← Chapters

ဓားတစ်ချက်ပင် မခံနိုင်

Vol. 4 Ch. 45

ဓားတစ်ချက်ပင် မခံနိုင်

Vol. 4 Ch. 45

ဟွားဖျင်ဟုခေါ်သောလူငယ်က အပြင်စည်းဂိုဏ်း၏ထိပ်ဆုံးနံပါတ် ၁၀၀ ဖြစ်သော ကျန်းဟန်အား စိန်ခေါ်လိုက်သည်လား။

စားသောက်ဆိုင်တစ်ခုလုံး ဆူညံပွတ်လောရိုက်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဂိုဏ်းဝင်အချင်းချင်းရန်ဖြစ်ခြင်းကို တားမြစ်ထား၏။

သို့သော်လည်း အဆင့်များအတွက် စိန်ခေါ်ယှဉ်ပြိုင်ခြင်းအား မတားပါ။

ကျင့်ကြံခြင်းလောက၌ ယှဉ်ပြိုင်လိုစိတ်အား တားဆီးပါက သူတို့မှာ မည်သို့ တိုးတက်နိုင်ဦးမည်နည်း။

စိန်ခေါ်မှုကို ကြောက်ရွံ့သော ဓားသမားမှာ ဓားသမားဖြစ်ထိုက်ပါသလား။

အတွင်းစည်းဂိုဏ်းနှင့် အပြင်စည်းဂိုဏ်းမှ အဆင့်များမှာ သူတို့အား စိတ်အားထက်သန်လာစေရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။

“ကျန်းဟန်ဟာ အပြင်စည်းဂိုဏ်းမှာ နံပါတ် ၁၀၀ပဲ။ ကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့သူ့ကို စိန်ခေါ်ချင်တယ်”

“ဒီလိုလည်း မဟုတ်လောက်ဘူး။ ငါ သူတို့ကို သိတယ်။ သူတို့ဟာ ဂိုဏ်းက ပါရမီသိပ်မဆိုးတဲ့အတွက် ဂိုဏ်းက တန်ဖိုးထားပြီး အသေအချာ ဂရုစိုက်ပေးခံရသူတွေပဲ။ သူတို့ဟာ အတွင်းစည်းဂိုဏ်းသားတွေကို မယှဉ်နိုင်ပေမဲ့ အပြင်စည်းဂိုဏ်းက ထိပ်ဆုံးနံပါတ်တွေကို ယှဉ်နိုင်လောက်တယ်”

“ဒီနေ့ ပွဲကောင်းရှိမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ငါတို့က အပြင်စည်းဂိုဏ်းက နံပါတ် ၁၀၀ ကို အစားထိုးတဲ့ကိစ္စနဲ့ ကြုံရင် ကြုံနိုင်တာပဲလေ။ ကျန်းဟန်က သူ့ကိုယ်ပိုင်ခွန်အားနဲ့ နံပါတ် ၁၀၀ သို့ရောက်ခဲ့တာ မဟုတ်ဘူးဆိုတာ ငါတို့အားလုံး သိတာပဲလေ”

…

ပတ်ဝန်းကျင်မှ ဂိုဏ်းသားများမှာ သူတို့၏အားရဝမ်းသာဖြစ်မှုကို ဖုံးကွယ်ခြင်း မရှိကြပါ။

ဤသို့သော ပွဲများကို စောင့်ကြည့်ရခြင်းက အမြဲတမ်း စိတ်ဝင်စားစရာ ကောင်း၏။

“စီနီယာအစ်ကိုကျန်းဟန်ကို စိန်ခေါ်တာလား”

တောက်ရှစ်ဝူက အေးစက်စွာ ပြုံးလျှက် ထရပ်သည်။ သူက လက်ထဲမှ ဓားရှည်ကို ကိုင်ကာ ပြောသည်။

“မင်း ငါ့ကို အရင်ကျော်ဖြတ်ဖို့ လိုလိမ့်မယ်”

“ဟုတ်တယ်… လူတိုင်းက စီနီယာအစ်ကိုကျန်းဟန်ကို စိန်ခေါ်ဖို့ မထိုက်တန်ဘူး”

