အပိုင်း (၃၅၆)
Vol. 24 Ch. 356
“သခင်..သခင်ပြန်လာပြီ”
နတ်ဆိုးသားရဲတောင်တန်း၏ မြေနယ်မြေအတွင်းတွင်ဖြစ်သည်။
ယင်ရှာ က ဧရာမမြေငလျှင်ကြီးတစ်ခု လှုပ်ထားသကဲ့သို့ ရှုပ်ပွနေသောမြေပြင် အလယ်၌ရပ်နေသည်။ သူ၏ ဆံပင်များက ရှုပ်ပွနေပြီး အဝတ်များကလည်း စုတ်ပြဲနေသည်။ သူ၏ လက်အတွင်းရှိ အရိုးဖြူလှံကလည်းကျိုးနေပြီး တစ်ဝက်သာလျင်ကျန်ရစ်တော့သည်။
ယင်ရှာ၏ရှေ့တွင်ရှိနေသော ယိုလန်က အနက်ရောင်အလင်းတစ်ခုဖြင့်
တောက်ပနေသည်။ ၎င်း၏ ကိုယ်၌ ဒဏ်ရာများကဖုံးလွှမ်းနေပြီး သွေးများက တစ်စက်စက်စီးယိုကျနေသည်။ ယိုလန်ခန္ဓာကိုယ်၏အောက်၌ ညိုဝါရောင်ပုံရိပ်တစ်ခုက ရှိနေ၏။
ယိုလန်၏ အောက်တွင် ရှိနေသော မြေဓာတ်အခြေပြု ယင်အလောင်းကောင်မှာလည်း စိုးရိမ်ဖွယ်အခြေအနေဖြစ်နေသည်။ ယင်ရှာနှင့်ယိုလန်တို့က အနိုင်ရခဲ့ကြသည်ဖြစ်သည်။သို့သော် ရှုပ်ပွနေသော မြေပြင် အလောင်းကောင်နှစ်ကောင်
နှင့်သားရဲတစ်ကောင်၏ ခန္ဓာကိုယ်များမှနေ၍ တိုက်ပွဲ၏ အကြိတ်အနယ်ရှိခဲ့မှုကို မြင်တွေ့နိုင်သည်ဖြစ်သည်။
“ဝေါင်း”
ယိုလန်က ကြမ်းကြုတ်ခက်ထန်သောမျက်နှာထားအား လှစ်ဟာပြထားသည်။၎င်းက ၎င်း၏ ပါးစပ်ကိုဖွင့်ဟ၍ ထက်ရှသောအစွယ်တို့အားလှစ်ဟာပြသ၍ မြေဓာတ်အခြေပြု ယင်အလောင်းကောင်၏ လည်ပင်းအားကိုက်ခဲလိုက်သည်။
“သခင်..သခင်ပြန်လာပြီကွ”
ရုတ်တရက်ယင်ရှာက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူကခေါင်းကိုလှည့်၍ ယွင်လိုင်အင်ပါယာ၏ အင်ပါယာမြို့တော်ရှိရာဦး
တည်ချက်သို့ကြည့်လိုက်သည်။
“ဝေါင်း”
မြေဓာတ်အခြေပြုယင်အလောင်းကောင်၏လည်ပင်းအား ကိုက်ခဲတော့မည့်
ယိုလန်၏ ပါးစပ်က မြေဓာတ်အခြေပြုယင်အလောင်းကောင်နှင့် စင်တီမီတာအနည်းငယ်အကွာအဝေး၌ရပ်တန့်သွားသည်။၎င်းက ခေါင်းကိုလှည့်လိုက်ပြီး ယင်ရှာနှင့်အတူ အင်ပါယာမြို့တော်ဆီသို့ကြည့်လိုက်သည်။
သူတို့၏ကိုယ်အတွင်းရှစ်ဖုန့်ချန်ရစ်ထားခဲ့သော အမှတ်အသားများမှတစ်ဆင့် အလောင်းကောင်နှင့် သားရဲတို့မှာ သူတို့သခင်ဖြစ်သူ၏ အရှိန်အဝါအားခံစားမိနိုင်သည်ဖြစ်သည်။
“မင်းတို့သခင်လား”
ဤအချိန်တွင် ယိုလန်၏အောက်
တွင်ရှိနေသော မြေဓာတ်အခြေပြု ယင်အလောင်းကောင်၏ အားနည်းသော အသံကထွက်ပေါ်လာသည်။
ဤအသံအားကြားလိုက်ရသောအခါတွင် ယင်ရှာနှင့်ယိုလန်တို့က သူတို့၏ခေါင်းများအား ပြိုင်တူလှည့်လိုက်ကြသည်။ ယင်ရှာက ယိုလန်နှင့် မြေဓာတ်အခြေပြုယင်အလောင်း
ကောင်ထံသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ သူကယိုလန်ဘေးတွင်ရပ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ ခံ့ညားသော မျက်နှာနှင့်အတူ သူကပြောလိုက်သည်။
“ငါ့သခင်အပေါ်သစ္စာစောင့်သိမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်…သခင်က ငါတို့ကို သိုင်းပညာရဲ့အထွတ်အထိပ်အဆင့်ကို ဦးဆောင်သွားပြီးတော့ မှန်းဆမရနိုင်တဲ့ နယ်ပယ်တစ်ခုကို ခြေလှမ်းချစေလိမ့်မယ်”
ယခုယင်ရှာမှာ အဆင့်ငါး အကြွင်းမဲ့ယင်အလောင်းကောင်အဖြစ်သို့ ဆင့်ကဲတိုးတက်ခဲ့ပြီး ၎င်း၏စကားအပြောအဆိုက ယခင်ကကဲ့သို့ မကြမ်းတမ်းတော့ပေ။၎င်းကရံဖန်ရံခါတော့ပြတ်တောင်းပြတ်တာင်းဖြစ်သေးသည်ဖြစ်သည်။ထိုတင်မကသေးဘဲ ၎င်း၏အသံက ငွေဆည်းလည်းသံကဲ့သို့
ကျေနပ်ဖွယ်ဖြစ်လာသည်ဖြစ်၏။
ယင်အလောင်းကောင်များ
ကဲ့သို့ပင်၎င်းတို့တွင်လည်း ဆန်းကြယ်သောချိတ်ဆက်မှုတစ်ခုရှိသည်ဖြစ်သည်။ယင်ရှာအနေဖြင့် မြေဓာတ်အခြေပြု ယင်အလောင်းကောင်အား မသေစေချင်သည့်အပြင် သူ့ဘေးတွင်ယှဉ်တွဲ၍ပင် တိုက်ခိုက်စေလိုသေးသည်။
အခြားသောအရာများထက် မြေဓာတ်အခြေပြုယင်အ
လောင်းကောင်ကဲ့သို့ပင် ကျွမ်းကျင်သူများအပေါ်၌ လေးစားမှုရှိသည်ဖြစ်သည်။ သူတို့အနေဖြင့်တိုက်ပွဲတွင်အနိုင်ရခဲ့သော်လည်း ယင်းက သူ့အနေဖြင့် ယိုလန်နှင့်ပူပေါင်း၍ နိုင်သည်ဆိုရုံလေးကပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် မြေဓာတ်အခြေပြု ယင်အလောင်းကောင်၏ခွန်အားက သူတို့ထက်သာလွန်သည်ဖြစ်၏။
“မင်းငါ့ကို မသတ်ဖူးလား”
မြေဓာတ်အခြေပြုယင်အလောင်းကောင်က မယုံကြည်နိုင်ဟန်ဖြင့်မေးလိုက်သည်။
သူကယင်ရှာနှင့်ကွဲပြားသည်ဖြစ်သည်။ဤခန္ဓာကိုယ်၏ပိုင်ရှင်ဖြစ်သူသေဆုံး
သွားပြီးသည့်နောက်တွင် မသိနိုင်သော အကြောင်းပြချက်တစ်ချို့ကြောင့်သူသည် ဤမြေနယ်မြေတွင် မြုပ်နှံခံခဲ့ရသည်။ ထို့နောက်တွင်သူ၏အလောင်းက သန္ဓေပြောင်းလဲပြီး မြေဓာတ်အခြေပြုယင်အလောင်း
ကောင်တစ်ကောင်ဖြစ်လာခဲ့သည်။ သူသည်အသိဉာဏ်များလည်း
ဖြည်းဖြည်းချင်းဖွံ့ဖြိုးလာခဲ့သည်။ထို့ကြောင့် မြေဓာတ်အခြေပြုယင်အ
လောင်းကောင်အနေဖြင့် ဤခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်ဖြစ်သူနှင့်ဘာ
မှသက်ဆိုင်မှုရှိနေခြင်းမရှိပေ။
အသိဉာဏ်များဝင်ရောက်
လာခဲ့ပြီးသည့်နောက်တွင် မြေဓာတ်အခြေပြုယင်အလောင်းကောင်မှာ သာရဲရိုင်းတစ်ကောင်ကဲ့သို့ဖြစ်ခဲ့ပြီး ဤကဲ့သို့ အားကြီးသူက အားနည်းသူကို ဖမ်းဆီးသတ်ဖြတ်သော မြေနယ်မြေတွင် ရှင်သန်ရပ်တည်နိုင်ခဲ့သည်။ သူ့စိတ်ထဲ၌ ရှုံးနိမ့်သူအတွင် သေခြင်းတရားလမ်းကြောင်း
