အပိုင်း(၃၅၃)
Vol. 24 Ch. 353
“ဒါဆိုလည်း ချင်ယွမ်ကိုလာခိုင်းလိုက်….
သူ့ဆီကိုတစ်ယောက်ယောက်
လွှတ်လိုက်ပြီးတော့ ဒီသခင်လေးက သူ့ကို ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို အသက်သွင်းပေးဖို့တောင်း
ဆိုလိုက်တယ်လို့ပြောခိုင်းလိုက်…
အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံးက အဂ္ဂရိတ်သန့်စင်ဆရာသခင်တွေအားလုံးကို ခေါ်လာခဲ့ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို ဖြစ်နိုင်မြန်မြန်ပြီးမြောက်အောင်
လုပ်ပေးဖို့ပြောခိုင်းလိုက်…”
ရှစ်ဖုန့်က လုံချန်အားပြောလိုက်သည်။
“အဲ့တာက အဆင်ပြေပါ့မလား”
ရှစ်ဖုန့်က များပြားလှသော မယုံကြည်နိုင်စရာနှင့်
မမျှော်လင့်ထားသည့် ကိစ္စတို့အား လုပ်ဆောင်ခဲ့သည်ကိုတွေးမိသော်လည်း လုံချန်အနေဖြင့် ဤကိစ္စနှင့်ပက်သက်၍ သံသယမဝင်နိုင်ပဲမနေနိုင်ချေ။
၎င်းက အခြားတစ်ယောက်ယောက်ဆို
လျှင်အဆင်ပြေမည်ဖြစ်သော်လည်း ယခုက အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံးဖြစ်နေသည်။
ချင်ယွမ်မှာ အဂ္ဂရိတ်သန့်စင်ဆရာသခင်
များအစည်းအရုံး၏ သဘာပတိတစ်ယောက်ဖြစ်သည်။ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးက သူ၏ အင်ပါယာအတွင်းတည်ရှိနေ
သော်လည်း၎င်းမှာ အင်ပါယာထက်များစွာသာလွန်သော တည်ရှိမှုတစ်ခုဖြစ်သည်။ အင်ပါယာနှင့်သက်ဆိုင်သော အာဏာစွမ်းအားတို့က ၎င်းတို့နှင့်ဆိုလျှင်ဘာမှဟုတ်မနေချေ။
ထိုထက်ပိုသည်ကား အနောက်ပိုင်းဒေသအတွင်း
အင်ပါယာတစ်ခုက အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံးအား စော်ကားပြီး အစည်းအရုံး၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်ာအားသတ်ဖြတ်ခဲ့သည်ဟုသောကော
လဟာတစ်ခုရှိခဲ့သည်။ ထို့နောက်ညဘက်အခါသမယတွင် တော်ဝင်မိသားစုနှင့်နှစ်ထောင်
ပေါင်းများစွာတည်ရှိခဲ့သော သမိုင်းကြောင်းတို့က သေခြင်းတရားတစ်ခုအဖြစ် ဂြိုလ်ဆိုးဝင်ရောင်ခြင်းကိုခံလိုက်ရသည်။
အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးက ဤအရာအားပြုလုပ်ခဲ့သူမှာ
၎င်းတို့ဖြစ်သည်ဟု ဝန်ခံရပ်တည်ခြင်းမပြုခဲ့သော်လည်း
၎င်းအား မည်သူတို့ကပြုလုပ်ခဲ့
သည်ဆိုသည်ကို လူများစွာမှာသိကြသည်ဖြစ်သည်။
အပေါ်ယံမျက်နှာပြင်တွင် ၎င်းတို့သည် ဆေးဝါးများနှင့်လက်နက်တို့အား
သန့်စင်သော အစုအဖွဲ့တစ်ခုဖြစ်သည်။
သို့သော် အရှိန်အဝါဩဇာတိက္ကမနှင့် ဆွဲဆောင်နိုင်မှုတို့က စိတ်ကူးကြည့်၍ပင်မရနိုင်သောအရာဖြစ်၏။ ထျန်းဟန်တိုက်ကြီးအတွင်းတွင် ဘယ်ကျင့်ကြံသူကများ ဆေးဝါးနှင့်လက်နက်တို့ကို အသုံးမပြုကြသူဟူ၍ ရှိပါသနည်း။ဘယ်ကျင့်ကြံသူကများ
အဆင့်မြင့် ဆေးဝါးများနှင့်လက်နက်တို့၏ စွဲဆောင်မှုဒဏ်ကိုခံနိုင်ရည်ရှိပါမည်နည်း။ တိုက်ကြီးတစ်ခုလုံးအား ကြီးစိုးခြယ်လှယ်နိုင်ကြသော ဧကရာဇ်နယ်ပယ်များသည်ပင် ဆေးဝါးများနှင့်လက်နက်တို့၏ စွဲဆောင်မှုဒဏ်အား ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
“ကောင်းပြီ..ဒီသခင်လေးက မင်းကိုသွားလို့ပြောရင်သွားသာသွားလိုက် …ဒီသခင်လေးနဲ့သိကျွမ်းလာ
တာကြာပြီးတဲ့နောက် ဘယ်အချိန်ကများ ဒီသခင်လေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်
မရှိတဲ့အရာကို ပြောဖူးတာမင်းမြင်ဖူးလို့လဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အာ..ဒါကအမှန်ပဲ”
လုံချန်က ခေတ္တခဏတွေးလိုက်ပြီး
နောက်ပြောလိုက်သည်။
“ဒါဆိုလည်း ကျုပ် အဂ္ဂရိတ်သန့်စင််ဆရာသခင်
များအစည်းအရုံးဆီကို တစ်ယောက်ယောက်ကိုလွှတ်လိုက်ပြီးတော့ ဆရာသခင်ချင်ယွမ်ကို သခင်လေးဖုန့်ရဲ့ ညွှန်ကြားချက်အရဆိုပြီး ဖိတ်ကြားလိုက်မယ်”
“ကောင်းပြီ”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီးနောက် ကောင်းကင်ဘုံးသက်တမ်းဆွဲဆန့်ဆေးအတွက် ဆေးအမယ်တို့အား ထုတ်ယူလိုက်သည်။ သူက၎င်းအား လုံချန်ထံသို့လွှဲပေးလိုက်ပြီး ပြောလိုက်သည်။
“ဒီစာရင်းမှာပါတဲ့ ဆေးအမယ်တွေကလည်း ဒီသခင်လေးအတွက် တော်တော်လေးကို အရေးကြီးတယ်…သူတို့ကိုနိုင်ငံတစ်ဝှမ်းလုံးကနေစုဆောင်းဖို့အတွက် အမိန့်တစ်ခုချက်ချင်းထုတ်ပြန်လိုက်ပါ..
လက်အောက်ခံနိုင်ငံတွေဆီကိုလည်း တစ်ယောက်ယောက်ကိုစေလွှတ်ပြီးတော့ သူတို့ကို အတူတကွ စုဆောင်းခိုင်းပါ”
“ကောင်းပါပြီ..ကျုပ်အခုပဲလုပ်
လိုက်ပါ့မယ်…သခင်လေး ဖုန့် စိတ်မပူပါနဲ့”
လုံချန်က ပြန်ဖြေကြားလိုက်သည်။
“ဒီဆေးအမယ်တွေထဲက ဘယ်အရာရဲ့သတင်းပဲဖြစ်ဖြစ်မင်းရခဲ့တာနဲ့ ဒီကျောက်စိမ်းပြားကိုခွဲလိုက်ပြီးတော့ ဒီသခင်လေးကိုသတင်းပေးပါ..”
ရှစ်ဖုန့်က ထပ်မံ၍ ပြောလိုက်သည်။
ထို့နောက် သူက စိမ်းပြာရောင်ကျောက်စိမ်းပြားတစ်ခုအား လုံချန်ထံသို့ လွှဲပေးလိုက်သည်။
“ကောင်းပါပြီ”
လုံချန်က ခေါင်းညိမ့်လိုက်ပြီး ကျောက်စိမ်းပြားအား ယူလိုက်သည်။
ညွန်ကြားစရာရှိသည်များအားညွှန်ကြားကာ လုံချန်အား နှုတ်ဆက်စကားပြောပြီးနောက် အနောက်ဥယျဉ်တော်အတွင်း
မှထွက်ခွာလာခဲ့ပြီး ရှစ်ဖုန့်တစ်ယောက်ယွင်လိုင်အင်ပါယာ၏ နိုင်ငံဥသျှောင်မိခင်ဖြစ်သောပုယွဲ့ထံသို့ အလည်သွားရန် တော်ဝင်မောင်းမဆောင်
သို့သွားလိုက်သည်။ ထို့နောက်တွင် သူက တော်ဝင်မောင်းမဆောင်မှထွက်ခွာလာခဲ့ပြီး စစ်နတ်ဘုရား ဗိမာန်သို့ သွားလိုက်သည်။
စစ်နတ်ဘုရား ဗိမာန်မှာ ရှစ်ဖုန့်အတွက် လုံချန်အထူးဆောက်လုပ်ထား
သောအရာဖြစ်သည်။ ၎င်းက
ခမ်းနားထည်ဝါပြီး ရွှေဝါရောင်အဆင်းရှိကာ မြင့်မား၍ ကျယ်ဝန်းသော ခန်းမတစ်ဖြစ်သည်။ ခန်းမအလယ်တွင် ရွှေရောင်အလင်းတို့တဖိတ်ဖိတ်
တောက်ပနေသော ကြီးမားသည့်ရွှေရောင်ရုပ်ထုတစ်ခုရှိသည်။ ဤရွှေရောင်ရုပ်ထုမှာ ရှစ်ဖုန့်၏ စံပြရုပ်ထုဖြစ်သည်။၎င်းက ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ရွှေရောင်ဓားရှည်တစ်လက်ကိုကိုင်ဆောင်ထားသည်။ ၎င်း၏မျက်နှာက
အေးစက်နေပြီး အောက်တွင်ရှိနေသောလူများအား ငုံ့ကြည့်နေသည်။
အတွေးတစ်ချက်ဖြင့်သွေးနီရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ကိုယ်တွင်းလင်းလက်သွားသည်။ စစ်နတ်ဘုရားဗိမာန်အတွင်း
မှသူသည်ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်အတွင်း၌ သေးငယ်သော သွေးကျောက်ပြားလေးတစ်ခုကို လွင့်မျောစေလျက်ချန်ရစ်ထားခဲ့သည်။
ရှစ်ဖုန့်က သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ဝင်ရောက်ခဲ့ပြီး သန့်စင်သည့်မူလချီတို့အပြည့်ဝဆုံးသောနေရာသို့ဝင်ရောက်ခဲ့သည်။ မည်သူ့ကိုမှ နှောက်ယှဉ်ခြင်းမပြုဘဲ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီးဟင်းလင်း
ပြင်ထဲတွင်လွင့်မျောနေစေကာ ကျင့်ကြံခြင်းကိုပြုလုပ်ရန်အတွင် ဤနေရာအတွင်းရှိ သန့်စင်သောမူလချီတို့အားစုပ်ယူလိုက်သည်။
ရှစ်ဖုန့်က ကောင်းကင်ဘုံသက်တမ်း
ဆွဲဆန့်ဆေးလုံးအတွက် ဆေးအမယ်များအား စုဆောင်းရန် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးနှင့် လုံချန်တို့အား တောင်းဆိုထားခဲ့ပြီးဖြစ်သည်။၎င်းတို့၏ ထိရောက်နိုင်စွမ်းက သူ့ထက်များစွာကောင်းမွန်သည်ဖြစ်၏။
ယခုသူလုပ်စရာရှိသည်ဆို၍ စောင့်ဆိုင်းနေရန်သာဖြစ်သည်။ ပို့ဆောင်ဆက်သွယ်ရေး
အစီအရင်ဂိတ်ဝအား အောင်မြင်စွာအသက်သွင်းပြီး
သည့်နောက်တွင် သူ့အနေဖြင့် အနောက်မြောက်သဲကန္တရာသို့သွားပြီး မြွေလူသားနယ်မြေထံသို့ အလည်အပတ်သွားရောက်လိမ့်မည်ဖြစ်သည်။
……………
ယွင်လိုင်အင်ပါယာ ၏ နတ်ဆိုးသားရဲတောင်တန်းဒေသ မြေပိုင်နက်နယ်မြေတွင်ဖြစ်သည်။
ပြင်းပြင်းထန်ထန်ရူးသွပ်သွားပုံရသော နတ်ဆိုးသားရဲအုပ်စုများက ထပ်တလဲလဲဟိန်းဟောက်နေသည်။ မြေနယ်မြေတစ်ခုလုံးဝရုန်းသုန်း
ကားဖြစ်နေပြီး မြေပြင်မှာလည်း ပြင်းထန်စွာလှုပ်ခါနေ၏။
နတ်ဆိုးသားရဲအုပ်များ ၏ အလယ်တွင် အဖြူရောင်အရိုးလှံတစ်ခုအား ကိုင်ဆောင်ထားသော အဖြူရောင်ပုံရိပ်တစ်ခုက လှံအားရူးသွပ်စွာ သိမ်းကျုံးလွှဲယမ်းနေသည်။ အရိုးဖြူလှံဖြတ်သန်းသွားရာ
နေရာတိုင်းတွင် လေထုကရုတ်တရက်အေး
စက်မှုန်မှိုင်းလာကာ ဤ မှုန်မှိုင်းသော အအေးဓာတ်ကြောင့် လေထုမှာ အေးခဲတော့မည်သကဲ့သို့ပင်ဖြစ်သည်။
မြေဓာတ်အခြေပြု နတ်ဆိုးသားရဲများအတွက်မှာမူ
အရိုးဖြူလှံ၏ ထိုးနှက်ချက်များအောက်တွင် ၎င်းတို့မှာ ရုတ်ခြည်းအပိုင်းပိုင်း
ခြေမွခံလိုက်ရပြီး မရေတွက်နိုင်သော ညစ်ညမ်းသည့်ကောက်ပင်များကဲ့သို့ မြေပြင်ထဲ၌ အစိတ်စိတ်အမွှာမွှာပြန့်ကျဲနေသည်။
ထို့နောက်တွင် အဖြူရောင်ပုံရိပ်က အရိုးဖြူလှံအား မြေပြင်အတွင်းသို့ထိုးသွင်းလိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း…ဝုန်း..”
မြေပြင်၏လှုပ်ခါမှုက ယခင်ကထက် ပိုမို၍ ပြင်းထန်လာပြီး အားကောင်းသောမြေငလျှင်တစ်ခု
လှုပ်ခတ်နေသကဲ့သို့ပင်ဖြစ်သည်။ထို့နောက်တွင် အဖြူရောင်ပုံရိပ်၏ အောက်ခြေဘက်ရှိမြေပြင်မှ ဧရာမမြေနဂါးကြီးတစ်ကောင်
အဖြစ်ဖွဲ့စည်းသွားသည်။ ထို့နောက် ဧရာမ မြေနဂါးကြီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာလှုပ်ခါသွားပြီး မြေဓာတ်အခြေပြုနတ်ဆိုးသားရဲများမှာ “ဟူးလားလား..ဟူးလားလား” ဟူသောအသံနှင့်အတူ ဖုံမှုန်များအဖြစ်သို့ပြောင်းလဲသွားသည်။
“အာ ဝူး..”
ဟင်းလင်းပြင်ထဲတွင် ကြမ်းကြုတ်သောဝံပုလွေတစ်ကောင်၏ ဟစ်အော်သံက ပဲ့တင်ထွက်ပေါ်နေသည်။
၎င်းမှာ မှောင်မိုက်သောအလင်းတို့အား ထုတ်လွှတ်နေသည့် အနက်ရောင်နတ်ဆိုးဝံပုလွေတစ်
ကောင်ဖြစ်ပြီး ၎င်း၏ကျောဘက်တွင် အနက်ရောင်အတောင်ပံလေးခုပါရှိကာ ၎င်း၏ဦးခေါင်းထက်၌ ထက်ရှသော အနက်ရောင်ဦးချိုတစ်ချောင်းပါရှိပြီး ၎င်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်နေခြင်းဖြစ်သည်။ အကယ်၍ ရှစ်ဖုန့်သာ ဤနေရာ၌ရှိနေခဲ့လျှင် ဤနတ်ဆိုးဝံပုလွေနှင့် အောက်ဘက်ရှိ အရိုးဖြူလှံအားကိုင်ဆောင်ထားသည့် အဖြူရောင်ပုံရိပ်တို့အား သေချာပေါက်မှတ်မိလိမ့်မည်ဖြစ်သည်။ ၎င်းတို့မှာ ယင်ရှာနှင့်ယိုလန် (ငရဲဝံပုလွေ)တို့ပင်ဖြစ်သည်။
သို့သော် ယိုလန်၏ ပုံရိပ်က ယခင်ထက်ပိုမို၍ ကြီးမားလာသည်ဖြစ်ပြီး သူပုံပန်းသွင်ပြင်က ပိုမို၍ ခံ့ညားထည်ဝါလာကာပို၍ ကြမ်းကြုတ်ခက်ထန်လာသည်။ သူ၏အရှိန်အဝါကလည်း ယခင်ကနှင့်လုံးဝကွဲပြားသွားခဲ့ပြီဖြစ်ပြီး ယင်းမှာ ၎င်းက သားရဲတို့၏ ဘုရင်တစ်ပါးကဲ့သို့ပင်ဖြစ်သည်။ ယင်းမှာယိုလန်အနေဖြင့် အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သို့ အဆင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း
သိသာလေသည်။
ယင်ရှ၏ အရှိန်အဝါသည်လည်း ယခင်ကနှင့်လုံးဝကိုခြားနားသွား
ခဲ့ပြီဖြစ်သည်။ရှစ်ဖုန့်ထွက်ခွာသွားပြီးသည့်နောက်တွင် ဤဝံပုလွေနှင့်အလောင်းကောင်တို့မှာ နတ်ဆိုးသားရဲတောင်တန်းအတွင်း၌ တိုက်ခိုက်နေခဲ့ကြပြီး ယခုအခါ၌ ၎င်းတို့မှာ ယခင်ကထက်ပိုမို၍ အစွမ်းထက်လာကြပြီဖြစ်သည်။
ယိုလန်၏ နတ်ဆိုးဝံပုလွေဟစ်ကြွေးသံ အောက်တွင် တည်ငြိမ်စွာရှိနေခဲ့သောဟင်းလင်းပြင်မှာ ကျောက်တုံးတစ်ခုအား ဟင်းလင်းပြင်အတွင်းပစ်သွင်းလိုက်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခါသွားသည်။ယိုလန်၏ပတ်ဝန်း
ကျင်တွင်ရှိနေကြသော မြေဓာတ်အခြေပြု နတ်ဆိုးသားရဲများမှာ နတ်ဆိုးဝံပုလွေဟစ်ကြွေးသံ၏ စွမ်းအားကြီးမားလှသောစွမ်းအင်တို့အား ခုခံရပ်တည်နိုင်စွမ်းမရှိကြဘဲ ချက်ချင်းဆိုသလို ယင်ရှာအားတိုက်ခိုက်နေကြသော မြေဓာတ်အခြေပြုနတ်ဆိုးသားရဲများကဲ့သို့ပင် ၎င်းတို့သည်လည်း စွမ်းအားကြီးမားသော အသံလှိုင်းတို့အောက်၌
အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကြသည်။ ဟင်းလင်းပြင်အတွင်းတွင် ဖုန်မုန်တိုင်းတစ်ခုတိုက်ခတ်သကဲ့သို့ “ဟူးလားလား”ဆိုသောအသံနှင့်အတူ မြေပြင်ပေါ်သို့ကျဆင်းလာသည်။
“ဘယ်ကောင်တွေက ငါ့ရဲ့ငယ်သားတွေကို သတ်ရဲပြီးတော့ ငါ့အိမ်ကို ဖျက်ဆီးပစ်ရဲတာလဲကွ”
ဤအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခုက ဟင်းလင်းပြင်ထဲမှပဲ့တင်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်အား
မှောင်မိုက်သွားစေသည်။ ယင်ရှာနှင့်ယိုလန်တို့မှာ သူတို့၏ခေါင်းများအားမော့၍ ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်ကြသည်။
ဟင်းလင်းပြင်ထဲတွင် ရွှံ့ညွန်များဖြင့် ဖွဲ့စည်းထားပုံရသော ဧရာမ နဂါးကြီးတစ်ကောင်ပေါ်လာပြီး ထိတ်လန့်ဖွယ်ကောင်းသော
ဖိအားတို့အားထုတ်လွှတ်နေသည်။နဂါးကြီး၏ ဧရာမဦးခေါင်းထက်တွင် ငယ်ရွယ်ပြီး ညိုဝါရောင်ရှိသော ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်။
ညိုဝါရောင်ပုံရိပ်က ညိုဝါရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး သူ၏ပုံစံမှာ အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိသည်။
သူ၏အေးစက်ပြီးခံ့ညားသော မျက်နှာအပြင်သူ၏ချပ်ဝတ်ပြင်ပမှ လှစ်ဟထွက်ပေါ်နေသောလက်တို့သည်လည်းညိုဝါရောင်ဖြစ်နေကာ ၎င်းတို့အားလုံးက မြေကြီး၏အရောင်ကဲ့သို့ပင်ဖြစ်သည်။
ညိုဝါရောင်လူငယ်က ရွှံ့ညွန်တို့ဖြင့်ဖွဲ့စည်းထားသော လှံရှည်တစ်ချောင်းကိုကိုင်ဆောင်ထားပြီး တူညီသောညိုဝါရောင်ဝတ်ရုံကို
လည်းဝတ်ဆင်ထားသည်။ပြင်းထန်သော လေကြမ်းတို့၏အောက်တွင် သူ၏ပုံစံက သာမာန်ထက်ကိုပိုမို၍ခံ့ညား
သည့်အသွင်ကိုဆောင်နေသည်။
ယင်ရှာမှာသူ၏ခေါင်းကိုမော့လိုက်ပြီး ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် ရုတ်တရက် ထူးဆန်းသော ဆက်နွယ်မှုတစ်ခုကိုခံစားလိုက်ရပြီး ညိုဝါရောင်လူငယ်ကလည်း အောက်သို့ငုံ့ကြည့်လိုက်သော
အခါတွင် သူ၏ မျက်လုံးတို့အား ယိုလန်ထံမှ အဝေးသို့လျှင်မြန်စွာသွေဖယ်လိုက်သည်။ မျက်လုံးလေးလုံးတို့တွေ့ဆုံကြသောအခါတွင် ထူးဆန်းသောခံစားချက်တစ်ခုက ဖြစ်ပေါ်တည်ရှိနေလေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE