← Chapters

လောကသစ်ပင်၏ စိတ်ဆန္ဒ

Vol. 14 Ch. 194

လောကသစ်ပင်၏ စိတ်ဆန္ဒ

Vol. 14 Ch. 194

လေတိုက်နှုန်းက အမြင့်ရောက်သည်နှင့်အမျှ ပိုပြင်းထန်လာသည့်အတွက် ဤနေရာတွင် မြင့်မြင့်ပျံသန်းရန် မဖြစ်နိုင်ပေ။ သစ်ပင်၏ထိပ်ထံ တည့်တည့် ပျံသွားရန် ကြိုးစားနေသော ချင်းလော်ဂိုဏ်းသားတစ်ယောက်ကို မန်ဟိုတွေ့လိုက်ရသည်။ သူ သိပ်မြင့်မြင့်မရောက်ခင်ပင် အော်သံကြီး ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ အသွေးအသားမြူတိမ်အဖြစ် ပျောက်ကွယ်သွားတော့သည်။

လေကား ထန်နေမြဲပင်။ ၄င်းမှာ သစ်ပင်၏ ပတ်ပတ်လည် မီတာသုံးထောင်နယ်ပယ်ကို နံရံတစ်ခုအသွင် ဖြစ်နေစေသော ဖိအားကြီးနှင့်အတူ ဓားသွားများဖြင့် ပြည့်နှက်နေပုံရသည်။

မန်ဟို ထိုနယ်ပယ်သို့ ဝင်ရောက်သွားသောအခါ သူ့ကို တွန်းထုတ်နေသည့် ပြင်းထန်သော ဖိအားကြီးကို ခံစားနေရသည်။ သူ သစ်ပင်အနား တိုးကပ်သွားလေလေ၊ စိတ်ဝိညာဥ်စွမ်းအင်သည် ပို၍ သိပ်သည်းလာလေလေ ဖြစ်သည်။ ဟုတ်ပါသည်။ သူ ၄င်းကို စုပ်ယူနိုင်ပြီး ပို၍နီးကပ်သွားသည်နှင့်အမျှ လျင်မြန်စွာ စုပ်ယူလာနိုင်သည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ်တောက်ပသွားသည်။

"ရှေ့ဆက်သွားတာက တခြားလူတွေအတွက် အရမ်းခက်ပေမယ့် ငါ့အတွက်တော့ အထွတ်အမြတ်ကျင့်ကြံခြင်းနယ်မြေအတိုင်းပဲ" သူသည် အရှေ့ရှိ ကောင်းကင်ထိ မီတာထောင်ပေါင်းများစွာ ထိုးထွက်နေသော ဧရာမသစ်ပင်ကြီးကို မော့ကြည့်လိုက်သည်။ " ဒီသစ်ပင်က......  ဘာသစ်ပင်များလဲ" ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်မှာ ကောင်းကင်နှင့်မြေကြီးမှ မဟုတ်ဘဲ ဧရာမသစ်ပင်ကြီးမှ ထုတ်လွှတ်ပေးနေသည် စိတ်ဝိညာဥ်စွမ်းအင်ဖြစ်ကြောင်း သူ အာရုံရနေသည်။

ကျင့်ကြံသူအားလုံး သစ်ပင်ကြီးထံ ရုန်းကန်သွားနေကြစဥ် အပေါ်ထက် ကောင်းကင်ရှိ တိမ်တိုက်များတွင် ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုသုံးစုဝင်များသည် မျက်လုံး လင်းလက်တောက်ပနေရင်း တိမ်ဝဲကြီးမှတစ်ဆင့် စောင့်ကြည့်နေကြသည်။

သူတို့အတွက် အရာရာတိုင်းကို အတော်လေး ပြတ်ပြတ်သားသား မြင်နေရသည်။

စုန့်ထျန်းက ပြုံးသည်။ " ဒီနေ့ လာရောက်ကြတဲ့ ဂိုဏ်းနဲ့ မျိုးနွယ်စု အသီးသီးရဲ့ သူရဲကောင်းတွေ၊ လက်ရွေးစင်တွေထဲမှာ ဘယ်သူက သစ်ပင်ဆီ အရင်ဆုံးရောက်မလဲ သိချင်မိတယ် " ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုမှ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များအားလုံး ပြုံးလိုက်ကြသည်။

