← Chapters

သေရေးရှင်ရေး

Vol. 22 Ch. 302

သေရေးရှင်ရေး

Vol. 22 Ch. 302

ကျီလူငယ်၏အမူအရာမှာ စောင်ကြွားကြွားနိုင်ပြီး သူ၏စကားလုံးများကား တင်စီး၏။ သူက မန်ဟို့ကို မတူမတန်သလိုကြည့်ပြီး အစေခံသဖွယ် ပြောလေသည်။

မန်ဟိုက မျက်မှောင်ကုပ်သွားသော်လည်း ကျီမျိုးနွယ်စု၏ သြဇာအာဏာနှင့် အန်းဇဲ့ဟိုင်ထိတ်လန့်နေပုံကို ပြန်တွေးလိုက်သည်။ သူသည် ကျီအကြောင်းဇာတ်လမ်းများနှင့် သူကြုံတွေ့ခဲ့ရသော အရာအားလုံးကိုပြန်တွေးလိုက်သည်။ ထို့နောက် သူ၏မကျေနပ်ချက်များကို ချက်ချင်း ချုပ်တည်းလိုက်၏။

ယခုအချိန်မှာ တိုက်ခိုက်ဖို့ အချိန်ကောင်းမဟုတ်ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အရေးပါသောပြောင်းလဲမှု ဖြစ်ပွားတော့မည့် အခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။ ယခု တိုက်ခိုက်ပါက သူ၏ကျင့်ကြံခြင်းအခြေခံတိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း မန်ဟိုသိသည်။

ထိုမျှသာမက ကျီလူငယ်၏ ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည်။ သူသတ်ဖြတ်ခဲ့သည့် အနက်ရောင်နယ်မြေမှ မိုးပြာရောင်ဝတ်ရုံကျင့်ကြံသူထက်ပင် မြင့်၏။

"သခင်လေး ဘာကိုဆိုလိုချင်တာလဲ မသိဘူး" မန်ဟိုက အံ့အားသင့်သွားဟန်ဖြင့် ပြောသည်။ "ကျုပ် အခုလေးတင်မှ ဒီရောက်တာပါ။ ဘာဆိုဘာမှ ရှာမတွေ့ဘူး ဖြစ်နေတာ။ ဧကန္တ ရတနာတစ်ခုခု ရှိနေတာလား" လောဘအငွေ့အသက်က သူ့မျက်ဝန်းများ၌ ဖြတ်ပြေးသွားသည်။

မန်ဟို့ကို စိုက်ကြည့်နေသော ကျီလူငယ်၏မျက်လုံးများ တောက်ပသွားပြီး စက်ဆုပ်မှုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူသည် သံသယမကင်းသေးဘဲ ဘေးဘီဝဲယာကို မျက်လုံးဝေ့ကြည့်လိုက်သည်။

"ဒီလူရဲ့ ကျင့်ကြံခြင်းအခြေခံက ချီအခြေတည်အဆင့်ပဲ" သူက တွေးသည်။ "အင်မိုတယ် ဘယ်လောက်အားနည်းနေပါစေ၊ ဒီလူ သူ့ရဲ့အင်မိုတယ်အာရုံကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် သူက အိပ်ပျော်နေတာ။ ငါတောင် အင်မိုတယ်အာရုံကို အတင်းဖောက်ထွက်လို့မရဘူး။ ခေါင်းဆောင်ကြီး ငါ့ကိုပေးထားတဲ့ ကိရိယာနဲ့တောင် မရဘူး။ ဆိုတော့ စောစောက တစ်ယောက်ယောက် ယူသွားတာများလား" ကျီလူငယ်၏ စိတ်ထဲတွင် ဖန်မိန်းကလေး၏ပုံရိပ် ပေါ်လာသည်။ သူက မန်ဟို့ကို လှမ်းကြည့်သည်။ "မင်း ဒီကို လာတဲ့လမ်းမှာ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလား။ ဘာပဲမြင်ခဲ့မြင်ခဲ့ ငါ့ကို အခုချက်ချင်းပြော" သူက မေးသည်။ "မင်း တစ်ခုခုဖုံးကွယ်ထားရင် ငါ မင်းနဲ့မင်းဂိုဏ်းကို တစ်ယောက်မကျန် သုတ်သင်ပစ်မယ်" သူက သူ၏အထင်သေးမှုနှင့် ထောင်လွှားမောက်မာမှုကို ဖုံးကွယ်ရန် မကြိုးစားပေ။

မန်ဟိုက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးနောက် အသံနှိမ့်ကာ ပြောသည်။ "တစ်ယောက်ယောက်လား။ အင်း ကျုပ် အစိမ်းရောင်ဝတ်ရုံနဲ့ လူတစ်ယောက် တွေ့လိုက်တယ်။ ဘယ်တာအိုရောင်ရင်းလဲ ဆိုတာတော့ သေချာမမြင်လိုက်ဘူး.....ဒီနေရာက...."

သူစကားပြောမပြီးခင် ကျီလူငယ်မှာ ဆုံးဖြတ်ချက်ချပြီးသွားပုံရသည်။ သူက အင်္ကျီလက်စကို စိတ်မရှည်စွာ ဝှေ့ယမ်းကာ ပြောသည်။ "သွားစမ်း"

မန်ဟိုမျက်လုံးများမှာ အေးစက်မှုအရိပ်အယောင်တစ်ခု မသိမသာ ဖြတ်ပြေးသွားသည်။ သို့သော် ထိတ်လန့်ကြောက်ရွံနေသောအသွင်က သူ၏မျက်နှာတွင် ပေါ်လာပြီး ကပျာကယာ နောက်ဆုတ်ကာ ထွက်ခွာရန် လှည့်လိုက်သည်။

ဤအခိုက်အတန့်တွင် ရုတ်တရက် သူ့ဘေးရှိ နံရံ ပေါက်ကွဲသွားပြီး အစိမ်းရောင်နှင့်လူတစ်ယောက် ပေါ်လာသည်။

အဆိုပါပုဂ္ဂိုလ်နှင့်အတူ မယုံနိုင်လောက်အောင် အစွမ်းထက်သောချီပါလာပြီး တစ်နေရာလုံးကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။ ၄င်းတွင် စွမ်းအားသာမက အတိုင်းထက်အလွန် မာနကြီးသောအငွေ့အသက်လည်း ပါရှိသည်။

ချီက တလိပ်လိပ်ထနေစဥ် ပုံရိပ်သည် တဖြေးဖြေး အမျိုးသမီးတစ်ယောက် ဖြစ်လာသည်။ ဤသည်မှာ အရှေ့ဘက်နယ်မြေများမှ ဖန်မျိုးရိုး မိန်းကလေးမှတစ်ပါး အခြားမဟုတ်ပေ။ သူမ ပေါ်လာသည်နှင့်တစ်ပြိိုင်နက် သူမ၏မျက်ဝန်းများက ကျီလူငယ်အပေါ် ကျရောက်သွားသည်။

မန်ဟိုက သူမဘေးတွင် ရပ်နေသော်လည်း သူမသည် သူ့ကို အဖက်မလုပ်ပေ။ သူမထံမှာ ထုတ်လွှတ်နေသော မာနကြီးမှုမှာ ထိတွေ့ကိုင်တွယ်၍ရသလောက်ပင်။

"ကျီဟုန်တုန် အင်မိုတယ်ကျမ်းစာကို ငါ့ကိုပေးစမ်း" မိန်းကလေးက အေးစက်စက်ပြောသည်။ သူမသည် လှပသော ရေခဲနတ်သမီးလေးနှင့်တူသည်။

ထိုမိန်းကလေးပေါ်လာသောအခါ မန်ဟို ဒိန်းခနဲ ရင်ခုန်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူဝေးဝေးမရောက်ခင် ကျီလူငယ်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

