အန္တိမဒုက္ခ သခင်ရွေးချယ်ခြင်း
Vol. 12 Ch. 166
"ရှေးဟောင်းမှတ်တမ်းတွေအရ ဒါ အန္တိမဒုက္ခပဲ" ခေါင်းဆောင်ကြီးဇီလောက ပြောသည်။ "သူက ဘယ်တော့မှ သခင်မထားတဲ့အပြင် မိုးကြိုးကို နှစ်ခြိုက်ပြီး လျှပ်စီးတွေ စားသုံးတယ်။ ဒါပေမယ့် သူ့ကို ဘယ်အရာမဆိုထက်ပိုပြီး စိတ်လှုပ်ရှားစေတာက မိုးကြိုးတွေမဟုတ်ဘူး။ လူ့ခန္ဓာကိုယ်ထဲက လျှပ်စစ်ဓာတ်ပဲ
"ကျင့်ကြံသူရာပေါင်းများစွာရဲ့ တာအိုမဏ္ဍိုင်တွေထဲမှာ ရှိတဲ့ လျှပ်စစ်ဓာတ်နဲ့သူတို့ရဲ့ကျင့်ကြံခြင်းအခြေစွမ်းအားက သတမဝိညာဥ်မျှော်စင်အဖြစ် ပေါင်းစည်းသွားတယ်။ ဒီပစ္စည်းက ဒီမျှော်စင်ကနေ ထုတ်လွှတ်နေတဲ့ ဒီလောက်များပြားတဲ့ချီတွေနဲ့ တစ်ခါမှ မတွေ့ဆုံခဲ့ဖူးဘူး" သူသည် လောလောဆယ်တွင် တဖြေးဖြေး နောက်ဆုတ်သွားနေသော အသားဂျယ်လီကို စိုက်ကြည့်လိုက်သည်။
ခေါင်းဆောင်ကြီးဇီလော်၏ဘေးရှိ လှပသော သက်လတ်ပိုင်းအမျိုးသမီးသည်လည်း အသားဂျယ်လီကို စူးစိုက်ကြည့်နေ၏။ သူတို့နှစ်ယောက်လုံး ကျင့်ကြံခြင်းအခြေခံများ လှည့်ပတ်လိုက်ကြသည်။ သူတို့သည် အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေပုံရလေသည်။
ခေါင်းဆောင်ကြီးဇီလော်က ရင်ခုန်သံတို့မြန်ဆန်ရင်း လှပသောအမျိုးသမီးကို နတ်ဘုရားအတွေးမှတစ်ဆင့် ဆက်သွယ်လိုက်သည်။ "နည်းနည်းလေး ထပ်စောင့်လိုက်။ ဒီကောင်က လျင်တယ်။ သူ ထွက်ပြေးချင်ရင် ဂိုဏ်းချုပ်တောင်မှ အရှင်လတ်လတ်မဖမ်းနိုင်ဘူး။ သူ့မှာ အံ့ဖွယ်ချီတစ်ခုရှိတယ်။ အဖမ်းခံရရင် သူ့ကိုယ်သူပေါက်ခွဲပြီး ပြန်လည်မွေးဖွားဖို့ စောင့်လိမ့်မယ်။ အဲ့လိုသာဖြစ်ရင် သူပြန်ပေါ်လာဖို့ နှစ်ပေါင်းဘယ်လောက်ကြာကြာ စောင့်ရမလဲ ဘယ်သူသိမလဲ.......
