← Chapters

ကျင့်ကြံခြင်းအခြေခံ တစ်ဟုန်ထိုး တက်ခြင်း

Vol. 20 Ch. 272

ကျင့်ကြံခြင်းအခြေခံ တစ်ဟုန်ထိုး တက်ခြင်း

Vol. 20 Ch. 272

ဤဓားကား ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သည်။

ဤဓားက ကျင့်ကြံသူတစ်သိန်းကို တုန််လှုပ်သွားစေသည်။

ဤဓားသည် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏အမျက်ဒေါသကို ကိုယ်စားပြုလေသည်။

တိုက်ပွဲစကတည်းက မန်ဟို့နှလုံးသားထဲ၌ အန္တရာယ်အာရုံတစ်ခု တည်ရှိနေခဲ့သည်။ သို့သော် ၄င်းပေါ်လာခဲ့သည့်အခိုက်အတန့်၌ သူ့ကိုယ်တွင်းရှိ ချီမျှင်မှာ လျင်မြန်စွာ စတင်ကြီးထွားလာခဲ့၏။ မကြာမီ သူကား ကျင့်ကြံခြင်းအခြေခံအဆင့်တက်တော့မည် ဖြစ်သည်။

လောလောဆယ်တွင် မန်ဟိုသည် ဤတိုက်ကွက်ကို ခံနိုင်လျှင်..... အဆင့်တက်နိုင်လိမ့်မည်ဟု ပြင်းပြင်းထန်ထန်ခံစားနေရ၏။ ရှေးဆန်သော အတိုက်အခိုက်ချီက သူ၏ နဝမြောက် ပြီးပြည့်စုံသော တာအိုမဏ္ဍိုင် ပေါ်ထွက်စေလိမ့်မည်။ သူသည် ပြီးပြည့်စုံသောချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့်ရှိသည့် ပထမဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်။

ခိုင်မာပြတ်သားသောစိတ်ဆန္ဒက မန်ဟို့၏မျက်ဝန်းများကို ဖုံးလွှမ်းသွားသည်။ ဝိညာဥ်ဓားသည် လေကိုခွင်း၍ သူ့ထံ တဟုန်ထိုးပြေးဝင်လာ၏။ မန်ဟိုက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏မျက်ဝန်းများသည် ရဲရဲနီနေပြီး သူက ခေါ်လိုက်သည်။

"သွေးကိုယ်ပွားငါးကိုယ် ၊ လာခဲ့" သွေးရောင်ပုံရိပ်ငါးခု ရုတ်တရက် သူ့ပတ်လည်တွင် ပေါ်လာသည်။ ဤသည်မှာ မန်ဟိုဖန်တီးခဲ့သော သွေးကိုယ်ပွားငါးကိုယ်မှလွဲ၍ တခြားမဟုတ်ပေ။

၄င်းတို့သည် ပေါ်လျှင်ချင်း ကိုယ်ပွားအနှစ်သာရဖြစ်သော အသားဂျယ်လီအသွင်ပြောင်းသွားသဖြင့် သရဲပုံရိပ်များ ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။

၄င်းတို့က အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသော မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ ဝိညာဥ်ဓား ရောက်လာသည့်အခိုက်အတန့်နှင့် တစ်ချိန်တည်းနီးပါး အသွင်ပြောင်းလိုက်ခြင်း ဖြစ်သည်။ မန်ဟို့၏ နဖူးကို ထိုးစိုက်သွားမည့်အစား ဓားသည် အသားဂျယ်လီအရေပြားကို ဝင်တိုက်လိုက်သည်။

ကြီးမားသောပေါက်ကွဲမှုကြီး လေတွင် ပြည့်နှက်သွားသည်။ အသားဂျယ်လီအရေပြားငါးခုမှာ မပျက်စီးသော်လည်း ထိတိုက်မှုအားကို မထိန်းချုပ်နိုင်၍ နောက်လွင့်ထွက်သွားသည်။ ၄င်းတို့သည် မန်ဟို့ကို ဝင်တိုက်လိုက်ရာ သူ့မှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း ကြိုးဖြတ်ခံလိုက်ရသည့် စွန်ပမာ နောက်သို့လည်ထွက်သွားလေသည်။

ဝိညာဥ်ဓားက ယခင်ထက် အနည်းငယ်ပိုဖျော့သွားပြီး လေကိုခွင်း၍လာနေ၏။ သိသာစွာပင် အသားဂျယ်လီအရေပြား၏ ပိတ်ဆို့တားဆီးမှုက ၄င်းကို တုန်လှုပ်စေခဲ့သည်။ သို့သော် ၄င်းက တခဏထက်မပိုဘဲ မန်ဟို့ဆီ ဆက်ပြေးဝင်လာ၏။

မန်ဟိုမှာ သွေးအနည်းငယ်အန်လိုက်ရသော်လည်း တကယ်တမ်း အကုန်လုံးက သူခန့်မှန်းထားသည့်အတိုင်း ဖြစ်ပျက်နေခြင်းပင်။ သူက ပါးစပ်မှသွေးများ သုတ်ရန် အချိန်မရှိဘဲ နောက်ဆုတ်ပြီး သစ်သားအချိန်ဓားကို ဆင့်ခေါ်လိုက်သည်။

ရက်စက်ကြမ်းကြုတ်သောအသွင်က သူ့ မျက်နှာကို ဖုံးလွှမ်းသွားပြီး ပြင်းထန်သောအသတ်အဖြတ်စိတ်ဆန္ဒ ဖြာထွက်လာသည်။ အပြင်ပန်းတွင် ဤအမြုတေဖြစ်တည်မှုအဆင့်နှင့် တိုက်ပွဲက လက်ရည်တူပုံရသော်လည်း သူတစ်ချက်လေးမှားလိုက်သည်နှင့် ချက်ချင်းသေရမည်ကို သူတစ်ယောက်တည်း သိလေသည်။

ဤမျှခံနိုင်နေသည်ကပင် အံသြမှင်သက်ဖွယ်ကောင်းနေလေပြီ။ တိုက်ပွဲတစ်လျှောက်လုံး အရေးကြီးဆုံးအခိုက်အတန့်မှာ ပြိုင်ဘက်၏ အစွမ်းထက်အမြုတေချီ ပျက်ပြယ်စေရန် ကျောက်စိမ်းလည်ဆွဲကို အသုံးပြုခဲ့ရတုန်းကပင်။

ပြိုင်ဘက်၏ ခေတ္တအားနည်းမှုက မန်ဟို့ကို ဤအဆင့်အထိ တောင့််ခံနိုင်စေခဲ့သည်။

ဖြစ်ပေါ်နေသော သေရေးရှင်ရေးတိုက်ပွဲက သူ့ကိုယ်တွင်းရှိ ကျင့်ကြံခြင်းအခြေခံအဆင့်တက်ခြင်းချီကို အားကောင်းလာစေသည်။ သူ တိုက်ကွက်တစ်ကွက် ထုတ်တိုင်း ချီမျှင်သည် သူ၏ယခင်က ချီအခြေတည်အဆင့်နှင့် တိုက်ပွဲများတုန်းကထက် ပို၍ အဆများစွာကြီးထွားလာသည်။

ထို့ကြောင့် သူသည် ဤတိုက်ပွဲမှ နောက်ဆုတ်မည်မဟုတ်ပေ။

အချိန်ဓားကား တောင်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၄င်း မည်မျှအစွမ်းထက်သည်နှင့် ပတ်သက်၍မူ မန်ဟို သေချာမသိပေ။ ၄င်းက လောင်ချုံး၏ သက်တမ်းတချို့ကို ကုန်ခမ်းသွားစေခဲ့သော်လည်း သူ့မှာ ချီအခြေတည်အဆင့်ကျင့်ကြံသူဖြစ်၍ မန်ဟို ဘာမှအားထုတ်စရာမလိုဘဲ တိုက်ခိုက်နိုင်ခဲ့သည်။ သူသည် ဓားထံမှ စွမ်းအားထပ်မံ ဆင့်ခေါ်ရန်ပင် မကြိုးစားခဲ့ပေ။ သို့သော် ယခုတွင် သူ့မှာ အမြုတေဖြစ်တည်မှုအဆင့်ကို ရင်ဆိုင်နေရခြင်းဖြစ်၏.... မန်ဟို့၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ တိုက်ပွဲတစ်ခုလုံးက ဤရတနာအပေါ်တွင် မူတည်လေသည်။

သူက သစ်သားအချိန်ဓားကို မြှောက်လိုက်စဥ် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အမြင်အာရုံထဲမှ ထုတ်လိုက်သည်။ သူ၏အာရုံအားလုံးသည် ဓားပေါ် စူးစိုက်နေ၏။ သူက ဓားဖြစ်ပြီး ဓားက သူဖြစ်နေသည့်အလားပင်။

သူ၏ခန္ဓာကိုယ်က ဓားချက်များအတိုင်း လှုပ်ရှားနေသည်လား၊ ဓားက သူ့စိတ်ဆန္ဒ၏ စေရာအတိုင်း လှုပ်ရှားနေသည်လား ပြောရခက်သည်။ ယခုတွင် မန်ဟိုသည် ဓားကို အပြည့်အဝယုံကြည်ထားလေသည်။ ဓားက သေခြင်းလှိုင်းကို လှည့်ပြန်သွားစေနိုင်ကြောင်း သူယုံကြည်သည်။

ဤယုံကြည်မှုမှာ စိတ်ကူးယဥ်ဆန်သော်လည်း တကယ်တမ်း သူ၏စိတ် ဓားထဲဝင်ရောက်ပြီးနောက်တွင် သူသည် ချက်ချင်း ဉာဏ်အလင်းတစ်မျိုးကို ကြုံတွေ့လိုက်ရ၏။ သူကား ယုံကြည်မှုနှင့်အတူ ဖြစ်ပေါ်လာသော..... ကျင့်စဥ်ကို အားထုတ်နေသည့်အလားပင်။

သစ်သားဓားက မည်သည့် အလင်းရောင်ကိုမှ မထုတ်လွှတ်သလို၊ တုန်ခါခြင်းလှိုင်းဂယက်များလည်း မရိုက်ခတ်စေပေ။ ၄င်းက မြောက်ရုံကလေး မြောက်တက်သွားပြီးနောက် လာနေသောဝိညာဥ်ဓားကို ပိုင်းချလိုက်လေသည်။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ ဝိညာဥ်ဓား တုန်ခါသွား၏။

တိုက်ပွဲအတွင်း ပထမဆုံးအကြိမ်၊ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ ပြင်းထန်သောအန္တရာယ်အာရုံကြီးကို ခံစားလိုက်ရသည်။ သူသည် ဝိညာဥ်ထဲ၌ မျောလွင့်နေစဥ် ရုတ်တရက် တာအိုကလေးလောင်ချုံး၏အဖြစ်ကို ပြန်တွေးမိလိုက်သည်။

သို့ရာတွင် သူကား နောက်မဆုတ်။ ဖန်မုကို မသတ်လျှင် ဝိညာဥ်ကို ပြန်ခေါ်ရခက်မည် ဖြစ်၍ နောက်မဆုတ်လိုခြင်းပင်။ ထို့ကြောင့် သူသည် အမြင့်ဆုံးအရှိန်ဖြင့် ရှေ့ထိုးတက်ရင်း ကျဆင်းလာသော သစ်သားအချိန်ဓားကို ဝင်တိုက်လိုက်သည်။

ထစ်ချုန်းသံထွက်မလာ။ ပေါက်ကွဲမှုလည်းမရှိ။ ထိုအစား အံမခန်းလိလိ အချိန်မုန်တိုင်းကြီးတစ်ခု ပတ်ဝန်းကျင်ကို လွှမ်းခြုံရင်း ဖြစ်တည်လာသည်။ ၄င်းက ကြီးရင့်မှု၏သံစဥ်၊ ပုံရိပ်ယောင်တစ်ခုနှင့်တူသော သက်တမ်းအလင်းဖြစ်သည်။

ရှေးဆန်သောချီတစ်ခုသည် လေထဲတွင် ပြည့်နှက်လာပြီး ပတ်ဝန်းကျင်နှင့် ရောယှက်သွားသည်။ ဝိညာဥ်ဓားနှင့် သစ်သားဓား ဝင်တိုက်သောအခါ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ဝိညာဥ်မှ သူကလွဲ၍ ဘယ်သူမှမကြားနိုင်သည့် သွေးပျက်ဖွယ်အသံနက်ကြီးထွက်လာသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာမရခဲ့သော်လည်း ဖော်ပြမတတ်သော နာကျင်မှုကြီးက စိုးမိုးနေသည်။ ၄င်းမှာ သူ့အသက်စွမ်းအား ထိခိုက်သွားသည့်အလား......သက်တမ်းစုပ်ယူခံခဲ့သည့်အလားပင်။ ရုတ်တရက် သူသည် ဘယ်သူ့မှမယှဥ်နိုင်လောက်အောင် အားနည်းသွား၏။

အားနည်းသောခံစားချက်သည် တစ်ခါမှမကြုံဖူးသော ကြောက်လန့်မှုနှင့်အတူ သူ့ရင်ထဲတွင် ပြည့်နှက်သွားသည်။ သစ်သားအချိန်ဓားမှာ သူ့၏သက်တမ်းကို နှစ်ခြောက်ဆယ်စက်ဝန်းတိတိ ယုတ်လျော့သွားစေကြောင်း သဘောပေါက်ရန် သူ့အတွက် တခဏသာ ကြာလိုက်သည်။

ဤသည်မှာ ဓားချက်တစ်ချက်၏ အကျိုးဆက်သာ။ ဒုတိယတစ်ချက် ကျမလာနိုင်ခင် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ဝိညာဥ်က ရက်စက်ကြမ်းကြုတ်သောအသံတစ်သံပြုလိုက်၏။ ဝိညာဥ်ဓားက ရှေ့ထွက်သွားပြီး မန်ဟို့၏ရင်ဘတ်ကို ထိုးဖောက်ကာ ပန်းထွက်လာသည့်သွေးများအကြား ပျောက်ကွယ်သွားတော့သည်။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏မျက်နှာ ဖြူဆုပ်သွားသည်။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းအသွင်ပြောင်းကာ တာအိုရေပူစမ်းနှင့် တောက်ပနေသောမျက်နှာပြင်ထံ ကျသွားသည်။

ဝိညာဥ်ဓား ပျောက်ကွယ်သွားသောအခါ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ခန္ဓာကိုယ် တုန်ရီသွား၏။ သူ၏မျက်လုံးပြန်ပွင့်လာသည်နှင့် သူ့ပါးစပ်မှ သွေးများပန်းထွက်သွားလေသည်။ သူ နောက်သို့ ယိုင်သွားစဥ် သူ၏ခန္ဓာကိုယ်မှာ အိုမင်းလာလေပြီ။ သူ့မှာ နောက်ထပ်သွေးများအန်လိုက်ရသည်။ ရုတ်တရက် သူ၏မျက်နှာဖုံးကွာကျလာပြီး အဘိုးကြီးတစ်ယောက်၏ လုံးဝသွေးမရှိတော့သော မျက်နှာပေါ်လွင်လာသည်။

အမြုတေဖြစ်တည်မှုအဆင့်ကို ဝင်ရောက်ပြီးနောက် ဤလူမှာ မန်ဟို့ကဲ့သို့ သတ်ရခက်သော လူတစ်ယောက်နှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် အမောတကော အသက်ရှူနေသည်။ သို့သော် သူ့မှာ သတိလက်လွတ်မနေဘဲ ဆက်လိုက်ရန် ပြင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော်..... ဓားက မန်ဟို့နှလုံးကို ဖောက်မသွားကြောင်း သူသိ၍ပင်။ နောက်ဆုံးမိနစ်တုန်းက မန်ဟိုသည် ဘေးသို့တိမ်းခဲ့သဖြင့် ဓားကို အဓိကနေရာအား ချော်သွားစေခဲ့သည်။

ရုတ်တရက် မန်ဟို့ကို ကြည့်နေစဥ် ထိုလူ၏မျက်နှာမှာ အံသြတုန်လှုပ်ခြင်းတို့ ဖုံးလွှမ်းသွားသည်။

အောက်ရှိ ကျင့်ကြံသူတစ်သိန်းလည်း အံသြတုန်လှုပ်သွားပုံရသည်။ ဓား မန်ဟို့ရင်ဘတ်ကို ထိုးဖောက်သည်အပါအဝင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သူတို့မြင်ရသည်။ သို့သော် ယခုတွင် သူတို့မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်နေကြ၏။

မျက်လုံးအားလုံးက မန်ဟို့ကို မမှိတ်မသုန်အာရုံစိုက်နေကြသည်။

သူသည် အောက်သို့ကျဆင်းနေခဲ့သော်လည်း လေလယ်တွင် ရပ်လိုက်၏။ သူက ထိုနေရာတွင် လွင့်မျောနေပြီး သူ၏မျက်လုံးများ ပွင့်လာသောအခါ ၄င်းတို့သည် အေးစက်သောအလင်းရောင် ထုတ်လွှတ်နေချေသည်။ သူ၏ဒဏ်ရာမှာ ပြင်းထန်၍ ခရမ်းမျက်ဆံပြောင်းလဲခြင်း၏  အားပြန်ဖြည့်ပေးသော စွမ်းအားသည်ပင် အချိန်တိုအတွင်း သူ့ကို သက်သာလာစေမည်မဟုတ်ပေ။

မျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူနှင့် အခြားကျင့်ကြံသူတစ်သိန်းအတွက် ပို၍အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်က ယင်းနှင့် လားလားမျှ မဆိုင်ပေ။ သူတို့ကို အမြုတေအထိ တုန်လှုပ်သွားစေသည်က လောလောဆယ် လွင့်မျောနေသော မန်ဟိုမှာ တောက်ပသောမျက်နှာပြင်ပေါ်က ပုံရိပ်နှင့် အနေအထားတူ၍ပင်။ သူတို့၏ခန္ဓာကိုယ်များကား တစ်ထပ်တည်းကျနေ၏။

စွမ်းအားကြီးသော ခံစားချက်တစ်ခုသည် ရုတ်တရက် မန်ဟို့ကိုဖြတ်၍ တလိပ်လိပ်တက်လာသည်။ ချီမျှင်မှာ ကျင့်ကြံခြင်းအခြေခံအဆင့်တက်စေသော စွမ်းအားဖြင့် ပေါက်ကွဲနေကြောင်း သူ ရှင်းရှင်းလင်းလင်း အာရုံရလိုက်၏။

ဤချီက အားလုံး၏နှလုံးသားထဲ၌ မယုံကြည်နိုင်ဖွယ် အံသြတုန်လှုပ်မှု ပြည့်နှက်သွားစေသည်။ ထိုမျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူ၊ ဝမ်လီဟိုင်နှင့် အနက်ရောင်နယ်မြေတာအိုကလေးများ၊ အကုန်ပင်။

တိုက်ပွဲအတွင်း ကျင့်ကြံခြင်းအခြေခံအဆင့်တက်ခြင်း။

တခြားသူများ မှင်သက်နေချိန်မှာပင် မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့မှာ ဤအခိုက်အတန့်ကို အချိန်တော်တော်ကြာကြာ စောင့်ဆိုင်းနေခဲ့ရသည်။ အဆင့်တက်ဖို့အတွက် သူသည် အမြုတေဖြစ်တည်မှုအဆင့်ကိုပင် ရင်ဆိုင်တိုက်ခိုက်ချင်ခဲ့သည်။ နောက်ဆုံးတော့ ရှေးဟောင်းအတိုက်အခိုက်ချီသည် သူ့ကိုယ်တွင်း၌ ပေါက်ထွက်လာပြီဖြစ်၏။ နောက်ဆုံးတော့ သူ၏နဝမတာအိုမဏ္ဍိုင် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဖြစ်ပေါ်လာနေသည်ကို မန်ဟိုအာရုံရလေပြီ။

၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း.......

သူသည် သူ၏နဝမတာအို ဖန်တီးရန် ကောင်းကင်နှင့်မြေကြီး၏ အသိအမှတ်ပြုမှု  မလိုပေ။ သို့သော် စိတ်ဝိညာဥ်စွမ်းအင် လိုအပ်သည်။ ယခုလောလောဆယ်တွင် သူ့ကိုယ်တွင်းရှိ တာအိုမဏ္ဍိုင်ရှစ်ခုသည်  စိတ်ဝိညာဥ်စွမ်းအားများအား ကြောက်ခမန်းလိလိ ထုတ်လွှတ်ရင်း နဝမတာအိုမဏ္ဍိုင်အတွင်း ထည့်သွင်းပေးနေ၏။

၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း......

မန်ဟို့ချီသည် ပိုပို၍ အစွမ်းထက်လာသည်။ ထိုစဥ် သူ၏ခန္ဓာကိုယ်သည် မိုးကောင်းကင်ထိတိုင် ထိုးတက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားစေသည့် မျက်စိကျိန်းမတတ် တောက်ပနေသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ ကြီးမားသော ဖိအားကြီးက သူ့ထံထွက်လာပြီး ကျင့်ကြံသူတစ်သိန်းကို ဖိနှိပ်ကာ သူတို့၏စိတ်အာရုံနှင့် ဝိညာဥ်များအား တုန်ခါနေစေတော့သည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ မတည်မငြိမ်ဖြစ်လာပြီး တာအိုမဏ္ဍိုင်များ ထိန်းမရလောက်အောင် တုန်ခါလာသည်။ မန်ဟို၏တည်ရှိမှုက တခြားတာအိုမဏ္ဍိုင်အားလုံးကို သူ့အား အရိုအသေပေးနေစေသည့်အလားပင်။

မန်ဟိုကား ချီအခြေတည်အဆင့်၏ ဘုရင်ကဲ့သို့ဖြစ်နေသည်။ သူထုတ်လွှတ်နေသည့် ဧရာမဖိအားကြီးသည် ကျန်ချီအခြေတည်အဆင့်ကျင့်ကြံသူများအား သေမျိုးလူသားသာသာ ဖြစ်နေသည့်ပုံပေါ်သည်။

ချီသည် ပိုပို၍ အားကောင်းလာရာ လူတိုင်းအား ချာချာလည်နေစေတော့သည်။ ယခုတွင် မျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူ၏ရင်ထဲတွင် ပြင်းထန်သောအန္တရာယ်အာရုံကြီး ပြည့်ကြပ်လာသည်။

"ငါ သူ့ကို ဒီထက်ပိုပြီး သန်မာခွင့်ပေးလို့မဖြစ်ဘူး" သူက မျက်နှာရှုဲ့မဲ့နေရင်း တွေးသည်။ "သေစမ်း၊ ဒီကောင် တာအိုရေပူစမ်း ဉာဏ်အလင်းပွင့်နေတဲ့ခုလတ်မှာဟ" သူသည် တုံ့ဆိုင်းမနေဘဲ မန်ဟိုထံ အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းသွား၏။

သို့သော် သူအနားရောက်သွားစဥ် ရုတ်တရက် တာအိုရေပူစမ်းမှ ထစ်ချုန်းသံကြီး ထွက်ပေါ်လာသည်။ တုန်လှုပ်နေသော ကျင့်ကြံသူတစ်သိန်း၏ ရှေ့မှောက်တွင် ၄င်းကား အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအားဖြင့် ပေါက်ကွဲထွက်သွား၏။

စွမ်းအားအမြောက်အမြားထိုးတက်သွားပြီး ပေါက်ကွဲမှုနှင့် ဆက်စပ်နေသည့်ကတော့ မန်ဟိုကိုယ်တိုင်ပင်။ ချက်ချင်းပင် မျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူမှာ မတတ်သာဘဲ ရပ်လိုက်ရ၏။ သူ့မှာ အနားမကပ်ရဲတော့သဖြင့် မန်ဟို စိတ်ဝိညာဥ်စွမ်းအင်များဖြင့် လွှမ်းခြုံခံရကာ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်လေသည်။

"ဖန်မု ဉာဏ်အလင်းရသွားပြီ။ တာအိုရေပူစမ်းက တစ်ယောက်ယောက် ဉာဏ်အလင်းရမှပဲ စိတ်ဝိညာဥ်စွမ်းအင်တွေနဲ့ ပေါက်ကွဲထွက်လာတတ်တာ"

"ဒါမဲ့... စိတ်ဝိညာဥ်စွမ်းအင်တွေ မများနေလွန်းဘူးလား...."

"လီရှိချီ အမြုတေအဆင့်တက်တုန်းက ဒီစိတ်ဝိညာဥ်စွမ်းအင်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်။ လီတောက်ရီလည်း အတူတူပဲ။ ဖန်မု.....သူက ဘယ်အဆင့်ကို တက်နေတာပါလိမ့်။ စိတ်ဝိညာဥ်စွမ်းအင်တွေ အရမ်းများတယ်"

စိတ်ဝိညာဥ်စွမ်းအင်များ ပေါက်ကွဲထွက်ပြီးနောက် မန်ဟို့၏ ဖြစ်ပေါ်နေသော တာအိုမဏ္ဍိုင်ထဲ စီးဝင်နေသည်ကို ကြည့်ရင်း ကျင့်ကြံသူတစ်သိန်းမှာ အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။

ဤစိတ်ဝိညာဥ်စွမ်းအင်မှာ ကောင်းကင်နှင့်မြေကြီးနှင့် မသက်ဆိုင်ဘဲ မန်ဟို့တစ်ယောက်ထဲ အပိုင်ဖြစ်သည့်အလားပင်။

၇၀ ရာခိုင်နှုန်း ၊ ၈၀ ရာခိုင်နှုန်း ၊ ၉၀ ရာခိုင်နှုန်း......

နောက်ဆုံး......၁၀၀ ရာခိုင်နှုန်း။

သို့သော် နဝမတာအိုမဏ္ဍိုင် ပြီးမြောက်သွားသည့်အခိုက်မှာပင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူက အကုန်လုံး ပြီးဆုံးသွားပြီဟု ထင်ထားခဲ့လေသည်။ သူ့ကိုယ်တွင်း၌ တစ်ခါမှမကြုံဖူးသောစွမ်းအားကို သူခံစားနေရသည်။ သို့သော်....

သူ့ကိုယ်တစ်လျှောက်လုံး စီးဆင်းနေသည့် စိတ်ဝိညာဥ်စွမ်းအင်မှာ တကယ်တမ်း ......

ဒသမတာအိုမဏ္ဍိုင်ကို ဖန်တီးနေသည့်အတွက် အံသြမယုံကြည်နိုင်သော အသွင်က သူ့မျက်နှာတစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။

***

All Chapters