← Chapters

စက်ရုံဒေဝါလီခံသွားခြင်း

Vol. 32 Ch. 446

စက်ရုံဒေဝါလီခံသွားခြင်း

Vol. 32 Ch. 446

အခန်း(၄၄၆) - စက်ရုံဒေဝါလီခံသွားခြင်း

တတိယယောင်းမလင်းက ရွှင်ပြစွာ မျက်စပြစ်လိုက်သည်။

သူမ ကျေနပ်ပါသည်။ သူမတို့ မိသားစု ဘဝတွင်လည်း ဘာပြဿနာမှမရှိပါ။ နောက်ပိုင်း ပိုအဆင်ပြေလာဖို့သာရှိသည်။

သူမယောက္ခမများဘက်မှ အသံများစွာ ထွက်သော်လည်း သူတို့မြို့တော်သို့ သွားကြမည် မဟုတ်ပေ။

အမှန်ပင်။ သူတို့မပြောင်းချင်လို့ မဟုတ်ပါ။ သူ့မိသားစု အိမ်ခြံတစ်လုံး ဝယ်ပြီးကြောင်း သိသွားကြသောအခါ သူမ၏ အငြိမ်မနေနိုင်သော ယောက္ခမနှစ်ယောက်က ထိုနေရာတွင် နေချင်လာကြသည်။

သို့သော်လည်း ပထမဆုံး ကန့်ကွက်သူက သူမပဲ ဖြစ်ပါသည်။

သူတို့သာ ကောင်းမွန်ပြီး ရည်မွန်သည့် လူကြီးများဖြစ်ပါက သူမကိုယ်တိုင် သွားခေါ်လာပေးမည်။ သို့သော် သူတို့နှစ်ယောက်မှာ ဘယ်လိုအကျင့်စရိုက်မျိုး ရှိနေကြလဲ။

အရင်တုန်းက သူမ၏ အကြီးဆုံးသားနှင့် ဒုတိယသမီးတို့ကို မွေးဖွားစဥ်က သူမ ဝဝလင်လင်ပင် မစားခဲ့ရပါ။ သူမ၏ တတိယအစ်မ ပို့ပေးသော အသားနှင့် ဥများ ကျေးဇူးကြောင့်သာ မီးဖွားပြီးသောအခါ အခြေအနေကောင်းပြီး မီးတွင်းထဲတွင်လည်း ခန္ဓာကိုယ်ကို မထိခိုက်စေခဲ့ပါ။

အခုတော့ မိသားစု အဆင်ပြေလာပြီဆိုသော်လည်း ယခင်က ကိစ္စများကို သူမ မေ့ပြစ်နိုင်ပြီဟု မဆိုလိုပါ။

အခု လတိုင်း ယောက္ခမနှစ်ယောက်အတွက် နေထိုင်စရိတ် ၁၀ ယွမ် ထောက်ပံ့ပေးနိုင်သည်။ ဒီလောက်ဆို ကုသိုလ်ရပြီး မှန်ကန်ပြီဟု တတိယယောင်းမလင်း ခံစားရပါသည်။ သူမနဲ့ မြို့မှာ အတူလာနေချင်ကြတယ်တဲ့လား။

စိတ်ကူးထဲတောင် မထည့်ပါနှင့်။

အရင်နှစ်သစ်ကူးတုန်းက သူတို့ မွေးရပ်မြေ ပြန်ခဲ့ကြသောအခါက ယောက္ခမနှစ်ယောက် ပြောခဲ့ခြင်းဖြစ်သည်။ စကားစမ်းကြည့်ခြင်း ဖြစ်နိုင်၏။

ယောက္ခမနှစ်ယောက်ကို တစ်ယောက်ယောက်ကများ မြို့သို့ ပို့ရဲပါက ထိုနေ့မှာပဲ ချက်ချင်း ယောက္ခမနှစ်ယောက်ကို ရွာပြန်ပို့ရဲပါသည်။ ဘယ်လောက်ပဲ နောက်ကျနေပါစေဦ၊ အလုပ်များနေပါစေ ကိစ္စမရှိပါ။

ဒီလောက်အထိ တတိယယောင်းမလင်း၏ သဘောထားက တည်မြဲနေပါသည်။ ဆွေးနွေးစရာအကြောင်း လုံးဝ မရှိပါဘူး။

ထို့အပြင် သူမက ခံစားချက်ကို ကြိတ်မှိတ်ခံစားတတ်သူ မဟုတ်ပေ။ မနှစ်က နှစ်သစ်ကူး မွေးရပ်မြေပြန်စဥ်က ကျေးရွာမှ ရွာသားများကို သူမတို့က တစ်လကို ၁၀ ယွမ် ထောက်ပံ့ရကြောင်း၊ သူမ မီးဖွားတုန်းကတော့ ဆန်ပြုတ်တောင် ဝဝလင်လင် မသောက်ခဲ့ရကြောင်း မကြာခဏ ပြန်ပြောပြသည်။

အားရှိအစားအစာများ ယူလာပေးသော သူမ၏ တတိယအစ်မကြောင့်သာ မဟုတ်လျှင် သူမ အသက်တောင် ရှင်နိုင်ပါ့မလား မသိပါ။

သို့သော်လည်း သူမ ပြောသမျှက အမှန်တရားဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ထိုနှစ်က အိမ်ပြောင်းရခြင်းမှာ လင်းမိသားစုကပဲ အတင်းအဓမ္မ ပြောင်းခိုင်းခဲ့ခြင်းဖြစ်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ကျေးဇူးကြောင့် သူမတို့ဘဝ တစ်ဆင့်ချင်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ရွာသားများကလည်း အရူးမဟုတ်ပေ။ သူတို့ သတိမထားမိဘဲ နေပါ့မလား။

ထို့အပြင် လင်းမိသားစုဟောင်းက လူတစ်ချို့က စကားပြောဆိုဆက်ဆံသည့်နေရာတွင် ဆိုးရွားကြသည်။ သူတို့အရူးလုပ်သည်ကို မကြာခဏ မြင်နေရပါသည်။

သူတို့ ဘယ်လိုလုပ်ပြီး အရူးလုပ်ခံရပါ့မည်နည်း။

မိသားစုအရင်းနှင့် ဆက်ဆံရေး ဖြတ်တောက်ဖို့ အတင်းအကျပ် ခိုင်းစေခံရသော သမီးက အောင်မြင်လာပြီး မိသားစုလိုက် မြို့တော်သို့ ပြောင်းသွားကြသည်။

မိသားစုနှင့် အတင်းအကျပ် ခွဲခွာခဲ့ရသော အငယ်ဆုံးသားကလည်း အောင်မြင်လာပြီး သူ့မိသားစုက ကောင်တီမြို့သို့ ပြောင်းနိုင်ခဲ့သည်။

ဒီလင်းမိသားစုဟောင်း ကံမကောင်းလှသည်ကို မြင်နိုင်ပါသည်။ သူတို့က အမြဲတမ်း လူကောင်းများကို နှင်ထုတ်ပြီး ငပေါများကိုသာ ဆက်ခေါ်ထားသည်။

သို့သော်လည်း သူတို့သားဖြစ်သဖြင့် တတိယမောင်လေးလင်းက တစ်လကို နေထိုင်စရိတ် ၁၀ ယွမ် ပေးပါသည်။ သို့သော်လည်း သူတို့က ပြဿနာရှာခြင်းကို မရပ်နိုင်ကြပါ။ ဒိသားငယ်ကို မိသားစုနဲ့ လုံးဝ အဆက်အသွယ် ဖြတ်တောက်စေချင်နေကြတာလား။

ရွာထဲက လူများစွာက ထိုကိစ္စကို လှောင်ပြောင်ကြသည်။

လင်းချင်းဟယ်၏ ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့်ဖြစ်နိုင်သည်။ အဖေလင်းနှင့် အမေလင်းတို့က ခဏလောက် တွန့်ဆုတ်ခဲ့ကြသည်။ သူတို့သမီးက ပြောသည့်အတိုင်း အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ ထိုသမီးကို သူတို့ဘယ်လိုဆက်ဆံခဲ့မှန်း ပြန်စဥ်းစားကြည့်မိသဖြင့် သူတို့ လာဖို့ ထပ်ပြီး မပြောကြတော့ပါ။

မဟုတ်လျှင် သူတို့တွင် တကယ် အစီအစဥ်ရှိပါသည်။

ဘာပဲဖြစ်ဖြစ် မြို့ကြီးမှာ နေရတာ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ကျေးရွာနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။ သို့သော်လည်း သူတို့၏ သားနှင့် ချွေးမတို့က သူတို့ကို လာခွင့်မပြုပါ။ သူတို့ ဘာလုပ်နိုင်ပါဦးမည်နည်း။

သူတို့ ရွာထဲလျှောက်သွားပြီး သားငယ်မိသားစုက မိသားစုမရှိကြောင်း အတင်းပြောသော်လည်း ဘယ်သူကမှ  နားမထောင်ကြပါ။

ကျေးရွာဒေသများတွင် သူတို့ကို ပေးသည့် လစဥ်ငွေ ၁၀ ယွမ်က နည်းသလား။ ဘယ်သူမှ နည်းသည်ဟု ပြောကြမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သားငယ်က သူတို့၏ တစ်ဦးတည်းသော သားလည်း မဟုတ်ပေ။ ပိုက်ဆံပေးနေသည်က အငယ်ဆုံးသားဖြစ်ပါသည်။

အထက်တွင် အကြီးနှစ်ယောက် ရှိသေးသည်။ သို့သော် ထိုအကြီးနှစ်ယောက်က ဘာမှ အားမကိုးရပါ။

အထူးသဖြင့် သားလတ်လင်းဖြစ်သည်။ အခုချိန်ထိ ထိုမုဆိုးမနှင့် မရှင်းမရှင်း ဆက်ဆံရေး ရှိနေတုန်းဖြစ်ပြီး သူ့မိန်းမနှင့် ထိုကိစ္စကြောင့် မကြာခဏ ရန်ဖြစ်ရသည်။

အတိုချုံး ပြောရလျှင် လင်းမိသားစုဟောင်း တစ်ခုလုံးက ပေပွနေပါပြီ။ သူတို့နှင့် ပတ်သတ်မိသူတိုင်းက ကံမကောင်းသောကြောင့်သာဖြစ်ပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် တတိယအစ်ကိုနှင့် တတိယမရီးတို့အိမ်တွင် အတူတူ နွေးနွေးထွေးထွေး စားသောက်ခဲ့ကြသည်။

တတိယမရီးက နှစ်နှစ်ကာကာဖြင့် သူတို့ကို ဧည့်ခံပါသည်။ ကြက်တစ်ကောင်လုံးကို ကြော်ခဲ့သည်။ ခဝဲသီးစွပ်ပြုတ်၊ သခွားသီးစွပ်ပြုတ်၊ ကြက်ဥပြုတ်၊ ငါးတစ်ကောင်နှင့် ပုစွန်တစ်ပန်းကန်လည်း ပါသည်။

ဟင်းတွေက အတော်လေး ဖွယ်ရာလှသည်။ ထိုဟင်းလျာများကို စားပွဲပေါ်တင်လိုက်သောအခါ လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "တတိယမရီးရဲ့ ဟင်းချက်လက်ရာက ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး။"

"ဟုတ်တယ်။ အရင်ကတော့ ဘာမှလေ့လာဖို့ အချိန်မရှိဘူး။ ဝက်ဆီနည်းနည်းသုံးဖို့တောင် မသုံးတတ်ခဲ့ဘူး။ အခုတော့ ဒီလောက် အများကြီး ချက်ရလည်း ကိစ္စမရှိတော့ဘူး။ နင်တို့ အားရပါးရသာ စားကြ။ ငါ လုံလုံလောက်လောက် ချက်ထားပါတယ်။" ဟု တတိယမရီးက အမြန်ပြန်ဖြေလိုက်သည်။

လင်းချင်းဟယ်ကလည်း သူမကို အားနာမနေပါ။ ကျိုးချင်းပိုင်နှင့် တတိယအစ်ကိုတို့က စားသောက်ရင်း အနည်းငယ် သောက်နေကြသည်။

တတိယအစ်ကိုက တစ်ခွက်နှစ်ခွက်သောက်လိုက်ပြီး အရင်တုန်းက အကြောင်းများကို ပြန်ပြောလေသည်။ "စတုတ္ထညီ။ ငါတို့ညီအစ်ကိုတွေအတွက် မင်းသံယောဇဥ်ကို မမေ့သေးပါဘူး။ အဲ့ဒီတုန်းက ငါတို့ညီအစ်ကိုတွေ မြစ်မှာ ရေကူးသွားတုန်းက အဲ့လိုစကားတွေပြောပြီး အဲ့ဒီပိုက်ဆံသာ ချန်ထားမပေးခဲ့ရင် မင်းရဲ့ တတိယမရီးနဲ့ ငါတို့ မြို့တက်ပြီး ဒီလိုလုပ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။"

ငယ်ငယ်လေးကတည်းက သူလယ်အလုပ်သာ လုပ်ခဲ့ရသည်။ ဒီလိုခြေလှမ်းမျိုး လှမ်းဖို့ ဆုံးဖြတ်ချက်နှင့် သတ္တိတို့ ဘယ်လောက်တောင် လိုအပ်လိုက်သလဲ။ အရေးအကြီးဆုံးက ဆုံးဖြတ်ချက်ချဖို့ ချနိုင်သည့် အခြေအနေလည်း ရှိဖို့ လိုနေပါသေးသည်။

ပြီးတော့ ထိုအချက်များထဲက အများစုကို လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ပေးစွမ်းခဲ့ခြင်း ဖြစ်သည်။

တတိယအစ်ကိုက ဒါကို ရင်ထဲတွင် သိနေပါသည်။

"ညီအစ်ကိုတွေကြားထဲမှာ တစ်ယောက် အဆင်ပြေရင် ကျန်တဲ့သူတွေကိုလည်း အဆင်ပြေစေချင်တာပဲလေ။ မင်းတို့ကောင်တွေ အလုပ်ကြိုးစားချင်စိတ် ရှိသ၍ ဘယ်သူက နောက်ကျကျန်ခဲ့မှာလဲ။" ဟု ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

"မင်းဘယ်လိုလူမျိုးလဲ ငါသိတယ် စတုတ္ထညီ။ မင်းက ငါတို့ထဲမှာ အငယ်ဆုံးဆိုပေမယ့် ငါတို့က မင်းကို ဂရုမစိုက်ရဘူး။ အမြဲတမ်း မင်းက ငါတို့ကို ပြန်ဂရုစိုက်နေရတယ်။ ငါတို့မိဘတွေကိုလည်း မင်းက အခုမြို့ခေါ်ပြီး စောင့်ရှောက်ပေးထားတာလေ။" ဟု တတိယအစ်ကိုက ပြုံးကာ ပြောလိုက်သည်။

"ကျွန်မတို့ရဲ့ မိဘတွေပဲလေ။ စောင့်ရှောက်သင့်တာပေါ့။" ဟု လင်းချင်းဟယ်က ပြုံးရယ်ကာ ပြောလိုက်၏။

"ငါ့အဖေစိတ်ကို ငါသိတယ်။ ဒါပေမယ့် အမေကတော့ တစ်ခါတစ်လေ နည်းနည်း စိတ်ရှုပ်ဖို့ကောင်းတယ်။ စတုတ္ထခယ်မ သူ့ကို စိတ်ထဲမထားပါနဲ့။ ဒီတိုင်းသာ ထားလိုက်။ ဒီလောက် မြေးတွေ အများကြီးထဲမှာ သူက လောင်တကို အချစ်ဆုံးပဲလေ။" ဟု တတိယအစ်ကို ဆက်ပြောသည်။

"သူက အကုန်လုံးကို တန်းတူချစ်ပါတယ်။" လင်းချင်းဟယ် ပြုံးလိုက်၏။

ဒါကိုတော့ မငြင်းနိုင်ပါ။ ချွေးမ လေးယောက်စလုံးကို သာတူညီမျှ ဆက်ဆံသည်။ သားနှင့် မြေးတို့တွင်တော့ အမေကျိုးက ချင်းပိုင်နှင့် သားကြီးကို ဦးစားပေးသည်။

မတတ်နိုင်ပါ။ အငယ်ဆုံးသားနှင့် အကြီးဆုံးမြေးတို့က သူမမိသားစုထဲမှဖြစ်နေသည်။

ထို့ကြောင့် လင်းချင်းဟယ်က မြို့တော်တွင် အတူတူနေထိုင်ကြပြီး တစ်ခါတစ်ရံ သူမ၏ အကျင့်ဆိုးများ ပေါ်လာတတ်သော်လည်း အမေကျိုးကို စိတ်ထဲမထားခဲ့ပါ။

ပြီးပြည့်စုံရုံလောက်ဆို လုံလောက်ပါပြီ။ ကိစ္စတိုင်းတွင် ယောက္ခမကြီး၏ အထက်မှာ အတင်းအကြပ် ရှိနေဖို့ မလိုအပ်ပါဘူး။ သို့သော် တစ်ခါတစ်လေတော့ ယောက္ခမထက် ပိုအားကောင်းဖို့ လိုအပ်သည်။

အဘယ့်ကြောင့်ဆိုသော် ဤ ယောက္ခမ အမေကျိုးက အနည်းငယ် ခေါင်းမာပြီး ဝန်မခံတတ်သောကြောင့်ဖြစ်သည်။

"ဘာလို့ အဲ့တာတွေ ပြောနေတာလဲ။ သောက်စရာရှိတာ သောက်စမ်းပါ။" ဟု တတိယမရီးက ပြောလိုက်သည်။

သူမ ဘက်လိုက်လိုက် မလိုက်လိုက် စားစရာရှိတာ စားရဦးမည်။ အရင်တုန်းက ထိုကဲ့သို့ အခြေအနေမျိုးဖြစ်သဖြင့် သူမ ဘာပေးနိုင်မည်နည်း။

သူမ ဂရုမစိုက်ပါ။

"ရှောင်းမိန်နဲ့ တာ့လင်းတို့ကော စီးပွားရေး အဆင်ပြေကြရဲ့လား။" တတိယအစ်ကိုက သူ့ညီမနှင့် ယောက်ဖတို့ကို ဂရုစိုက်ပါသည်။

"အဆင်ပြေပါတယ်။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

"အရင်စက်ရုံကြီး ဒေဝါလီခံသွားရပြီလို့ ကြားတယ်။ တာ့လင်ရဲ့ ဦးလေးတို့မိသားစုတို့က အခုတော့ အိမ်မှာ အလုပ်လက်မဲ့ဖြစ်နေကြပြီ။" ဟု တတိယအစ်ကိုက ပြောလိုက်၏။

"မိသားစုတစ်စုလုံး အလုပ်မရှိဘူးလား။" ဟု လင်းချင်းဟယ် မေးလိုက်သည်။

"ဟုတ်တယ် ဒီလ ဖြစ်သွားတာလေ။ တာ့လင်းတော့ မသိလောက်သေးဘူး။" ဟု တတိယအစ်ကိုက အတည်ပြုပေးလိုက်သည်။

All Chapters