တစ်ခုတည်းသာရှိသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသားရဲများအားလုံးက သူ၏ လှံချက်အောက်တွင် ရှုံးနိမ်သေဆုံးသွားရသည်ချည်းဖြစ်၍ဖြစ်သည်။မြေနယ်မြေ၏ အရှင်သခင်ဖြစ်သော နတ်ဆိုးသားရဲပင် ချွင်းချင်ရှိခြင်းမရှိိခဲ့ပေ။
ရှုံးနိမ့်ခြင်းကသေခြင်းပင်ဖြစ်သည်။ယင်းက နတ်ဆိုးသားရဲတောင်တန်းနှင့်မြေနယ်မြေတွင် ကြီးပြင်းလာခဲ့သောသူတစ်ယောက်အနေဖြင့်သူကမည်မျှရိုးပြီး ဖြူစင်သလဲကိုပြသခြင်းပင်ဖြစ်သည်။
“မင်းရှင်သန်ဖို့ဆန္ဒရှိလား..မင်းသစ္စာရှိရင် ရှင်သန်မယ်..မဟုတ်ရင်တော့ မင်းသေရလိမ့်မယ်”
“ရှင်သန်မယ်”
မြေဓာတ်အခြေပြုယင်အလောင်းကောင်က ရိုးရှင်းစွာပင်ပြန်ဖြေလိုက်သည်။
ရှင်သန်ခြင်းတစ်ခုတည်း၌သာအရာအားလုံးရှိနိုင်သည်ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က
သေဆုံးသွားခဲ့လျှင် သူ့အတွက်ဘာမှကျန်ရစ်ခဲ့
ခြင်းရှိလိမ့်မည်မဟုတ်ပေ။
“ဝေါင်း”
မြေဓာတ်အခြေပြုယင်အလောင်းကောင်၏ စကားတို့အားကြားပြီးသောအခါတွင်
ယိုလန်က ၎င်း၏ ကြီးမားသောကိုယ်နှင့်လက်သည်းတို့အား မြေဓာတ်အခြေပြုယင်အလောင်းကောင်၏ ကိုယ်မှဖယ်ခွာပေးလိုက်သည်။ယင်ရှာက ယိုလန်ပေါ်သို့ ခုန်တက်လိုက်ပြီး ယိုလန်၏ကျောပေါ်၌ ဝင့်ကြွားစွာရပ်လိုက်သည်။ သူက ထူးမခြားနားသော မျက်နှာထားဖြင့်ပြောလိုက်သည်။
“သွား..သခင့်ကိုသွားရှာ”
“ဝေါင်း”
……………………..
ယခင်ယွင်လိုင်အင်ပါယာ၏ အင်ပါယာမြို့တော်အတွင်းတွင် မြင့်မားသောပလ္လင်တစ်ခုအား
တည်ဆောက်ထားသော်လည်း ၎င်းတွင် ဘာအင်းစာလုံးကိုမှ ထွင်းထုထားခြင်းမပြုရသေးပေ။
ဤပို့ဆောင်ဆက်သွယ်ရေးပလ္လင်က တစ်ဝက်တစ်ပျက်သာတည်ဆောက်
ပြီးစီးထားသော်လည်း ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အား ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်များက စီတန်း၍ စောင့်ကြပ်နေကြဆဲဖြစ်သည်။
“ဘယ်အချိန်မှာမှ ဒီ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို အသုံးပြုနိုင်မလဲဆိုတာကို ငါမသိဘူး..
ငါ့ဘဝမှာ ဒီလိုအဆင့််မြင့်ပို့ဆောင်ဆက်
သွယ်ရေးအစီအရင်ကိုလုံးဝမကိုင်တွယ်ဖူးဘူး”
အစောင့်တစ်ဦးက သူ့ဘေးတွင်ရှိနေသော ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်တစ်ဦးအား ပြောလိုက်သည်။
“ဒါကိုအသုံးပြုဖို့အတွက် အရင်ကလောက်ကြာတော့မှာ
မဟုတ်ဖူးလို့ငါယုံကြည်တယ်…
ငါတို့ယွင်လိုင်အင်ပါယာက အခုဆို ဩဇာတိက္ကမကြီးမားတဲ့ အင်ပါယာတစ်ခုဖြစ်လာပြီ…
ထျန်းမြောင်အင်ပါယာတောင််မှ ငါ့တို့ယွင်လိုင်အင်ပါယာရဲ့ ဖျက်စီးတာကိုခံလိုက်ရတယ်..”
သူ့ဘေးတွင်ရှိနေသော အစောင့်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်…အစတုံးက ငါတို့ယွင်လိုင်အင်ပါယာက ထျန်းမြောင်အင်ပါယာကို မော်ဖူးခဲ့ရတာ..ဟီးဟီး..
အခုတော့အဲ့အင်ပါယာကမရှိတော့ဘူး..
ဘယ်လိုလုပ်ပြီးတော့ သူတို့တွေငါတို့ယွင်လိုင်အင်ပါယာထဲမှာ ကြွားဝါရဲတော့မှာလဲကွာ”
“ငါတို့ယွင်လိုင်အင်ပါယာက စစ်နတ်ဘုရားတစ်ပါးရှိတဲ့ အင်ပါယာပဲ..စစ်နတ်ဘုရားက
အံ့ချီးဖွယ်ကောင်းပြီးတော့ ကျော်လွှားလို့မရနိုင်တဲ့သူပဲ”
စစ်နတ်ဘုရား အကြောင်းအားပြောဆိုနေကြချိန်တွင် သူတို့၏မျက်နှာထက်၌ လေးစားမှုများဖြင့်ပြည့်နှက်နေသည်။
ရုတ်တရက် အစောင့်များ စောင့်ကြပ်နေကြသော ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ထံမှ တလက်လက်တောက်ပနေသော အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။ ရွှေရောင်ချပ်ဝတ်အစောင့်များမှာ တုန်လှုပ်အံ့အားသင့်သွားကြသည်။ သူတို့အနေဖြင့် ယခင်က ပို့ဆောင်ဆက်သွယ်ရေးအစီအရင်တစ်ခုအား လုံးဝမကိုင်တွယ်ဖူးသောကြောင့် ဘာတွေဖြစ်ပျက်နေသည်ဆို
သည်အားသူတို့မသိကြချေ။
“ဘာတွေဖြစ်နေတာလဲ….ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ… ပို့ဆောင်ဆက်သွယ်ရေးအစီအရင်က ဘာဖြစ်သွားတာလဲ”
တစ်စုံတစ်ယောက်က အလန့်တကြားအော်ဟစ်လိုက်သည်။
“အားလုံးပဲ ဂရုစိုက်ကြ…ပို့ဆောင်ဆက်သွယ်ရေးအစီအရင်နားက မြန်မြန်ဆုတ်ကြ….ပလ္လင်နဲ့ပက်သက်ပြီးတစ်ခုခု မှားယွင်းသွားတာဖြစ်မယ်… ကြည့်ရတာအဲ့တာပေါက်ကွဲတော့မဲ့ ပုံပဲ”
“အာ..”
အလန့်တကြားအော်သံများကြားထဲတွင် ရွှေရောင်ချပ်ဝတ်အစောင့်များက အလျှင်အမြန်ဆုတ်ခွာလိုက်ကြသည်။ သို့သော်ထို့နောက်ရုတ်ခြည်း
တိုးလို့တန်းလန်းဖြစ်နေကြသောလူများမှာ သိပ်သည်းသောအဖြူရောင်အလင်းကပျောက်ကွယ်သွားပြီး လူအုပ်စုတစ်ခုက မြင့်မားသော ပလ္လင်ထက်၌ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။
ဤအုပ်စုတွင် လူဒါဇင်ပေါင်းများစွာပါရှိသည်ဖြစ်သည်။ အများစုက အဖြူရောင်ဝတ်ရုံပွဖြစ်သော အဂ္ဂရိတ်သန့်စင်ဆရာသခင်ဝတ်ရုံတို့ကို ဝတ်ဆင်ထားကြသည်။အလယ်တွင်ရှိနေသော အနက်ရောင်ပုံရိပ်က အဖြူရောင်ပုံရိပ်များ၏အလယ်တွင် မျက်စိဖမ်းအစားဆုံးဖြစ်သည်။
“စစ်…စစ်နတ်ဘုရား…စစ်နတ်ဘုရားပြန်လာပြီ..စစ်နတ်ဘုရားဟ..”
အစောင့်တစ်ယောက်က အနက်ရောင်ပုံရိပ်အား မှတ်မိလိုက်သည်။ သူက ချက်ချင်းပဲဒူးထောက်ချလိုက်ပြီး ကြည်ညိုမှုပြည့်နှက်နေသောမျက်နှာထားဖြင့် အော်ပြောလိုက်သည်။
“စစ်နတ်ဘုရား…နှုတ်ခွန်းဆက်သပါတယ် အရှင်စစ်နတ်ဘုရား”
“နှုတ်ခွန်းဆက်သပါတယ် အရှင်စစ်နတ်ဘုရား”
“နှုတ်ခွန်းဆက်သပါတယ် အရှင်စစ်နတ်ဘုရား”
ရွှေရောင်ချပ်ဝတ်အစောင့်များက ချက်ချင်းဒူးထောက်လိုက်ကြပြီး
ပလ္လင်ပေါ်ရှိ စစ်နတ်ဘုရားအား ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
သူတို့၏မျက်နှာများထက်တွင် ကြည်ညိုမှုကိုင်းရှိုင်းမှုများဖြင့်ပြည့်နှက်နေ၏။ဤယွင်လိုင်အင်ပါယာမှစစ်သည်
များ၏နှလုံးသားထဲတွင် စစ်နတ်ဘုရား ဆိုသည်ကား ထွင်းထုထားသကဲ့သို့တည်ရှိနေခဲ့ပြီးဖြစ်သည်။
စစ်နတ်ဘုရားအား ယခင်က တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိသော စစ်သည်များစွာလည်းရှိသည်ဖြစ်သည်။ စစ်နတ်ဘုရား၏အစစ်အမှန်အသွင်အပြင်အား သူတို့မြင်တွေ့လိုက်ကြရသောအခါတွင် သူတို့အနေဖြင့် စိတ်လှုပ်ရှားပျော်ကရွှင်မှုများဖြင့်ပြည့်နှက်နေသည်။ဤသည်ကား ယွင်လိုင်အင်ပါယာ၏ ရှုံးနိမ့်မှုမရှိ ဒဏ္ဍာရီလိုကျော်စောသော စစ်နတ်ဘုရားဖြစ်သည်။
လူတစ်ယောက်ဓားတစ်ချောင်းတည်းဖြင့်သူက ထျန်းမြောင်အင်ပါယာ၏ တော်ဝင်မိသားစုအားဖျက်
ဆီးပစ်ခဲ့သည်ဖြစ်သည်။စစ်နတ်ဘုရားက အခြားသောနိုင်ငံများအားသူ့အားအညံ့ခံရန် ပြုလုပ်ခဲ့သူဖြစ်သည်။
ဗဟုသုတရှိကြသောသူအချို့က ပလ္လင်ထက်ရှိ အဖြူရောင်ဝတ်ရုံတို့အားဝတ်ဆင်ထားကြသောသူများကိုချက်ချင်းပဲမှတ်မိလိုက်သည်။
“သူတို့တွေအားလုံးက အဆင့်မြင့် အဂ္ဂရိတ်သန့်စင်ဆရာသခင်တွေပဲ..
သူတို့ရဲ့ပခုံးပေါ်က တံဆိပ်တွေကိုကြည့်ရတာ အဆင့်လေး… အဆင့်လေး အဂ္ဂရိတ်သန့်စင်ဆရာသခင်တွေအများကြီးပဲ…စစ်နတ်ဘုရားရဲ့ဘေးမှာရပ်နေတဲ့သူက ဒဏ္ဍာရီလာအဆင့်ငါး အဂ္ဂရိတ်သန့်စင်ဆရာသခင်ပဲ”
မူလယွင်လိုင်အင်ပါယာတွင် အဆင့်ငါး အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်က ဒဏ္ဍာရီကဲ့သို့သောတည်ရှိိမှုတစ်ခုဖြစ်သည်။
ယခုအချိန်၌ စစ်နတ်ဘုရားက ဤအဂ္ဂရိတ်သန့်စင်သူများ၏ အလယ်တွင်ရပ်နေသည်။ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ
စွာနှင့်အတူ ဤအချိန်၌ ၎င်းတို့အားလုံးက စစ်နတ်ဘုရားအားစောင့်ကြပ်
နေကြသည်နှင့်ပင်တူညီနေသည်။ဤအရာက အရှင်စစ်နတ်ဘုရားရဲ့အဂ္ဂရိတ်
သန့်စင်ဆရာသခင် အစောင့်အကြပ်တေွများဖြစ်နေနိုင်မည်လော။
ဆက်ရန်..
ဘာသာပြန်သူ-ARISE