← Chapters

ငါက ရှေးကောင်းကင်ငှက်

Vol. 23 Ch. 317

ငါက ရှေးကောင်းကင်ငှက်

Vol. 23 Ch. 317

ကြေးမုံသာမရှိလျှင် မန်ဟို ဤကဲ့သို့ကျင့်ကြံခြင်းအခြေခံ ရရှိမည်မဟုတ်ပေ။ တောင်ပိုင်းဒေသကို သွားနိုင်မည်မဟုတ်သလို၊ ဇီယွင်ဂိုဏ်းထဲလည်း ဝင်ရောက်နိုင်မည်မဟုတ်။ သူသည် မှီခိုရာဂိုဏ်းချုပ်လိပ်ဘိုးဘိုးကြီးဖြင့် တစ်နေရာသို့ မျောလွင့်နေသော ကျိုးပြည်အပေါ်တွင်သာ ရှိနေပေလိမ့်မည်။

အမှတ်တရများ မန်ဟို့၏မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။ အမွေးအတောင်ပါသော သတ္တဝါများအား နှိပ်စက်ရသည်ကိုကြိုက်သော ဤကြေးမုံကို ရရှိခဲ့သည့်အချိန်မှစ၍ အကြောင်းကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။ ၄င်းတွင် မိုးကောင်းကင်ကို ဆန့်ကျင်သော ပုံတူပွားနိုင်စွမ်းလည်း ရှိ၏။

ထို့နောက် အသားဂျယ်လီ ၏ ၄င်းအပေါ် ရွံရှာသော သဘောထား။ အသားဂျယ်လီမှာ ကြက်တူရွေးအသွင်ပင်ပြောင်း၍ တောက်တခေါက်ခေါက် အံတကြိတ်ကြိတ် ဖြစ်နေခဲ့သည်။

မန်ဟိုသည် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ပြီးနောက် သွေးမျက်နှာဖုံးအား ထိခဲ့သည့် အချိန်ကို ပြန်တွေးမိလိုက်သည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ကောင်းမှုကြောင့် သူ့မှာ အသိစိတ်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ ကြေးမုံအတွင်းမှ ငှက်အော်သံကြောင့်သာ ထိုကပ်ဘေးကို ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြင့်မြတ်သောရှေးဟောင်းနယ်မြေတွင် ရှေးသွေးဆက်တစ်ဆက်အား မပိုင်ဆိုင်ထားသည့်တိုင် သူ့ကို လေးထောင့်ဒယ်အိုးအတွင်း ခြေချစေနိုင်ခဲ့သော ကြေးမုံ၏စွမ်းအား။

မန်ဟို အမြုတေဖြစ်တည်မှုအဆင့်ရောက်သွားသည့်အခိုက်၌ ကြေးမုံအတွင်းမှ နိုးထလာနေသောအရှိန်အဝါတစ်ခုကို သူခံစားခဲ့ရသည်။

"ကြက်တူရွေး...." သူ၏မျက်လုံးများ လင်းလက်နေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်လိုက်သဖြင့် သူ၏ခရမ်းရောင်အမြုတေ စတင်လည်လာသည်။ ၄င်းကို စိတ်ဆန္ဒဖြင့် လမ်းပြရင်း ညာလက်မှတစ်ဆင့် ကြေးမုံထဲသို့ ပို့လွှတ်လိုက်သည်။

ကြေးမုံသည် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ခုအား တဖြေးဖြေးထုတ်လွှတ်လာသည်။ အလင်းမှာ ပို၍အားကောင်းလာပြီးနောက် ရုတ်တရက် အသားဂျယ်လီက သိုလှောင်အိတ်အတွင်းရှိ သွေးမျက်နှာဖုံးထဲမှ ပျံထွက်လာသည်။ ၄င်းသည် အလင်းတန်းအသွင်ဖြင့် ရွှီးခနဲထွက်လာပြီး ၄င်း၏မျက်နှာပြင်ပေါ်တွင် အဘိုးကြီးတစ်ယောက်မျက်နှာ ပေါ်လာသည်။

