← Chapters

အံ့အားသင့်ခြင်း

Vol. 8 Ch. 106

အံ့အားသင့်ခြင်း

Vol. 8 Ch. 106

အခန်း(၁၀၆) - အံ့အားသင့်ခြင်း

"အင်းလေ ပြဿနာတော့ မရှိလောက်ပါဘူး။ ရှင်တို့က ပညာရှင်တွေဆိုတော့ ရှင်တို့သိမှာပါ။"

အမေဖြစ်သူက ခေတ္တတွန့်ဆုတ်သွားပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

ပညာရှင်ကြီးယန်နှင့် အခြားသူများ အင်မော်တယ်မြေသို့ ဝင်မည် အပြုတွင် ရုတ်တရက် ခွေးကြီးနှစ်ကောင်က ပြေးလာပြီး ပညာရှင်ကြီးယန်နှင့် အခြားသူများကို မာန်ဖီနေကြသည်။

ပညာရှင်ကြီးယန်နှင့် အခြားသူများချက်ချင်းဆိုသလို ထိတ်လန့်သွားကြပြီး သူတို့နောက်ပါလာသော အခြွေအရံများကလည်း ပညာရှင်ကြီးယန်နှင့် အခြားသူများကို စတင်ကာကွယ်ပေးကြသည်။

ပညာရှင်များသာ ခွေးကိုက်ခံရသည်ဆိုလျှင် ဟာသဖြစ်သွားပါလိမ့်မည်။

"ရူးဘတ်နဲ့ အာ့ဟွမ်တို့ ဘာဖြစ်နေကြတာလဲ။"

ရဲရင့်သော စစ်သည်တော်လို အမေက ပြေးလာပြီး အော်လိုက်သည်။

သူ့အမေကိုမြင်သောအခါမှ ခွေးနှစ်ကောင်က အမြှီးနှံ့နေကြ၏။

ထိုနေရာတွင် ရှိနေသော လူအားလုံးလည်း စိတ်သက်သာရာရစွာ သက်ပြင်းချမိတော့သည်။

ဒီအိမ်မွေးခွေးကြီးနှစ်ကောင်က ဧရာမကြီးများဖြစ်ကြပြီး အိမ်မွေးခွေးနှင့်ပင် မတူဘဲ ဝံပုလွေများနှင့်ပင် နှိုင်းယှဥ်ကြည့်နိုင်လောက်သည်။

ထိုနေရာတွင် မတ်တပ်ရပ်နေကြကာ တားမြစ်သော ပုံစံမျိုး လုပ်ပြနေကြသည်။

လူများစွာက ကျွတ်သပ်လိုက်ကြ၏။ ခွေးတွေက ဘာလို့ ဒီလောက်ထိ ကြီးနေကြတာလဲ။

ထိုခွေးနှစ်ကောင် အင်မော်တယ်မြေပေါ်တွင် နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်ကြောင်း သူတို့ မသိခဲ့ကြပါ။

အမေဖြစ်သူက ခွေးနှစ်ကောင်ကို ဆူငေါက်ပြီးနောက် ပညာရှင်အသင်း အင်မော်တယ်မြေထဲသို့ ဝင်သွားတော့သည်။

အင်မော်တယ်မြေပေါ်တွင် စိုက်ပျိုးထားသည့်အရာများ ရှိသဖြင့် အထဲက နေရာလွတ်က သိပ်မများပေ။ ပညာရှင်များသာ ဝင်နိုင်ပြီး ကျန်လူများကတော့ အပြင်တွင် စောင့်နေကြရသည်။

ထိုအချိန်တွင် ယဲ့ရှောင်ချန်းက ယန်မြို့တော်မှ ကျင်းကောင်တီအထိ ကားမောင်းလာသည်။

ရုတ်တရက် ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး သူ့အာရုံထဲတွင် စိုက်ပျိုးရေးခြံ၏ မြေပုံ ပေါ်လာသည်။

