← Chapters

ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး

Vol. 18 Ch. 253

ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး

Vol. 18 Ch. 253

အမွှေးတိုင်တစ်တိုင်ထွန်းစာ အတောအတွင်း ဆေးလုံးတစ်ရာမှာ "လွှဲအပ်ပေးခြင်း" ခံခဲ့ရသည်။ ချန်ကျားရှီ တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူ့ပြိုင်ဘက် ထုတ်ဖော် မပြောနိုင်သည့် ဆေးလုံးတစ်လုံးမှ မရှိကြောင်း သိိလိုက်ရသဖြင့် သူ၏ ရူးသွပ်မှုမှာ ပေါက်ကွဲတော့မတတ် ဖြစ်သွားလေပြီ။

ဤအသိ အဆင့်က ချန်ကျားရှီကို စိတ်ပျက်လက်မှိုင်ကျ သွားစေသည်။ သူ့မှာ သူ့ပြိုင်ဘက်မှားသည်ဟု အော်ဟစ်လိုက်ချင်သော်လည်း မလုပ်ရဲပေ။ ဖန်မုသာ ဆေးဖော်နည်းအသုံးပြု၍ ပုံတူဆေးလုံးတစ်လုံးဖော်စပ်ခဲ့လျှင်တော့ သူ့၏နာမည် ဂုဏ်သတင်းအားလုံး ရေစုန်မျောသွားလိမ့်မည်။

လီရီမင်းမှာတော့ ချန်ကျားရှီ ဆေးလုံးတစ်လုံးပြီးတစ်လုံး မန်ဟို့ဆီကမ်းပေးပြီး မန်ဟိုက တစ်လုံးပြီးတစ်လုံး သိုလှောင်အိတ်ထဲ ထည့်နေသည်ကို ခါးသီးစွာကြည့်နေသည်။ သူ့ဦးရေပြားတို့ ထုံကျင်နေပြီး သူ့နှလုံးသားမှာ မဖော်ပြနိုင်သော အကြောက်တရားဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ရှိ ချင်းလော်ဂိုဏ်းသားများက ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ သူတို့၏ရှု့ထောင့်မှ ချန်ကျားရှီသည် ဖန်မုနှင့် မပြိုင်ဘဲ ဆေးလုံးများသာ ပေးနေရလေသည်။

အခြားတစ်ဖက်တွင် မန်ဟို၏လုပ်ဆောင်ချက်များက သူတို့ကို လှုပ်လှုပ်ရှားရှားဖြစ်နေစေသည်။ သူ၏နက်နဲလှသော အပင်နှင့်အသီးအရွက်အသိ၊ သူ၏ ဆေးပင်တာအိုနှင့်စပ်လျဥ်း၍ မငြင်းနိုင်သော ဒဿန၊ သူ၏ ကြောက်မက်ဖွယ် ဖော်စပ်နည်းအမြင်တို့က ထပ်ကာထပ်ကာ လျှို့ဝှက်ဆန်းကြယ်နေစေသည်။ သူတို့ သူ့ကို ကြည့်ရှုနေကြစဥ် သူတို့၏မျက်နှာများသည် အဆက်မပြတ် ကြီးထွားလာနေသော အံသြခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။

အစမှ အဆုံး၊ မန်ဟိုက ဆေးလုံးတစ်လုံးပင် မထုတ်ရပေ။ အဘယ်ကြောင့်ဆိုသော် သူသည့ ထုတ်လိုက်သည့် ဆေးလုံးတိုင်းကို အမှားမပါဘဲ ခွဲခြားနိုင်၍ပင်။ နောက်ဆုံး၌ သူ့မှာ နည်းနည်းရှက်လာမိသည်။

မှန်ပါသည်၊ ချန်ကျားရှီမှာတော့ အဆိုးဆုံးပင်။ သူနှလုံးသားမှာ သွေးတစက်စက်ကျနေပြီး သူ့မျက်လုံးများ ခြောက်ကပ်လာကာ တစ်ကိုယ်လုံး တုန်ရီနေသည်။ အရာအားလုံး အမှောင်ဖုံးလာဟန်တူသည်။

