← Chapters

အင်မိုတယ်လမ်းညွှန်

Vol. 22 Ch. 301

အင်မိုတယ်လမ်းညွှန်

Vol. 22 Ch. 301

မန်ဟိုက စကားလမ်းကြောင်းလွှဲလိုက်သည်။ " ဆရာကြီး ကျုပ်ကို နဂါးဖြူသားစားဖို့အတွက်လေးနဲ့ ဒီကို ခေါ်တာ မဟုတ်ပါဘူး" စောစောက ထိုလူ သူ့ကို ကြည့်နေသည့်ပုံစံမှာ စားစရာကို ကြည့်နေသကဲ့သို့ ခံစားခဲ့ရသဖြင့် သူ့မှာ ဦးရေပြားထုံကျင်သွားရလေသည်။

ဤအခါမှ ထိုလူက အင်အင်တင်တင်နှင့် ပြန်မော့ကြည့်သည်။ သူ့မှာ ထိုသို့အကြည့်ခွာရန် စိတ်စွမ်းအားတော်တော်များများ သုံးလိုက်ရသည့်ပုံပင်။ သူသည် ကြယ်များကို ခေါင်းမော့ကြည့်လိုက်သည်။

"ဒီကြယ်တွေက ဟိုးအရင်က ငါရဲ့ မှတ်ဉာဏ်တွေထဲကနေ လာတာ...." ထိုလူက အတန်ငယ်လွမ်းဆွတ်နေသံဖြင့် ခပ်တိုးတိုးပြောသည်။ "ကံဆိုးစွာနဲ့ ငါ အကြာကြီးအိပ်ပျော်သွားခဲ့တယ်လေ.... ငါပြန်လာနိုးလာတော့ ဒီနိုင်ငံ ဒီနေရာကို ရောက်နေတာပဲ။ ကြယ်တာရာကောင်းကင်က တူလား မတူဘူးလား၊ ကြယ်တွေ ပိုများလား၊ နည်းလား ငါမပြောနိုင်ဘူး

"နားထောင် ကလေး။ ငါ့မျိုးရိုးက ချုံမန်း။ ငါက ကျားလှောင်အိမ်ဂြိုဟ်ရဲ့ သတ္တမတောင်အပြင်မှာ မွေးဖွားခဲ့တယ်။ ငါ့မျိုးရိုးက ချုံမန်းတိုင်" ထိုလူသည် ကြယ်များကို မော့ကြည့်နေရာမှ ခေါင်းပြန်ငုံ့ပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် မန်ဟို့ကို စိုက်ကြည့်သည်။

"အဋ္ဌမတောင်က မိတ်ဆွေကြီးတစ်ယောက်နဲ့ ရင်းနှီးတာကြောင့် အဋ္ဌမ နဲ့ နဝမတောင်ကြားက တာအိုစစ်ပွဲမှာ ငါဝင်ပါပေးခဲ့တယ်။ စစ်ပွဲအတောအတွင်း ငါ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ သေသွားခဲ့သင့်ပေမယ့် ကျန်သေးတဲ့ အသက်တစ်ရှိုက်ကြောင့် ငါ အခုအချိန်ထိ တောင့်ခံနိုင်ခဲ့တာ

"ငါ သေရင် သေသွားမယ်၊ ဒါပေမဲ့ ငါ့ရဲ့အမွေအနှစ်ကိုတော့ ငါနဲ့အတူ အဆုံးသတ်ခွင့်မပြုနိုင်ဘူး .... မင်း ငါ့ကိုမြင်ခဲ့တဲ့အချိန်က ငါ ဒီဂြိုဟ်နဲ့ အချိတ်အဆက်မိပြီး ဒီနေရာကို ပြုတ်ကျလာတဲ့အချိန်ပဲ။ မင်းမှာ ထူးခြားတဲ့ သွေးဆက်ရှိတယ်။ မင်း ကံကောင်းရင် ဒီ တောင်ကောင်းကင်ဂြိုဟ်ဆိုတဲ့ ဂြိုဟ်သေးသေးလေးကနေ ထွက်ခွာပြီး ငါ့အိမ်ကိုပြန်၊ ငါ့အမွေအနှစ်ကို ပြန်ပို့ပေးနိုင်လောက်တယ်.....