"ကျုပ်တို့ သူ သတမဝိညာဥ်မျှော်စင်ကို ဝါးမြိုပြီးတဲ့အထိ စောင့်မှဖြစ်မယ်။ အထဲက ချုပ်နှောင်တံဆိပ်တော်ရယ်၊ အပြင်က ခေါင်းဆောင်ကြီးသုံးဦး ထုတ်လွှတ်နေတဲ့ မှော်ပညာတွေရယ်ကို ပေါင်းစည်းလိုက်ရင် သူ့ရဲ့ အသေခံပေါက်ခွဲစွမ်းအားကို ဖယ်ရှားပစ်လို့ရတယ်။ ပြီးရင် ကျုပ်တို့နှစ်ယောက် အရှင်ဖမ်းနိုင်သွားပြီ"
မန်ဟိုသည် မျက်ခုံးနှစ်ဖက်တွန့်ချိုး၍ အသားဂျယ်လီကို ကြည့်နေ၏။ သူ့အမြင်အရတော့ ၄င်းမှာ အတော်လေးမင်္ဂလာမရှိသောပစ္စည်းတစ်ခုဖြစ်သည်။ ၄င်းက ဒယ်အိုးထဲတွင် လူပေါင်းများစွာကို သေဆုံးစေခဲ့သည်။ အဆုံးသတ်တွင် စကားပင်ပြောခဲ့သေးရာ မန်ဟိုကို အလွန်ထူးဆန်းသောခံစားချက်တစ်ခုဖြင့် ကျန်ရစ်စေခဲ့လေသည်။ သူ ဤအသားဂျယ်လီအား အမှန်တကယ် မနှစ်မြို့ပေ။
"ဆိုတော့ ဒီပစ္စည်းက ချူးလော်ဂိုဏ်း ဒီကိုလာရတဲ့ အကြောင်းရင်းပေါ့" သူသည် အသက်ဆယ်ရှိုက်စာကြာသည်အထိ အတွေးထဲတွင် နစ်မြောနေမိသည်။ ကံကောင်းခြင်းအဆောင်မှာ အသက်ဝင်လုနီးပါးဖြစ်နေပြီး အချိန်မရွေး အသုံးပြုနိုင်တော့မည်။ အဖြစ်အပျက်များကို စောင့်ကြည့်နေစဥ် မန်ဟို၏အမူအရာမှာ တည်ငြိမ်လျက်ရှိသည်။ သူ၏ရင်ထဲတွင်တော့ ချက်ချင်း ထွက်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။
အပေါ်ထက်တွင် အသားဂျယ်လီက ရုတ်တရက် နောက်တစ်ဖန် ဟိန်းဟောက်လိုက်ပြန်သည်။ သတမဝိညာဥ်မျှော်စင်မှာ ပြိုကျပျက်စီးတော့မည့်အလား တသိမ့်သိမ့်တုန်ခါလာ၏။ လျှပ်စီးစက်ဝန်းပြတ်များ တဖွားဖွား လွင့်စင်လာပြီး အလွန်စွဲမက်ဖွယ်ကောင်းသော ချီဓာတ်တစ်ခု ထွက်ပေါ်လာသည်။ ၄င်းကို ကျင့်ကြံသူများ အာရုံမရနိုင်သော်လည်း အသားးဂျယ်လီကတော့ ရနိုင်လေသည်။ ၄င်း၏နှာခေါင်းက တရှုံ့ရှုံဖြစ်သွားပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာ၏။ ၄င်းက သတမဝိညာဥ်မျှော်စင်ထံ တဟုန်ထိုးပြေးဝင်သွားသဖြင့် ခေါင်းဆောင်ကြီး ဇီလော်မှာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလေသည်။ ၄င်း၏ပါးစပ်ပေါက် အကျယ်ကြီးဟသွားပြီး အကြီးကြီးကိုက်ချလိုက်သည်။
နောက်ထပ် တစ်ကိုက်ပြီး တစ်ကိုက်ကိုက်ရင်း အသားဂျယ်လီပေါ်က မှော်မျက်နှာကြီးမှာ ပိုပို၍ပျော်ရွှင်လာပုံပေါ်လေသည်။ ၄င်းထံမှ အားရကျေနပ်နေသော အသံများပင် ထွက်ပေါ်လာ၏။ ၄င်းက တစ်ကိုက်ပြီးတစ်ကိုက်မြိုချနေ၍ မကြာခင် သတမဝိညာဥ်မျှော်စင်မှာ တစ်ဝက်ကျော််အစားခံလိုက်ရလေပြီ။ ရုတ်တရက် မျှော်စင်၏ကျန်အပိုင်းများ ပေါက်ကွဲထွက်သွားသည်။
ပေါက်ကွဲသံပဲ့တင်ထပ်နေစဥ် ပြိုကျပျက်စီးသွားသောမျှော်စင်က အသားဂျယ်လီထံ တဟုန်ထိုးပြေးဝင်လာသည်။ အသားဂျယ်လီမှာ သိသိသာသာပင် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွား၏။ ပြိုကျနေသောမျှော်စင်သည် ဧရာမသံကြိုးကြီးတစ်ကြိုးအသွင်ပြောင်းရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာကာ အသားဂျယ်လီကို ရစ်ပတ်လိုက်သည်။
အသားဂျယ်လီကား ငယ်သံပါအောင် ကြောက်လန့်တကြားအော်တော့သည်။ ၄င်းက ကမန်းကတမ်းနောက်ဆုတ်လိုက်သော်လည်း ဆွဲခေါ်ခံနေရသည့်အလား မဆုတ်နိုင်ပေ။ ဤအခိုက်အတန့်တွင် မြင့်မြတ်သောနယ်မြေ၏ အပြင်ဘက်၊ အနက်ရောင်တံခါး၏ဘေးရှိ ချင်းလော်ဂိုဏ်းမှ ဤနေရာသို့ သယ်ဆောင်လာခဲ့သော ရုပ်တုကြီးသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု စတင်ထုတ်လွှတ်လာ၏။ အနက်ရောင်အလင်းအတွင်း၌ ပုံရိပ်သုံးခုသည် စုတ်ပြဲနေသော သားရေကို ထိန်းချုပ်ရင်း ၄င်းပေါ်တွင် တင်ပျဥ်ခွေလျက် တရားထိုင်နေကြသည်။
မြင့်မြတ်သော နယ်မြေအတွင်း၌ နားကွဲလုမတတ် စူးစူးဝါးဝါးအော်သံများ ပြည့်နှက်နေသည်။ မန်ဟိုက သံကြိုးများဖြင့် ရစ်ပတ်နေလျက် လေထဲတွင် လွင့်မျောနေသောအသားဂျယ်လီကို ကြည့်လိုက်သည်။ မှော်မျက်နှာကြီးမှာ ထိတ်ထိတ်ပျာပျာဖြစ်နေ၏။ ၄င်းမှာ ထွက်ပြေးချင်ပါသော်လည်း သံကြိုးများဖြင့် ချည်နှောင်ခံထားရလေသည်။ ၄င်း ခုန်ထွက်ရန်ကြိုးစားနေစဥ် သံကြိုးက ၄င်းကို အမြီးရှည်ကြီးသဖွယ် နောက်ပြန်ဆွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ကြီးဇီလော်၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီးနောက် သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ သူပြန်လာသောအခါ အသားဂျယ်လီ၏ဘေးတွင်ဖြစ်သည်။ သူသည် ၄င်းကို ဖမ်းရန် လက်မြှောက်လိုက်၏။
တစ်ချိန်တည်းမှာပင် လှပသောအမျိုးသမီးလည်း လှုပ်ရှားလိုက်ရာ အသားဂျယ်လီ၏အခြားတစ်ဖက်တွင် ပြန်ပေါ်လာသည်။
