← Chapters

ဇနီးကောင်းတစ်ဦး၏ အရေးပါပုံ

Vol. 32 Ch. 437

ဇနီးကောင်းတစ်ဦး၏ အရေးပါပုံ

Vol. 32 Ch. 437

အခန်း(၄၃၇) - ဇနီးကောင်းတစ်ဦး၏ အရေးပါပုံ

ကျိုးကွေ့လိုင်က သူ့ကိုရှင်းပြပေးလိုက်သည်။ "ဝမ်ယွမ်က အစ်မအာ့နီရဲ့ ရည်းစားလေ။"

"အာ့နီက ရည်းစားရနေပြီလား။" ကျိုးခိုင်က အံ့အားသင့်စွာမေးလိုက်သည်။ "ခေါင်းကိုင် အဘိုးရဲ့အမျိုးလား။"

သူတို့နှစ်ယောက်စလုံးက မျိုးရိုးအမည် ဝမ်ဖြစ်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"အဲ့လိုပါပဲ။ ဒါပေမယ့် ခေါင်းကိုင်အဘိုးက မိတ်ဆက်ပေးတာ မဟုတ်ဘူး။ သူက ကျွန်တော်တို့ အထည်ဆိုင်တွေနဲ့ အလုပ် အတူတူ တွဲလုပ်နေတဲ့ ထုတ်လုပ်သူလေ။ သူက အထည်စက်ရုံတစ်ခု ဖွင့်ထားတယ်။ အရမ်းချမ်းသာတာ။ သူက အစ်မအာ့နီကိုလည်း တန်ဖိုးထားတယ်။ လောလောဆယ်တော့ အစ်မအာ့နီနဲ့ တွဲနေပြီး အစ်မအာ့နီကို လက်ထပ်ဖို့ တော်တော်စိတ်ပြင်းပြနေတဲ့ပုံပဲ။ ဒါပေမယ့် အစ်မအာ့နီကတော့ လက်ထပ်ဖို့ အစီအစဥ် မရှိသေးပါဘူး။" ဟု ကျိုးကွေ့လိုင်က ရှင်းပြလိုက်သည်။

"သူက ကိုယ်ပိုင်စက်ရုံဖွင့်ထားတယ် ဟုတ်လား။ သူ့အသက်က ဘယ်လောက်လဲ။" ကျိုးခိုင်က မေးလိုက်၏။

"နားလည်မှုမလွဲစမ်းပါနဲ့။ သူက သက်လတ်ပိုင်း ဦးလေးကြီးတွေ မဟုတ်ပါဘူး။ သူက အစ်မအာ့နီထက် ၆ နှစ်လောက်ပဲကြီးတာ အရမ်းမကြီးဘူးလေ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ကျိုးခိုင်က ခေါင်းငြိမ့်လိုက်၏။ အသက် ၆နှစ် ကွာတာကတော့ လက်ခံနိုင်ပါသည်။

"သူ အာ့နီကို ဘယ်လိုဆက်ဆံလဲ။" ကျိုးခိုင်က ဆက်မေး၏။

ကျိုးခိုင်က ဂရုစိုက်ပါသည်။ သူကလည်း သူ့ဝမ်းကွဲ ကျိုးအာ့နီနှင့် အတူတူ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။

"သူ ကောင်းလား မကောင်းလားဆိုတာ အဘိုးကိုသာ မေးကြည့်လိုက်ပါလား။" ဟု ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။

"ဝမ်ယွမ်က တော်တော်လေး တော်ပါတယ်။" အဖေကျိုးက ခေါင်းငြိမ့်လိုက်၏။

ဝမ်ယွမ်နှင့်ပတ်သက်ပြီး အဖေကျိုး ဘာအပြစ်အနာအဆာမှ ရှာမတွေ့ပါ။ သူ့မြေးမလေးသာ ဝမ်ယွမ်နှင့်လက်ထပ်နိုင်ပါက အဖေကျိုးသဘောတူပါမည်။ အာ့နီကိုလည်း အနာဂတ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်ဟု ယုံကြည်သည်။

"ပြီးတော့လည်း ခေါင်းကိုင်အဘိုးနဲ့ အဆက်အသွယ်လည်း ရှိသေးတယ်။ ခေါင်းကိုင်အဘိုး သူငယ်ချင်းရဲ့ မြေးလေ။" ဟု ကျိုးကွေ့လိုင်က ပြောပြလိုက်သည်။

အဘိုးဝမ်က ပြောလိုက်၏။ "အဲ့ကောင်လေး အာ့နီကို အနိုင်မကျင့်ရဲပါဘူး။"

ကျိုးခိုင် စိတ်အေးသွားပါပြီ။ သို့သော် ရေပူစမ်း စိမ်ခြင်းကိုလည်း အနည်းငယ် စိတ်ဝင်စားမိပါသေးသည်။

ဝမ်းနည်းစွာဖြင့် မနက်ဖြန်တော့ မသွားနိုင်ပါ။ ကွေ့လိုင်က မနက်ဖြန် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမည်။ သူကောလိပ်စာမေးပွဲဖြေပြီးခါမှ အားလုံး အတူတူ ပျော်နိုင်ပါသည်။

ညီအစ်ကိုနှစ်ယောက်သား ကိုယ်လက်သန့်စင်ပြီးသွားသောအခါ အမေကျိုးတို့အိမ်ဘက်သို့ အတူတူ ပြန်လာခဲ့သည်။ အမေကျိုးက ခေါက်ဆွဲနှစ်ပန်းကန် ချက်ပြုတ်ထား၏။ ကျိုးခိုင်နှင့် ကျိုးကွေ့လိုင်တို့ အတူတူ စားလိုက်ကြသည်။

ခေါက်ဆွဲတစ်ပန်းကန်လျှင် ကြက်ဥပြုတ်နှစ်လုံးပါပြီး အလွန်အရသာရှိပါသည်။

"အမေက ကျွန်တော်တို့အတွက် ဒါမျိုး ချက်ပေးနေကျလေ။" ကျိုးခိုင်က ပြုံးကာ ပြောလိုက်သည်။

"နင့်အမေက အမြဲတမ်း ဘယ်လိုကောင်းအောင် ချက်ရမလဲ သိတယ်လေ။" အမေကျိုးက ပြောလိုက်၏။

"ရွာမှာတုန်းက အမေလုပ်ပေးနေကျ လက်ဖက်ကြက်ဥတွေကို မှတ်မိသေးတယ်။ အရမ်းအရသာ ရှိတာလေ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"အဲ့တာ မင်းအသက် ၇နှစ် ၈နှစ်လောက်တုန်းကမလား။ တစ်ခါပဲ လုပ်ပေးတာတောင် မှတ်မိနေတုန်းပဲလား။" ကျိုးခိုင်က အံ့အားသင့်သွား၏။

"ဘာလို့ မမှတ်မိရမှာလဲ။ အရမ်းအရသာရှိတာကိုး။ စိတ်မကောင်းစရာပဲ။ အဲ့ဒီအချိန်ကတည်းက အမေ ထပ်လုပ်မကျွေးတော့တာနော်။" ဟု ကျိုးကွေ့လိုင်က ညည်းတွားလိုက်သည်။

"မင်းကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားတာနဲ့ အမေ့ကို လုပ်ကျွေးခိုင်းလိုက်ပေါ့။" ဟု ကျိုးခိုင်က ပြောလိုက်သည်။

ညီအစ်ကိုနှစ်ယောက်သား ခေါက်ဆွဲများကို စားပြီး အနည်းငယ် ဗိုက်တင်းသွားသလို ခံစားလိုက်ရသည်။ အမေကျိုးက အတော်များများ ချက်ထားပေးခြင်းဖြစ်၏။

"မနက်ဖြန် နင်တို့နှစ်ယောက်စလုံး လာခဲ့ကြ။ ကြက်သားဟင်းကို နှစ်ယောက်အတူတူစားကြ။" ဟု အမေကျိုးက ပြောလိုက်သည်။

ကျိုးခိုင်နှင့် ကျိုးကွေ့လိုင်တို့က သဘောတူလိုက်ကြသည်။ အဘိုးဝမ်က အိမ်သို့ပြန်သွား၏။ ကျိုးခိုင်နှင့် ကျိုးကွေ့လိုင်တို့က လိုက်ပို့ပေးလိုက်ပြိး သူတို့လည်း အိမ်ပြန်ကြသည်။

ထိုအချိန်တွင် ကျိုးအာ့နီ၊ ဟူကျစ်နှင့် ကန်းကျစ်တို့က ညနေအတန်းများ ဆင်းတော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ လျှောက်သွားကြပြီး အတန်းဆင်းမည့်အချိန်ကို စောင့်ကာ အတူတူ ပြန်ကြဖို့ လုပ်သည်။

ကျိုးအာ့နီ၊ ကန်းကျစ်နှင့် ဟူကျစ်တို့ကို မတွေ့ရသေးသော်လည်း ရှုရှန့်ချမ်း ထွက်လာသည်ကို အရင်မြင်လိုက်ရသည်။

"အဲ့တာ ရှန့်ချမ်း မဟုတ်ဘူးလား။" ကျောင်းဂိတ်ပေါက်ဝတွင် လူများစွာရှိသဖြင့် အခြားတစ်ယောက်ယောက်ဖြင့် လူမှားသွားသည်ဟု ထင်ကာ ရပ်လိုက်သည်။

ရှုရှန့်ချမ်းက စက်ဘီးဖြင့် လာခဲ့ခြင်းဖြစ်၏။ သူတို့ကို မမြင်ဘဲ အလောတကြီး ထွက်သွားသဖြင့် အလျင်လိုနေတာဖြစ်နိုင်သည်။

"ဟုတ်တယ်။ သူပဲ။" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်။

"ဘယ်လိုဖြစ်တာလဲ။" ကျိုးခိုင်က မေးလိုက်၏။

"မသိဘူးလား။ အစ်မရှန့်မိန်က ယောက်ျားယူသွားပြီလေ။" ကျိုးကွေ့လိုင်က ပြောလိုက်၏။

ကျိုးခိုင် မျက်လုံးပြူးသွားသည်။ "ရှန့်မိန်က ယောက်ျားယူသွားပြီ ဟုတ်လား။"

"အေး။ မနှစ် နှစ်ကုန်လောက်က လက်ထပ်သွားတာ။ သူ့ဟာသူ ရှာတာပါ။" ကျိုးကွေ့လိုင်က ရှင်းပြလိုက်၏။ ရှုရှန့်မိန်နှင့် ကျောက်ကျွင့်တို့၏ ကိစ္စကို ပြန်ပြောပြလိုက်သည်။ သူမက ဗိုက်ကြီးပြီး ကိုယ်ဝန်ပျက်ကျခဲ့သည့်အကြောင်း၊ ထို့ကြောင့် ရှုရှန့်ချမ်းကို မြို့သို့ ခေါ်နိုင်ခဲ့ကြောင်း စသဖြင့် ပြန်ပြောပြခဲ့ပါသည်။

ကျိုးခိုင်တစ်ယောက် ကြက်သေ သေသွားရသည်။ သူအိမ်မပြန်ခဲ့သည့် တစ်နှစ်တာအတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့မှန်း သူ မသိခဲ့ပါ။

ထို့နောက် သူ့မျက်နှာ တင်းမာသွားပြီး သွေးအေးစွာ ပြောဆိုလိုက်သည်။ "ကျောက်ကျွင့်ကို ဆေးရုံရောက်ရုံလောက်ပဲ ထိုးကြိတ်ခဲ့ကြတာလား။ ဒီကောင် သက်သာသွားတာပေါ့။"

"အားလုံးပြီးသွားပါပြီ အစ်ကိုကြီး။ ပြဿနာက ပြီးသွားပြီဆိုတော့ လက်စားချေဖို့ စဥ်းစားမနေပါနဲ့တော့။ အစ်မရှန့်မိန်ကလည်း ဒီပြဿနာမှာ တာဝန်ရှိတယ်။ လက်ခုပ်က တစ်ဖက်တည်းတီးလို့ မမြည်ဘူးလေ။ အမေက အဲ့ဒီမောင်နှမတွေအကြောင်း အခု စိတ်ထဲတောင် မထားတော့ဘူး။ သူတို့က လုံးဝ ပြီးကို မပြီးနိုင်ကြတာ။" ဟု ကျိုးကွေ့လိုင်က ဖျောင်းဖျလိုက်၏။ မကောင်းသတင်းပြောသည့်ကောင်ကို ရှုရှန့်ချမ်းက ဆေးရုံရောက်သည်အထိ ထိုးကြိတ်ခဲ့ကြောင်းကိုလည်း ပြန်ပြောခဲ့ပြီး ဒီရောက်လာပြီး သိပ်မကြာခင်မှာပင် ဇာတိပြခဲ့ကြောင်း ပြောခဲ့သည်။

ကျိုးခိုင် မျက်မှောင်ကြုတ်သွား၏။

သူ တစ်စုံတစ်ခု ပြောဖို့ ကြံလိုက်စဥ် ကျိုးကွေ့လိုင်က ကျိုးအာ့နီ၊ ဟူကျစ်နှင့် ကန်းကျစ်တို့ ထွက်လာကြသည်ကိုမြင်ကာ နာမည်များ အော်ခေါ်ပြီး လက်ယပ်ခေါ်လိုက်သည်။

"ဘာလို့ လာကြိုကြတာလဲ။" ကျိုးအာ့နီက မေးလိုက်သည်။

"အခုလေးတင် အဘိုးတို့အိမ်ကပြန်လာပြီး အစ်မတို့အတန်းလည်း ပြီးခါနီးပြီမှန်းသိလို့ ကျွန်တော်တို့လာခဲ့တာလေ။ ဘာလို့ ယောက်ဖက မလာတာလဲ။" ကျိုးကွေ့လိုင်က မေးလိုက်၏။

သူပြောသည့် ယောက်ဖ ဆိုသည်မှာ ဝမ်ယွမ်ဖြစ်သည်။

ကျိုးအာ့နီက သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ပေါက်ကရပြောနေတာ တော်တော့။ မနက်ဖြန် နင်ကောလိပ်ဝင်ခွင့်စာမေးပွဲ ရှိတယ်မလား။ ဘာလို့ အပြင်လျှောက်သွားနေသေးတာလဲ။"

"ကောလိပ်ဝင်ခွင့် စာမေးပွဲကြောင့်ပဲလေ။ ကျွန်တော် စိတ်အပန်းဖြေရမယ်မလား။ မနက်ဖြန် အကောင်းဆုံး ကြိုးစားမှာပါ။" ကျိုးကွေ့လိုင်က ပြောလိုက်၏။ "အစ်ကိုကြီးက ယောက်ဖကို မမြင်ဖူးသေးဘူး။"

"သူ မနေ့က ဝမ်မိသားစုအိမ်ကို ပြန်သွားတယ်လေ။" ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့အဖွဲ့ အိမ်ပြန်လာခဲ့ကြ၏။

"ငါ ပြန်မလာတဲ့ တစ်နှစ်အတွင်း နင်တို့တွေ တစ်ယောက်ပြီးတစ်ယောက် လက်ထပ်လိုက် ရည်းစားရလိုက် ဖြစ်နေတာ မသိခဲ့ဘူး။" ဟု ကျိုးခိုင်က ရေရွတ်လိုက်သည်။

ကျိုးအာ့နီက နှုတ်ခမ်းစူကာ ပြုံးလိုက်သည်။

သူတို့က ကျိုးအာ့နီကို ဖက်ထုပ်ဆိုင်သို့ လိုက်ပို့ပြီး ကောင်လေးများက အိမ်ပြန်သွားကြ၏။

ကျိုးကွေ့လိုင်က မနက်ဖြန်စာမေးပွဲရှိပြီး ကျိုးခိုင်ကလည်း ခရီးပန်းနေသဖြင့် သူတို့ စောစော အိပ်ယာဝင်ခဲ့ကြပါသည်။

လင်းချင်းဟယ်က အခန်းထဲတွင် ကျိုးချင်းပိုင်ကို တီးတိုး စကားပြောနေဆဲဖြစ်သည်။

"ကျွန်မတို့ သားကြီးက ၁၉ နှစ်တောင်ရှိပြီကို အဲ့ဒီအပိုင်းမှာ အခုထိ ပွင့်ပွင့်လင်းလင်းကို မရှိသေးဘူး။ ရှင့်တုန်းက ဘယ်အသက်အရွယ်မှာ မိန်းမလိုချင်တာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

ကျိုးချင်းပိုင်က ချောင်းဆိုးသွားပြီး ပြန်ဖြေလိုက်၏။ "သူ့ကို ထားလိုက်စမ်းပါ။ အချိန်တန်ရင် သူစဥ်းစားလာပါလိမ့်မယ်။"

သူ့တုန်းကလည်း ထိုအပိုင်းတွင် ဘာမှမတွေးခဲ့ဖူးပါ။ အလျင်လိုနေသူက သူ့အမေသာဖြစ်ခဲ့ပြီး သူအမေကိုယ်တိုင် စီစဥ်ခဲ့သည်။ သူခွင့်ယူပြီး ရွာပြန်လာကာ လက်ထပ်ခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက် သူပြန်သွားရပြီး တစ်လပင် မကြာလိုက်ပါ။

ရိုးရိုးသားသားပြောရလျှင် ခံစားချက်များနှင့် ပတ်သက်လာပါက သူ့တွင် ဘာမှ မရှိခဲ့ပါ။ သူရွာကိုပြန်ရောက်လာပြီး သူမ ရောက်လာမှသာ မိန်းမတစ်ယောက်ရှိခြင်း၏ အကျိုးကျေးဇူးကို နားလည်ခဲ့ရသည်။ ယောက်ျားတစ်ယောက်နှင့် မိသားစုတစ်ခုအတွက် ဇနီးကောင်းတစ်ယောက်က ဘယ်လောက်အရေးပါမှန်းကိုလည်း နားလည်ခဲ့ရသည်။

"အဲ့အချိန်တန်တဲ့အခါကျလို့ မိန့်ကျား သူများနောက်ပါသွားရင် ဘယ်လိုလုပ်မတုန်း။ တတ်နိုင်သမျှ စောစော အခွင့်ကောင်းယူထားရမှာပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

မနက်ဖြန် သူမ၏ သားကြီးကို လက်ဆောင်တစ်ခုခုယူပြီး ဝိန်မိသားစုအိမ်သို့ သွားခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ အမေဝိန်ကလည်း ဆက်တိုက် ပြောနေခဲ့၏။ သူသာ သူမ၏ သားမက်ဖြစ်ပါက  လင်းချင်းဟယ်၏ သားကြီးအတွက် နောက်ထပ်အမေတစ်ယောက် ရလိုက်သလိုဖြစ်ပါလိမ့်မည်။

ကျိုးချင်းပိုင်က ဘာပြောရမှန်းမသိတော့ပေ။ ထို့နောက် မှန်ကန်ကြောင်း ပြန်စဥ်းစားမိသည်။ ယောက်ျားကောင်းတစ်ယောက်က မိန်းမရဖို့ စိုးရိမ်စရာမလိုသော်လည်း ယောက်ျားကောင်းများက အမြန်ဆုံး အခြေချသင့်သည်။

"ကျွန်မတို့သားကြီးလက်ထပ်ပြီးတာနဲ့ ကျွန်မတို့ရဲ့ ပထမဆုံးဝတ္တရား အောင်မြင်ပါပြီ။" လင်းချင်းဟယ်က သူ့ရင်ခွင်ထဲမှီရင်း ပြောလိုက်သည်။

ဘဝကြီးက ရှည်ကြာသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ လျင်မြန်လွန်းလှသည်။

ထိုအကြောင်းပြန်စဥ်းစားကြည့်သောအခါ သူမ စစရောက်လာစဥ်တုန်းက ကောင်လေးများမှာ နှပ်ချေးတွဲလောင်း၊ ရှုပ်ပွနေသော ခေါင်းများဖြင့် အရွယ်သာရှိသေးသည်။

ယခုတော့ သူတို့ အိမ်ထောင်ပြုနိုင်သော အရွယ်ပင် ရောက်နေကြလေပြီ။ သူမနှင့် သူမခင်ပွန်း ချင်းပိုင်တို့လည်း အသက်ကြီးလာကြပြီ။

All Chapters