၄င်း၏မျက်လုံးများသည် အကြီးမားဆုံးရန်သူကြီးကို ရင်ဆိုင်တော့မည့်အလား ခေါင်းမာမှု၊ ခိုင်မာပြတ်သားသောစိတ်ဆန္ဒနှင့် တည်ကြည်လေးနက်မှုတို့ဖြင့် တောက်ပနေသည်။ ၄င်း၏အမူအရာမှာလည်း ဂြိုဟ်အားလုံး၏တည်ရှိမှုကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးအား ဆင်နွှဲတော့မည့်သကဲ့သို့ တည်တန့်နေသည်။

"အယုတ်တမာရန်သူတော်ကြီး နောက်ဆုံးတော့ပေါ်လာပြီပေါ့" ၄င်း၏မျက်နှာသည် လေးနက်သောအရိပ်အယောင်ဖြင့် ဖုံးလွှမ်းနေသည်။ "ငါမင်းကို အကြာမှအကြာကြီး စောင့်နေခဲ့ရတာ။ ဒီတစ်ခေါက်တော့ မင်းနိုးလာတဲ့အခါ ငါ့ကို ပထမဆုံးမြင်စေရမယ်။ သေချာပေါက် မင်းကို ပြောင်းပစ်မှာ။ အကျင့်ပျက်လမ်းစဥ်ကနေ မင်းကိုပြန်ခေါ်ပေးရမယ်" အသားဂျယ်လီမှာ ယခင်လောက် သိပ်လေကြောမရှည်တော့ပေ။ စည်းမျဥ်းများကို အလေးအမြတ်ထားသော အငွေ့အသက်သည် ၄င်းပတ်ပတ်လည်တွင် ပိုပို၍ထူထပ်လာ၏။

မန်ဟိုက အသားဂျယ်လီကို လျစ်လျူရှုပြီး အဆုံးမရှိသောကျင်းကြီးနှင့်တူသည့် ကြေးမုံအတွင်းသို့ စွမ်းအားများ အဆက်မပြတ်စီးဆင်းစေရင်း သူ၏ကျင့်ကြံခြင်းအခြေခံအပေါ်တွင် အာရုံစိုက်နေသည်။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီး မကြာခင် မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံ၏ ၆၀ရာခိုင်နှုန်းနီးပါး အသုံးပြုနေပြီဖြစ်၏။

ထိုစဥ် ကြေးမုံ၏အလင်းဖြာထွက်လာသည်။ မှန်မျက်နှာပြင်ပေါ်တွင် ပုံရိပ်တစ်ခု စတင်ဖြစ်ပေါ်လာ၏။

သို့သော် ဝါးနေသေးသည်။

"ထွက်လာခဲ့စမ်း ရန်သူတော်ကြီး" အသားဂျယ်လီက ခက်ထန်စွာပြောသည်။ "ထွက်လာခဲ့။ ငါတို့ ဒီတိုက်ပွဲတိုက်ဖို့ ကံကြမ္မာက သတ်မှတ်ပေးပြီးသား။ ဟာ... ဟေ့ကောင် မန်ဟို အားထည့်ပါဦးကွ။ ထွက်လာတော့မှာကို"

အသားဂျယ်လီ၏အသံက မန်ဟို့ကို တစ်စုံတစ်ခုကို သတိရသွားစေ၍ သူက ချောင်းဟန့်လိုက်သည်။ တကယ်တမ်း ကြေးမုံမှ ဤစိတ်ဝိညာဥ်ကို ထွက်လာစေလိုသည့် အဓိကရည်ရွယ်ချက်များထဲကတစ်ခုမှာ ၄င်းကို အသားဂျယ်လီနှင့်ရင်ဆိုင်စေလိုသောကြောင့်ဖြစ်၏။ ၄င်းက အသားဂျယ်လီ စကားများသည်ကို ထိန်းနိုင်လောက်သည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများထပ်မံ ထုတ်လွှတ်လိုက်သည်။ ၇၀ ရာခိုင်နှုန်း ၊ ၈၀ ရာခိုင်နှုန်း ၊ ၉၀ ရာခိုင်နှုန်း.....