"ဖန်ယု၊ မင်း အင်မိုတယ်ကျမ်းစာ ယူသွားတာမဟုတ်ဘူးလား ဒါတောင်..." သူတစ်ဝက်တစ်ပျက်သာ တွေးရသေးသည်၊ ရုတ်တရက် ရင်တဒိန်းဒိန်းခုန်လာ၏။ သူက မန်ဟို့ကို ဖျတ်ခနဲ လှမ်းကြည့်သည်။ ထိုစဥ် သူ၏ညာဘက်မျက်လုံးမှာ ခုနစ်ကြိမ်ဆက်တိုက် မျက်တောင်ခတ်သွား၏။ ရုတ်တရက် သူငယ်အိမ်နှစ်ခု ပေါ်လာသည်။ ၄င်းတို့မှာ စက္ခုအာရုံအစွမ်းတချို့ ပိုင်ဆိုင်ထားပုံရသည်။ သူ မန်ဟို့ကို ကြည့်လိုက်သည်နှင့် မန်ဟို့ ဒန်တျန်အတွင်းရှိ အဖြူရောင်ဝက်မြေဥကို မြင်နိုင်သွားလေသည်။

ဝက်မြေဥအပြင် မပီပြင်သောတစ်ခုလည်း ရှိသည်။ ဝက်မြေဥနှင့်ပင် ကျီလူငယ်၏မျက်လုံးများမှ အသတ်အဖြတ်စိတ်ဆန္ဒများ ထွက်လာစေရန် လုံလောက်သည်။ သို့သော် ၄င်းသည် ပေါ်လာလျှင်ချင်း ပြန်လည်ပေါက်ကွယ်သွား၏။

ဤအရာအားလုံးဖြစ်ပျက်သွားသည့် အမြန်နှုန်းမှာ မျက်တောင်ခတ်လိုက်လျှင် ဘာဆိုဘာမှမသိနိုင်လောက်အောင် ဖြစ်သည်။

"ရယ်စရာကောင်းလိုက်တာ" ကျီလူငယ်က ခြောက်ကပ်ကပ်ရယ်ရင်း ပြောသည်။ သူက မန်ဟို့ကို လျစ်လျူရှုင်း ဖန်ယုထံ ချက်ချင်းပြေးဝင်သွား၏။ သူက အနားကပ်သွားစဥ် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အနောက်တွင် ကြယ်တာရာများပေါ်လာသည်။ ဖန်ယုက အေးစက်စက် နှာမှုတ်ပြီး ရှေ့တက်လာသည်။ သူမသည် လက်သီးဆုပ်ရင်း လက်ကိုမြှောက်ကာ လေထဲသို့ ထိုးသွင်းလိုက်သည်။ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးက အရပ်မျက်နှာအသီးသီးသို့ ရိုက်ညောင်းသွားသည်။

မန်ဟို့မှာ နောက်သို့ လွင့်ထွက်သွားပြီး ခြေဦးတည့်ရာ ပြေးတော့သည်။

သူ့မျက်နှာမှာ တင်းမာခက်ထန်နေသည်။ ကျီဟုန်တုန် သူ့ခန္ဓာကိုယ်ကို ဖောက်၍ မြင်သွားကြောင်း သူသိ၏။ သူက ဖန်မိန်းကလေးကြောင့် ထုတ်ပြောပြီး မန်ဟို့နောက် ချက်ချင်း မလိုက်ခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ခုပြောမည့်အစား မန်ဟို့ကိုနောက်မှ တစ်ယောက်တည်းလိုက်ဖမ်းရန် ကြံစည်ထားခြင်းပင်။

နံရံများမှာ ဆက်လက်၍ အက်ရာများပြည့်လာနေသော်လည်း အပြီးတိုင်ပြိုကျရန် မည်မျှကြာမည်ကို မသိပေ။ သူက ကံကောင်းခြင်းအဆောင်ကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထို့နောက် ၄င်းကို ဖိချလိုက်ရာတွင် သူမျက်နှာပေါ်၌ ခံရခက်သွားသော အသွင်ပေါ်လာ၏။

ပထမဆုံးအကြိမ်အနေဖြင့် ကံကောင်းခြင်းအဆောင်မှာ နေရာရွှေ့ပြောင်းခြင်းစွမ်းအားကင်းမဲ့နေသည်။

