← Chapters

ဝိညာဉ်သန့်စင်ခြင်း

Vol. 19 Ch. 257

ဝိညာဉ်သန့်စင်ခြင်း

Vol. 19 Ch. 257

မန်ဟိုက တခဏ တွန့်ဆုတ်နေပြီးနောက်ဆုံး စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။

"ဆရာကြီး" သူက ပြတ်သားသောလေသံဖြင့် ပြောသည်။ "ခင်ဗျား ကျုပ်ကို ဒီိလိုကိစ္စမှာ ယုံကြည်ထားတယ်ဆိုတော့.....ကျုပ် ဖော်စပ်ပေးပါ့မယ်။ ခင်ဗျားဂိုဏ်းအတွက် ဝိညာဥ်သန့််စင်ဆေးလုံးဖော်ပေးဖို့ ကျုပ် လေ့လာထားသမျှအကုန် အသုံးချမယ်

"ခင်ဗျားရဲ့ ကြင်နာမှုကို ကျုပ်စိတ်ထဲမှာ ထာဝရ မှတ်သားထားပါ့မယ်။ ဒီလိုဆိုဘယ်လိုလဲ။ ပြောရမှာတော့ အားနာပါတယ်။ ကျုပ် ကြီးကြီးမားမား မဖော်စပ်ပေးနိုင်ဘူး။ အဲ့လိုနည်းနဲ့ ဆေးဖော်စပ်တာက ကျုပ်အတွက် လွယ်ကူရိုးရှင်းနိုင်ပေမယ့် ဆေးစွမ်းအားကတော့ သာမန်ပဲဖြစ်လိမ့်မယ်၊ ထိရောက်မှု သိပ်ရှိမှာ မဟုတ်ဘူး။ လူတစ်ယောက်ချင်းစီရဲ့ ဝိညာဥ်က နည်းနည်းစီ ကွဲပြားတယ်မဟုတ်လား။ ကျုပ် အဲ့လိုကွဲပြားမှုပေါ် မူတည်ပြီး ဆေးလုံးတစ်လုံးချင်းစီ ထိန်းညှိရင်တော့ဆေးစွမ်းအားအမြင်ဆုံးနဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်တယ်"

ခေါင်းဆောင်ကြီးဇီလော်က မန်ဟို့ကို လေးလေးနက်နက်ကြည့်သည်။ ဖန်မု ဂိုဏ်းကို ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ မူမမှန်သောအရာတစ်ခုကိုမှ သူ သတိမထားမိခဲ့ပေ။

သူ၏နောက်ခံ၊ နာမည်၊ ဆေးဝါးတာအိုအရည်အချင်းအစရှိသဖြင့် မည်သည့်အရာကမှ သူ့ကို သံသယဝင်စရာမဖြစ်စေပေ။ ခေါင်းဆောင်ကြီးဇီလော်သည် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကိစ္စနှင့်စပ်လျဥ်း၍ သံသယအနည်းငယ် ရှိခဲ့သော်လည်း အချိန်ပေးစဥ်းစားကြည့်ပြီးနောက် မသင်္ကာဖွယ်ရာ သက်သေအထောက်အထားတစ်ခုမှ မတွေ့ခဲ့ပေ။

ဝိညာဥ်သန့်စင်ဆေးလုံးကိစ္စမှာ လောလောဆယ်၌ ချင်းလော်ဂိုဏ်းအတွက် အလွန်တရာအရေးကြီးသည်။ သို့သော် ချင်းလော်ဂိုဏ်း၏ ဆေးဝါးကျင့်ကြံသူများမှာ ထိုဆေးလုံးများ မဖော်စပ်နိုင်ပေ။

အရှေ့ဆေးဝါးအဖွဲ့နှင့် ကမ္ဘာဆေးဝါးအဖွဲ့သာ ဝိညာဥ်များနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကိုင်တွယ်ရန် ကျွမ်းကျင်မှုရှိသည်။ ကမ္ဘာဆေးဝါးအဖွဲ့က ထွက်သွားပြီဖြစ်၍ ဖန်မုက အလွန်အရေးပါနေရာ ခေါင်းဆောင်ကြီးဇီလော်အနေဖြင့် ခေါင်းညိတ်ရန် ခဏသာကြာလိုက်သည်။

