အပိုင်း(၃၅၇)
Vol. 24 Ch. 357
“မော်ဖူးစေ”
ရှစ်ဖုန့်က ပလ္လင်ပတ်လည်တွင်ဒူး
ထောက်နေကြသော ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်များအား အေးဆေးတည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်..အရှင် စစ်နတ်ဘုရား”
ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်များ
မှာရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ပြိုင်တူ တုံ့ပြန်လိုကြသည်။
ထို့နောက်မကြာခင် စစ်သည်တန်းကြီးမှာ မြေပြင်ပေါ်မှထရပ်လိုက်ကြပြီး သူတို့၏ မျက်နှာများက ခံ့ထည်နေကာ စစ်နတ်ဘုရား၏ စစ်ဆေးမှုအားစောင့်ဆိုင်းနေကြသကဲ့သို့ ပလ္လင်ထက်တွင်ရှိနေသော စစ်နတ်ဘုရားထံသို့ တည်ကြည်လေးနက်စွာဖြင့်ကြည့်နေကြသည်။
“ဒီသခင်လေးရဲ့အမိန့်ကို ဖြန့်လိုက် …နန်းတော်ထဲမှာရှိနေတဲ့သူတွေကိုကိုယ်တိုင်ကိုယ်ကျလောရောက်ပြီးတော့ ဒီဆရာသခင်တွေကို ကြိုဆိုဖို့ သတင်းပို့လိုက်…သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါ….ဘာအမှားအယွင်းမှ ရှိလို့မဖြစ်ဖူး”
ရှစ်ဖုန့်က ရွှေရောင်ချပ်ဝတ်
အစောင့်အကြပ်များ အားပြောလိုက်သည်။
“စစ်နတ်ဘုရားရဲ့ အမိန့်ကို လက်ခံရရှိပါတယ်”
ရွှေရောင်ချပ်ဝတ်အစောင့်တစ်ယောက်က ရှေ့သို့ တက်လှမ်းလာပြီးရှစ်ဖုန့်အား
လေးလေးစားစားဖြင့် အလေးပြုလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က လှည့်လိုက်ပြီး ချင်ယွမ်အားပြောလိုက်သည်။
“ချင်ယွမ် ဒီသခင်လေး ခင်ဗျားကိုပဲဒုက္ခပေးရတော့မယ်…
ပလ္လင်ကိုအသက်သွင်းပြီးတဲ့နောက် ခင်ဗျားပင်ပန်းနေမှာပဲ…နန်းတော်ကို အရင်ဆုံးသွားပြီးတော့ အနားယူလိုက်ပါ… ခင်ဗျားဘာကိုပဲလိုအပ်သည်ဖြစ်စေ နန်းတော်ကလူတွေကို အမိန့်ပေးလိုက်ပါ… ခင်ဗျားပြန်လည်ကောင်းမွန်လာရင် ပို့ဆောင်ဆက်သွယ်ရေးဂိတ်ကို အသက်သွင်းဖို့ဒီသခင်လေးကိုကူညီပေးပါ”
“ဟုတ်ကဲ့ပါ အရှင်ရှစ်ဖုန့် ကျုပ်ပြန်လည်ကောင်းမွန်တာနဲ့ သူတို့ကိုခေါ်လာပြီးတော့ ပို့ဆောင်ဆက်သွယ်ရေးဂိတ်ကို ချက်ချင်းပဲ အသက်သွင်းပေးပါ့မယ်… စိတ်ချပါ အရှင်ရှစ်ဖုန့် “
ချင်ယွမ်က လေးလေးစားစားဖြင့်ပြောလိုက်သည်။
ယခင်ရက်တွင် အလုပ်များ ရှုပ်ခဲ့ပြီးနောက် သူတို့အနေဖြင့် တကယ်ကို ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။
သူတို့အတွက်ယခုအချိန်၌ ပို့ဆောင်ဆက်သွယ်ရေးအစီအရင် အားအသက်သွင်းရန်မှာ မဖြစ်နိုင်ပေ။သူတို့လုပ်ဆောင်ချင်
သည်ဆိုလျှင်ပင်သူတို့၌ ထိုသို့လုပ်ဆောင်ရန်အတွက်ခွန်အားရှိမနေပေ။
ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒါဆိုရင်တော့ခင်ဗျားကိုပဲဒုက္ခပေးရတော့မှာပဲ..ဒီသခင်လေးတကယ့်ကိုဒီနေရာမှာ လုပ်စရာတစ်ခုရှိနေတယ်..ဒါကြောင့် ဒီသခင်လေး အရင်သွားတော့မယ်”
“ဂရုစိုက်ပါ အရှင်ရှစ်ဖုန့်”
ချင်ယွမ်၏စကားပင်မဆုံးသေး
ခင်ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်အားထိုးခွင်းသွားသည်။ ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်များက ဒဏ္ဍာရီလို စစ်နတ်ဘုရားအား ကြည့်နေကြသည်။သူကနတ်ဘုရား
တစ်ပါးကဲ့သို့ ကောင်းကင်ပြင်ထဲသို့ထိုးတက်သွားပြီး ဖြည်းဖြည်းချင်းသူတို့၏ မြင်ကွင်းမှပျောက်ကွယ်သွားသည်။
အချို့သောရွှေရောင်ချပ်ဝတ်အစောင့်
များဆိုလျှင် စစ်နတ်ဘုရားထွက်ခွာသွားသည်ကိုကြည့်ရင်း တိတ်တဆိတ်ဆုတောင်းနေကြသည်။ ဤနှစ်အတွင်း သူတို့အနေဖြင့် လှပသော ဇနီးမယားတစ်ယောက်နှင့်တွေ့ဆုံပြီး နောက်နှစ်၌ ကလေးတစ်ယောက်ရရှိရန် မျှော်လင့်နေကြသည်။
…………………….
ရှစ်ဖုန့်က ဟင်းလင်းပြင်အားထိုးခွင်းပြီး
သည့်နောက်တွင် အနောက်မြောက်ဘက်သို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။ သူ၏လက်ရှိအ
မြန်နှုန်းဖြင့်ဆိုလျှင် အနောက်မြောက်ဘက်ရှိ အနောက်မြေရိုင်းမြို့ဆီသို့ ရောက်ရန် နေ့တစ်ဝက်သာအချိန်ယူရလိမ့်မည််ဖြစ်သည်။အနောက်မြေရိုင်းမြို့ဆီမှ အနောက်မြောက်မြေရိုင်းလွင်ပြင်ရှိ မြေလူသား နယ်မြေသို့ရောက်ရှိရန်အတွက် နောက်ထပ်နေ့တစ်ဝက်သူ
အချိန်ယူရလိမ့်မည်ဖြစ်သည်။
သူ့၏ခရီးပန်းတိုင်သို့ရောက်ရှိရန် အတွက် နောက်တစ်ရက်အချိန်ယူရလိမ့်မည်ဖြစ်သည်။
ဟင်းလင်းပြင်အားထိုးခွင်းပျံသန်းနေရင်း သူ၏အောက်ဘက်၌ တောင်တန်းများမြစ်များနှင့်မြို့များက ပေါ်လာပြီး သူ၏မြင်ကွင်းမှတစ်ရိပ်ရိပ်ဖြင့်
ကျန်ရစ်ခဲ့သည်ဖြစ်သည်။ ဤယွင်လိုင်အင်ပါယာက သူမွေးဖွားခဲ့ရာနေရာဖြစ်သည်။
ဤနေရာတွင် အဖြစ်အပျက်များ
စွာဖြစ်ပွားခဲ့ပြီး ပျော်ရွှင်မှုများ၊ဒေါသများ၊ဝမ်းနည်းဖွယ်ရာများ ၊ ကြည်နူးမှုများနှင့်ခံစားချက်ပေါင်းစုံလည်းဖြစ်ပေါ်ခဲ့ရသည်ဖြစ်သည်။ ဤသေးငယ်လှသောနိုင်ငံလေးအတွင်း သူ၏အသက်အားဆုံးရှုံး
လုနီးပါးဖြစ်ခဲ့ရသည့်အကြိမ်
အနည်းငယ်ပင်ရှိခဲ့သည်ဖြစ်သည်။
အတိတ်တုံးက သူ့အား အင်အားစုများစွာက အမဲလိုက်ခဲ့ကြပြီး ၎င်းတို့အားရှောင်ရန်အတွက် ဦးတည်ချက်ပေါင်းစုံသို့ထွက်ပြေးခဲ့ရသည်။
အဆုံးသတ်တွင်သူသည်အနောက်မြောက်ဘက်သို့ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ဤအရာများအားတွေးမိသောအခါတွင် ရှစ်ဖုန့်တစ်ယောက် မနေနိုင်ဘဲ သက်ပြင်းချမိသည်။
သူ့ဘဝအကြောင်းအားတွေးမိသောအခါတွင် စိတ်လှုပ်ရှားစရာများဖြင့်ပြည့်
နှက်နေသည်ဖြစ်သည်။
နေ့တစ်ဝက်ဟူသောအချိန်က လျှင်မြန်စွာဖြင့်ကုန်ဆုံးသွားသည်။
လောလောဆယ်တွင်ကောင်းကင်ထဲ၌ တဟူးဟူး တိုက်ခတ်နေသော လေပြင်းများ၊သဲများ၊ဖုန်မှုန်များ
ဖြင့်ပြည့်နှက်နေသည်။ ယင်းမှာ ရှစ်ဖုန့် အနေဖြင့် မကြာခဏရာသီဥတု ဆိုးရွားလေ့ရှိသော အနောက်မြောက်ဘက်သို့ရောက်
ရှိနေပြီဖြစ်ကြောင်းသိသာနေပြီဖြစ်သည်။ ရင်းနှီးသောနယ်စပ်မြို့တစ်မြို့ဖြစ်သော အနောက်မြေရိုင်းမြို့က ရှစ်ဖုန့်၏ မြင်ကွင်းအတွင်းတဖြည်းဖြည်းပေါ်လာခဲ့သည်။
ဆိုးရွားသောရာသီဥတုအားရင်ဆိုင်ရင်း ရှစ်ဖုန့်အနေဖြင့် တုန့်ဆိုင်းနေခြင်းအလျဉ်းမရှိခဲ့ပေ။ သူ၏ပုံရိပ်ကရွေ့လျားသွားပြီ အနောက်မြေရိုင်းမြို့ပေါ်မှာ ပျံသန်းသွားသည်။ ဖျက်ခနဲဆိုသလိုသူသည် အနောက်မြောက်သဲကန္တာရ အပေါ်ရှိ ကောင်းကင်ပြင်ထဲသို့ရောက်ရှိသွားသည်။
ကြမ်းတမ်းပြင်းထန်သောလေရိုင်းတို့နှင့် ဖုန်မှုန်သဲမှုန်များက ရှစ်ဖုန့်၏အပေါ်၌ လုံးဝသက်ရောက်ခြင်းမရှိပေ။
သူ၏ကိုယ်တွင် အဖြူရောင်အလင်းတစ်ခု
လင်းလက်လာသည်။ ငရဲဘုံကိုးခုစွမ်းအားက သူ့အားကာကွယ်ထား၏။ ပြင်းထန်သောလေကြမ်းများနှင့်ဖုန်မှုန်များက သူ၏အနားသို့မကပ်နိုင်ခင်မှာပင်
ရှစ်ဖုန့်၏ ဝန်းကျင်၌ ဘာသဲလွန်စမှ ကျန်ရစ်နေခြင်းမရှိအောင်
ပျောက်ကွယ်သွားသည်။
ဤသဲကန္တရာအတွင်းတွင် လည်း ရှစ်ဖုန့်အနေဖြင့် အမှတ်တရများစွာကို ချန်ရစ်ထားခဲ့သည်ဖြစ်သည်။ ဤအကန့်သတ်မဲ့သော သဲကန္တာရပြင်အတွင်း သူ့အနေဖြင့် ဖြူစင်ပြီးလှပသော ဇီယာဆိုသည့် မြွေလူသားမလေးဖြင့် တွေ့ဆုံခဲ့သည်ဖြစ်သည်။
ဤသဲကန္တာရအတွင်းတွင်ပင်
ဖျောင်ရှဂိုဏ်း၏ မြင့်မြတ်သော
အပျိုစင်ဖြစ်သူ ဖုန်ရှင်းယွမ်အား သတ်ပစ်ခဲ့သည်ဖြစ်သည်။
ထို့နောက်တွင်သူသည်ဖျောင်
ရှဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဖုန်ချင်ယု၊လဲ့ကန်းနှင့်ရွှယ်ထူတို့အား သတ်ပစ်ခဲ့သည်။ သူက ဂိုဏ်းတို့အား လုံးဝအပျက်ရှင်းလင်းပစ်ခဲ့ပြီး သူ၏ နည်မည်က ယွင်လိုင်အင်ပါယာတစ်ခွင်ပျံ့နှံ့
ကျော်ဇောသွားခဲ့သည်။
“ဟမ်”
ပြင်းထန်သောသဲမုန်တိုင်းအတွင်းတွင် အကွာအဝေးတစ်ခုအတွင်း၌ ပုံရိပ်တစ်ခုကလေထဲတွင်လွင့်မျောနေပြီး အဝါရောင်သဲများအတွင်းတစ်စိတ်
တစ်ဒေသကိုမြင်ရ၍ တစ်စိတ်တစ်ဒေသက ပုန်းကွယ်နေသည်ဖြစ်သည်။
ဤပုံရိပ်မှာ အမျိုးသားတစ်ဦးဖြစ်ပုံရသည်။သူ၏မျက်နှာကချောမောပြီး ဓားဖြင့် ထွင်းထုထားသော ပန်းပုရုပ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူ့တွင် သူ၏ကိုယ်အား ဖုံးကာရန်အတွက် ဘာအဝတ်အစားမှရှိမနေပေ။ သူ၏တစ်ကိုယ်လုံးက အဝတ်မဲ့ဖြစ်ပြီး ခရမ်းနက်ရောင်ဖြစ်သည်။ သူ၏ရင်ဘက်တွင် ခရမ်းနက်ရောင် အမှတ်အသားတစ်ခုရှိသည်ဖြစ်သည်။
ဤလူ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော အရှိန်အဝါတစ်ခုအားထုတ်လွှတ်နေသည်။
“သဲကန္တာရထဲက ဆန်းကြယ်မျိုးနွယ်စုတစ်ခုလား”
ရှစ်ဖုန့်က သူ့ဖာသာသူ ပြောလိုက်သည်။ သူ့အနေဖြင့် ဤကဲ့သို့သော မျိုးနွယ်စုအား တစ်ခုမှမြင်တွေ့ဖူးခြင်းမရှိပေ။
ထိုလူက သူ၏မျက်လုံးတို့အားပိတ်ထားပြီး ကျင့်ကြံခြင်းနည်းလမ်းအမျိုးအစားတစ်ခုအား လေ့ကျင့်နေပုံရသည်။ သူ့အနေဖြင့်
ထိုလူထံမှ ဘာရန်လိုမှုကိုမှမခံစားရသောကြောင့် ရှစ်ဖုန့်အနေဖြင့် ၎င်းအားဆက်လက်၍ အာရုံစိုက်မနေတော့ပေ။ ထျန်းဟန်တိုက်ကြီးပေါ်တွင် လူသားမျိုးနွယ်များအပြင် များပြားလှသော မျိုးနွယ်စုများလည်းရှိသည်ဖြစ်သည်။
ဥပမာအနေဖြင့် မြွေလူသားမျိုးနွယ်၊ ဖွတ်လူသားမျိုးနွယ်၊ စပ်ဆုပ်စရာကြွက်လူသားမျိုးနွယ်၊ အော့မျိုးနွယ်၊ မွန်းစတားမျိုးနွယ် အစရှိသည်ဖြင့်ဖြစ်ကြသည်။
ဥပမာအနေဖြင့် ရှေးပဝေဏီ အချိန်များက သွေးပန်းခက်မျိုးနွယ်စု၊မိစ္ဆာမျက်
လုံးမျိုးနွယ်စုနှင့် ဘီလူကြီးမျိုးနွယ်စုတို့က ယခုအခါ၌ သူနှင့် နီးကပ်သောဆက်နွယ်မှုတို့ရှိသည်ဖြစ်သည်။
မွန်းစတားမျိုးနွယ်စုက အဆင့်မြင့်နတ်ဆိုးသားရဲများအဖြစ် ဆင့်ကဲတိုးတက်လာခဲ့သည်။ နတ်ဆိုးသားရဲတစ်ကောင်က အဆင့်ခြောက်သို့ရောက်ရှိလျှင် ၎င်းအနေဖြင့် လူသား အသွင်သို့ပြောင်းလဲနိုင်သည်ဖြစ်သည်။ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အဖြစ်သို့ပြောင်းလဲပြီး
သည့်နောက်တွင် ဤနတ်ဆိုးသားရဲများက ၎င်းတို့ကိုယ်၎င်းတို့ မွန်းစတား မျိုးနွယ်စုဟုခေါ်ကြသည်။
သို့သော်ထျန်းဟန်တိုက်ကြီးပေါ်တွင် ယနေ့ခေတ်၌ လူသားမျိုးနွယ်စုက အထွတ်အထိပ်၌ရှိသည်ဖြစ်သည်။
ယခုအချိန်၌ လူသားမျိုးနွယ်စုက ဤကမ္ဘာ၏ ဆရာသခင်များဖြစ်ကြသည်။
ရှစ်ဖုန့်ကသဲမုန်တိုင်းအတွင်း တစ်ဟုန်ထိုးရှေ့သို့ဆက်လက်၍ လာနေစဉ်တွင် ခရမ်းနက်ရောင်အသားအရေနှင့် လူငယ်က ရုတ်တရက်သူ၏ မျက်လုံးတို့အားဖွင့်လိုက်သည်။သူ၏ စူးရှသောမျက်လုံးတို့က ရှစ်ဖုန့်ထံသို့တိုက်ရိုက်စိုက်ကြည့်လိုက်သည်။
သူတို့၏မျက်လုံးများကတွေ့ဆုံသွားသည်။
“လူသားမျိုးနွယ်လား…စွမ်းအားကြီး လူသားမျိုးနွယ်..”
ခရမ်းနက်ရောင်အသားအရေနှင့်လူငယ်က ရှစ်ဖုန့်အားကြည့်လိုက်ပြီး စကားအချို့အား တီးတိုးရေရွတ်လိုက်သည်။ သို့သော် ရှစ်ဖုန့်အား ခဏမျှအကဲဖြတ်ပြီးသည့်နောက်တွင် ရှစ်ဖုန့်ထံမှ ဘာသတ်ဖြတ်လိုခြင်း သဲလွန်စကိုမှသူမတွေ့ခဲ့ပေ။ သူကမျက်လုံးအားဖြည်းညှင်းစွာ
ပိတ်လိုက်ပြီးနောက် ဆက်လက်၍ကျင့်ကြံနေလိုက်သည်။
ထို့နောက်ချက်ချင်း ရှစ်ဖုန့်၏ပုံရိပ်က
ထိုလူ၏ ဘေးမှရွှတ်ခနဲဖြတ်သန်းသွားပြီး သဲကန္တာရ၏ အကွားအဝေးတစ်ခုဆီသို့လှစ်ခနဲ ဝင်ရောက်သွားသည်။
ရှစ်ဖုန့်ထွက်ခွာသွားပြီး ခဏအကြာတွင် ထိုလူက သူ၏မျက်လုံးတို့အား ထပ်မံ၍ ဖွင့်လိုက်သည်။ သူကလှည့်လိုက်ပြီး ရှစ်ဖုန့်ထွက်ခွာသွားသော ဦးတည်ချက်ဆီသို့ ကြည့်လိုက်သည်။သူကထပ်မံ၍ တီးတိုးရေရွတ်လိုက်သည်။
“စွမ်းအားကြီး လူသားမျိုးနွယ်က ဒီသဲကန္တာရထဲမှာ ပေါ်မလာခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီ.. သူဘာလို့ဒီနေရာကိုလာတာလဲဆိုတာကို ငါသိချင်မိတယ်”
