← Chapters

ဝယ်ယူခြင်း

Vol. 8 Ch. 117

ဝယ်ယူခြင်း

Vol. 8 Ch. 117

အခန်း(၁၁၇) - ဝယ်ယူခြင်း

ယဲ့ရှောင်ချန်း ဘာမှမတတ်နိုင်တော့ပါ။ အခြားနည်းလမ်းလည်း မရှိပေ။ အမြဲတမ်း မုန်လာဥပဲ စိုက်ပျိုးနေ၍ မရပါ။ အင်မော်တယ် ပဲပင်များကိုလည်း စိုက်ပျိုးရပါဦးမည်။

အနီရောင် အင်မော်တယ် ပဲပင်များကိုတော့ သူ အများကြီး မစိုက်ပျိုးနိုင်သေးပါ။ လက်ရှိ ဖူဆန်သစ်ပင်ကြီး၏ လွှမ်းမိုးနိုင်သော နယ်မြေက အလွန်ကျဥ်းမြောင်းနေပါသေးသည်။

ယခု အနီရောင် အင်မော်တယ် ပဲပင် ၃၀ ကို သူ စိတ်ပူနေရပါပြီ။ အရမ်းများသွားပြီလား။

သို့သော်လည်း စိုက်ပျိုးပြီးသားဖြစ်သဖြင့် ဘာမှလုပ်လို့မရတော့ပေ။ ဆွဲနှုတ်၍လည်း မရ။ သူ့ကိုယ်သူ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ စမ်းသပ်ချက်များ ပြုလုပ်ကြည့်ပါက စမ်းသပ်ချက် ဒေတာတချို့ ရနိုင်သည်။

မကြာမီ ယဲ့ရှောင်ချန်းက ခပ်မြန်မြန် အင်မော်တယ် မြေသြဇာ အစေ့ ၃၀ကို အဝါရောင် အင်မော်တယ် ပဲပင်များအား ရေဖြင့် အသုံးပြုလိုက်သည်။

အညီအမျှ ဖြန့်ဝေနိုင်ဖို့အတွက် တစ်ခါကို အကြိမ်သုံးဆယ် ရောစပ်လိုက်ရပြီး သူ သေလောက်အောင် ပျင်းရိခဲ့ရသည်။

"အခုတော့ အပင် ၃၀ ပဲရှိသေးတယ်။ နောက်ပိုင်း အပင်တွေပိုများလာရင် ငါမောပြီး သေသွားမှာပဲ။ အထူးမြေသြဇာကိရိယာကို ဝယ်ရမယ်။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း တွေးကြည့်လိုက်သည်။

ရေဖြန်းဗူးက ရေဖြန်းဖို့အတွက်သာ အသုံးဝင်ပြီး မြေသြဇာနှင့် သုံးလို့မရပါ။

သို့သော်လည်း အထူးမြေသြဇာကိရိယာ၏ စျေးနှုန်းကြောင့် သူ အနည်းငယ် တွန့်ဆုတ်သွားရသည်။

ထိုပစ္စည်းက စျေးမနည်းပါ။

၎င်းက အဆင့်မြင့် ကိရိယာတစ်မျိုးဖြစ်ပြီး အင်မော်တယ် ယွမ် ၈၀ ကုန်ကျပါသည်။

လက်ရှိတွင် အင်မော်တယ်မြေ ငါးကွက် ရှိပြီးသားဖြစ်ပြီး များသည်ဟု ဆိုနိုင်သော်လည်း ထပ်တိုးချဲ့ဖို့ လိုအပ်ပါသေးသည်။

မျိုးစေ့များလည်း ဝယ်ရဦးမည်။

အင်မော်တယ်စမ်းရေ ပမာဏကလည်း နည်းပါးလာပြီဖြစ်၏။။ ထို့ကြောင့် နောက်ထပ် အင်မော်တယ် စမ်းရေတစ်တွင်း ဝယ်ယူရပါဦးမည်။

ရေတွင်း နောက်တစ်ခု မရှိသည့် ပြဿနာအတွက်တော့ အဖြေရှိပါသည်။ အင်မော်တယ် ရေတွင်း ကွင်းဆက်ကို ဝယ်ယူပြီး အင်မော်တယ် စမ်းရေနှစ်ခုကို ဆက်လိုက်ပါက နောက်ထပ် ရေတွင်းတစ်တွင်း တူးစရာမလိုတော့ဘဲ နေရာလည်း အများကြီး ယူမည်မဟုတ်ပေ။

အင်မော်တယ် ရေတွင်း ကွင်းဆက်က စျေးမပေါပါ။ အင်မော်တယ်ယွမ် ၅၀ ဖြစ်ပြီး အင်မော်တယ် စမ်းရေတစ်တွင်းကိုသာ နောက်တစ်တွင်းနှင့် အပြိုင်ချိတ်ဆက်နိုင်သည်။ နောက်ထပ် အင်မော်တယ် စမ်းရေတွင်းများ ထပ်ပြီး ဆက်သွယ်ဖို့ကတော့ အင်မော်တယ် ရေတွင်း ကွင်းဆက်များ ထပ်မံ ဝယ်ယူရမည်ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် သူ အင်မော်တယ် ယွမ်များ ပိုရလာလေလေ သူ သုံးစွဲရမည့် ကဏ္ဍများ ပိုများလာလေလေ ဖြစ်လာသည်ကို သတိထားမိပါသည်။

သေချာ ချင့်ချိန် စဥ်းစားပြီးနောက်တွင် ယဲ့ရှောင်ချန်းသည် ဝယ်ယူရန် စာရင်းကို အကျဥ်းချုပ်လိုက်သည်။

အင်မော်တယ်မြေ နှစ်ကွက်နှင့် အင်မြေတယ် စမ်းရေတစ်တွင်းက အင်မော်တယ်ယွမ် ၃၀၀ ကုန်ကျသည်။

အထူးမြေသြဇာကိရိယာက အင်မော်တယ်ယွမ် ၈၀။

အင်မော်တယ် ရေတွင်းကွင်းဆက်က အင်မော်တယ်ယွမ် ၅၀။

အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀ အတွက် အင်မော်တယ်ယွမ် ၅၀။

အဝါရောင် အင်မော်တယ် ပဲစေ့များကို ဝယ်ယူခြင်းကြောင့် ယဲ့ရှောင်ချန်း 'မြေ' အင်မော်တယ် မြေသြဇာတစ်ထုပ်ကို ဝယ်ယူလိုက်ရပြီး အင်မော်တယ် ယွမ် ၁၀၀ ထပ်ကုန်သွားသည်။

ပိုမိုရင်းနှီးမြှုပ်နှံမှုမရှိဘဲ အကျိုးအမြတ် ပိုရနိုင်ပါ့မလား။

အဝါရောင်အတန်းအစား ပထမအဆင့် အင်မော်တယ် အပင်မျိုးဖြစ်သော အင်မော်တယ် ဂျုံစပါးစေ့တစ်ထုပ်ကိုလည်း ဝယ်ယူခဲ့ပါသည်။ တစ်ထုပ်ကို အင်မော်တယ်ယွမ် ၂၀ ကုန်ကျပြီး တစ်ထုပ်ကို အစေ့ ၁၀၀ ပါဝင်သည်။

အင်မော်တယ် မုန်လာဥမျိုးစေ့များထက် ပိုစျေးကြီးပါသည်။

အင်မော်တယ် ဂျုံစပါးစေ့များကို အစားအစာအဖြစ် အသုံးပြုရုံသာမကဘဲ အဆင့်နိမ့် လင်းထန်ကို သန့်စင်ဖို့အတွက် ကုန်ကြမ်းအဖြစ်လည်း အသုံးပြုပါသည်။