"ဒီနေရာ ပြိုကျမှာကိုပဲ မျှော်လင့်ထားလို့မရဘူး...." မန်ဟိုက တွေးသည်။ သူသည် ဤနေရာမပြိုကျခင် ထွက်ပြေးရန် အခွင့်အရေးရှိကြောင်း ကောင်းကောင်းသိ၏။ သို့သော် ပြိုကျသွားပြီးနောက် ကျီဟိုင်တုန် သူ့နောက်လိုက်လာလျှင် အခြေအနေဟန်မည်မဟုတ်ပေ။

ကျီဟိုင်တုန်၏ အဆင့်အတန်း၊ ကြောက်မက်ဖွယ်ကျီမျိုးနွယ်စုရှိ သူ၏နေရာတို့က သူသာ အသတ််ခံရလျှင် အလွန့်အလွန်ကြီးမားသော ပျားအုံကြီးကို တုတ်နှင့်သွားထိုးသကဲ့သို့ ဖြစ်မည်။ ဇီယွင်ဂိုဏ်းအနေဖြင့် ပြန်ပင်တိုက်ခိုက်နိုင်မည်လား မန်ဟိုမသေချာပေ။ အင်အားနှစ်ရပ်ကား တူညီသောအဆင့်တွင်ပင် ရှိမနေ။ မန်ဟိုသည် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်ထက်မနည်း ဆက်သွားနေသည်။ နောက်ဆုံး၌ အံတင်းတင်းကြိတ်၍ မြေကြီးပေါ် တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။ သူက ပတ်ပတ်လည်တွင် ပြိုကျနေသော နံရံများကို လျစ်လျူရှုရင်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီး အမြုတေဖြစ်တည်မှုရောက်အောင် မြန်နိုင်သမျှမြန်မြန် တွန်းပို့ရင်း တရားစထိုင်သည်။

"ဘာပဲဖြစ်ဖြစ်ဖြစ် အမြုတေဖြစ်တည်မှုအဆင့်ရောက်ရင် .... ငါအသာစီးရလိမ့်မယ်" တောက်ပသော အလင်းရောင်တစ်ခု သူ၏မျက်လုံးများထဲ၌ ပေါ်ပေါက်လာသည်။ ဤသေရေးရှင်ရေးအချိန်တွင် သူ့အတွက် စဥ်းစားရန် အချိန်မရှိပေ။ သူသည် မျက်လုံးများ ပိတ်ပြီး မြူတစ်လုပ်ထွေးထုတ်လိုက်ရာ လျှပ်စီးတိမ်တိုက်က သူ့ကို ဝန်းရံလျက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့ထံမှ သွေးရောင်အလင်း ဖြာထွက်လာပြီး သွေးကိုယ်ပွားဖြစ်တည်လာကာ သူ့ကို စောင့်ရှောက်ပေးလေသည်။

မန်ဟို၏ တာမိုမဏ္ဍိုင်ဆယ်ခုသည် သူတစ်ယောက်သာကြားနိုင်သော တဂျုန်းဂျုန်း ထစ်ခြုန်းသံများ ထုတ်လွှတ်နေသည်။ ခရမ်းရောင်ချီအမြောက်အမြား စီးထွက်လာရာ တာအိုမဏ္ဍိုင်များ စတင်အရည်ပျော်ပြီး အတူတကွပေါင်းစည်းလာ၏။

တာအိုမဏ္ဍိုင်များ အလုံးစုံပျော်သွားပါက သူ အမြုတေကို တည်ဆောက်နိုင်မည်။ အင်မိုတယ်ချီ၏ ကျေးဇူးကြောင့် ဤဖြစ်စဥ်မှာ များစွာပို၍ လျင်မြန်မည်ဖြစ်သည်။ မန်ဟို အမြုတေဖြစ်တည်မှုအဆင့် ရောက်သည်နှင့်တစ်ပြိုင်နက် ရှေးလွန်လေပြီးသောအခါမှ ယခုအချိန်ထိ ထိုသို့လုပ်နိုင်သော အမြန်ဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်သွားလိမ့်မည်။

အချိန်များ ကုန်လွန်လာသည်။ ကျီဟိုင်တုန် သူ့ကို မည်သည့်အချိန်လာရှာမည်လဲ မသိပေ။ သို့သော် မြန်လိမ့်မည်၊ ယင်းကိုတော့ သူသိ၏။ ကျိုးဟုန်တုန်သည် ဖြစ်ရပ်မှန်ကို သိသွားပြီဖြစ်၍ ဖန်မိန်းကလေးကို ဖယ်ထုတ်ပြီးသည်နှင့် မန်ဟို့ကို လာရှာလိမ့်မည်။

"ဒီထက်ပိုမြန်မှဖြစ်မယ်" မန်ဟိုက သူ၏ကျင့်ကြံခြင်းအခြေခံအတွင်းရှိ စွမ်းအားအလုံးစုံကို လှည့်ပတ်ရင်း တွေးလိုက်သည်။ ရုတ်တရက် အံ့မခန်းလိလိ ထစ်ချုန်းသံကြီး မန်ဟို့စိတ်ထဲ၌ မြည်ဟည်းသွားသည်။ ယခုတွင် သူ၏ဒသမတာအိုမဏ္ဍိုင် အရည်ပျော်နေလေပြီ။

တာအိုမဏ္ဍိုင်အရည်ပျော်နေစဥ် ခရမ်းရောင်ချီအမြောက်အမြားသည် အင်မိုတယ်ချီကိုဝန်းရံလျက် တည်ရှိနေပြီးဖြစ်သော ခရမ်းရောင်မြူကို ရစ်ပတ်ရင်း စီးထွက်လာ၏။ ခရမ်းရောင်မြူစက်လုံးမှာ မန်ဟို့ခန္ဓာကိုယ်အနှံ့အပြားသို့ မရေမတွက်နိုင်သော ခရမ်းရောင်ချီမျှင်များ ထုတ်လွှတ်ရင်း လျင်မြန်စွာ လည်ပတ်နေသည်။

အလွန်တရာအားကောင်းသော ချီတစ်ခု မန်ဟို့ကိုယ်အတွင်း၌ ပေါ်လာသည်။ သူ၏အပြင်အားကိုယ် ပို၍သန်မာကျစ်လျစ်လာ၏။ စိတ်ဝိညာဥ်အာရုံလည်း ကျယ်ပြန့်လာကာ သိသာစွာပင် သွေးကိုယ်ပွားနှင့်် သူရောက်ရှိနေသော သွေးမရဏကမ္ဘာသည် တဖြေးဖြေး ပို၍သန်မာလာ၏။

ကိုယ်အစစ် သန်မာလာသကဲ့သို့ ၄င်းတို့လည်း သန်မာလာမည်ဖြစ်သည်။

သို့သော် မန်ဟိုက မကျေနပ်သေး။ အမြန်နှုန်းကား နှေးလွန်းသည်။ သူက ကျင့်ကြံခြင်းအခြေခံ လည့်ပတ်နေခြင်းသို့ အရာအားလုံး တွန်းပို့လိုက်သည့်အတွက် သူ့မျက်နှာပေါ်တွင် သွေးကြောများထောင်လာသည်။ ထစ်ချုန်းနေသည့်ကြားတွင် သူ၏နဝမတာအိုမဏ္ဍိုင် အရည်စပျော်သည်။ ပို၍များပြားသော ခရမ်းရောင်ချီများ စီးထွက်လာသည်။ ခရမ်းရောင်မြူစက်လုံးမှာ ပို၍ပင် လျင်မြန်စွာ လည်နေ၏။ ယခုတွင် ၄င်းမှာ အမြုတေအဖြစ် ခဲတော့မည့်လက္ခဏာများ ပြနေလေပြီ။