မြောက်ပိုင်းသဲကန္တာရ ကျတ်တီးမြေသို့ ဝင်ရောက်လာပြီးသည့်နောက်တွင် ရှစ်ဖုန့်က သူ၏မှတ်ဉာဏ်များအတိုင်း မြွေလူသား နယ်မြေရှိရာသို့ ဆက်လက်၍ ပျံသန်းသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းနေ့တစ်ဝက်
ကုန်ဆုံးသွားခဲ့သည်။သူ၏ရှေ့တွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မြို့သေးလေးတစ်ခုက ရှစ်ဖုန့်၏မြင်ကွင်းအတွင်းပေါ်လာသည်။
“ဒါပဲဖြစ်ရမယ်”
ကျောက်တုံးများဖြင့်ပြုလုပ်ထားသော မြို့သေးလေးကိုကြည့်၍ ရှစ်ဖုန့်သူ့ဖာသာသူတွေးလိုက်သည်။ယခင်က သူမြွေလူသားမျိုးနွယ်စုထံသို့
တစ်ခါမှရောက်ဖူးခြင်းမရှိသော်လည်း သူဇီယာအားပြန်ပို့စဉ်တုံးက ဇီယာကသူ့အား မြွေလူသားနယ်မြေရှိရာဦးတည်ချက်ကို ညွှန်ပြဖူးသည်ဖြစ်သည်။ ဇီယာ၏ညွှန်ပြချက်အရဆိုလျှင် ၎င်းမှာ ဤနေရာဖြစ်လိမ့်မည်ဖြစ်သည်။
“လူသား..မင်းကဘာလို့ မြွေလူသားမျိုးနွယ်နယ်မြေကို လာရတာလဲ”
ဤအချိန်တွင်ရင်းနှီးဖော်ရွေမှုမရှိသော အော်သံတစ်ခုက မြို့လေးထံမှထွက်ပေါ်လာသည်။
အတောင်ပံများပါသောဧရာမ သဲကင်းမြှီးကောက်ကြီးတစ်ကောင်က မြို့သေးလေးထဲမှ ပျံသန်း၍ထွက်လာသည်။ သဲကင်းမြှီးကောက်၏ ကျောပေါ်တွင် မြွေလူသားမျိုးနွယ်ဝင်ငါးယောက်က ရပ်နေပြီး သူတို့၏ လက်များအတွင်း လှံများကိုကိုင််ဆောင်ထားကြသည်။ ၎င်းတို့က ယောက်ျားနှစ်ယောက်နှင့်မိန်းမ
နှစ်ယောက်တို့ဖြစ်ကြသည်။ယောက်ျားများက ချောမောပြီး အပေါ်ပိုင်းဗလာကျင်းဖြစ်ကာ သူတို့၏ကျစ်လျစ်သောကြွက်သားများကိုလှစ်ဟာပြသထားသည်။အမျိုးသမီးများက လှပပြီး ညို့ဓာတ်များဖြင့် ပြည့်နှက်နေသော ရမ္မက်နိုးကြွစေလောက်သည့် ပုံရိပ်များဖြစ်ကြသည်။
သူမတို့၏အဝတ်များက အရမ်းကို ရမ္မက်ကြွစရာပင်ဖြစ်သည်။သူမတို့၌ မို့မောက်နေသောတောင်ထွတ်နှစ်ခုဖြစ်သည့် စနေနံနှစ်ခိုင်အား ကောင်းမွန်သောအဝတ်ပိုင်းလေးဖြင့် ဖုံးရုံသာဖုံးထားသည်ဖြစ်ပြီး ၎င်းတို့၏တစ်ချို့တစ်ဝက်က ခုန်ပေါက်ထွက်တော့မည်သ
ကဲ့သို့ပင်ထင်မှတ်ရသည်။
သို့သော်မြွေလူသား မျိုးနွယ်စုဝင်ငါးယောက်က ရှစ်ဖုန့်အား ဖော််ရွေမှုမရှိသောမျက်လုံးများ၊
သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့်ကြည့်နေကြသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE