ပိုပိုပြီး ချစ်ဖို့ကောင်းလာသည်
Vol. 32 Ch. 447
အခန်း(၄၄၇) - ပိုပိုပြီး ချစ်ဖို့ကောင်းလာသည်
လတ်တလောကမှ စီရင်စုမြို့တော်ထဲရှိ စက်ရုံကောင်းတချို့ကို ပိတ်ချလိုက်ရသည်။ အားလုံး ဒီနှစ်ထဲမှာပဲ ဖြစ်ပျက်ခဲ့ကြခြင်း ဖြစ်သည်။
စုတာ့လင်း အလုပ်လုပ်ခဲ့ဖူးသော စက်ရုံလည်း ပိတ်လိုက်ရသည့် အထဲပါသွားသည်။ သူ့ဦးလေးမိသားစု အားလုံးက ထိုစက်ရုံထဲတွင် အလုပ်လုပ်သည်။
ယခုတော့ သေချာပေါက် သူတို့ အလုပ်လက်မဲ့ ဖြစ်သွားပါပြီ။
လင်းချင်းဟယ်က ပြောလိုက်၏။ "ကျွန်မ ပြန်ရင် အငယ်ဆုံးယောင်းမကို စကားပြောကြည့်လိုက်ပါဦးမယ်။"
စုတာ့လင်း၏ ဦးလေးနှင့် ဒေါ်လေးတို့က သူတို့၏ မိသားစုလေးကို အလွန်ဂရုစိုက်ပါသည်။ သူတို့ မသိချင်ယောင်ဆောင်လို့ မရပါ။ သူတို့နှစ်ယောက်ကို အသိပေးရလိမ့်မည်။ သူတို့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကတော့ စုတာ့လင်းနှင့် သူ့မိသားစုအပေါ် မူတည်ပါသည်။
တတိယအစ်ကိုနှင့် တတိယမရီးတို့၏ အိမ်တွင် ညစာစားပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် တတိယမောင်လေးလင်းတို့အိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။
ထိုနေရာတွင် ညစာစားဖို့ မလိုတော့သော်လည်း တတိယယောင်းမလင်းကတော့ မတ်ပဲစွပ်ပြုတ်ကို သရေစာအဖြစ် ချက်ပြုတ်ပေးခဲ့ပါသည်။
သူတို့နှင့် အချိန်အကြာကြီး ထိုင်စကားပြောပြီးသွားသောအခါ အိပ်ယာဝင်ဖို့ အချိန်ကျပြီဖြစ်သည်။
တတိယမောင်လေးလင်းက မနက်စောစော ရွာဘက်သွားပြီး သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များ သွားယူရမည် ဖြစ်သောကြောင့် သူတို့ စောစော အိပ်ယာဝင်ခဲ့ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ဧည့်သည်အခန်းထဲသို့ ပြန်ဝင်သွားကြပြီး အနားယူလိုက်ကြပါသည်။ သူတို့လည်း ပင်ပန်းခဲ့ကြသည်။ ထို့ကြောင့် လင်မယားနှစ်ယောက်သား စောစော အိပ်ယာဝင်ခဲ့ကြပါသည်။
နောက်တစ်နေ့မနက် တတိယမောင်လေးလင်း အိပ်ယာထသောအခါ လင်မယားနှစ်ယောက်လည်း အတူတူထလိုက်ကြသည်။
"အစ်မနဲ့ယောက်ဖတို့ ပြန်အိပ်ကြပါဦး။ စောပါသေးတယ်။" ဟု တတိယမောင်လေးလင်းက ပြောလိုက်သည်။
တတိယယောင်းမလင်းက စားဖို့အတွက် ပန်ကိတ်များ သူ့ကို ပေးရင်း ပြောလိုက်သည်။ "အခုချိန်ကြီး စောပါသေးတယ်။ တတိယအစ်မတို့ ထပ်နားလိုက်ကြပါဦး။" ငါးနာရီခွဲကျော်ကျော် အချိန်ဖြစ်ပါသည်။
"ရပါတယ်။ စောစောထပြီး နေပူမလာခင် ရွာကို ပြန်ကြရအောင်။ မဟုတ်ရင် အကြီးဆုံးမရီးနဲ့ တခြားသူတွေ လယ်ထဲသွားဖို့ နောက်ကျနေရဦးမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူမနှင့် ကျိုးချင်းပိုင်တို့ အတူတူ သွားတိုက်ခဲ့ကြပြီး ပန်ကိတ်များနှင့် ဆန်ပြုတ်များကို အတူတူ စားသောက်ခဲ့ကြပါသည်။
တတိယမောင်လေးလင်း ထွက်သွားသောအခါ သူတို့လည်း တတိယမောင်လေးလင်း၏ စက်ဘီးကို ယူကာ ထွက်လာခဲ့ကြပါသည်။
"သွားနှင့်ပါ။ နင့်ယောက်ဖနဲ့ ငါတို့က ကြာဦးမှာ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ဒါဆို ငါသွားနှင့်ပြီနော်။" တတိယမောင်လေးလင်းက ခေါင်းငြိမ့်လိုက်သည်။ ဆိုင်ကယ်ကို အရှိန်မြှင့်လိုက်ပြီး အရင် မောင်းထွက်သွားလိုက်ပါသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်နောက်တွင် ထိုင်ကာ ရွာသို့ ဖြည်းဖြည်းချင်း စက်ဘီးနင်းလာခဲ့ကြသည်။ "ကျွန်မတို့ မွေးရပ်မြေ ဖွံ့ဖြိုးလာတာ တော်တော့်ကို မြန်တာပဲ။"
ပြင်ပတွင် နာမည်ကြီးသည့် အရာများစွာကို မြို့ထဲတွင်လည်း မြင်နေရပြီဖြစ်ပါသည်။
"သူဌေးတွေလည်း အများကြီး ပိုများလာကြပြီ။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
မနေ့ကမှ တတိယအစ်ကိုကို ခေါ်ကာ ဆိုင်ကယ်စီး သင်ပေးခဲ့သည်။ ကားအနည်းငယ်နှင့် ဆိုင်ကယ်များစွာတို့ကို သတိထားမိခဲ့ပါသည်။ လမ်းမပေါ်က မိန်းကလေးငယ်များစွာ၏ တက်ကြွမှုနှင့် ပုံစံကလည်း မတူတော့သည့် ပုံပင်။
"ဒီနှစ် မိုးတော်တော် သည်းတယ်လို့ ကြားတယ်။ လယ်တွေလည်း ကောက်ရိတ်လို့ မရခဲ့ဘူးတဲ့။" လင်းချင်းဟယ်က ဆက်ပြော၏။
"မိုးသည်းတယ် ဟုတ်လား။" ကျိုးချင်းပိုင်က စကားရပ်တန့်သွား၏။
"တတိယမရီးက မိုးသည်းလွန်းလို့ ကောက်ရိတ်လို့ လုံးဝ မရဘူးလို့ ပြောတယ်။ ကံကောင်းလို့ ရွာနှစ်ရွာလောက်ပဲ ထိသွားတာတဲ့။ တခြားနေရာတွေကနေ အစားအသောက်တွေ တင်သွင်းနိုင်လို့ ဘယ်သူမှ ငတ်မသေပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။ ကြီးကြီးမားမား ကပ်မဆိုက်ပါက အဆင်ပြေပါသည်။
"စန်းနီလည်း အဲ့ဒီကပ်ဘေးကြောင့် ထိခိုက်သွားတယ်လို့ကြားတယ်။ လီကျားကျွမ်းက နေရာကြီးမှမဟုတ်တာ။ တစ်ယောက်ယောက်က သူ့အားနည်းချက်ကို ထောက်ပြပေးဖို့ မျှော်လင့်ပါတယ်။" ဟု လင်းချင်းဟယ်က ပြောပြလိုက်၏။
ကျိုးချင်းပိုင် ဘာမှမပြောပါ။ သူ့တူမက အိမ်ထောင်သည် ဖြစ်သွားပါပြီ။ ထို့ကြောင့် သူမ ဘယ်လိုနေထိုင်တယ်ဆိုသည်က သူမအပေါ်ပဲ မူတည်ပါသည်။
"လီအိုင်ကွေ့က မြို့က ဆိုင်တွေအကြောင်း စုံစမ်းနေတယ်လို့ တတိယမရီး ပြောတာ ကြားခဲ့တယ်။ သူမြို့မှာ ဆိုင်တစ်ဆိုင် ဖွင့်ဖို့စီစဥ်နေတာဖြစ်လောက်တယ်။" ဟု လင်းချင်းဟယ်က သူမ၏ အစီအစဥ်ကို ပြောပြလိုက်သည်။
တကယ်တော့ သူ့တူမ ကျိုးစန်းနီက လူဆိုး မဟုတ်ပါ။ ဒုတိယမရီးကြောင့် တစ်ကိုယ်ထည်း နေလိုသော စရိုက်မျိုးဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။
အခုတော့ သူမ၏ ကျန်းမာရေးအခြေအနေ ချို့ယွင်းပြီး ကလေးမရနိုင်သဖြင့် ကျိုးစန်းနီ မြို့တော်သို့ သွားလျှင် ဘဝသစ်တစ်ခုကို ရနိုင်လိမ့်မည်ဟု လင်းချင်းဟယ် ခံစားမိပါသည်။
သူတို့ ကောင်တီမြို့သို့ ပြောင်းသွားလျှင်တောင် ဆေးပညာအခြေအနေက မြို့တော်လောက် ကောင်းမည်မဟုတ်ပေ။
အမျိုးသမီးတစ်ယောက်က လက်ထပ်ပြီး သုံးလအကြာထိ ကလေး မရသေးပါက လူပြောများလာကြလိမ့်မည်။
ဒါတောင် မြို့တော်တွင်ဖြစ်ပြီး ရွာဘက်တွင်ဆို ပိုမို ဆိုးရွားပါလိမ့်မည်။ဘာပဲဖြစ်ဖြစ် ဒီခေတ်တွင် သန္ဓေတားခြင်းဟူသော အသိပညာ အနည်းငယ်သာ ရှိပြီး လူနှစ်ဦးနှစ်ယောက် တွဲဖက်နေနိုင်သော ကမ္ဘာဟူသည် မရှိသောကြောင့်ဖြစ်ပါသည်။
ထို့အပြင် ညားခါစကာလဖြစ်ပြီး ပုံမှန်ဆို မကြာမီ ကလေးရလာပါလိမ့်မည်။
သို့သော်လည်း ကျိုးစန်းနီ အိမ်ထောင်ပြုလိုက်သောအခါ ကိုယ်ဝန်လည်း မရ၊ မိုးသည်းခြင်းများလည်း ဖြစ်ပေါ်လာသဖြင့် ရွာထဲက လူတချို့က သူမကို ဝေဖန်သည်မှာ အံ့သြစရာ မဟုတ်ပါ။
"ပင်လယ်စာခြောက်ဆိုင်ကို စောင့်ကြည့်ခိုင်းမလို့လား။" ကျိုးချင်းပိုင်က သူမ၏ ရည်ရွယ်ချက်ကို နားလည်ပြီး မေးလိုက်သည်။
"ရှင် ဘယ်လိုထင်လဲ။" ဟု လင်းချင်းဟယ်က မေးလိုက်၏။
"မဆိုးပါဘူး။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
"လစာကို အတူတူ ပေးလိုက်မယ်လေ။ တစ်လကို ယွမ် ၇၀ ပေးလိုက်မယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်မ သူတို့ကို တွေ့ပြီးမှ သေချာဆွေးနွေးပါ့မယ်။"
ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်၏။ လင်မယားနှစ်ယောက် ရွာသို့ ပြန်သွားကြသည်။
အခု မစောတော့ပါ။ ကိုယ်တာဝန်ကျ လယ်ကွင်းများတွင် အလုပ်သွားလုပ်သော လူများစွာက အလုပ်ပြီးလုနီးပါးဖြစ်နေပြီ။
ဘာပဲဖြစ်ဖြစ် နွေရာသီတွင် ကောက်မရိတ်နိုင်ခဲ့သဖြင့် ဒီဆောင်းရာသီကောက်ရိတ်ချိန်တွင် ဝီရယ ရှိကြရမည်ဖြစ်သည်။
"ချင်းပိုင် နဲ့ ဆရာမလင်းတို့ ပြန်ရောက်နေကြပြီလား။" ဒေါ်လေးချိုင်က နေ့လည်စာဗူးတစ်ဗူးကို သယ်သွားရင်း သူတို့ကို မြင်လိုက်သောအခါ ချက်ချင်း ပြောလိုက်၏။
"ဟုတ်တယ် ရွာပြန်လာပြီး ဟိုဟိုဒီဒီ ကြည့်မလို့ပါ။" လင်းချင်းဟယ်က ပြုံးကာ စက်ဘီးပေါ်မှ ဆင်းလိုက်၏။ "ဒေါ်လေးချိုင်ကကော ဘယ်လဲ။”
"ကျိုးတုန်အတွက် မနက်စာ သွားပို့ပေးမလို့လေ။" ဟု ဒေါ်လေးချိုင်က ပြောလိုက်၏။
"ဒါဆိုလည်း ဟုတ်ပါပြီ။ ဒေါ်လေး အရင်သွားနှင့်လေ။ အချိန်ရရင် အိမ်မှာ လာာထိုက်ပြီး စကားလာပြောဦးလေ။" ဟု လင်းချင်းဟယ်က ပြုံးလိုက်၏။
ဒေါ်လေးချိုင်က ပြုံးကာ သဘောတူလိုက်သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က လမ်းလျှောက်ကာ အိမ်ပြန်လာခဲ့ကြသည်။ လမ်းတွင် ရွာမှလူများစွာနှင့် တွေ့ကြပြီး အပြန်အလှန် နှုတ်ဆက်ခဲ့ကြပါသည်။
အကြီးဆုံးမရီးနှင့် အကြီးဆုံးအစ်ကိုတို့ နှစ်ယောက်စလုံး လယ်ထဲဆင်းသွားကြပြီဖြစ်သည်။ အိမ်တွင် စစ်နီသာ ရှိ၏။
စစ်နီက ဒီနှစ်ဆို မိန်းကလေးငယ်ငယ်လေး တစ်ဦးဖြစ်နေပါပြီ။ လူများစွာက သူမကို မျက်စိကျနေကြသည်။ သူမက သွက်လက်ပြီး စနစ်ကျသည်ကို မသိသည့်လူ မရှိပါ။ ရွာထဲက အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၏ သဘောကောင်းသည့် ဂုဏ်သတင်းက အရေးအကြီးဆုံးဖြစ်ပါသည်။ အတော် ကောင်းမွန်ပါသည်။
သူမအောက် တစ်နှစ်ငယ်သော မောင်ငယ် ကျိုးယန်လည်း ရှိသေးသည်။ သူက ကောလိပ်ကျောင်းသားတစ်ဦးအဖြစ် လူသိများပါသည်။
တောင်းဆိုချက်များက ဘယ်လိုလုပ်ပြီး ဆိုးရွားနိုင်ဦးမှာလဲဲ။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ကျိုးမိသားစုဟောင်းအိမ်ကို အရင်ဖြတ်သွားရသည်။ ထို့ကြောင့် ကျိုးမိသားစုအိမ်ဟောင်းအိမ်တွင် ခဏနေကြသည်။ ကျိုးချင်းပိုင်က အိမ်ထဲဝင်သွားသော်လည်း လင်းချင်းဟယ်က ဝင်မသွားပါ။
ဟိုတစ်ခေါက်က ကျိုးလျို့နီတစ်ယောက် မြို့တော်သို့ ခွင့်ပြုချက်မရှိဘဲ ရောက်ချလာသည်။ သူမနှင့် ဒုတိယမရီးတို့၏ အဆက်အသွယ်က လုံးဝပြတ်တောက် သွားခဲ့၏။ ဘာမှ ပြောစရာမရှိတော့ပါ။
ကျိုးချင်းပိုင်က အိမ်ထဲဝင်ပြီး ကြည့်လိုက်၏။ ဒုတိယအစ်ကိုနှင့် ဒုတိယမရီးတို့ လယ်ထဲဆင်းသွားကြသဖြင့် အိမ်တွင် ဘယ်သူမှမရှိကြပေ။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့က ပထမမိသားစု၏ အိမ်သစ်သို့ လာခဲ့ကြသည်။
အကြီးဆုံးအစ်ကိုကြီးနှင့် အကြီးဆုံးမရီးတို့၏ မြေ ဘယ်မှာရှိမှန်း သူတို့သိပါသည်။ ထို့ကြောင့် သူမတို့ သွားရှာကြည့်သောအခါ အုတ်နီအိမ်တစ်လုံးကို တွေ့ခဲ့ရ၏။ တကယ်ပဲ အရည်အသွေး ကောင်းမွန်ပါသည်။ အနည်းဆုံးတော့ ဒီခေတ်ကာလ အမြင်နှင့် အလွန်လှပသော အုတ်နီအိမ်တစ်လုံး ဖြစ်ပါသည်။
ကျိုးစစ်နီက ရေလောင်းဖို့ ထွက်လာစဥ် စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့ကို မြင်သွားသောအခါ မျက်လုံးများ ဝိုင်းစက်သွား၏။ "စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေး။"
"ဒေါ်လေးတို့ မတွေ့ရတာ တစ်နှစ်ပဲရှိသေးတယ်နော်။ စစ်နီက ပိုပိုပြီး ချစ်ဖို့ကောင်းလာတာပဲ" လင်းချင်းဟယ်က ပိန်သွယ်သွယ် စစ်နီကို မြင်သောအခါ ပြုံးကာပြောလိုက်သည်။
"စတုတ္ထဒေါ်လေး သမီးကို မနောက်ပါနဲ့" ကျိုးစစ်နီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး လာထိုင်ပါဦး မနက်စာ လုပ်ပေးမယ်လေ"
"မလုပ်ပါနဲ့ မြို့မှာ စားသောက်ပြီးမှ လာခဲ့တာ" လင်းချင်းဟယ်က ပြောလိုက်သည်။ "နင့်အမေနဲ့အဖေ လယ်ထဲသွားကြတာလား"