"ကျင့်ကြံတဲ့ အထူးနတ်ဘုရားစွမ်းရည်ကြောင့် ဝိညာဥ်တွေ ထိခိုက်သွားတဲ့ သီးသန့်ဂိုဏ်းသား ဆယ့်သုံးယောက် ချင်းလော်ဂိုဏ်းမှာရှိတယ်။ လက္ခဏာတွေက ခင်ဗျား ဟိုနေ့က ကျိုးကျဲကို တွေ့ခဲ့တဲ့အတိုင်း စိတ်ဖောက်ပြန်တာနဲ့ သွေးလေချောက်ခြားတာတွေပဲ။ အီး....." ခေါင်းဆောင်ကြီးဇီလော်က သက်ပြင်းချပြီးနောက် မန်ဟို့ကို တည်ကြည်လေးနက်စွာ ကြည့်သည်။

"ကျုပ်တို့ လိုအပ်တဲ့ဆေးလုံးတွေကို ဖော်စပ်ပေးဖို့ ခင်ဗျားကိုပဲ အားကိုးနိုင်ပါတော့တယ် မဟာအကြီးအကဲဖန်။ ခင်ဗျား လေ့လာပြီး ဆေးဖော်ဖို့အတွက် သီးသန့်ဂိုဏ်းသားဆယ့်သုံးယောက်ကို တစ်ယောက်စီ လွှတ်ပေးပါ့မယ်" စကားပြောပြီးသောအခါ ခေါင်းဆောင်ကြီးဇီလော်က ပြန်ရန်လှည့်လိုက်သည်။ မန်ဟို လက်ယှက်အရိုအသေပေးလိုက်၏။

များမကြာခင် သိုလှောင်အိတ်တစ်လုံး မန်ဟို့ထံ ရောက်လာသည်။ အတွင်း၌ ဝိညာဥ်ကျောက်တုံး တစ်သိန်းခန့် ရှိလေသည်။ မန်ဟို့မှာ ၄င်းတို့ကို ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်နေ၏။

ထို့အပြင် ဆေးပင်အမြောက်အမြားနှင့်အတူ ဝိညာဥ်သန့်စင်ဆေးလုံးအတွက် ဖော်စပ်နည်းလည်းပါရှိသည်။

နောက်ဆုံးတွင်ကား ဆေးပေါင်းဖိုတစ်လုံး။ မန်ဟို ၄င်းကိုထုတ်လိုက်သည်နှင့် သူ၏မျက်လုံးများ တောက်ပလာသည်။

ဆေးပေါင်းဖိုသည် ပကတိအဖြူရောင်ဖြစ်သည်။ ကျောက်စိမ်းထင်ရသော်လည်း မဟုတ်ပေ။ ၄င်း၏မျက်နှာပြင်ပေါ်၌ မည်သည့်အရာမှာ မရေးဆွဲထားသည့်အပြင် တမူထူးခြားသော ပုံသဏ္ဍာန်ဖြစ်၏။ ၄င်းထံမှ ဆေးရနံ့အနည်းငယ်ပင် မျောလွင့်လာခြင်းမရှိ။ သို့သော် အတွင်းတွင် လှည့်ပတ်နေသော အဖြူရောင်ချီမျှင်များကိုတော့ မန်ဟိုမြင်ရသည်။

"သန့်စင်ခြင်းတစ်သောင်း ဆေးပေါင်းဖို" မန်ဟိုမှာ စိတ်အားထက်သန်မှုများဖြင့် ရင်တဒိတ်ဒိတ်ခုန်နေရင်း ရေရွတ်လိုက်သည်။ အရှေ့ဆေးဝါးအဖွဲ့မှာတုန်းက သူသည် ဆေးပေါင်းဖိုအမျိုးအစားအားလုံးအား မိတ်ဆက်ပေးထားသော ကျောက်စိမ်းပြားတစ်ပြားကို လေ့လာခဲ့ရ၏။ ဆေးလုံး အသုတ် တစ်သောင်း အောင်အောင်မြင်မြင်ဖော်စပ်ပြီးနောက် ဆေးလုံးများ၏ချီမှ ရရှိခဲ့သော အာဟာရအလုံးစုံကြောင့် အသိရှိသွားမည့် အမျိုးအစားတစ်ခုရှိသည်။

