← Chapters

လျှို့ဝှက်အစည်းအဝေးအတွက် အခွင့်အရေး

Vol. 15 Ch. 209

လျှို့ဝှက်အစည်းအဝေးအတွက် အခွင့်အရေး

Vol. 15 Ch. 209

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူက ခေါင်းကို မော့ထားရင်း အချိန်အနည်းငယ်ကြာသည်အထိ အတွေးထဲ နစ်မြောနေသည်။ သူ့ခေါင်းထဲတွင် စုန့်မျိုးနွယ်စု တိမ်ဝဲကြီးအတွင်းရှိ နေ့ရက်တုန်းက ပုံရိပ်များ တရိပ်ရိပ်ဖြတ်ပြေးနေသည်။ သူ ဧရာမသစ်ပင်ကြီးအပေါ်တွင် ရပ်ပြီး ဘာမှမရှိသော ဟင်းလင်းပြင်ကို လှမ်းကြည့်နေချိန် ရွှေတုန်းလျှို ရေးသားပြီး လက်မှတ်ထိုးထားသော စာလုံးများကို မြင်ခဲ့ရသည်။

အချိန်အတန်ကြာပြီးနောက်ဆုံး မန်ဟိုသည် သူ့ကိုယ်သူ ဆန်းစစ်လေ့လာရန် မြေကြီးပေါ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက် သူက မျက်လုံးများ ပြန်ဖွင့်လိုက်ရာတွင် ၄င်းတို့သည် တောက်ပလင်းလက်နေ၏။ ရှင်သန်ခြင်းနှင်းပန်းမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သော အားဖြင့် အလုံးစုံ ဖိနှိပ်ခံထားရကြောင်း ထင်ရှားလေသည်။ ၄င်းမှာ အိပ်ပျော်နေပုံရသည်။

ဤသက်ရောက်မှုမှာ နွေဦးနှင့်ဆောင်းဦးသစ်ပင်ထက် ပို၍အစွမ်းထက်ပြီး အဆိပ်ဖယ်ရှားရန် အချိန်များများ ပိုရစေသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း ပန်းချီကို ဂရုတစိုက် လိပ်ပြီးနောက် အဘိုးကြီးကို မှန်းဆ၍ လေးလေးနက်နက် လက်ယှက်ရိုအသေပေးလိုက်သည်။

"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ" သူက အသက်ဆယ်ရှိုက်ကြာသည်အထိ ခါးကိုင်းအရိုအသေပေးနေပြီးနောက် ပြန်မတ်လိုက်သည်။ ဤအဘိုးကြီး မည်သည့်အတွက်ကြောင့် ပေါ်လာခဲ့သည်လဲ သို့မဟုတ် ဘာ့ကြောင့် သူ့ကို စောင့်နေခဲ့သည့် ပုံပေါ်နေသည်လဲ မန်ဟိုမတွေးတတ်ပေ။

"ရွှေတုန်းလျို..... " တခဏကြာသော် မန်ဟိုသည် ကျင့်ကြံခြင်းဂူထဲရှိ လျှို့ဝှက်အခန်းအားလုံးကို စစ်ဆေးကြည့်ရှုရန် လှည့်ထွက်သွားတော့သည်။ သူက ယူ၍ရသမျှအားလုံး သိမ်းကျုံးယူလိုက်သည်။ ထို့နောက် နေရာရွှေ့ပြောင်းရေးဝင်ပေါက်ထံ လျှောက်သွားသည်။ ယခင်က နေရာရွှေ့ပြောင်းရေးဝင်ပေါက်များနှင့်ပတ်သက်၍ သူ သိပ်များများစားစား မလေ့လာခဲ့ရသော်လည်း အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးလေသည်။ သူက ဝိညာဥ်ကျောက်တုံးတစ်တုံး ထုတ်ပြီး ဝင်ပေါက်၏အလယ်သို့ ထည့်လိုက်သည်။ စူးရှတောက်ပသော အလင်းရောင်ဖြာထွက်လာပြီး မကြာခင် နေရာရွှေ့ပြောင်းခြင်းအလင်းက မန်ဟို့ကို ဝန်းရံလာသည်။

ဝီးခနဲ မြည်သံတစ်သံ လေထဲတွင် ပြည့်သွားပြီး တောင်တစ်တောင်လုံး လှုပ်ရမ်းသွားသည်။ အလင်းရောင်က မျက်စိကျိန်းမတတ် ဖျတ်ခနဲ လက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ မန်ဟိုလည်း သဲလွန်စပင်မကျန် ပျောက်သွားသည်။

တောင်ပိုင်းဒေသ၊ တုန်းလိုင်ပြည်၊ ဇီယွင်ဂိုဏ်း၏ ပိုင်နက်။ အစွန်အဖျားကျသော တောင်တန်းများ၏ အလယ်တွင် မိုးထိအောင် မြင့်သွန်းနေသော တောင်ထိပ်တစ်ခုရှိသည်။ ကျင့်ကြံခြင်းဂူတစ်လုံးအား ၄င်းအတွင်းတွင် ထွင်းထား၏။ စူးရှတောက်ပသောအလင်းရောင် ဖြာထွက်လာပြီးနောက် တဖြေးဖြေး ပျောက်ကွယ်သွားသည်။ မန်ဟိုက ချက်ချင်း ထွက်လာသည်။

သူသည် စွန့်ပစ်ခံထားရသော ကျင့်ကြံခြင်းဂူနှင့် ယိုယွင်းပျက်စီးနေသော နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကို ပြန်လှည့်ကြည့်သည်။ တစ်နေ့ ထပ်အသုံးလိုမည်လား အတပ်မပြောနိုင်သဖြင့် ၄င်း၏တည်နေရာကို မှတ်သားပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ ထွက်သွားတော့သည်။

သူ တရိပ်ရိပ်ပျံသန်းနေစဥ် လှိုင်းတွန့်များထနေသော အလင်းရောင်တစ်ခုသည် ရုတ်တရက် သူ့တစ်ကိုယ်လုံး၌ အလွှာများအဖြစ် ပျံ့နှံ့လာသည်။ ၄င်း ပျောက်ကွယ်သွားသောအခါ သူ၏ပုံပန်းသွင်ပြင်ကား အလုံးစုံပြောင်းလဲသွားလေပြီ။ သူ၏အသားရေမှာ မည်းမနေတော့ဘဲ ဖြူပြီး ကြည်လင်နေသည်။ သူသည် အသက် ၁၆၊ ၁၇ ခန့် အရွယ်အထိ အများကြီးပိုငယ်သွားပြီး ပညာရှင်ဆန်ဆန် တည်ကြည်ခံညားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ့မှာ အတော်လေး ပျော့ညံ့ပြီး ရင့်ကျက်မှုမရှိသည့်ပုံပင် ပေါက်နေသည်အထိ လုံးဝပြောင်းလဲသွားသည်။

"မြင့်မြတ်သော ဝိညာဥ်ကျမ်းစာကျေးဇူးနဲ့ တောင်ပိုင်းဒေသက ဂိုဏ်းနဲ့မျိုးနွယ်စုတွေ အားလုံး ငါ့ကို ရှာနေကြတယ်ဆိုတာ လောင်းရဲတယ်။ ဒါပေမယ့် အခု ဇီယွင်ဂိုဏ်းထဲ ရုပ်ဖျက်ဝင်နိုင်ပြီ။ အဆိပ်ဖြေရမယ်၊ ဆေးဝါးပညာရပ်ကို သင်ယူမယ်၊ ဒါမှမဟုတ် အရှေ့အရပ်မှခရမ်းရောင်ချီကို တတ်မြောက်ရမယ်...... ငါ ဒီဂိုဏ်းကို သေချာပေါက် ဝင်ကိုဝင်ရမယ်" သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ပြည့်နှက်သွား၏။

ရက်အနည်းငယ်ကြာသော် ဇီယွင်ဂိုဏ်းအပြင်ဘက်၊ ကျင့်ကြံသူများမြို့တော်။

ခရမ်းလမြို့တော်သည် တုန်းလိုင်ပြည်အတွင်းရှိ ကျင့်ကြံသူများအတွက် စည်ကားသိုက်မြိုက်သော အချက်အချာမ်ြို့ကြီးတစ်မြို့ဖြစ်သည်။ အထူးသဖြင့် ဇီယွင်ဂိုဏ်းမှ နှစ်စဥ်ဆေးလေလံပွဲကျင်းပလေ့ရှိသည့် ခုနစ်လပိုင်း အခါသမယပင်။ ထိုကာလအတွင်းတွင် မြို့သည် များသောအားဖြင့် ပုံမှန်ထက်ပင် ပို၍ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေတတ်သည်။ တုန်းလိုင်ပြည်၏ ဂိုဏ်းများသာမဟုတ်၊ တောင်ပိုင်းဒေသတစ်လွှားမှ ဂိုဏ်းများ လာရောက်ကြလေသည်။ အတော်များများမှာ ဆေးလေလံပွဲ တက်ရောက်ရန်လေးအတွက် ဤနေရာသို့ နေရာရွှေ့ပြောင်းလာကြမည် ဖြစ်သည်။

ဆေးလေလံပွဲဆိုသည်မှာ ဆေးလုံးများအား လေလံတင်ရောင်းချရန် ဇီယွင်ဂိုဏ်းမှ ကြီးမှူးဆောင်ရွက်သော အစဥ်အလာကြီးတစ်ခုဖြစ်သည်။ ဇီယွင်ဂိုဏ်းမှ ဆေးဝါးပညာရှင်များအနေဖြင့် သူတို့၏အကောင်းဆုံး ဆေးလုံးများကို ကမ်းလှမ်းရမည်။ သူတို့အတွက် အကျိုးအမြတ်များမည်သာမက တစ်ကမ္ဘာလုံးအား သူတို့၏ ဆေးဖော်စပ်ခြင်းစွမ်းရည် ပြသခွင့်ရမည်ဖြစ်သည်။

ဆေးလေလံပွဲအတောအတွင်း ဇီယွင်ဂိုဏ်း၏ ဆေးပေါင်းဖိုဘုရင်များပင် တစ်ခါတရံ ဝင်ရောက်ယှဥ်ပြိုင်တတ်သည်။ ထိုသို့ဝင်ပြိုင်သောအခါ အမြဲတမ်း အုတ်အော်သောင်းနင်းဖြစ်ပွားစေပြီး အခြားဂိုဏ်းကြီးများအား အာရုံစိုက်စေမည်ဖြစ်သည်။

ဇီယွင်ဂိုဏ်း၏ ဆေးပေါင်းဖိုဘုရင်များမှာ သာမန်ဆေးဝါးပညာရှင်များထက်ပို၍ ခြားနားသည် မဟုတ်ပါလော။ အခြားဂိုဏ်းများအနေဖြင့် မည်မျှအကုန်အကျခံစေကာမူ တစ်ယောက်ကိုပင် မြေတောင်မြှောက်ပေးနိုင်မည်မဟုတ်ပေ။ တောင်ပိုင်းဒေသတစ်ခွင်လုံးတွင် ဇီယွင်ဂိုဏ်းသည်သာ ဆေးပေါင်းဖိုဘုရင်များကို လေ့ကျင့်သင်ကြားပေးနိုင်သည်။

ဇီယွင်ဂိုဏ်း တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ဂိုဏ်းအပါအဝင် ဖြစ်လာရသည့်အကြောင်းရင်းတစ်ဝက်မှာ ၄င်း၏ ဆေးဝါးပညာရှင်များကြောင့်ပင်။ တခြားအကြောင်းပြချက်က အရှေ့အရပ်မှခရမ်းရောင်ချီကျင့်စဥ်ကို ဆင့်ကမ်းပေးခဲ့သော မြင့်မြတ်သောဝိညာဥ်ကျမ်းစာအပိုင်းအစ ကြောင့်ပင်။

ဤသို့ဖြင့် ဇီယွင်ဂိုဏ်းကို အဖွဲ့နှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ဂိုဏ်း၏တစ်ပိုင်းက ခရမ်းရောင်ချီအဖွဲ့ဖြစ်ပြီး အခြားတစ်ပိုင်းက အရှေ့ဆေးဝါးအဖွဲ့ပင်။

ခရမ်းရောင်ချီအဖွဲ့သည် တာအိုနှင့် ဆက်နွှယ်သော မှော်ကျင့်စဥ်များကို ကျင့်ကြံအားထုတ်သည်။ အရှေ့ဆေးဝါးအဖွဲ့ကမူ ဆေးဝါးတာအိုအပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသည်။ အဖွဲ့နှစ်ဖွဲ့သည် အတွဲညီပြီး တစ်ဖွဲ့ကို တစ်ဖွဲ့ လေးစားကြသည်။ ဤဆက်ဆံရေးကြောင့် ဇီယွင်ဂိုဏ်းမှာ လက်ရှိနေရာကို သိမ်းပိုက်ထားခြင်းပင်။

သည်နှစ် ဇီယွင်ဂိုဏ်း၏ ဆေးလေလံပွဲက ခရမ်းလမြို့တော်တွင် ရက်အနည်းငယ်အတွင်း ကျင်းပတော့မည်ဖြစ်သည်။ လောလောဆယ်တွင် အသက် ၁၆နှစ်၊ ၁၇နှစ် စာပေသမားလေးတစ်ယောက်သည် အဝေးရှိ တောင်တစ်လုံးကို ငေးကြည့်နေရင်း မြို့၏ ပြည့်သူ့ရင်ပြင်တွင် ရပ်နေသည်။ တောင်သည် မိုးကောင်းကင်ထိတိုင် ထိုးတက်နေသော ခရမ်းရောင်အလင်းတစ်ခုဖြင့် တောက်ပနေသည်။ ၄င်းက ကောင်းကင်တစ်ပြင်လုံးကို ခရမ်းရောင်သမ်းနေစေပြီး အဝေးတစ်နေရာမှာကြည့်လျှင် တောင်တစ်လုံးနှင့်မတူ...... တောင်အရွယ်အစားရှိသည့် ဧရာမရုပ်တုကြီးအလားပင်။

ရုပ်တုကြီးက အဘိုးအိုတစ်ယောက်အသွင်ရှိသည်။ အဘိုးအို၏အရှေ့တွင် တောင်တစ်လုံးနှင့် ပုံသဏ္ဍာန် အတော်လေးတူသော ဆေးပေါင်းဖိုကြီးတစ်လုံးနှင့်အတူ ဧရာမစာလိပ်ကြီးတစ်ခုရှိသည်။ နှစ်ခုလုံးမှ ခရမ်းရောင်အလင်းများ ဖြာထွက်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဤနေရာမှာ သာမန်မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်သည်။

ဤသည်ကား ဇီယွင်ဂိုဏ်း၏ ပင်မဂိတ်ပင်။

စာပေသမားလေး၏ဘေးတွင် ကောက်ကျစ်စဥ်းလဲသော မျက်လုံးများဖြင့် အသက်သုံးဆယ်ခန့်ရှိသော ခပ်ပိန်ပိန် သက်လတ်ပိုင်းလူတစ်ယောက် ရှိသည်။ သူက ခံစားချက်အပြည့်နှင့် သက်ပြင်းချပြီး ပြောသည်။ "ဒါက ဇီယွင်ဂိုဏ်းရဲ့ တည်ထောင်သူကြီးပဲ။ သူ့ရဲ့တာအိုနာမည်က ဆရာကြီး ဇီတုန်တဲ့။ သူ့က ဟိုးအရင်ထဲက အင်မိုတယ်အဆင့်ကို ရောက်ရှိခဲ့တာ။ ဒါပေမယ့် သူချန်ရစ်ခဲ့တဲ့ တာအိုဝါဒတွေဟာ ဒီနေ့အထိ တိုးပွားများပြားနေတုန်းပဲ။ သူတို့က တောင်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်း၊ ဇီယွင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ"

သူ၏မျက်လုဲံးများသည် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်လျက်ရှိပြီး သူက ဆက်ပြောသည်။ " နောက်မျိုးဆက်တွေက သူ့ရဲ့မျက်နှာသွင်ပြင်ကို မှတ်သားပြီး တောင်ကို အခြေအနေနဲ့သုံးရင်း အဲ့ဒီ ရုပ်တုကို ပုံဖော်ခဲ့တယ်။ သူ့အရှေ့က ဆေးပေါင်းဖိုက ဇီယွင်းဂိုဏ်းရဲ့ အရှေ့ဆေးဝါးအဖွဲ့ကို ကိုယ်စားပြုတယ်။ စာလိပ်က ခရမ်းရောင်ချီအဖွဲ့ကို ကိုယ်စားပြုတယ်။ သူတို့ အတူပေါင်းပြီး ဇီယွင်ဂိုဏ်းရဲ့ အထင်ကရပင်မဂိတ်ကြီးကို ဖန်တီးလိုက်တာပဲ။ အဲ့ဒီဂိတ်တံခါးနဲ့နောက်မှာ ကြိုးတံတားတွေနဲ့ အကုန်ဆက်သွယ်ထားတဲ့ အဆုံးမဲ့တောင်တန်းတွေရှိတယ်။ အဲ့တာက အပြင်လူတွေ မကြည့်ဘဲ မနေနိုင်တဲ့ အံသြစရာမြင်ကွင်းကြီးကို ဖြစ်ပေါ်စေတယ် ။ အဲ့ဒါ ဇီယွင်ဂိုဏ်းပဲ"

စာပေသမားလူငယ်လေးမှာ ထိုလူ၏စကားများတွင် နစ်မြောနေဟန်တူသည်။ သို့သော် သူ၏မျက်လုံးများထဲတွင်တော့ အေးစက်သောအလင်းတစ်ခု တည်ရှိနေသည်။

ဤလူငယ်လေးကား ပုံပန်းသွင်ပြင်အသစ်နှင့် မန်ဟိုက လွဲ၍ တခြားမဟုတ်ပေ။ သူ့ဘေးရှိ ခပ်ပိန်ပိန်လူမှာ လူစိမ်းများအား မြို့တော်နှင့် အကျွမ်းတဝင်ရှိအောင် ကူညီပေးသည့် လမ်းပြတစ်ယောက်ဖြစ်သည်။

"ကျွန်တော် ဒီလိုဂိုဏ်းကြီးတစ်ဂိုဏ်းထဲ ဝင်ရောက်နိုင်လို့ကတော့ နောင်တမရှိဘဲ ဘဝကို နေထိုင်သွားနိုင်လိမ့်မှာ" မန်ဟိုက ကြီးကျယ်ခမ်းနားသော ပင်မဂိတ်ကြီးကို ကြည့်ရင်း ခပ်တိုးတိုးပြောသည်။ သူ၏စကားလုံးများက လိုချင်တပ်မက်မှုများဖြင့် ပြည့်နေသည်။

"အဲ့တာ တော်တော်လေး မဖြစ်နိုင်ဘူး" ခပ်ပိန်ပိန်လူက ရယ်သည်။ "ဇီယွင်ဂိုဏ်းက ဂိုဏ်းသာအသစ်ခေါ်ခဲတယ်။ သူတို့ခေါ်ရင်တောင်မှ တုန်းလိုင်ပြည်ထဲက ဂိုဏ်းတွေ၊ ကျင့်ကြံသူမျိုးနွယ်စုတွေကပဲ များတယ်။ ဘယ်တော့မှ အပြင်လူမခေါ်သလောက်ပဲ။ ခေါ်လို့ကတော့ တုန်းလိုင်ပြည်မှာ ဝင်ရောက်ဖို့ အိပ်မက်မက်နေတဲ့ လူတွေနဲ့ ပြည့်နေမှာပေါ့။ မိတ်ဆွေလေး၊ စောသေးတယ်။ ခင်ဗျား ဝယ်ချင်တာများရှိလား။ ကျုပ် လိုက်ရှာပေးနိုင်တယ်"

"ရပါတယ်။ ကျုပ် ရှာနေတာ တွေ့သွားပြီ" မန်ဟိုက ရယ်ပြီးနောက် ဝိညာဥ်ကျောက်တုံးတစ်တုံးထုတ်ကာ ခပ်ပိန်ပိန်လူကို ပေးလိုက်သည်။ သူက ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ရင်ပြင်မှ လျှောက်ထွက်သွားတော့သည်။

ခပ်ပိန်ပိန်လူမှာ မန်ဟို့ကို တခဏ အံသြတကြီး ကြည့်နေပြီးနောက် ဝိညာဥ်ကျောက်တုံးကို သိမ်းလိုက်သည်။ သူ လူငယ်လေးကို တစ်မနက်လုံး မြို့အနှံ့ ဟိုဟိုသည်သည်လျှောက်ပြခဲ့သော်လည်း သူက စျေးဆိုင်များဆီ ခေါ်သွားပေးရန် မပြောခဲ့ပေ။ သူသည် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ကာ လျှောက်ထွက်သွားတော့သည်။ ဖောက်သည်အသစ်ရှာရန် တစ်နေ့လည်လုံး ကျန်သေးလေသည်။