"ဒါက ငါ့မျှော်လင့်ချက်ပဲ။ မင်း လုပ်နိုင်တော့ အတိုင်းထက်အလွန်ကောင်းတာပေါ့ကွာ။ မလုပ်နိုင်ရင်လည်း ငါ ဘာနောင်တမှမရဘူး" သူက မန်ဟို့ကို တခဏ အကဲခတ်နေသည်။ "ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ငါ့မင်းကို ဆုလာဘ်သုံးခု ချီးမြှင့်မယ်

"ပထမဆုလာဘ်က ငါ ဉာဏ်အလင်းရပြီး အင်မိုတယ်ဖြစ်ပြီးတဲ့နောက် ဖန်တီးထားတဲ့ အမှတ်တစ်ခုပဲ။ သူ့နာမည်က 'အင်မိုတယ်လမ်းညွှန်' ။ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းမှာ အင်မိုတယ်အဆင့်တက်သွားတဲ့သူ၊ ကျင့်ကြံခြင်းအခြေခံတချို့ကို စွန့်လွှတ်နိုင်တဲ့သူပဲ ဒီလိုအရာမျိုး ဖန်တီးနိုင်တယ်။ အမှန်တော့ ငါ့မျိုးဆက်တွေကို ရတနာအဖြစ် ပေးအပ်ဖို့ ရည်ရွယ်ထားတာ

"မင်း တာအိုရှာဖွေခြင်းရဲ့ မဟာစက်ဝန်းကိုရောက်ရင် အဲ့ဒီအထွတ်အထိပ်အဆင့်ကနေ အင်မိုတယ်အဆင့်တက်ဖို့ ဒါကို အသုံးပြုနိုင်တယ်။ တစ်ယောက်ယောက် မင်းကို လမ်းပြပေးလိမ့်မယ်။ မင်းရဲ့ အင်မိုတယ်အဆင့်တက်နိုင်ခြေလည်း ၃၀ရာခိုင်နှုန်း တိုးသွားလိမ့်မယ်

"စကားမစပ် မင်း အင်မိုတယ်အဆင့်တက်သွားပြီးရင် ဒီဂြိုဟ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကို ဆွဲဆောင်မိမှာမဟုတ်ဘူး။ ဂြိုဟ်အားလုံးရဲ့ စိတ်ဝင်စားတာ ခံရလိမ့်မယ်" သူက လက်မြှောက်၍ နဖူးအပေါ် ဖိချလိုက်သည်။ လင်းလက်တောက်ပနေသော အလင်းဖန်လုံးတစ်လုံး ချက်ချင်း ထွက်ပေါ်လာသည်။

အလင်းဖန်လုံးသည် ဤကမ္ဘာနှင့် မသက်ဆိုင်သော ချီတစ်ခုကို ထုတ်လွှတ်နေသည်။ မန်ဟို ၄င်းကို အာရုံခံလိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်မှာ မူးဝေသွားလေသည်။ ဤအလင်းဖန်လုံး၌ ထိတ်လန့်ဖွယ်စွမ်းအားကြီးတစ်ရပ် ပါဝင်နေသည်ကို သူခံစားလိုက်ရသည်။ ၄င်းသာ ပေါက်ကွဲသွားပါက တောင်ပိုင်းဒေသတစ်ခုလုံးကို ပြာချပစ်နိုင်၏။

"ဒါက..... " မန်ဟိုသည် ထိုလူ့လက်ထဲရှိ အလင်းဖန်လုံးကို စိုက်ကြည့်ရင်း ရင်ခုန်သံတို့မြန်လာ၏။ ချီထွက်လာသောအခါ ထိုလူမှာ ချက်ချင်း တစ်ဝက်နီးပါး အားနည်းသွားသည်ကိုလည်း သူအာရုံရလိုက်သည်။ သူတို့နှစ်ယောက် ပတ်ပတ်လည်ရှိ ကြယ်စင်များနှင့် မြေပြင်မှာ မငြိမ်မသက်ဖြစ်လာသည့်အပြင် ဝေဝါးလာ၏။

"အင်မိုတယ်အဆင့်တက်ဖို့က ခက်တယ်.... ဒါပေမဲ့ ဒီအင်မိုတယ်လမ်းညွှန်နဲ့ဆိုရင် ခက်ခဲမှုအဆင့်က တော်တော်များများ လျော့သွားလိမ့်မယ်။ မင်းလုပ်ရမှာက အဲ့အဆင့်ရောက်တဲ့အထိ တိုးတက်အောင် ကြိုးစားဖို့ပဲ။ အချိန်ကျလာရင် နောက်ဆုံးအဆင့်ကို မင်း ကျော်ဖြတ်နိုင်မှာပါ

"ဒီပစ္စည်းက ငါမင်းကို ချီးမြှင့်မယ့် ပထမဆုံးဆုလာဘ်ပဲ" ထိုလူ၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ်မှာ မထင်မရှားဖြစ်လာသည်။ သို့သော် သူက အားပါးတရရယ်ပြီး တွေဝေခြင်းမရှိဘဲ အင်မိုတယ်လမ်းညွှန်ကို မန်ဟိုနဖူးပေါ် ဖိချလိုက်သည်။ ထိုကဲ့သို့ အရာဝတ္ထုတစ်ခုသည် ဂြိုဟ်အသီးသီးရှိ မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များအကြား တိုက်ပွဲများ မပြီးမဆုံးနိုင်အောင် ဖြစ်ပွားစေနိုင်သော်လည်း ချုံမန်းတိုင်ကား ချက်ချင်း လက်လွှဲပေးလိုက်လေသည်။ အလင်းဖန်လုံးသည် မန်ဟို့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပေါင်းစည်းသွား၏။

မန်ဟိုမှာ တုန်ရီသွားပြီး မျက်လုံးများ ပိတ်လိုက်သည်။ သူ မျက်စိပြန်ဖွင့်သောအခါ ခံစားချက်မှာ ထူးခြားနေသည်။ သို့သော် မည်သည့်အရာက ခြားနားသွားသည်လဲ သူမပြောနိုင်ပေ။ သူသေချာသည့် တစ်ခုတည်းသောအရာမှာ ယခင်ထက် အများကြီးပို၍ ခေါင်းကြည်သွားခြင်းပင်။

"ငါ မင်းကို ချီးမြှင့်မယ့် ဒုတိယဆုလာဘ်ကို မင်း ကြားဖူးတယ်။ ဂန္တဝင်ကျမ်းစားသုံးခုထဲက တာအိုနတ်ဘုရားကျမ်းစာပဲ။ မြင့်မြတ်သောဝိညာဥ်၊ တာအိုနတ်ဘုရားနဲ့ ကောင်းကင်ဖျက်စီးကျမ်းစားသုံးခုက မင်းနေတဲ့ ဒီဂြိုဟ်တစ်ခုကိုပဲ လက်ဆင့်ကမ်းပေးခဲ့တာမဟုတ်ဘူး။ ဒီဂန္တဝင်ကျမ်းစာသုံးခုကို တောင်နဲ့ပင်လယ်ကိုးခုလုံးကို ပေးအပ်ခဲ့တာပဲ

"ကံဆိုးစွာနဲ့ အများစုပိုင်ဆိုင်ထားတာတွေက ကျမ်းစာအပြည့်အစုံမဟုတ်ဘူး။ အပိုင်းအစလေးတွေ သက်သက်ပဲ။ အခုအချိန်အထိ လူနှစ်ယောက်ပဲ ကျမ်းစာအပြည့်အစုံကို စုဆောင်းနိုင်ခဲ့ပြီး တာအိုနယ်ပယ်စာအုပ်ကို ရရှိခဲ့ဖူးတယ်။ တစ်ယောက်က ပထမတောင်ရဲ့ တာအိုနတ်ဘုရား

"ဒုတိယတစ်ယောက်က မင်းရဲ့ နဝမတောင်က မြင့်မြတ်သောဝိညာဥ်ပဲ

"အဲ့ဒီအစွမ်းထက်ပညာရှင်နှစ်ယောက်ပဲ ပြီးပြည့်စုံတဲ့ မြင့်မြတ်သောဝိညာဥ်ကျမ်းစာနဲ့ တာအိုနတ်ဘုရားကျမ်းစာကို အသီးသီးရယူနိုင်ခဲ့တယ်။ တခြားသူတွေမှာရှိတာက အပိုင်းအစတွေပဲ။ အားလုံးအထဲ လျှို့ဝှက်ဆန်းကြယ်ဆုံးကတော့ ကောင်းကင်ဖျက်စီးကျမ်းစာ။ နှစ်ပေါင်းအသင်္ချေကြာတဲ့တိုင်အောင် ဘယ်သူမှ အဲ့ဒီကျမ်းစာအပြည့်အစုံ မစုဆောင်းနိုင်ခဲ့သလို ကောင်းကင်ဖျက်စီးခြင်းအဆင့်ရောက်ဖို့ အဲ့ဒီနယ်ပယ်ရဲ့မဟာစက်ဝန်းကို မကျင့်ကြံနိုင်ခဲ့ကြဘူး

"ငါရဲ့တာအိုနတ်ဘုရားကျမ်းစာကတော့ ငါ့မှာ တစ်အုပ်ပဲရှိတယ်။ ဒါမဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေထက် အများကြီးပိုတန်ဖိုးရှိတယ်။ ငါ့ဟာက နတ်ဘုရားအာရုံကျင့်စဥ်ပဲ။ တာအိုစစ်ပွဲမှာ ငါမသေခဲ့တဲ့ အဓိကအကြောင်းရင်းက ဒီကျင့်စဥ်ကြောင့်ဖြစ်တယ်

"ငါ့နတ်ဘုရားအာရုံက ငါနဲ့ အဆင့်တူတဲ့ ဘယ်သူ့ထက်မဆို သုံးဆလောက် ပိုအားကောင်းတယ်။ ဒါက..... တာအိုနတ်ဘုရားကျမ်းစာရဲ့ ဒီကျင့်စဥ်ကို ကျင့်ကြံခြင်းကနေ ရရှိတဲ့ ကောင်းကျိုးပဲ။ သုံးဆက အမြင့်ဆုံံး။ ဒါပေမယ့် မင်း တခြားတာအိုနတ်ဘုရားကျမ်းစာ အပိုင်းအစတွေရရင် ထပ်တိုးနိုင်တယ်

"ဒီပညာရပ်...ငါမင်းကို လွှဲပြောင်းပေးမယ်" ချုံမန်းတိုင်က ညာလက်ကို မြှောက်၍ မန်ဟို့နဖူးအပေါ် ဖိချလိုက်သည်။ချက်ချင်းပင် ကျမ်းစာပိုဒ်တစ်ပိုဒ် မန်ဟို့စိတ်ထဲ၌ မျောလွင့်လာသည်။ ၄င်း မန်ဟို့မှတ်ဉာဏ်အတွင်း ခတ်နှိပ်နေစဥ် မှော်သင်္ကေတတစ်ခုစီက အနက်ရောင်အလင်း ဖြာထွက်လျက်ရှိ၏။ ရုတ်ခြည်းဆိုသလို သူ၏စိတ်ဝိညာဥ်အာရုံသည် ကြောက်စရာကောင်းလောက်အောင် တိုးများလာသည့်အတွက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။

အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ၏စိတ်ဝိညာဥ်အာရုံမှာ နှစ်ဆခန့်တိုးသွားကြောင်း သူတွေ့လိုက်သည်။ ယခုတွင် သူသည် ၄င်းအား ထုတ်လွှတ်၍ ပတ်ပတ်လည်ရှိ အရာအားလုံးကို လွှမ်းခြုံနိုင်လေပြီ။

လူတစ်ယောက်၏ စိတ်ဝိညာဥ်အာရုံ အားကောင်းလာသည်နှင့်အမျှ အမြုတေချီလည်း အစွမ်းထက်လာပေမည်။ မှော်အတတ်များအား အားဖြည့်ပေးသော အမြုတေချီဖြင့်ဆိုလျှင် ရလဒ်ကား ပို၍ပင် အံ့ဖွယ်ကောင်းမည်ဖြစ်သည်။ ထိုနည်းတူပင် မန်ဟို၏ ပညာရပ်များမှ ပြီးပြည့်စုံသော တိုက်ကွက်ကို အဖြေထုတ်နိုင်စွမ်းလည်း အခြားသူများထက် များစွာသာလွန်သွားမည်။

လောလောဆယ်တွင် ၄င်းမှာ သာမန်ခတ်နှိပ်ခြင်းသာ ဖြစ်သည့်အတွက် မန်ဟို့အနေဖြင့် စိတ်ဝိညာဥ်အာရုံနှစ်ဆတိုးသည်ကိုသာ ရရှိခဲ့၏။ ဆက်လက်ကျင့်ကြံပါက အဆိုပါတိုးတက်မှုသည် ပို၍ပင်ကြီးမားပေလိမ့်မည်။

သို့သော် ထိုအခြင်းအရာလေးကပင် မန်ဟို့အတွက် ရေငတ်တုန်း ရေတွင်းထဲကျသကဲ့သို့ ဖြစ်ပြီး သူ့မှာ အသက်ရှူသံပင် မမှန်တော့ပေ။

"ဘယ်လိုလဲ" ချုံမန်းတိုင်က မေးသည်။ "မင်းမှတ်ဉာဏ်အထဲ ထည့််ပေးလိုက်ရုံလေးနဲ့ စိတ်ဝိညာဥ်အာရုံ နှစ်ဆတိုးသွားပြီမလား။ အဲ့တာ ဘာကြောင့်လဲဆိုရင် မင်း စားလိုက်တဲ့ နဂါးခေါင်းပိုင်းကြောင့်ပဲ။ နဂါးဖြူတွေရဲ့စွမ်းအားက နတ်ဘုရားအာရုံမှာ အရင်းခံတယ်။ ဒါပေမဲ့ မင်းကျင့်ကြံခြင်းအခြေခံက အဲဲ့တာနဲ့ သဟဇာတမဖြစ်သေးဘူး။ အချိန်တော့ယူရလိမ့်မယ်။ သဟဇာတဖြစ်ပြီးသွားရင်တော့ မင်းရဲ့နတ်ဘုရားအာရုံ အရင်ထက်အများကြီးပိုပြီး တည်ငြိမ်သွားလိမ့်မယ်"

"နဂါးဖြူ...." မန်ဟိုနှုတ်မှ အလိုအလျောက် ထွက်သွားသည်။ "ဒါဆို အဲ့တာက ပုံရိပ်ယောင်မဟုတ်ဘူးပေါ့" စိတ်ဝိညာဥ်အာရုံတိုးသွားသည့် ခံစားချက်က သူ့ကို အမြုတေဖြစ်တည်မှုအဆင့်တက်ဖို့ ယုံကြည်ချက်ပိုရှိသွားစေသည်။

"ပုံရိပ်ယောင်လို့ ဘယ်သူပြောတုံး" ချုံမန်းတိုင်က မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ခေါင်းကို လှမ်းရိုက်သည်။ "ဝေသာလီဘီလူးစုတ်လေး။ အဲ့တာက ငါသိမ်းထားတဲ့ နောက်ဆုံး နဂါးဖြူခြောက်ကွ။ အာနိသင် သိပ်မရှိတော့ပေမယ့် ငါ မသေခင် စားဖို့ ကြံထားတာ။ ကံဆိုးချင်တော့ မင်းကို တစ်ပိုင်းလုံး ပေးလိုက်ရတယ်။ ထားတော့ ထားလိုက်တော့"

ထိုလူမှာ မန်ဟို ကံကောင်းပုံကို အတန်ငယ်မနာလိုဖြစ်နေဟန်တူသည်။ သူက သက်ပြင်းချပြီး ဝတ်ရုံကို လက်လှမ်းလိုက်သည်။ "ကောင်းပြီ ငါပြောနေတာ မပြီးသေးဘူး။ ဆုလာဘ်နှစ်ခု ရသွားပြီဆိုတော့ အခု နောက်ဆုံးတစ်ခု ပေးမယ်.... လူကလေ မင်းကို တစ်ခုတော့ သတိပေးချင်တယ်။ မင်း ငါ့အမွေအနှစ်ကို ကျားလှောင်အိမ်ဂြိုဟ်ဆီ ပြန်မပို့နိုင်ရင် ငါသေသွားရင်တောင်မှ မင်းကို သေချာပေါက် ကျိန်စာတိုက်ပစ်မယ်" သူသည် သူ၏ခန္ဓာကိုယ်ထဲမှ အဖြူရောင်အလင်းဖန်လုံးတစ်လုံး ဆွဲထုတ်လိုက်သည်။

အလင်းသည် ၄င်းနှင့်အတူ သင်းပျံ့မွှေးကြိုင်သောရနံ့ကို သယ်ဆောင်လာ၏။ မန်ဟို ၄င်းကိုမြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အလင်းဖန်လုံး၌ ဝက်မြေဥတစ်ခြမ်း ရှိနေလေသည်။

"ဒါက... "

"ဒါက ငါ့အမွေအနှစ်ပဲ" သူက ခပ်တိုးတိုးပြောသည်။ "ငါ့အင်မိုတယ်ချီရဲ့ အသက်တစ်ရှိုက်ပါရှိတယ်။ ဒါက မင်း ကျားလှောင်အိမ်ဂြိုဟ်ဆီ ယူသွားရမယ့်အရာပဲ။ အင်မိုတယ်ချီကို

ပျော်ဝင်စေလိုက်၊ အမွေအနှစ်ကို မင်း မြင်ရလိမ့်မယ်။ မင်းတစ်ယောက်ပဲ မြင်ရမှာ။ မင်းလေ့လာချင်ရင် လေ့လာလို့ရတယ်။ ကျားလှောင်အိမ်ဂြိုဟ်ဆီသာ ယူသွားပေး

"ဒါပေမဲ့ အရိုးသားဆုံးပြောရရင် နှစ်ရာဂဏန်းလောက်အတွင်း ဒါနဲ့သဟဇာတဖြစ်ဖို့ မင်းအတွက် ခက်မှာ" သူက နာကျင်နေသောအသွင်ဖြင့် အဖြူရောင်ဝက်မြေဥကို ယူပြီး မန်ဟို့ရင်ဘတ်အတွင်း ဖိချလိုက်သည်။

မန်ဟို့ခန္ဓာကိုယ် တဆတ်ဆတ်တုန်သွားသည်။ အဖြူရောင်ဝက်မြေဥသည် ရုတ်တရက် သူ၏တာအိုမဏ္ဍိုင်ဆယ်ခုအလယ်၌ ပေါ်လာသည်။ အဖြူရောင်အလင်း တောက်ပလာပြီး သူ၏တာအိုမဏ္ဍိုင်များနှင့် ဆက်နွှယ်သွားသည်။

တစ်ချိန်တည်းမှာပင် ပဲ့တင်ထပ်နေသော ထစ်ချုန်းသံကြီး သူ၏ကျင့်ကြံခြင်းအခြေခံတွင် ပြည့်နှက်ကာ ခန္ဓာကိုယ်အပြင်ဘက်သို့ ဟိန်းထွက်လာသည်။ သူ၏တာအိုမဏ္ဍိုင်ဆယ်ခု တုန်ခါသွားပြီး အဖြူရောင်ဝက်မြေဥနှင့် ရောယှက်နေသော ခရမ်းရောင်ချီအမြောက်အမြား ဖြာထွက်လာသည်။ မန်ဟို့၏စိတ် ချာချာလည်သွားသည်။ ရုတ်တရက် အမြုတေဖြစ်တည်မှုအဆင့်ရောက်ရန် သေခြင်းသုံးရပ်ဆေးလုံး စားခဲ့စဥ်တုန်းက ခံစားချက်မျိုး ရလိုက်သည်။

"ကျုပ်.... အမြုတေဖြစ်တည်မှုအဆင့်နဲ့ နီးကပ်နေပြီ" မန်ဟိုက အသက်ရှူသံများမြန်ဆန်နေလျက် ပြောသည်။

ချုံမန်းတိုင်၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်လာနေသဖြင့် သူက ကမန်းကတမ်းပြော၏။ "မင်း အမြုတေဖြစ်တည်မှုအဆင့်ကိ ဦးတည်နေတဲ့ ထိပ်ဆုံးအဆင့်ရောက်သွားပြီ။ ငါ့ရဲ့အင်မိုတယ်ချီတချို့ကို ပျော်ဝင်စေလိုက် ၊ မင်းရဲ့ အမြုတေဖြစ်ပေါ်လာအောင် ကူညီပေးလိမ့်မယ်.... ကိုယ့်ကိုကိုယ် ဂရုစိုက်။ ငါ့မျှော်လင့်ချက်တွေ အကုန် မင်းဆီပုံအပ်ထားတာနော်။ ချင်းလော်ဂိုဏ်းကို သတိထားကြားလား။ ဒီဂြိုဟ်ရဲ့ အရှေ့အရပ်ကလာနေတဲ့ ရှေးဟောင်းစွမ်းအားကိုလည်း သတိထား။ အဲ့ဒီစွမ်းအားကို ထိန်းချုပ်တဲ့ သခင်က ဒီဂြိုဟ်ရဲ့အထွတ်အထိပ်ကို ရောက်နေပြီးပြီ

"မင်းသွေးဆက်ရဲ့ ပြိုင်ဘက်ကင်းမှုနဲ့ မင်းအတိတ်နဲ့ပတ်သက်ပြီး ငါ့ထင်မြင်ချက်တွေက အဲ့ဒီအင်မိုတယ်ချီရဲ့ အသက်တစ်ရှိုက်ထဲမှာ ပါတယ်။ အခုစပြီး နောက်နှစ်နည်းနည်းကြာလို့ ငါ့အင်မိုတယ်ချီကို လုံးဝပျော်ဝင်စေနိုင်ခဲ့ရင် မင်း သိရလိမ့်မယ်။ ဒါမဲ့ အကုန်လုံးမှန်တယ်လို့တော့ ငါ အာမ မခံနိုင်ဘူး...." သူတို့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးသည် စတင်ပျက်စီးပြိုကျလာ၏။ "ငါ မင်း ဂြိုဟ်ရဲ့ ပြန်လည်မွေးဖွားခြင်းဂူကို ဝင်ပြီးတော့ နောက်ဆုံးတစ်ကြိမ် ကံစမ်းကြည့်ဦးမယ်။ ငါ့တွက်ကြည့်ရသလောက်တော့ အဲ့အထဲမှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက နဝမတောင်အောက်က တာအိုပင်လယ်နဲ့ တစ်ခုခုပတ်သက်နေတယ်။ ကိုယ့်ကိုကိုယ်.... ဂရုစိုက်။ စိတ်နယ်ပယ် ပျက်စီးနေပြီ။ ပျက်စီးပြီးသွားရင်.... အထဲက လူတွေ အကုန်လုံး အပြင်ကို နေရာရွှေ့ပြောင်းခံရလိမ့်မယ်...." အသံမှာ ကရားရေလွှတ်သလို တရစပ် လာနေပြီးနောက်ဆုံး ပျောက်သွားသည်။ မန်ဟိုပတ်ပတ်လည်တွင် ထစ်ချုန်းသံကြီး ကျယ်လောင်မြည်ဟည်းသွားပြီးနောက်...... အရာအားလုံး ပြိုကျပျက်စီးသွား၏။

သူသည် နံရံများဖြင့် နောက်တစ်ဖန် ဝန်းရံခံလိုက်ရသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ နံရံများမှာ အက်ရာများဖြင့် ပြည့်နေလေပြီ။

ပျက်စီးပြိုကျသံများ လေထဲပြည့်နှက်လျက်ရှိသည်။ မန်ဟိုက ဘေးဘီဝဲယာကို ကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ စောစောက အဖြစ်အပျက်များမှာ အလွန်မြန်ဆန်လွန်းသည်။ ပြန်တွေးကြည့်ပါက အိပ်မက်အတိုင်းပင်။ သို့သော် တာအိုနတ်ဘုရားကျမ်းစားက သူ့မှတ်ဉာဏ်ထဲ၌ ရှိနေပြီး သူ့ခန္ဓာကိုယ်အတွင်းတွင် ဝက်မြေဥအသွင် အင်မိုတယ်ချီ ရှိနေသည်။ အားလုံးက အမှန်ဖြစ်သည်။ ထိုမျှသာမက သူ၏တာအိုမဏ္ဍိုင်ဆယ်ခုသည် အတိုင်းထက်အလွန် သိပ်သည်းသော ခရမ်းရောင်ချီကို ထုတ်လွှတ်ရင်း လျင်မြန်စွာ အရည်ပျော်နေ၏။

သူသည် ယခု အမြုတေဖြစ်တည်မှုအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း မန်ဟိုသိလေသည်။ ဖြစ်စဥ်မှာ ပုံမှန်အားဖြင့် အလွန်ကြာသော်လည်း အင်မိုတယ်ချီ၏အကူအညီကြောင့် မြန်သွား၏။ ယခုတွင် သူသည် အရေးကြီးသောအဆင့်သို့ ရောက်ရှိနေလေပြီ။

ဤအခိုက်အတန့်တွင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ အသံက ရုတ်တရက် ပေါက်ထွက်သော အနီးနားရှိနံရံမှ လာသည်။ အားကောင်းသောချီတစ်ခု ရုတ်တရက် စီးထွက်လာ၏။

"နောက်ဆုံးတော့ တွေ့ပြီ" အသံတစ်သံက ပြောသည်။ "ဒါက ခေါင်းဆောင်ကြီးပြောခဲ့တဲ့ နေရာပဲ။ အဲ့ဒီပုဂ္ဂိုလ်ရဲ့ အင်မိုတယ်စိတ်ဆန္ဒက ဒီမှာ ကျိန်းစက်နေ... ဟမ်" ကျီမျိုးရိုး လူငယ်၏ မျက်နှာတွင် အံ့အားသင့်သွားသောအရိပ်အယောင် ထင်ဟပ်လာသည်။ သူသည် မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။

သူ၏မျက်လုံးများက မန်ဟို့အပေါ် ကျရောက်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု ၄င်းတို့ထဲ၌ ဖြတ်ပြေးသွား၏။ သူ၏မျက်နှာထား ခက်ထန်လာသည်။ "မင်း ခိုးလိုက်တာလား" သူကမေးသည်။

***

All Chapters