← Chapters

အတွေ့အကြုံဟောင်းများ

Vol. 8 Ch. 113

အတွေ့အကြုံဟောင်းများ

Vol. 8 Ch. 113

အခန်း(၁၁၃) - အတွေ့အကြုံဟောင်းများ

ရှရှီမြို့။ တောင်ပိုင်း ဂလိုဘယ် စိုက်ပျိုးရေး မျိုးစေ့နည်းပညာ ကုမ္ပဏီ လီမီတက်။

အရေးပေါ် အစည်းအဝေးပွဲတစ်ခုကို ကျင်းပနေကြသည်။

"အားလုံးပဲ ပညာရှင်အသင်းရဲ့ လေ့လာရေးခရီးက ယဲ့ရှောင်ချန်းကို သီးသန့်သွားတွေ့ဖို့ ဖန်တီးခဲ့တာဆိုတာ ကြားပြီးလောက်ပြီပေါ့။”

လင်းကျင်းရှု၏ မျက်လုံးများက တစ်ခန်းလုံးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

အခုချိန်ထိပင် ယုံဖို့ ခက်ခဲနေသေးသည်။

ယခင်က သူမ၏စိတ်ထဲတွင် ယဲ့ရှောင်ချန်းမှာ ပန်းဂေါ်ဖီ၏ ချွတ်ယွင်းချက်အတွက် အဖြေကို မတော်တဆ ရှာတွေ့ခဲ့သည်ဟု ကောက်ချက်ချထားမိခဲ့၏။

သို့သော်လည်း ယခုတော့ ထိုကဲ့သို့ ဖြစ်ပုံမပေါ်တော့ပါ။ သူ့တွင် သေချာပေါက် အစွမ်းအစရှိနေသည်။

ထို့အပြင် ဖူဆန်သစ်ပင်ကို ကုသပေးခဲ့သည့် ဆန်းကြယ်သော ရုက္ခဗေဒပညာရှင်ဆိုသည်မှာလည်း ယဲ့ရှောင်ချန်းနှင့် တစ်ခုခု ပတ်သတ်နေရမည်ဟု ခန့်မှန်းမိပါသည်။

ထိုနေရာရှိ လူအားလုံးက ဆွေးနွေးတိုင်ပင်နေကြ၏။ သတင်းများက အံ့သြဖို့ကောင်းလွန်းလှသဖြင့် သူတို့ကြားမိသောအခါ တုန့်ပင် မတုန့်ပြန်နိုင်ခဲ့ကြပါ။

"မစ္စလင်း အရင်က မစ္စတာယဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပန်းဂေါ်ဖီမျိုးစေ့ ချို့ယွင်းချက်အတွက် ဖြေရှင်းပေးခဲ့တာကို ကျွန်တော်တို့က သူ့အတွက် အခမဲ့မျိုးစေ့တွေပဲ ထောက်ပံ့ပေးခဲ့တယ်။ အဲ့တာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စေတနာကို ပြသဖို့ အရမ်းလိုအပ်လွန်းနေပါသေးတယ်။ ဒီရှုထောင့်ကနေစတင်ပြီး ယဲ့ရှောင်ချန်းနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အကြံပေးပါရစေ။"

ပြောပိုင်ခွင့်ရှိသူ တစ်ဦးက ပြောလိုက်သည်။

အခြားသူများလည်း ခေါင်းငြိမ့်လိုက်ကြ၏။ ဒီအကြောင်းအရင်းက အလွန်သင့်တော်ပါသည်။

အပင်များနှင့် အလွန် ဆက်နွယ်နေသည့် ကုမ္ပဏီတစ်ခုအနေဖြင့် ထိပ်တန်းရုက္ခဗေဒ ပညာရှင်တစ်ဦးနှင့်သာ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပါက အကျိုးကျေးဇူး အလွန်ကြီးမားလိမ့်မည်။

ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ကြုံလာပါက သူတို့ကို ဖိတ်ကြားနိုင်ပါသည်။

မဟုတ်လျှင် ပိုက်ဆံရှိပြီး ဆက်ဆံရေးမရှိပါက ဖိတ်ကြားနိုင်မည်မဟုတ်ပေ။

မစ္စလင်းက ပညာရှင်ကြီးယန် လက်အောက်တွင် ပညာသင်ကြားခဲ့သော ကျောင်းသားတစ်ယောက်ကို ဖိတ်ခေါ်ပြီး သူ့အကူအညီဖြင့် ပညာရှင်အသင်းကို ကုမ္ပဏီသို့ ဖိတ်ခေါ်ဖို့ မျှော်လင့်ထားသောလည်း ဘာရလဒ်မှ မရသေးပေ။

ယခင်ကသာ ယဲ့ရှောင်ချန်းနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ပါက ဒီလိုပြဿနာမျိုး မတက်နိုင်လောက်ပါ။ ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းက ကြီးမားလွန်းသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းကိုယ်တိုင်ကလည်း ထိပ်တန်း ရုက္ခဗေဒပညာရှင်ဖြစ်နေသည်။

ထိုနယ်ပယ်အပိုင်းတွင် ပရော်ဖက်ရှင်နယ် ဘွဲ့တစ်ခုခု မရသေးသော်လည်း လူများစွာ၏ ရင်ထဲတွင်တော့ ယဲ့ရှောင်ချန်းအား ထိပ်တန်း ရုက္ခဗေဒပညာရှင်ဟု သတ်မှတ်ထားပြီး ဖြစ်ပါသည်။

"အဲ့ကိစ္စအတွက်တော့ ကျွန်မကိုယ်တိုင် သူ့ဆီသွားလိုက်ပါ့မယ်။"

လင်းကျင်းရှုက မတ်တပ်ရပ်လိုက်ပြီး အစည်းအဝေးပွဲကို အဆုံးသတ်လိုက်သည်။

........

ယန်မြို့တော်မှ ယဲ့ရှောင်ချန်းက ကျင်းကောင်တီသို့ မောင်းသွားကာ ပညာရှင်အသင်းနှင့် သွားတွေ့သည်။

"မစ္စတာယဲ့ အသိစိတ်လမ်းပြခြင်းက တကယ်ပဲ ဖြစ်နိုင်မှာလား။ ဘာပဲဖြစ်ဖြစ် အပင်နဲ့ လူသားတွေအကြား ဆက်သွယ်ဖို့ ဘာကြားခံမှမရှိဘူးလေ။ ဘယ်လိုပြင်ပအကူအညီနဲ့ ကျုပ်တို့ အပင်အသိစိတ်တွေနဲ့ ဆက်သွယ်နိုင်မှာလဲ။"

အလွန်ကျယ်ဝန်းသော အစည်းအဝေးခန်းကြီးထဲတွင် ပညာရှင်များစွာက စုစည်းနေကြသည်။

ခေါင်းပူလောက်သည့်အထိ ကြိုးစားရသည့် စောင့်ကြည့်သူတချို့က ကံကောင်းစွာ ဝင်ရောက်နိုင်ခဲ့ကြပါသည်။

ဥပမာအားဖြင့် လင်းကျင်းရှုတစ်ယောက် ဌာနမှ ဖိတ်ခေါ်ထားသည့် ပညာရှင်မှာ ပညာရှင်ကြီးယန်၏ တပည့်ဟောင်းဖြစ်သည်။

သူက ကျောင်းသားတစ်ယောက်သာသာ ဖြစ်ပြီး ပညာရှင်ကြီးယန်က သင်ခန်းစာတချို့နှင့် အကြံဉာဏ်တချို့သာ ပေးခဲ့ဖူးသည်။ သူဂုဏ်ယူရသော တပည့်အဆင့်တော့ မဟုတ်ပါ။

