← Chapters

အပိုင်း(၃၅၁)

Vol. 24 Ch. 351

အပိုင်း(၃၅၁)

Vol. 24 Ch. 351

“ကျေးဇူးတင်ပါတယ်….အရှင်…ကျေးဇူးတင်ပါတယ်.အရှင်ရှစ်ဖုန့်…..အရှင့်ရဲ့ ကြင်နာမှုကို  ကျွန်မဘယ်တော့မှမေ့မှာဟုတ်ပါဘူး…”

ယေင်ယွင်မှာ ရှစ်ဖုန့်၏ စကားတို့အားကြားသောအခါတွင် သူမအနေဖြင့် သေခြင်းတရားမှ လွတ်မြောက်လာသောသူ

တစ်ယောက်ကဲ့သို့ ခံစားရသည်။ သူမကရှစ်ဖုန့်အား လေးလေးနက်နက်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

သူမအနေဖြင့် အရမ်းကျေးဇူးတင်လွန်းသောကြောင့်  ရှစ်ဖုန့်အားသူမ၏ခန္ဓာကိုယ်ကို  ယခုချက်ချင်းပင်  ပေးအပ်ချင်သော

ဆန္ဒတို့ပင် တဖွားဖွားဖြစ်မိသည်။ သူမနေဖြင့်သူ၏ ကလေးကိုပင်လွယ်ချင်မိသည်။

“အရှင်က ကရုဏာစိတ်ရှိတယ်”

ချင်ယွမ်က ရှစ်ဖုန့်အား မျက်နှာချိုသွေးမြှောက်ထိုးပင့်

ကော်လုပ်လိုက်သည်။ ထို့နောက်  သူကလေးနက်သောအမူအယာ

ဖြင့်ယောင်ယွင်

ထံသို့လှည့်လိုက်ပြီး ပြောလိုက်သည်။

“ယောင်ယွင် အရှင်ရှစ်ဖုန့်က ကရုဏာစိတ်ထားရှိတယ်..

သူကမင်းကိုဒီတစ်ကြိမ်တော့

လွှတ်ပေးလိမ့်မယ်..မှတ်ထားပါ..

နောက်တစ်ကြိမ်သာမင်းထပ်လုပ်ခဲ့ရင် သူမင်းကို အရမ်းကိုလွယ်လွယ်ကူကူ လွှတ်ပေးမှာမဟုတ်ဖူး”

“ဟုတ်..ဟုတ်ကဲ့..ကျွန်မဒါကိုစိတ်ထဲမှာ သေချာမှတ်ထားပါ့မယ်…

နောက်တစ်ကြိမ်ဆိုတာမျိုးမရှိစေရတော့ပါဘူး”

ယောင်ယွင်တစ်ယောက် အလျှင်အမြန်ကတိပေးလိုက်သည်။  သေခြင်းတရားထံမှလွတ်

မြောက်လာပြီးသည့်နောက်တွင်

သူမအနေဖြင့် ထိုကဲ့သို့ထပ်မံ၍ ပြုမူရဲခြင်းမရှိတော့ချေ။

“အင်း..”

ချင်ယွမ်က ခံ့ညားစွာဖြင့် “အင်း” ဟု  ပြန်တုန့်ပြန်လိုက်သည်။ ထို့နောက်သူ၏လက်လှမ်းလိုက်ပြီး ယောင်ယွင်ထံမှ အဖြူရောင်

ရတနာသေတ္တာကို ယူလိုက်သည်။ သူ၏ရှစ်ဖုန့်ဘက်သို့ထပ်မံမျက်နှာမူလိုက်ပြီး ကိုယ်ကိုယ်ကိုယ်ကျပင် လေးလေးစားစားဖြင့် ရတနာသေတ္တာအား ရှစ်ဖုန့်ထံပေးလိုက်သည်။

ရှစ်ဖုန့်က အဖြူရောင်ရတနာသေတ္တာကိုယူလိုက်ပြီး  ၎င်းအားဖွင့်လိုက်သည်။ ရုတ်တရက် သန့်စင်သောနို့နှစ်ရောင်အလင်းတန်းတစ်ခုက ရတနာသေတ္တာထံမှထုတ်လွှတ်လာပြီး  သေတ္တာအတွင်းတွင် သန့်စင်သော အဖြူရောင်ပန်းတစ်ပွင့်က ဆိတ်ငြိမ်စွာလဲလျောင်းနေသည်။

ရှစ်ဖုန့်က ကျောက်စိမ်းသေတ္တာအားပိတ်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

“အရှင်ရှစ်ဖုန့်နဲ့ အရှင်မိုယန်တို့ ကျေးဇူးပြုပြီးတော့ဒီဘက်ကိုကြွကြပါ…

ကျုပ်လူတွေကို အမိန့်ပေးပြီးတော့  အရှင်တို့နှစ်ယောက်အတွင် ဂုဏ်ပြုစားပွဲတစ်ခုကို ပြင်ဆင်ခိုင်းထားပါတယ်.

အထူးသဖြင့် အရှင်တို့နှစ်ယောက်အတွက်ပါ…”

ရှစ်ဖုန့်က အဖြူရောင်ရတနာသေတ္တာအား သိုလှောင်လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်သည်ကိုတွေ့မြင်ရပြီးတောက် ချင်ယွမ်က ဘေးသို့ရွှေ့လိုက်ကာ ရှစ်ဖုန့်နှင့်မိုယန်တို့အားရှေသို့ကြွရန်

လက်ဟန်ခြေဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။

“အဲ့လိုလုပ်ဖို့မလိုပါဘူး..လူအိုကြီးချင်…

ဒီသခင်လေး အရမ်းကို အလုပ်ရှုပ်နေပြီးတော့ အရေးကြီးတဲ့ကိစ္စအချို့ကို ကိုင်တွယ်ရဖို့လိုသေးတယ်…

ဒီသခင်လေးခင်ဗျားကို ထပ်ပြီးတော့ ကြန့်ကြာအောင်မလုပ်တော့ဘူး..ဒါပေမဲ့  လူအိုကြီးချင် ဒီသခင်လေးထွက်မသွားခင်  ကိုယ့်ရဲငယ်သားတွေကို ထိန်းထိန်းသိမ်းသိမ်းထားဖို့

အကြံပေးခဲ့မယ်..”

ရှစ်ဖုန့်က ပြောလိုက်သည်။

“ဒါပေါ့ ..စိတ်ချပါ…အနာဂတ်မှာ ဒီလိုမျိုးအရာတွေ ကျုပ်တို့ အဂ္ဂရိသန့်စင်ဆရာသခင်များအစည်းအရုံးမှာ ထပ်ပြီး‌တော့ လုံးဝဖြစ်မလာစေရပါဘူး..”

ချင်ယွမ်က သန္နိဋ္ဌာန်ချလိုက်သည်။ သူ၏စကားတို့တွင် “အဂ္ဂရိတ်သန့်စင် ဆရာသခင်များ အစည်းအရုံး” ဟူသောစကားလုံးအားထပ်ပေါင်း၍ ပြောကြားလိုက်သည်။ အခြားသောသူများကဲ့သို့ပင် ရှစ်ဖုန့်၏နောက်တွင်ရှိနေသော

အင်အားစုက  အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးဖြစ်သည်ဟုတွေးနေခြင်းဖြစ်သည်။

“ကောင်းပြီ..ဒီသခင်လေးဒီလောက်ပဲပြောမယ်…ခင်ဗျားဟာခင်ဗျားသေချာလေး  ဂရုတ်စိုက်နဲ့ကိုင်တွယ်နိုင်လိမ့်မယ်လို့ ဒီသခင်လေးမျှော်လင့်ပါတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက် သူကမိုယန်ကိုလှည့်၍ ပြောလိုက်သည်။

“အဘိုးကြီးမို..ကျုပ်တို့သွားသင့်ပီ”

“အိုး”

မိုယန်မှာ  “အိုး” ဟုသာတီးတိုးရေရွတ်လိုက်နိုင်သည်။

ရှစ်ဖုန့်က သူ့အား အစေခံတစ်ယောက်ကဲ့သို့ “အဘိုးကြီးမို ကျုပ်တို့သွားဖို့အချိန်တန်ပြီ” ဟုခေါ်လိုက်ခြင်းဖြစ်သည်။

မိုယန်မှာရှစ်ဖုန့်အား  သူ၏ နှလုံးသားအတွင်းမှ ထပ်တလဲလဲကျိန်ဆဲနေမိသည်။

မိုယန်မှာသူ့ကိုယ်သူ  တွေးမိသည်။ သူ့အားတွေ့လိုက်သောသူတိုင်းမှာ သူ့အား အရှင်၊ အရှင်မို သို့မဟုတ် ဆရသခင်မိုယန်ဟုသာ ခေါ်ကြသည်ဖြစ်သည်။

သူ့အား ဤကဲ့သို့အဘိုကြီးမိုဟု မည်သူကမျှ ခေါ်ခဲ့ခြင်းမရှိချေ။ ထိုငနာလေးက ယနေ့တွင် သူ၏အာဏာစွမ်းအားကိုသာ

ငှားယူရုံတင်မကဘဲ သူ့အား မျက်နှာပန်းတော်တော်လေး

ကိုလှသွားစေသည်။ သူက သူ့ကိုယ်သူမတွေးတောတက်

လောက်အောင် ခက်ခဲနက်နဲပြီး ဆန်းကြယ်သောပုံရိပ်တစ်ခု

အဖြစ်ချန်ရစ်ထားခဲ့သည်။ မိုယန်ဆိုသောသူအတွက်ကမူ အားလုံး၏ရှေ့တွင် သာ မျက်နှာပျက်မျက်နှာနာခဲ့ရသည်ဖြစ်သည်။

ဤအချိန်တွင် သူ့အနေဖြင့် ရှစ်ဖုန့်အားတကယ်ကြီး သေသည်အထိကို လည်မျိုညှစ်၍သတ်ပစ်ချင်နေမိသည်။

“အရှင်တို့နှစ်ယောက်မှာ အရေကြီးတဲ့ကိစ္စတွေကိုလုပ်

ဆောင်စရာရှိတယ်ဆိုတာကြောင့် ကျုပ် ထပ်ပြီးတော့ ကြန့်ကြာအောင်ဆွဲမထားတော့ပါဘူး…

ကျုပ်အရှင်တို့နှစ်ဦးကို လေးစွားစာနဲ့ အပြင်ကိုလိုက်ပါပို့ဆောင်ပါရစေ”

ချင်ယွမ်ကပြောလိုက်သည်။

“အင်း..ကောင်းပြီ”

ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပင် ပြန်ဖြေလိုက်သည်။ထို့နောက်တွင် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ၏ စောင့်ကြပ်မှုအောက်တွင်

သူတို့နှစ်ဦးသား အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးခန်းမအတွင်းမှ ထွက်လာခဲ့သည်။

ဤအချိန်တွင် အဂ္ဂရိတ်သန့်စင်ဆရာသခင်များရှိရာ ခန်းမအတွင်းတွင် လှပသော ပန်းရောင်ပုံရိပ်လေးတစ်ခုက ခန်းမအတွင်းထွက်ခွာသွားသော လူအုပ်အားကြည့်နေသည်။ သူမအနေဖြင့် ရှစ်ဖုန့်အား စော်ကားခဲ့မိသည်ဟု တွေးနေခဲ့သောလှပသည့်အကူ

မိန်းကလေးမှာ စိတ်သက်သာရာရစွာဖြင့် သက်မချလိုက်သည်။ ယခုမှသာဤအရှင်က သူမကဲ့သို့ သေးငယ်သောပုံရိပ်လေးအား  ဂရုစိုက်ခြင်းမရှိသည်ကို သဘောပေါက်လိုက်သည်။

ဤအကြောင်းအားတွေးမိသောအခါတွင် သူမအနေဖြင့် တစ်ခုခုအား ဆုံးရှုံးလိုက်ရသလိုခံစားလိုက်ရသည်။  ဩဇာတိက္ကမကြီးမားလှသော  အဂ္ဂရိတ်သန့်စင်ဆရာသခင်များက

ဤအရှင် ၏ ရှေ့မှောက်တွင် သူတို့၏ခေါင်းများအား နှိမ့်ချထားရသည်။နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်လောက်အောင် အဆင့်အတန်းမြင့်မားလှသော

လူအ များ၏ မျက်လုံးထဲ၌ဧရာမ

ကြီးတစ်ခုဖြစ် ရှုမြင်ခြင်းခံထားရသော အရှင်သဘာပတိကြီးပင်လျှင်

ဤအရှင်၏ရှေ့၌ ခေါင်းကိုနှိမ့်ချငုံ့ထားရသည်။အကယ်၍ ဤအရှင်ကသာ သူမအား မှတ်မိခဲ့ပြီး သူမပြုလုပ်ခဲ့သော အပြစ်များအတွက်

သူမအား သူမကိုယ်ကိုယ်သူမ စတေးခွင့်လိုအပ်စေခဲ့လျှင် ယင်းကမည်မျှတောင်ကောင်းလှမည်နည်း။

အကယ်၍ သူမက ဂရုမစိုက်ခဲ့ဘဲ

ဤအရှင်၏ ကလေးကိုပါ ရရှိခဲ့လျှင် သူမ၏ ပုံရိပ်သည်လည်းတစ်ဟုန်ထိုး မြင့်တက်သွားလိမ့်မည်ဖြစ်သည်။သူမ၏  ကလေးသည်လည်း အနာဂတ်တွင် အရှင်တစ်ပါး ဖြစ်လာလိမ့်မည်ဖြစ်၏။

ဤအရာအားတွေးမိသောအခါတွင် လှပသော အကူအမျိုးသမီးမှာ သူမနေဖြင့် တွေးတာများသွားကြောင်းကို ရုတ်ခြည်းသဘောပေါက်လိုက်သည်။သူမ၏  ပါးမို့လေးများမှာ ရဲရဲနီသွားပြီး ရှက်သွေးဖြာစွာဖြင့် သူမ၏ခေါင်းလေးအားငုံ့လိုက်သည်။

“နင်ဘာတွေလိုက်တွေးနေတာလဲ”

အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံး၏အဖွဲ့ဝင်များလိုက်ပါစောင့်ကြပ်ပို့ဆောင်မှုအောက်တွင် ရှစ်ဖုန့်နှင့်

မိုယန်တို့က အဂ္ဂိရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးအတွင်မှထွက်ခွာလာသည်။ သို့သော် ထွက်မသွားခင် ရှစ်ဖုန့်က  ကောင်းကင်ဘုံအသက်ဆွဲဆန့်ဆေးလုံးဖော်စပ်ရန်အတွက်လိုအပ်သောဆေး

အမယ်စာရင်းပါဝင်သည့်

ကျောက်စိမ်းပြားအား ချင်ယွမ်ထံသို့လွှဲပေးခဲ့သည်။

သူက အကယ်၍ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံး၌  ဤစာရင်းတွင်ပါရှိသော မည်သည့်ဆေးပင်ကို မဆို ဝယ်ယူနိုင်ခဲ့ပါက ကျောက်စိမ်းပြားအားချက်ချင်းခွဲလိုက်ရန် ချင်ယွမ်ကို အမိန့်ပေးခဲ့သည်။

ရှစ်ဖုန့်၏ ညွှန်ကြားချက်အားတုံ့ပြန်သည့်အနေဖြင့်  ချင်ယွမ်က  ရှစ်ဖုန့်၏ တောင်းဆိုချက်အား အကောင်းဖြည့်ဆည်းပါပါ့မည်

ဟုသောသဘောဖြင့် ရုတ်ခြည်းသံန္နိန်ဋ္ဌာန်ချလိုက်သည်။

အဂ္ဂရိတ်သန့်စင်ဆရာသခင်အားလုံးကလည်း  ရှစ်ဖုန့်၏ ကိစ္စက သူတို့၏အရေးကိစ္စကဲ့သို့  သူတို့တက်နိုင်သမျှ အကောင်းဆုံးဖြည့်ဆည်းပေးပါမည်ဟု သန္နိဋ္ဌာန်ပြုလိုက်သည်။

ထို့နောက်တွင်ရှစ်ဖုန့်နှင့်မိုယန်တို့မှာ အရှိန်အဝါမြင့်မားသောပုံရိပ်ဖြင့်ပင်

အဝေးသို့ ပျံသန်းထွက်ခွာသွားခဲ့ပြီး ပုံရိပ်နှစ်ခုကိုသာချန်ရစ်ထားခဲ့သည်။

ရှစ်ဖုန့်နှင့်မိုယန်ထွက်ခွာသွားပြီးနောက်တွင် ချင်ယွမ်ကသူ၏ပုံမှန် ဣန္ဒြေကို ပြန်လည်ထိန်းလိုက်သည်။ သူက

လှည့်လိုက်ပြီး  အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးအား  ပြောလိုက်သည်။

“ဒီသဘာပတိအတွက် အရှင်ရှစ်ဖုန့်ရဲ့ ပုံတူပန်းချီအချို့ကိုသွား ပြီး ရအောင်လုပ်ဆောင်လာခဲ့ …အစည်းအရုံးအတွင်းက အထက်ကနေအောက်ခြေထိ

မကျန်အောင် အားလုံးကိုပြ….ဒီလူရဲ့ပုံပန်းသွင်ပြင်က

သူတို့ရဲ့ စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေရမယ်..မင်းတို့တွေဒီပုဂ္ဂိုလ်နဲ့များ  အကယ်၍ အနာဂတ်မှာတွေ့မိခဲ့ရင် မင်းတို့တွေ သူ့ကို အစွမ်းကုန်လေးလေးစားစားနဲ့

ဆက်ဆံပြီးတော့  လုံးဝကိုသူ့ကို စော်ကားခြင်းမပြုကြရဘူး…

မလိုက်နာတဲ့သူတွေကို အစည်းအရုံးကနေ ထုတ်ပယ်ပစ်မယ်”

“ဟုတ်ကဲ့ပါ သဘာပတိကြီး”

အဖြူရောင်ဝတ်ရုံများအား ဆင်မြန်းထားကြသော အဂ္ဂရိတ်သန့်စင်သူများမှာ ချင်ယွမ်၏  စကားတို့အားကြားပြီးသည့်နောက် အလျှင်အမြန်ပဲ သူတို့၏လက်သီးတို့အားဆုပ်လိုက်ကြပြီး  လေးလေးစားစားဖြင့် တုံ့ပြန်ဖြေကြားလိုက်ကြသည်။

ရှစ်ဖုန့်နှင့်မိုယန်တို့က ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

အတွင်းသို့ ဝင်လိုက်ကြသည်။ ပို့ဆောင်ဆက်သွယ်ရေးအစီအရင် အဆင့်ဆင့်အားဖြတ်သန်းပြီးသည့်

နောက်ရှစ်ဖုန့်နှင့်မိုယန်တို့ အင်ပါယာမြို့တော်ဆီသို့ပြန်

လည်ရောက်ရှိလာကြပြီး ပျားပန်းခတ်လှုပ်ရှားနေကြသော တော်ဝင်နန်းတော်ရှိရာ လမ်းမထက်သို့ဦးတည်လိုက်ကြသည်။

ရှစ်ဖုန့်ကလှည့်လိုက်ပြီး မိုယန်အား ပဟေဠိဆန်သော အမူအယာဖြင့် ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ အဘိုးကြီးမို  ဘာလို့ခင်ဗျားပုံစံက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းထဲက ထွက်လာပြီး ကတည်းက သုန်မှုန်နေရတာလဲ”

“ဟမ့်”

မိုယန်က နှာမှုတ်လိုက်ပြီး  ရှစ်ဖုန့်၏ မေးခွန်းအား ပြန်လည်၍ ဖြေခြင်းမရှိချေ။ သူကရှစ်ဖုန့်ကိုပင်လျစ်လျူရှုလိုက်သေးသည်။

“ငါက သုန်မှုန်နေတာမဟုတ်ဖူးကွ…မင်းကငါ့ကို  ပြုံးစေချင်နေတာလား..ငါကရောပြုံးနိုင်မှာလား..မင်းဆိုရင်ရော ပြုံးနိုင်မှာတဲ့လားကွ”

“အဘိုးကြီးမို ခင်ဗျားအတွက် ပြင်ပကမ္ဘာက ကောင်းမွန်မှုမရှိဘူးလို့ ခံစားရပြီး ခင်ဗျားအေးအေးချမ်းချမ်းလေးပဲနေချင်တယ်ဆိုရင် ဒီသခင်လေး ခင်ဗျားကိုဒီသခင်လေးရဲ့

လက်နက်နေရာလွတ်ထဲကို ပြန်ပို့ပေးနိုင်တယ်နော်  အဲ့မှာ

ဒီမှာထက် ပိုပြီး အေးဆေးငြိမ်သက်မှုရှိတယ်”

ရှစ်ဖုန့်က ထပ်ပေါင်းပြောလိုက်သည်။

“မလိုဘူး..ဒီအရှင် ပြင်ပကမ္ဘာမှာ လမ်းမလျှောက်ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ..ဒီအရှင်ကို လမ်းလေးဘာလေးလျှောက်ခွင့်ပြုအုံး စိတ်မပူပါနဲ့…ဒီအရှင် ထွက်ပြေးချင်တယ်ဆိုရင်တောင် မင်းရဲ့ လက်ခုပ်ထဲကရေဖြစ်နေလို့ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိမှာမဟုတ်ဖူး”

မိုယန်က ရိုးရှင်းစွာပင် ဘောက်ဆတ်ဆတ်ပြောလိုက်သည်။

“ကောင်းပြီလေ အဘိုးကြီးမို ဒီတစ်ခေါက် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးကို သွားတဲ့ခရီးမှာ

ခင်ဗျားက ဒီသခင်လေးကိုတော်တော်

လေးကူညီခဲ့တယ်…ခင်ဗျားသာ ဒီသခင်လေးစကားကိုနားထောင်တာနဲ့ ဒီသခင်လေးက ခင်ဗျားကို မမျှမတဆက်ဆံမှာမဟုတ်ဖူးလို့ ခင်ဗျားကိုဒီသခင်လေး ပြောခဲ့ဖူးတယ်…

ဒါက ဒီသခင်လေး ခင်ဗျားအတွက်ပေးတဲ့ဆုလာဘ်ပဲ”

ရှစ်ဖုန့်က အစိမ်းရောင်ကျောက်စိမ်းပြားအား စကားပြောရင်း မိုယန်အားလွဲပေးလိုက်သည်။

“ဒါကဘာလဲ”

မိုယန်က မျက်မှောင်ကြုတ်၍ ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးသော အမူအယာဖြင့်ကြည့်လိုက်ပြီး

၎င်းအား ယူရန်အတွက် လက်ကို ဆန့်ထုန်ပြီးမလှမ်းခဲ့ပေ။ သူသည်အဆင့်အတန်းမြင့်မားပြီး ကြီးမြတ်သော အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်သူတစ်ယောက်ဖြစ်သည်။ သူ့အတွက် ဘာဆုလာဘ်ကများ လိုအပ်ပါအုံးမည်နည်း။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters