← Chapters

လက်ငါးချောင်းဖြင့် စိတ်ဝိညာဥ် နားထောင်ခြင်း

Vol. 8 Ch. 114

လက်ငါးချောင်းဖြင့် စိတ်ဝိညာဥ် နားထောင်ခြင်း

Vol. 8 Ch. 114

အခန်း(၁၁၄) - လက်ငါးချောင်းဖြင့် စိတ်ဝိညာဥ် နားထောင်ခြင်း

လက်ရှိတွင် နိယာမများစွာရှိနေပါသည်။

နယူတန်၏ နိယာမ သုံးခု၊ စွမ်းအင်ထိန်းသိမ်းခြင်း နိယာမ၊ Moore နိယာမ၊ Murphy နိယာမ... မည်သည့်နိယာမမျိုးဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် နောက်ဆုံး မပြီးပြည့်စုံမီတွင် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ စမ်းသပ်ခံခဲ့ကြရသည်။

နိယာမတစ်ခုက သိပ္ပံနည်းကျသော နိယာမဖြစ်လာနိုင်ဖို့ အချိန်များစွာ ကြာမြင့်သည်။

ယခုတော့ ယဲ့ရှောင်ချန်းက ဒီနိယာမကို သိပ္ပံနည်းကျသော နိယာမဟု ပြောလိုက်သဖြင့် ဒီနိယာမကို လေ့လာခြင်းက ပြီးပြည့်စုံသွားပြီဟု ဆိုလိုခြင်းဖြစ်ပါသည်။

ပညာရှင်များစွာက အလွန်အမင်း စိတ်ဝင်စားနေကြသည်။

သိပ္ပံနည်းကျ နိယာမအသစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပါက ရုက္ခဗေဒနယ်ပယ်အတွက် အကျိုးကျေးဇူးများက အလွန်အမင်း ကြီးမားပေလိမ့်မည်။

"ဒီသိပ္ပံနည်းကျ နိယာမကို ကျွန်တော်က အသက်နိယာမလို့ ခေါ်တယ်။ အရာဝတ္ထုတစ်ခုထဲမှာ အသက်ရှိနေသ၍ အသိစိတ်ကို မွေးဖွားပေးနိုင်ပြီး အပြန်အလှန် ဆက်သွယ်နိုင်ဖို့ ကြားခံတစ်ခုလည်း ရှိရမယ်။"

ပညာရှင်များစွာ၏ မျှော်လင့်ချက်အောက်တွင် နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။

အားလုံး တိတ်ဆိတ်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်း ပြောခဲ့သည့်အရာက အလွန်မသဲမကွဲဖြစ်ကာ အလွန်ဆန်းကြယ်နေသည်။

ယဲ့ရှောင်ချန်းက မအံ့သြပါ။

တကယ်တော့ အသက်နိယာမက နိယာမတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။

ပြီးပြည့်စုံသောနိယာမသည် ဖန်ဆင်းခြင်းဆိုင်ရာစည်းလုံးညီညွတ်မှုနိယာမဟုခေါ်သင့်သည်။ ပစ္စည်းတစ်ခုတွင် စွမ်းအင်ရှိပါက အသိစိတ်ကို မွေးဖွားပေးနိုင်စွမ်းရှိပြီး ဆက်သွယ်ဖို့ ကြားခံလည်းရှိသည်။

ဖန်ဆင်းခြင်းဆိုင်ရာ ဤနိယာမသည် အလွန်မှန်ကန်ကြောင်း အချက်အလက်များက သက်သေပြပြီးသားဖြစ်ပါသည်။ အဆုံးမဲ့ စကြဝဠာကြီးတွင် အသက်များသည် လှပပြီး အရောင်အသွေး စုံလင်သည်။

စွမ်းအင်လုံးကြီးတစ်လုံးက အသိစိတ်ကို မွေးဖွားပေးနိုင်ပြီး အသက်တစ်မျိုး ဖြစ်လာနိုင်သည်။