သို့သော်လည်း သူ့ကို ဝင်ကြည့်ခွင့်တော့ ပေးလိုက်ပါသည်။

ဝမ်ယွမ်တုန်းလည်း ပါသည်။ နဂိုကတော့ သူ့အစွမ်းအစနှင့်ဆိုလျှင် သူက လာရောက်နားထောင်နိုင်မည်မဟုတ်သော်လည်း ကျန်းခယ့်ချင်း၏ တပည့်ဖြစ်နေသည်က တစ်ကြောင်း ယဲ့ရှောင်းချန်း၏ အတန်းဖော်ဖြစ်ခဲ့သည်က တစ်ကြောင်းကြောင့် သူလာနိုင်ခဲ့ပါသည်။

ဤအချိန်တွင် ပညာရှင်များစွာဖြင့် အဆင့်အတန်းတူနေပြီဖြစ်သော ယဲ့ရှောင်ချန်းကို သူကြည့်နေမိသည်။ သူစိတ်များ ရှုပ်ထွေးနေ၏။ တစ်ခါက သူယဲ့ရှောင်ချန်းထက် အဆင့်ပိုမြင့်သော နေရာတစ်ခုတွင်ရှိနိုင်ပြီး သူ့ကို အထင်သေးစွာ ငုံ့ကြည့်နိုင်လိမ့်မည်ဟု ထင်ထားသည်။

သို့သော်လည်း အခုတော့ ဒီတိုင်း ဝင်ရောက်နားထောင်နိုင်ပြီး ထိုင်ဖို့ပင် အခွင့်အရေးမရပါ။ ယဲ့ရှောင်ချန်း၏ အတန်းဖော်ဟူသော ဂုဏ်ကြောင့်သာ ဝင်ရောက်နားထောင်နိုင်ခွင့် ရခဲ့ခြင်းဖြစ်ပါသည်။

ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။

သို့သော်လည်း သူ့စိတ်ကို ချက်ချင်းပြန်ထိန်းလိုက်ပြီး ဆွေးနွေးမှုများကို အာရုံစိုက်နားထောင်နေလိုက်သည်။ ဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်၏။

ဖန်းယွမ်လည်း ရှိနေပါသည်။

သူကတော့ ဘာမသိညာမသိ ရောက်လာခြင်းဖြစ်၏။ သို့သော်လည်း လူဘယ်လောက်တောင် သူ့ကို မနာလိုဖြစ်နေသလဲ သူ မသိခဲ့ပါ။

အလွန်ကြိုးစားပြီးမှ တက်ရောက်နိုင်ခဲ့သည့် အခြား လူများစွာလည်းရှိနေပါသည်။

"ပရော်ဖက်ဆာထျန်။ ခင်ဗျားပြောသွားတဲ့ အကြောင်းအရာက တကယ်တော့ ကျွန်တော် မကြာသေးခင်ကမှ လေ့လာထားတာပါ။ လူသားတွေအကြား ဆက်သွယ်မှုကို စကားလုံးတွေနဲ့ ဖန်တီးနိုင်တယ်။ ပြီးတော့ သူ့ရဲ့ကြားခံက လူ့ခန္ဓာကိုယ်ရဲ့ အာရုံခံအင်္ဂါတွေပဲ။ ထိုနည်းတူစွာ လူသားတွေနဲ့ တိရိစ္ဆာန်တို့အကြား ဆက်သွယ်မှုကလည်း ဘုံတူညီတာတွေရှိတယ်။ အဲ့တာကြောင့်လည်း လူသားတွေက တချို့တိရိစ္ဆာန်တွေကို ယဥ်ပါးအောင် လေ့ကျင့်ပေးနိုင်တာဖြစ်တယ်။ ဒါပေမယ့် အပင်နဲ့ လူသား၊ ဒါမှမဟုတ် အပင်နဲ့ သတ္တဝါတွေမှာတော့ သိသာတဲ့ ခြားနားချက်ရှိတယ်။ ဆင်တူညီတဲ့ လုပ်ဆောင်ချက်နဲ့ အာရုံခံအင်္ဂါဆိုတာ မရှိဘူး။ အဲ့တာကြောင့် လူသားနဲ့ အပင်တွေအကြား ဆက်သွယ်မှုက အရမ်းခက်ခဲတယ်။ တကယ်တော့ အဲ့လိုပြဿနာတွေကို ကျွန်တော်တို့ လေ့လာတဲ့အခါ အမြဲတမ်း တရားသေဝါဒကြီးပဲ ဆွဲကိုင်မိနေတယ်။ အမြဲတမ်း အများ မိုးခါးရေသောက်တဲ့အတိုင်းပဲ လိုက်သောက်နေကြတယ်။ ဒါပေမယ့် လမ်းဆုံးတော့ မဟုတ်ပါဘူး။ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အခြားအတွေးရှုထောင့်အသစ်တစ်ခုနဲ့ဆိုရင် ကျွန်တော်တို့ နယ်ပယ်အသစ်တစ်ခုကို ဖွင့်လှစ်နိုင်မှာပါ။"

ယဲ့ရှောင်ချန်းက ချောမွေ့စွာ ပြောလိုက်သည်။

ထိုနေရာတွင် ရှိနေသော လူအားလုံးက သေသေချာချာ နားထောင်နေကြသည်။ မည်သည့် အချက်အလက်ကိုမဆို လွတ်သွားမည်ကို စိုးရိမ်နေကြပါသည်။

"ခင်ဗျားတို့ထဲက လူဘယ်လောက်များများ အင်တာနက်ဝတ္ထုတွေ ဖတ်ဖူးကြလဲ။"

ယဲ့ရှောင်ချန်းက လေသံပြောင်းလိုက်ပြီး ပြုံးကာ မေးလိုက်သည်။

"ငါဖတ်ဖူးတယ်။"

ဖန်းယွမ်က ပထမဆုံး လက်ထောင်လိုက်၏။

အခြားသူများက ခေါင်းခါ၏။

ပညာရှင်ကြီးယန်ကဲ့သို့ လူကြီးများကတော့ ကြားပင်မကြားဖူးကြပါ။ ဘာပဲဖြစ်ဖြစ် နယ်ပယ်ချင်းက အလွန်ခြားနားသဖြင့် သူတို့၏အပန်းဖြေချိန်တွင် ဝတ္ထုဖတ်ရင်း မကုန်ဆုံးတတ်ကြပါ။

"အင်တာနက်ဝတ္ထုတွေထဲမှာ ရှန်းရှလို့ခေါ်တဲ့ စိတ်ကူးယဥ်အမျိုးအစားတစ်ခုရှိတယ်။ အဲ့ဒါတွေထဲက ဇာတ်ကောင်တွေက သိုင်းပညာရှင်တွေ သို့မဟုတ် ကျင့်ကြံသူတွေပဲ။ စိတ်ဝိညာဥ်နဲ့ အသိစိတ်တွေကို ကျင့်ကြံနိုင်ကြတယ်။ ဟုတ်တယ်မလား ဖန်းယွမ်။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်၏။

သူကောလိပ်တက်စဥ်က အင်တာနက် ဝတ္ထုများကို ဖတ်ဖူးသည်။ သို့သော် ကျောင်းပြီးသွားပြီးနောက် သူ မဖတ်တော့ပေ။ ယခုတော့ စိတ်ဝင်စားမှု မရှိတော့ပါ။ အထူးသဖြင့် ရှန်းနုန်စနစ်ကို ရပြီးကတည်းက ဖြစ်၏။ သူ့စိတ်ဝင်စားမှုအားလုံးက ထိုထဲတွင်သာ ရှိနေသည်။

"ဟုတ်တယ်။ ဝတ္ထုတွေထဲက ကျင့်ကြံသူတွေက စိတ်ဝိညာဥ်ကို အသုံးပြုပြီး သူတို့ပတ်ဝန်းကျင်က အရာအားလုံးကို သတိမူ မြင်နိုင်တယ်။ အခြားသူတွေကို ပါးစပ်နဲ့စကားပြောစရာမလိုဘဲ စိတ်ဝိညာဥ်နဲ့တောင် အချင်းချင်း ဆက်သွယ်နိုင်ကြတယ်..."

