လူလည်စီးပွားရေးသမား၏ နံပါတ်တစ် စည်းမျဥ်း
Vol. 32 Ch. 440
အခန်း(၄၄၀) - လူလည်စီးပွားရေးသမား၏ နံပါတ်တစ် စည်းမျဥ်း
ကျိုးခိုင်နှင့် အခြားသူများ ရေပူစမ်းမှ ပြန်လာကြသောအခါ ထိုဘက်ကို သုံးသပ်ချက်ကောင်းကောင်း ပေးခဲ့ကြပါသည်။
လင်းချင်းဟယ်လည်း ဒီအချိန် မြို့တော်၏ လျင်မြန်သော တိုးတက်ဖွံ့ဖြိုးမှုများကို ခံစားနေရသည်။
အထူးသဖြင့် ဒီနှစ်ထဲ ရေကူးကန်များ၊ ကော်ဖီဆိုင်များ၊ အစရှိသဖြင့် အားလုံးက မိုးရွာပြီး ဝါးပေါက်များ ထွက်လာသလို ပေါ်ထွက်လာကြသည်။
အပေါ်ပိုင်းတွင် ပန်းဖွားပုံသဏ္ဌာန် အဝတ်အစားများ ဝတ်ဆင်ထားကြသော အမျိုးသမီးများကို လမ်းမများတစ်လျှောက် မြင်နိုင်သည်။ လုံးဝ ရေပန်းစားလှပါသည်။ ယခင်တုန်းကလို မှေးမှေးမှိန်မှိန်အရောင် အဝတ်အစားများက ပျောက်ကွယ်သွားကြတော့မည်ဖြစ်သည်။
ကျိုးခိုင်လည်း ထိုနည်းလည်းကောင်း ခံစားရသည်။ သူပြန်ရောက်လာသောအခါ သူအိမ်ပြန်မလာတာ တစ်နှစ်သာ ရှိသေးသော်လည်း ပြောင်းလဲမှုများက ကြီးများလှသည်ဟု ဆိုပါသည်။
ဒီလဝက် အနားယူကာလတွင် သူလုပ်သင့်သော ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများစွာ လုပ်သော်လည်း အနည်းငယ်တော့ လျော့တိလျော့ရဲနိုင်နေပါသည်။
လင်းချင်းဟယ်က ဝင်မပါပါ။ သူ့ကို မြို့တော်သို့ လျှောက်သွားကြည့်ဖို့ ပြောသည်။ ရေကူးကန်နှင့် အခြားနေရာများလည်း သွားချင် သွားနိုင်သည်ဟု ဆို၏။
သူပြန်လာတုန်း အနားကောင်းကောင်းယူပြီး အပန်းဖြေပါစေ။
"နင်အဲ့ဒီမှာ ရောက်နေတုန်း ကားမောင်းလိုင်စင်ရအောင် လုပ်ခဲ့ဦး၊ ဒီနှစ်ထဲ ငါတို့မိသားစု ကားတစ်စီး ဝယ်နိုင်လောက်တယ်။" ဟု လင်းချင်းဟယ်ကပြောလိုက်၏။
"ကားဝယ်မယ် ဟုတ်လား။" ဟု ကျိုးခိုင်က အံ့အားသင့်သွားသည်။ "ကျွန်တော်တို့မှာ ပိုက်ဆံအများကြီး ရှိလို့လား။"
သူ့ ယောက်ဖလောင်း ဝမ်ယွမ်ကို သူမေးကြည့်ဖူးသည်။ ကားတစ်စီးကို ယွမ် သောင်းချီတန်ပါသည်။
လင်းချင်းဟယ်က သူ ဘယ်ကားကို ပြောနေမှန်း မမေးဘဲသိသဖြင့် ပြောလိုက်သည်။ "ငါက ထရပ်ကားကြီး ဝယ်မှာကို ပြောတာ။ အဲ့လိုကားအသေးလေးတွေတော့ မတတ်နိုင်သေးပါဘူး။"
