အင်မော်တယ် ဓာတ်မြေသြဇာ
Vol. 8 Ch. 116
အခန်း(၁၁၆) - အင်မော်တယ် ဓာတ်မြေသြဇာ
ဒီရက်ပိုင်းထဲ ယဲ့ရှောင်ချန်း အဝါရောင် အင်မော်တယ် ပဲစေ့တွေ ဘာကြောင့် ယိုယွင်းလာသလဲဆိုတာကို စဥ်းစားနေမိသည်။
ယခင်က သူ အင်မော်တယ်မုန်လာဥဖြူများကို စိုက်ပျိုးခဲ့ပြီး အကောင်းဆုံး အလုံးများတွင် အကွင်း ငါးကွင်းတောင် ပါရှိခဲ့သည်။ သို့သော် ဒီအဝါရောင် အင်မော်တယ် ပဲစေ့များတွင်တော့ အကောင်းဆုံးက သုံးကွင်းသာ ရှိသည်။ ကွာဟချက်က သိသာလွန်းပါသည်။
ခေါင်းပူအောင် စဥ်းစားသော်လည်း အကြောင်းပြချက်ကို မသိရခဲ့ပါ။
နောက်နှစ်ရက်ကျော်လောက်အထိ သူ ကျင်းကောင်တီသို့ သွားရောက်ပြီး ပညာရှင်အသင်းနှင့် တွေ့ဆုံကာ ရုက္ခဗေဒပညာအကြောင်း အသိပညာများ ဖလှယ်ကြမည်ဖြစ်သည်။
လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်းကို ပညာရှင်ကြီးယန်ကိုသာ လမ်းပြပေးမည် ဖြစ်သည်။
ငါးယောက်စလုံးက ပါရမီ ရှိသော်လည်း ပညာရှင်ကြီးယန်က အတော်ဆုံးဖြစ်ပါသည်။
အမှန်ပင်။ သူက သူတို့ကို အခြား လက်ချောင်းနည်းလမ်းတွေကို သင်ပေးမှာ မဟုတ်ပါဘူး။ သူတို့၏ အခြေခံ လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်ခြင်း နည်းလမ်းက ကျွမ်းကျင်ဖို့ အများကြီး လိုနေသေးသဖြင့် အခြားနည်းလမ်းများကို သင်ယူဖို့ အဝေးကြီး လိုပါသေးသည်။
တစ်နေ့နေ့ အချိန်မရွေး နေရာမရွေး စိတ်ဝိညာဥ် နားစွင့် အဆင့်ကို ဝင်ရောက်နိုင်မှ သူတို့ကို အရည်အချင်းပြည့်မှီသည်ဟု သတ်မှတ်နိုင်ပါလိမ့်မည်။
ပညာရှင်ကြီးယန်နှင့် အခြားသူများက အလွန် တက်ကြွနေကြပါသည်။ အခြေခံ လက်ငါးချောင်း စိတ်ဝိညာဥ် နားစွင့်နည်းလမ်းကို နေ့တိုင်း အချိန်များစွာ ယူကာ လေ့ကျင့်ကြသည်။
ဒီအချိန်တောအတွင်း နေ့တိုင်းဆိုသလို ယဲ့ရှောင်ချန်း၏ ဖုန်းသို့ ဖုန်းအဝင်ကော များစွာ ဝင်လာပြီး သူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းကြသည်။
ဥပမာအားဖြင့် ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံတွင် ရင်းနှီးမြှုပ်နှံလိုခြင်း၊ သူ့ရဲ့ အဆင့်မြင့် ဟင်းသီးဟင်းရွက်များကို စျေးမြင့်စွာဖြင့် မှာယူခြင်း၊ သင်တန်းပို့ချပေးဖို့ ဖိတ်ကြားခြင်းများ သို့မဟုတ် သူ့ကို လစာမြင့်မြင့်ဖြင့် ငှားယူခြင်းများပင် ရှိကြပါသေးသည်။
အနှစ်ချုပ်ပြောရလျှင် သူ အလွန်ရေပန်းစားနေခဲ့ပါပြီ။
သို့သော် ယဲ့ရှောင်ချန်းက အားလုံးကို ငြင်းပယ်ခဲ့သည်။
လောလောဆယ် သူ့ရဲ့ အဓိကအတွေးတွေက အင်မော်တယ်မြေပေါ်တွင်သာ ရှိသည်။
"အကြောင်းအရင်းက ဘာများလဲ။"
ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေထဲရှိ ဝါးကုတင်ပေါ်တွင် ထိုင်ကာ ဆံပင်ကိုင်ဆုပ်လျက် မျက်နှာကလည်း စိတ်ရှုပ်ထွေးနေသည့်ပုံပင်။
ရက်အတော်ကြာပြီ ဖြစ်ပြီး အခုချိန်ထိ အကြောင်းအရင်းကို ရှာမတွေ့နိုင်သေးပါ။
သူ့အား အံ့အားသင့်ရဆုံးအရာမှာ အဝါရောင် အင်မော်တယ် ၁၂ ပင်၏ ပဲတောင့်များ အခုအချိန်ထိ မအက်ကွဲကြသေးခြင်းဖြစ်သည်။
သို့သော်လည်း ထိုအင်မော်တယ် ပဲပင်များနှင့် ပတ်သက်၍ သူ့တွင် တွေးတောစရာ တစ်စုံတစ်ရာမှ မရှိခဲ့ပါ။ အရင်တစ်ခေါက် အဝါရောင် အင်မော်တယ် ပဲစေ့များ၏ အရည်အသွေးသည်ပင် များစွာ မတိုးတက်ခဲ့ပေ။ ဒီအင်မော်တယ် ပဲပင် ၁၂ ပင်ကိုတော့ မေ့ထားလိုက်ပါတော့။
"နားမလည်တော့ဘူးကွာ။ ငါ အကြောင်းရင်းကို တကယ် မစဥ်းစားနိုင်တော့ဘူး။"
ယဲ့ရှောင်ချန်းသည် အလွန်အမင်း စိတ်ရှုပ်နေခဲ့သည်။ သူ့တွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပါသည်။
ဒီတိုင်း ဆက်သွားလို့ မဖြစ်ပါ။
ထိုကိစ္စများအကြောင်းကို ထပ်မစဥ်းစားတော့ဘဲ အင်မော်တယ် အပင်များကို ရောင်းချလိုက်တော့သည်။
လေလံဆွဲဖို့ပင် စိတ်ကူးမရှိတော့ဘဲ စတိုးဆိုင်တွင်သာ တင်ကာ ရောင်းလိုက်တော့သည်။
အင်မော်တယ် ပဲစေ့များ စတိုးဆိုင်သို့တင်ပြီး မကြာမီ ရောင်းထွက်သွားသည်။
ဝန်ဆောင်ခများ နုတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အင်မော်တယ်ယွမ် ၇၀၈ ယွမ်၊ ဝိညာဥ်ယွမ် ၄၈ ယွမ်တို့ ရရှိခဲ့သည်။
လေလံသာဆွဲလျှင် အင်မော်တယ်ယွမ် ပိုရနိုင်လောက်သည်။
သို့သော်လည်း သူ စိတ်မပါပေ။
မကြာမီ အင်မော်တယ်များ တစ်ယောက်ပြီး တစ်ယောက် အင်မော်တယ်ပဲစေ့များ ရှိသေးလားလို့ လာမေးကြသည်။ ယဲ့ရှောင်ချန်းက သူတို့နှင့် စကားပြောချင်စိတ် မရှိသဖြင့် စာကြောင်း တစ်ကြောင်း နှစ်ကြောင်းသာ ပို့လိုက်ပါသည်။
ယဲ့ရှောင်ချန်းသည် စတိုးဆိုင်၏ တန်ဖိုးဖြတ် စာရင်းကို ဖွင့်လိုက်ပြီး အင်မော်တယ် ပဲစေ့များ၏ အချက်အလက်များကို ဂရုတစိုက် လေ့လာလိုက်သည်။
သန့်စင်မှုနှင့် ဝိညာဥ်ဂုဏ်သတ္တိတို့ အနည်းငယ် တိုးတက်လာသည်ကို တွေ့လိုက်ရသည်။
ပြောရမည်ဆိုလျှင် အင်မော်တယ် ပဲစေ့များ၏ အခြေအနေက သူ့ရှန်းနုန်ပါရမီနှင့် ဘာမှမဆိုင်ပါ။ အခြားသော အခြေအနေများကြောင့်သာ ဖြစ်နိုင်သည်။
"အကြောင်းအရင်းက ဘာလဲကွာ။"
ယဲ့ရှောင်ချန်းသည် ဂရုတစိုက် စဥ်းစားကြည့်လိုက်သည်။
"အင်မော်တယ် ပဲစေ့တွေရဲ့ အရည်အသွေးကို ထိခိုက်စေတာက... စိုက်ပျိုးသူရဲ့ ပါရမီ၊ စိုက်ပျိုးတဲ့ ပတ်ဝန်းကျင် အခြေအနေ၊ အင်မော်တယ်မြေရဲ့ မျိုးကောင်းမှု၊ အင်မော်တယ် ချီကြွယ်ဝမှု..."