"ပြောရခက်တယ်။ စုန့်မျိုးနွယ်စုရဲ့ သမက်ရွေးချယ်ပွဲမှာ ဒီရတနာပန်းချီကားချပ် ပါဝင်လိမ့််မယ်လို့ ကျုပ် တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး...... "

"ဒီသစ်ပင်က ရှေးလောကသစ်ပင်ရဲ့ စိတ်ဆန္ဒအပိုင်းအစတစ်ခုကနေ ဆင့်ခေါ်ခံထားရတာ ဖြစ်မယ်။ ဒါဟာ တာအိုမဟာအကြီးအကဲ ရွှေတုန်းလျှို လောကသစ်ပင် သူ့ကိုယ်သူ ဖျက်စီးခဲ့တဲ့ ဒဏ္ဍာရီတည်နေရာမှာ ဉာဏ်အလင်းရခဲ့တုန်းက ရေးဆွဲခဲ့တဲ့ ပန်းချီမှန်း သိသာတယ်။ သင့်တင့်တဲ့ ဉာဏ်အသိနဲ့ဆိုရင် သစ်ပင်ကို ဆင့်ခေါ်နိုင်တယ် ပြောကြတာပဲ။ ဒါက ရှေးဆန်တဲ့အရာကို ဆင့်ခေါ်နိုင်စွမ်းရှိတဲ့ အဖိုးထိုက်ရတနာအစစ်အမှန်ဖြစ်တယ်"

ဟန်ပေ့သည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ဆွေးနွေးနေကြသည်ကို ကြည့်ရှုလေ့လာရင်း ဘေးတွင် ထိုင်နေသည်။ သူမက တိမ်ဝဲထဲတွင် မန်ဟို့ကို တခဏ ရှာလိုက်သည်။ သူမ၏မျက်နှာမှာ တည်ငြိမ်နေသဖြင့် သူမဘာတွေးနေသည်လဲ အရိပ်အမြွက်ပင် မသိနိုင်ပေ။

လီရှိချီသည် အတွေးထဲ နစ်မြောနေလျက် လောကသစ်ပင်၏ စိတ်ဆန္ဒအပိုင်းအစဖြင့်  ဖန်တီးထားသော သစ်ပင်ကို စိုက်ကြည့်နေ၏။

ချင်းလော်ဂိုဏ်းမှ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ဖြစ်သည်။ "လောကသစ်ပင်ရဲ့ စိတ်ဆန္ဒအပိုင်းအစက ဒဏ္ဍာရီလာ ရှေးဟောင်း မိုးကောင်းကင်အစားထိုးစိတ်ဝိညာဥ်စွမ်းအင်တွေကို ထုတ်ပေးနိုင်စွမ်းရှိတယ်" သူက ပြောသည်။

"ကံဆိုးစွာနဲ့ အဲ့တာက ကျင့်ကြံသူတွေ အတွက် အသုံးမဝင်တဲ့အပြင် သူတို့အတွက် အတားအဆီးပဲ ဖြစ်လိမ့်မှာ။ ဒါပေမယ့် သင့်တင့်လျောက်ပတ်တဲ့ ကျင့်ကြံခြင်းအခြေခံရယ်၊ လုံလောက်တဲ့ ဉာဏ်အသိနဲ့ဆိုရင်တော့ ကမ္ဘာသစ်ပင်ကို အဲ့ဒီကမ္ဘာမှာ ထားရှိနိုင််တယ်။ ဘယ်လောက်စစ်မှန်တဲ့ ရတနာတစ်ပါးလဲ။ နောက်ဆုံးတော့ ဒီရတနာအတွက် ဒီတပည့်တွေရဲ့ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်အောင် ကူညီပေးဖို့ ဖြစ်နိုင်တယ်" သူ တိမ်ဝဲကို ကြည့်နေစဥ် သူ့အကြည့်သည် မန်ဟို့အပေါ် ရစ်ဝဲနေ၏။

လွန်ခဲ့သော အချိန်အနည်းငယ်ထဲက သူသည် မန်ဟို့ကို သတိထားမိခဲ့သော်လည်း တိတ်တိတ်ဆိတ်ဆိတ်သာ နေပြီး ဘာမှမလုပ်ပေ။

"ဒီသစ်ပင်က တကယ့်ကို လောကသစ်ပင်ရဲ့ စိတ်ဆန္ဒအပိုင်းအစပဲ။ ပန်းချီကားချပ်နာမည်က လောကသစ်ပင်၏ ရှေးဟောင်းစိတ်ဆန္ဒတဲဲ့။ ကျုပ် အသက်နှစ်တစ်ထောင်ပြည့်တုန်းက နဂါးငွေ့တန်းပင်လယ်ရဲ့ အဋ္ဌမမြောက် ပင်လယ်ဘုရင် ကျုပ်ကို လက်ဆောင်အဖြစ်ပေးခဲ့တာ။ ကျုပ် ဒီနေ့ ထုတ်ပြရတဲ့ အကြောင်းရင်းက ဒီလူငယ်မျိုးဆက်သစ်တွေ ရှေးအချိန်ရဲ့ဉာဏ်အလင်းရရှိဖို့အတွက်နဲ့ ခင်ဗျားအားလုံးရဲ့အကျိုးအတွက်ပေါ့ဗျာ။ ဒီပန်းချီက ကျုပ်အပိုင် ဖြစ်တော့မှာ မဟုတ်ဘူး" စုန့်ထျန်းက ခေါင်းကို ခါရမ်းရင်း ရယ်သည်။ " စုန့်မျိုးဆက်စုရဲ့ သမက်လောင်းကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတယ်"

ဤသည်က အခြား အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများကို စူးရှတောက်ပနေသော မျက်လုံးများဖြင့် တိမ်ဝဲကို နှုတ်ဆိတ်စွာ စိုက်ကြည့်လိုက်စေသည်။

ရုတ်တရက် လူထူးဆန်းစုန့်က ရယ်ပြီး ပြောသည်။ "ခေါင်းဆောင်ကြီး၊ ကျုပ်အတွက် သစ်ပင်ဆီ ဘယ်သူ ပထမဆုံးရောက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီတာအိုရောင်ရင်းတွေနဲ့ လောင်းကြေးထပ်ဖို့ သင့်တော်မလား"

ယီးကျန့်ဂိုဏ်းမှ အကြီးအကဲဖန်းက အားပါးတရ အော်ရယ်သည်။ သူက သေရည်တစ်ကျိုက်မော့ပြီး လှောင်သလို ပြောသည်။ "ကျုပ်တို့အားလုံးက ပုံမှန်ဆို ကိုယ့်တပည့်တွေကိုယ် လောင်းကြတာပဲ။ အကြီးအကဲစုန့်က ဘယ်သူ့အပေါ် လောင်းမလို့တုန်း"

" ကျုပ် သူ့ အပေါ် လောင်းတယ်" လူထူးဆန်းစုန့်က လက်မြှောက်ပြီး တိမ်ဝဲကို လက်ညိုးထိုးကာ ပြောသည်။ သူထိုးလိုက်သူကား........

မန်ဟို။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးက လူထူးဆန်းစုန့် လက်ညှိုးထိုးရာအတိုင်း မန်ဟို့ကို ကြည့်လိုက်ကြသည်။ ချင်းလော်ဂိုဏ်းမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။

ဝမ်မျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ မျက်မှောင်ကြုတ်သွား၏။

ယီးကျန့်ဂိုဏ်းမှ အကြီးအကဲဖန်းက ရယ်ပြီး လူထူးဆန်းစုန့်ကို အဓိပ္ပါယ်ပါပါ ကြည့်သည်။

"ကောင်းတယ်။ လောင်းကြေးက ဘာလဲ" သွေးမိစ္ဆာဂိုဏ်းမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၊ တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေသည့် ရွတ်တွနေသော အဘွားကြီးက ပြောသည်။ သူမအသံမှာ အရိုးများ အချင်းချင်း ပွတ်တိုက်လိုက်သကဲ့သို့ အာခြစ်သံဖြစ်သည်။ သူမက သူတော်ကောင်းယောင်ဆန်ကာ ပြုံးနေသည်။