အသားဂျယ်လီ၏မျက်နှာပေါ်က ကြောက်လန့်မှုမှာ ပို၍ပြင်းထန်လာပြီး မချိတင်ကဲ အော်ဟစ်လိုက်သည်။ ၄င်း၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ရီလာပြီး ၄င်းထံမှ လျှပ်စီးများ လှိုင်းဂယက်များသဖွယ် တဖျစ်ဖျစ်ထွက်လာသည်။ ကောင်းကင်နှင့်မြေကြီး တုန်ခါလာပြီး ခေါင်းဆောင်ကြီးဇီလော်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူက နောက်တစ်လှမ်းဆုတ်လိုက်သည်။ လှပသောအမျိုးသမီး၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူမလည်း လျှပ်စီးများအနားမကပ်ရဲသဖြင့် နောက်ဆုတ်လိုက်သည်။
သူတို့နှစ်ယောက် နောက်ဆုတ်လိုက်သည်နှင့် သံကြိုးများဖြင့် ချုပ်ခံထားရသော အသားဂျယ်လီက ဆောက်တည်ရာမဲ့နေသော မျက်နှာကြီးဖြင့် ရှေ့သို့ အလောတကြီး ပြေးထွက်သွားသည်။ သို့သော် သံကြိုးများကြောင့် သိပ်မြန်မြန်မရွေ့လျားနိုင်ပေ။ ၄င်းအနောက်ရှိ ခေါင်းဆောင်ကြီးဇီလော်၏မျက်လုံးများ လင်းလက်သွားပြီး သူက အေးစက်စက်နှာမှုတ်လိုက်သည်။
"မင်း မလွတ်နိုင်ဘူး" သူက ဟိန်းထွက်သွားသောအသံကြီးဖြင့် ပြောသည်။ "ဒီနေ့ ချင်းလော်ဂိုဏ်း မင်းအတွက် ရောက်လာခဲ့တာပဲ" သူက လက်ဆန့်ထုတ်ရင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။ လှပသော အမျိုးသမီးလည်း အေးစက်စက်နှာမှုတ်ပြီး လက်ကို မြှောက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်များက သူမခန္ဓာကိုယ်ကို ခြံရံပြီးနောက် ရောင်စုံအလင်းတန်းအသွင်ပြောင်းကာ အသားဂျယ်လီကို အဘက်ဘက်မှတားဆီးပိတ်ဆို့ရန် တဟုန်ထိုးတက်သွားသည်။
အသားဂျယ်လီမှာ တုန်ရီသွားပြီး ရှေ့သို့ သုတ်သီးသုတ်ပျာ ပျံပြေးတော့သည်။ မှော်မျက်နှာကြီးက အဘိုးကြီးတစ်ယောက်လေသံကဲ့သို့ ရှေးဆန်သောအသံကြီးဖြင့် ပြောသည်။ "မင်းတို့ကောင်တွေ ဒီလိုလုပ်လို့မရဘူး......."
ထိုစကားသံကို ကြားသောအခါ အံသြတုန်လှုပ်မှုများ ပတ်ဝန်းကျင်ရှိ ချင်းလော်ဂိုဏ်းသားများ၏မျက်နှာများတွင် ပြည့်နှက်သွားသည်။ ဤအရာကြီးက လူတစ်ယောက်လေသံနှင့် စကားပြောလိမ့်မည်ဟု သူတို့ ဘယ်တော့မှ စိတ်မကူးခဲ့ဖူးပေ။
"ဒီတော့ မင်းကတကယ်ပဲ အန္တိမဒုက္ခကိုး" ခေါင်းဆောင်ကြီးဇီလော်က တဟားဟားရယ်မောရင်း ပြောသည်။ သူက လှပသော အမျိုးသမီးနှင့်အတူ တဟုန်ထိုး ရှေ့တက်သွားသည်။ သူတို့ အလင်းတန်းများ အသွင်ပြောင်း၍ အသားဂျယ်လီကို ဝိုင်းလိုက်ကြစဥ် သူတို့၏မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်စွာ လင်းလက်နေ၏။
ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် ချင်းလော်ဂိုဏ်းသားများအကြားရှိ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူရှစ်ဦးလုံး အော်ဟစ်လိုက်ကြသည်။ ကျန်ဂိုဏ်းသားများက ကျမ်းစာစတင်ရွတ်လာကြ၏။