ထိုကဲ့သို့ ဆေးပေါင်းဖိုမျိုးမှာ အစထဲက အံဖွယ်ရုပ်ဝတ္ထုများဖြင့် ဖန်တီးတည်ဆောက်ခံထားရခြင်း ဖြစ်သည်။ အကြိမ်တစ်သောင်းဖော်စပ်ပြီးနောက် ၄င်းသည် ပို၍ပင် အံ့ဖွယ်ကောင်းလာပေမည်။ ထိုဆေးပေါင်းဖိုများမှာ ကမ္ဘာပေါ်တွင် အလွန်မြင်ရခဲ၏။ များသောအားဖြင့် ဆေးပေါင်းဖိုများအား တာရှည်မခံသော ပစ္စည်းများအဖြစ် သတ်မှတ်ကြပြီး အကြိမ်တစ်ရာ သို့မဟုတ် တစ်ရာကျော် အသုံးပြီးပါက ပေါက်ကွဲသွားတတ်သည်။

ဆေးပေါင်းဖိုတစ်လုံးအတွက် အသုတ်တစ်သောင်းအထိ ကျန်ရှိနိုင်ခြင်းက ၄င်း၏တန်ဖိုးကို ခေါင်ခိုက်သွားစေသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် ဆေးပေါင်းဖိုအတွင်း၌ လက်ကို ဝှေ့ယမ်းကာ ချီမျှင်တစ်မျှင် ဖမ်းဆုပ်၍ စူးစမ်းရန် အပြင်ထုတ်လိုက်သည်။ တခဏကြာသော် သူ့မှာ နောင်ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ဤဆေးလုံးမှာ တူညီသော ဆေးလုံးအမျိုးအစား တစ်ထောင်ဖော်စပ်ရန် အသုံးပြုခံခဲ့ရပုံပေါ်သည်။

သို့ဖြစ်၍ ၄င်းမှာ မတူညီသောဆေးလုံးများ မရေမတွက်နိုင်အောင် ဖော်စပ်ရန် အသုံးပြုခံခဲ့ရသော ဤအမျိုးအစား၊ တခြားဆေးပေါင်းဖိုတချို့နှင့် မယှဥ်နိုင်ပေ။ သို့သော် မန်ဟိုစဥ်းစားရသရွေ့ ဤဆေးပေါင်းဖိုသည် သူ၏သွေးကြိုးကြာဆေးပေါင်းဖိုထက် များစွာသာလွန်၏။

မန်ဟိုက သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖိုကို သိမ်းပြီး ထရပ်ကာ အပြင်သို့ကြည့်လိုက်သည်။ ချင်းလော်ဂိုဏ်းသားဒါဇင်အနည်းငယ်သည် တောင်ကို ဝန်းရံထားကြပြီး ယခုတွင် တင်ပျဥ်ခွေလျက် တရားထိုင်နေကြသည်။ အပြာရောင်အလင်းက သူတို့ကို ဝန်းရံလျက်ရှိသည်။ သိသာစွာပင် မန်ဟို ဆေးဖော်စပ်သည်နှင့်တစ်ပြိုင်နက် သူတို့သည် အလင်း၏စွမ်းအားအပြည့်အဝသုံး၍ သူ့ကို ဘယ်သူမှ မနှောင့်ယှက်အောင် တောင်ပတ်ပတ်လည်၌ အကာအကွယ်တစ်ခု ဖန်တီးမည်ဖြစ်သည်။

မန်ဟိုက တစ်ယောက်တည်း တီးတိုးရေရွတ်ပြီးနောက် ဖြစ်လာနိုင်ခြေရှိသည့် အရေးပေါ်အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို မြှောက်ပြီး အချက်အလက်တချို့ ခတ်နှိပ်လိုက်သည်။ ၄င်းက ချက်ချင်း ဖျတ်ခနဲ လက်သွား၏။ အချိန်အနည်းငယ်ကြာသော် ကျိုးဒယ်ခွန်က ရောင်စုံအလင်းတန်းအသွင်ဖြင့် သူ့ဆီ ပျံသန်းလာသည်။

သူသည် မန်ဟို ပေးပို့လိုက်သော စာကို ရရှိသည်နှင့် ဆေးဝါးပညာပို့ချမှုကို အပြီးသတ်၍ အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်သို့ ချက်ချင်း ထွက်လာခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တွင် တရားထိုင်နေသော ချင်းလော်ဂိုဏ်းသားများကို အာရုံခံမိသောအခါ သူ့မှာ အတန်ငယ်အံ့အားသင့်သွား၏။

မန်ဟိုက သူ့ကို ထွက်တွေ့ပြီး အခြေအနေကို ရှင်းပြသည်။ ထိုမျှသာမက သူသည် ကျိုးဒယ်ခွန်ကို မှော်စောင့်ရှောက်သူအဖြစ် နောက်တွင် နေပြီး လက်ထောက်လုပ်ပေးရန် တောင်းဆိုသည်။

ယခင်ကဆိုလျှင် ကျိုးဒယ်ခွန် သေချာပေါက် ငြင်းခဲ့လိမ့်မည်။ သို့သော် သူ၏မန်ဟို့အပေါ်အမြင်မှာ မကြာသေးမီက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။ ဖြစ်ကြောင်းကုန်စင်ကြားပြီးနောက် သူသည် လေးလေးနက်နက်ခေါင်းညိတ်ပြီး သူ၏ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို ထုတ်လိုက်သည်။ မန်ဟိုမှာ ယခုမှ စိတ်ချလက်ချဖြစ်ကာ ဆေးပင်များထည့်ထားသည့် သိုလှောင်အိတ်ကို ကမ်းပေးသည်။

ဆေးပေါင်းဖိုဘုရင်တံဆိပ်နှစ်ခု၏ အကာအကွယ်ကြောင့် ချင်းလော်ဂိုဏ်း မည်သို့လုပ်စေကာမူ ၊ သူသည် မည်သည့် နတ်ဘုရားအာရုံမဆိုမှ ယာယီလုံခြုံလိမ့်မည်။ မည်သို့ဆိုစေ သတိပြုမိနိုင်လွန်းသည့်အရာများ လုပ်ရန် သူ မကြံစည်ထားပေ။ ဤကိစ္စတစ်ရပ်လုံးတွင် သတိသည် အရေးကြီးဆုံးဖြစ်၏။

များမကြာခင် အပြာရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ကိုသယ်ရင်း အလျင်စလိုလာနေသော ကျင့်ကြံသူနှစ်ယောက်ပေါ်လာသည်။

သူတို့ရောက်သောအခါ မန်ဟိုနှင့် ကျိုးဒယ်ခွန်က လူငယ်ကို အနီးကပ်ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။

သူ့မျက်နှာမှာ သွေးမရှိသည့်အလား ဖြူဆုပ်နေသည်။ သူ၏မျက်လုံးများမှာ ငေးကြောင်နေပြီး သူ့အရေပြားမှာ အလွန်ပါးလှသဖြင့် အတွင်းမှ ငေါထွက်နေသောအရိုးများကို မြင်နိုင်သည်။ သူ၏ချီစီးဆင်းမှုလမ်းကြောင်းများမှာ ရွေ့လျားခြင်းပင် မရှိကြောင်း သိသာ၏။ သူ့မှာ သေမျိုးလူသားအလားပင်။

သူ့ကို တွဲထားသည့် သက်လတ်ပိုင်းလူတစ်ယောက်က ပြောသည်။ "ဒါက သီးသန့်ဂိုဏ်းသား ဟွမ်ကျုံးကျီပါ။ လျှို့ဝှက်မှော်ပညာတစ်ခုကို ကျင့်ကြံနေတုန်း ကျင့်စဥ် ဖောက်ပြန်ပြီး သူ့ကိုယ်နဲ့ ဝိညာဥ်ကို အားနည်းစေခဲ့တာ။ ဂိုဏ်းအကြီးအကဲတွေသာ မှော်စွမ်းအားနဲ့ သူ့အသက်ကို မထိန်းထားရင် သူသေတာကြာပြီ" ထိုလူက သက်ပြင်းချပြီး မန်ဟို့ကို လေးလေးနက်နက်အရိုအသေပေးသည်။

"ကြွက်သားချည့်နဲ့ပြီး အားနည်းသွားတဲ့ ခန္ဓာကိုယ်" ကျိုးဒယ်ခွန်က ခပ်တိုးတိုးပြောသည်။ "ဝိညာဥ် လွင့်နေပြီး စိတ်က သေနေတယ်။ ဒီလူ...."