"ထရပ်ကားလည်း ကောင်းပါတယ်။" ကျိုးခိုင်က ပြောလိုက်၏။ "ကျန်တာ ကျွန်တော် တာဝန်ယူလိုက်မယ်။"
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
သားကြီးက အိမ်တွင် လဝက်လောက် နေခဲ့၏။ လဝက်ဆိုသည်မှာ မတိုတောင်းသော်လည်း ခဏလေးလိုပင်။
ပြီးခဲ့သည့် လဝက်အတွင်း ကျိုးခိုင်၏ မျက်နှာ အများကြီး ပြည့်ဖြိုးလာပါသည်။
လင်းချင်းဟယ်တို့ဘက်နှင့် အမေကျိုးတို့ဘက်က တစ်လှည့်စီ သူ့ကို အာဟာရဖြစ်အောင် ကျွေးမွေးခဲ့ကြသည်။ ထို့ကြောင့် သူ့ကို ကြံ့ခိုင်ပြီး အားအင်များ ပြည့်ဝနေသည့်ပုံဖြစ်အောင် လုပ်ပေးနိုင်ခဲ့ကြ၏။
"ဒီနှစ်ကုန် နင်ပြန်လာနိုင်ရင် ပြန်လာနိုင်အောင်တော့ အကောင်းဆုံး ကြိုးစားပေါ့။ ပြန်မလာနိုင်ရင်လည်း ဖုန်းကြိုဆက်။ အမေ နင့်အတွက် တစ်ခုခုပြင်ပြီး ပို့ပေးလိုက်မယ်။" လင်းချင်းဟယ်က သူ့ကို ဘူတာသို့ လိုက်ပို့သည်။ သူမ၏ သားကြီး ကျောပိုးအိတ်တစ်လုံးဖြင့် ရထားပေါ်သို့ တက်ဖို့ ပြင်နေသည်ကို စောင့်ကြည့်ရင်း မနေနိုင်ဘဲ သတိပေးလိုက်သည်။
"သားသိပါတယ် အမေရယ်။ အမေတို့လည်း ပြန်တော့လေ။" ဟု ကျိုးခိုင်က ခေါင်းငြိမ့်ပြီး မှတ်သားထားလိုက်ပါသည်။
ကျိုးကွေ့လိုင်လည်း အမေနှင့်အတူ သူ့ကို လိုက်ပို့သည်။ သူ့အစ်ကိုကြီး ရထားပေါ် တက်သွားသည်နှင့် သူ့အမေကို ပြန်ခေါ်လာခဲ့သည်။
"အစ်ကိုကြီးက စကားတတ်တယ်နော်။ ပြီးတော့လည်း အရပ်ရှည်ပြီး အစွမ်းအစလည်း ရှိတယ်။ အပြင်သွားလို့ စိုးရိမ်ရမယ်ဆို သူ့လိုလူကိုတော့ စိုးရိမ်စရာမလိုပါဘူးဗျာ။" ဟု ကျိုးကွေ့လိုင်က သူ့အမေကို နှစ်သိမ့်လိုက်သည်။
"ကောင်စုတ်လေး အသိတရားမရသေးဘူးလား။ နင့်အစ်ကိုကြီးက အိမ်နဲ့ဝေးနေတာလေ။ သူတစ်ယောက်တည်း နေရတာ။ သူ့ကိုနည်းနည်းလေးတောင် ဆုံးမလို့မရဘူးလား" လင်းချင်းဟယ်က ပြောလိုက်၏။
ကျိုးကွေ့လိုင်၏ ပြုံးဖြီးဖြီး မျက်နှာထား ပေါ်လာသည်။ ဘာကို သူတစ်ယောက်တည်းလဲ။ အပြင်မှာ လျှောက်သွားနေတာပဲ မဟုတ်ဘူးလား။
သားကြီး အိမ်တွင် မရှိတော့သဖြင့် လင်းချင်းဟယ် အနည်းငယ် ဝမ်းနည်းသွားသည်။ သူ့သား၏ ပြန်လာလိုက် ပြန်သွားလိုက် ဘဝကို ကျင့်သားမရသေးပါ။ နှစ်ရက်လောက် စိတ်ဓာတ်ကျပြီးနောက် သူပြန်ကောင်းသွားပါသည်။
ထိုအချိန်တွင် စာသင်နှစ်ဝက် ပြီးဆုံးခါနီးပင် ဖြစ်နေပြီ။ နွေရာသီ အားလပ်ရက်များက ဆယ်ရက်အတွင်း စတင်ပါတော့မည်။
"အဖေနဲ့ အမေ။ ဒီနှစ်ကော တောင်ပိုင်းကို သွားဦးမှာလား။ အဲ့ရောက်တာ ခဏခဏ ရှိနေပြီကို မပင်ပန်းကြသေးဘူးလား။" ဟု ကျိုးကွေ့လိုင်က မေးလိုက်၏။
လင်းချင်းဟယ်က ပြောလိုက်သည်။ "ဒီနှစ် နင့်တတိယဦးလေးက မော်တော်ဆိုင်ကယ် ဝယ်ခိုင်းထားလို့ သူ့ကို တစ်စီး သွားဝယ်ပေးရမယ်။"
"အဝေးကြီးပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်၏။
"နင့်တတိယဦးလေးအတွက်ပဲ မဟုတ်ဘူး။ တကယ်တော့ ငါတို့သွားကြည့်စရာ နေရာတွေလည်း ရှိသေးတယ်။" ဟု လင်းချင်းဟယ် ပြောလိုက်၏။
"အစ်ကိုလတ်က ဒီနွေရာသီမှာ အခြားသူတွေကို စာသင်ပေးမှာတဲ့။ အဲ့တာဆို ကျွန်တော်က ဖက်ထုပ်ဆိုင်ကို တစ်ယောက်တည်း ကြည့်ရမှာလား။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"နင့်အစ်ကိုလတ်က စာသင်မယ်ဟုတ်လား။" လင်းချင်းဟယ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "အကုန်လုံးက ကိစ္စပြတ်ပြီ မဟုတ်ဘူးလား။"
"အစ်ကိုလတ်ကို မေးပြီးသွားပြီ။ နေ့လည် ၂ နာရီကနေ ၅ နာရီအထိ သွားသင်ပေးရမယ်တဲ့။ အမေ သူ့ကိုသွားပြောလိုက်စမ်းပါဗျာ။ ဖက်ထုပ်ဆိုင်မှာပဲ လာကူခိုင်းလိုက်စမ်းပါ။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။
လင်းချင်းဟယ် ရောက်လာပြီး သူ့သားလတ်နှင့် စကားပြောလေသည်။
"ကျွန်တော် နေ့လည်ပိုင်းမှ သွားရတာပါ။ မနက်ပိုင်းနဲ့ ညနေပိုင်း လာကူလို့ရတာပဲ။ အချိန်မတိုက်ပါဘူး။" ဟု ကျိုးရွှမ်က ပြောလိုက်သည်။
သူသင်ပြပေးဖို့ လိုအပ်သည့် ကလေးနှစ်ယောက်ရှိနေသည်။ နှစ်နာရီဖြစ်ပြီး စျေးကတော့ ၂ ယွမ် ဖြစ်သွားပါပြီ။ ပြောရမည်ဆိုလျှင် စျေးကတော့ မနိမ့်ပါ။
တကယ်တော့ ငွေရေးကြေးရေးကြောင့် မဟုတ်ပါ။ ငွေရေးကြေးရေးက ဒုတိယသာဖြစ်သည်။ အဓိကက သူရရှိလိုက်သော အတွေ့အကြုံများက အတော်လေး ကောင်းမွန်သည်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ပညာရေးအလုပ်တွင် သူတိုးတက်လာမည် ဖြစ်ပါသည်။