တခြားလူများကလည်း ထရပ်ကြသည်။

ကျန်းဟန်က ဟန်မူယဲ့ သူ့အား ပြုံးလျှက် ကြည့်နေသည်ကို မြင်သည်။

သူ၏ခေါင်းထဲကို အတွေးတစ်ချက် ဝင်လာသည်။

ကျန်းဟန်သည် သူ၏ကိုယ်ပိုင်စွမ်းရည်ကို သိနားလည်၏။

ပြီးခဲ့သောနေ့ရက်များ၌ သူ၏စွမ်းရည်မှာ မြန်ဆန်စွာ တိုးတက်လာခဲ့သည်။

သူသည် ဓားပညာတွင် ကျွမ်းကျင်သလို သူ့ဟာကွက်များကိုလည်း ပြင်ဆင်နိုင်ခဲ့သည်။ သူ၏လက်မှ ဓားနှင့်လည်း အသားကျလာခဲ့ရာ သူသည် အပြင်စည်းဂိုဏ်း၏ထိပ်ဆုံး ၅၀ ထဲသို့ ဝင်ရန် ယုံကြည်ချက် ရှိသည်။

နောက်ရက်ပိုင်းအတွင်း ဂိုဏ်းတာဝန် ပြီးမြောက်ပါက သူသည် အပြင်စည်းဂိုဏ်း၏ထိပ်ဆုံး ၂၀ ထဲကို ဝင်ရောက်ရန် ယုံကြည်ချက် ရှိ၏။

မူလက သူသည် တစ်ဆင့်ချင်း တိုးတက်လိုခဲ့၏။ သူသည် ချီစုစည်းခြင်းအဆင့်သို့ရောက်သည်နှင့် အတွင်းစည်းဂိုဏ်းသား ဖြစ်လာပေမည်။

ထင်ပေါ်ခြင်းထက် သိုသိပ်စွာ နေခြင်းက ပိုကောင်းသည်။

သို့သော်လည်း ယနေ့ သူ့ဆန္ဒအတိုင်း ဖြစ်မလာခဲ့ပါ။

အခြေအနေက ဤသို့ဖြစ်လာမှတော့ သူကလည်း ပုန်းနေတော့မည် မဟုတ်ပေ။

ဓားသမားတစ်ဦးက သူ၏ဓားသွားတုံးသွား၍ ဖြစ်ပါမည်လား။

စီနီယာအစ်ကိုဟန်ကလည်း ထိုသို့တွေးဟန်တူသည်။

“ငါနဲ့ပဲ တိုက်ကြတာပေါ့”

ကျန်းဟန်က ဖြေးလေးစွာ ထရပ်ကာ လက်ဝှေ့ယမ်းသည်။ သူက သူ့အား ဓားဖြင့် ချိန်ရွယ်ထားသော ဟွားဖျင်အား ကြည့်သည်။

“ငါ့ ကျင့်ကြံဆင့်က မင်းထက် မြင့်တယ်။ ငါ့ဓားကလည်း ဓားစံအိမ်က လက်ခံထားတာပဲ။ ဒါက မင်းအတွက် သိပ်မတရားဘူး”

“ဒီလိုလုပ်… တကယ်လို့ ငါ့ဓားကွက် ၁၀ကွက် ခုခံနိုင်ရင် မင်း အနိုင်လို့ သတ်မှတ်ပေးမယ်။ ငါ့ရဲ့ အပြင်စည်းဂိုဏ်း နံပါတ် ၁၀၀ ကိုလည်း မင်းယူသွားနိုင်တယ်”

ကျန်းဟန်၏စကားမှာ ကျယ်လောင်ကာ ပြတ်သားသည်။ ဒုတိယထပ်သာမက စားသောက်ဆိုင်အပြင်ဘက်မှပင် ကောင်းကောင်း ကြားရ၏။

“ကျန်းဟန်… အပြင်စည်းဂိုဏ်းသား နံပါတ် ၁၀၀”

“လူတစ်ယောက်က အပြင်စည်းဂိုဏ်းရဲ့ ထိပ်ဆုံးနံပါတ် ၁၀၀ ကို စိန်ခေါ်လိုက်တာလား”

လူအများအပြားက စားသောက်ဆိုင်ထဲကို ပြေးဝင်လာကြသည်။

ကျန်းဟန်က တစ်ချက်ရယ်မောလိုက်ကာ ဒုတိယထပ်၏ပြတင်းပေါက်မှ အပြင်ကို ခုန်ထွက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လေထဲတွင် လှည့်ပတ်သွားကာ လေပြင်းအဝှေ့တွင် လွင့်သွားသော သစ်ရွက်ကြွေအလား မျက်နှာချင်းဆိုင်မှ အဆောက်အဦး ခေါင်မိုးပေါ်သို့ ရောက်သွား၏။

“မိုက်လိုက်တာ…”

“စီနီယာအစ်ကိုကျန်းဟန်… ကောင်းလိုက်တဲ့ ခြေလှမ်းသိုင်း…”

ကျန်းဟန်၏လှုပ်ရှားဟန်က လူအများအပြား၏လက်ခုပ်ဩဘာကို သိမ်းပိုက်သွားသည်။

ဟွားဖျင်နှင့် သူ့လူများ၏အမူအရာက သိပ်မကောင်းပေ။

ထိုလှုပ်ရှားမှုမျှဖြင့် ကျန်းဟန်မှာ သာမန်မဟုတ်ကြောင်း သူတို့ ပြောနိုင်သည်။

“ဟွင်း… အလှပြကွက်အဆင့်နဲ့များ…”

ဟွားဖျင်က နှာခေါင်းရှုံ့လိုက်ကာ လက်ထဲမှ ဓားဖြင့် ပြေးလွှားသွားသည်။ သူ၏ပုံရိပ်သည် ပြင်းတင်းပေါက်ကို ဖြတ်ကာ ပေ ၁၀ကျော်ဝေးသော ကျန်းဟန်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွား၏။

“ကောင်းတယ်… သူက ဘယ်သူလဲ”

“သူက စီနီယာအစ်ကိုကျန်းဟန်ကို စိန်ခေါ်ရဲတာ မထူးဆန်းဘူး။ သူ့ဓားကွက်က ထူးခြားတယ်”

“ဒီနေ့တိုက်ပွဲက စိတ်ဝင်စားစရာပဲ”

ဟွားဖျင်က ကျန်းဟန်အား စိန်ခေါ်ရဲမှတော့ သူ၏စွမ်းရည်ကလည်း ကောင်းမွန်ပေလိမ့်မည်။

သူ၏ဓားချက်သည် မြန်ဆန်ကာ တိကျသည်။ အဓိကအချက်မှာ ဓားနှင့်ခန္ဓာကိုယ်သည် တစ်သားတည်းဖြစ်သွားခြင်း ဖြစ်သည်။

“သူ့အဆင့်နဲ့ဆို ကျန်းဟန်ဆီမှာ ၁၀ ကွက်ထက်ပိုပြီး ခုခံနိုင်မှာမလား”

“၁၀ ကွက်ဟုတ်လား… ၁၀ ကွက်မခံနိုင်တာ ကျန်းဟန်ဖြစ်ဖို့ များတယ်”

ခေါင်မိုးထက်တွင် ရပ်နေသော ကျန်းဟန်အား ကြည့်ကာ လူတိုင်းက သူ မည်သို့ တုန့်ပြန်မည်ကို စိတ်ဝင်စားနေကြ၏။

စိန်ခေါ်သူက ကျန်းဟန်အား တစ်ကွက်တည်းဖြင့် နောက်ဆုတ်သွားစေပါက သူသည် တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားသွားပေလိမ့်မည်။

ဓားသည် ကျန်းဟန်၏ဝမ်းဗိုက်နေရာသို့ တန်းတန်းမတ်မတ် ဝင်လာသည်။

၁၀ ပေ…

၅ ပေ…

၃ ပေ…

ထိုအခိုက်တွင်…

ကလင်…

ကျန်းဟန်က ဓားကို ထုတ်လိုက်သည်။ ဓားအလင်းသည် မိုးနှင့်လေတို့၏အသံများကို သယ်ဆောင်ထားသည်။ ခန္ဓာကိုယ်ကို တစ်ချက်လှည့်လျှင် ဓားဖြင့် ထိုးလိုက်သော ဟွားဖျင်နှင့် ကျန်းဟန်သည် တည်နေရာ ပြောင်းလဲသွားကြသည်။

လှုပ်ရှားမှုသည် ချိန်သားကိုက်ကာ မြန်ဆန်၏။

ဝှစ်…

ဒင်…

သူတို့နှစ်ဦး ဘေးချင်းကပ်ရပ် လေထဲ ဖြတ်သန်းသွာစဉ်မှာပင် ဓားနှစ်လက် ထိရိုက်သံကို ကြားကြရသည်။

ကျန်းဟန်၏ခန္ဓာကိုယ်သည် ငှက်တစ်ကောင်အလား လေထဲ၌ ပျံဝဲသွားကာ နောက်ထပ် ၁၀ပေခန့် အကွာအဝေးမှ စားသောက်ဆိုင်ဒုတိယထပ်ပေါ်သို့ တိုက်ရိုက်သက်ဆင်းလာခဲ့သည်။

သူက ဓားကို ပြန်သိမ်းလိုက်ကာ ဟန်မူယဲ့အား ဦးညွှတ်သည်။

“စီနီယာအစ်ကိုဟန်… ကောင်လေးက ဟန်ပြသက်သက်ပဲ”

‘ဟန်ပြသက်သက်…’

ဟန်မူယဲ့ ရယ်မောကာ ခေါင်းညိတ်သည်။

ဓားကွက်ကား လှပသော်လည်း အမှန်တကယ်ပင် ခွန်အားကင်းမဲ့သည်။ ၎င်းသည် ဟန်ပြသက်သက် ဖြစ်သည်။

၎င်းသည် အခြေခံသိပ်မခိုင်မာဘဲ ထက်မြက်သော ဓားကွက်အား လေ့ကျင့်သော အားနည်းချက်တစ်ခုလည်း ဖြစ်သည်။

ဘုန်း…

တစ်ဖက်ခေါင်မိုးပေါ်တွင် ဟွားဖျင်မှာ အပေါ်မှနေ၍ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

သူက ဟန်ချက်ကို ကောင်းကောင်းထိန်းနိုင်ခဲ့သော်လည်း သူ၏မျက်နှာမှာ ပြာနှမ်းကာ ရင်ဘတ်တွင်လည်း ဓားဒဏ်ရာတစ်ချက်ကို မြင်ကြရ၏။

သူ၏ဒဏ်ရာမှာ သိပ်မပြင်းထန်သော်လည်း ၎င်းဓားချက်သည် ဟွားဖျင်၏မာနကို ဖျက်ဆီးသွား၏။

ကောင်းမွန်သော ပါရမီ…

လျင်မြန်သော ကျင့်ကြံခြင်း…

ဂိုဏ်းမှ တန်ဖိုးထားခံရသူ…

သူသည် အပြင်စည်းဂိုဏ်း၏ထိပ်ဆုံးနံပါတ် ၁၀၀ ထံ၌ပင် ဓားတစ်ချက် မခံနိုင်ခဲ့ပါ။

ချောင်းချင်းအာအဖွဲ့မှ တခြားလူများကလည်း အချင်းချင်းကြည့်ကာ အောက်ကို ပြေးဆင်းသွားကြသည်။

ချောင်းချင်းအာကလည်း ဟန်မူယဲ့အား တီးတိုး တောင်းပန်စကားဆိုသည်။

“စီနီယာအစ်ကို… ကျွန်မကို အပြစ်မတင်ပါနဲ့နော်။ နောက်တော့မှ ကျွန်မလာတောင်းပန်ပါ့မယ်”

ထို့နောက် သူမ အောက်ထပ်ကို ပြေးဆင်းသွားသည်။

သူတို့က ဟွားဖျင်အား တွဲထူကာ ထွက်သွားကြ၏။

“ကောင်လေးဓားသိုင်းက သိပ်မဆိုးပါဘူး။ သူက အပြင်စည်းဂိုဏ်းရဲ့ထိပ်ဆုံးနံပါတ် ၁၀၀ တဲ့လား။ သူက ဒီလောက်တောင် သန်မာတယ်ပေါ့”

လူတစ်ယောက်က ရေရွက်သည်။

ဟွားဖျင်၏ဓားချက်မှာ ကောင်းမွန်သည်။ အပြင်စည်းဂိုဏ်းတွင် သူ့ဓားချက်အား ခုခံနိုင်သူ သိပ်မရှိပါ။

“ဒါက အပြင်စည်းဂိုဏ်းရဲ့ထိပ်ဆုံးနံပါတ် ၁၀၀လား။ ကြည့်ရတာ ကျုပ်တော့ တစ်သက်လုံး သူ့ကို မှီတော့မယ် မထင်ဘူး”

တစ်ယောက်က စားသောက်ဆိုင်ဒုတိယထပ်အား ကြည့်လျှက်ပြောကာ ထွက်သွားသည်။

ဒုတိယထပ်တွင် ကျန်းဟန်အား သိပ်အထင်မကြီးသော အပြင်စည်းဂိုဏ်းသားတို့မှာ အလျင်အမြန် စားသောက်ဆိုင်ထဲမှ ထွက်သွားကြ၏။

ကျန်သောလူများက ကျန်းဟန်အား အံ့အားသင့်စွာ ကြည့်ကြသည်။

“စီနီယာအစ်ကိုကျန်း… ခင်ဗျားက ဒီလောက်တော်မယ်လို့ မထင်ထားဘူး”

စွန်းတယုံက ကျန်းဟန်အား ကြည့်ကာ သက်ပြင်းချသည်။

ဒုတိယထပ်မှ လူအများအပြားကလည်း ထိုစကားကို ပြောချင်ကြသည်။

ကျန်းဟန်က ခေါင်းယမ်းကာ ဟန်မူယဲ့အား ကြည့်သည်။ ထို့နောက် သူက လေးနက်သောလေသံဖြင့် ပြောသည်။

“စီနီယာအစ်ကိုဟန်ရဲ့ လမ်းညွှန်မှု၊ သူ ရွေးပေးတဲ့ဓားကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့ထက် သန်မာနေမှာ မဟုတ်ဘူး”

စီနီယာအစ်ကိုဟန်ရဲ့လမ်းညွှန်မှုလား…

စီနီယာအစ်ကိုဟန်ရွေးပေးသောဓား…

တောက်ရှစ်ဝူတို့မှာလည်း အံ့အားသင့်သွားကြသည်။

သူတို့သည်လည်း စီနီယာအစ်ကိုဟန်၏လမ်းညွှန်မှုကို ရရှိခဲ့ကြသည်။

ဓားမှာလည်း စီနီယာအစ်ကိုဟန် ရွေးပေးခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်က သူတို့ ကြိုးစားလေ့ကျင့်သရွေ့ စီနီယာအစ်ကိုကျန်းဟန်ကဲ့သို့ သန်မာလာနိုင်သည်။

တခြား အပြင်စည်းဂိုဏ်းသားများက ဟန်မူယဲ့အား ကြည့်ကြသည်။

သူက သာမန်ဓားထိန်းတစ်ဦးဟု ပြောခဲ့ကြသည် မဟုတ်ဘူးလား။

ဓားထိန်းတစ်ယောက်က အပြင်စည်းဂိုဏ်းမှ ထိပ်ဆုံးနံပါတ် ၁၀၀ အား လမ်ညွှန်မှုပေးနိုင်သည်လား။

ထိုအခိုက်တွင် စွန်းတယုံတို့ ပြောခဲ့သော စကားများကို ပြန်အမှတ်ရလာကြသည်။ သူတို့ရှေ့မှ ဓားထိန်းသည် သာမန်မဟုတ်ပါ။

“စီနီယာအစ်ကိုဟန်အတွက်…”

စွန်းတယုံက သေရည်ခွကို မြှောက်ကာ‌ အော်လိုက်သည်။

“စီနီယာအစ်ကိုဟန်အတွက်…”

တခြားလူများကလည်း ခွက်ကို မြှောက်ကာ သောက်လိုက်ကြသည်။

ဟန်မူယဲ့ကလည်း ပြုံးကာ သေရည်ခွက်ကို မြှောက်လျှက် သောလိုက်၏။ ထို့နောက် သူက ထရပ်ကာ ပြောသည်။

“ဒီနေ့တော့ ဒီလောက်ပဲ။ မင်းတို့ အောင်ပွဲနဲ့ပြန်လာတဲ့အခါမှပဲ ငါတို့ အတူ ထပ်သောက်တာပေါ့”

ဟန်မူယဲ့ ထရပ်ကာ သေတ္တာလေးအား ထုတ်လျှက် စားပွဲပေါ်သို့ တင်လိုက်သည်။

“ဒါက မင်းတို့ ဝိညာဉ်ကျောက်တုံးတွေပဲ။ ပြန်ယူလိုက်ကြ”

သူတို့၏ဝိညာဉ်ကျောက်တုံးများအား ပြန်ယူရမည်လား။

ကျန်းဟန်တို့က အံ့အားသင့်သွားကာ စကားပြောရန် ဟန်ပြင်လိုက်စဉ် ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။

“ငါ မင်းတို့ ဝိညာဉ်ကျောက်တုံးတွေကို မလိုဘူး”

ကျန်းဟန်တို့က ဟန်မူယဲ့၏စကားကို သံသယမဖြစ်ပါ။

စီနီယာအစ်ကိုဟန်၏စွမ်းရည်များအရ ဝိညာဉ်ကျောက်တုံးများ သူ့အတွက် မရှားပါးနိုင်ပါ။

ဟန်မူယဲ့ ထွက်ခွာလာလျှင် လုကောလည်း ထရပ်သည်။

ကျန်းဟန်တို့က ဟန်မူယဲ့အား လိုက်ပါပို့ဆောင်လိုသော်လည်း သူက ခေါင်းယမ်းကာ ပြောသည်။

“မင်းတို့က မကြာခင် တာဝန်နဲ့ခရီးထွက်ရမှာဆိုတော့ ဒီနေ့ ကောင်းကောင်းပျော်ကြပါ။ ကျန်းဟန်ကို မူးအောင် တိုက်လိုက်ကြ”

စွန်းတယုံနှင့် တခြားလူများက ရယ်မောကြသည်။

ကျန်းဟန်ကလည်း ရက်ရောစွာ ပြောသည်။

“ကျွန်တော် မူးမယ်လို့တော့ မထင်ဘူး”

All Chapters