ကျောက်တုံးတစ်တုံးကလည်း အသိစိတ်ကို မွေးဖွားပေးကာ သက်ရှိပုံစံတစ်ခု ဖြစ်လာနိုင်သည်။

အသိစိတ်ကို မွေးဖွားပေးနိုင်သော စိတ်ကူးယဥ်ကြည့်၍ မရနိုင်လောက်သည့် ဖြစ်တည်မှုများစွာ တည်ရှိနေသည်။

တာအိုဝါဒီကို ကျင့်သုံးပါက အကန့်အသတ်မဲ့ အသိပညာများကို ပိုင်ဆိုင်ကာ လူ့အဖွဲ့အစည်း တစ်ခုကိုပင် တည်ထောင်နိုင်သည်။

နှိုင်းယှဥ်ကြည့်လျှင် ကမ္ဘာပေါ်က လက်ရှိ အသက်တာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က ကျဥ်းမြောင်းလွန်းလှပါသည်။

"မစ္စတာယဲ့ အသိစိတ်မွေးဖွားခြင်းလို့ ပြောတယ်နော်။ အဲ့တာကို ခဏလောက် ဘေးချိတ်ထားဦးမယ်။ ဒါပေမယ့် အပြန်အလှန် အာရုံချင်းဆက်သွယ်မှုရဲ့ ကြားခံဆိုတာ ဘာကို ဆိုလိုတာလဲ။"

ပညာရှင်ကြီးယန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ နားလည်နိုင်ဖို့ ခက်ခဲနေပါသည်။

အခြားသူများလည်း အတူတူဖြစ်သည်။

ယဲ့ရှောင်ချန်းသာ ရုက္ခဗေဒနယ်ပယ်တွင် အံ့ဖွယ်အောင်မြင်မှုများ မရရှိခဲ့ပါက သူ့ကို အခြားသူများနှင့် နေရာလဲခဲ့လျှင် အပြောသက်သက်ဟု ထင်သွားနိုင်ပါသည်။

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး ရုတ်တရက် မတ်တပ်ထကာ အလယ်ဗဟိုတွင် ချထားသော ကလစ်ဗီးယားအိုးကို ဆွဲယူလိုက်၏။ "လူသားတွေမှာ အာရုံငါးပါးရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် မဟုတ်ဘူး။ လူသားတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်တဲ့ ဆဌမအာရုံလည်း ရှိတယ်လို့ ကျွန်တော်တော့ထင်တယ်။ အဲ့တာကြောင့် လူသားတွေ အပင်နဲ့ ဆက်သွယ်ဖို့က ဆဌမအာရုံကို အသုံးပြုရပါမယ်။"

အားလုံး ပိုမို စိတ်ဝင်စားလာကြပြီ။

ဆဌမအာရုံက တကယ်ပဲ ရှိနေတာလား။

ဆဌမအာရုံအကြောင်း လေ့လာမှုများ ရှိခဲ့ဖူးပါသည်။

အလွန်ဆန်းကြယ်လွန်းလှပြီး ဒီနေ့အထိ သိသိသာသာ တိုးတက်မှု ဘာမှမရှိသေးပါ။

"ပြောရမယ်ဆိုရင် ခင်ဗျားတို့က ဒီကလစ်ဗီးယားအိုးနဲ့ ဆက်သွယ်လိုပါက ခင်ဗျားတို့ရဲ့ ဆဌမအာရုံကိုသာ အသုံးပြုပြီး ဆက်သွယ်နိုင်တယ်။ ဒါက လူသားတွေရဲ့ ကြားခံအာရုံပေါ့။ အဲ့လိုပဲ ဒီကလစ်ဗီးယားသစ်ခွပန်းမှာလည်း ဆင်တူတဲ့ ကြားခံအာရုံတစ်ခုရှိမှဖြစ်မယ်။ အဲ့တာမှ လူသားနဲ့ အပင်အသိစိတ်တွေက အချင်းချင်း ဆက်သွယ်နိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်းက ကလစ်ဗီးယားသစ်ခွပန်းကို ညွှန်ပြကာ ပြောလိုက်သည်။