မန်ဟိုက စိတ်ဝိညာဥ် ပျောက်ဆုံးနေပုံရသော လူငယ်ကို သေချာ ကြည့်လိုက်သည်။ အချိန်အတော်ကြာသော် သူသည် လူငယ်အနားကပ်ပြီး လက်ချောင်းများကို ထိုလူ့လည်ပင်းအပေါ် တင်လိုက်သည်။

သူသည် တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်နေပြီးနောက် လူငယ်၏လက်မောင်းကို ဆုပ်ကိုင်ကာ အရေပြားပေါ်ရှိ ခပ်ဖျော့ဖျော့ အပြာရောင်သွေးကြောများကို သေသေချာချာ ကြည့်ရှုသည်။

"အရင်ဆုံး ကျုပ်တို့ သူ့စိတ်မှာ ထိခိုက်မှုဘယ်လောက်ရှိလဲ ကြည့်ဖို့ ဝိညာဥ်ပေါင်းစည်းဆေးလုံးကို ဖော်မယ်။ အစ်ကိုကြီးကျိုး ဘယ်လိုထင်လဲ" မန်ဟိုက ခေါင်းညိတ်လိုက်သော ကျိုးဒယ်ခွန်ကို လှမ်းကြည့်သည်။

"သုံးဝါမြက်၊ ဝိညာဥ်ခုနစ်ကိုယ်အမယ်၊ နှစ်တစ်ရာပန်း......" မန်ဟိုသည် ဆေးပင်အမျိုးအစားများစွာကို ဖြေးဖြေးချင်း ရွတ်ပြသည်။ ဤအပင်အတော်များများမှာ အလွန်ရှားပါးကြောင်း ကျိုးဒယ်ခွန် သတိထားမိသည်။ အားလုံးက စိတ်ပိုင်းဆိုင်ရာ ကုသမှုနှင့် သက်ဆိုင်သည်။ သူသည် ချင်းလော်ဂိုဏ်း ထောက်ပံ့ပေးထားသော သိုလှောင်အိတ်ထဲမှ ဆေးပင်များ အလျင်အမြန်ထုတ်ပြီး မန်ဟို၏ဦးဆောင်ညွှန်ကြားမှုအတိုင်း ပြင်ဆင်လေသည်။

မန်ဟိုက သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖိုကို ထုတ်လိုက်သည်။ ကျိုးဒယ်ခွန် ၄င်းကို မြင်သောအခါ မျက်လုံးပြူးသွား၏။ သို့သော် ယခုအချိန်မှာ မေးရမည့်အချိန်မဟုတ်ကြောင်း သူသိပြီး မန်ဟို ဘာကြောင့် ဤအလုပ်ကို အလေးထားနေကြောင်း သဘောပေါက်လိုက်သည်......

ဆေးပင်အမျိုးမျိုးအား ဆေးပေါင်းဖိုထဲ ထည့်ပြီးနောက် မန်ဟိုသည် ဘယ်လက်ဖြင့်  ဓာတ်ကူခြင်းမန္တန်လက်ကွက်ဖော်လိုက်သည်။ ထို့နောက် လူငယ်၏နဖူးပေါ်သို့ ညာလက်ညှိုးဖြင့် ဖိကာ အသေးစား ဒဏ်ရာတစ်ခု ဖော်ပြီး သွေးတစ်စက်ထုတ်လိုက်သည်။

သွေးစက်သည် မန်ဟို့အရှေ့၌ ပျံဝဲနေပြီးနောက် ဆေးပေါင်းဖိုထဲ ဝင်သွားသည်။

အချိန််အနည်းငယ်ကြာသော် အနက်ရောင်ဆေးလုံးတစ်လုံး ပေါ်လာ၏။ မန်ဟိုက အင်္ကျီလက်စခါကာ ၄င်းကို လူငယ်၏ပါးစပ်ထဲ ထည့်လိုက်သည်။ အသက်ဆယ်ရှိုက်ကြာပြီးနောက်တွင် လူငယ်၏ခန္ဓာကိုယ် တုန်ရီလာသည်။ သူက မချိတင်ကဲ ဟိန်းဟောက်လိုက်ရာ သက်လတ်ပိုင်းကျင့်ကြံသူနှစ်ယောက်၏မျက်နှာကို ရိပ်ခနဲဖြစ်သွားစေသည်။

မန်ဟို၏ မျက်နှာအမူအရာမှာတော့ ယခင်အတိုင်း တည်ငြိမ်လျက်သာ။

အမွှေးတိုင်တစ်ဝက်ထွန်းစာအထိ သွေးပျက်မတတ် အော်ဟစ်နေပြီးနောက် လူငယ်၏ငယ်ထိပ်မှ အနက်ရောင်ချီတစ်ခု စတင်ထွက်လာသည်။ အနက်ရောင်ချီအတွင်းတွင် အဖြူရောင်မြူတစ်ခုလည်း ရှိ၏။ ၄င်းတို့နှစ်ခုမှာ အတူတကွပေါင်းစည်းသွားပုံရသည်။ သို့သော် တစ်ခုမှာ အခြားတစ်ခုကို အသုံးပြုနိုင်ခြင်းမရှိသဖြင့် ခွဲခွာရန် ကြိုးစားနေကြလေသည်။

သို့သော် စွမ်းအားတစ်ခုက ၄င်းတို့ မကွဲကွာအောင် ဟန့်တားနေပုံရသည်။ ပေါင်းစည်းဖို့ကြိုးစားလေလေ၊ ပို၍ကွဲကွာလေလေ ဖြစ်နေသည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ၄င်းတို့သည် ကန့်သတ်ထားသော အချိန်တစ်ခုအထိ တစ်သားတည်းဖြစ်ကာ နောက်ဆုံး လုံးဝကွဲကွာသွားလိမ့်မည်။

"ဒီလူ ဘာကျင့်စဥ်ကျင့်လဲ မသိပေမယ့် အဲ့တာက သေခြင်းချီကို သူ့ကိုယ်ထဲ ဝင်ရောက်စေခဲ့တယ်။ အဲ့ချီက သူ့အသက်စွမ်းအားကို စတင်ဝါးမြိုလာတယ်။ အခုတော့ ဖိနှိပ်ခံထားရပေမယ့် အဲ့တာက အမြဲ ခံရမှာ မဟုတ်ဘူး။ သူ့ကိုကယ်ဖို့ တစ်ခုခုမလုပ်ရင် သေချာပေါက် သုံးလအတွင်း သေလိမ့်မယ်

"ကျုပ်၊ ဖန်မု သူ့ကို ကယ်ဖို့ ကြိုးစားနိုင်တယ်" သူက အေးစက်စက်ပြောသည်။ " အောင်မြင်မယ်လို့ ယုံကြည်ချက် ငါးဆယ်ရာခိုင်နှုန်း ရှိတယ်။ ဒါပေမယ့် သူ့သွေးကြောတွေက ပျက်စီးနေပြီ။ သွေးကြောဆေးလုံးဖော်စပ်ဖို့အတွက် သူ့ဘိုးဘေးတွေဆီကနေ သွေးမျိုးဆက်သုံးဆက်လိုအပ်တယ်။ အဲ့တာနဲ့ဆိုရင် ကျုပ် သူ့သွေးကြောတွေကို ပြန်လည်တည်ဆောက်ပြီး သူ့အတွက် ဝိညာဥ်အသစ် မွေးဖွားပေးနိုင်တယ်။ ဝိညာဥ်တွေက သွေးကနေ မွေးဖွားလာတာကြောင့် ဒါအောင်မြင်ပြီးရင် ကျုပ် ဝိညာဥ်သန့်စင်ဆေးလုံး ဖော်နိုင်ပြီ။ အဲ့တာဆို အောင်မြင်ဖို့သေချာတယ်"

ဤသည်ကိုကြားသော် လူငယ်အား တွဲပေးထားသည့် သက်လတ်ပိုင်းကျင့်ကြံသူထဲက တစ်ယောက် လှည့်ထွက်သွားသည်။ အမွှေးတိုင်နှစ်တိုင်ထွန်းစာကြာသော် ပြန်ရောက်လာပြီး မန်ဟို့ကို ကျောက်စိမ်းပုလင်းသုံးပုလင်း ကမ်းပေးသည်။

အတွင်းထဲ၌ လူငယ်၏ဘိုးဘေးများထံမှ သွေးမျိုးဆက်သုံးဆက်ရှိလေသည်။ သတ်မှတ်ထားသော ပင်ကိုယ်စွမ်းရည်အပြင် သီးသန့်ဂိုဏ်းသားအများစုတွင် ဂိုဏ်းအတွင်း၌ အဆင့်အတန်းမြင့်မားသော ဘိုးဘေးများရှိသည်။ သို့ဖြစ်၍ သွေးမျိုးဆက်သုံးဆက် ရယူခြင်းက မခက်ခဲပေ။

မန်ဟိုက အပူးခံထားရသောလူငယ်ကို စံအိမ်ထဲ ခေါ်လာရန် ချင်းလော်ဂိုဏ်းကျင့်ကြံသူများအား ညွှန်ကြားလိုက်သည်။ ထို့နောက် သူက သူတို့ကို ထွက်သွားခိုင်းပြီး သူ၏ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို ထုတ်သည်။ ကျိုးဒယ်ခွန်လည်း ထိုနည်းတူ လုပ်လိုက်ရာ တောက်ပသောအကာအကွယ်တစ်ခုသည် ပတ်ဝန်းကျင်ကို ချက်ချင်း ပိတ်လှောင်လိုက်သည်။ အပြင်တွင် နောက်ထပ်အကာအကွယ်တစ်ခုက အနက်ရောင်ကြိုဆိုခြင်းတောင်ကို လွှမ်းခြုံသွားသည်။ အရာအားလုံး ချိတ်ပိတ်ခံလိုက်ရလေပြီ။

ယခု အဆောက်အအုံထဲတွင် မန်ဟို၊ ကျိုးဒယ်ခွန်နှင့် သတိလစ်နေသောလူငယ်သာရှိသည်။

မန်ဟို လူငယ်ကို နှံ့နှံ့စပ်စပ်ကြည့်ရှုနေစဥ် သူ၏မျက်နှာအမူအရာမှာ ယခင်အတိုင်းသာ ဖြစ်သည်။

"ဒီလူက ကောင်းကင်နဲ့မြေကြီးရဲ့ ဘဝသံသရာစက်ဝန်းကနေ ရှောင်တိမ်းနေတဲ့ လေလွင့်ဝိညာဥ်တစ်ကောင် ဝင်စီးခံထားရတာပဲ.....ဝင်စီးပြီးတဲ့နောက် ခန္ဓာကိုယ်မှာ မူလဝိညာဥ်မရှိတော့ရင် လမ်းလျှောက်နေတဲ့ အသေကောင်လို ဖြစ်လာလိမ့်မယ်။ သူ့ကိုယ်သူ အားဖြည့်နိုင်စွမ်းမရှိတာနဲ့ ခန္ဓာကိုယ်ဟာ တစ်ရက်ပြီးတစ်ရက် ပျက်စီးလာမယ်

"ဒါကြောင့် လေလွင့်ဝိညာဥ်က ခန္ဓာကိုယ်ရဲ့ မူလဝိညာဥ်ကို ဝါးမြိုနိုင်စွမ်းမရှိဘူး။ အဲ့အစား ကိုယ်ကို ထိန်းချုပ်နေတဲ့ ကပ်ပါးကောင်လို နေထိုင်ရမယ်

"ပထမက ဟန်ချက်ညီသေးတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် ဟန်ချက်ပျက်သွားပြီး လက်ရှိအခြေအနေဖြစ်လာတာပဲ" မန်ဟို၏မျက်လုံးများထဲ၌ အလင်းရောင်တစ်ခု မသိသာလက်သွားသည်။

"လေလွင့်ဝိညာဥ်က ပျက်စီးနေပြီ။ လုပ်ရမှာက ယင်ကို ယန်ပြောင်း.....ကံဆိုးမှုကို ပြောင်းပြန်လှန်ရမှာ။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြောတဲ့အတိုင်း သူ့ကို နွေရာသီနေမမြင်ရအောင် ချုပ်နှောင်ရင် ချုပ်နှောင်၊ ဒါမှမဟုတ် မိစ္ဆာချုပ်နှောင်သူရဲ့ သွေးစိတ်ဆန္ဒနဲ့ အကူအညီပေးရင်ပေး" မန်ဟို၏မျက်လုံးများသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပသွားသည်။ ဝိညာဥ်သန့်စင်ဆေးလုံးက အာနိသင်ရှိမည်လား သူမသေချာပေ။ သို့သော် သူသေချာသိသည်က သူ့သွေးထဲရှိ စိတ်ဆန္ဒသည် လူငယ့်အတွက် ယခု သို့မဟုတ် နောင်တွင် အသက်ရှင်နေထိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်၏။

***

All Chapters