သို့သော် သူက ဆေးလုံးများ ထပ်ထုတ်နေဆဲပင်။ သူ့မှာ ဆေးလုံးတစ်လုံးစီအပေါ် ယုံကြည်ချက်ရှိသော်လည်း အကုန်လုံး သူ့ပြိုင်ဘက်အိတ်ထဲ၌ အဆုံးသတ်သွားရသည်သာ။

ပြီးဆုံးဖို့ လမ်းစလည်း မမြင်။ စောစောက သူသည် "မနိုင်သရွေ့ မရပ်ဘူး" ဟု ပြောခဲ့လေရာ ဆေးလုံးမကုန်မချင်း ရပ်နိုင်မည်မဟုတ်ပေ။

သူက ၁၂၇လုံးမြောက်ဆေးလုံးကို ထုတ်လိုက်စဥ် ရုတ်တရက် မန်ဟို့ကို ခေါင်းမော့ကြည့်သည်။ ထို့နောက် သူသည် မိုက်မဲစွာဖြင့် ဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ဖြေးဖြေးချင်း ပြန်ထည့်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်သည်။

ကျောက်စိမ်းသေတ္တာမှာ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် မြေကြီးထဲတွင် မြှုပ်နှံခံထားရသည့်အလား အမည်းရောင်အကွက်များ ထနေသည်။ ဤသည်မှာ ချန်ကျားရှီ အစက ထုတ်ပြရန် မရည်ရွယ်ထားသော ပစ္စည်းတစ်ခုဖြစ်သည်။ သူ့အတွက် ၄င်းသည် ရာသက်ပန် အဖိုးထိုက်ရတနာတစ်ပါးဖြစ်၏။ သူ့မှာ 'မနိုင်မချင်း မရပ်ဘူး' ဟု ကြိမ်းဝါးခဲ့စဥ်က ဤပစ္စည်းကို စဥ်းပင်မစဥ်းစားမိခဲ့ပေ။

ရုတ်တရက်၊ သူသညိ အောင်မြင်မှုအပြည့်အဝရချင်လျှင် အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ယူရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထိုသို့ အောင်မြင်လိုပါက ကျောက်စိမ်းသေတ္တာထဲရှိ ပစ္စည်းကို မဖြစ်မနေ အသုံးပြုရလိမ့်မည်။ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးနောက်ဆုံး ဤပစ္စည်းကို ထုတ်လိုက်ခြင်းက သူ့ကို မျှော့်လင့်ချက်ပေးရှိသွားစေသည်ါ

သေတ္တာ ပေါ်လာသည်နှင့် မျက်လုံးအားလုံး က ၄င်းအပေါ် ကျရောက်လာသည်။ ဤသေတ္တာထဲရှိ ဆေးလုံးမှာ အရှုံး၊ အနိုင် ဆုံးဖြတ်ပေးနိုင်ခြေများကြောင်း မည်သူမဆို ပြောနိုင်သည်။

သေတ္တာအပေါ်ရှိ အမည်းရောက်အကွက်များက ဤသေတ္တာသည် အလွန်ဟောင်းနွမ်းနေသဖြင့် ပျက်စီးစပြုနေပြီဖြစ်ကြောင်း ကြည့်ရှုနေသူအားလုံးအတွက် သိသာထင်ရှားစေသည်။ စက်ဆုပ်ဖွယ် သေခြင်းချီ ခပ်ဖျော့ဖျော့ပင်လျှင် သေတ္တာမှ မျောလွင့်နေသည်။

ခေါင်းဆောင်ကြီးဇီလော်နှင့် သူ့အပေါင်းပါနှစ်ယောက်၏မျက်လုံးများတွင် လေးနက်သောအရိပ်အယောင်တစ်ခု ပြည့်နှက်သွားသည်။

ချန်ကျားရှီက အံတင်းတင်းကြိတ်၍ တဖြေးဖြေးပြောသည်။ "ခင်ဗျား ဒီဆေးလုံးရဲ့ ဖော်စပ်နည်းကို သိရင် ကျုပ်၊ ချန်ကျားရှီ အရှုံးပေးမယ်။ လူကြီးမင်းနဲ့ နောင်တစ်ချိန်ဆုံတွေ့ရင် ကျုပ် ချက်ချင်း မြေကြီးမှာ ဒူးထောက်ပြီး ခင်ဗျားကို အရိုအသေပေးမယ်။ ခင်ဗျား ဖော်စပ်နည်းကို မသိဘူးဆိုရင်တော့ ကျုပ် ဘာပြဿနာမှ ထပ်မရှာတော့ဘူး။ စောစောက ကျုပ် ထုတ်လိုက်တဲ့ဆေးလုံးတွေအားလုံး ပြန်ပေးဖို့ပဲလိုတယ်။ ပြီးရင် ဒီကိစ္စပြီးသွားလိမ့်မယ်"

ကျိုးဒယ်ခွန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက မန်ဟို ဘာမှမပြောနိုင်ခင် ရှေ့တက်ပြီး အပြစ်တင်သည်။ "ချန်ကျားရှီ၊ မင်းက ကမ္ဘာဆေးဝါးအဖွဲ့ရဲ့ ကြက်သွေးရောင်ဝတ်ရုံအဆင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်။ မင်းမရှက်တတ်ဘူးလား။ ဒါက ဆေးဖော်နည်း ပျောက်ကွယ်သွားခဲ့တာ ခေတ်တွေ မရေမတွက်နိုင်အောင်ကို ကြာခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းဆေးလုံးတစ်လုံးလေ။ ဒီနေ့ခေတ် ဆေးဝါးပညာရှင်တစ်ယောက်က ဘယ်လိုလုပ် ထုတ်ဖော်နိုင်မလဲ" သူ့မှာ မန်ဟို စိန်ခေါ်ခြင်းအား လက်ခံမည်ကို သိသိသာသာ စိုးရိမ်နေ၏။

ချင်းလော်ဂိုဏ်းသားများထံမှ စကားသံတစ်သံ ထွက်လာသည်။ "ရှေးဟောင်းဆေးလုံးတစ်လုံး" ထိုကဲ့သို့ ရှေးယခင်က ဆေးလုံးများသည် အလွန်ရှားပါး၏။ တစ်လုံးသည်ပင် အုတ်အော်သောင်းနင်းဖြစ်ပွားစေရန် လုံလောက်သည်။ ထိုမျှသာမက ရှေးဟောင်းဆေးလုံးအများစုအတွက် ဖော်စပ်နည်းများက ပျောက်ကွယ်နေလေပြီ။ မဟာဆေးဝါးပညာရှင်သုံးဦးပင်လျှင် ရှေးဟောင်းဆေးလုံးတစ်လုံးအား ဖော်ထုတ်ရာ၌ အခက်တွေ့ကောင်းတွေ့နိုင်သည်။ အဆိုပါ ဆေးလုံးတစ်လုံးချင်းစီကို ပြီးပြည့်စုံသောဆေးလုံးအဖြစ် သတ်မှတ်နိုင်၏။

"အဲ့တာ မဟာအကြီးအကဲ ထာဝရတောင် မဟာအကြီးအကဲချန်ကို လက်ဆောင်အဖြစ် ချီးမြှင့်ခဲ့တဲ့ ရတနာတွေထဲက တစ်ခုဖြစ်နိုင်လား"

စကားသံများ ပွက်လောရိုက်နေစဥ် လီရီမင်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့မှာ ချန်ကျားရှီ ရှေးဟောင်းဆေးလုံးတစ်လုံးကို ပိုင်ဆိုင်လိမ့်မည်ဟု တွေးပင်မတွေးခဲ့ဖူးပေ။

"လုပ်ရဲလား" ချန်ကျားရှီက မန်ဟို့ကို စိုက်ကြည့်ရင်း အော်လိုက်သည်။

မန်ဟိုက ကျောက်စိမ်းသေတ္တာကို ကြည့်ပြီး  တင်စီးသောအရှိန်အဝါတစ်ခု သူ၏မျက်လုံးများအား လွှမ်းခြုံသွားသည်။ သူသည် ယခင်က ရှေးဟောင်းဆေးလုံးတစ်လုံးကို မဟာအကြီးအကဲထာဝရတောင် ဇီယွင်ဂိုဏ်းသို့ လာရောက်ခဲ့စဥ်က မြင်ခဲ့ဖူးသည်။ ထိုဆေးလုံးက ဝင်ရောက်ခြင်းဆေးလုံးဖြစ်ခဲ့လေသည်။

မန်ဟိုက ခဏတွေးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်ရာ ချန်ကျားရှီလက်ထဲရှိ ကျောက်စိမ်းသေတ္တာ သူ့ထံပျံလာသည်။

မန်ဟို စိန်ခေါ်မှုကို လက်ခံလိုက်သည်ကို ကြည့်ရင်း ကျိုးဒယ်ခွန်ရင်ထဲ၌ စိုးရိမ်စိတ်တို့ ပြည့်ကြပ်လာသည်။ လီရီမင်းလည်း တုန်လှုပ်သွားဟန်တူသည်။ အခြားတစ်ဖက်တွင် ချန်ကျားရှီမှာ စိတ်သက်သာရာရကာ သက်ပြင်းခိုးချလိုက်ပြီး သူ၏မျက်လုံးများက လှောင်ပြုံးပြုံးသွားသည်။ သူ့မှာ သူ၏ပြိုင်ဘက် လက်ခံလိုက်သည့် အခိုက်အတန့်မှစ၍ အောင်မြင်မှုသည် သူ့အပိုင်ဟု ယုံကြည်နေလေသည်။

သူသည် လွန်ခဲ့သောနှစ်အနည်းငယ်က ရှေးဟောင်းဆေးလုံးကို ပန်းချီဆရာအဘိုးကြီးတစ်ယောက်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ၄င်းက သူ့ကို မွဲပြာကျလုနီးပါးဖြစ်စေခဲ့သည်။ သူ့မှာ ထိုဆေးလုံးကို ရရှိရန် အပေးအယူ၏ တစ်စိတ်တပိုင်းအနေဖြင့် သုံးနှစ်သုံးမိုး ကျွန်လို ဆေးဖော်စပ်ခဲ့ရလေသည်။

သူ့မှာ ၄င်းကို ကြုံသလို မသုံးဝံ့ပေ။ သူ၏သက်တမ်း အဆုံးသတ်ခါနီးရောက်သည့်တိုင်အောင် စောင့်ရန် ရည်ရွယ်ထား၏။ သို့မဟုတ် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးနှင့် လဲလှယ်မည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဆေးလုံးပေါ်ပေါက်လာမှုက ချင်းလော်ဂိုဏ်း၏အာရုံကို ဆွဲဆောင်ခဲ့ပြီးဖြစ်သည်။ သူတို့ကြည့်ရသည်မှာ ၄င်းကို ရယူရန် စိတ်ဝင်စားနေပုံရ၏။

မန်ဟိုက ကျောက်စိမ်းသေတ္တာကို ကိုင်ပြီး လေးနက်သောအသွင်ဖြင့် ဖြေးဖြေးချင်း ဖွင့်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့် အနီရောင်အလင်းက အတွင်းမှာ ဖြာထွက်လာသည်။ ခပ်မှိန်မှိန် သုခတေးသွားအမျှင်များ မျောလွင့်ထွက်လာပြီး အလင်းရောင်အထဲ၌ ကောင်လေးတစ်ယောက်၏ တစ္ဆေပုံရိပ်ကို မြင်နိုင်၏။ သူသည် ပျော်ရွှင်မြူးထူးစွာ ကခုန်နေပုံရသည်။

ပုံရိပ်က ခေါင်းဆောင်ကြီးဇီလော်နှင့် အပေါင်းအပါနှစ်ယောက်ကို ပင့်သက်ရှိုက်မိသွားစေသည်။ လှပသောအမျိုးသမီးက ချက်ချင်း ထရပ်လိုက်၏။

ချင်းလော်ဂိုဏ်းသားများ၏အံသြတုန်လှုပ်မှုမှာ အမှန်တကယ် အထွတ်အထိပ် ရောက်နေလေပြီ။ စကားသံများ ဆူညံလာပြီး ကျိုးဒယ်ခွန်၏မျက်နှာ ဖြူဖျော့သွားသည်။

" ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တဲ့ ရှေးဟောင်းဆေးလုံးတစ်လုံး။ ဒီဆေးလုံးကို....  သုခတေးသံကတောင် ခြံရံနေတယ်။ ဒါ... ဘာဆေးလုံးများလဲ"

လီရီမင်မှာလည်း မန်ဟို့လက်ထဲမှ ဖြာထွက်နေသည့် တောက်ပသော အနီရောင်အလင်းကို စိုက်ကြည့်ရင်း မှင်သက်နေသည်။

ချန်ကျားရှီမှာမူ အသက်ပြန်ဝင်လာခဲ့ပုံရသည်။ သူက တက်ကြွနေပြီး မန်ဟို့ကို ကြည့်ကာ အေးစက်စက်ရယ်လိုက်သည်။ မန်ဟို၏ ပြင်းပြင်းထန်ထန် အာရုံစူးစိုက်နေပုံကို ကြည့်ရင်း သူက မေးမော့လိုက်သည်။

"မဟာအကြီးအကဲဖန်မု၊ ခင်ဗျားရဲ့ ဆေးဝါးတာအိုအသိကို စဥ်းစားရင် ဒီဆေးလုံးကို မဖော်ထုတ်နိုင်တာများလား။ အာ ထားလိုက်ပါတော့။ ကျုပ် ခင်ဗျားကို ဒီတိုင်းရှင်းပြပေးမယ်။ ဒါ ဘာဆေးလုံးလဲသိလား။ ဒီဆေးလုံးရဲ့နာမည်ကို ဆေးဝါးပညာရှင်တိုင်းသိသင့်တယ်။ ဒါက ရှေးဆေးဝါးတာအိုရဲ့ အထင်ကရဆေးလုံးသုံးလုံးထဲက တစ်လုံး၊ ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးပဲ"

ချင်းလော်ဂိုဏ်းကျင့်ကြံသူများမှာ ဆေးလုံး၏နာမည်နှင့် ရင်းနှီးပုံမရပေ။ သို့သော် နာမည်ကြားလျှင်ချင်း လီရီမင်း ထရပ်လိုက်သည်။ သူက အံသြမယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် မိုးကောင်းကင်အထိ ထိုးတက်သွားသော အလင်းရောင်ကို စိုက်ကြည့်နေသည်။

"ကမ္ဘာဦး.... ကောင်းကင်အားဖြည့်ဆေးလုံး"

ကျိုးဒယ်ခွန်မှာ မောဟိုက်ကာ တုန်ယင်နေသည်။ သူက အသက်ပြင်းပြင်းရှူရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုး၍ မန်ဟို့လက်ထဲရှိ ဆေးလုံးကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူ့အသံသည် ချင်းလော်ဂိုဏ်း၏ရင်ပြင်တစ်လျှောက် ဟိန်းထွက်သွား၏။ "ကြက်သွေးရောင်အလင်း၊ သုခတေးသံနှင့်အတူ ကခုန်နေတဲ့ ကလေးငယ်....ဒါ.... ဒါ အထင်ကရဆေးလုံးသုံးလုံးထဲက ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး။ ဒဏ္ဍာရီတွေအရ၊ ဒီဆေးလုံးကို သောက်တဲ့ ဘယ်သူမဆို ကောင်းကင်ဆီက ကံကောင်းမှုတွေ လုယူပြီး သက်တမ်းကို နှစ်တစ်ထောင် တိုးစေနိုင်တယ်" ပရိသတ်ထုကြီး စိတ်လှုပ်ရှားသွားကြသည်။ သက်တမ်းတိုးပေးနိုင်သော ဆေးလုံးတစ်လုံးသည် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုသာ ဆိုလျှင်တောင်မှ မယုံနိုင်လောက်အောင် ရှားပါးမည်ဖြစ်သည်။ လူအများ ထိုဆေးလုံးအတွက် ပေးမည့်စျေးနှုန်းမှာ တွေးကြည့်၍ပင် မရပေ။

နှစ်တစ်ထောင် သက်တမ်းရှည်စေနိုင်သည့် ပြီးပြည့်စုံသောဆေးလုံးမှာ ပို၍ပင် မယုံနိုင်ဖွယ်ကောင်းသေးသည်။

ခေါင်းဆောင်ကြီးဇီလော်၏မျက်လုံးများမှာ စူးရှတောက်ပနေသည်။ သူ့မျက်လုံးများထဲ၌ ထိုကဲ့သို့ တောက်ပမှုမျိုး မြင်တွေ့ခဲ့ဖူးသည့် တခြားအချိန်မှာ အန္တိမဒုက္ခကို ဖမ်းမိခါနီးတုန်းကဖြစ်သည်။ သူ့သက်တမ်းမှာ အဆုံးသတ်သို့ ချဥ်းကပ်နေပြီမဟုတ်ပါလော။

သူ့ဘေးရှိ မျက်နှာနီအဘိုးကြီးလည်း စူးရှတောက်ပနေသော မျက်လုံးများဖြင့် ကျောက်စိမ်းသေတ္တာကို ကြည့်နေသည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

ချန်ကျားရှိက အားရကျေနပ်စွာ ခေါင်းမော့ရင်း မန်ဟို့ကို ကြည့်ကာပြောသည်။ "ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး။ ကမ္ဘာဦးဆိုတဲ့စကားလုံးမှာ အပင်နဲ့အသီးအရွက်မျိုးကွဲတစ်သောင်းးပါဝင်တယ်။ ကောင်းကင်အားဖြည့်ဆိုတဲ့ စကားလုံးတွေမှာတော့ မဟာအကြီးအကဲကျိုးပြောသွားတဲ့အတိုင်း သက်တမ်းကို နှစ်တစ်ထောင် တိုးပေးနိုင်တယ်" ချန်ကျားရှီသည် ယခု စိတ်နှင့်ကိုယ် ပြန်ကပ်နေလေပြီ။ သူသည် စောစောက ရှုံးနိမ့်ခဲ့သော်လည်း ဤဆေးလုံးကြောင့်  သူ့ကိုယ်သူ နိုင်နှင့်ပြီးသည်ဟု မြင်နေ၏။

"မဟာအကြီးအကဲဖန်" သူက ဆက်ပြောသည်။ "အခု ခင်ဗျားအလှည့်ဆိုတော့ ကျေးဇူးပြုပြီး ၊ တတ်နိုင်ရင် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးအတွက် ဖော်စပ်နည်းလေး ပြောစမ်းပါဦး" သူက မန်ဟို့ကို ရန်လိုစွာ ကြည့်သည်။

မျက်လုံးအားလုံးက ကျောက်စိမ်းသေတ္တာမှ ဖြာထွက်နေသော ကြက်သွေးရောင်အလင်းနှင့် အတွင်းရှိ အနီရောင်ဆေးလုံးအပေါ် အာရုံစိုက်နေသဖြင့် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။

လီရီမင်းသည်လည်း သတိပြန်ကပ်သွားပုံရသည်။ သူက အသက်ပြင်းပြင်းရှူပြီး မျက်လုံးများ စတင်တောက်ပလာသည်။ ယခု ဖန်မု ဘယ်နည်းနှင့်မှ အနိုင်မရနိုင်ကြောင်း သူသိလေပြီ။

ကျိုးဒယ်ခွန်မှာ အသံတိတ် ဆဲနေသည်။ ဤသည်က အံ့ဖွယ်ထူးကဲဆေးလုံးသုံးလုံးထဲက တစ်လုံးဖြစ်သည်။ ၄င်း၏နာမည်သည် ကြီးကျယ်ခမ်းနားပြီး သေချာပေါက် ယနေ့ခတ် မည်သည့်ဆေးဝါးပညာရှင်မှ ဖော်စပ်နည်းကို မသိနိုင်ပေ။

သူက ရှေ့တစ်လှမ်းတက်ပြီး ချန်ကျားရှီကို စိန်းစိန်းဝါးဝါးကြည့်ကာ ပြောသည်။ "ချန်ကျားရှီ၊ မင်းက ကမ္ဘာဆေးဝါးအဖွဲ့ရဲ့ ကြက်သွေးရောင်ဝတ်ရုံအဆင့်ဆေးဝါးပညာရှင်။ ဒီလိုနည်းလမ်းတွေက စက်ဆုပ်စရာပဲ။ ငါတို့လိုလူ၊ မင်းရဲ့ဆရာ မဟာအကြီးအကဲထာဝရတောင်လိုလူတွေတောင်မှ ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးဖော်စပ်နည်းကို မဖော်ထုတ်နိုင်ဘူး။ ဒါ့အပြင် အခုပြိုင်ပွဲက မင်းဖော်စပ်ထားတဲ့ ဆေးလုံးတွေကို ဖော်ထုတ်ရမှာလေ။ ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကို မင်းဖော်စပ်ခဲ့လို့လား။ မင်းတောင် ဖော်စပ်နည်းမသိတာကို ဒီပြိုင်ပွဲအတွက် ထုတ်ရဲတယ်ပေါ့လေ"

ချန်ကျားရှီက အေးတိအေးစက်ရယ်သည်။ "ဒါက မဟာအကြီးအကဲဖန် လက်ခံထားတာပဲလေ" သူက မာမာထန်ထန်ပြောသည်။ "ကျုပ် စည်းဖောက်တယ်လို့ ခင်ဗျားပြောလို့မရဘူး" သူက ကျိုးဒယ်ခွန်ကို လျစ်လျူရှုပြီး မန်ဟိုက နောက်တစ်ဖန် စိုက်ကြည့်သည်။ "မဟာအကြီးအကဲဖန်၊ ခင်ဗျားအဖြေစောင့်နေတာ ကျုပ်တစ်ယောက်ထဲ မဟုတ်ဘူး။ ဆေးဖော်နည်းကို နားထောင်ဖို့ စိတ်အားထက်ထက်သန်သန် စောင့်နေကြတဲ့ တခြားလူတစ်သိန်းရှိသေးတယ်။ ခင်ဗျား ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကို ကြည့်ရတာ မလုံလောက်သေးဘူးလား" သူက ရှေ့တစ်လှမ်းလှမ်းပြီး မန်ဟို မျက်မှောင်ကြုတ်နေသည်ကို မြင်သော် သူ၏စိတ်ဓာတ်ကျနေသော ခံစားချက်များအားလုံး ပျောက်ကွယ်သွားသည်။ "ခင်ဗျား မဖော်ထုတ်နိုင်ဘူးဆိုရင်လဲ မဖော်ထုတ်နိုင်ဘူးပေါ့။ ဒါပေမယ့် စောစောက ကျုပ်ရဲ့ ဆေးလုံးအကုန် ထုတ်ပြီး အခုချက်ချင်းပြန်ပေးရမယ်

"ဖန်မု" သူက အော်ဟစ်လိုက်ရာ သူ့အသံသည် ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွား၏။ "မင်း ဆေးဖော်နည်းကို ဖော်ထုတ်နိုင်လား၊ မထုတ်နိုင်ဘူးလား" မန်ဟိုက တဖြေးဖြေး ခေါင်းမော့လိုက်သည်။ သူ့အကြည့်သည် ဆေးလုံးထံမှ ရွေ့လျားပြီး ချန်ကျားရှီအပေါ် ကျရောက်လာ၏။

***

All Chapters