မှန်အထက်ရှိ ပုံရိပ်သည် ပို၍ထင်ရှားလာ၏။ ၄င်းကား သေချာပေါက် ငှက်တစ်ကောင်၏ပုံသဏ္ဍာန်ပင်။ တောင်ပြောင်နေသော ရောင်စုံငှက်မွှေးများက ၄င်းကို ဖုံးလွှမ်းနေသည်။ ၄င်း၏မျက်လုံးများမှာ ပိတ်နေလျက်ရှိကာ ခုံးပြီး ချွန်ထက်သောလက်သည်းခြေသည်းများကို ပိုင်ဆိုင်ထား၏။ အမှန်တွင် ၄င်း၏ပုံပန်းသွင်ပြင်မှာ အသားဂျယ်လီ ကြက်တူရွေးအသွင်ပြောင်းခဲ့စဥ်ကကဲ့သို့ နှာဘူးဆန်မနေချေ။ ထိုအစား အလွန့်အလွန် မောက်မာသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အိပ်ပျော်နေသည့်တိုင် မောက်မာသောအရှိန်အဝါမှာ မန်ဟို့မျက်နှာကို ရိုက်ခတ်နေသယောင်ပင်ရှိ၏။

"ဘယ်လောက်ဆိုးဝါးတဲ့ အရှိန်အဝါလဲ" အသားဂျယ်လီက တဆတ်ဆတ်တုန်နေလျက် ပြောသည်။ "အဲ့တာ အဲ့အကောင်ပဲ။ သူ့ရဲ့အရှိန်အဝါ။ ဒီပုံစံမှ ဒီပုံစံ။ မဟာရန်သူတော်ကြီး။ ငါ့ဘဝရဲ့တာဝန်။ ငါသူ့ကိုပြောင်းလဲမယ်" အသားဂျယ်လီကို ဝန်းရံထားသော ဖြောင့်မတ်သည့်အငွေ့အသက်သည် ပို၍ပင် ထူထပ်လာ၏။

မန်ဟိုမှာ ရုတ်တရက် အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ၄င်းက သူ့ကို သတိ ရှိသွားစေသည်။ ဒဏ်ရာမှ ပျောက်ကင်းရုံလေးရှိစဥ် ဝိညာဥ်ကို ဆင့်ခေါ်ရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်တန်ရာသည်။ သူသာ ယခုဒဏ်ရာရနေခဲ့လျှင်တော့ ကြေးမုံလိုအပ်သည့်စွမ်းအားကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။ ၄င်းက သူ၏ဒဏ်ရာများကို ပို၍ ဆိုးရွားစေလိမ့်မည်။

အချိန်များ ကုန်လွန်လာသည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံ ကြေးမုံအတွင်းသို့ အလုံးစုံစီးဝင်သွားသည်နှင့် အတွင်းမှစူးစူးဝါးဝါးအော်သံတစ်သံ ပဲ့တင်ထပ်လာသည်။

အသံသည် ကြားလိုက်ရသည့် မည်သည့်သက်ရှိသတ္တဝါကိုမဆို တလေးတစားဦးညွတ်စေမည်ဖြစ်သော ပုံစံဖြင့် ပျံ့လွင့်နေသည်။

အော်သံပဲ့တင်ထပ်နေစဥ် ကြေးမုံအထက်ရှိ ကြက်တူရွေး၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ အင်မိုတယ်ချီနှင့်တူသော အရှိန်အဝါနှင့်အတူ စူးရှတောက်ပသော အလင်းရောင်ဖြာထွက်လာသည်။ ၄င်းသည် ကျင့်ကြံခြင်းဂူတစ်ခုလုံးပြည့်နှက်သွား၏။

၄င်း၏မျက်လုံးများတွင် ရှေးဆန်သော အငွေ့အသက်နှင့် အူကြောင်ကြောင်ဖြစ်နေသောအသွင်ရှိသည်။ သို့သော် မောက်မာမှုထွက်ပေါ်လာရန် တခဏသာကြာလိုက်သည်။ ၄င်း၏ ခန္ဓာကိုယ်မှာ အသေးစားငှက်တစ်ကောင်အရွယ်သာ ရှိသော်လည်း ၄င်းကို ကြည့်လိုက်သည့်မည်သူမဆို ၄င်းသည် ကောင်းကင်ကို နှစ်ခြမ်းခွဲ၍ မြေကြီးကို နှစ်ပိုင်းပိုင်းပစ်နိုင်သည်ဆိုသော ခံစားချက်ရပေလိမ့်မည်။

ပတ်ဝန်းကျင်ရှိလေပင်လျှင် ပို၍ထူထပ်လာ၏။

အသားဂျယ်လီမှာ စိတ်လှုပ်ရှားရမည်လား၊ ဒေါသထွက်ရမည်လား ဆုံးဖြတ်ရခက်နေသဖြင့် အော်ဟစ်လိုက်သည်။ ၄င်းသည် ကြက်တူရွေးအရှေ့တည့်တည့်တွင် ပေါ်လာပြီး ၄င်း၏မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်သည်။ "ငါ့ကိုကြည့်စမ်း ရန်သူတော်ကြီး။ငါ ဘယ်သူလဲသိပြီလား"

ကြက်တူရွေးက အသားဂျယ်လီကို ပြန်ကြည့်လိုက်ပြီး အထင်သေးနေသည့် အေးစက်စက်အရိပ်အယောင် တစ်ခုပေါ်လာသည်။ ၄င်းသည် အဆုံးစွန်ထိ မောက်မာသောဟန်ဖြင့် မန်ဟို့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

မန်ဟိုက လှုပ်လည်းမလှုပ်သလို၊ ဘာမှလည်းမပြောပေ။ သူသည် ကြက်တူရွေးနှင့် အသားဂျယ်လီကြည့်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ဆက်လက်ကုသနေရင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ အသားဂျယ်လီနှင့်ပတ်သက်၍ သူ၏သင်ခန်းစာများအရ ဘာဖြစ်မည်လဲ ဦးစွာစောင့်ကြည့်ခြင်းက အကောင်းဆုံးဖြစ်လေသည်။

အသားဂျယ်လီမှာ ဒေါသတကြီးအော်ပြီးနောက် ကြက်တူရွေး၏မျက်စိရှေ့တွင် ပြန်ပေါ်လာသည်။

အသားဂျယ်လီက ကြက်တူရွေးကို စိုက်ကြည့်ပြီး မုန်းတီးမှုများ တပွက်ပွက်ဆူလာပုံရသည်။ "ငါ့ဘဝရဲ့ ရန်သူတော်ကြီး မိုးကောင်းကင်က မျက်လုံးဖွင့်ပြီး ငါတို့ကိုပြန်ဆုံတွေ့အောင် ဆောင်မပေးလိုက်တာပဲ။ မင်းက လူယုတ်မာ။ ဒုစရိုက်သမား။ ဒီတော့ ပြောစမ်းပါဦး ငါ့ကို မှတ်မိလား" အသားဂျယ်လီ၏ခန္ဓာကိုယ်အရောင်က ဝါးတားတားဖြစ်သွားသည်။ "ဘာလို့မပြောတာလဲ။ မင်း အကျင့်မကောင်းတဲ့ ငှက်နှာဗူး။ ဘာလို့စကားမပြောတာလဲ" ၄င်းမှာ နှစ်ပေါင်းများစွာ စောင့်ခဲ့ရလေသည်။ ယခုတော့ ကြက်တူရွေးကား သူ့အရှေ့ရောက်နေသော်လည်း စကားကပြန်ပြောခြင်းမရှိ။

ထို့နောက်တွင်။

"ရူးနေလား ။မင်းနှမတဲ့မှ။ ခွေးမသား" ကြက်တူရွေးမှာ စိတ်မရှည်သောမျက်နှာထားဖြင့် ဆဲတော့သည်။