ဂိုဏ်းသားတစ်ထောင်၏ပါးစပ်မှ ကျမ်းစာရွတ်သံများ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသအတွင်း ဝေးလံသောတစ်နေရာတွင် ချင်းလော်ဂိုဏ်းသားတစ်သောင်းသည်လည်း ကျမ်းစာတစ်စောင်ရွတ်ဖတ်ရင်း တင်ပျဥ်ခွေထိုင်နေကြသည်။ ချင်းလော်ဂိုဏ်း၏ တောင်တစ်သောင်းအထက်ရှိ လေထုထဲတွင် ဧရာမရေဝဲကြီးတစ်ခု လည်ပတ်နေလျက်ရှိသည်။ ၄င်းက ကျင့်ကြံသူတစ်သောင်း၏ ကျမ်းစာရွတ်သံများကို စုပ်ယူပြီး မြင့်မြတ်သော နယ်မြေအတွင်းသို့ ထိုနေရာရှိ ကျင့်ကြံသူတစ်ထောင်၏ပါးစပ်မှတစ်ဆင့် ကူးပြောင်းပေးသည်။ ကျမ်းစာ၏စွမ်းအားက အရာအားလုံးကို တသိမ့်သိမ့်တုန်ခါသွားစေလေသည်။
အသားဂျယ်လီ၏မှော်မျက်နှာပေါ်တွင် စိုးရိမ်နေသောအသွင်တစ်ခုပေါ်လာသည်။ "မင်းတို့ကောင်တွေက အကျင့်မကောင်းတဲ့ကောင်တွေပဲ။ဟိုငှက်ကိုပြောင်းလဲသင့်တာ။ ငါ့ကို ပြောင်းလဲဖို့ မကြိုးစားသင့်ဘူး...." ၄င်းအသံမှာ ထိတ်လန့်နေသံပေါက်ပြီး ၄င်းက နောက်တစ်ဖန် စူးစူးဝါးဝါးအော်လိုက်ပြန်သည်။ ရုတ်တရက် အပြာရောင်ချီအမြောက်အမြား ၄င်းထံမှ စတင်ထုတ်လွှတ်လာ၏။
အသားဂျယ်လီမှာ ဆောက်တည်ရာမရ အော်ဟစ်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေတော့သည်။ ဤအခိုက်အတန့်တွင် ထစ်ခြုန်းသံကြီး ကောင်းကင်တွင် ပြည့်နှက်သွားပြီး ဧရာမလှောင်ချိုင့်ကြီးတစ်ခု လေလယ်၌ ပေါ်လာသည်။
၄င်းသည် မရေမတွက်နိုင်သော မှော်ချုပ်နှောင်သင်္ကေတများ ရေးထိိုးထားသည့် နက်မှောင်နေသော သံတိုင်းများဖြင့် ဖွဲ့စည်းထား၏။ ၄င်းက အံ့မခန်းလိလိဖိအားကြီးကို ထုတ်လွှတ်နေရာ မြေကြီးတွင် အက်ကြောင်းများ ပွင့်ထွက်လာစေသည်။
လှောင်ချိိုင့်က အသားဂျယ်လီအား အရှင်လတ်လတ်ဖမ်းပြီး တင်းတင်းကြပ်ကြပ်ပိတ်လှောင်ရန်ပြင်ဆင်ရင်း ၄င်းထံ တဟုန်ထိုးဦးတည်သွားသည်။ အနက်ရောင်ချီသည် လှောင်ချိုင့်၏သံတိုင်များမှ ထွက်ပေါ်လာပြီး ၄င်းအထဲတွင် စိတ်လှုပ်ရှားနေသော လောဘများဖြင့် ပြည့်နှက်နေသည့် မျက်နှာအမူအရာအမြောက်အမြားကို မြင်နိုင်လေသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာလိုက်သော်လည်း တကယ်တမ်း လျှပ်တပြက်ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မန်ဟိုမှာ သိပ်မနီးသည့်တိုင် အမြုတေအထိ တုန်လှုပ်သွားလေသည်။ ကံကောင်းခြင်းအဆောင်မှာ အသက်ဝင်ရန်အဆင်သင့်ဖြစ်ခါနီးလေပြီ။ ဖြစ်ပျက်နေသော အရာမှန်သမျှက အံသြတုန်လှုပ်ဖွယ်ကောင်းသော်လည်း အမှန်တွင် သူ ထိုအကြောင်း သိပ်ဂရုမစိုက်ပေ။ ထွက်ပြေးရန်တွင်သာ အာရုံစိုက်ထားလေသည်။
သို့သော်....... ရုတ်တရက် သူ ခုန်ပြီး နောက်ဆုတ်လိုက်သည်။
"ဟိုသောက်အသားဂျယ်လီ၊ ဘာလို့ငါ့ဆီလာနေတာလဲ" သူက အကြောင်းပြချက်မရှိဘဲ ဦးတည်ရာပြောင်း၍ သူ့ထံ ပျံလာနေသော အသားဂျယ်လီကို မမှိတ်မသုန်ကြည့်ရင်း အလျင်အမြန်နောက်ဆုတ်လိုက်သည်။
အသားဂျယ်လီ သူ့ကိုကျော်သွားလိမ့်မည်ဟု မန်ဟိုမယုံပေ။ ဒယ်အိုးအတွင်း၌ ၄င်းနိုးထလာတုံးက ပျက်စီးခြင်းများကို မြင်တွေ့ခဲ့ရသဖြင့် ဤအရာမှာ သူထံတန်းတန်းမတ်မတ်လာနေခြင်းဖြစ်ကြောင်း သူသေချာလေသည်။
မန်ဟိုခေါင်းကြိိမ်းသွား၏။ သူက အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်နှစ်ယောက်အကြောင်း၊ ရွတ်ဖတ်နေသော ထူးထူးဆန်းဆန်းကျမ်းစာများအကြောင်းနှင့် အပေါ်မှ နိမ့်ဆင်းလာသည့် ဧရာမလှောင်ချိုင့်ကြီးအကြောင်း တွေးလိုက်မိသည်။ သူ့မှာ အသားဂျယ်လီကို ပိုပို၍စိတ်ကုန်လာချေသည်။
သို့သော် သူသည် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။ သူမည်မျှ မြန်မြန်ရွေ့လျားစေကာမူ ၊ လောလောဆယ် အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့်ပညာရှင်နှစ်ယောက်၊ တကယ်တမ်း ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံး လိုက်ဖမ်းခံနေရသော ပစ္စည်းတစ်ခုကို ဘယ်နည်းနှင့်မှ မရှောင်တိမ်းနိုင်ပေ။ အသားဂျယ်လီမှာ ချုပ်နှောင်ခံထားရသော်လည်း ၄င်း၏အမြန်နှုန်းကား ဖော်ပြရခက်နေသေးသည်။ အသက်တစ်ရှိုက်၊ ၄င်း ခပ်လှမ်းလှမ်းရောက်လာသည်။ နောက်ထပ်အသက်တစ်ရှိုက်၊ မန်ဟို့အရှေ့ရောက်သွားလေပြီ။ ၄င်းက သူ့ခေါင်းပေါ်သို့ ဖြေးဖြေးချင်း ဆင်းသက်လိုက်၏။
အံသြတုန်လှုပ်သွားသောအရိပ်ယောင်တစ်ခု မန်ဟို၏မျက်နှာကို စိုးမိုးသွားသည်။ သူက ၄င်းကို လှမ်းဆွဲပြီး ဝေးနိုင်သမျှဝေးဝေး လွှင့်ပစ်လိုက်သည်။
၄င်းက လွှင့်ပစ်ခံလိုက်ရသည့်နှင့် မန်ဟို့ခေါင်းပေါ် ပြန်ခုန်တက်ပြီး ပါးစပ်ဟကာ သူ့လက်မောင်းကို ကိုက်သည်။
"ငါမလွတ်နိုင်ရင်" ၄င်းက အော်ဟစ်မြည်တမ်းသည်။ "မင်းလဲ မလွတ်စေရဘူး အကျင့်မကောင်းတဲ့ရောင်ရင်းရေ...."
ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောအမျိုးသမီးက ထပ်ကြပ်မကွာ ရောက်လာပြီး ဖြစ်ပျက်နေသည်ကိုမြင်သော် သူတို့၏မျက်လုံးများ ဒေါသများဖြင့် ဖုံးလွှမ်းသွားသည်။
"လုပ်ရဲရင် လုပ်ကြည့်စမ်း" ခရမ်းရောင်ဝတ်ရုံနှင့်ခေါင်းဆောင်ကြီးက ဒေါသတကြီးဟိန်းဟောက်သည်။ သူ၏ဟိန်းဟောက်သံသည် မိုးကောင်းကင်သို့ပင် ရောကျရှိသှားပွိီး မြေပြင်တစ်ခုလုံး တုန်ခါသွားစေ၏။ သူ၏အမြန်နှုန်းက အံဖွယ်အတိဖြစ်ပြီး တခဏလေးအတွင်း မျက်နှာပေါ်တွင် ဖော်ပြရန်ခက်ခဲသော ဒေါသများဖြင့် မန်ဟို့အရှေ့ရောက်လာသည်။ သူ၏လက်ဝါးသည် မန်ဟို့ထံ နိမ့်ဆင်းလာ၏။
ဝုန်း
ပေါက်ကွဲမှု ပဲ့တင်ထပ်သွားချိန် တလက်လက်တောက်ပနေသော အကာအကွယ်တစ်ခု မန်ဟိုပတ်လည်တွင် ထွက်ပေါ်လာသည်။ မန်ဟိုထံမှ ထုတ်လွှတ်ခြင်းမဟုတ်၊ အသားဂျယ်လီထံမှ ဖြစ်သည်။ ထိုမျှသာမက မန်ဟိုနောက်ဆုတ်လိုက်သော်လည်း ၄င်းမှာ သူ၏ကိုယ်ပိုင်စွမ်းအားကြောင့် မဟုတ်ဘဲ၊ အသားဂျယ်လီက သူ့ကိုလက်မောင်းမှ ဆွဲသွားနေသောကြောင့်ပင်။
၄င်း၏ပါးစပ်က သူ့လက်မောင်းကို မလွှတ်တမ်းခဲထားသဖြင့် သွေးများးစီးကျလာသည်။ ၄င်း၏ခန္ဓာကိုယ် တုန်ရီသွားပြီး ကြည်လဲ့မနေတော့ပေ။ ယခုတွင် ၄င်းသည် အတော်လေးနောက်ကျနေ၏။
"ရွံစရာကောင်းလိုက်တာ။ ရွံစရာကောင်းလိုက်တာ။ ရွံစရာကောင်းလိုက်တာ.....ဆိုးတယ်၊ ဆိုးတယ်၊ ဆိုးတယ်......" ၄င်းက အော်သည်။ ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောအမျိုးသမီးမှာ ဒေါသများနှင့် မယုံကြည်နိုင်မှုများ ရောနှောသောအမူအရာများဖြင့် ရပ်လိုက်ကြသည်။
" သ..သခင်နဲ့ ကပ်တွယ်နေတယ်လား"
"ငါ သခင်နဲ့ ကပ်တွယ်ပြီးသွားပြီ" အသားဂျယ်လီက မန်ဟို့ခေါင်းပေါ်ခုန်တက်ကာ ဦးထုပ်အသွင်ပြောင်းရင်း အော်ပြောသည်။ "ငါ ဒီလူကို ငါ့သခင်အဖြစ် ရွေးချယ်လိုက်ပြီ။ အလကားပဲ။ ငါ့ကို အခုဖမ်းမိလဲ အလကားပဲ။ မင်းတို့ အကျင့်မကောင်းတဲ့လူတွေ၊ ငါ သခင်နဲ့ ကပ်တွယ်ပြီးပြီ။ ငါ့မှာ ပျံဖို့ အစွမ်းတွေလဲမရှိ၊ အကာအကွယ်လဲမရှိတော့ဘူး။ ငါ ပျက်စီးသွားပြီ။ သေတော့မှာ။ မင်းတို့ ဦးနှောက်မရှိတဲ့အရူးအဖွဲ့ မင်းတို့တွေ ယုတ်မာလွန်းတယ်။ ငါ ငါ ငါ......" ၄င်းက ရုတ်တရက် မန်ဟို့ကို တအံ့တသြကြည့်သည်။ "ဟေး ဘာလို့ အခုထိ နေရာမရွှေ့ပြောင်းသေးတာတုံးကွ"
***