"ကျုပ် ဒီ ဝိညာဥ်သစ်သီး ထည့်တယ်" သူက အင်္ကျီစကို ခါပြီး သူ့နဖူးအပေါ်သို့ လက်ချောင်းများ ဖိချလိုက်သည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် တင်ပျဥ်ခွေထိုင်နေသော ပုံရိပ်သေးသေးလေး၏ ဝိုးတိုးဝါးတားသဏ္ဍာန် ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်လေးသည် စိတ်ဝိညာဥ်သစ်သီးနှင့်တူသော အရာတစ်ခုအဖြစ် အကောင်အထည်ဖြစ်တည်လာသည်။ ၄င်းက မွှေးပျံ့သောရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။

ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ အနုသုခုမရုပ်ခန္ဓာမှ ဖန်တီးနိုင်ပြီး မိုးကောင်းကင်ပစ္စည်းများနှင့် မြေဓာတ်ရတနာများဖြင့် ယှဥ်နိုင်သည့် ဝိညာဥ်သစ်သီးတစ်လုံးက လွဲ၍ တခြားမဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီးက စိတ်ဝိညာဥ်သစ်သီးများကို ထုတ်လုပ်နိုင်သော်လည်း အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများအတွက် သူတို့၏ခန္ဓာကိုယ်က သူတို့၏ကိုယ်ပိုင် ကောင်းကင်နှင့်မြေကြီးဖြစ်ရာ ပုံမှန်အားဖြင့် ထိုကဲ့သို့သစ်သီးများကို ထုတ်လုပ်နိုင်သည်။

ဝိညာဥ်သစ်သီးများမှာ ကောင်းကင်နှင့်မြေကြီးမှ ကံကောင်းခြင်းတရားကဲ့သို့ ဖြစ်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ၏ အဖိုးထိုက်ဆုံးရတနာများ ဖြစ်သည်။

အခြားသူများမှ ဝိညာဥ်သစ်သီးများတွင် အားပြန်ဖြည်ပေးသော စွမ်းအားများရှိ၍ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများအတွက် ကုသခြင်းနှင့် ပြန်လည်အားဖြည့်ခြင်း၏ အကောင်းဆုံးရင်းမြစ် ဖြစ်သည်။

လူထူးဆန်းစုန့်၏ စကားများက အခြား အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အတွေးနက်သွားသော အမူအရာများ ပေါ်ပေါက်လာစေသည်။ သူတို့အားလုံး ဝိညာဥ်သစ်သီး အသီးသီးအား ပေါင်းစည်းရန် အချိန်သိပ်မကြာလိုက်ပေ။ မကြာခင် သစ်သီးရှစ်လုံးသည် လေလယ်တွင် အတူတကွ ဝဲပျံနေကြသည်။

ဝိညာဥ်သစ်သီးရှစ်လုံး။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအတွက် ဤလောင်းကြေးမှာ အတိုင်းထက်အလွန် စွဲမက်ဖွယ်ကောင်းလှသည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများမှာ မတုန်လှုပ်ချင်ယောင်ဆောင်နေကြသော်လည်း စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားတုန်လှုပ်နေကြသည်။ သူတို့က တိမ်ဝဲကြီးမှတစ်ဆင့် တပည့်အသီးသီးကို ကြည့်လိုက်ကြသည်။

စုန့်ထျန်းက ပြုံးနေပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သူ့ဘေးတွင် ထိုင်နေသော လူနှစ်ယောက်အနက် တစ်ယောက်သည် မျက်လုံးများပိတ်လျက် တရားထိုင်နေပြီး တစ်ယောက်က တင်းမာခက်ထန်သော မျက်နှာထားဖြင့် တိမ်ဝဲထဲက ကျင့်ကြံသူများကို သေသေချာချာစောင့်ကြည့်နေသည်။

စုန့်မျိုးနွယ်စု တာအိုကလေး ၊ စုန့်ယွင်ရှုသည် ခေါင်းဆောင်ကြီးစုန့်ထျန်း၏ဘေးတွင် တည်ငြိမ်စွာ ထိုင်နေ၏။ သူက ဘာမှမပြောဘဲ ပြုံး၍သာနေသည်။ သူ၏မျက်လုံးထဲတွင် စူးရှသောအလင်းရောင်တစ်ခု ရိပ်ခနဲဖြတ်ပြေးသွားသည်။

လူထူးဆန်းစုန့်မှာ တက်ကြွနေပုံပေါ်သည်။ တိမ်ဝဲထဲက မန်ဟို့ကို ကြည့်နေသော သူ၏မျက်လုံးများမှာ တောက်ပနေလျက်ရှိသည်။

"ကောင်းပြီ ကောင်လေး" သူက တွေးသည်။ "မင်း ကျိုးပြည်မှာတုန်းက သုံးခဲ့တဲ့အကွက်တွေ ငါမြင်ချင်တယ်။ မင်း နိုင်ရင် ဒီဝိညာဥ်သစ်သီးတစ်လုံး ဆုချမယ်" ကျိုးပြည်က အဖြစ်အပျက်နှင့် စုန့်မျိုးနွယ်စုတွင် သူကြားခဲ့ရသော ကောလဟလအမျိုးမျိုးကြောင့် လူထူးဆန်းစုန့်သည် မန်ဟို၏လှုပ်ရှားမှုကို စိတ်အားထက်သန်စွာ မျှော်လင့်နေတော့သည်။

အပေါ်က လူများ လောင်းကြေးထပ်နေကြစဥ် ဧရာမသစ်ပင်ကြီး အောက်ရှိ ကျင့်ကြံသူများစွာမှာ တဟုန်ထိုးရှေ့ဆက်နေလျက်ရှိသည်။ သူတို့ကို တွန်းထုတ်နေသည့် ဖိအားကြောင့် သူတို့ မြန်မြန်မရွေ့လျားနိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ရှေ့ဆက်သွားနေကြမြဲပင်။

ယခုလောလောဆယ်တွင် အဖွဲ့ထဲ၌ အမြန်ဆုံးသူမှာ ဝမ်တန်ဖေးဖြစ်သည်။ သူ၏မျက်လုံးများမှာ နီရဲနေပြီး သူက မရပ်မနား ရှေ့ဆက်သွားနေသည်။ သူ့အတွက် ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေးပင်။ သူ စုန့်မျိုးနွယ်စုထံ ဝင်ရောက်လိုက်လျှင် အကုန်လုံးကို အစကပြန်စပြီး နောက်တစ်ဖန် ခေါင်းမော့နိုင်သည်။

"ချူယွီယန် အပျက်မ။ ပြီးတော့ မန်ဟို။ ငါ့ကို စောင့်နေလိုက်" သူသည် အံတင်းတင်းကြိတ်ရင်း ရှေ့သို့တိုးဝင်သွားနေသည်။

ဝမ်တန်ဖေးနောက်တွင် တိတ်ဆိတ်စွာ ချဥ်းကပ်နေသော ဝမ်ယိုချိုင်ဖြစ်သည်။ သူ့အနောက်တွင်ကား ချန်ဖန်း ဦးဆောင်နေသော ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ ။

ဖက်တီးက စောင့်ရှောက်သူတစ်ပုံတပင်နှင့် မနှေးလွန်း၊ မမြန်လွန်း လိုက်ပါနေသည်။

မန်ဟိုက သိသိသာသာ နောက်ရောက်နေသည်။ သို့သော် သူသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ရှေ့ဆက်သွားနေသည်။ သူက မကြာမကြာ ရပ်ပြီး သူ့ပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ကို သတိထားလျက် စုပ်ယူတတ်သည်။

မကြာမီ တစ်နာရီ ကြာခဲ့လေပြီ။ ဝမ်တန်ဖေးသည် သစ်ပင်မှ မီတာသုံးဆယ်သာ ကွာဝေးတော့၏။ ဝမ်ယိုချိုင်က မီတာ ခြောက်ဆယ်ခန့်။ အခြားသူအားလုံးမှာ မီတာသုံးရာ သို့မဟုတ် ထို့ထက်ပင် နီးကပ်နေကြသည်။ တိမ်တိုက်များအပေါ်ရှိ လူထူးဆန်းစုန့်မှာ စိတ်လှုပ်ရှားနေလေပြီ။ သူ့ပတ်လည်ရှိ အခြား အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများက စတင်ပြုံးလာကြသည်။