သူ့စိုက်ပျိုးရေးခြံထဲသို့ လူအများအပြား ဝင်ရောက်နေကြသည်ကို မြင်လိုက်ရ၏။

ပြောစရာမလိုအောင် ပညာရှင်များ ဖြစ်လိမ့်မည်။

"စိုက်ပျိုးရေးခြံရဲ့ ဖန်လုံအိမ်ထဲက သာမန်ဟင်းသီးဟင်းရွက်တွေကိုတော့ ကြည့်လို့ရပါတယ်။ ဒါပေမယ့် အင်မော်တယ်မြေရဲ့ ထူးခြားချက်တွေကိုတော့ လူတွေမြင်သွားလို့ မဖြစ်ဘူး။"

ယဲ့ရှောင်ချန်းတစ်ယောက် နှလုံးခုန်မြန်သွားသည်။

အင်မော်တယ်မြေမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်သည်။

ထိုသို့စဥ်းစားလိုက်ပြီးနောက် သူ့စိုက်ပျိုးရေးခြံကို ကြည့်လိုက်သည်။ အတွင်းဘက် အဆောက်အဦးများတွင် ပြောမပြနိုင်သည့် လက္ခဏာများရှိနေ၏။

အဆောက်အဦးများကို ဝှက်ထားနိုင်သည်။

အင်မော်တယ်မြေနှင့် အင်မော်တယ်စမ်းရေများလိုဖြစ်သည်။

အမှန်ပင်။ အင်မော်တယ်မြေကို ဖုံးကွယ်လိုက်ခြင်းက အင်မော်တယ်မြေ ပျောက်ကွယ်သွားမည်ဟုမဆိုလိုပါ။ အင်မော်တယ်မြေ၏ တည်ရှိမှုကို လူတွေမသိနိုင်အောင် ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။

အင်မော်တယ်မြေဆိုသည်မှာလည်း သာမန်မြေပေါ်တွင် ရှိနေခြင်း မဟုတ်ပါလား။

အင်မော်တယ်မြေကို ဖုံးကွယ်လိုက်ပါက သာမန်မြေကတော့ အရင်အတိုင်းပဲ ဆက်ရှိနေဦးမည်ဖြစ်ပါသည်။

အမှန်ပင်။ အင်မော်တယ်အပင်များလည်း ဆက်ရှိနေကြပါဦးမည်။

သို့သော်လည်း အင်မော်တယ်အပင်များ၏ ပုံသဏ္ဌာန်က သာမန်အတိုင်းဖြစ်ပြီး ဘာမှလုပ်စရာမလိုပါ။

ယဲ့ရှောင်ချန်းသည် အပင်များကို ဖုံးကွယ်လိုက်ပြီး လူတချို့က ဘာမှစိုက်မထားဘူးထင်ကာ သတိမဲ့စွာ လမ်းလျှောက်ကြပါက သူ့အင်မော်တယ်အပင်များကို တက်နင်းသွားလျှင် ဘယ်လိုလုပ်မလဲ။

စိုက်ပျိုးရေးခြံတွင်...

အထဲဝင်သွားသော ပညာရှင်များအသင်းမှာ ဘာမှ ထူးထူးခြားခြား မတွေ့ကြပါ။

အင်မော်တယ်မြေကို ဖုံးလွှမ်းထားသော လေအေးများလည်း ပျောက်ကွယ်သွားသလိုပင်။

အမြှီးနှံ့နေသည့် ခွေးနှစ်ကောင်က လူစိမ်းများကို နိုးကြားနေသော မျက်လုံးများဖြင့် ကြည့်နေပြီး ရုတ်တရက် အသည်းအသန် ဖြစ်လာကြသည်။

သူတို့က အင်မော်တယ်မြေရနံ့ဖြင့် အသားကျနေသူများဖြစ်၏။

အခုတော့ အင်မော်တယ်မြေ၏ ရနံ့ ပျောက်ကွယ်သွားတာကို သူတို့ချက်ချင်း အာရုံခံမိကြသည်။

ရုတ်တရက် ပညာရှင်များကို မာန်ဖီကြပြန်သည်။

သူတို့၏ ဦးနှောက်သေးသေးလေးတွင်တော့ ဤလူစိမ်းများ ဝင်လာသဖြင့် အင်မော်တယ်မြေရနံ့ ပျောက်သွားခြင်း ဖြစ်နေသည်။