ထို့နောက် သူ၏အဋ္ဌမတာအိုမဏ္ဍိုင်၊ ထို့နောက် သတ္တမ။ ၄င်းတို့သည် ထစ်ချုန်းမြည်ဟည်းရင်း တစ်ခုပြီးတစ်ခု အရည်ပျော်ကျလာသည်။ အကန့်အသတ်မရှိသော စိတ်ဝိညာဥ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ခရမ်းရောင်မြူစက်လုံးကို ပို၍ပင် လျင်မြန်သောအမြန်နှုန်းဖြင့် လည်နေစေသည်။ ၄င်းက ခရမ်းရောင်ချီကို စုပ်ယူနေ၏။ ဤအခိုက်အတန့်တွင် မန်ဟို့၏ခန္ဓာကိုယ်မှ အလွန်တောက်ပသော ခရမ်းရောင်အလင်း ဖြာထွက်လာသည်။

ခရမ်းရောင်မြူစက်လုံး၏ လည်နှုန်းမှာ ပို၍ပင် မြန်လာ၏။ လက္ခဏာများက ခရမ်းရောင်အမြုတေတစ်ခု အချိန်မရွေး ဖြစ်ပေါ်တော့မည်ကို ညွှန်ပြနေသည်။ ဤအခြင်းအရာကိုမြင်သော် မန်ဟိုက သေခြင်းသုံးရပ်ဆေးလုံးအမြောက်အမြားကို ကမန်းကတမ်း မြိုချလိုက်၏။ သို့သော် မလုံလောက်သေးပေ။ သူ့မှာ အမြုတေဖြစ်တည်မှုအဆင့်သို့ တိုင်းတာ၍မရလောက်အောင် နီးကပ်နေပြီဖြစ်ကြောင်း.... ရှင်းရှင်းလင်းလင်းအာရုံရနေ၏။

"ပိုမြန်ရမယ်" မန်ဟိုက စိတ်ထဲ၌ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း တွေးသည်။ သူ၏ ဆဋ္ဌမ၊ ပဥ္ဧမနှင့် စတုတ္ထတာအိုမဏ္ဍိုင်တို့သည့် ထစ်ချုန်းသံကြီးနှင့်အတူ အရည်ပျော်သွား၏။ ဤအခိုက်တွင် ခပ်လှမ်းလှမ်းမှ တစ်စုံတစ်ယောက် မှော်ပညာရပ်တစ်ခု အသုံးပြုနေသောအသံအား မန်ဟိုကြားလိုက်သည်။

"ကျီဟိုင်တုန်မဟုတ်ဘူး....." မန်ဟိုက တွေးလိုက်သည်။ သူသည် တာအိုမဏ္ဍိုင်များ လှည့်ပတ်ရာတွင် အာရုံစိုက်ထားသော်လည်း သူ၏စိတ်ဝိညာဥ်အာရုံကို ပတ်ဝန်းကျင်သို့ အချိန်အတော်ကြာကတည်းက ဖြန့်ကျက်ထားပြီးဖြစ်၏။ သူရှိရာသို့ အမြန်ဆုံးအရှိန်ဖြင့် လာနေသော ပုံရိပ်တစ်ခုကို သူချက်ချင်း မြင်လိုက်သည်။

မန်ဟိုမှာ သက်ပြင်းခိုးချပြီး မျက်လုံးဖွင့်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် အတွေးနက်နေသော အပြုံးဖြင့် လီတောက်ရီ ရှိနေသည်။

မန်ဟို့ကို မြင်သော် သူက မထီတထီပြုံးရင်း ပြောသည်။ "တာအိုရောင်ရင်းကျီ နောက်လိုက်ပြီး အချိန်ဆွဲခိုင်းတဲ့လူက ဘယ်သူလဲ သိချင်နေတာ။ မဟာအကြီးအကဲဖန်မု ဖြစ်နေတာကိုး" သူက ဖြေးဖြေးချင်း ချဥ်းကပ်လာသည်။ သူက အနားရောက်လာစဥ် ရုတ်တရက် ရပ်ပြီး မန်ဟို့ကို ပါးစပ်ဟောင်းသားနှင့်ကြည့်သည်။ "အမြုတေဖြစ်တည်မှုချီ။ ခင်ဗျား အခု အမြုတေတည်ဆောက်မလို့ လုပ်နေတာလား" သူက လှောင်ရယ်ရယ်လိုက်သည်။