ဘယ်သူမှ စကားမပြောကြပါ။ အသက်ရှူသံများပင် တိုးညှင်းလှပြီး ယဲ့ရှောင်ချန်း၏ အသံတစ်သံသာ ထွက်နေသည်။

ရုတ်တရက် လက်ငါးချောင်းကို ဆန့်ထုတ်လိုက်ပြီး ကလစ်ဗီးယားသစ်ခွ၏ သစ်ရွက်တစ်ရွက်ပေါ်တွင် နူးညံ့စွာ တင်လိုက်သည်။

အားလုံးက ယဲ့ရှောင်ချန်း၏ လှုပ်ရှားမှုကို အဆုံးမရှိသော စိတ်ဝင်စားမှုများဖြင့် စောင့်ကြည့်နေကြပါသည်။

ကလစ်ဗီးယားသစ်ခွနှင့် ဆက်သွယ်ဖို့ ဒါက ဘာဆိုင်လို့လဲ။ လက်ချောင်းတွေနဲ့ ဆက်သွယ်မှာတော့ မဟုတ်ဘူးမလား။

"လက်ချောင်းငါးချောင်းက နှလုံးသားနဲ့ ဆက်နွယ်နေတယ်လို့ ပြောကြတယ်။ နှလုံးသားက လူသားရဲ့ နှလုံးအင်္ဂါကိုပဲ ကိုယ်စားပြုတာမဟုတ်ဘူး လူသားစိတ်ဝိညာဥ်ကိုလည်း ကိုယ်စားပြုတယ်။ လက်ကို လက်ချင်း၊ နှလုံးသားကို နှလုံးသားချင်း ဆက်သွယ်ကြပါဆိုတဲ့ ဆိုရိုးမရှိဘူးလား။”

ယဲ့ရှောင်ချန်းက ပျော့ပြောင်းစွာ ရယ်မောလိုက်သည်။

သူ့လက်ချောင်းများက ထူးဆန်းသည့် ကာရန်တစ်ခုအတိုင်း လှုပ်ရှားနေကာ ကလစ်ဗီးယားသစ်ခွကို ထိတွေ့နေသလိုပင်။

လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်း။

ဒါက ရှန်းနုန်စနစ်မိတ်ဆက် လမ်းညွှန်ထဲတွင် ဖော်ပြထားသည့် အဆင့်နိမ့် အင်မော်တယ် လမ်းစဥ် ဖြစ်သည်။

အခုမှ စတင်ကျင့်ကြံသော အင်မော်တယ် ကျင့်ကြံသူများတွင် အင်မော်တယ် ဝိညာဥ် မရှိပါ။ ထို့ကြောင့် အင်မော်တယ် အပင်များ၏ အသိစိတ်နှင့် ဆက်သွယ်ဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း ကျွမ်းကျင် အင်မော်တယ်အပင် စိုက်ပျိုးရေးသမားများအတွက်တော့ အခြားနည်းလမ်း ရှိပါသည်။ အင်မော်တယ် ဝိညာဥ် မရှိလျှင်တောင် သူတို့က အင်မော်တယ်အပင်များ၏ ရိုးရှင်းသော ဝိညာဥ်ဖြင့် ဆက်သွယ်နိုင်ပါသည်။

လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်းကို အားကိုးကြရသည်။

လက်ငါးချောင်း အထိအတွေ့ဖြင့် တိကျသော ကြိမ်နှုန်းဖြင့် ထိတွေ့ကြည့်မိရမည်။ လူသားစိတ်ဝိညာဥ်နှင့် နီးစပ်သော လက်ချောင်းများ၏ အထူးသဘာဝကြောင့် မမြင်နိုင်သော စိတ်ဝိညာဥ် ဝိသေသ လက္ခဏာကို ထုတ်လွှတ်နိုင်ပါသည်။

အမှန်ပင်။ ဒီလိုလုပ်ဖို့ကလည်း အလွန်အားကောင်းသော အာရုံစူးစိုက်မှုကို လိုအပ်သည်။

စိတ်မရှည်ဘဲ စိတ်မတည်ငြိမ်သော လူမျိုးဖြစ်ပါက လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။

အတိုချုံးအားဖြင့် လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်းကို စစ်မှန်သော အင်မော်တယ် အပင်စိုက်ပျိုးသူ ဖြစ်လာသည်နှင့် လေ့ကျင့်နိုင်ပြီး ထူးချွန်သော အင်မော်တယ် အပင်စိုက်ပျိုးသူ ဖြစ်လာပေမည်။

ယဲ့ရှောင်ချန်းက ရှန်းနုန်တစ်ယောက် ဖြစ်သဖြင့် သဘာဝ စိတ်ဝိညာဥ် ပါရမီတစ်ခုရှိသည်။ သူ့လက်ခေါင်းချောင်းဖြင့် ထိတွေ့ကာ ဆက်သွယ်နိုင်ပါသည်။

သို့သော်လည်း ဘယ်လို နည်းလမ်းမှ သုံးစရာမလိုဘဲ တိုက်ရိုက်ထိတွေ့ရုံနှင့် ရရှိနိုင်ပါသည်။

အခြားသူများသာ ဆိုလျှင် သူတို့လုံးဝလုပ်နိုင်မည် မဟုတ်ပါ။

"ဒီသဘောတရားကိုအသုံးပြုပြီး ကျွန်တော် လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်းကို ထွင်ခဲ့တယ်။ တိကျတဲ့ ကြိမ်နှုန်းတစ်ခုမှာ အပင်အသိစိတ်နဲ့ ဆက်သွယ်နိုင်မယ့် စကေးတစ်ခုပေါ့။ အဲ့လိုနဲ့ ဆက်သွယ်မှု အာရုံတစ်ခုကို ဖွင့်ပေးနိုင်တယ်"

ယဲ့ရှောင်ချန်းမျက်နှာပေါ်တွင် ဂုဏ်ယူမှုများ ပေါ်လာသည်။

"လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်း ဟုတ်လား။"

ထိုနေရာတွင် ရှိနေကြသော လူအားလုံး လန့်သွားပြီး စိတ်ဝင်စားလာကြပါသည်။

နာမည်ကိုကြားရုံနှင့် အလွန်အရေးပါမှန်း မြင်နိုင်သည်။

"စန္ဒရားတီးတဲ့အချိန်ကျရင် ကျွမ်းကျင် စန္ဒရားပညာရှင်က စန္ဒရားကနေတဆင့် ပရိသတ်ရဲ့ စိတ်ခံစားချက်တွေကို ရောယှက်နိုင်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ကျွန်တော့်ရဲ့ လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်းကလည်း ထိုနည်းလည်းကောင်းပဲ။ အပင်အသိစိတ်ကို လက်ချောင်းလေးတွေနဲ့ ထိရိုက်မှုကနေတဆင့် အချက်အလက်တွေကို ဖော်ပြပေးတယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

လူအုပ်ကြီးက အံ့အားသင့်သွားသည်။ မှော်တရားတစ်ချပ် သူတို့ရှေ့မှောက်တွင် ရှိနေပြီး အားလုံးက တံခါးနောက်ကွယ်က ကမ္ဘာကြီးကို မြင်ချင်နေကြသည်။

"ကျွန်တော်ကို မယုံရင် ကျွန်တော်ပြပေးမယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

ရုတ်တရက် သူ့မျက်နှာ ပြောင်းသွားပြီး မျက််လုံးမှိတ်ကာ တည်ငြိမ်လေးနက်သွားပါသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ် အနေအထားက ပြောင်းလဲသွားသည်။ အတွင်းဘက်တွင် ချုပ်နှောင်ပြီး အပြင်ဘက်တွင် နူးညံ့လျက်ရှိသည်။

လှုပ်ရှားမှုတိုင်းက မျက်စိကျစရာပင်။

လူအားလုံး၏ မျက်လုံးများက မနေနိုင်ဘဲ ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ်အပေါ်တွင်သာ အာရုံစိုက်ထားကြသည်။

သူ့လက်ငါးချောင်းက စတင် လှုပ်ရှားလေ၏။ အစပိုင်းတွင် နှေးသော်လည်း စန္ဒရားတီးနေသလိုမျိုး အလွန်ထူးခြားသည့် ကာရန်မျိုး ရှိနေပါသည်။

"လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်းမှာ 'ရုတ်ချည်း ရနံ့သင်းခြင်း' လို့ခေါ်တဲ့ စကေးတစ်ခုရှိတယ်။"

ယဲ့ရှောင်ချန်း မျက်လုံးပိတ်ကာ နူးညံ့စွာ ပြောလိုက်သည်။

အစည်းအဝေးခန်းထဲတွင် အလွန်တိတ်ဆိတ်နေပြီး ဘယ်သူကမှ ဘာမှမပြောကြပေ။။

အားလုံး၏ မျက်လုံးများက ယဲ့ရှောင်ချန်း၏ လက်ချောင်းများအပေါ်တွင်သာ ကျရောက်နေသည်။ အသေးစိတ်များ လွတ်သွားမည်ကို စိုးရိမ်နေကြသည့်ပုံပင်။

ယဲ့ရှောင်ချန်း၏ ထိရိုက်ကြိမ်နှုန်းက ပိုမိုမြန်လာပြီး နောက်ဆုံးတော့ သာမန်မျက်လုံးဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လာပါသည်။

ယဲ့ရှောင်ချန်း၏ လက်ချောင်းများဖြင့် ထိပုတ်လိုက်သည့်အခါ ကလစ်ဗီးယားသစ်ခွပန်းများက တုန်ခါနေသည်ကို သူတို့မြင်နိုင်သည်။

ဤအခိုက်အတန့်တွင် ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်ရှိ လေးနက်သော သိမ်မွေ့မှုသည် ဘဝ၏ အပြင်းအထန်ဆုံး အထွတ်အထိပ် အခိုက်အတန့် ဖြစ်သကဲ့သို့ ပို၍ ပြင်းထန်လာသည်။

ရုတ်တရက် မူလ ကလစ်ဗီးယားသစ်ခွမှာ တုန်ခါသွားပြီး လတ်လတ်ဆတ်ဆတ် ပွင့်ထားသည့် ပန်းပွင့်များမှာ ညှိုးနွမ်းသွားပါသည်။

ရုတ်ချည်း ရနံ့သင်းခြင်း။

အရင်က စိုထိုင်း၊ လတ်ဆတ်ကာ မွှေးပျံ့နေသော်လည်း ခဏကြာသောအခါ တောက်ပသော အရောင်များ လွင့်ပြယ်သွားပြီး ခြောက်သွေ့ညှိုးနွမ်းသွားရသည်။

ထိုအံ့ဖွယ်ပြောင်းလဲမှုကြောင့် အခန်းထဲက လူများ ကြက်သေသေသွားကြရသည်။

အံ့သြစရာပါလား။

အဖြစ်ထွန်းဆုံး ကာလတွင် ရှိနေသည့် ကလစ်ဗီးယားသစ်ခွပန်းမှာ အချိန်တိုအတွင်း ခြောက်သွေ့ညှိုးနွမ်းသွားရသည်။

အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် လေအေးများ ရှူသွင်းသံများ ကြားရပြီး အားလုံး၏ မျက်လုံးများ တောက်လောင်လာကြပါသည်။

All Chapters