အပိုင်း(၃၅၅)
Vol. 24 Ch. 355
အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံး၏ သဘာပတိဖြစ်သူ ချင်ယွမ်၌ ခံ့ညားပြီး အေးဆေးတည်ငြိမ်သော အသွင်အပြင်တို့ရှိနေသည်။ချင်ယွမ်၏ အမိန့်ပေးညွှန်ကြားပေးမှုအောက်တွင် အခြားသော အဖြူရောင်ဝတ်အဂ္ဂရိတ်သန့်စင်
ဆရာသခင်များက စက်ဝိုင်းသဏ္ဍန် ပလ္လင်၏အနားစပ်နားမှ ဆုတ်ခွာလိုက်ကြသည်။ထို့နောက် ချင်ယွမ်က သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးအတွင်း ခရမ်းရောင်မီးလုံးတစ်ခုက တောက်လောင်လာသည်။
ခရမ်းရောင်မီးတောက်မှထုတ်လွှတ်နေသော စွမ်းအင်မှတစ်ဆင့် ၎င်းက အဆင့်ခြောက် မီးတောက်တစ်ခုဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံနိုင်သည်ဖြစ်သည်။
၎င်းသည် အဆင့်ခြောက် နတ်ဆိုးသားရဲမီးတောက်တစ်
ခုဖြစ်လိမ့်မည်ဖြစ်သည်။
ချင်ယွမ်က အဆင့်ငါး အဂ္ဂရိတ်သန့်စင်ဆရာသခင်
တစ်ယောက်ဖြစ်သည်။ သူ၏ပုံရိပ်အဆင့်အတန်းနှင့်အတူ
သူ့အနေဖြင့် အဆင့်ခြောက်နတ်ဆိုးသားရဲ
တစ်ခုအားပိုင်ဆိုင်ထားခြင်းက အထူးအဆန်းတော့မဟုတ်ပေ။ မြေမီးတောက်နှင့်ကောင်းကင်မီးတောက်တို့ကတော့ ကံကောင်းမှသာ မမျှော်လင့်ဘဲတွေ့ဆုံနိုင်သော
မီးတောက်များဖြစ်ကြသည်။
ချင်ယွမ်၏ လက်ဖဝါးအတွင်း၌ ခရမ်းရောင်မီးတောက်ပေါ်လာသောအချိန်တွင် ၎င်းက သူ့အောက်ရှိစက်ဝိုင်းသဏ္ဍန် ပလ္လင်ထံသို့ ရုတ်ခြည်းလောင်ကျွမ်းသွားစေသည်။ ရုတ်တရက် ခရမ်းရောင်နတ်ဆိုးသားရဲမီးတောက် က စက်ဝိုင်းသဏ္ဍန် ပလ္လင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ချင်ယွမ်ပင်လျှင် သူ၏ ကိုယ်ပိုင် ခရမ်းရောင်မီးတောက်တို့၏ လွှမ်းခြုံခြင်းကိုခုံလိုက်ရသည်။
ထူးဆန်းပြီး တွန့်လိမ်နေသော အင်းစာလုံးတန်းလေးများက ခရမ်းရောင်မီးတောက်အတွင် ဝင်ချည်ထွက်ချည်တောက်ပလင်း
လက်နေသည်။ ချင်ယွမ်က ပို့ဆောင်ဆက်သွယ်ရေးပလ္လင်အား သန့်စင်ရန်အတွက် ခရမ်းရောင်မီး
တောက်အား စတင်၍ အသုံးပြုခဲ့သည်။
သူက အဂ္ဂရိတ်သန့်စင် ပညာရပ်အား အသက်သွင်းအသုံးပြုခဲ့ပြီး ၎င်းအား အသက်သွင်းခဲ့သည်။သူက အဂ္ဂရိတ်သန့်စင် ပညရပ်များကို ယခင်ယွင်လိုင်အင်ပါယာနှင့်
ဆက်သွယ်နေသော အာကာသဥမှင်လမ်းကြောင်းအားဖွင့်ရန် အသုံးပြုခဲ့သည်။
ပြောရလျှင် ယခင်ယွင်လိုင်အင်ပါယာက ယခင် ထျန်းမြောင်အင်ပါယာ၏ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သော်လည်း များစွာ အလှမ်းဝေးကွာသည်ဖြစ်သည်။
အာကာသ ဥမှင်အား ဖွင့်လှစ်ရန်အတွက် အချိန်နှင့် အားစိုက်ထုတ်မှုတို့အား ပိုမို၍ သေချာပေါက်လိုအပ်လိမ့်မည်ဖြစ်သည်။