ဒါက ဒီလူများနှင့် သက်ဆိုင်နေရမည်။

ခွေးကြီးနှစ်ကောင်က စိုက်ကြည့်နေသဖြင့် အေးဆေးတည်ငြိမ်ပြီး မကြောက်တတ်သော ပညာရှင်များပင် ကြောက်လန့်လာကြသည်။

ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၏ အဖေနှင့်အမေတို့လည်း ရှိနေကြပါသည်။ မဟုတ်ပါက သူတို့ ဘာမှ အချိန်ဆွဲမနေဘဲ ပြေးကိုက်ကြလိမ့်မည်။

ယဲ့ရှောင်ချန်း၏ အမေလည်း ထိုအခြေအနေကိုတွေ့ကာ ခွေးနှစ်ကောင်ကို ဆူလိုက်ပြန်သည်။ ထို့နောက် ခွေးနှစ်ကောင်ဟာ ပြန်ငြိမ်ကျသွားပြန်၏။

"ဒါဘယ်လိုပဲမျိုးလဲ။"

ပညာရှင်တစ်ဦးက အင်မော်တယ်ပဲပင်တစ်ပင်ရှေ့တွင် ဒူးကွေးထိုင်ချလိုက်သည်။ ပဲပင်တွင် အဝါရောင်ပဲတောင့်များဖြင့် ဖုံးလွှမ်းနေပြီး အလွန်မျက်စိကျစရာကောင်းလှပါသည်။

ထိုပဲပင်က ဒုတိယမျိုးဆက် အဝါရောင် အင်မော်တယ်ပဲပင်ဖြစ်၏။ စတိုးဆိုင်မှ ဝယ်ထားသော အင်မော်တယ် ပဲစေ့များဆိုလျှင် သူတို့ ပိုမိုပင် အံ့အားသင့်သွားကြပါဦးမည်။

"ဒါ မစ္စတာယဲ့ ပျိုးထောင်ထားတဲ့ အပင်မျိုးသစ် တစ်ခုလား။"

အခြား ပညာရှင်တစ်ဦးကလည်း သိချင်မိသည်။

သူတို့မျက်လုံးများထဲတွင် ယဲ့ရှောင်ချန်းက ရုက္ခဗေဒနယ်ပယ်၏ ပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့စိုက်ပျိုးရေးခြံက အရာမှန်သမျှက သာမန်ထက် ထူးကဲနေသည်။

"ဟေ့လူတွေ ဒီမှာကြည့်ပါဦး။ ဒီအပင်ပေါက်က ဘာပင်လဲ။ အဖူးတွေကလည်း မီးလိုနီရဲနေတာပဲ။"

"မသိဘူး ဒါပေမယ့် ပဲအပင်ပေါက်နဲ့တော့ တူတယ်။ ဒါပေမယ့် အရောင်ကတော့ မမှန်ဘူး။"

"ဘုရားရေ... ဟေ့လူတွေ ကြည့်ကြပါဦး။ ဒါဘာကြီးလဲ။"

ရုတ်တရက် အံ့အားသင့်စွာဖြင့် အော်သံတစ်သံထွက်လာသည်။ လူများစွာကလည်း အာရုံစိုက်သွားကြပြီး အမြန်ကြည့်လိုက်ကြသည်။

ပညာရှင်တစ်ယောက်က ထူးဆန်းသော သစ်ပင်လေးတစ်ပင်ရှေ့တွင် မတ်တပ်ရပ်နေ၏။ ထိုအပင်က တစ်ပေဝက်လောက်သာ ရှည်သေးပြီး အရောင်က အနီရောင်ဖြစ်သည်။ ထိပ်တွင် အစိမ်းနှင့် ရွှေရောင်အဖူးတစ်ခုရှိ၏။

"ဒါ...ဒါက... မစ္စတာယဲ့ရှောင်ချန်း အရင်တစ်ခေါက်က ယူသွားတဲ့ ဖူဆန်သစ်ကိုင်းမဟုတ်လား။"

"ဒီဖူဆန်သစ်ကိုင်းကို တကယ်ကြီး အသက်ရှင်အောင် ဖြတ်တောက်နိုင်ခဲ့တာလား။"