မီတာသုံးရာအကွာတွင် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် လမ်းတစ်လျှောက်လုံး စိတ်ဝိညာဥ်စွမ်းအင်များကို ဂရုတစိုက် စုပ်ယူနေခဲ့၏။ အာနိသင်က မြေဆေးလုံးလက်တစ်ဆုပ်စာ စားခြင်းနှင့် ညီမျှသည်။ သတိထားနေသည့်တိုင် သူသည် စိတ်ဝိညာဥ်စွမ်းအင်များ တစတစ ပိုမိုစုပ်ယူလာနိုင်၏။ မန်ဟို၏မျက်လုံးများ ရုတ်တရက် လင်းလက်တောက်ပသွားသည်။

"ဒါက ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပဲ" သူကတွေးသည်။ "ငါ အားလုံးက စုပ်ယူပစ်ရမယ်" သူသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒ မျက်လုံးများထဲတွင် ပြည့်နှက်နေလျက် ရှေ့သို့ စတင်ရွေ့လျားလာသည်။ ထိုအခိုက်အတန့်တွင် သူက သူ၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်လေးခုအား မထိန်းချုပ်တော့ဘဲ လွှတ်ပေးလိုက်သဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ ၄င်းတို့သည် စတင်လည်ပတ်လာပြီး တဝီဝီမြည်နေသော အသံတစ်သံ သူ့ကိုယ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ဧရာမဝဲကြီးတစ်ခု သူ့ပတ်လည်တွင် ပေါ်ပေါက်လာ၏။

ဝဲကြီးက ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို ချက်ချင်း သူ့ဆီ ပြေးဝင်လာစေသည်။

သူ့အောက်ရှိ ရေပြင်သည် ဒေါသတကြီး ရိုက်ခတ်လှုပ်ရှားလာပြီး မန်ဟို့၏ ခန္ဓာကိုယ်မှာ ပုံပျက်ရှုံ့တွကာ ဝေဝါးလာပုံရသည်။ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဥ်စွမ်းအင်များ သူထံ တဝေါဝေါပြေးဝင်လာကြပြီး သူ၏အမြန်နှုန်းကား ရုတ်တရက် မယုံနိုင်လောက်အောင် ထိုးတက်သွားတော့သည်။

သူက အရှိန်တင်ရန် ရည်ရွယ်နေခြင်းမဟုတ်ပေ။ သို့သော် သူ့ရှေ့ဆက်သွားနေစဥ် စိတ်ဝိညာဥ်စွမ်းအင်များသည် ပိုပို၍ ထူထပ်ပေါများလာ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် သစ်ပင်မှ မီတာသုံးရာပင် မရှိတော့ပေ။ ထို့နောက် မီတာ နှစ်ရာ့ငါးဆယ်။ မီတာနှစ်ရာ......

မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ တဖြေးဖြေး တိုးတက်လာနေသည်။ သူ၏ ပဉ္စမတာအိုမဏ္ဍိုင်ဂကောက်ကြောင်းသည် ယခုတွင်အပြည့်အဝမြင်သာလာပြီး လျင်မြန်စွာ အစိုင်အခဲဖြစ်လာနေသည်။

မန်ဟို စိတ်လှုပ်ရှားလာတော့သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ပို၍မြန်မြန်ပင် ရွေ့လျားလိုက်သည်။ သူ စိတ်ဝိညာဥ်စွမ်းအင်ကို မရပ်မနားစုပ်ယူရန်  စိတ်ပိုင်းဖြတ်ထားသည်ကို စဥ်းစားပါက ၄င်းတို့အားလုံးကို မစုပ်ယူရန် အကြောင်းမရှိပေ။

ဤသည်မှာ မန်ဟို၏ စရိုက်ပင်။ သူ စာပေသမားဘဝတွင်ပင် ဤအတိုင်းဖြစ်ခဲ့သည်။ ၄င်းက သူနေထိုင်ရှင်သန်သော ပုံစံသာ။ ပုံမှန်အားဖြင့် သူသည် ဆူညံပွက်လောရိုက်စေမည်ကို သဘောမကျပေ။ သို့သော် တစ်ခါတရံ ရှောင်ရှား၍မရလျှင် သူ အစွမ်းကုန်ထုတ်မည်ဖြစ်သည်။

