← Chapters

အပိုင်း (၃၅၂)

Vol. 24 Ch. 352

အပိုင်း (၃၅၂)

Vol. 24 Ch. 352

“ဒီကျောက်စိမ်းပြားထဲမှာ ဒီသခင်လေးက စိတ်ဝိညာဉ်ခွန်အားကို ကျင့်ကြံဖို့အတွက် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရေးထိုးထားတယ်”

ရှစ်ဖုန့်က မိုယန်အား ပြောလိုက်သည်။

ဤအရာအားကြားလိုက်ရသောအခါတွင်  မိုယန်၏ ပဟေဠိဆန်သော

အမူအယာမျိုးမှ ရုတ်ခြည်းဆိုသလို အထင်သေးမှုအဖြစ်ပြောင်းလဲသွားသည်။

သူက အထင်သေးမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။

“ဒီအရှင်ကဘယ်သူမို့တုန်း…

ဘာလို့ဒီအရှင်က မင်းပေးတဲ့ စိတ်ဝိညာဉ်စွမ်းအားကိုကျင့်ကြံဖို့အတွက် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကိုလိုအပ်မှာတဲ့လဲ..ဒီအရှင်ရဲ့ ကျင့်ကြံခြင်းက မင်းရဲ့ မဖြစ်စလောက် ကျင့်ကြံခြင်းနည်းလမ်းထက် အကြိမ်တစ်ရာမကကိုပိုကောင်းသေးတယ်”

မိုယန်က အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်သော်လည်း ရှစ်ဖုန့်လက်အတွင်းရှိ ကျောက်စိမ်းပြားကိုတော့ယူလိုက်

သေးသည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် သူ့အား စိတ်ဝိညာဉ်စွမ်းအားကိုကျင့်ကြံရန်အတွက် မည်ကဲ့သို့သော ကျင့်ကြံမှုနည်းလမ်းအမျိုးအစားအား ပေးသည်ကို မြင်ချင်သေးသည်ဖြစ်သည်။ သူ့အား မည်သည့်ကျင်ကြံမှုပညာ

ရပ်မျိုးအား ပေးသည်ကိုမြင်တွေ့ချင်သည်။ သူ့အနေဖြင့် ၎င်းအားဤနေရာတွင်ကိုယ်တိုင်

ကိုယ်ကျအရှက်ကွဲစေချင်သေး၏။

ကျောက်စိမ်းပြားအား သူ၏မျက်ခုံးနှစ်ကြားအလယ်တွင်ဖိနှိပ်ထားလိုက်ပြီးနောက် မိုယန်၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာခဲ့သော အရာက ဤကျင့်ကြံခြင်း နည်းလမ်း၏နမည်ဖြစ်သော “စိတ်ဝိညာဉ် စွမ်းအား ပညာရပ်” ဟူသည့်အရာပင်ဖြစ်သည်။

ဤနမည်းကြည့်လိုက်ပြီးနောက်ယင်းကမိုယန်အား ပို၍ ပင် အထင်သေးစေမိပြီး ခေါင်းပင်ခါယမ်းမိစေသည်။ သူကနှလုံးသားထဲမှနေ၍သရော်လိုက်သည်။

“ဒီလို နမည်နဲ့ ကျင့်ကြံခြင်းနည်းလမ်းမျိုးက မကြည့်ပဲနဲ့တောင် ကင်းကောင်လက်သီး ဒါမှမဟုတ် ကင်းကောင်လက်ဖဝါးတို့နဲ့ အတူတူပဲလို့ပြောလို့ရတယ်…

ဒီလိုအမှိုက်မျိုးက လမ်းမတွေပေါ်မှာတောင် ရှာတွေ့နိုင်တယ်”

ထို့နောက်တွင်မိုယန်က အထင်သေးသရော်မှုတို့နှင့်အတူ

ဆက်လက်၍ ဖတ်လိုက်သည်။သိပ်မကြာခင်မှာပင် မိုယန်၏ အထင်သေး သရော်သော အမူအယာတို့မှာ ပျောက်ကွယ်သွားသည်။ ထို့နောက် တွင် မိုယန်၏မျက်နှာက ဖြည်းဖြည်းခြင်းလေးနက်မှုတို့ဖြစ်လာသည်။ သိပ်မကြာခင် မိုယန်၏မျက်နှာထက်၌  တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်လာသည်။

“ဒါ..ဒါ..ဒါ..ဒါ..ဒါ..ဒါ..ဒါက …ကောင်လေး.မင်းဒီအရာကို ဘယ်လိုမျိုးရခဲ့တာလဲ”

အချိန်တိုလေးအတွင်း မိုယန်၏အမူအယာတို့က ထပ်ကာထပ်ကာပြောင်းလဲသွားခဲ့သည်။ ယခုအခါ၌ ၎င်းတို့က စိတ်လှုပ်ရှားမှုပီတိဖြစ်မှုတို့ဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။

“ဟားဟား စိတ်ဝိညာဉ်စွမ်းအား ပညာရပ်…ကောင်းတယ်..ဟားဟား ကောင်းလိုက်တာကွာ..”

ဤအချိန်၌ စိတ်ဝိညာဉ်စွမ်းအားပညာရပ်၏  မှော်ဆန်မှုတို့အား ရှာဖွေတွေ့ရှိသွားပြီးနောက်တွင် မိုယန်တစ်ယောက် ထိန်းမထားနိုင်ပဲ ဟက်ဟက်ပက်ပက်ကိုရယ်မော၍

သူ့ကိုယ်သူ ပြေလိုက်သည်။

“ဒီသခင်လေး အခုမှ တွေးမိတယ်..ခင်ဗျား တွေးတာမှန်တယ်..ခင်ဗျားရဲ့အဆင့်အတန်းမျိုးနဲ့သာဆိုရင်  ခင်ဗျားရဲ့ကျင့်ကြံခြင်းပညာရပ်က ဒီသခင်လေးရဲ့ဟာထက်ကို အဆတစ်ရာမက ပိုကောင်းမှာပဲ..ဒီသခင်လေးရိုင်းသွားပြီးတော့ ခင်ဗျားရဲ့ခံစားချက်တွေ

ကိုလွဲချော်အောင်လုပ်မိသွားတယ်…

ဒါဆိုလည်း ဒီသခင်လေးကို  ကျောက်စိမ်းပြားကိုပြန်ပေးတော့”

ရှစ်ဖုန့်ကမိုယန်အားပြောလိုက်သည်။ စကားပြောနေရင်းသူကမိုယန်၏

လက်အတွင်းမှာကျောက်စိမ်းပြားအားဆုပ်ကိုင်ရန်လက်လှမ်းလိုက်သည်။

ရှစ်ဖုန့်၏ စကားများအားကြားရပြီး အပြုအမူတို့အားမြင်တွေ့လိုက်

ရသည့်နောက်တွင် မိုယန်မှာ သူ့အတွင်းရှိ ကျောက်စိမ်းပြားအား ကပျာကယာ မြဲမြံအောင်ဆုပ်ကိုင်ထားလိုက်သည်။

သူကရှစ်ဖုန့်အား မျက်နှာချင်းဆိုင်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။

“မဟုတ်ဖူး..ဒီအရှင်ဘာမှမှား

ယွင်းတယ်လို့မခံစားရဘူး..ဒါက‌‌ ကောင်းတယ်လို့ဒီအရှင်ထင်တယ်”

ရှစ်ဖုန့်က ဆက်ပြောလိုက်သည်။

“ဒီသခင်လေး ခုဏတုံးက ခင်ဗျားရဲ့  အထင်သေးသရောတဲ့ အမူအယာကို တွေ့လိုက်ရပါတယ်..ခင်ဗျား  စိတ်ဝိညာဉ်စွမ်းအားပညာရပ်ကို အထင်သေးနေတဲ့ပုံပေါ်နေတယ်လေ..

ခင်ဗျားရဲ့အထင်ကြီးစရာအဆင့်အတန်းနဲ့ဆိုရင် ဒီလိုမျိုးအဆင့်နိမ့်တဲ့ ကျင့်ကြံမှု ပညာရပ်က ခင်ဗျားရဲ့ ဆရာသခင်မိုယန်ဆိုတဲ့ အဆင့်အတန်းကို တကယ်ပဲ နိမ့်ကျသွားစေလိမ့်မယ်နော်”

“မဟုတ်ဖူး..လုံးဝကိုအဲ့လိုမဟုတ်တာ”

မိုယန်က ခိုင်မာပြတ်သားသော အမူအယာအား ဆက်လက်၍ ထိန်းထားပြီး ပြတ်သား ခိုင်မာစွာဖြင့် ပြောလိုက်သည်။

“ဒီအရှင်ခုဏတုံးက ဖော်ပြမိတာက စိတ်လှုပ်ရှားမှုနဲ့ ပီတိဖြစ်မှုပဲ ..မင်းခုဏတုံးကအမူအယာကိုမြင်

တွေ့လိုက်ရတယ်ဆိုတာက ဒီအရှင်ငယ်ငယ်တုံးက ဒီအရှင်ရဲ့မျက်နှာမှာ ထိခိုက်ဒဏ်ရာရထားဖူးလို့ပဲ”

“အိုး တကယ်ကြီးလား”

ရှစ်ဖုန့်က မိုယန်၏မျက်နှာအား စိတ်ရှုပ်ထွေးသော အမူအယာဖြင့် စစ်ဆေးလိုက်သည်။

“ဘာလို့ခင်ဗျားက ထိခိုက်ဒဏ်ရာရထားခဲ့တဲ့ပုံနဲ့

လည်းမတူရတာလဲ”

“ဒါက..ဒီအရှင်လည်းမသိဘူး..ဘာပဲဖြစ်ဖြစ် ..အဲ့လိုဖြစ်ခဲ့တယ်”

မိုယန်က မလုံမလဲဖြစ်သောစိတ်ဖြင့်ပြောလိုက်သည်။ ထို့နောက်လိုက်ပါ၍မိုယန်က

ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အခု ဒီအရှင်ကို မင်းရဲ့ လက်နက်နေရာလွတ်ထဲကိုပို့ပေး. ဒီအရှင်အထဲမှာ တံခါးပိတ်ကျင့်ကြံတော့မယ်..

နှစ်ပေါင်းများစွာ ဒီအရှင်ချိုး

ဖျက်နိုင်ခြင်းမရှိခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအားက ဒီစိတ်ဝိညာဉ်စွမ်းအားပညာရပ်ရဲ့ လမ်းညွှတ်ပြသမှုအောက်မှာ ချိုးဖျက်နိုင်တော့မယ်လို့ ဒီအရှင်ရေးရေးလေးခံစားမိတယ်…

ဒီအရှင့်ရဲ့စိတ်ဝိညာဉ်စွမ်းအားကသာ  အဆင့်ခုနှစ်ကိုတက်လှမ်းနိုင်တာနဲ့  ဒီအရှင်ရဲ့သန့်စင်ခြင်း ကျွမ်းကျင်မှုတွေက အခြားသောအဆင့်တစ်ခုကို သေချာပေါက်ချိုးဖျက်နိုင်လိမ့်မယ်… အဲ့ထက်ပိုတာက ဒီအရှင်အနေနဲ့ အဆင့်ခုနှစ် အဂ္ဂရိတ်သန့်စင်ဆရာသခင်

တစ်ယောက်ဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိနေတယ်”

သန့်စင်မှုကျွမ်းကျင်ခြင်းက

လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားကအဆင့်ခုနှစ်

သို့ရောက်ရှိလိမ့်မည်ဟုဆိုလိုခြင်းမဟုတ်ပေ။သို့သော်လည်း လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားက အဆင့်ခုနှစ်သို့ မရောက်ရှိခဲ့လျှင်တော့ သူတို့၏ သန့်စင်ခြင်းကျွမ်းကျင်မှုတို့ကလည်း အဆင့်ခုနှစ်သို့ရောက်ရှိလိမ့်မည်မဟုတ်ပေ။

မိုယန်သည်လည်းထိုကဲ့သို့ပင်ဖြစ်သည်။ သူ၏ဝိညာဉ်စွမ်းအားကယခင်က အဆင့်ခြောက်ရှိသောကြောင့် သူ၏ သန့်စင်မှုကျွမ်းကျင်ခြင်းကလည်း အဆင့်ခြောက်ရှိသည်။ အကယ်၍သူသာ အဆင့်ခုနှစ် အဂ္ဂရိတ်သန့်စင်သူတစ်ယောက်ဖြစ်

ချင်သည်ဆိုလျှင် သူ၏ ဝိညာဉ်စွမ်းအားကလည်း အဆင့်ခုနှစ်သို့ရောက်ရှိနေရမည်ဖြစ်သည်။

ဝိညာဉ်စွမ်းအားက အဆင့်ငါးသို့ရောက်ရှိနေခဲ့သော်လည်း

သူတို့၏ ပါရမီစွမ်းရည်က အကန့်အသတ်နှင့်ဖြစ်နေကြသောသူများလည်းရှိသေးသည်ဖြစ်သည်။၎င်းတို့မှာ  အဂ္ဂရိတ်သန့်စင်မှုလမ်းကြောင်းတွင် အဆင့်သုံးသာရှိကြသော အဂ္ဂရိတ်သန့်စင်သူများဖြစ်ကြသည်။ ထို့ကဲ့သို့သောသူများအား ထျန်းဟန်တိုက်ကြီး၏နေရာအနှံ့တွင် တွေ့မြင်နိုင်သည်ဖြစ်၏။

သန့်စင်မှုကျွမ်းကျင်ခြင်းဆိုသည့်

အရာကခက်ခဲသည်ဖြစ်သည်။ မိုယန်က မာနကြီးပြီးဝင့်ကြွားကာ ကိုယ့်ဘက်ကိုယ်ယက်သည့်

သူဖြစ်သော်လည်း သူက အဆင့်ခြောက်အဂ္ဂရိတ်သန့်စင်

သူတစ်ယောက်ဖြစ်လာနိုင်ခြင်းကြောင့် သာမညောက်ည လူတစ်ဦးတော့မဟုတ်ပေ။ယခုအခါ၌ မိုယန်၏အသက်က သူ၏ လက်ခုပ်ထဲတွင်ရှိနေသောကြောင့် မိုယန်အနေဖြင့် ဝိညာဉ်စွမ်းအားရော

သန့်စင်မှု ကျွမ်းကျင်ခြင်းနှစ်ခုလုံး အဆင့်ခုနှစ်သို့ ချိုးဖျက်နိုင်ခြင်းက  ရှစ်ဖုန့်အတွက် သေချာပေါက်

ကောင်းမွန်သော အရာတစ်ခုသာဖြစ်လိမ့်မည်ဖြစ်သည်။

မိုယန်၏ ကိုယ်၌ သွေးနီရောင်အလင်းတစ်ချက်

လင်းလက်သွားပြီး ရှစ်ဖုန့်ကသူ့အား  သွေးကျောက်ပြား နေရာလွတ်အတွင်းသို့ စုပ်ယူလိုက်သည်။

မိုယန်က သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ ဝင်ရောက်ပြီးပြီးချင်း စိတ်မရှည်စွာဖြင့် တင်ပျဉ်ခွေထိုင်ချလိုက်ကာ  ဤနေရာ၏ ဟင်းလင်းပြင်အတွင်း၌ လွင့်မျောနေသည်။သူက စိတ်ဝိညာဉ်စွမ်းအားပညာရပ်ပါသော‌ ကျောက်စိမ်းပြားအား သူ၏မျက်ခုံးနှစ်ခုအလယ်၌ ထပ်မံ၍ ထားလိုက်ပြီး စိတ်ဝိညာဉ်စွမ်း

အားပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်မှုတို့အား ဆက်လက်၍ အဓိပ္ပါယ်ဖော်နေသည်။

ဤအချိန်တွင်ရှစ်ဖုန့်တစ်ယောက်

တည်းသာကျန်ရစ်နေခဲ့ပြီး တော်ဝင်နန်တော်ထံသို့ ဆက်လက်၍ ချဉ်းကပ်လာခဲ့သည်။ တောက်ဝင်နန်းတော်အား

စောင့်ကြည့်နေကြသော ရွှေရောင်ချပ်ဝတ်တော်ဝင်အစောင့်အကြပ် စစ်သည်တန်းနှစ်ခုက အဝေးမှရှစ်ဖုန့်လျှောက်လှမ်း

လာနေသည်ကို မြင်တွေ့လိုက်ကြရသည်။

“ဖန်း..ဖန်း..ဖန်း.ဖန်း.ဖန်း.ဖန်း.ဖန်း”

သူတို့က အလျှင်အမြန်ဒူးထောက်လိုက်ကြပြီး အော်ပြောလိုက်ကြသည်။

“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

ရှစ်ဖုန့်က ရွှေရောင်ချပ်ဝတ်တော်ဝင်အစောင့်အကြပ်များအား အနည်းငယ်ခေါင်းဆတ်ပြလိုက်ပြီး  နန်းတော်ထဲသို့ တည့်တည့်ပင် လျှောက်လှမ်းဝင်သွားသည်။

နန်းတော်၏ ‌အနောက်ဘက်ဥယျဉ်တော်တွင်ဖြစ်သည် ။ထို့နေ့က နေရာတစ်ခုလုံးမှာရှစ်ဖုန့်၏ မီးလောင်တိုက်သွင်းမှုကိုခံခဲ့ရသည်။

ယခုအခါ၌ ၎င်းအားပြန်လည်၍

ပြုပြင်ထားခဲ့ပြီး ၎င်း၏ မူရင်း  အသွွင်အပြင်များအားပြန်လည်

ရရှိလုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။ တစ်ချိန်က ရှစ်ဖုန့်၏ကြက်သွေးရောင်မီးတောက်ဖြင့် မီးလောင်တိုက်သွင်းခြင်းခံထားခဲ့ရပြီး ပန်းပင်သို့မဟုတ်  သစ်ပင်တို့ ကင်းမဲ့ခဲ့ရသော အနောက်ဥယျဉ်တော်မှာ ယခုအခါ၌ အခြားသော‌နေရာများကဲ့သို့ပင် ပြုပြင်ပြီးဖြစ်သည်။ ၎င်းတွင်း ပန်းများဖြင့်ပြည့်နှက်နေ၏။

အရာရှိအရာခံများ၏စောင့်ကြပ်မှုဖြင့်လုံချန်မှာ အနောက်ဥယျဉ်တော်အတွင်း၌ရှိနေသည်။

ဥယျဉ်တော်အားပြန်လည်၍

မွန်းမံပြီးသည့်နောက် မနက်ခင်းညီလာခံသဘင်ပြီး

ဆုံးသွားသောအခါတွင် လုံချန်က အရာရှိအရာခံများ ပန်းပွင့်များအားအတူတကွရှုမြင်ခံစားရန် ဖိတ်ခေါ်ခဲ့သည်။

ရုတ်တရက်ကုန်းကုန်းတစ်ဦး၏အသံက အနောက်ဥယျဉ်တော်မှထွက်ပေါ်လာသည်။

“စစ်နတ်ဘုရား ရောက်ရှိတော်မူလာပါတယ်”

ပန်းပင်များ၏ အလှတရား အား ခံစားနေကြသော အရာရှိများမှာ နိုးနိုးကြားကြားဖြစ်သွားကြသည်။ သူတို့က လှည့်လိုက်ကြပြီး အသံလာရာ ဆီသို့ ကြည့်လိုက်ကြသည်။ အနက်ရောက်ပုံရိပ်တစ်ခုက လူအုပ်ထံသို့လျှောက်လှမ်း၍လာနေသည်ကို သူတို့တွေ့လိုက်ကြရသည်။ သူတို့အနေဖြင့်နှောင့်နှေးကြန့်ကြာရဲခြင်းမရှိဘဲ စစ်နတ်ဘုရားရှစ်ဖုန့်အား ဒူးထောက်ခစားလိုက်ကြသည်။ သူတို့က ပြိုင်တူအော်ပြောလိုက်သည်။

“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

အသံများက အနောက်ဥယျဉ်တော်အတွင်း

ပဲ့တင်ထပ်သွားသည်။

“ကောင်းပြီ..”

ရှစ်ဖုန့်က အရောင်အသွေးစုံလင်လှသော

အရာရှိများအား လက်ဝေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့အားလုံးထွက်သွားလို့ရပြီ…

ငါလုံချန်နဲ့ ဆွေးနွေးစရာ အချို့ရှိနေတယ်”

“ဟုတ်ကဲ့ ကျွန်တော်မျိုးတို့ အခုပဲ ထွက်ခွာပါ့မယ်”

ရာပေါင်းများစွာသော အရာရှိများက ရှစ်ဖုန့်အားထပ်မံ၍ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ ထို့နောက်သူတို့က ဦးညွှတ်၍ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာလိုက်ကြသည်။မကြာခင်တွင်  အနောက်ဥယျဉ်တော်အတွင်း၌ လုံချန်တစ်ယောက်တည်းသာ

ကျန်ရစ်ခဲ့သည်။

“သခင်လေးဖုန့်  ..သခင်လေးနန်းတော်ကိုပြန်လာခဲ့ပြီပဲ”

အရာရှိများထွက်ခွာသွားသောအခါတွင် လုံချန်နှင့်ရှစ်ဖုန့် နှစ်ဦးတည်းသာကျန်ရစ်နေခဲ့သည်။ လုံချန်က သူ၏ ဩဇာတိက္ကမကြီးမားသော အသွင်အပြင်တို့အားခဝါချထားပြီး ရှစ်ဖုန့်ထံသို့လျှောက်လှမ်းလာသည်။ သူကပြုံး၍မေးလိုက်သည်။

“သခင်လေးဖုန့်က ကျုပ်နဲ့ဘာတွေများဆွေးနွေးချင်တာပါလဲ..”

အမြဲတမ်း လုံချန်ကသူ့ကိုယ်သူ “ဧကရာဇ်”ဟုခေါ်သော်လည်း ရှစ်ဖုန့်၏ရှေ့တွင်တော့ “ကျုပ်”ဟုသာသုံးနှုန်းသည်ဖြစ်သည်။

“မူလ ယွင်လိုင်အင်ပါယာကိုသွားဖို့အတွက် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

ကိုဆောက်လုပ်နေတာ အခြေအနေဘယ်လိုရှိလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။နန်းတော်အတွင်း၌  မူလယွင်လိုင်အင်ပါယာဆီသို့ ကူးသန်းသွားလာနိုင်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်တစ်ခုအား  တည်ဆောက်ရန်စီစဉ်နေသည့်

အကြောင်းအား  လုံချန်ကရှစ်ဖုန့်ကိုပြောဖူးသည်ဖြစ်သည်။ ယခုရှစ်ဖုန့်က အနောက်မြောက်သဲကန္တာရ နယ်မြေဆီသို့သွားချင်နေသည် ။ ထို့ကြောင့်သူက မေးမြန်းခြင်းဖြစ်သည်။

“ဟူး”

ရှစ်ဖုန့်၏ စကားတို့အား ကြားပြီးသည့်နောက်တွင်  လုံချန်က သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်ကာ ယုံကြည်မှုမရှိသည့်ပုံပေါ်နေသည်။

“ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

ပလ္လင်ကိုက တုပလုပ်ဆောင်လို့ရတယ်ဆိုပေမဲ့  အစီအရင်ကိုအသက်သွင်းပြီး

ဖွင့်ဖို့နဲ့အစီအရင် အင်းစာလုံးတွေကို ရေးထိုးဖို့အတွက်က အဆင့်ငါးအဂ္ဂရိတ်သန့်စင်

ဆရာသခင်တစ်ယောက်မှ ပြီးပြည့်စုံအောင်ပြုလုပ်နိုင်မှာ…

အခုကျုပ်တို့ အင်ပါယာမှာ  အဆင့်ငါးသန့်စင်ဆရာသခင်က

နှစ်ယောက်ပဲရှိတယ်…သူတို့ထဲက တစ်ယောက်က

တော့  လက်ရှိ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးရဲ့သဘာပတိဖြစ်သူ ချင်ယွမ်ပဲဖြစ်တယ်..ကျုပ်အဲ့ကို

လူအချို့လွှတ်ပြီးတော့ ဆုတော်လာဘ်တော်ကောင်း

တွေနဲ့ကမ်းလှမ်းခဲ့ပေမဲ့ ချင်ယွမ်ကသူ့ကိုပြန်လွှတ်လိုက်တယ်..

အခြားတစ်ယောက်က တော့ အင်ပါယာမြို့တော်မှာနေနေတဲ့  ဟောင်မင်ရှန်လို့ခေါ်တဲ့သူပဲ..

သူရဲ့ပင်ကိုယ်စရိုက်က တစ်မူထူးခြားတယ်လို့ကျုပ်ကြားခဲ့တယ်..

သူ့ကိုဖိတ်ကြားဖို့အတွက် ကျုပ်လူအချို့ကိုလွှတ်ခဲ့ပေမဲ့ သူက အဲ့လွှတ်လိုက်လိုက်တဲ့သူတွေကို မတွေ့ချင်ဘူး..နောက်တော့ ကျုပ်ကိုယ်တိုင်အဲ့ကိုသွားခဲ့တယ်..

ရလဒ်ကတော့ အတူတူပဲထွက်လာတာပါပဲ”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters