← Chapters

ယုတ်မာသောစိတ်များ

Vol. 107 Ch. 1485

ယုတ်မာသောစိတ်များ

Vol. 107 Ch. 1485

“နဝမဂိုဏ်းကပါ” ဖန်မုက တာအိုသခင်လေးယောက်ကို လှမ်းကြည့်ရင်း ဖြေသည်။

တစ်ယောက်မှ စကားတစ်ခွန်းပင် မတုံ့ပြန်ကြပေ။ ဖန်မုကလည်း အာကာပြင်ကျယ်ကျောင်းတော်မှဖြစ်သည်ကို ကြားပြီးနောက် သူတို့၏စိတ်ဝင်စားမှုများ လျော့ကျသွားသည်။ တစ်ခါတရံ အာကာပြင်ကျယ်ကျောင်းတော်၏ အဖွဲ့အစည်းအမျိုးမျိုးအကြား အကောက်ကြံချောက်ချမှုများနှင့် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်မှုများပင် ဖြစ်ပွားတတ်သည်။ သို့သော် အများစုသည် နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲသို့ ထိုရန်ငြိုးရန်စများကို ယူဆောင်သွားလိုစိတ်မရှိကြပေ။ ရန်သူကို အကောက်ကြုံရင်း မိမိကိုယ်တိုင်ကိုလည်း ထိခိုက်စေနိုင်သည်မဟုတ်ပါလော။

တာအိုသခင်လေးဦးက ဖန်မုကို လျစ်လျူရှုလိုက်သလို၊ ဖန်မုကလည်း သူတို့ကို အဖက်မလုပ်ပေ။ သူသည် သူတို့နှင့်တစ်တန်းတည်းသို့ ရောက်သည့်တိုင်အောင် လျှောက်လာ၏။ ထို့နောက် ထိုနေရာတွင် ရပ်ကာ အရှေ့ရှိ ဧရိယာကို ကြည့်သည်။

သိသာစွာပင် ဤလူလေးယောက်သည် အကြောင်းရင်းတစ်ခုကြောင့် ဤနေရာတွင် ထိုင်နေခြင်းဖြစ်ပြီး အဆိုပါအကြောင်းရင်းက ဘာလဲ ဖန်မု ကောင်းကောင်းသိ၏။

“တာအိုသခင်တွေတောင်မှ ဒီအမှတ်ကို မကျော်ရဲဘူးလား” သူက တွေးသည်။ စောစောက တာအိုသခင်များသည် တတိယပြစ်ဒဏ်ဟူ၍ ပြောခဲ့၏။ သို့ဖြစ်လျှင် သူ သုံးနှစ်ကြာတိုင်း ဝင်ရောက်ခဲ့သော မတူညီသည့်ဧရိယာများမှာ ဤလူများပြောသည့် ပြစ်ဒဏ်များ ဖြစ်လိမ့်မည်။

“ပထမပြစ်ဒဏ်က ဆယ်ဆ၊ ဒုတိယပြစ်ဒဏ်က အဆနှစ်ဆယ်၊ တတိယပြစ်ဒဏ်က အဆငါးဆယ်။ ဆိုတော့ ဒီလေးခုမြောက်ပြစ်ဒဏ်က အဆတစ်ရာများလား” ဖန်မု ရပ်တွေးနေစဉ် သူ့ကို ဘယ်သူဘယ်ဝါလဲ မေးခဲ့သော တာအိုသခင်က မျက်လုံးများဖွင့်လိုက်သည်။

“စတုတ္ထပြစ်ဒဏ်က အဆတစ်ရာ ဖိအားများတယ်” သူက ပြောသည်။ “သတိထား ကလေး။ မင်း ဒီကို ဘယ်လိုရောက်လာလဲတော့ ငါ မသိပေမယ့် .... အနှစ်သာရ ၄ ခု အဆင့်ကျင့်ကြံခြင်းအခြေခံမရှိဘဲ ဒီဧရိယာကို ဝင်သွားရင်တော့ သေချာပေါက် အသတ်ခံရလိမ့််မယ်”

ဖန်မုက တာအိုသခင်ဘက်လှည့်၍ လက်ယှက်အရိုသေပေးကာ ကျေးဇူးတင်ကြောင်းပြသသည်။ ထို့နောက် သူသည် ပြန်လှည့်သွားပြီး အသက်ပြင်းပြင်းရှူ၍ ရှေ့တစ်လှမ်းတက်လိုက်၏။

“သေချင်နေတာလားဟ” ဖန်မု ခြေတစ်လှမ်းလှမ်းလိုက်စဉ် ယင်းက တာအိုသခင်လေးဦး တအံ့တဩ တွေးနေသောအရာ ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။

ချက်ချင်းဆိုသလို ဖန်မု၏ခြေနှစ်ချောင်းလုံး စိစိညက်ညက်ကြေသွား၏။ သူ၏ကိုယ်တစ်ဝက်လည်း ဖျက်စီးခံလိုက်ရသည်။ လက်မောင်းနှစ်ဖက်မှာတော့ သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ခန္ဓာကိုယ်မှာ အဆတစ်ရာဖိအားကြောင့် စုတ်ပြတ်သပ်လာ‌လေပြီ။

နောက်ဆုံးတော့ သူ့တွင် ခေါင်းနှင့် ဝိညာဉ်မီးအိမ် ၁၀၈ လုံးသာ ကျန်ရှိတော့သည်။ ထိုဝိညာဉ်မီးအိမ်များအနက် သုံးလုံးက လင်းနေပြီး ကျန်အလုံးများကတော့ ငြိမ်းနေသည်။

ခေါင်းသာကျန်တော့သော်လည်း ဖန်မုသည် ဟိန်းဟောက်လိုက်ရာ သွေးကြောပြာကြီးများ သူ၏ဦးရေပြားပေါ်တွင် ထောင်လာ၏။ ထို့နောက် သူ၏ဝိညာဉ်မီးအိမ်များမှာ တုန်ခါစပြုလာပြီး ကျန်သုံးလုံးအနက် တစ်လုံးက ရုတ်တရက် မည်းမှောင်သွားလေသည်။

မီးအိမ် မီးငြိမ်းသွားပြီးနောက်တွင် တဖွေးဖွေးလှုပ်နေသော သွေးမြူသည် ခန္ဓာကိုယ်တစ်ကိုယ်အဖြစ် ပြန်စုစည်းသွား၏။ ၎င်းတွင် ဒဏ်ရာဒဏ်ချက်များ ဖုံးနေသော်လည်း ဖန်မုမှာ အသက်ပြင်းပြင်းတစ်ချက်ရှူကာ သွေးတစ်ပွက်အန်၍ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။

အဆတစ်ရာဖိအားသည် သူ တင်ပျဉ်ခွေထိုင်ဖို့ ရုန်းကန်နေစဉ် ဆက်တိုက်ဖိနှိပ်နေ၏။ တင်ပျဉ်ခွေထိုင်ပြီးနောက် သူသည် မျက်လုံးများကို ပိတ်၍ ကျင့်ကြံခြင်းအခြေခံနှင့် မီးငြိမ်းဝိညာဉ်မီးအိမ်မှာ အသက်စွမ်းအားကို လှည့်ပတ်ရင်း ဖိအားကို ပြန်တိုက်ခိုက်နေသည်။

“မဖြစ်နိုင်တာ” တခြားတစ်ဖက်ရှိ တာအိုသခင်လေးဦးလုံး မယုံကြည်နိုင်သောအမူအရာများဖြင့် ထရပ်လိုက်ကြသည်။ သူတို့အားလုံး အသက်မနည်းရှူနေရပြီး သူတို့၏မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားတမျှ ပြူးကျယ်နေကြလေသည်။

“သူ .. သူ တကယ်ကြီး တောင့်ခံနေတာပဲ”

“အနှစ်သာရ ၄ ခုကျင့်ကြံသူတွေပဲ စတုတ္ထပြစ်ဒဏ်ထဲ ဝင်ရောက်နိုင်တာမဟုတ်လား။ ငါတို့တောင် အဲဒီကို မဝင်နိုင်ဘူးလေ”

“လွန်ခဲ့သောသုံးနှစ်တုန်းက သတ္တမဂိုဏ်းက တာအိုသခင်မီးတောက် အဲဒီအထဲ ဝင်လိုက်တုန်းက ချက်ချင်း အသတ်ခံလိုက်ရတာ ငါ မှတ်မိပါတယ်... “ သူတို့မှာ ဖန်မုကို စိုက်ကြည့်လျက် ချာချာလည်မူးဝေနေကြသည်။

တခဏကြာသော် တစ်ယောက်က ရုတ်တရက် ခပ်တိုးတိုး ပြောသည်။ “စောစောက ငါပဲ အမြင်မှားတာလား သူ့မှာ တကယ်ပဲဝိညာဉ်မီးအိမ် ၁၀၈ လုံး ရှိနေတာလား”

ကျန်သုံးယောက် ဘုရားတမိသွားသည်။ စောစောက သူတို့သည် ဖန်မု အမှန်တကယ် ခြေတစ်လှမ်းလှမ်းခဲ့သည့်အချက်အပေါ် အာရုံရောက်နေခဲ့ကြ၍ ဝိညာဉ်မီးအိမ်များအား အာရုံမရှိခဲ့ကြပေ။ ယခုပြန်တွေးကြည့်သည့်အခါ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်မိလိုက်ကြ၏။

“ဒီလိုလူမဟုတ်တဲ့ အာဂကျင့်ကြံသူတစ်ယောက် ဂိုဏ်းမှာ ဘယ်တုန်းက ‌ပေါ်လာခဲ့တာပါလိမ့်”

“ငါ သတိထားမိတာမှန်ရင် သူ့မှာ မီးလင်းဝိညာဉ်မီးအိမ် နှစ်လုံးပဲ ရှိတော့တာလားလို့။ အဲဒီနောက်ဆုံးနှစ်လုံးကိုသာ ... သူ တကယ်ငြှိမ်းနိုင်ခဲ့ရင် ဘယ်လောက်တောင် အစွမ်းထက်လာလောက်မလဲ” တစ်စက္ကန်ကုန်ဆုံးသွားတိုင်း ဤလေးယောက်မှာ ပိုပို၍တုန်လှုပ်အံ့ဩလာကြ၏။

ရက်အနည်းငယ်ကြာသောအခါ လေးယောက်သား ခံစားချက်များရှုပ်ထွေးနေကြစဉ် ဖန်မုက မျက်လုံးများဖွင့်လိုက်သည်။ သူသည် အသက်ဝဝရှူပြီးနောက် ဖြည်းဖြည်းချင်း ထရပ်၏။ ခက်ခဲသော်လည်း ထရပ်ပြီးလျှင် သူက တာအိုသခင်လေးဦးအား အဖက်မလုပ်ဘဲ အံတင်းတင်းကြိတ်လျက် ‌ရှေ့ဆက်လျှောက်တော့သည်။

ဖန်မုသည် တရွေ့ရွေ့ ဆက်လျှောက်သွားရင်း ဝေးသထက်ဝေးလာခဲ့ကာ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေပြီ။ တာအိုသခင်များမှာ သူတို့ပင် မဝင်ရောက်နိုင်သော ပြစ်ဒဏ်ကို ဖြတ်၍ ဖန်မု လမ်းဆက်လျှောက်သွားသောမြင်ကွင်းကြောင့် လုံးလုံးလျားလျား တုန်လှုပ်နေ၍ တိတ်ဆိတ်စွာ ထိုင်ကျန်ခဲ့ကြသည်။

“မီးအိမ်နှစ်လုံးပဲ ကျန်တော့တယ်” ဖန်မုက တွေးသည်။ “နောက်ဆုံးနှစ်လုံး.. “ လေးပင်သောခြေထောက်များကို သယ်၍ တရွေ့ရွေ့လျှောက်နေစဉ် ဖန်မု၏အမြင်အာရုံမှာ ဝေဝါးနေသလို၊ အသက်ရှူသံများမှာလည်း ပြတ်တောင်းပြတ်တောင်းဖြစ်လာသည်။

“အဲဒီဝိညာဉ်မီးအိမ်နှစ်လုံးပြီးရင် တာအိုနယ်ပယ်ကို ငါ ဝင်ရောက်နိုင်ပြီ

“အဲဒီအခိုက်အတန့်မှာ ငါ့ရဲ့အနှစ်သာရကို ဖန်ဆင်းပြီး နဝမမန္တန်ကို ဖော်ဆောင်ဖို့ အနှစ်သာရစွမ်းအားကို အသုံးပြုနိုင်လိမ့်မယ်

“ငါ့ခန့်မှန်းချက်တွေ မှန်မမှန် သိရမယ့်အချိန်ကလည်း အဲဒီအချိန်ပဲ” အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် နဝမမန္တန်၏ ပထမချုပ်စည်းကောက်ကြောင်းကို ဖော်ဆောင်ခဲ့ပြီးနောက် ဖန်မုသည် ကိစ္စတစ်ရပ်ကို ခန့်မှန်းမိလာခဲ့၏။

ဤကိုယ်ပွားသည် သူ၏တစ်ဘဝတွင် ချုပ်စည်းတစ်စည်းကိုသာ ပြီးမြောက်နိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။ ကိုးခုအသာထား၊ နှစ်ခုပင် ပြီးမြောက်အောင် ဖော်ဆောင်နိုင်လောက်မည်မဟုတ်ပေ။

ကောင်းကင်ဘုံချုပ်နှောင်မန္တန်သည် အင်မတန် အစွမ်းကြီးမားလွန်းပြီး ကြီးကျယ်ခမ်းနားလွန်း၏။ ၎င်းက အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၌ တည်ပင်မတည်ရှိသင့်သော ချုပ်နှောင်မှော်အစွမ်းမျိုး ဖြစ်သည်။

ဖန်မုသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ရှေ့ဆက်လျှောက်နေ၏။ မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ကြာခဲ့လေပြီ။ သို့သော် အလွန်နှေးကွေးစွာ ရွေ့လျားနေခဲ့ပြီး မကြာခဏလည်း အနားယူခဲ့ရသဖြင့် ပဉ္စမပြစ်ဒဏ်ထံသို့ သူ မရောက်သေးပေ။

ငါးနှစ်ကြာသည့်အခါမှ ခပ်နှေးနှေးပြေးနိုင်သောအတိုင်းအတာသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်ရောက်မှ ပဉ္စမပြစ်ဒဏ်၏နယ်ပယ်ကို သူ လှမ်းမြင်လိုက်လေသည်။

ထိုနေရာတွင် ကျင့်ကြံသူများ ရှိနေသည်။

သူတို့နှစ်ယောက်သည် လမ်းပေါ်ရှိ တစ်နေရာတည်း၌ တင်ပျဉ်ခွေထိုင်နေကြ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် နှစ်ယောက်လုံးက အနှစ်သာရ ၄ ခုအဆင့် ကျင့်ကြံသူများဖြစ်ပြီး တစ်‌ယောက်က အနှစ်သာရ ၅ ခုအဆင့်မှ လက်တစ်ကမ်းသာ ကွာဝေးနေသော အနှစ်သာရ ၄ ခုအဆင့် အနက်ဝတ်နှင့်သက်လတ်ပိုင်းလူဖြစ်လေသည်။

နှစ်ယောက်လုံးသည် ဖန်မု၏ရောက်ရှိလာမှုကို သတိထားမိကြပြီး တစ်ယောက်က ဖန်မုကို ရန်စောင်ပင်ကြည့်နေသည်။