အင်မော်တယ် ဂျုံစပါးစေ့တွင် ဝိညာဥ်စုပ်ယူခြင်း ဂုဏ်သတ္တိ မရှိသော်လည်း ၎င်းတွင် အလွန်ထူးခြားသော ဝိညာဥ်ဂုဏ်သတ္တိတစ်ခုရှိ၏။

ထိုထူးခြားသည့် ဝိညာဥ်ဂုဏ်သတ္တိမှာ အလွန့်အလွန် ထူးခြားပါသည်။ အင်မော်တယ် မြေတစ်ကွက်တွင် အင်မော်တယ် အပင်တစ်မျိုးတည်းကိုသာ စိုက်ပျိုးနိုင်ပြီး အခြားအင်မော်တယ် အပင်များစိုက်ပျိုးပါက ရှင်သန်နိုင်ကြမည် မဟုတ်ပါ။ အင်မော်တယ် အပင်အမျိုးအစားများထဲတွင် တချို့၌ တစ်ကိုယ်တည်း ဝိညာဥ်ဂုဏ်သတ္တိရှိပြီး အထူးသဖြင့် ဆေးပင်များတွင် ထိုတစ်ကိုယ်တည်း ဝိညာဥ်ဂုဏ်သတ္တိက ပိုမိုသိသာတတ်ပါသည်။

ဒီလိုနှင့် ပစ္စည်းပစ္စယအားလုံးကို ဝယ်ယူစာရင်းထဲ ပေါင်းထည့်ပြီးနောက် စုစုပေါင်း အင်မော်တယ်ယွမ် ၇၀၀ ကျသင့်ခဲ့ပါသည်။

သူ့တွင် အင်မော်တယ်ယွမ် ၄ ယွမ်သာ ကျန်တော့သည်။

သူ ထပ်မံ မွဲသွားပြန်ပြီ။

သို့သော်လည်း ယဲ့ရှောင်ချန်းက တိုးချဲ့လိုက်ရမှုကို အတော်လေး ကျေနပ်မိပါ၏။

အင်မော်တယ် မြေနှစ်ကွက်ကို နေရာချဖို့ အတော်လေး အားစိုက်လိုက်ရ၏။ အင်မော်တယ် မြေတစ်ကွက်ကို နောက်ထပ် ရုံတစ်ရုံထဲ နေရာချကာ ဖူဆန်သစ်ပင်ကြီးနှင့် အနီရောင် အင်မော်တယ် ပဲပင် ၃၀ တို့ကို ပြောင်းရွှေ့စိုက်ပျိုးရန် ပြင်ဆင်သည်။

အင်မော်တယ် စမ်းရေကို နေရာချဖို့ကတော့ အလွန် ရိုးရှင်းပါသည်။

အင်မော်တယ် ရေတွင်း ကွင်းဆက်ဆိုသည်မှာ ထူးထူးဆန်းဆန်း ပုတီးလုံးတစ်လုံးဖြစ်၏။ ပုတီးလုံးထဲတွင် ထူးဆန်းသည့် အလင်းရောင် ကွင်းဆက်လေး တစ်ခုရှိနေသည်။။

ထိုပုတီးလုံးလေးကို ယခင်ရေတွင်းထဲ ထည့်လိုက်သည်နှင့် အင်မော်တယ် ရေတွင်း ကွင်းဆက်က အလိုအလျောက် ပွင့်သွားမည်ဖြစ်ပြီး ဒုတိယအင်မော်တယ်စမ်းရေတွင်းကို ယခင်ရေတွင်းနှင့် ပြိုင်တူ ဆက်သွယ်နိုင်ပါသည်။

အင်မော်တယ် ပဲစေ့များနှင့် အင်မော်တယ် ဂျုံစပါးစေ့များကိုတော့ အင်မော်တယ် ဆေးရည်ထဲတွင် စိမ်ထားလိုက်သည်။

အလုပ်အားလုံး ပြီးမြောက်သွားသောအခါ ညမိုးချုပ်အချိန်ပင် ရောက်သွားခဲ့ပါပြီ။

ယဲ့ရှောင်ချန်းသည် ညစာပင် မစားရသေးသဖြင့် အိမ်သို့ အမြန်ပြန်ပြေးလာခဲ့၏။

"ဘာတွေ အလုပ်အရမ်းများနေတာတုန်း။ အရမ်း အလုပ်မလုပ်စမ်းပါနဲ့။"

သူ့အမေက စိတ်ပူသော လေသံဖြင့် ပြောလိုက်သည်။

သူ့အတွက် ပူနွေးသော ဟင်းပွဲများကို ချပေး၏။

"ဘာမှ မဖြစ်ပါဘူးဗျာ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး ဝါးတီး စဆွဲလေသည်။

သူ တကယ် ဗိုက်ဆာနေခဲ့ပါသည်။

တစ်ပန်းကန်လုံး စားသောက်ပြီးသွားသောအခါ မတ်တပ်ရပ်ပြီး နောက်တစ်ပန်းကန် သွားယူဖို့ ပြင်လိုက်သည်။ သို့သော် သူ့အမေက ရောက်လာပြီး ပြောလိုက်၏။ "ငါထည့်ပေးမယ်။"

ယဲ့ရှောင်ချန်းက ခေါင်ငြိမ့်ကာ သူ့အမေကို ပန်းကန်ပေးလိုက်သည်။ ထို့နောက် ဖုန်းကို ထုတ်ကာ ဝမ်ရှင်းယီအား မက်ဆေ့ချ်ပို့လိုက်သည်။

ဝမ်ရှင်းယီက မက်ဆေ့ချ် မမြင်သောကြောင့် စာမပြန်ခဲ့ပါ။

ထိုအချိန်တွင် အမေက ထမင်းအပြည့် ပန်းကန်လုံးတစ်လုံးဖြင့် ပြန်လာခဲ့သည်။

ယဲ့ရှောင်ချန်းက ယူလိုက်ပြီး စားသောက်ရင်း ဝီချက်ကို ကြည့်နေလိုက်သည်။

ယဲ့ရှောင်ချန်းသည် လီထျင်ထျင်နှင့် မဆက်သွယ်သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ကြောင်း မှတ်မိသွားပြီး ချက်ချင်းဆိုသလိုပင် ဝီချက်မှတဆင့် မက်ဆေ့ချ်ပို့လိုက်သည်။

"ဟင်..."

ဒီတစ်ခေါက်တော့ လီထျင်ထျင်က ချက်ချင်း စာပြန်ပါ၏။

"ဒီနေ့ ကျွန်မ သေအောင် ပျင်းနေတာ။"

"ဘယ်သူက ကျွန်တော်တို့ရဲ့ မိန်းမလှ ထျင်ထျင်လေးကို စိတ်ညစ်အောင် လုပ်တာလဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ဘယ်သူမှ စိတ်ညစ်အောင် မလုပ်ပါဘူး။ ကျွန်မ စိုက်ထားတဲ့ ရေခဲမီးအိမ်ရှားစောင်းပင်လေး သေတော့မယ်။"

လီထျင်ထျင်က သနားစရာ မျက်နှာဖြင့် စာပြန်လိုက်သည်။

"ရေခဲမီးအိမ်ရှားစောင်းပင်။ အဲ့အပင်က တော်တော် စျေးကြီးတယ် မဟုတ်လား။"

ယဲ့ရှောင်ချန်းက အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်သည်။

သူ ကျောင်းတက်စဥ်က မြင်ဖူးသော ရှားစောင်းပင်များအကြောင်း အနည်းငယ် ပိုသိပါသည်။

ထိုအပင်က နူးညံ့သည်။ ပတ်ဝန်းကျင် အခြေအနေ လိုအပ်ချက်ကလည်း မြင့်မားသည်။ ထိုအပင်အား အိမ်မွေးတိရစ္ဆာန်လိုတောင် သဘောထားရ၏။

"ဟုတ်တယ် ယွမ် ၁၀,၀၀၀ လောက် သုံးခဲ့ရတာ။ ဒီလိုဖြစ်သွားမယ်လို့ မထင်ထားဘူး။"

လီထျင်ထျင်က စိတ်ဓာတ်ကျနေသည်။

အဲ့လောက်တောင် စျေးကြီးတာလား။

ယဲ့ရှောင်ချန်းလည်း အံ့အားသင့်သွားပါသည်။

သူ့အထင်အရ ကောင်းမွန်သော ရှားစောင်းပင် တစ်ပင်ကို ယွမ် ၁၀၀ မှ ၁၀၀၀ အထိ ဝယ်ယူနိုင်ပြီး အဆင့်မြင့်အပင်ဆိုရင်တောင် ဒီလောက် စျေးကြီးနိုင်မည် မဟုတ်ပေ။

မကြာသေးခင် နှစ်များအတွင်း ရှားစောင်းပင်များ၏ ရေပန်းစားလာမှုကို သူ မသိခဲ့ပါ။ အထူးသဖြင့် နာမည်ကျော် ပညာရှင်များက အပင်မျိုးဖောက်ပြီးသွားကြသောအခါ မျိုးစပ်မျိုးစိပ်များစွာ ပေါ်ပေါက်လာခဲ့သည်။ စိတ်အားထက်သန်သူများကလည်း ဝယ်ယူစုဆောင်းကြသဖြင့် စျေးနှုန်းက တဖြည်းဖြည်း မြင့်တက်လာနေပါသည်။

"ယဲ့ရှောင်ချန်း ကြည့်လိုက်ပါဦး။"

လီထျင်ထျင်က စာလည်းပို့ ပုံလည်းပို့လိုက်သည်။

ယဲ့ရှောင်ချန်းသည် ပုံကို ဖွင့်ကြည့်လိုက်၏။ ရေခဲမီးအိမ်အပင်အိုးလေး ဖြစ်ပါသည်။

အလွန် လက်ရာမြောက်ပြီး လှပလှပါသည်။ မြစိမ်းရောင် သစ်ရွက်များအပေါ်တွင် အဝါနုရောင် အသားများ ရှိနေသည်။

အလွန် လှပလှပါသည်။

ယဲ့ရှောင်ချန်းသည် လေ့လာမှု သိပ်မရှိဘဲ ရှားစောင်းပင်များကို သိပ်ပြီး သဘောမကျလျှင်တောင် ဒီရေခဲမီးအိမ်အပင်က အလွန် တန်ဖိုးရှိမှန်း ခံစားမိပါသည်။

"ရေခဲမီးအိမ်အပင်က အရမ်းလှတာပဲ။ ဘယ်နေရာက သေနေတဲ့ပုံပေါက်လို့လဲ။"

ယဲ့ရှောင်ချန်းက အံ့အားသင့်နေသော မျက်နှာဖြင့် မေးလိုက်သည်။

"အဲ့တာက အပင်ဟောင်းပါ။ အခု အပင်သစ်ပုံ ပို့လိုက်မယ်။"

လီထျင်ထျင်က စာပြန်လိုက်၏။

မကြာမီ နောက်ထပ် ပုံတစ်ပုံ အမြန်ရောက်လာသည်။

ယဲ့ရှောင်ချန်းက ဓာတ်ပုံကို ကြည့်လိုက်သည်။ ရေခဲမီးအိမ်အပင်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ရှိနေ၏။ အရောင်က ဖျော့တော့နေပြီး အပြင်းအထန် ရေဓာတ်ခမ်းခြောက်နေပုံပေါ်သည်။

"ယဲ့ရှောင်ချန်း ရှင် တစ်ခုခု လုပ်ပေးနိုင်မလား။"

လီထျင်ထျင်က နောက်ထပ်မက်ဆေ့ချ် တစ်စောင် ပို့လိုက်၏။

"ဘယ်လို စိုက်ခဲ့တာလဲ။"

ယဲ့ရှောင်ချန်းက မေးလိုက်၏။

"ဒီရေခဲမီးအိမ်အပင်က အစပိုင်း စိုက်ဖို့လွယ်တယ်။ သေသေချာချာ ပြုစုပြီး ရက်အနည်းငယ်ကြာတိုင်း ရေလောင်းတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ခုခု မှားသွားပုံရတယ်။"

လီထျင်ထျင်က ပြန်ပြောလိုက်၏။

"မဖြစ်နိုင်တာ။ ဒီရေခဲမီးအိမ်အပင်က ရေမလောင်းတာ တော်တော်ကြာနေတဲ့ပုံပေါက်နေတယ်လေ။ ခင်ဗျား ရေမလောင်းတာ ဘယ်လောက်ကြာပြီလဲ။"

ယဲ့ရှောင်ချန်း မက်ဆေ့ချ်ပို့လိုက်သည်။

ရှားစောင်းပင်မျိုးများ၏ ဂုဏ်သတ္တိအကြောင်း သူအနည်းငယ်သာသိသည်။ သူ တစ်ပင်မှ မစိုက်ထားသော်လည်း အသေးစိတ်တချို့ကိုတော့ ပြောပြနိုင်ပါသေးသည်။ ထို့အပြင် သူ့လက်ရှိ အမြင်ဖြင့် ချက်ချင်း ပြဿနာကို ရှာတွေ့သွားသည်။

"အင်း အခုတလော ကျွန်မ သင်္ချိုင်းဂူ ကိစ္စနဲ့ အလုပ်ရှုပ်နေတာလေ။ အဲ့တာကြောင့် ရေမလောင်းတာ တစ်ပတ်ကျော်ကြာနေပြီ။"

လီထျင်ထျင်က ရှက်ရွံ့သော စတေကာ ပို့လိုက်သည်။

ယဲ့ရှောင်ချန်းက မျက်စပြစ်လိုက်၏။

"ယဲ့ရှောင်ချန်း ရှင် တစ်ခုခု လုပ်ပေးနိုင်မလား။ ကျွန်မ ရေလောင်းကြည့်ပေမယ့် ဘာမှ မထူးလာဘူး။ ဒီအပင်သေသွားရင် ကျွန်မအဘိုး ကျွန်မကိုသတ်လိမ့်မယ်။"

လီထျင်ထျင်က နောက်တစ်ခေါက် သနားစရာကောင်းသော စတေကာလေး ပို့လိုက်ပြန်သည်။

"အမြစ်နာသွားတာဖြစ်မယ်။ ရေလောင်းရုံနဲ့တော့ ဘာမှမထူးနိုင်ဘူး။"

ယဲ့ရှောင်ချန်း စာပြန်လိုက်သည်။

လူများကဲ့သို့ ပြင်းပြင်းထန်ထန် ရေဓာတ် ခမ်းခြောက်ခြင်း ဖြစ်ပြီးပါက ရေကို တိုက်ရိုက်တိုက်ဖို့ အသုံးမဝင်တော့ဘဲ ဆားရည်၊ ဂလူးကို့စ်နှင့် လျှပ်လိုက်ရည် စသည်တို့ကိုပါ လိုအပ်လာပြီဖြစ်သည်။

ရေခဲမီးအိမ်အပင်လည်း ထိုနည်းလည်းကောင်းဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက သူမကို နည်းလမ်းတစ်ခု ပြောပြလိုက်သည်။

"ကောင်းပြီ။ ကျွန်မ လုပ်ကြည့်လိုက်မယ်။"

လီထျင်ထျင်က အပြုံးစတေကာ ပို့လိုက်သည်။

ယဲ့ရှောင်ချန်းက ဖုန်းချလိုက်ပြီး လက်ကျန်စွပ်ပြုပ်ကို သောက်လိုက်သည်။

"အမေ ကျွန်တော် ခြံထဲသွားလိုက်ဦးမယ်။"

ဖုန်းကို ယူကာ သူ့အမေကို ပြောလိုက်ပြီး အိမ်ပြင်ထွက်လာခဲ့၏။

All Chapters