လင်းချင်းဟယ်က သူ့သား သဘောကျသည်ကို သတိထားမိသဖြင့် အများကြီး မပြောတော့ပါဘူး။
သားသုံးယောက်စလုံး အခုဆို အရွယ်ရောက်နေကြပြီဖြစ်သည်။ အကုန်လုံးတွင် ကိုယ်ပိုင် အစီအစဥ်များနှင့် ရှိနေကြပြီ။ သူတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးမှုကို ဝင်နှောင့်ယှက်ဖို့ အစီအစဥ်မရှိပါ။
"နင်ပဲ ကျန်တော့တယ်။ ကြိုးစားပြီးလုပ်။ အမေ နင့်ကို အများကြီး မျှော်လင့်ထားတယ်။" ဟု လင်းချင်းဟယ်က သားငယ်ကို ပုခုံးပွတ်ကာ ပြောလိုက်သည်။
"ဒါဆို ကျွန်တော် ဒီအချိန်တောအတွင်း အပန်းဖြေရမှာပေါ့။" ကျိုးကွေ့လိုင်က ကြေညာလိုက်၏။
"နေ့ဘက်ကို သွားခွင့်ပြုတယ်။ သွားချင်တဲ့နေရာသာသွား။ ညနေပိုင်းကျရင်တော့ ပစ္စည်းတွေ လိုက်ရောင်းဖို့ မမေ့နဲ့။" ဟု လင်းချင်းဟယ်က သတိပေးလိုက်သည်။
နောက်ပိုင်းတွင် သားငယ်က စီးပွားရေးလုပ်ရမည်ဖြစ်သဖြင့် လင်းချင်းဟယ်က ထိန်းမထားဘဲ လမ်းဘေးဆိုင်ဖွင့်ရမည်ဟူသော ကိစ္စများကို ပြောပြခဲ့သည်။
ကျိုးကွေ့လိုင်က တကယ်ပဲ စီးပွားရေး လုပ်ရာတွင် ပါရမီပါသည်။ သူက မျက်နှာပြောင်ပြီး ပြောဆိုဆက်ဆံတတ်သည်။ လမ်းဘေးဆိုင်ဖွင့်ဖို့အတွက် ဦးလေးမာ သုံးသည့် သုံးဘီးကို ငှားပြီး ညနေတိုင်း ပစ္စည်းများကို ပြောင်းရွှေ့သည်။ အမျိုးသားဝတ် အမျိုးသမီးဝတ် အထည် အတော်များများ သယ်ယူနိုင်ပါသည်။
စျေးကြီးထဲသို့ သွားပြီး ဆိုင်တစ်ဆိုင်သာ ဖွင့်လိုက်သည်။ ပလတ်စတစ်အထည်စတစ်ခုကို ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်၏။ ထို့နောက် သူ့အထည်များကို တင်လိုက်ပြီး စရောင်းနိုင်ပြီဖြစ်သည်။
သူက အသက် ၁၅နှစ်သာ ရှိသေးသော်လည်း အရွယ်ရောက်ပြီး အရပ်ရှည်လှပါသည်။ အားလုံးက သူ့ရဲ့ အသက်က ၁၇ - ၁၈ နှစ်ဟု ပြောသောခါ ယုံကြည်ကြပါလိမ့်မည်။
သူ့ပါးစပ်ကလည်း သွက်သည်။ သူက အပြောကောင်းသော လူမျိုးထဲပါဝင်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က တစ်ခေါက်လောက် စက်ဘီးစီးပြီး လာကြည့်သည်။ လူများစွာ ရှိနေလျှင်တောင် ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်နေပါသည်။ အခြားသူများနှင့် စျေးဆစ်ရင်း အထည်များ ရောင်းချနေခဲ့သည်။
ညတိုင်း အထည်မြောက်များစွာက သူအိမ်ပြန်လာသောအခါ နှစ်ထည် သုံးထည်သာ ကျန်တော့သည်။ အများဆုံး ၇ ထည် ၈ ထည်သာ ကျန်တတ်ပြီး အမြတ်ကလည်း စတိုးဆိုင်ထက် ပိုများပါသည်။
ဘာကြောင့်လဲ။
အဘယ့်ကြောင့်ဆိုသော် စတိုးဆိုင်များက နာမည်ကောင်းနှင့် လူပြောများဖို့ လိုအပ်သည်။ သို့သော် လမ်းဘေးဆိုင်ကတော့ ဘာမှမလိုအပ်ပါ။ စျေးဆစ်နိုင်သော လူမျိုးနှင့်တွေ့လျှင် သူဝင်ငွေနည်းမည်ဖြစ်ပြီး စျေးမဆစ်တတ်သော လူမျိုးနှင့်တွေ့ပါက သူအမြတ်ကြီးစားခြင်းကို ခံသွားကြရမည်။
လင်းချင်းဟယ်ကတော့ ရသမျှ အကုန်လုံးနီးပါး ပြန်သိမ်းသည်။ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကို ပြန်သိမ်းကာ ကျန် ၁၀ ရာခိုင်နှုန်းကို မုန့်ဖိုးအဖြစ် ပေးလိုက်သည်။
သူက ငယ်ပါသေးသည်။ ဒီမျောက်လေးက ယခုချိန် ချော့ပြောဖို့ လွယ်ကူသော်လည်း အနာဂတ်တွင် လွယ်မည်မဟုတ်ပေ။
လင်းချင်းဟယ်က ငွေများရသောအခါ ကျိုးချင်းပိုင်ကို ပြောပြလိုက်သည်။
ကျိုးချင်းပိုင်က ရယ်စရာဟုထင်မိ၏။ ကလေးသုံးယောက် ကောင်းကောင်းမွန်မွန် ကြီးထွားလာရခြင်းက သူ့မိန်းမ၏ သင်ကြားပေးမှုနှင့် သေချာပေါက် သက်ဆိုင်နေလိမ့်မည်ဟု ခံစားရပါသည်။
တစ်ခါတစ်လေ သူတို့က သားအမိများဖြစ်ပြီး တစ်ခါတစ်လေ စီးပွားရေး ပါတနာများ ဖြစ်သွားတတ်ပြန်သည်။ သူ့လိုအမေမျိုး အရင်က ကျိုးချင်းပိုင် မမြင်ဖူးခဲ့ပါ။ ပြောရမည်ဆိုလျှင် ကလေးတွေကိုလည်း ကောင်းကောင်းမွန်မွန် သင်ကြားပေးထားပါသည်။
ကျိုးကွေ့လိုင်က ပိုက်ဆံစုတတ်သူမျိုး မဟုတ်ပေ။ ညတိုင်း ၁၀ ရာခိုင်နှုန်းသာ ရရင်တောင် ၅ယွမ်လောက် နေ့တိုင်းရနေမည်ဖြစ်သည်။
အမှန်ပင်။ ဒါကလည်း လင်းချင်းဟယ်က အထည်ပမာဏကို ကန့်သတ်ထားခြင်းကြောင့်ဖြစ်ပြီး မဟုတ်ပါက သူပိုရနိုင်ပါသည်။
သို့သော်လည်း ၅ ယွမ်ဆိုသည်မှာ များပြားပြီး ကျိုးကွေ့လိုင်ကလည်း အလွန်ကျေနပ်ပါသည်။
ယမကာ ဆိုင်တွင် ရေခဲသေတ္တာလေးလုံး၊ ဖက်ထုပ်ဆိုင်တွင် တစ်လုံးရှိသော်လည်း အိမ်တွင် ရေခဲသေတ္တာ မရှိသေးပါ။
ဒီနွေရာသီထဲ နေ့တိုင်း လမ်းဘေးဆိုင်ဖွင့်ရောင်းပြီး ပိုက်ဆံစုကာ သူ့မိသားစုအတွက် ရေခဲသေတ္တာဝယ်ပေးဖို့ စီစဥ်ထားပါသည်။