“နောက်ဆုံးတော့ တစ်ယောက်ရောက်လာပြီ... “ သက်လတ်ပိုင်းလူက ပြောသည်။ “ရှေးဟောင်းနယ်ပယ်.... ဝိုး ... စတုတ္ထပြစ်ဒဏ်ကို ကျော်ဖြတ်လာနိုင်တဲ့ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတဲ့။ ငါတို့အစီအစဉ်အတွက် ကွက်တိပဲ.. “ သိသိသာသာပင် ဤနေရာသို့ ရောက်လာသည့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတိုင်းက ဂိုဏ်းတွင် အလွန်အရေးပါလိမ့်မည်။ အနာဂတ်၏ ပါရာဂွန်တစ်ဦးပင် ဖြစ်နိုင်သည်။

ထို့ကြောင့် သက်လတ်ပိုင်းလူမှာ တခဏ တွန့်ဆုတ်သွားသည်။

ထိုအခိုက်အတန့်တွင် ဖန်မုက ခုန်၍ နယ်စပ်သို့ ချဉ်းကပ်လာလေပြီ။

သက်လတ်ပိုင်းလူနှင့် ကျန်အနှစ်သာရ ၄ ခု တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကြပြီး တစ်ယောက်မျက်လုံးထဲရှိ ခိုင်မာပြတ်သားမှုကို တစ်ယောက်မြင်လျှင် အံတင်းတင်းကြိတ်ကာ သံသယများကို ဘေးဖယ်လိုက်၏။

သူတို့က ပဉ္စမပြစ်ဒဏ်ထဲ ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သော ဖန်မုကို အေးစက်စွာ လှမ်းကြည့်ကြသည်။

ခက်ထန်သောအမူအရာနှင့် သက်လတ်ပိုင်းလူသည် သိပ်စိုးရိမ်ပုံမရသလို၊ ဖန်မုတွင် နောက်ဧရိယာထဲ ချက်ချင်း ဝင်ရောက်နိုင်သည့် သတ္တိရှိနေသည်ကိုလည်း သတိထားမိဟန်မတူ။

အံ့ဖွယ်စွမ်းအားနှင့်လူများသာ အနားမယူဘဲနေနိုင်မည်မဟုတ်ပါလော။

“ကောင်လေး ငါတို့အပေးအယူလုပ်ကြစို့လား...” သက်လတ်ပိုင်းလူက အေးစက်စက် ပြောသည်။

“မပူပါနဲ့” ကျန်တာအိုနယ်ပယ်ပညာရှင်က ပြောသည်။ “ငါတို့နှစ်ယောက် မင်းကို အန္တရာယ်မပြုပါဘူး။ မယုံနိုင်လောက်အောင် အသုံးဝင်တဲ့အချက်တစ်ချက် ပြောပြမလို့”

တစ်ယောက်မှ ဖန်မုရပ်နေသောနေရာကို အာရုံသိပ်မရှိကြပေ။ နောက်တစ်လှမ်းမလှမ်းခင် ဤနေရာတွင် လူတိုင်းအနားယူလိမ့်မည်ဟု သူတို့နှစ်ယောက်လုံး ထင်နေကြလေသည်။

သို့သော် စကားလုံးများ သူတို့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ဖန်မုသည် သူတို့ကို အရေးမစိုက်ဘဲ နောက်တစ်လှမ်းလှမ်းလိုက်၏။

“နေဦး”

“မင်းကို အဆုံးစီရင်နေတာလား” တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်မှာ လုံးလုံးလျားလျား အံ့အားသင့်သွား၍ စိုးရိမ်တကြီး ထရပ်လိုက်ကြသည်။ ဖန်မုမှာတော့ တစ်ကိုယ်လုံး တုန်ရီသွားလေသည်။

သူ့အပေါ် ဖိနှိပ်နေခဲ့သော ဖိအားသည် အဆတစ်ရာ့ငါးဆယ်သို့ တိုက်ရိုက်မြင့်တက်သွား၏....

သူ့ခန္ဓာကိုယ်မှာ ဖောင်းခနဲ ပေါက်ကွဲသွားပြီး ခေါင်းပင် မကျန်ခဲ့ပေ။ သူသည် သွေးမြူများအဖြစ် ပြိုကွဲသွားရာ တာအိုသခင်နှစ်ယောက်၏မျက်နှာများအား တင်းမာသွားစေ၏။ သူတို့၏ကျော့ကွင်းထဲ ကျလာမည့် သားကောင်ကို ရဖို့ စောင့်နေခဲ့ရသည်မှာ ကြာပြီမဟုတ်ပါလော။ ယခုပေါ်လာသည့်လူက အရူးတစ်ကောင်ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သို့ထင်ထားမည်နည်း။

“ဘယ်လို သောက်ကလေးတုန်းဟ။ အဲဒီလိုဝင်သွားမှတော့ ဒီထက်ဆိုးတဲ့ပုံစံနဲ့ သေဖို့တောင် ထိုက်တန်သေးတယ်”

“သူ သေသေမသေသေ ငါတို့အစီအစဉ်တော့ သွားပြီ ချီးတဲ့မှပဲ” သို့သော် သူတို့၏ဆဲဆိုသံများမှာ တိခနဲ တိတ်ဆိတ်သွားပြီး နှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

ဖန်မု၏သွေးမြူများသည် သူတို့မြင်ခဲ့ဖူးသော သွေးမြူများနှင့် မတူကွဲပြားစွာ ပြုမူနေ၏။ ပြိုကွဲလွင့်စင်သွားမည့်အစား ၎င်းက စုဝေးစပြုလာသည်။ ထို့နောက် လူတစ်ယောက်၏ကောက်ကြောင်းအဖြစ် ပြန်ပြောင်းသွားရန် တခဏသာ ကြာလိုက်လေသည်။

သူတို့ အနီးကပ်လိုက်သောအခါ ... ထိုလူရိပ်အတွင်း၌ ဝိညာဉ်မီးအိမ် ၁၀၈ လုံးကို မြင်လိုက်ရ၏။ နှစ်လုံးက လင်းနေပြီး ကျန်အလုံးများကတော့ မီးသေနေချေပြီ။

“ဒါက..”

ဤအခိုက်တွင် ထိုမီးလင်းမီးအိမ်နှစ်လုံးအနက်မှ တစ်လုံးသည် ဖျတ်ခနဲ ငြိမ်းသွား၏။ ရလဒ်အနေဖြင့် သွေးမြူများအတွင်းရှိ အသက်စွမ်းအားက ဖိအားဖိနှိပ်နေသည့်အချိန်မှာပင် ပြန်လည်ဖြစ်ပေါ်လာသည်။

ကြည့်ရသရွေ့ မယုံကြည်နိုင်ဖွယ်တန်ခိုးက သွေးမြူများကို ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားအောင် ဖိအားပေးနေသယောင်ပင်။

သို့သော် မီးငြိမ်းဝိညာဉ်မီးအိမ်တစ်လုံးတည်းနှင့်တင် မလုံလောက်သကဲ့သို့ ဖိအားက နှောင့်ယှက်နေသည်။ သို့သော် .... နောက်ဆုံးဝိညာဉ်မီးအိမ်သည် ဖျတ်ခနဲ လှုပ်သွားပြီး တာအိုနယ်ပယ်ပညာရှင်နှစ်ယောက် မယုံနိုင်ဖြစ်နေစဉ်မှာပင် ရုတ်တရက် ငြိမ်းသွား၏။

ထိုအခိုက်အတန့်တွင် အရာအားလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် သွေးမြူများမှ မိုးပြိုမြေပြိုစေနိုင်သော စွမ်းအားလှိုင်းတစ်လှိုင်းက တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်အား အထိတ်တလန့် နောက်လန်သွားစေသည်။

All Chapters