ဖန်းယွမ်က သူ့ကိုယ်သူ ဘာမှမသိသောသူ မဟုတ်ဘဲ အလွန်အသုံးဝင်သည့်လူဖြစ်မှန်း သိလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် အင်တာနက်ဝတ္ထုများအကြောင်း ပညာရှင်ကြီးများကို မနားတမ်း စတင်ပြောပြလိုက်တော့သည်။

သူ့ကိုယ်သူ ဂုဏ်ယူနေမိပါသည်။ နောက်ပိုင်းတွင် အခြားသူများရှေ့ ဒီလိုအံ့အားသင့်စရာ ကောင်းသော အတွေ့အကြုံကို ပြန်လည် ကြွားဝါနိုင်ပါသည်။

ထိုနေရာတွင်ရှိနေသော လူများ ထိုအကြောင်း ကြားသောအခါ သူတို့အံ့အားသင့်သွားကြ၏။ ဒါက သူတို့၏ အမြင်ကို ကျယ်ပြန့်သွားစေသည်။

"မစ္စတာယဲ့ အင်တာနက်ဝတ္ထုဆိုကတည်းကက အမှန်တော့ မဟုတ်ဘူးမလား။"

ပညာရှင်တစ်ဦးက ပြောလိုက်သည်။

"မှန်လားဆိုတာ ကျွန်တော်မသိဘူး။ ကမ္ဘာကြီးက အကျယ်ကြီးပဲလေ။ လှပတဲ့အရာတွေ ဘယ်လောက်တောင် ပုန်းကွယ်နေမလဲ မသိနိုင်ဘူး။ ဂြိုဟ်သားတွေ မရှိဘူးလို့ ပြောနေသလိုမျိုးပဲ။ ဒါပေမယ့် အတည်မပြုနိုင်သလို တချိန်တည်းမှာပဲ လုံးဝ ကန့်ကွက်လို့လည်း မရနိုင်ဘူး။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

အမှန်ပင်။ အင်တာနက်ဝတ္ထုများထဲမှ ကျင့်ကြံသူများက အစစ်အမှန်ဖြစ်နိုင်သည် ဟုတ် မဟုတ် မပြောနိုင်ပါ။

"မစ္စတာယဲ့ မင်းက အပင်အသိစိတ်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာတွေ့သွားပြီလား။"

ပညာရှင်ကြီးယန်က ယဲ့ရှောင်ချန်း စကားများ၏ အဓိပ္ပာယ်ကို နားလည်သွားသယောင်ရှိပြီး သိချင်စိတ်ကြီးစွာ မေးလိုက်သည်။

"တိကျတဲ့နည်းလမ်းလို့တော့ ပြောလို့မရဘူး။ နိယာမလို့ခေါ်လို့ရတယ်။ ဆက်သွယ်ခြင်း နိယာမပေါ့။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ပညာရှင်များနှင့် စကားပြောနေစဥ် ယဲ့ရှောင်ချန်း အတွေ့အအကြုံဟောင်းများ ပြန်ပြောပြဖို့ လိုအပ်သည်။

"ဘာနိယာမလဲ။"

ပညာရှင်ကြီးယန်က မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။

နိယာမဆိုသည်မှာ သဘာဝ ကမ္ဘာကြီး၏ ကဏ္ဍတစ်ခုကို ဖော်ပြပေးသည့် လေ့လာဆန်းစစ်ချက်များကို ရည်ညွှန်းသည်။ စကြဝဠာကြီး၏ ဆန်းကြယ်မှုများကို ဖွင့်နိုင်သော သော့ချက်တစ်ခုဖြစ်၏။

နိယာမကို ကျွမ်းကျင်ခြင်းက သိပ္ပံပညာ တံခါးတစ်ချပ်ကို ဖွင့်ရခြင်းနှင့် တူညီသည်။

အားလုံး၏ မျက်လုံးများ အရောင်တောက်သွားသည်။

နောက်ဆုံးတော့ အတွေ့အကြုံဟောင်းများကို ပြန်ပြောပြဖို့ အချိန်ရောက်ပါပြီ။

All Chapters