"တကယ့်ကို ဂုဏ်သတင်းတွေနဲ့ ကိုက်ညီပါပေတယ် မဟာအကြီးအကဲဖန်မု" သူက ပြောသည်။ "သိပ်ရဲတင်းတယ်။ ဒါမဲ့ ခင်ဗျားက တာအိုရောင်ရင်းကျီပိုင်တဲ့အရာကို ယူသွားတယ်လေ။ ဒါမဖြစ်သင့်ဘူး။ ခင်ဗျားကို မြင်လိုက်ရုံနဲ့ ကျုပ် သတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတော့တာပဲ"

"ခင်ဗျား ကျုပ်ကို တိုက်ခိုက်ရင် လီမျိုးနွယ်စုနဲ့ ဇီယွင်ဂိုဏ်းကြားမှာ တိုက်ပွဲဖြစ်လိမ့်မယ်" မန်ဟိုက မပြောင်းလဲသောမျက်နှာထားဖြင့် အေးစက်စွာ ပြောသည်။ သူ့မှာ အချိန်ကို အရေးတကြီးလိုအပ်နေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံသည် လျင်မြန်စွာ လည်ပတ်နေသည့်အတွက် ကျန်ရှိသော တာအိုမဏ္ဍိုင်သုံးခုမှာ စတင်အရည်ပျော်နေလေပြီ။

"ဟုတ်တာပေါ့ ကျုပ် ခင်ဗျားကို မတိုက်ပါဘူး" လီတောက်ရီက ကြောင်သူတော်ကြွက်သူခိုးအပြုံးဖြင့် ပြောသည်။ "ခင်ဗျား ထွက်မသွားနိုင်အောင် တားမှာ။ ခင်ဗျားအသက်နဲ့ ကျုပ်နဲ့ဆိုင်တာ မဟုတ်ဘူး။ တာအိုရောင်ရင်းကျီနဲ့ဆိုင်တာ။ ဒီလိုမျိုးဖြစ်ခွင့်ပေးဖို့ မျိုးနွယ်စုခေါင်းဆောင်ကြီးတွေ ပိုဝမ်းမြောက်ဝမ်းသာ ရှိမှာပါ" သူက မန်ဟို့နဖူးထံ ဆန့်တန်းရင်း လက်မြှောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လီတောက်ရီ၏မျက်နှာထား ပြောင်းသွား၏။ သူ လည်သွားပြီး ဘေးသို့ လွင့်ထွက်သွားသည်။

သူထိုသို့ဖြစ်သွားစဥ် သာယာနာပျော်ဖွယ် နှာမှုတ်သံလေး ထွက်ပေါ်လာ၏။ အဖြူရောင်အလင်းကြိုးကွင်းတစ်ခုက လီတောက်ရီ စောစောက ရပ်နေခဲ့သောနေရာကို ဖြတ်ခနဲ ကျော်ဖြတ်သွားကာ သူ့နောက်လိုက်သွားသည်။

ထို့နောက် ရောင်စုံအလင်းတန်းတစ်တန်း သူတို့ဆီ တဟုန်ထိုး ဦးတည်လာပြီး မန်ဟို့ဘေးတွင် လာရပ်သည်။

ထိုနေရာတွင်ကား အဖြူရောင်ဝတ်ရုံနှင့် အေးစက်သော မျက်နှာထားပိုင်ရှင်လေး ရှုချင်။

သူမက လီတောက်ရီကို စိန်းစိန်းဝါးဝါး ကြည့်သည်။

"မင်း အဆင့်တက်အောင်လုပ်" သူမက မန်ဟို့ကို တည်ငြိမ်စွာ ပြောသည်။ "ငါ သူ့ကို ထိန်းထားပေးမယ်" သူမအသံမှာ အေးစက်နေသော်လည်း စကားလုံးလေးများက မန်ဟို့နှလုံးသားထဲ ဝင်ရောက်ပြီး နူးညံ့သောနွေးထွေးမှုလေးအသွင် ပြောင်းသွားသည်။

***

All Chapters