သူ၏ပဉ္စမတာအိုမဏ္ဍိုင် စုခဲလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ဆက်လက် တိုးတက်လာနေသည်။ သူ၏မျက်လုံးများ တောက်ပလင်းလက်လာပြီး သူ၏ချီသည် ပိုပို၍ အားကောင်းလာ၏။

အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူကား သစ်ပင်မှ မီတာကိုးဆယ်သာ ကွာဝေးတော့သည့်တိုင်အောင် တဟုန်ထိုးသွားနေသည်။ သူ၏ ရုတ်တရက် တိုးသွားသော အမြန်နှုန်းနှင့် စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူနိုင်စွမ်းမှာ အံ့မခန်းလိလိပင်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ချက်ချင်း သတိထားမိလိုက်ကြသည်။

သူတို့မှာ သူ့ကို ဝန်းရံနေသည့် ကြောက်မက်ဖွယ် ဝဲကြီးကို မြင်လိုက်ကြပြီး သူတို့ကို တားဆီးနေခဲ့သော စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြားအား သူ စုပ်ယူနေကြောင်း အာရုံရလိုက်သည်။ စိတ်ဝိညာဥ်စွမ်းအင်တို့က သူ့ထံ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်နေကြရာ တစ်ကမ္ဘာလုံးတွင် လှိုင်းဂယက်များ ထနေစေတော့သည်။

"သူ ဘာလုပ်နတောလဲ....."

"သူက.... သူက စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူနေတယ်။ မဖြစ်နိုင်ဘူး"

"ဘယ်လို.....သူ ဘယ်လိုလုပ် လုပ်နိုင်တာတုန်း"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ သူ့ကို တအံ့တသြကြည့်နေကြတော့သည်။

သူတို့သာ မဟုတ်။ အပေါ်ရှိ တိမ်တိုက်များအတွင်းမှ စောင့်ကြည့်နေကြသူများလည်း အံသြတုန်လှုပ်လျက် ကြည့်နေကြသည်။

"သူက ရှေးစိတ်ဝိညာဥ်စွမ်းအင်ကို ဝါးမြိုနေတယ်"

"သူက ဘာလဲ။ အဲ့ဒီလို လုပ်နိုင်ဖို့ ဘယ်ကျင့်စဥ်ကို အသုံးပြုနေတာလဲ"

မန်ဟို့ကို စောင့်ကြည့်နေကြစဥ် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ တဖျပ်ဖျပ်လက်နေကြသည်။ သူတို့မှာ ဤကဲ့သို့အရာမျိုး မြင်ရလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးသဖြင့် အမြုတေအထိ တုန်လှုပ်သွားကြသည်။

စိတ်ဝင်စားဖွယ်ကောင်းစွာပင်၊ သူတို့သည် လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို မြင်နိုင်သော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ ဖြစ်သည့်တိုင် လောလောဆယ်တွင် မန်ဟို၏ တာအိုမဏ္ဍိုင်များက သူတို့၏အမြင်အာရုံကို ကာဆီးပိတ်ဆို့ထား၏။

ထူးဆန်းသော အားတစ်ခုက ကြားဝင်စွက်ဖက်နေသကဲ့သို့ ဖြစ်ရာ သူတို့အတွက် သဲလွန်စနည်းနည်းလေးရရန်ပင် မဖြစ်နိုင်ပေ။ ချင်းလော်ဂိုဏ်းမှ သက်လတ်ပိုင်းလူက မျက်လုံးများ ကျဥ်းမြောင်းလျက် အလေးအနက် စောင့်ကြည့်နေသည်။ သူသည် မန်ဟို၏ တာအိုမဏ္ဍိုင်များ၏ ထူးဆန်းသော ကာဆီးပိတ်ဆို့မှုကို သူ တိမ်ဝဲထဲ မရောက်မီကပင် သတိထားမိခဲ့ပြီး ဖြစ်သည်။

ထိတ်လန့်နေသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ မန်ဟို၏ တိုးတက်မှုကို စောင့်ကြည့်နေကြစဥ် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးသည်လည်း သူ့ကို လင်းလက်တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေသည်။ တကယ်တမ်း သူ့မျက်လုံးများမှာ အစကတည်းက မန်ဟို့ထံမှ မခွာခဲ့ခြင်းဖြစ်သည်။

သူသည် အံသြနေသော မျက်လုံးများဖြင့် တိမ်ထဲက မန်ဟို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

လူထူးဆန်းစုန့်က အကျယ်ကြီး အော်ရယ်သည်။ သူလည်း အခြေအနေကို မယုံနိုင်ဖြစ်နေသည့်တိုင် အခြားတစ်ဖက်တွင် အတိုင်းထက်အလွန် ပျော်ရွှင်နေသည်။ သူ၏ ရယ်သံထွက်ပေါ်လာစဥ် ဟန်ပေ့မှာ မဟာမျိုးနွယ်ကိုးခုတွင် မန်ဆိုသော နာမည် မတည်ရှိသည့်တိုင် မန်ဟို လေးထောင့်ဒယ်အိုးအတွင်း မည်သို့ဝင်ရောက်နိုင်ခဲ့ပုံကို တွေးရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

လီရှိချီ၏ ဖီးနစ်ငှက်သဖွယ် မျက်လုံးလေးများမှာ မန်ဟို့ကို လေးလေးနက်နက်ကြည့်ရင်း ဖျတ်ခနဲ လက်သွားသည်။

ဧရာမသစ်ပင်ကြီး၏အောက်တွင် စိတ်ဝိညာဥ်စွမ်းအင်များ ရိုက်ခတ်လှုပ်ရှားနေရာ လေမုန်တိုင်းကို ပြင်းအားတိုးသွားစေ၏။ လေက ဝမ်တန်ဖေးကို တိုးဝှေ့တိုက်ခတ်ကာ မီတာ ၃၀ မှ ၁၂၅ မီတာခန့်အထိ လွင့်ထွက်သွားစေသည်။

အခြားသူများလည်း တွန်းထုတ်တိုက်ခတ်ခံလိုက်ကြရသည်။ ဤအခြေအနေကြောင့် မန်ဟိုသည် ယခုတွင် သစ်ပင်ထံမှ မီတာ ကိုးဆယ်သာ ကွာဝေးတော့သော အနီးဆုံးလူ ဖြစ်သွားလေပြီ။

ဝမ်တန်ဖေးက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ ဤအခြေအနေကို လက်မခံနိုင်။ သူသည် အားကုန်ထုတ်၍ ရှေ့တိုးသွားသော်လည်း တစ်ချိန်တည်းမှာပင် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ရှေ့တိုးသွားသည်။ သူသည် မီတာသုံးဆယ်ခန့် ရွေ့လျားသွားသည်။ ထို့နောက် နောက်ထပ် မီတာသုံးဆယ်။

နှစ်နာရီအတွင်း သူသည် သစ်ပင်မှ မီတာသုံးဆယ်သာ ကွာဝေးတော့သည်။ သစ်ပင်နှင့်ယှဥ်လျှင် သူ့မှာ ပိုးဟပ်တစ်ကောင်သာသာပင်။ သူ့ပတ်လည်က ဝဲကြီးမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေရာ ပတ်ဝန်းကျင်ရှိ အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအင်များကို သူထံ ပြေးဝင်လာစေသည်။ သူ၏ပဉ္စမတာအိုမဏ္ဍိုင်မှာ ယခုတွင် အသွင်သဏ္ဍာန်အပြည့် မြင်သာလာလေပြီ။ သူ ဤနှုန်းအတိုင်း ဆက်သွားလျှင် ၄င်းကို ပြီးမြောက်အောင် လုပ်နိုင်လောက်မည်ဖြစ်သည်။

ပဉ္စမတာအိုမဏ္ဍိုင် ဖန်တီးပြီးလျှင် မန်ဟိုသည် သေချာပေါက်.....  ချီအခြေတည်အဆင့်တွင် အစွမ်းထက်ဆုံးလူ ဖြစ်လာတော့မည်။

ရွေးချယ်ခံဖြစ်စေ၊ တာအိုကလေးဖြစ်စေ၊ ချီအခြေတည်အဆင့်တစ်ခုလုံးသည် သူ့ခြေထောက်ဖြင့် နင်းခြေပစ်နိုင်သော မြက်ခြောက်သာ ဖြစ်သွားပေတော့မည်။

***

All Chapters