ယင်းက ယခင်ထျန်းမြောင်အင်ပါယာ
အတွင်းရှိနေသော မြို့များကြားရှိအကွာအဝေးနှင့်သွားနှိုင်းယှဉ်၍ မရနိုင်ပေ။ ဖြည်းဖြည်းချင်း ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်အား လောင်ကျွမ်းနေသော ခရမ်းရောင်မီးတောက်တို့မှာ အားနည်းလာသည်။
ဤအချိန်တွင် အစောပိုင်းက နောက်သို့ဆုတ်ခွာလိုက်ကြသော အဂ္ဂရိတ်သန့်စင်ဆရာသခင်များမှာ ချက်ချင်းအရောင်အသွေးစုံလင်သော မီးလုံးများကို ထွန်းညှိလိုက်ကြပြီး ခရမ်းရောင်မီးတောက်ထံသို့ ဦးတည်စေလိုက်သည်။
မတူညီသော အဆင့်နှင့် အရောင်အသွေးစုံလင်သော မီးလုံးများ၏ သက်ရောက်မှုအောက်တွင် ခရမ်းရောင်မီးတောက်တို့မှာ ဆီနှင့်သွန်းလောင်းခြင်းခံလိုက်ရသကဲ့သို့ ရုတ်ခြည်းကြီးထွားလာသည်။
ချစ်ချစ်တောက်ဟုန်းခနဲ
တောက်လောင်နေသောခရမ်း
ရောင်မီးတောက်တို့က ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
ခရမ်းရောင်းမီးတောက်တို့ထံမ
ှချင်ယွမ်၏ခံ့ညားပြီး တည်ကြည်လေးနက်သော အသံကထွက်ပေါ်လာသည်။
“ဒီတစ်ကြိမ်မှာ ယွင်လိုင်အင်ပါယာထဲမှာ ရှိတဲ့ ပို့ဆောင်ဆက်သွယ်ရေးပလ္လင်နဲ့ဆက်သွယ်ဖို့ အာကာသဥမှင်ကိုဖွင့်ဖို့ အတွက် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို အသက်သွင်းမယ်.. အကွာ အဝေးက တော်တော်လေးကိုလှမ်းပြီးတော့ ခက်ခဲတယ်ဆိုပေမဲ့ ဒါက အရှင်ရှစ်ဖုန့်ရဲ့တောင်းဆိုချက်တစ်ခုပဲ…
အားလုံးပဲ ထိန်းထားကြ ငါတို့တွေက ကျရှုံးလို့မဖြစ်ဖူး”
“ဟုတ်ကဲ့”
ထို့နောက် အဂ္ဂရိတ်သန့်စင်ဆရာသခင်များက ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။
“အရှင်စစ်နတ်ဘုရားက တကယ်ကို သာမန်ထက်ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ..
အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးက သဘာပတိဖြစ်သူကတောင်သူ့ကို အရှင်လို့တပ်ပြီးခေါ်ရတယ်”
“ဟုတ်တယ် အရှင်စစ်နတ်ဘုရားရဲ့ ဂုဏ်သတင်းက အရမ်းကို အံ့ချီးလောက်စရာပဲ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးကတောင် လျစ််လျူရှုမထားနိုင်ဘူး”
ရွှေရောင်ချပ်ဝတ်စစ်သည်များမှာချင်ယွမ်၏ အော်သံအားကြားလိုက်ရသောအခါတွင် သူ့ဘေးတွင်ရှိနေသောသူတို့အား တီးတိုးပြောလိုက်ကြသည်။ သို့သော် ယွင်လိုင်အင်ပါယာ၏ စစ်သည်များဖြစ်သည့်အနေဖြင့် သူတို့၏ မျက်နှာထက်တွင် ဝင့်ကြွားသောအမူအယာများရှိနေသည်။
“ဒီမွန်းစတားက အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံးကိုတောင် သိမ်းပိုက်စိုးမိုးနိုင်တယ်..”
လုံချန်က သူ့ဟာသူတွေးလိုက်သည်။သူက လှည့်လိုက်၍သူ့ဘေးတွင်ရှိနေသော အေးဆေးတည်ငြိမ်သည့် မျက်နှာထားဖြင့်ရှစ်ဖုန့်အား ကြည့်လိုက်သည်။
ရှစ်ဖုန့်နှင့်သူစတွေ့မိသော
အချိန်အားတွေးမိသောအခါတွင် ၎င်းက စိတ်ဝိညာဉ်နယ်ပယ်တွင်ရှိနေသည့် သေးငယ်သောမြို့လေးတစ်ခုမှ မိသားစုသေးလေးတစ်ခု၏
ခေါင်းဆောင်ဖြစ်သူနှင့် တိုက်ခိုက်နေခဲ့သည်ဖြစ်သည်။ တစ်နှစ်ခွဲဆိုသောအချိန်အတွင်း
၎င်းအနေဖြင့် ယနေ့ကဲ့သို့သောခွန်အားစွမ်း
ပကားမျိုးရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ထျန်းဟန်တိုက်ကြီးပေါ်တွင်
သူကဲ့သို့သောလူမျိုးများက အနည်းငယ်သာရှိနိုင်သည် သို့မဟုတ် ဤနှစ်ထောင်ပေါင်းများစွာအတွင်းတွင်မှ သူတို့ထဲက အနည်းငယ်တောင်ရှိနေနိုင်ခြင်း
ဖြစ်ကောင်းဖြစ်နေနိုင်မည်လော။
ဤမိစ္ဆာကြယ်က မကြာခင်တွင် အင်ပါယာမှ ထွက်ခွာသွားတော့မည်ဖြစ်သည်ကို လုံချန်သဘောပေါက်ထားပြီးဖြစ်သည်။ ရှစ်ဖုန့်က သူ့အနေဖြင့် ကျယ်ပြန့်သောကောင်းကင်ပြင်နှင့် သိုင်းပညာ၏ အထွတ်အထိပ်လမ်းစဉ်ကိုလျှောက်
လှမ်းဖို့ရည်ရွယ်ထားသည်ဟု လုံချန်အား ပြောဖူးသည်ဖြစ်သည်။အနာဂတ်၌ ဤမွန်းစတားအနေဖြင့် မည်ကဲ့သို့သော ကြီးမားသည့်ပုံရိပ်တစ်ခုဖြစ်လာ
မည်ဆိုသည်အား သူသိချင်မိသည်။
ရှစ်ဖုန့်၏တစ်လှမ်းချင်းပြသခဲ့သော
အံ့ဖွယ်ပြာဋိဟာ တို့အား မျက်မြင်တွေ့ခဲ့ရသူလုံချန်မှာ တစ်နေ့၌ ဤမွန်းစတားရှစ်ဖုန့်၏နမည်မှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးအား အံ့ချီးဖွယ်ဖြတ်သန်းပျံ့နှံ့သွားမည်ဟု လုံချန်ယုံကြည်မိသည်။
အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံး၏ အဂ္ဂရိတ်သန့်စင်သူများမှာ နောက်ဆုံးခြေလှမ်းဖြစ်သော သွန်းလုပ်ခြင်းနှင့်မီးတောက် အသက်သွင်းခြင်းတို့အား ပြုလုပ်ရန်အတွက် တစ်ညတာလုံးအချိန်ကိုသုံးစွဲခဲ့ရသည်။
ဒုတိယနေ့၏ အာရုံဦးအချိန်ရောက်မှသာ တစ်ဟုန်းဟုန်းတောက်လောင်
နေသောမီးတောက်တို့က ဖြည်းဖြည်းချင်းအရှိန်လျော့ကျလာပြီး ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် ပို့ဆောင်ဆက်သွယ်ရေးပလ္လင်တစ်ခုလုံးမှာ အောင်မြင်စွာဖြင့် အသက်သွင်းခဲ့ပြီးဖြစ်ပြီး အဖြူရောင်အလင်းတစ်ခုအား ထုတ်လွှတ်နေသည်။
ဤအချိန်၌ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းအရုံး၏ အဂ္ဂရိတန်သန့်စင်သူများအားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြသည်။
အထူးသဖြင့်ချင်ယွမ်ပင်ဖြစ်သည်။ သူ၏မျက်လုံးတို့က မှောင်မိုက်နေပြီး ပို့ဆောင်ဆက်သွယ်ရေးပလ္လင်
ထက်တွင်ထိုင်ချကာ ပြင်းပြင်းထန်ထန်ကိုဟောဟဲစိုက်နေသည်။