"အင်မော်တယ် ချီအတွက်ကလည်း နေ့တိုင်း အင်မော်တယ် စမ်းရေနဲ့ လောင်းနေတာပဲ။ အဲ့တော့ ပြဿနာမရှိလောက်ဘူး။"
"ပြီးတော့ အင်မော်တယ် ပဲပင်တွေရဲ့ ဝိညာဥ် စုပ်ယူခြင်း ဝိသေသလက္ခဏာကိုလည်း ထည့်တွက်ထားတယ်။ အဲ့တော့ ကြားထဲမှာ သေသေချာချာ နေရာခြားပြီး စိုက်ထားတယ်။ အဲ့ဒီအပြင် အင်မော်တယ် ပဲပင်ပေါက်တွေကလည်း အရမ်းစိမ်းစိုနေတာပဲလေ။"
"အဲ့တော့ အကြောင်းအရင်းက ဘာဖြစ်နိုင်လဲ။"
"မြေဆီလွှာကြောင့်လား။"
"မဖြစ်နိုင်သေးဘူး။ သဘာဝမြေသြဇာ သုံးထားရင် အဆင်ပြေရမှာလေ။"
ယဲ့ရှောင်ချန်းတစ်ယောက် လေးလေးနက်နက် စဥ်းစားကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ယဲ့ရှောင်ချန်းသည် ဖူဆန်သစ်ပင်ကြီးကို ကြည့်လိုက်မိသည်။ ၎င်း၏ ဘေးတွင် မီးတောက်လို အဖူးများဖြင့် အနီရောင် အင်မော်တယ် ပဲပင်ပေါက် အပင် ၃၀ ရှိပါသည်။
"ဟုတ်တယ်။ အနီရောင် အင်မော်တယ် ပဲပင်တွေက မီးအမျိုးအစား အင်မော်တယ် ပဲပင်ထဲမှာ ပါတယ်။ ဝိညာဥ်အသွင်ပြောင်းခြင်း ဂုဏ်သတ္တိရှိတဲ့ ဖူဆန်သစ်ပင်ရဲ့ အရိပ်အောက်မှာ နေပြီး မီးအင်မော်တယ်ချီကို ရဖို့ လိုအပ်တယ်။ ဒါဆို အဝါရောင် အင်မော်တယ် ပဲစေ့တွေကကော။ အင်မော်တယ်မြေက ပြင်ပ စွမ်းအင်ကို စုပ်ယူပြီး အင်မော်တယ် ချီအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ဒါပေမယ့် အင်မော်တယ်မြေမှာ အင်မော်တယ်ချီရဲ့ ဂုဏ်သတ္တိကို ပြောင်းလဲ ပေးနိုင်စွမ်းကော ရှိရဲ့လား။"
"အင်မော်တယ်မြေရဲ့ 'မြေ' အင်မော်တယ် ချီကြောင့်လား။ အရင်တစ်ခေါက် အင်မော်တယ် ပဲပင်တွေ စိုက်ပျိုးပြီးသွားတော့ 'မြေ' အင်မော်တယ်ချီတွေ အများကြီး ကုန်သွားပြီး အင်မော်တယ် မြေဆီလွှာထဲမှာ 'မြေ' အင်မော်တယ် ချီစွမ်းအင်တွေ လျော့နည်းသွားလို့ အဝါရောင် အင်မော်တယ် ပဲပင်တွေကို မထောက်ပံ့ပေးနိုင်တော့တာလား။"
ယဲ့ရှောင်ချန်းသည် ပြဿနာရင်းမြစ်ကို ရုတ်တရက် စဥ်းစားမိသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။
ဧကန္တ အင်မော်တယ်မြေတွင် အင်မော်တယ်ချီ နည်းပါးနေခြင်း မဟုတ်ဘဲ 'မြေ' အင်မော်တယ်ချီ နည်းပါးနေခြင်း ဖြစ်နိုင်သည်။
ထိုအထိ စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းသည် အလျင်စလိုပင် ရှန်းနုန်စနစ် မိတ်ဆက် လမ်းညွှန် စာအုပ်ကို ထုတ်လိုက်ပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။
အချိန်အတော်ကြာသောအခါမှ ယဲ့ရှောင်ချန်းသည် ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်စာအုပ်ကို ချလိုက်ပြီး သက်ပြင်းရှည်ကြီးချကာ ခေါင်းခါလိုက်သည်။
ထင်တဲ့အတိုင်းပဲ။
ဒီအချက်အလက်ကို အရင်ကတည်းက ဖတ်ဖူးပါသည်။ သို့သော် သူ ဂရုသိပ်မစိုက်ဘဲ လျစ်လျူရှုထားခဲ့သဖြင့် လက်ရှိပြဿနာ ဖြစ်လာခြင်းဖြစ်၏။
"ဖော်ပြပါ အချက်အလက်အရဆိုရင် ဒီပြဿနာကို ငါဖြေရှင်းချင်ရင် 'မြေ'ဂုဏ်သတ္တိရှိတဲ့ အင်မော်တယ် မြေသြဇာကို ဝယ်ရင်ဝယ်၊ ဒါမှမဟုတ် 'မြေ'ဝိညာဥ် ပုလဲလုံးလိုမျိုး 'မြေ'ဂုဏ်သတ္တိရှိတဲ့ ရတနာမျိုးကို ပိုင်ဆိုင်ထားရမယ်။ နောက်တစ်နည်းက မြေကို ဒီတိုင်းထားပြီး အင်မော်တယ်မြေကို တဖြည်းဖြည်း 'မြေ'အင်မော်တယ်ချီ ပြန်ပြည့်ဝလာဖို့ ထားရမယ်။"
ယဲ့ရှောင်ချန်းသည် တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်သည်။
ဒုတိယနည်းလမ်းက လောလောဆယ် မဖြစ်နိုင်သေးပါ။ ထိုကဲ့သို့ ရတနာများက အလွန် စျေးကြီးလွန်းလှသည်။
ပထမဆုံး နည်းလမ်းဖြစ်သည့် 'မြေ' အင်မော်တယ် မြေသြဇာများကလည်း အလွန်စျေးကြီးပါသည်။
တတိယနည်းလမ်းကတော့ မြေကြီးကို ဖြုန်းတီးရာ ကျလွန်းသည်။
"ကြည့်ရတာ 'မြေ' ဂုဏ်သတ္တိ အင်မော်တယ် မြေသြဇာ ဝယ်ဖို့ပဲရှိတော့တယ် ထင်တယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။
ဒါကလည်း နောက်ထပ် ကုန်ကျစရိတ်ကြီး ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အင်မော်တယ်ယွမ် ဝင်ငွေက အတော်လေး မြင့်မားသဖြင့် သူ တတ်နိုင်ပါသေးသည်။
"အင်းလေ။ အင်မော်တယ် ပဲစေ့တွေက အထွက်နှုန်းနဲ့ အမြတ်များတာ ဒါကြောင့်ကိုး။ အကြောင်းအရင်းကတော့ ဂုဏ်သတ္တိရှိတဲ့ အင်မော်တယ် မြေသြဇာတွေကို ဝယ်လိုက်ရင် အမြတ်ငွေက အများကြီး လျော့ပါးသွားမှာပဲ။"
ယဲ့ရှောင်ချန်းတစ်ယောက် နားလည်သွားသည်။ ဘယ်လို မျိုးစိတ်ပဲဖြစ်ဖြစ် ကန့်သတ်ချက် မျိုးစုံ ရှိနေတတ်ပါသည်။
မုန်လာဥဖြူတွင် ထိုကဲ့သို့ လိုအပ်ချက်မျိုး မရှိသဖြင့် စျေးက နည်းပြီး ဝယ်လိုအားလည်း နည်းသည်။
အင်မော်တယ် ပဲစေ့များသာ ဆိုလျှင် အချက်များစွာကို ထည့်စဥ်းစားရမည်။ ပြဿနာ တစ်ခု ရှိသွားပါက အရှုံး ကြီးကြီးမားမား ပေါ်သွားနိုင်ပါသည်။
သူ အကြောင်းအရင်းကို စောစောကတည်းက သိခဲ့ပါက ဝင်ငွေ ပိုများနိုင်ပါသည်။
"ကြည့်ရတာ 'မြေ' အင်မော်တယ် မြေသြဇာတွေကို စိုက်ထားတဲ့ အဝါရောင် အင်မော်တယ် အပင်ပေါက် ၃၀ ထဲထည့်မှပဲ။ မဟုတ်ရင် အထွက်နှုန်းက အခြေအနေကောင်းမှာ မဟုတ်ဘူး။"
ယဲ့ရှောင်ချန်းက စတိုးဆိုင်ကို ဖွင့်ပြီး 'မြေ'အင်မော်တယ် မြေသြဇာအကြောင်း အချက်အလက်အားလုံးကို ရှာကြည့်လိုက်သည်။
'မြေ' အင်မော်တယ် မြေသြဇာများစွာ ရှိနေပြီး အဆင့်နိမ့်ကော အဆင့်မြင့်ကော ပါဝင်ကြပါသည်။
ယဲ့ရှောင်ချန်း၏ ပစ်မှတ်ကတော့ သေချာပေါက် အဆင့်နိမ့် မြေသြဇာပဲပေါ့။
ဒါက လက်ရှိ စိုက်ပျိုးနေသည့် အဝါရောင် အင်မော်တယ် ပဲပင်များအတွက် လုံလောက်ပါသည်။
သို့သော်လည်း စျေးကြီးလွန်းသည်။
တစ်ထုပ်ကို အင်မော်တယ် ယွမ် ၁၀၀ ကျသင့်သည်။
ဒါက အင်မော်တယ် မြေတစ်ကွက်စာလောက် တန်ကြေးရှိနေ၏။
ယဲ့ရှောင်ချန်းသည် အံကြိတ်လျက် ချက်ချင်း ဝယ်လိုက်ရပါသည်။
အင်မော်တယ် မြေသြဇာထုပ်က သိပ်မကြီးပါ။ အဝတ်လျှော်မှုန့်နှင့်တူပြီး အထဲတွင် အနက်ရောင် အမှုန်များ ရှိကာ ထူးဆန်းသည့် မြေနံ့တစ်ခု ရ၏။
အသုံးပြုနည်းကတော့ ရိုးရှင်းပါသည်။ အင်မော်တယ် စမ်းရေဖြင့် အင်မော်တယ် မြေကို ရေသွင်းပေးရုံသာ လိုအပ်မည်။
အင်မော်တယ် မြေသြဇာ တစ်စေ့က အင်မော်တယ်ပဲပင်၏ အပင်ပေါက်ဘဝမှ ပန်းပွင့်ခြင်း၊ အသီးသီးခြင်း အဆင့်အထိ လိုအပ်သော မြေဓာတ်ကို ပြည့်ဝစေနိုင်ပါသည်။
အသီးများ ပေါ်ထွန်းလာပါက နောက်ထပ် အင်မော်တယ် မြေသြဇာ တစ်စေ့ကို သုံးရမည်။
ဒီတစ်ထုပ်တွင် အင်မော်တယ်မြေသြဇာ အစေ့ ၁၀၀ သာ ပါသည်။
တစ်နည်းအားဖြင့် အစေ့တစ်စေ့ကို အင်မော်တယ် ယွမ် ၁ ယွမ် တန်ဖိုး ရှိ၏။
စျေးကြီးလွန်းပါသည်။
အဝါရေောင် အင်မော်တယ် ပဲပင် ၃၀ အတွက် စိုက်ပျိုးသည့်အဆင့်မှ ရိတ်သိမ်းသည့်အဆင့်အထိ အင်မော်တယ်မြေသြဇာ အစေ့ ၆၀ ကုန်ကျမည်ဖြစ်ပြီး အင်မော်တယ် ယွမ် ၆၀ ကုန်ရခြင်းနှင့် အတူတူပဲ ဖြစ်ပါသည်။
စျေးကြီးလွန်းလှပါသည်။