"အသက်ရှင်တယ်။ လုံးဝ အသက်ရှင်တယ်။ မင်းတို့တွေ ကြည့်ကြပါဦး။ သစ်ပင်ထိပ်က အဖူးကလည်း စိမ်းရွှေရောင်နဲ့ကွ။ သံသယဖြစ်စရာမရှိဘူး။ ဒါက အဖူးအစစ်ကြီးပဲ။"

"ထင်မထားမိဘူးကွာ။ ဖူဆန်သစ်ပင်ရဲ့ ကိုင်းတစ်ကိုင်းကို အသက်ရှင်အောင်ဖြတ်နိုင်ခဲ့တယ်ဟုတ်လား။ မစ္စတာယဲ့ရှောင်ချန်းက ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။"

သူတို့အားလုံး စမ်းသပ်ချက်များ ပြုလုပ်ခဲ့ကြဖူးသည်။ ကိုင်းကျိုးများက ခဏလေးနှင့် ပြာကျသွားကြ၏။ ဖြတ်တောက်ရာကို ထိန်းသိမ်းဖို့ နေနေသာသာ လေ့လာခွင့်ပင် မရလိုက်ကြပါ။

ဖူဆန်သစ်ပင်၏ သစ်ကိုင်းကို အသက်ရှင်အောင် မဖြတ်နိုင်ဘူးဟုသာ သူတို့ကောက်ချက် ချခဲ့ကြရ၏။

သို့သော်လည်း အခုတော့ သူတို့အားလုံး နောက်ထပ်ဆန်းကြယ်မှုတစ်ခုကို မျက်မြင် တွေ့လိုက်ရလေပြီ။

"ကောင်းလိုက်တာ"

လက်ထဲတွင် တုတ်ကောက်ကြီးဖြင့် ပညာရှင်ကြီးယန်မှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေလေပြီ။

ဒါက ဘယ်လောက်အရေးပါမှန်း သူသိသည်။ သဘောက ရှားပါးပြီး တန်ဖိုးကြီးသော ဖူဆန်သစ်ပင်ကြီးကို အများအပြား စိုက်ပျိုးနိုင်တော့မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

အံ့သြဖို့ကောင်းလိုက်တဲ့ ကိုင်းဖြတ်နည်းလမ်း။

ကိုင်းဖြတ်ခြင်းနည်းပညာ၏ အရေးပါမှုက ဒီ့ထက်အလွန်အရေးပါသည်။ ဖူဆန်သစ်ပင်ကြီး၏ သစ်ကိုင်းကိုတောင် အသက်ရှင်လျက် ဖြတ်တောက်နိုင်ခဲ့ပါက အခြားတန်ဖိုးကြီးပြီး မျိုးတုန်းလုနီးပါး အပင်တွေမှာကော အသုံးပြုလို့ မရနိုင်ဘူးလား။

တန်ဖိုးကြီးပြီး မျိုးတုန်းလုနီးပါးဖြစ်နေသည့် အပင်များကို ပြန်လည်ပျိုးထောင်ခြင်းတွင် မကြာခဏ အခက်အခဲများနှင့် ကြုံတွေ့ရတတ်သည်။

တစ်ခါတစ်ရံ မျိုးတုန်းလုနီးဖြစ်နေသော အပင်တစ်ပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကိုသာ ထိုင်ကြည့်နေနိုင်သည်။ ဘာမှမလုပ်နိုင်ပါ။

သူတို့ ဒီလို အံ့သြဖို့ကောင်းသည့် ကိုင်းဖြတ်နည်းလမ်းကိုသာ ကျွမ်းကျင်အောင် လုပ်နိုင်ပါက ပမာဏများပြားစွာ စိုက်ပျိုးနိုင်လာမည်ဖြစ်ပါသည်။

ပညာရှင်များအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယဲ့ရှောင်ချန်းထံသို့ လာလည်ခြင်းက လုံးဝ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

ယဲ့ရှောင်ချန်းနှင့် စကားပြောကြည့်ရဖို့ကိုလည်း မျှော်လင့်နေမိပါသည်။

ဖန်လုံအိမ် အပြင်ဘက်တွင်...

ကောင်တီခေါင်းဆောင်များစွာနှင့် အခြွေအရံများက ပညာရှင်များ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်ကို မြင်လိုက်သည်။ သူတို့စုပြုံနေကြပြီး ဘာလုပ်နေမှန်းမသိရသော်လည်း သူတို့ စူးစမ်းနေကြပါသည်။

သူတို့ ဝင်မနှောင့်ယှက်တော့ဘဲ အနားယူဖို့ နေ့လည်စာစားဖို့ အတွက်သာ စီစဥ်တော့သည်။

ဒီလိုလူအများကြီးအတွက် နေရာတစ်နေရာ စီစဥ်ပေးဖို့က မလွယ်ကူပါ။

နာရီဝက်ကြာသောအခါ။

ပညာရှင်များက အင်မော်တယ်မြေတွင်သာ ဆက်နေနေကြပြီး ထွက်မလာသေးပေ။

ဖန်လုံအိမ်ထဲက အရာမှန်သမျှက သူတို့ကို စိတ်ဝင်စားစေသည်။ သူတို့ သုံးယောက်၊ ငါးယောက်အုပ်စုများဖြင့် စတင်ဆွေးနွေးစကားပြောနေကြသည်။

အပြင်ဘက် နေပူထဲတွင် လူများစွာက စောင့်နေကြပြီး သက်တောင့်သက်သာ မရှိလှပါ။

ယဲ့ရှောင်ချန်း၏ မိဘများနှင့် အိမ်နီးချင်းများက ဖရဲသီး၊ သခွားမွှေးသီးနှင့် အခြားခြံထွက်သစ်သီးဝလံများကို ခူးဖို့ ပြင်ဆင်ကြပြီး ထိုနေရာတွင် ရှိနေသော လူများကို လိုက်ဝေပေးလိုက်ကြသည်။

"အောင်မယ်လေး ဒီဖရဲသီးက ချိုပြီး လတ်ဆတ်နေတာပဲ။ စူပါမားကတ်က ဝယ်စားတဲ့ဟာထက်တောင် အရသာ အများကြီးပိုကောင်းတယ်။"

"ဒါဘယ်လိုဖရဲသီးလဲ။ အရမ်း အရသာရှိတာပဲ။"

"ဒီသခွားမွှေးသီးကလည်း အရမ်းမွှေးပြီး ချိုတယ်။ ဒီလောက် အရသာရှိတဲ့ သခွားမွှေးသီး တစ်ခါမှမစားဖူးဘူး။"

"ဟုတ်တယ်။ အရမ်းအရသာရှိတယ်။ စူပါမားကတ်ကဟာထက်တောင် အများကြီး ပိုကောင်းတယ်။ ဖရဲသီးတွေကို စိုက်ထားတဲ့ပုံစံကိုကြည့်ပြီးတောင် ဒီဖရဲသီးရဲ့ အရည်အသွေးကိုပြောနိုင်တယ်။"

သစ်သီးများကို စားလိုက်သော လူများစွာက အံ့အားသင့်နေကြသည်။

အဆင့်မြင့်ဟင်းလျာများနှင့် ထိပ်တန်း သစ်သီးဝလံများကိုသာ စားတတ်သော ထိုကောင်တီခေါင်းဆောင်များပင် ထိုသစ်သီးများကို စွဲလမ်းသွားကြပါသည်။

သူတို့ ဒီလောက်အရသာရှိသော သစ်သီးများကို မစားဖူးကြပါ။

ပညာရှင်များကိုလည်း ဖရဲသီးများ၊ သခွားမွှေးသီးများ တည်ခင်းကျွေးမွေးကြပြီး ပညာရှင်များက အပြည့်အဝ ချီးကျူးကြသည်။

ယဲ့ရှောင်ချန်း၏ အမေက လူအများအပြား ဖရဲသီးများကို ချီးကျူးနေသည်ကို မြင်သောအခါ ပျော်ရွှင်သွားသည်။

ထိုအချိန်တွင် စိုက်ပျိုးရေးခြံပြင်ပမှ ကားအင်ဂျင်သံထွက်လာ၏၊။

ယဲ့ရှောင်ချန်း ပြန်ရောက်လာလေပြီ။

All Chapters