သူကသူ၏သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးများကိုထုတ်ယူလိုက်ပြီး
၎င်းတို့အား ဝါးမျိုလိုက်သည်။
ထို့နောက်တွင် ဝမ်းမြောက်ကျေနပ်သော
အပြုံးတစ်ခုက ချင်ယွမ်၏ ပင်ပန်းနွမ်းနယ်သောမျက်နှာ
ထက်တွင်ပေါ်လာသည်။
ချင်ယွမ်တစ်ယောက်များပြားလှသော သက်စောင့်ဆေးများအား စားသုံးပြီးသည့်နောက်တွင် သူ၏ပင်ပန်းနွမ်းနယ်နေသော မျက်နှာမှာ ဖြည်းဖြည်းချင်း ပြန်လည်၍ နလန်ထူလာသည်။သူကထရပ်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသော ပလ္လင်၏အစွန်းဆီသို့ လျှောက်လှမ်းလာသည်။သူက
သိပ်မဝေးသောနေရာတွင်ရှိ
နေသောရှစ်ဖုန့်အားကြည့်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။
“အရှင်ရှစ်ဖုန့် ကျုပ်အရှင့်ကို စိတ်မပျက်စေခဲ့ရပါဘူး…
ယွင်လိုင်အင်ပါယာကိုသွားမဲ့ပို့ဆောင်ဆက်သွယ်ရေး အစီအရင်ပလ္လင်ကို အောင်မြင်စွာအသက်သွင်းပြီးပါပြီ…ဒါက ယွင်လိုင်အင်ပါယာအတွင်းမှာရှိတဲ့ ပို့ဆောင်ဆက်သွယ်ရေးပလ္လင်
နဲ့ဆက်သွယ်ထားပြီး အခုပဲအသုံးပြုနိုင်ပါပြီ”
“အရမ်းကောင်းတယ်”
ရှစ်ဖုန့်က ခေါင်းညိမ့်ပြီး ပို့ဆောင်ဆက်သွယ်ရေးပလ္လင်
ထံသို့လျှောက်လှမ်းသွားလိုက်သည်။ သူကပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ကြိုးစားအား
ထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်…ဒီသခင်လေးဒီကူညီပေးမှုကို မှတ်ထားမယ်”
“ကျွန်ုပ်တို့မခံယူရဲပါဘူး”
အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှဆရာသခင်များက ရှစ်ဖုန့်အား အလျှင်အမြန်ပြောလိုက်သည်။
ချင်ယွမ်က ရှစ်ဖုန့်အားပြောလိုက်သည်။
“အရှင်ရှစ်ဖုန့် ကျုပ် တို့တွေက ယွင်လိုင်အင်ပါယာဆီကိုသွားတဲ့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို ဖွင့်ခဲ့ပေမဲ့ ယခင်ယွင်လိုင်အင်ပါယာနဲ့ဆက်သွယ်ထားတဲ့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်က အောင်မြင်စွာ အသက်မသွင်းရသေးဘူးဆိုတာကို ကျုပ်အာရုံခံမိတယ်..ဒီကနေ
ယွင်လိုင်အင်ပါယာကို ကျုပ်တို့တွေပို့ဆောင်ပေးနိုင်ပေမဲ့ အဲ့ကနေတော့ ဒီဘက်ကိုပြန်ပီးတော့ပို့ဆောင်မပေးနိုင်ပါဘူး”
“ဒီသခင်လေးနားလည်ပြီ”
ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
ယွင်လိုင်အင်ပါယာ၏ မူလ ပလ္လင်က ဤပလ္လင်ကဲ့သို့တူညီသော အာကာသ အနက်ရောင်ကျောက်တုံးအား အရည်ကျိုကာတည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် လည်း ပို့ဆောင်ဆက်သွယ်ရေး အစီအရင်နှစ်ခုက ဆက်သွယ်မိပြီး တစ်ခုနှင့်တစ်ခု အာရုံခံစားမှုရှိခြင်းဖြစ်သည်။ ယခု ဤတစ်ခုအား အောင်မြင်စွာအသက်သွင်းပြီး ပို့ဆောင်ဆက်သွယ်ရေးအတွက်
အသုံးပြုနိုင်ပြီဖြစ်သောကြောင့် အခြားသော တစ်ဖက်တွင်ရှိနေသော ပလ္လင်ကိုလည်း အသက်သွင်းရမည်ဖြစ်သည်။
“ဒါဆိုလည်း ခင်ဗျားတို့တွေ ဒီသခင်လေးနဲ့အတူ ယခင်ယွင်လိုင်အင်ပါယာကိုလိုက်ခဲ့ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်နှစ်ခုကို လုံးဝချိတ်ဆက်သွားအောင်လုပ်ဆောင်ဖို့ ဒုက္ခခံခိုင်းရတော့မှာပဲ”
ရှစ်ဖုန့်က ချင်ယွမ်အားပြောလိုက်သည်။
“ဒါပေါ့”
ချင်ယွမ်ကခေါင်းညိမ့်ပြီးသဘောတူလိုက်သည်။အားလုံးထက်ဤလူငယ်တွင် ဆန်းကြယ်သောသရုပ်မှန်တစ်ခုရှိ
သည်ဖြစ်သည်။ချင်ယွမ်နှင့် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
အစည်းရုံးမှ အဂ္ဂရိတ်သန့်စင်
ဆရာသခင်များက သူ့အား အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းရုံးမှ အကောင်ကြီးကြီးတစ်ဦး၏သားသို့မဟုတ် တရားမဝင်ကလေးတစ်ယောက်အဖြစ် ယူဆဆုံးဖြတ်ထားကြပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သာမန်မဟုတ်ပဲ ရိုးရှင်းမှုမရှိပေ။
ထို့နောက်ရှစ်ဖုန့် က လှုပ်ရှားလိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးပလ္လင်
ပေါ်သို့ခုန်တက်လိုက်သည်။ ထို့နောက်တွင် အဂ္ဂရိတ်သန့်စင်သူများကလည်း နောက်မှလိုက်ပါ၍ ပလ္လင်ပေါ်သို့ခုန်တက်လိုက်သည်။
“ကမ္ဘာဦးကျောက်တုံးတွေကို ထည့်ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်”
ရှစ်ဖုန့်နှင့် အဂ္ဂရိတ်သန့်စင်သူများ လှုပ်ရှားလိုက်သည်ကိုတွေ့
လိုက်ရသောအခါတွင်လုံချန်က ပလ္လင်အားစောင့်ကြပ်နေကြသော
အစောင့်အကြပ်များအား အလျှင်အမြန်အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ရွှေရောင်ချပ်ဝတ်အစောင့်များက ပြိုင်တူတုံ့ပြန်လိုက်ကြသည်။
ထို့နောက်သူတို့က စနစ်တကျ စတင်လုပ်ဆောင်လိုက်ကြသည်။သူတို့က ပို့ဆောင်ဆက်သွယ်ရေးပလ္လင်၏ မျော့ကြောင်းအတွင်းသို့ ကမ္ဘာဦးကျောက်တုံးများအား ဆက်လက်၍သွန်းလောင်းနေကြပြီး ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အား အသက်သွင်းလိုက်ကြသည်။
ခဏအကြာတွင် ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်ထက်၌ ရပ်နေကြသော
ပုံရိပ်များနှင့်အတူ အားကောင်းသော အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်ကို မြင်တွေ့လိုက်ရသည်။ အဖြူရောင်အလင်းကရှစ်ဖုန့်နှင့် ဒါဇင်ပေါင်းများစွာသော အဂ္ဂရိတ်သန့်စင်သူများအား သယ်ဆောင်သွားပြီး ပို့ဆောင်ဆက်သွယ်ရေးပလ္လင်ထက်မှ ရုတ်ခြည်းဆိုသလိုပျောက်ကွယ်သွားကြသည်။ ပလ္လင်ထက်တွင် ရုတ်ခြည်းဗလာနတ္ထိဖြစ်သွားသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE