← Chapters

ဆေးလေလံပွဲ

Vol. 17 Ch. 231

ဆေးလေလံပွဲ

Vol. 17 Ch. 231

တောင်ပိုင်းဒေသတစ်ခွင်တွင် အလွန် ဗိုလ်ကျသောဟန်နှင့် ဓားပျံတစ်လက်အား သွားဖြင့် တိုက်နေတတ်သည့်လူ တစ်ယောက်တည်းသာ ရှိသည်။

လီဖူကွေ့......

...... ဖက်တီးဟုလည်း အသိများသည်။ သူ့ကလွဲ၍ ဤသို့သွားကြိတ်နေရဲသည့် ကျင့်ကြံသူ တောင်ပိုင်းဒေသတွင် မရှိပေ။ ဖက်တီးပတ်ပတ်လည်တွင် သတိရှိရှိ ကာကွယ်ပေးနေသော မျက်နှာအမူအရာများဖြင့် ကျင်းဟန်ဂိုဏ်းသားတစ်ဖွဲ့ ဝန်းရံထားသည်။ အမှန်တကယ်ဆိုရလျှင် သူတို့၏တည်ရှိမှုက သူ့ကို ပို၍ပင် အာရုံစိုက်စရာ ဖြစ်နေစေသည်။

ဖက်တီးကား ...  ပို၍ပင် ဝလာသေးသည်။

အနီးအနားရှိ ကျင့်ကြံသူများက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်ပြီး တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ သို့သော် ဖက်တီးက ထိုကဲ့သို့အရာများကို ဂရုစိုက်မည်လော။ သူက သူ့ကိုယ်သူ အားရကျေနပ်နေရင်း ဝိညာဥ်ကျောက်တုံးတစ်တုံးထုတ်ကာ ပါးစပ်ထဲ ပစ်ထည့်ပြီး စိစိညက်ညက်ကြေအောင် ဝါးပစ်လိုက်သည်။

ဤအခြင်းအရာက ကြည့်ရှုနေသူများ၏ မျက်လုံးများတွင် အံသြခြင်းများ ပြည့်နှက်သွားစေပြီး သူတို့ရင်ထဲ၌ မနာလိုမှုများ စိုးမိုးလာစေသည်။

မန်ဟို သူနှင့် မတွေ့ရသည်မှာ လေးနှစ်ကြာခဲ့လေပြီ။ သို့သော် အစ်မရှု၊ အစ်ကိုချန်တို့နှင့်အတူ ဖက်တီးကိုလည်း သူ မကြာခဏ သတိရတတ်သည်။ ဤနေရာတွင် သူ့ကို မြင်တွေ့ရသော် မန်ဟို့မှာ ခံစားချက်များဖြင့် ပြုံးပြီး သက်ပြင်းမချမိဘဲ မနေတော့ပေ။

ဖန်မု အဖြစ် လေးနှစ်တိုင် နေထိုင်ခဲ့ပြီး ဇီယွင်ဂိုဏ်းတွင် အခြေချကာ ထင်ရှားကျော်ကြားလာခြင်းက သူ့ကို သူ၏ မိတ်ဆွေများနှင့် ပတ်သက်၍ စုံစမ်းရန် အခွင့်သာစေခဲ့သည်။ သူတို့အားလုံး သက်ဆိုင်ရာ ဂိုဏ်းအသီးသီးတွင် တိုးတက်လာခဲ့ကြောင်း သူသိသည်။ ဥပမာ - အစ်မရှု ချီအခြေတည်အဆင့် ရောက်သည်မှာ ကြာခဲ့လေပြီ။ သူမသည် ဟန်ပေ့ကို သူမဆရာအဖြစ် တင်မြှောက်ခဲ့ပြီး ချင်းလော်ဂိုဏ်းတွင် ယခင်နှစ်များကထက် ပို၍ ကောင်းမွန်သော အဆင့်အတန်းတစ်ခုကို ရရှိထားသည်။

ချန်ဖန်းကတော့ လေးနှစ်ကြာပြီးနောက် ယခု ယီးကျန့်ဂိုဏ်း၏ ရွေးချယ်ခံတစ်ဦး ဖြစ်နေလေပြီ။

ဖက်တီးကတော့ မှန်ပါသည်၊ လေ့လာသင်ယူမှု အားအနည်းဆုံး ဖြစ်၏။ သို့သော် သူက ကျင်းဟန်ဂိုဏ်အတွင်း ယခင်ရာထူးအတိုင်း ရှိနေသေးသည်။ သူ လက်ညှိုးညွှန်ရာ ရေဖြစ်ပြီး ဂိုဏ်းမှ သူ့အပေါ် တန်ဖိုးထားမှုကြောင့် သူလည်း ချီအခြေတည်အဆင့် ရောက်ရှိခဲ့၏။

ယခု တောင်ပိုင်းဒေသတွင် မန်ဟို ဆိုသော နာမည်အား မေ့ပျောက်လုနီးပါး ဖြစ်နေကြသည်။

မန်ဟိုက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူ၏ မိတ်ဆွေဟောင်းကြီးကို တွေ့ရသည်က သူ၏စိတ်ကို အမှန်တကယ် ရွှင်လန်းသွားစေလေသည်။

မန်ဟို ဖက်တီးအား ကြည့်နေသည်ကို မြင်သော် ပိုင်ယွင်လိုင်က အနားကပ်ပြီး ခပ်တိုးတိုးပြောသည်။ "အဲ့တာ ကျင်းဟန်ဂိုဏ်းက လီဖူကွေ့။ မနှစ်က သူ သုံးယောက်မြောက် မိန်းမ ယူခဲ့တယ် ကြားတယ်..... ကောလဟာလတွေအရ ကျင်းဟန်ဂိုဏ်းက သူ့သွေးဆက် ဆက်လက်တည်တန့်ဖို့အတွက် သူ့ဇနီးအဖြစ် သင့်တော်တဲ့ အမျိုးသမီးကျင့်ကြံသူတိုင်းကို အစွမ်းကုန် ရှာဖွေနေကြတာတဲ့....."

ဤစကားကို ကြားသော် မန်ဟို တခဏ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် ရယ်ကာ ဘာမှမပြောဘဲ ခေါင်းသာ ခါလိုက်သည်။

သူက သက်ပြင်းချရင်း တွေးသည်။ "ကျိုးပြည်ရဲ့ မှီခိုရာဂိုဏ်းက ငါတို့ အဖွဲ့မှာ ဖက်တီးတစ်ယောက် ဇိမ်အကျဆုံးနေရာ ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး" သူပင်လျှင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ရှိ ဖက်တီး၏ အထူးအဆင့်အတန်းကို အားမကျမိဘဲ မနေပေ။

ရုတ်တရက် သူသည် မှီခိုရာဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့်နေ့ကို ပြန်တွေးမိလိုက်သည်။ ထိုစဥ်က ဖက်တီးမှာ အိမ်ပြန်ပြီး မိန်းမယူလို၍ အတော်မသတ်နိုင်အောင် အော်ဟစ်ငိုကြွေးနေခဲ့လေသည်။ ထိုမှတ်ဉာဏ်ကြောင့် မန်ဟို မပြုံးမိဘဲ မနေပေ။ နူးညံ့သောအလင်းရောင်တစ်ခု သူ၏မျက်ဝန်းများတွင် စိုးမိုးသွား၏။

ဆေးလေလံပွဲက ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။ အနောက်အရပ်သို့ ခရမ်းရောင်ချီ ကျင့်ကြံသူတစ်ယောက်စီအတွက် လေလံတင်သည့် ဆေးလုံးတစ်လုံးချင်းစီမှ အမှုန့်အနည်းငယ် ခြစ်၍ ပေးလေသည်။ ဆေးအမှုန့်ကို သုံးစွဲပြီးနောက် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား ဖောက်ထွင်းမြင်လာရမည်ဖြစ်ရာ စောင့်ကြည့်နေသူများအနေဖြင့် ဆေးအာနိသင်ကို ရှင်းရှင်းလင်းလင်း မြင်ကြရပေမည်။

ဤသည်မှာ ဆေးလုံး၏အရည်အသွေးကို အာမခံပေးသည့် နည်းလမ်း၊ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့သော ဇီယွင်ဂိုဏ်း ဆေးလေလံပွဲ၏ အစဥ်အလာတစ်ရပ်ဖြစ်သည်။

အချိန်များကုန်လွန်သွားပြီး မကြာခင် နေမွန်းတည့်လာသည်။

"ဒီမဲက အတားအဆီးချိုးဖျက်ဆေးလုံးအတွက်ပါ။ တာအိုရောင်ရင်း၊ ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းတို့၊ ခင်ဗျားတို့အားလုံး ဒီဆေးကို ကောင်းကောင်းသိမှာ သေချာပါတယ်......" သူ စကားပြောနေစဥ် အနောက်အရပ်သို့ ခရမ်းရောင်ချီ ဂိုဏ်းသားတစ်ယောက်က အမှုန့်တချို့ကို သောက်သုံးကာ လူတိုင်းအတွက် ရလဒ်များ ရှင်းလင်းသွားစေသည်။

"ဝိညာဥ်ကျောက်တုံး နှစ်သောင်း" ဖက်တီး၏ အသံသည် သူ၏ တုတ်တုတ်ခိုင်ခိုင်ကိုယ်ထည်ကြီးနှင့် လိုက်ဖက်စွာ ဟိန်းထွက်လာသည်။

"ဝိညာဥ်ကျောက်တုံး သုံးသောင်း"

"မင့်ဘွားအေ" ဖက်တီးက ခပ်ပြတ်ပြတ်ပြောပြီး ထရပ်သည်။ "ကောင်းပြီ  ခွေးကောင်၊ ဝိညာဥ်ကျောက်တုံး ငါးသောင်း"

"ဝိညာဥ်ကျောက်တုံး ခြောက်သောင်း"

"ဝိညာဥ်ကျောက်တုံး ခုနစ်သောင်း....." တခြားတစ်ယောက်က ပြောသည်။

အမှန်တကယ်ဆိုရလျှင် အတားအဆီးချိုးဖျက်ဆေးလုံး၏ တန်ဖိုးက လူတစ်ယောက်၏ အခြေအနေပေါ် မူတည်သည်။ ရောက်ရှိလာကြသည့် ကျင့်ကြံသူတစ်သိန်းအနက် မည်သူက ဘယ်ဆင့်တွင် ရပ်တန့်နေသည်လဲ၊ မည်သူက မကြာခင် ထိုသို့ဖြစ်တော့မည်လဲ ဆုံးဖြတ်ရခက်သည်။ ရပ်တန့်နေသော အဆင့်ကို ချိုးဖျက်ရန် စျေးမြင့်မြင့်ပေးရစမြဲသာ ဖြစ်သည်။

"ဝိညာဥ်ကျောက်တုံး တစ်သိန်း" ဖက်တီးက ဟိန်းဟောက်သည်။ "ငါ့မှာ သုံးစရာ ဝိညာဥ်ကျောက်တုံးတွေ ရှိတယ်ကွ၊ ခွေးကောင်တွေ။ သူတို့က ငါ့ဟာတောင် မဟုတ်ဘူး။ မင်းတို့တကယ်ပဲ ငါနဲ့ ပြိုင်ရဲတယ်လား" သူက ဝိညာဥ်ကျောက်တုံးတစ်တုံးထုတ်ပြီးနောက် သွားကြားထဲထည့်ကာ ကိုက်ဝါးလိုက်သည်။ ကျင်းဟန်ဂိုဏ်းသားများမှာ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။

ဖက်တီး၏ စကားလုံးများက သက်ရောက်မှု ပြင်းထန်ဟန် တူသည်။ ထို့ပြင် အတားအဆီးချိုးဖျက်ဆေးလုံးများက ကောင်းမွန်သော်လည်း အပြည့်အဝထိရောက်မှုရှိသည်ဟူ၍ အထူးတလည် အာမခံချက်မရှိပေ။ ဝိညာဥ်ကျောက်တုံး တစ်သိန်းမှာလည်း မယုံနိုင်ဖွယ် တန်ဖိုးဖြစ်ရာ ဘယ်သူမှ ပိုမပေးလိုကြပုံရသည်။

ထူးဆန်းသော အရိပ်အယောင်တစ်ခု မန်ဟို့မျက်နှာပေါ်တွင် ပေါ်လာသည်။ဤ အတားအဆီးချိုးဖျက်ဆေးလုံးကို သူဖော်စပ်ခဲ့ခြင်းမဟုတ်ပေ။ သူသည် ဤအကွာအဝေးမှ အနောက်အရပ်သို့ခရမ်းရောင်ချီ ဂိုဏ်းသား၏ ဖောက်ထွင်းမြင်နေရသော ခန္ဓာကိုယ်ပေါ်ရှိ ဆေးအာနိသင်ကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။ သူ၏ ဆေးဝါးတာအိုအသိအပေါ် အခြေခံ၍ ထိုဆေးလုံးအားဖော်စပ်ခဲ့သည့်လူ မည်သူဖြစ်စေ၊ ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုထားသော အပင်နှင့်အသီးအရွက် များမှ ဆေးစွမ်းအား သုံးဆယ်ရာခိုင်နှုန်းသာ ထုတ်ယူနိုင်ကြောင်း ထင်ရှားသည်။

"ငါ တင်းယုံဆီက တောင်းခဲ့တဲ့ စျေးက..... နည်းနည်း နည်းနေပုံပဲ....." သူက တွေးသည်။ မှန်ပါသည်၊ ဂိုဏ်းအတွင်းနှင့်အပြင် စျေးနှုန်းများကို နှိုင်းယှဥ်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။ အထူးသဖြင့် ပညာသင်ဖက် ဂိုဏ်းသားတစ်ယောက်ကို ရောင်းသည့်စျေး နှင့် လေလံပွဲတွင် ရောင်းသည့်စျေးဆိုလျှင် ပိုမှန်သည်။

လေလံပွဲ ဆက်လက်ကျင်းပနေသည်နှင့်အမျှ ဆေးလံများ ထပ်မံပေါ်ထွက်လာပြီး လေလံပွဲကြည့်စင်၏အခြေအနေမှာ ပို၍အရှိန်တက်လာသည်။ အထူးသဖြင့် ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖော်စပ်ထားသည့် ဆေးလုံး ပေါ်ပေါက်လာချိန်တွင် ဖြစ်သည်။ ထိုဆေးလုံးအတွက် စျေးနှုန်းသည် ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းအထိ မြင့်တက်သွားခဲ့၏။ ယင်းက မန်ဟို့ကို အသက်ရှူမှားသွားစေသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များ အမြတ်မည်မျှရှာဖွေနိုင်သည်ကို သူအနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။  ၄င်းမှာ တကယ့်ကို အံသြတုန်လှုပ်ဖွယ်ကောင်း၏။

အထူးသဖြင့်  မန််ဟို သိသည့် စောစောက ဆေးလုံး၏ အခြေခံစျေးနှုန်းမှာ တကယ်တမ်း ဝိညာဥ်ကျောက်တုံးသောင်းဂဏန်းမျှသာ ရှိလေရာ မှင်သက်ဖွယ်ကောင်းနေတော့သည်။ ထိုမျှသာမက ဆေးစွမ်းအားဟုခေါ်သောအရာမှာလည်း ငါးဆယ်ရာခိုင်နှုန်းသာ ရှိသည်။ မန်ဟိုအနေဖြင့် ထိုကဲ့သို့ ဆေးလုံးမျိုးကို မျက်စိမှိတ်ပြီး ဖော်စပ်နိုင်သည်။

ဖက်တီးက ဆေးလုံးအားလုံး လေလံဆွဲ၍ အတော်များများ ရယူထားလေသည်။ထို့ကြောင့် သူသည် လေလံပွဲကြည့်စင်ရှိ အထင်ပေါ်ဆုံး လူများအနက် တစ်ယောက်ဖြစ်လာခဲ့သည်။ အထူးသဖြင့် အနီးနားရှိ အမျိုးသမီးကျင့်ကြံသူများအား အဆက်မပြတ် ခိုးကြောင်ခိုးဝှက်ကြည့်နေခြင်းကြောင့်ဆိုလျှင် ပိုမှန်မည်။ သူသည် တစ်ယောက်ယောက်ကို မျက်စိကျပါက ခပ်မိုက်မိုက်နှင့် ဂရုမစိုက်သည့်ဟန် ဖမ်းတတ်သည်။

ကျင်းဟန်ဂိုဏ်းမှ လူများမှာတော့ သက်ပြင်းသာ ချနိုင်သည်။ သူတို့က သူ့ကို မတားပေ။ သူကား "ဖြောင့်မတ်သောအကြောင်းတရား" တစ်ခုတွင် ပတ်သက်နေသည်မဟုတ်ပါလော။ ထို "ဖြောင့်မတ်သော အကြောင်းတရား"မှာ မှန်ပါသည်၊ ဇနီးရှာဖွေခြင်းပင်။ ၄င်းမှာ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ချမှတ်ထားသော အမိန့်တစ်ခုဖြစ်သည်။

သက်လတ်ပိုင်းအရွယ် လေလံပစ်သူက ပြုံးပြီး အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ "နောက်တစ်မဲမှာ ဆေးဝါးပညာရှင်လီတောက် ဖော်စပ်ထားတဲ့ ဆေးလုံးတွေ ပါဝင်တယ်" သူက အော်ပြောသည်။ "ဆေးလုံးရဲ့ နာမည်က ချီအခြေတည်နေ့။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်မှာ သုံးလို့ရပြီး တစ်ခါတလေ နှောင်းပိုင်းအဆင့်မှာတောင် ရတယ်။ စုစုပေါင်း ဆေးပုလင်းသုံးပုလင်းရှိပြီး တစ်ပုလင်းစီမှာ ဆေးလုံးခြောက်လုံး ပါရှိတယ်။ ဆေးပုလင်းအကုန် အတူတူရောင်းမှာပါ" ဆေးပုလင်းသုံးပုလင်း ပေါ်လာသည်။ အနောက်အရပ်သို့ခရမ်းရောင်ချီဂိုဏ်းသားက ဆေးလုံးတစ်လုံးမှ အမှုန်အနည်းငယ်ကို စမ်းကြည့်သောအခါ လေလံပွဲကြည့်စင်တစ်ခုလုံး ချက်ချင်း ငြိမ်ကျသွားသည်။ တိတ်ဆိတ်မှုမှာ တခဏသာ ခံလိုက်ပြီး စကားသံများ ပွက်ပွက်ညံလာ၏။

"အဲ့ဒီဆေးလုံး....."

"ဆေးစွမ်းအား လေးဆယ့်ငါး ရာခိုင်နှုန်းရှိတယ်"

"ဒါ သာမန် ချီအခြေတည်နေ့ဆေးလုံး မဟုတ်ဘူး။ ဒီဆေးဝါးပညာရှင်လီတောက်ဆိုတာ ဘယ်သူတုန်း။ ဒီဆေးလုံးက ဆေးပေါင်းဖိုဘုရင်တွေ ဖော်စပ်တဲ့အမျိုးအစားနဲ့ယှဥ်ရင် ဒုတိယပဲ လိုက်တယ်"

"ဒီဆေးလုံးထဲက အပင်နဲ့အသီးအရွက် ဓာတ်ပြုမှုတွေက တမူထူးခြားလိုက်တာ"

ဟုတ်ပါသည်၊ လေလံပွဲကြည့်စင်ရှိ ကျင့်ကြံသူရာပေါင်းများစွာအနက် အများစုမှာ ဆေးဝါးတာအိုအကြောင်း မတောက်တခေါက်သာ နားလည်ကြသည်။ သို့သော် အနောက်အရပ်သို့ခရမ်းရောင်ချီဂိုဏ်းသား၏ ဖောက်ထွင်းမြင်ရသော ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေသော ဓာတ်ပြုမှုများက ဆေးလုံး၏ အံသြဖွယ်ရာ သဘာဝကို အရိပ်အမြွက် ဖော်ပြနေ၏။

လေလံပစ်သူလည်း အံ့သြမှင်သက်သွားပြီး သူ ကိုင်ထားသည့် ဆေးပုလင်း သုံးပုလင်းကို ပြန်ငုံ့ကြည့်သည်။

မန်ဟို့အကြည့်သည်လည်း ဆေးပုလင်းများအပေါ် ကျရောက်သွား၏။ တခဏကြာသော် သူပြုံးလိုက်သည်။ သူသည် လီတောက်နှင့် မိတ်ဆွေ ဖြစ်သည့်အတွက် ထိုလူက ဤချီအခြေတည်နေ့ဆေးလုံးကို မဖော်စပ်ခင် သူ့ထံ ရောက်လာခဲ့သည်။ ဆေးဝါးတာအိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အတောအတွင်း မန်ဟိုသည် အပင်နှင့်အသီးအရွက်များ ဓာတ်ပြုစဥ် အပြောင်းအလဲတချို့ကို ထောက်ပြခဲ့သည်။ ထို့နေ့က မန်ဟို့ အကူအညီဖြင့် လီတောက် ဉာဏ်အလင်းပွင့်ခဲ့ပြီး ဆေးဖော်စပ်ရာတွင် သူ၏လက်ရှိအောင်မြင်မှုများ၏ အထွတ်အထိပ်ဖြစ်သည့် ဤဆေးလုံးများအား ဖော်စပ်နိုင်သွားသည်ဟု ဆိုနိုင်သည်။

"ငါ သူ့ကို ဒီ ချီအခြေတည်နေ့ဆေးလုံးတွေ အကြောင်း မေးမှာမဟုတ်ဘူး" မန်ဟိုက တွေးသည်။ "ဒါပေမယ့် အဲ့ဒီနေ့က ငါပြောခဲ့တဲ့ ပြောင်းလဲမှုတွေက ဆေးပင်တွေကနေ ဆေးစွမ်းအား လေးဆယ်ရာခိုင်နှုန်းပဲ ထုတ်ယူနိုင်တယ်။ နောက်ဆုံး ငါးဆယ်ရာခိုင်နှုန်းက လီတောက်ရဲ့ ကိုယ်ပိုင် ဉာဏ်အလင်းနဲ့ အသိကြောင့်ပဲ" ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ စိတ်အားထက်သန်စွာ တုံ့ပြန်ပုံံကို ကြည့်ရင်း မန်ဟိုပြုံးလိုက်သည်။

သူ၏ သိုလှောင်အိတ်ထဲတွင် သူကိုယ်တိုင် ဖော်စပ်ခဲ့သော ချီအခြေတည်နေ့ဆေးလုံးများစွာ ရှိနေသေးသည်။ ထိုဆေးလုံးများမှာ ဆေးစွမ်းအား ကိုးဆယ်ရာခိုင်နှုန်းရှိသည်ဖြစ်ရာ သူသာ ၄င်းတို့ကို လေလံတင်လိုက်လျှင် သေချာပေါက် ဂယက်ရိုက်သွားမည်ဖြစ်သည်။

"ငါ့ ပျက်စီးခြင်းဆေးလုံးရဲ့ လေလံပွဲက ဘာနဲ့တူမလဲ သိချင်မိတယ်......" သူသည် ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလျက် တွေးနေမိသည်။ ပျက်စီးခြင်းဆေးလုံးများ ဖော်စပ်ရာတွင် ပေးဆပ်ခဲ့သော စွမ်းအင်မှာ ချီအခြေတည်နေ့ဆေးလုံးတုန်းကထက် နှစ်ဆ၊ သုံးဆ သို့မဟုတ် ထို့ထက်သာလောက်သည်။

ပျက်စီးခြင်းဆေးလုံး ဖော်စပ်ခြင်းသည် သူ့စိတ်ဆန္ဒအား အမှန်အကန် ထုတ်ဖော်ပြသခြင်းဖြစ်သည့်အပြင် သူ၏ဆေးဝါးတာအို၏ အထွတ်အထိပ်လည်း ဖြစ်သည်။

လေလံပစ်သူက ပြုံးရင်း ပြောသည်။ "ထပ်ပြီးပြောပါ့မယ်။ ချီအခြေတည်နေ့ဆေးပုလင်းသုံးပုလင်းကို မခွဲဘဲ လေလံတင်မှာပါ။ ကြမ်းခင်းစျေးက ဝိညာဥ်ကျောက်တုံး နှစ်သောင်းခွဲ" သူ၏တွက်ချက်မှုအရ ချီအခြေတည်နေ့ဆေးလုံးအတွက် တန်ဖိုးကား မယုံကြည်နိုင်ဖွယ်အမြင့်သို့ သေချာပေါက် ရောက်ပေတော့မည်။

တိတိကျကျဆိုရလျှင် ၄င်းသည် လေလံပွဲတစ်ခုလုံး၏ အခရာဖြစ်လာပြီး လီတောက်၏နာမည်အား တောင်ပိုင်းဒေသတွင် ထင်ရှားကျော်ကြားသွားစေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဆေးပေါင်းဖိုဘုရင်မဟုတ်သော်လည်း ဆေးပေါင်းဘုရင်တစ်ယောက်၏ ဆေးလုံးနှင့် အရည်အသွေး တူညီလုနီးပါးရှိသည့် ဆေးလုံးများကို ဖော်စပ်ခဲ့သောကြောင့်ပင်။ သို့ဖြစ်၍ ဆေးလုံးများ၌ သူကိုယ်တိုင် ဖန်တီးထားသော အပင်နှင့်အသီးအရွက်ဓာတ်ပြုမှုများ ရှိမည်။ ၄င်းက ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ဆေးပေါင်းဖိုဘုရင်များအကြားရှိ အရည်အချင်းကွဲပြားမှု ဖြစ်သည်။

ဆေးပေါင်းဖိုဘုရင် ဖြစ်လိုသည့် မည်သည့်ဆေးဝါးကျွမ်းကျင်ပညာရှင်မဆို ကိုယ်ပိုင် အပင်နှင့်အသီးအရွက် ဓာတ်ပြုမှုများအား ပြုလုပ်နိုင်ရပေမည်။ ဤနည်းအတိုင်း တခြား ဆေးဝါးကျွမ်းကျင်ပညာရှင်များထက် သာလွန်ခြင်းဖြင့် သူသည် နောက်ပိုင်း ဆေးပေါင်းဖိုဘုရင်အဆင့်သို့ တက်နိုင်၏။

အဆိုပါ ဓာတ်ပြုမှုများကြောင့် ထိုကဲ့သို့ ဆေးလုံးတစ်လုံး၏တန်ဖိုးသည် သာမန်ဆေးလုံးထက် အဆများစွာ မြင့်လေသည်။ ၄င်းတို့ လေလံပွဲတွင် ပေါ်ပေါက်လာခြင်းက ချက်ချင်း အုတ်အော်သောင်းနင်းး ဖြစ်သွားစေတတ်သည်။ လူအတော်များများမှာ ဆေးလုံးများအား လေ့လာရန်အတွက်  စျေးအဆမတန် ပေးကြမည်ဖြစ်သည်။

ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဆေးပေါင်းဖိုဘုရင်အဆင့်သို့ တက်သွားသည်နှင့် သူသည် အပင်ဓာတ်ပြုမှုများအား လူမသိအောင် ဆေးဖုံးကွယ်နည်းများ အသုံးပြုနိုင်သည် မဟုတ်ပါလော။ ထိုအတိုင်းဆိုလျှင် အခြားသူများအတွက် သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ပိုခက်ခဲသွားလိမ့်မည်။

သို့သော် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖော်စပ်ထားသည့် ဆေးလုံးတစ်လုံးတွင် ထိုကဲ့သို့ ဆေးဖုံးကွယ်ခြင်းးမျိုး မရှိသည့်အတွက် ဖော်ထုတ်ပြီး  လေ့လာရလွယ်ကူသည်။ ဆေးလုံးများ၏ လမ်းကြောင်းပေါ်တွင် ပြသထားသော အသိမှာ ပင်ကိုယ်အားဖြင့် လေ့လာ၍ ရ၏။

ဆေးလေလံပွဲအားလုံး၌ ဤကဲ့သို့ ပေါက်ကြားမှုများကား ဆယ်ခွေ့တစ်ခွေ့သာ ပေါ်လာတတ်သည်။ သို့ဖြစ်ရာ ဤဆေးလုံးများ ပေါ်ပေါက်လာမှုကြောင့် သွေးရူးသွေးတန်းဖြစ်နေမှုကို စိတ်ကူးသာ ကြည့်နိုင်တော့သည်။

အရှေ့ဆေးဝါးအဖွဲ့တွင် ပုံမှန်အားဖြင့် သည်းခံမှုအတိုင်းအတာ တစ်ခု ရှိသည်။ ဆေးလုံးများအား လေလံပွဲအတွက် ထည့်သွင်းခဲ့ပြီ ဆိုကတည်းက အရှေ့ဆေးဝါးအဖွဲ့အနေဖြင့် ၄င်းတို့၏ သဘာဝအစစ်အမှန်ကို ဖုံးကွယ်ရန်သော်လည်းကောင်း၊ လူအများ ၄င်းတို့ကို လေ့လာခြင်းမှ ဟန့်တားရန်သော်လည်းကောင်း ကြိုးစားမည်မဟုတ်ပေ။

ချက်ချင်းပင် သူ့ထက်ငါအလုအယက် စျေးပြိုင်ခေါ်လာကြသည်။

"ဝိညာဥ်ကျောက်တုံး သုံးသောင်း"

"ဝိညာဥ်ကျောက်တုံး ငါးသောင်း။ ငါ ဒီချီအခြေတည်နေ့ ဆေးပုလင်းသုံးပုလင်းကို ရမှဖြစ်မယ်"

မန်ဟို၏ မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေသည်။ ဆေးစွမ်းအား လေးဆယ့်ငါးရာခိုင်နှုန်းနှင့် ချီအခြေတည်နေ့ဆေးလုံးတစ်လုံးအား အတိုင်းထက်အလွန် လူကြိုက်များနေခြင်းက သူ၏ဆေးလုံးအလှည့်ရောက်လျှင် မည်သို့ဖြစ်လိမ့်မည်ကို သိချင်နေစေသည်။

***

All Chapters