← Chapters

အပိုင်း (၃၅၄)

Vol. 24 Ch. 354

အပိုင်း (၃၅၄)

Vol. 24 Ch. 354

“မြေဓာတ်အခြေပြု ယင်အလောင်းကောင်”

“အကြွင်းမဲ့ ယင်အလောင်းကောင်”

ယင်ရှာနှင့်  ညိုဝါရောင်ဝတ်ရုံအား ဝတ်ဆင်ထားသော လူငယ်တို့က  တစ်ယောက်၏ သရုပ်မှန်အားတစ်ယောက်ထုတ်

ပြောလိုက်ကြသည်။ယင်မိစ္ဆာအ

လောင်းကောင်အနေဖြင့်   မြေအောက်ထဲ၌ နှစ်ပေါင်းများစွာအိပ်ပျော်နေခဲ့ပြီး အခြားသော ယင်အလောင်းကောင်များဖြစ်ကြသည့် မြေကြီး ၏ဆန်းကြယ်သည့် အမွေအနှစ်ကိုဆက်ခံသော ယင်မိစ္ဆာအလောင်းကောင်အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ချေ။  မြေဓာတ်အခြေပြု ယင်အလောင်းကောင်အား သူမြင်တွေ့လိုက်ရသောအခါတွင်  ၎င်း၏ သရုပ်မှန်အားသူ ကထုတ်ပြောမိလိုက်သည်။

မြေဓာတ်အခြေပြုယင်အလောင်း

ကောင်မှာလည်း တူညီစွာပင်ပြုမူခဲ့သည်ဖြစ်သည်။

မြေဓာတ်အခြေပြု ယင်အလောင်းကောင်မှာ အကြွင်းမဲ့ယင်အလောင်းကောင်ဖြစ်

သောယင်ရှာနှင့်  ရှစ်ဖုန့် မကြာခင်က ဖမ်းဆီးရမိခဲ့သော သွေးယင်အလောင်းကောင်

တို့ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့အားလုံးက ထျန်းဟန်တိုက်ကြီးပေါ်တွင် ရှားပါးပြီး အဆင့်မြင့်မားသော  ယင်အလောင်းကောင်များဖြစ်ကြသည်။

ထို့နောက်မကြခင်  မြေဓာတ်အခြေပြု ယင်အလောင်းကောင် က  မြေတို့ဖြင့် ဖွဲ့စည်းထားသော  သူ၏ လှံအား အောက်သို့ထိုးညွှန်ပြီး  ကျယ်လောင်စွာအော်ပြောလိုက်သည်။

“မင်းနဲ့ငါနဲ့ နှစ်ယောက်စလုံးက ယင်အလောင်းကောင်တွေဆိုပေမဲ့  မင်းကငါ့လူတွေကိုသတ်ခဲ့တယ်…မင်းအနေနဲ့ ဒူးထောက်ပြီး သနား ညှာတာပေးဖို့တောင်းပန်တဲ့အပြင်   ငါ့ကို မင်းရဲ့သခင်အဖြစ်ပါ အသိအမှတ်ပြုမယ်ဆိုရင်  ငါမင်းရဲ့အသတ်ကိုချမ်းသာပေးမယ်”

ယင်ရှာကလည်းသူ၏ အရိုးဖြူလှံအား  ကောင်းကင်ထဲသို့ထိုးညွှန်လိုက်သည်။ သူ၏ချောမောလှသောမျက်နှာက အေးစက်နေပြီး  အော်ပြောလိုက်သည်။

“တိုက်”

ထို့နောက်တွင်  သူ၏အောက်တွင်ရှိနေသော မြေဓာတ်အခြေပြု နဂါးကြီးက သူ၏ ဧရာမဦးခေါင်းကြီးအားမော့လိုက်ပြီး  ဒေါသတကြီး  ဟိန်းဟောက်လိုက်သည်။

၎င်းက ယင်ရှာနှင့်အတူ ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။

“ဝေါင်း”

ယိုလန်ကလည်းသူ၏ဦးခေါင်းအား မော့လိုက်သည်။ သူ၏မျက်နှာက ကြမ်းကြုတ်ခက်ထန်နေပြီး

ဒေါသတကြီးဖြင့် တစ်ချက်ဟိန်းဟောက်လိုက်သည်။ ၎င်းက ယင်ရှာနှင့်အတူ ကောင်းကင်ထဲသို့ပျံသန်းတက်သွားသည်။ ကြီးမားသောတိုက်ပွဲတစ်ခုက စတင်ခဲ့ပြီဖြစ်သည်။

“မင်းတို့က သေချင်နေတာပဲ”

မြေဓာတ်အခြေပြု ယင်အလောင်းကောင်ကလည်း

သူ့အောက်ရှိ မြေနဂါးကို မောင်းနှင်၍ထိုးဆင်းလိုက်သည်။

မကြာခင်တွင် ၎င်းက ယင်ရှာနှင့်အရင်ဆုံးတွေ့ဆုံသွားသည်။မြေဓာတ်အခြေပြု လှံနှင့် အရိုးဖြူလှံတို့က ပြင်းထန်စွာဖြင့် အတူတကွထိခတ်သွားသည်။ စွမ်းအားကြီးမားသောစွမ်းအင်တို့က  ဖြာထွက်လာပြီး   ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသည်။

“ဝေါင်း”

“ဂါး”

ရှစ်ဖုန့်က သွေးကျောက်ပြား

နေရာလွတ်ထဲတွင် နေ့တစ်ဝက်ခန့်နေထိုင်ခဲ့သည်။ စစ်နတ်ဘုရားဗိမာန်ထံသို့ တစ်ယောက်ယောက်ချဉ်းကပ်လာသည်ကို သူအာရုံခံမိသောအခါတွင် သူ၏ကိုယ်က သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး သွေးကျောက်ပြား၏နေရာလွတ်ကမ္ဘာအတွင်းမှ တိတ်တဆိတ်ပျောက်ကွယ်သွားသည်။

သူက စစ်နတ်ဘုရား ဗိမာန်ထံသို့ပြန်လည်၍ရောက်ရှိလာသည်။

ရှစ်ဖုန့်က ဘယ်လက်အား လေထဲ၌လွင့်မျောနေသောသွေးကျောက်ပြားထံသို့ ဆန့်ထုတ်လိုက်သည်။

သွေးကျောက်ပြားက ချက်ချင်းပဲ   ရှစ်ဖုန့်၏လက်ဖဝါးထံသို့ပျံသန်းလာသည်။  သွေးနီရောင်အလင်းတစ်ခု

ဖျက်ခနဲလင်းလက်သွားပြီး   ရှစ်ဖုန့် ၏လက်ဖဝါးအတွင်းပျောက်ကွယ်သွားသည်။

“သခင်လေးဖုန့်”

လုံချန်၏ရင်းရင်းနှီးနှီးရှိသောအသံက စစ်နတ်ဘုရားဗိမာန်၏ အပြင်ဘက်ဆီမှထွက်ပေါ်လာသည်။

“ဝင်လာခဲ့”

ရှစ်ဖုန့်က ပြောလိုက်သည်။

ရွှေရောင်တံခါးရွက်ကြီးနှစ်ခုက တွန်းဖွင့်ခြင်းခံလိုက်ရပြီး   လုံချန်က စစ်နတ်ဘုရားဗိမာန်အတွင်း လျှောက်လှမ်း၍ဝင်လာသည်။  သူကရှစ်ဖုန့်ထံသို့လျှောက်လှမ်းလာပြီး ပြောလိုက်သည်။

“သခင်လေးပြောတဲ့အတိုင်း  သဘာပတိချင်ယွမ်ကိုဖိတ်ကြားဖို့အတွက်  ကျုပ်လူတွေကိုအမိန့်ပေးခဲ့တယ်.

.သဘာပတိချင်ယွမ်ကိုယ်

တိုင်လာမယ်လို့တောင် ကျုပ်မမျှော်လင့်ထားခဲ့မိဘူး…သူက ပင်မခန်းမဆောင်အပြင်ဘက်

မှာစောင့်နေတယ်”

ဤမိစ္ဆာကြယ်က ကောင်းကင်ဘုံကိုပင် စတင်၍ ကျိန်ဆဲနေမည်ဟု လုံချန်မမျှော်လင့်ထားခဲ့ပေ။ ချင်ယွမ်က သူ့အား ရှစ်ဖုန့်က ဖိတ်ကြားလိုက်သည်ဟု ကြားရသောအခါတွင်  ၎င်းအနေဖြင့် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးခန်းမအတွင်း

ကိုယ်တိုင်ကိုယ်ကျပေါ်လာခဲ့ပြီး အင်ပါယာမြို့တော်မှ ဖြတ်သန်းသွားလာရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးအစီအ

ရင်အားဆောက်လုပ်ရန်  အဂ္ဂရိတ်သန့်စင််ဆရာသခင်များအစည်းအရုံးမှ အဂ္ဂရိတ်သန့်စင်ဆရာသခင်အုပ်စုလိုက်အား ခေါ်ဆောင်လာခဲ့သည်ဟု လုံချန်တစ်ယောက် သူ၏ ငယ်သားထံမှပြန်လည်၍ကြားသိခဲ့ရသည်။

သူ၏ ပုံပန်းသွင်ပြင် သဘောထားနှင့် ကိုယ်နေဟန်ထားတို့က ရုတ်ခြည်းဆိုသလို ဖော်ဖော်ရွေရွေဖြစ်လာသည်။ ယခင် အဂ္ဂရိတ်သန့်စင််ဆရာသခင်များအစည်းအရုံး၏ သဘာပတိဆိုသည်နှင့်နှိုင်းယှဉ်ကြည့်လိုက်လျှင်  ၎င်းက လုံးဝခြားနားသောသူတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်ဖြစ်သည်။မသိသောသူများဆိုလျှင် ချင်ယွမ်အား  ထိုအချိန်၌

တစ္ဆေတစ်ကောင်က ဝင်စီးထား

သလားဟူ၍ ပင် သံသယဝင်မိကြလိမ့်မည်ဖြစ်သည်။

“အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံးရဲ့  သဘာပတိဖြစ်သူကတောင် ဒီမွန်းစတားရဲ့ချိုးနှိမ်မှုကိုခံရတယ်”

လုံချန်တစ်ယောက်နှလုံးသားထဲမှနေ၍ သက်ပြင်းချမိသည်။ ဤမွန်းစတား၏ခြေလှမ်းများအား ဘယ်အရာကမှ ရပ်တန့်နိုင်စွမ်းမရှိဟု သူခံစားရသည်။

“ကောင်းပြီ..ဒီသခင်လေးနားလည်ပြီ …ချင်ယွမ်ကို ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို ဖြစ်နိုင်သမျှ မြန်မြန်ဖွင့်ပေးဖို့လုပ်ဆောင်ပေး

ဖို့တစ်ယောက်ယောက်ကို ပြောခိုင်းလိုက်ပါ…”

လုံချန်၏ စကားတို့အား ကြားပြီးသည့်နောက်တွင်ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။

“အာ..သခင်လေးဖုန့် သခင်လေး သဘာပတိချင်ယွမ်နဲ့ အရင်ဆုံးတွေ့ဖို့ စီစဉ်ထားတာမဟုတ်ဖူးလား”

လုံချန်မှာ ရှစ်ဖုန့်၏မျက်နှာထားကိုမြင်တွေ့လိုက်ရသည်။ ယင်းမှာ ချင််ယွမ်က သာမန် လက်မှုပညာသည်တစ်ယောက်

ကဲ့သို့သဘောထားသည့်ပုံစံပင်ဖြစ်သည်။

သူက ၎င်းအားကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး လက်သင့်ခံရန်အတွက် ရည်ရွယ်ချက်ရှိမနေပေ။

၎င်းက  အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံး၏ သဘာပတိတစ်ယောက်ဖြစ်သည်ဖြစ်သည်။

“မလိုဘူး…ဒီသခင်လေး အလျှင်လိုနေတယ်…ချင်ယွမ်ကို ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ဆီ အရင်သွားဖို့တစ်ယောက်ယောက်ကိုပြောခိုင်းလိုက်…သူရောက်တာနဲ့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးဖွင့်ပါစေ… ဒီသခင်လေးကို ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

ပလ္လင်ဆီကိုခေါ်သွား…ဒီသခင်လေးသူ့ကိုကိုယ်တိုင်ကိုယ်ကျလမ်းညွှန်ပေးမယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အာ..”

လုံချန်တစ်ယောက် “အာ” ဟုသာ အသံထွက်နိုင်သည်။  သူက တကယ်ကြီးချင်ယွမ်အား တစ်စုံတစ်ခုအားပြုပြင်ရန်ရောက်

လာသည့်သာမန် လက်မှုပညာသည်တစ်ယောက်

ကဲ့သို့သဘောထားနေခြင်းဖြစ်သည်။ “နောက်ကျ..ဒီသခင်လေးကိုယ်တိုင်သူ့ကိုလမ်းညွှန်ပေးမယ်” ဟူသော စကားတစ်ခွန်းပင် ပါရှိနေသေး၏။

“သူက အဆင့်ငါး အဂ္ဂရိတ်သန့်စင်သူတစ်ယောက်ကို  လမ်းညွှန်ပြသပေးမလို့တဲ့ဟ”

“သခင်လေးဖုန့်က ဒီလိုခံစားရတယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး..ကျုပ်တစ်ယောက်ယောက်ကိုလွှတ်ပြီး ချင်ယွမ်ကို ပြောခိုင်းလိုက်ပါ့မယ်”

လုံချန်ကပြောလိုက်သည်။ ထို့နောက်  သူက အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။

“ထွက်လာခဲ့”

“ရွှတ်”

အနက်ရောင်ပုံရိပ်တစ်ခုက   စစ်နတ်ဘုရားဗိမာန်၏ ဝင်ပေါက်အထက်မှ ဆင်းသက်လာသည်။ သူက စစ်နတ်ဘုရားဗိမာန်ဝင်ပေါက်၌ ဒူးထောက်လိုက်ပြီး   လုံချန်အား အသံနိမ့်ဖြင့်ပြောလိုက်သည်။

“သခင်”

သူ၏အဝတ်အစားမှတစ်ဆင့်  ၎င်းက လုံချန်လေ့ကျင့်ပျိုးထောင်ပေးထားသော အရိပ်တစ်ယောက်ဖြစ်ကြောင်း

သိသာစွာမြင်နိုင်သည်ဖြစ်သည်။

လုံချန်တစ်ယောက်ထီးနန်းမွေအား

ဆက်ခံပြီးသည့်နောက်တွင် အမှောင်အရိပ်တို့အား ပျိုးထောင်ပေးခြင်းကို လက်လျော့ခဲ့ပေ။ပြောရလျှင်  ယခင်ကနှင့်နှိုင်းယှဉ်လိုက်လျှင် သူက အမှောင်အရိပ်အဖွဲ့အစည်းအပေါ်၌ ပို၍ပင်  အားထုတ်မှုတို့ပြုခဲ့သည်ဖြစ်သည်။

“ဟုတ်ကဲ့”

အရိပ်က အသံနိမ့်ဖြင့်ပြောလိုက်သည်။ ထို့နောက်သူက ဖျက်ခနဲဆိုသလိုပျောက်ကွယ်သွားခဲ့သည်။

“သွားစို့”

ရှစ်ဖုန့်က လုံချန်အားပြောလိုက်သည်။

“ကောင်းပြီ”

လုံချန်က ခေါင်းညိမ့်လိုက်သည်။ စစ်နတ်ဘုရားဗိမာန်မှလမ်း

လျှောက်ထွက်လာပြီးသည့်နောက်တွင်  လုံချန်က သူ၏စိတ်အားအသုံးပြုလိုက်သည်။ ရုတ်တရက် ရွှေနဂါး ဖောင်းကြွရုပ်များဖြင့်  ဇိမ်ခံ ရွှေနဂါး ရထားလုံးတစ်စီးက ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။

ဤရွှေနဂါး ရထားလုံးအား ခံ့ညားသော  ရွှေရောင်တောင်ပံများနှင့်  ရွှေနဂါးမြင်းလေးကောင်က ဆွဲထားသည်ဖြစ်သည်။

လုံချန်ကဟင်းလင်းပြင်ထဲမှ ကဆုန်ပေါက်ပြေးလွှားကာထိုးဆင်းလာသ‌ော ရွှေနဂါး ရထားအား ထိုးညွှန်ပြပြီးပြုံး၍ ပြောလိုက်သည်။

“ဒီနဂါးစစ်ရထားက  လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ရွှေလအင်ပါယာဘုရင်က လက်ဆောင်ပဏ္ဏာအဖြစ်ဆက်သခဲ့တာ  ဒီရွှေနဂါးမြင်းတွေကလည်းရှားပါးတဲ့ သားပေါက်တွေပဲ”

လုံချန်၏  မျက်နှာထားနှင့်လေသံအရ သူ့အနေဖြင့် နဂါးစစ်ရထားနှင့် ရွှေနဂါးမြင်းလေးကောင်အား အရမ်းကြိုက်နှစ်သက်ကြောင်းကို  မြင်နိုင်သည်ဖြစ်သည်။

နဂါးစစ်ရထားအားဆွဲလာသော ရွှေနဂါးမြင်းလေးကောင်က စစ်နတ်ဘုရားဗိမာန်၏ရှေ့တွင်ရပ်လိုက်သည်။ လုံချန်က လက်ဟန်ခြေဟန်ဖြင့် ရှစ်ဖုန့်အား ဖိတ်ခေါ်လိုက်သည်။ ရှစ်ဖုန့်က ခေါင်းဆတ်ပြလိုက်ပြီး   ရွှေနဂါး စစ်ရထားလုံးထံသို့လျှောက်သွားလိုက်သည်။ လုံချန်က သူ့နောက်မှလိုက်ပါလိုက်သည်။

ရွှေနဂါးရထားလုံးအတွင်းသူတို့

သေချာစွာထိုင်ပြီးသည့်နောက်တွင် လုံချန်က နောက်ထပ်အတွေးတစ်ချက်ဖြင့် ရွှေနဂါးမြင်းလေးကောင်အား မောင်းနှင်လိုက်ပြီး ရွှေနဂါးရထားလုံးအားကောင်းကင်ထဲသို့မောင်းနှင်စေလိုက်သည်။ ထို့နောက် ၎င်းတို့က  နန်းတော်ထဲမှပျံသန်းထွက်ခွာလိုက်ပြီး   အင်ပါယာမြို့တော်အတွင်းရှိ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ရှိရာ  အခြားသောနေရာဆီသို့ ပျံသန်းသွားကြသည်။  ၎င်းက မူလယွင်လိုင်အင်ပါယာအတွင်းရှိ ပို့ဆောင်ဆက်သွယ်ရေး အစီအရင်ဖြင့် ဆက်သွယ်ထားသောနေရာပင်ဖြစ်သည်။

အချိန်ခဏကြာအောင်ပျံသန်းပြီး

သည့်နောက်တွင် ရွှေရောင်ရထားလုံးက  ဆင်းသက်လိုက်သည်။ ရှစ်ဖုန့်နှင့်လုံချန်တို့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပလ္လင်ရှိရာသို့ရောက်သောအခါတွင်  ပလ္လင်ပြင်ပတွင်ရှိနေသော အစောင့်အကြပ်များမှာ ရှစ်ဖုန့်နှင့်လုံချန်တို့အားမြင်တွေ့

လိုက်ကြရသည်။ သူတို့က အလျှင်အမြန်ဒူးထောက်လိုက်ကြပြီး ပြောလိုက်သည်။

“ကြိုဆိုပါတယ် အရှင်မင်းကြီး..ကြိုဆိုပါတယ် စစ်နတ်ဘုရား”

“အရမ်းကြီးယဉ်ကျေးနေဖို့မလိုဘူး ထကြ”

လုံချန်က သူ၏လက်အားဝေ့ယမ်း၍ ပြောလိုက်သည်။ ထို့နောက်သူက ရှစ်ဖုန့်နှင့်အတူ အထဲသို့တည့်တည့်လျှောက်လှမ်း

၍ဝင်သွားသည်။ ရှေးကျပြီးညှိုးငယ်ဖွယ်ဖြစ်သော

သံပြိုင်ဟစ်ကြွေးသံလှိုင်းတို့က  ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပလ္လင်ထံမှထွက်ပေါ်လာသည်။

လုံချန်နှင့်ရှစ်ဖုန့်တို့ရောက်ရှိသောအခါတွင်  အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ သဘာပတိဖြစ်သူချင်ယွမ်က ကြီးမားသော ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပလ္လင်၏ ပတ်လည်တွင် အဂ္ဂရိတ်သန့်စင်သူဆရာသခင်အဖွဲ့အား ဦးဆောင်နေသည်ကိုတွေ့လိုက်ရသည်။

သူတို့က သံပြိုင်ရွတ်ဆိုမှုများပြုလုပ်၍ ဆီးလ်တံဆိပ်လက်သင်္ကေတများ

ကိုဖော်ဆောင်နေကြသည်။သူတို့က ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပလ္လင်ထက်တွင် အင်းစာလုံးများကို စတင်ထွင်းထုနေကြသည်။ ထူးဆန်းပြီးတွန့်လိမ်နေသော အင်းစာလုံးများက ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်ပေါ်တွင် သိပ်သည်းစွာပေါ်လာသည်။

အချိန်တစ်ချို့ကြာမြင့်ပြီးသည့်နောက်တွင် ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပလ္လင်၌ အင်းစာလုံးများထွင်းထု၍ ပြီးစီးသွားပြီး  အဂ္ဂရိတ်သန့်စင်ဆရာသခင်များက သံပြိုင်ရွတ်ဆိုခြင်းအားရပ်တန့်လိုက်ကြကာ လက်သင်္ကေတများအား ဖယ်ခွာလိုက်ကြသည်။သူက တည်ငြိမ်စွာပြောလိုက်သည်။

“မင်းတို့အားလုံးနောက်ကိုဆုတ်ကြ”

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters