ်ထဲ ထည့်လိုက်၏။

ခဲရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်စဥ် ရှဲ့ကျဲ၏မျက်လုံးများ စူးရှတောက်ပသွားသည်။ သူက ကျောက်စိမ်းအပိုင်းအစနောက်သို့ လိုက်နေသော်လည်း သတိကြီးကြီးထား၍ တဟုန်ထိုးသွားနေပုံရသည်။ ရှုယိုတောက်နှင့် ရှဲ့ကျဲအောင်မြင်သွားသည်ကို မြင်သောအခါ သူက အရှိန်တင်လိုက်ရာ တခဏအတွင်း နောက်ဆုံးကျောက်စိမ်းအပိုင်းအစကို မှီတော့မည့်နေရာရောက်သွားလေသည်။

မျက်လုံးအားလုံးက သူ့ကို အာရုံစူးစိုက်နေကြသည်။ မန်ဟိုက ထိုလူ အင်္ကျီလက်စခါ၍ ကျောက်စိမ်းအပိုင်းအစကို သိမ်းလိုက်သည်ကို စောင့်ကြည့်နေသည်။ ရုတ်တရက် ရှင်းမပြနိုင်သော အကြောင်းတစ်စုံတရာကြောင့် ပတ်ဝန်းကျင်ရှိ လျှပ်စီးတန်းများသည် စတင်စုပြုံလာ၏။ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးတန်းဆယ်တန်း ထိုးဆင်းလာသည်။

ခဲရောင်ဝတ်ရုံကျင့်ကြံသူ၏ မိုးကြိုးအကာအကွယ်ပစ္စည်းမှာ ခုခံနိုင်စွမ်းမရှိ၍ တစစီကွဲကြေသွားတော့သည်။ သူ၏မျက်နှာ ပျက်ယွင်းသွားပြီး ရှောင်တိမ်းရန် အစွမ်းကုန်ကြိုးစားတော့မည့်အချိန်မှာပင် အံမခန်းလိလိ မိုးကြိုးပစ်သံကြီး ပဲ့တင်ထပ်သွား၏။ လူတိုင်း၏မျက်စိရှေ့မှာတင် ထိုလူ၏ခန္ဓာကိုယ်သည် ပြာကျကာ သူ၏သိုလှောင်အိတ်ပင် ဖျက်စီးခံလိုက်ရတော့သည်။

ရှေးဟောင်းကျောက်စိမ်းသာ အရာအယွင်းမဘဲ လျှပ်စီးတန်းများအောက်တွင် လွင့်မျောကျန်ရစ်ခဲ့သည်။ ခဲရောင်ဝတ်ရုံကျင့်ကြံသူ၏အကြွင်းအကျန်များ၊ အရိုးပြာမှုန်များ မြေကြီးပေါ်သို့ တဖွဲဖွဲကျလာ၏။

ဟန်ပေ့က သွေးအနည်းငယ်ထပ်အန်လိုက်သည်။ သူမမျက်နှာမှာ ဖြူဖျော့နေသော်လည်း သူမက အံတင်းတင်းကြိတ်ပြီး လွင့်မျောနေသာ ကျောက်စိမ်းအပိုင်းအစထံသို့ တုန်ရီနေသောလက်များကို မြှောက်လိုက်သည်။

၄င်းက တုန်ခါသွားပြီးနောက် ဦးတည်ရာပြောင်းကာ မန်ဟိုနှင့်ဟန်ပေ့ဆီ ပြန်ပြေးဝင်လာလေသည်။ ၄င်း၏လမ်းကြောင်းအရ မန်ဟို့ထံ အမှန်တကယ် ဦးတည်နေပုံရသည်။

"တာအိုရောင်ရင်းမန် သတိထား" ဟန်ပေ့က စူးစူးဝါးဝါးအော်သည်။

အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေ၏။ ခဲရောင်ဝတ်ရုံကျင့်ကြံသူ၏ သေဆုံးခြင်းက ရှဲ့ကျဲ၏အမူအရာကို ပြောင်းလဲသွားစေသည်။ တုန်လှုပ်ချောက်ချားသွားသောအသွင်တစ်ခု ရှုယိုတောက်၏မျက်နှာအပေါ်တွင် ပေါ်လာသည်။ သို့သော် ယခုလောလောဆယ်တွင် သူတို့နှစ်ယောက်လုံး မန်ဟိုနှင့်ဟန်ပေ့ထံ ထိုးဆင်းသွားနေသော ကျောက်စိမ်းပြားကို ကြည့်နေကြသည်။ ခဲရောင်ဝတ်ရုံကျင့်ကြံသူ၏သေဆုံးခြင်းက မတော်တဆသာဖြစ်ပြီး ရှေးဟောင်းကျောက်စိမ်းပြားနှင့် ဘာမှမပတ်သက်ဟန်တူသည်။

သူတို့နှစ်ယောက်လုံး ရှေ့သို့တစ်ပြိုင်တည်းပျံသန်းလိုက်ကြသည်။ ၄င်းကိုကြည့်ခြင်းအရ မန်ဟိုသာ နှောင့်ယှက်ရန် ကြိုးစားပါက သူတို့နှစ်ယောက်ပေါင်း၍ သူ့ကို သတ်ဖြတ်မည်ဖြစ်သည်။ သို့သော် သူတို့အမြန်နှုန်းက သူ့ထက် အတန်ငယ်နှေးလေသည်။ မြန်နိုင်သမျှ မြန်မြန်ရွေ့လျားနေသည့်တိုင် သူတို့သည် တခဏနောက်ကျပြီးမှ ရောက်မည့်ပုံပေါ်သည်။

မန်ဟို၏နှုတ်ခမ်းထောင့်၌ မခိုးမခန့်အပြုံးတစ်ခု တွန့်ချိုးသွားပြီး သူက တဖျပ်ဖျပ်တောက်ပနေသောမျက်လုံးများဖြင့် ရှေ့သို့ တဟုန်ထိုးဦးတည်လိုက်သည်။ သူတို့သုံးယောက် ကျောက်စိမ်းအပိုင်းအစနှင့် နီးကပ်လာကြသည်။

ဤအခိုက်အတန့်၌ လေလယ််တွင် လွင့်မျောနေသော အသားဂျယ်လီ၏ ပိတ်ထားသော မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ၄င်းက ကျောက်စိမ်းထံ ပျံသန်းနေကြသော လူသုံးယောက်ကို မြင်လိုက်ပြီး လျှပ်တပြက် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လာသည်။ ၄င်းက ရှုယိုတောက်၏ခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်။

ရှူယိုတောက်၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီသွားပြီး သူ၏မျက်နှာပေါ်တွင် တုန်လှုပ်သွားသောအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။ "တာအိုရောင်ရင်းရှဲ့၊ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါ......"

ရှဲ့ကျဲ သူ၏စကားလုံးများကို တုံ့ပင်မတုံ့ပြန်နိုင်ခင် အသားဂျယ်လီက ပါးစပ်ဟလိုက်သည်။ ရုတ်တရက် လျှပ်စီးတန်းတစ်ပုံတခေါင်း ထိုးဆင်းလာ၏။ ၄င်းတို့က အသားဂျယ်လီပါးစပ်ထဲ ဝင်ရောက်နေသည့်ပုံပေါ်သည်။ သို့သော် ၄င်းတို့ပျောက်ကွယ်သွားချိန်တွင် ရှူယိုတောက်၏ခန္ဓာကိုယ်မှာ လေနှင့်အတူမျောလွင့်သွားသော ပြာထက် မပိုတော့ပေ။

သူ့မှာ အော်ရန်ပင် အချိန်မရှိလိုက်။

ရှဲ့ကျဲပင့်သက်ရှိုက်သွားပြီး သူ၏မျက်နှာ ရိပ်ခဲဖြစ်သွားသည်။ သူက ရင်တဒိန်းဒိန်းခုန်နေရင်း ရုတ်ခြည်း ရပ်ပြီး လွင့်မျောနေသောအသားဂျယ်လီကို တအံ့တသြစိုက်ကြည့်နေ၏။ သူ၏ဦးရေပြား စပ်ဖျဥ်းဖျဥ်းဖြစ်လာတော့သည်။

ရှုယိုတောက်နှင့်ရှဲ့ကျဲ ရှေးဟောင်းကျောက်စိမ်းအပိုင်းအစနောက် မလိုက်တော့၍ ၄င်းသည် မန်ဟိုထံ လျင်မြန်စွာ ရောက်ရှိလာ၏။ သူက မခိုးမခန်းရယ်လိုက်ပြီး ရှေ့သို့တဟုန်ထိုးသွားကာ ရုတ်တရက် ကျောက်စိမ်းအပိုင်းအစ၏လမ်းကြောင်းမှ ဖယ်လိုက်သည်။ ယခုတွင် ၄င်းသည် ဟန်ပေ့ထံ တန်းတန်းမတ်မတ်ဦးတည်သွားနေလေပြီ။ ဟန်ပေ့နှင့် စောစောက အသားဂျယ်လီ၏အပြုအမူများကြောင့် မူးဝေလျက်ရှိသော ရှဲ့ကျဲတို့ နှစ်ယောက်လုံး အထိတ်တလန့်ပင့်သက်ရှိုက်သွားကြသည်။

မန်ဟိုက ဟန်ပေ့ကို တစ်လှည့်၊ ရှဲ့ကျဲကို တစ်လှည့်ကြည့်ရင်း ရယ်သည်။ "မင်းတို့ ခဲရောင်ဝတ်ရုံလူကို အရူးလုပ်လို့ရမယ်။ ဒါပေမယ့် ငါ့ကို တစ်ပတ်ရိုက်လို့ရမယ်လို့ တကယ်ထင်နေလား" သူ၏မျက်လုံးများထဲတွင် လှောင်ပြောင်သောအရိပ်အယောင်တစ်ခုပေါ်လာသည်။ သူက လျှပ်စီးအလံကို ထွေးထုတ်လိုက်၏။ ပတ်ပတ်လည်ရှိ မိုးကြိုးလျှပ်စီးများ ချက်ချင်း ရိုက်ခတ်လှုပ်ရှားလာကြသည်။

မန်ဟို၏စကားကြားသောအခါ ဟန်ပေ့မျက်မှောင်ကြုတ်သွားပြီး ရှဲ့ကျဲ၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ သူတို့က ဘာမှမပြောပေ။

"ဒီအသားဂျယ်လီပေါ်လာက မင်းတို့မျှော်လင့်ထားတာမဟုတ်ဘူး။ ဒါကြောင့် ရှုယိုတောက် အသက်ဆုံးလိုက်ရတယ်။ ဒါက မတော်တဆ၊ မင်းတို့ရဲ့အကြံအစည်မဟုတ်ဘူး။ ဘယ်လိုနေနေ" သူက အေးစက်စွာ ဆက်ပြောသည်။ "ရှုယိုတောက်မရှိတော့ဘူးဆိုတော့ မင်းတို့ရဲ့လူသုံးယောက်အစီအစဥ် အထမမြောက်တော့ဘူး။ အခု ငါယူချင်တယ်လို့ယူဆပြီး ငါ့ကို သူ့နေရာယူခွင့်ပေးဖို့ မင်းတို့စဥ်းစားသင့်တယ်ထင်တယ်" သူက ပြုံးသည်။

သူ့ဘေးရှိ လျှပ်စီးအလံသည် လှိုင်းဂယက်များ ထုတ်လွှတ်နေရာ ပတ်ဝန်းကျင်မှ လျှပ်စီးတန်းများအား ပို၍ပင် ပြင်းထန်စွာ ဝုန်းဒိုင်းကြဲသွားစေ၏။ အသားဂျယ်လီ၏အာရုံကို မဆွဲဆောင်လိုသဖြင့် သူက လျှပ်စီးအလံကို သူ့အနားဆွဲပြီး လှိုင်းဂယက်များကို ဖိနှိပ်လိုက်သည်။

အရုပ်ဆိုးသောအမူအရာတစ်ခု ရှဲ့ကျဲ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ မန်ဟို၏ ပါးနပ်မှုက သူ့ကို မှင်သက်သွားစေလေသည်။ သူတို့ခရီးစဥ်တစ်လျှောက်လုံး သူသည် ဟန်ပေ့နှင့်ရှုယိုတောက်ဖြင့် အဆက်အဆံ လုပ်ခဲခဲ့သည်။ သူတို့သုံးယောက်ပူးပေါင်းထားကြကြောင်း ဘယ်သူမသိလောက်ဟု သူယူဆခဲ့သည်။ သို့ထိတိုင် မန်ဟိုက သိနေချေသည်။

"ရှုယိုတောက်ရဲ့ နောက်ဆုံးစကားကြောင့် ရှင်းလင်းသွားတာလား" ဟန်ပေ့က မဆိုစလောက်ပြုံးရင်း မေးသည်။ "တာအိုရောင်ရင်းမန်၊ ရှင်က သိပ်ပါးနပ်လွန်းပါတယ်။ ဒီကိစ္စမှာတော့ ကျွန်မ ရှင့်ကိုမလေးစားဘဲ မနေနိုင်ဘူး" သူမ၏မျက်နှာမှာ မည်သို့ပင်ဖြစ်နေစေကာမူ အပူအပင်ရှိပုံမပေါ်ပေ။ "အမှန်ပဲ။ နောက်ဆုံးမှာ လူသုံးယောက်ပဲ ရှိနိုင်တယ်။ ကျွန်မ ရှင့်ကို ရိုးရိုးသားသားပြောပါ့မယ် တာအိုရောင်ရင်း။ ကျွန်မ ဒီနေရာအတွက် ချင်းလော်ဂိုဏ်းကို သစ္စာဖောက်ခဲ့တယ်။ အစက ကျွန်မနဲ့ရှဲ့ကျဲ ဒီနေရာကို လာဖို့ခွင့်ပြုချက်ရခဲ့တယ်။ ကံဆိုးစွာနဲ့ ဂိုဏ်းက ရှာဖွေနေတဲ့ ပစ္စည်း အန္တိမဒုက္ခ ဒီမှာရှိလိမ့်မယ်လို့ ကျွန်မတို့တစ်ခါမှ မထင်ထားခဲ့ဘူး။ ရှုယိုတောက် ကျဆုံးသွားမယ်လို့လဲ ကျွန်မတို့ မခန့်မှန်းထားခဲ့ဘူး" သူမက ဆံပင်လေးများကို သပ်ရင်း ပြုံးသည်။ သူမမှာ ချောမောလှပနေစေကာမူ သူသည် အစကတည်းက သူမ၏အကြံအစည်များကို သတိထားခဲ့၏။ သူမက လိမ္မာပါးနပ်ပြီး ရှဲ့ကျဲ နည်းနည်းလေးပင် ယှဥ်နိုင်မည်မဟုတ်ပေ။

ဟန်ပေ့က စကားပြောနေရင်း လက်ကိုမြှောက်ကာ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ရှုယိုတောက် သတ်ခံလိုက်ရသည့်နေရာမှ အပြာရောင်အလင်းတန်းတစ်တန်း သူမထံ ပြေးဝင်လာ၏။ အချိန်အနည်းငယ်ကြာသော် ခဲရောင်ဝတ်ရုံနှင့်လူ သေဆုံးသွားခဲ့သည့်နေရာမှ ခဲရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ၄င်းတို့ လေထဲတွင် လည်ပတ်နေကြစဥ် ဟန့်ပေက ပါးစပ်ဟပြီး အဝါရောင်အမျှင်တန်းတစ်တန်း ထွေးထုတ်လိုက်သည်။ အမျှင်တန်းသုံးတန်းသည် လိမ်ယှက်ရောထွေးပြီီး တောက်ပသောအလင်းရောင်တစ်ခုကို ထုတ်လွှတ်လာ၏။

အဝါရောင်အမျှင်တန်းသည်ကား သိသာထင်ရှားစွာပင် လီအမျိုးသမီး သေဆုံးပြီးနောက် ဟန်ပေ့တစ်နည်းနည်းဖြင့် ယူဆောင်ခဲ့သော အရာဖြစ်သည်။

" မဟာမျိုးနွယ်ကိုးခုရဲ့ ဒီရတနာနယ်မြေမှာ ဟန်မျိုးနွယ်စုရဲ့ရတနာကိုပဲ ယူလို့ရတယ်။ ကျန်တဲ့ရုပ်တုတွေက မပျက်စီးသေးတာကြောင့် ချိတ်ပိတ်ခံထားရတုန်းပဲ။ ကျွန်မတို့ အစက ဟန်မျိုးနွယ်စုရဲ့ အချိန်မွမ်းမံရတနာရဲ့ တည်နေရာအစစ်ကို ဖွင့်ဖို့ သွေးမျိုးဆက်သုံးဆက်ဆီက အမျှင်တန်းတွေနဲ့ လူသုံးယောက်ရဲ့စွမ်းအားလိုအပ်ခဲ့တယ်။ အခုတော့ ရှုယိုတောက်ရဲ့ အမျှင်တန်းကို အသုံးပြုဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ အစ်ကိုမန်" သူမက လေးလေးနက်နက်ခေါ်သည်။ "အရင်က ဖြစ်ခဲ့သမျှအားလုံးကို ပြန်အစမဖော်ကြရအောင်။ ကျွန်မ ဘိုးဘေးတွေရဲ့နာမည်နဲ့ ကျမ်းကျိန်ပါတယ်" သူမက သိုလှောင်အိတ်ကို ပုတ်၍ ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခု ထုတ်ပြီး ၄င်းထဲက ပိုင်ဆိုင်ခြင်းတံဆိပ်ကို အလျင်အမြန်ဖျက်လိုက်၏။

"ဒီပစ္စည်းကို" သူမကပြောသည်။ "ကျွန်မရဲ့ တောင်းပန်မှုလို့ သဘောထားလိုက်ပါ။ တကယ်တော့ ကျွန်မထွက်ပေါက်လို့ ပြောခဲ့တာက ထွက်ပေါက်အစစ်မဟုတ်ဘူး။ အဲ့ဒီ့နေရာက ရှင့်ကို ဒီနေရာပဲ ပြန်ပို့ပေးလိမ့်မယ်။ ဒီဖုန်းရွှေသံလိုက်အိမ်မြှောင်က ဂိုဏ်းရတနာတစ်ပါးပဲ။ ရှင် ဒါကိုသုံးပြီး ဒီနေရာက ထွက်သွားနိုင်တယ်။ ဒါပေမယ့် မြင့်မြတ်သောနယ်မြေအထိတော့ ခေါ်မသွားပေးနိုင်ဘူး။ လေးထောင့်ဒယ်အိုးအပြင်ပဲ ခေါ်သွားပေးနိုင်တယ်" ဖုန်းရွှေသံလိုက်အိမ်မြှောင်သည် မန်ဟို့ထံ လွင့်မျောလာ၏။

သူက ချက်ချင်းပင် ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် ဖြန့်ကျက်ရင်း တခဏ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်ပေ့နှင့်အကြည့်ချင်းဆုံသည်။ သူတို့၏မျက်လုံးများသည် တစ်ဆက်တည်း တဖျပ်ဖျပ်လက်သွား၏။ ရှဲ့ကျဲက တင်းမာသောမျက်နှာထားဖြင့် သူတို့နှစ်ယောက်ကို ကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

ဟန်ပေ့၏အပြုံးသည် ပို၍ပင် လှပလာ၏။ သူမက မန်ဟို့ကို ခေါင်းညိတ်ပြပြီးနောက် မန်ဟို့ကို ဝါးစားတော့မတတ် စူးစိုက်ကြည့်နေသော ရှဲ့ကျဲကို ကြည့်သည်။ သူက မနှစ်မြို့မှုကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူနှင့်ဟန်ပေ့ ချစ်သူဖြစ်ခဲ့သည်မှာ ကြာလေပြီ။ ဤနေရာရှိတာဝန်ပြီးဆုံးသည်နှင့် သူတို့နှစ်ယောက် ဂိုဏ်းကိုပြန်ပြီး တရားဝင်ပေါင်းဖက်ကြမည်ဖြစ်သည်။

ဟန်ပေ့က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး သူမ၏လှပသောလက်လေးကို ဝှေ့ယမ်းလိုက်သည်။ သုံးရောင်ခြယ်အမျှင်တန်းများ လိမ်ယှက်ပြီး ပျံထွက်သွား၏။ ၄င်းတို့သည် ရှုပ်ထွေးသောပုံစံတစ်ခု ဖန်တီးရင်း ပိုရှည်လျားလာကာ ဟန်ဘိုးဘေးရုပ်တုနှင့် ၄င်းကျော်ပေါ်ရှိ အက်ကြောင်းထဲ ဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဟန်ပေ့က လျှာကိုက်ပြီး သွေးအနည်းငယ် ထွေးထုတ်လိုက်၏။ အမျှင်တန်းသုံးတန်းသည် နီရဲတောက်လာပြီး အက်ကြောင်းထဲ ဆက်လက်စီးဝင်သွားကြသည်။

ထို့နောက် အမျှင်များ ကွဲထွက်သွား၏။ ဟန်ပေ့က တစ်မျှင်ဆွဲယူလိုက်ပြီး ကျန်နှစ်မျှင်က မန်ဟိုနှင့် ရှဲ့ကျဲထံ ဦးတည်သွားသည်။

မန်ဟိုက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် အမျှင်ကို ဆွဲယူလိုက်သည်။ သူ ၄င်းကို ထိလိုက်သည်နှင့်တစ်ပြိုက်နက် စကြဝဠာအိတ်အတွင်းရှိ ကြေးမုံပူလာသည်ကို ခံစားလိုက်ရ၏။

" ရုပ်တုကိုးရုပ်ကိုင်ဆောင်ထားတဲ့ ပစ္စည်းတွေက အစစ်အမှန်မဟုတ်ဘူး။ပုံရိပ်ယောင်သက်သက်ပဲ။ စစ်မှန်တဲ့ ရတနာတွေက ဒယ်အိုးအဝိုင်းထဲမှာ ရှိတယ်။ သွေးဆက်ကိုးဆက်ဝင်ပင်ဖြစ်နေပစေ ဘယ်သူမှ သူတို့ကို ယူလို့မရဘူး။ ဒါပေမယ့် ဟန်ဘိုးဘေးရဲ့ခန္ဓာကိုယ်က ပြစ်ဒဏ်မိုးကြိုးနဲ့ ပစ်ချခံရလို့ အက်ကွဲသွားခဲ့တယ်။ ဒါကြောင့် ဒယ်အိုးထဲက အချိန်မွမ်းမံရတနာကပဲ ကိုးခုအထဲက ရယူနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တယ်

"ဒါကို ရယူဖို့ တစ်ခုတည်းသောနည်းလမ်းက ဒယ်အိုးဝိုင်းကို ဖွင့်ထွက်ဖို့ပဲ။ ကျွန်မတို့ ကျင့်ကြံခြင်းအခြေနဲ့ မဖြစ်နိုင်ဘူး။ အစ်ကိုမန်၊ ရှဲ့ အချစ်လေး ၊ ကျေးဇူးပြုပြီး ကျွန်မသွေးဆက်ရဲ့စွမ်းအားကို ထောက်ပံ့ပေးပါ။ ပစ္စည်းကို ရယူဖို့ ဘိုးဘေးရုပ်တုရဲ့စွမ်းအားရကို ကျွန်မတို့ သုံးကြမယ်" သူမ အပြုံးချိုချိုလေးနှင့် မန်ဟိုနှင့် ရှဲ့ကျဲကို ကြည့်လိုက်စဥ် သူမ၏မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပသွား၏။

***

All Chapters