မန်ဟိုက ပြည်သူ့ရင်ပြင်ကို ဝန်းရံထားသော လမ်းများဖြတ်သွားနေသည်။ လမ်းတစ်ဝက်ရောက်သော် သူက ရုတ်တရက်ရပ်ပြီး အနီးနားရှိ ဆိုင်တစ်ဆိုင်ကို လှမ်းကြည့်လိုက်သည်။ ၄င်းက ဆေးဝါးအရောင်းဆိုင်ဖြစ်သည်။ ဆိုင်အတွင်းရှိ နံရံပေါ်တွင် ဆေးပေါင်းဖိုတစ်လုံးအသွင် စီတန်းပုံပေါ်ထားသည့် ဟောင်းနွမ်းခြောက်ကပ်နေသော ဆေးလုံးတချို့ကို မြင်လိုက်ရသည်။ ဆေးပေါင်းဖိုပုံသဏ္ဍာန်၏ အလယ်တွင် ဘဲဥပုံ သင်္ကေတ တစ်ခု ရှိသည်။

သင်္ကေတထဲတွင် ခြောက်သွေ့နေသော ဆေးလေးလုံး။

၄င်းက သာမန်လည်းမဟုတ်သလို၊ ထူးခြားပုံလည်းမရ။ သို့သော် ၄င်းကို မြင်လိုက်သည်နှင့် မန်ဟို၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ထွန်းသွားသည်။ သူက လမ်းကြိုလမ်းကြားတစ်ခုထဲ ချိုးဝင်သွားပြီး ပြန်ထွက်လာသောအခါ ဝါးခမောက်နှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ သူက ဆေးဝါးအရောင်းဆိုင်ထဲ တန်းတန်းမတ်မတ် လျှောက်သွားသည်။

ဆိုင်က သိပ်မကြီးလှပေ။ အတွင်းတွင် ဆိုင်ရှင်မှတစ်ပါး  လူသူရှင်းလင်းနေသည်။

"ကျုပ် ဒီဆေးလုံးတွေထဲက တစ်လုံးလိုချင်တယ်" မန်ဟိုက စင်ပေါ်ရှိ အဆင့်နိမ့်ဆေးလုံးတစ်လုံးကို လက်ညှိုးထိုးရင်း ပြောသည်။

ဆိုင်ရှင်က မျက်လုံးဖွင့်ပြီး မန်ဟို့ကို ကြည့်ပြီးနောက် မန်ဟို ထိုးပြခဲ့သည် ဆေးလုံးများထဲက တစ်လုံးထုတ်လိုက်သည်။

"ဒီဆေးလုံးက စဦးချီဖွဲ့စည်းမှု အဆင့် ၅ အတွင်း အသုံးဝင်တယ်။ ဝိညာဥ်ကျောက်တုံး ၁၇ တုံး"

မန်ဟိုက ဆေးလုံးကို ကြည့်ပင်မကြည့်ဘဲ ယူပြီးနောက် အင်္ကျီလက်စကိုခါကာ နံရံပေါ်ရှိ ပုံသဏ္ဍာန်ဆီ ပစ်လွှတ်လိုက်သည်။ ၄င်းသည် ချက်ချင်းပင် ဘဲဥပုံသင်္ကေတ၏အလယ်သို့ ကျသွားသည်။ ယခုတွင် ဆေးလုံးလေးလုံးအစား ငါးလုံးဖြစ်သွားလေပြီ။

ထို့နောက် သူက ဆိုင်ရှင်ထံ ဝိညာဥ်ကျော်က်တုံးတချို့ ပစ်ပေးပြီးနောက် ထွက်သွားသည်။

ဆိုင်ရှင်မှာ ဤအရာအားလုံးကို တအံ့တသြကြည့်နေသည်။ ထို့နောက် သူ၏မျက်လုံးများ တောက်ပလာပြီး လမ်းလျှောက်ထွက်သွားသော မန်ဟို၏ကျောကို လက်ယှက်အရိုအသေပေးလိုက်သည်။

အချိန်များး ကုန်လွန်သွားသည်။ မန်ဟို ခရမ်းလမြို့တော်တွင် နေနေခဲ့သည်မှာ နှစ်ရက်ရှိလေပြီ။ ဇီယွင်ဂိုဏ်းဆေးလေလံပွဲ ကျင်းပသည့်ရက်တွင် ညအချိန် သူ တင်ပျဥ်ခွေထိုင်နေစဥ် ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားတစ်ပြား ထုတ်လိုက်သည်။ ၄င်းက တောက်ပစွာ လင်းလက်နေ၏။

ဤကျောက်စိမ်းပြားမှာ လျှို့ဝှက်တွေ့ဆုံပွဲအတွက် ဖိတ်စာဖြစ်သည်။ ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသည်က စောစောက သူ ဝင်ရောက်ခဲ့သော ဆိုင်၏နံရံပေါ်ရှိ သင်္ကေတနှင့် တစ်ထေရာတည်းတူသော မြေပုံတစ်ခုပင်။

အပြင်ဘက်တွင် လထွက်လာလေပြီ။ မန်ဟိုက ကျောက်စိမ်းပြားကို သိမ်းပြီး ထွက်သွားသည်။

မကြာမီ သူသည် ဝါးခမောက်နှင့် ပွရောင်းရောင်းဝတ်ရုံကို ဝတ်ဆင်ထားလျက် ထိုဆိုင်ရှေ့ ရောက်လာသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လျှောက်သွားပြီး သစ်သားတံခါးကို ခေါက်လိုက်သည်။

သုံးချက်ခေါက်ပြီးနောက် တံခါးသည် ဖြေးဖြေးချင်း ပွင့်သွား၏။ အတွင်းတွင် အမှောင်ထုကလွဲ၍ ဘာမှမရှိ။

သူ၏မျက်လုံးများ ရိပ်ခနဲ လှုပ်ရှားသွားသည်။ တခဏ စစ်ဆေးကြည့်ရှုပြီးနောက် သူက လျှောက်ဝင်သွားသည်။ အမှောင်ထု၏မျက်နှာပြင်မှာ ရေပြင်ပမာ လှိုင်းကြက်ခွပ်များထသွားသည်။ မန်ဟို တောက်ပနေသောအလင်းရောင်ကို မြင်ရလိုက်ပြီးနောက် မတူညီသောနေရာသို့ ရောက်သွားလေပြီ။ သူ့အရှေ့တွင် သားနထည်ဝါသောနန်းတော်တစ်ခု။

ဤနန်းတော်သည် သူ ပထမဆုံးအကြိမ် လျှို့ဝှက်တွေ့ဆုံပွဲတက်ခဲ့တုန်းက နေရာနှင့် တစ်ထေရာတည်းပင်။ အဘိုးကြီးတစ်ယောက်က လက်နှစ်ဖက်ကို အင်္ကျီတစ်ဖက်စီအတွင်း ထည့်လျက် နန်းတော်အရှေ့တွင် မတ်တပ်ရပ်နေသည်။ သူက မန်ဟို့ကို စကားတစ်ခွန်းမဆိုဘဲ ကြည့်လိုက်သည်။

မန်ဟိုက လျှို့ဝှက်ဖိတ်ကြားခြင်းလည်ဆွဲကို ထုတ်ရင်း ချဥ်းကပ်သွားသည်။ အဘိုးကြီးက ခေါင်းငုံလိုက်ပြီး မန်ဟိုသည် သူ့ကို ဖြတ်၍ နန်းတော်ထဲ လျှောက်သွားသည်။

နောက်ဆုံးတစ်ခေါက်ကကဲ့သို့ အတွင်းထဲမှ   တေးသီဆိုသံများ၊ ကခုန်သံများ ကြားလိုက်ရသည်။ ခင်းကျင်းထားသော အလှဆင်ကျောက်တုံးများအနောက်တွင် အဆောင်တစ်ဆောင်ရှိသည်။ ၄င်းအတွင်းတွင် မျက်နှာဖုံးများဖြင့် ရုပ်ဖျက်ထားသော ကျင့်ကြံသူလေးယောက် ထိုင်နေ၏။

***

All Chapters