ချက်ချင်းပင် အသားဂျယ်လီ၏ မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ ၄င်းမှတ်မိသည့် ကြက်တူရွေး၏ အကျင့်ပျက်သောတုံ့ပြန်မှုဖြစ်ပုံရသည်။

"ဆဲတာ မှားတယ်" အသားဂျယ်လီက တည်ကြည်စွာပြောသည်။ "မင်း အပြစ်ကျူးလွန်လိုက်ပြန်ပြီ"

"မင်းဘွားအေ၊ မင်းဂျီးဒေါ်၊ မင်းရဲ့နောက်ဘွားအေ၊ မင်းဦးလေး၊ မင်းမြေး၊ မင်းညီမတဲ့မှ၊ ခွေးမသား" ကြက်တူရွေး တဆတ်ဆတ်တုန်နေသော အသားဂျယ်လီကို လျစ်လျူရှုရင်း တစ်ခွန်းပြီးတစ်ခွန်း စိမ်ပြေနပြေပြောနေသည်။

"ဒီတော့ မင်းက ဒီကမ္ဘာမှာ ငါ့သခင်ပေါ့။ ငါ့နာမည်ကိုမှတ်ထား သခင်ငါးတဲ့။ ငါက ရှေးကောင်းကင်ငှက် တစ်ကောင်ပဲ။ မွေးဖွားတဲ့အချိန်ကတည်းက ရိုသေလေးစားခံထားရတာ။ မိုးကောင်းကင်တောင်မှ ငါ့ကိုဦးညွှတ်ရတယ်။ ငါမွေးမလာခင်က ဘယ်သတ္တဝါမှမှ အဝတ်မဝတ်ကြဘူး။ ငါမွေးလာပြီးတဲ့နောက် ဘယ်သူက မဝတ်ရဲဘဲနေတော့မလဲ။ ငါကလွဲပြီး ဘယ်စိတ်ဝိညာဥ်သတ္တဝါမှာမှ အမွေးအတောင်မရှိခဲ့ဘူး။ ငါမွေးလာတဲ့အခါ ပြင်းပြတဲ့ မျှော်လင့်ချက်တွေတောက်လောင်လာပြီး မိုးကောင်းကင်နှင့်မြေကြီးမှာ အမွေးအတောင်ပါတဲ့ သားရဲတွေ လိုအပ်လာတယ်။ ကမ္ဘာပေါ်က ဘယ်သတ္တဝါတွေ အမွေးအတောင်မထားဘဲ နေရဲမှာလဲ

"အပြင်မှာတော့ ငါမင်းကို သခင်ငါး လို့ခေါ်ခွင့်ပေးမယ်" ၄င်းက အထက်စီးဆန်ဆန်ပြောသည်။ "သခင်ငါး ရဲ့နာမည်ပြောလိုက်ရင် သက်ရှိသတ္တဝါတွေအားလုံး ကြောက်ဖျားဖျားသွားလိမ့်မယ်။ ဘယ်ကောင်မှ မင်းကို အာခံရဲမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ကမ္ဘာတစ်ခုလုံးမှာ၊ မိုးကောင်းကင်ရဲ့အတွင်းကဖြစ်ဖြစ် အပြင်ကဖြစ်ဖြစ် မင်းကို အာခံတဲ့ကောင်ကို ငါ ကိစ္စတုံးအောင်လုပ်မှာမလို့ပဲ" ၄င်း၏ သြဇာကြီးမားသော အငွေ့အသက်သည် ပတ်ဝန်းကျင်တွင် ပြည့်နှက်လာ၏။ သို့သော်...မန်ဟို့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာ တစ်ခုရှိနေသည်။ သူ့အမြင်တွင်တော့ သူကြည့်နေသည့်အရာမှာ လေလုံးထွားနေသော ရောင်စုံငှက်တစ်ကောင်ထက် မပိုပေ။

ဘေးရှိ အသားဂျယ်လီက တည်ကြည်လေးနက်စွာ ပြောသည်။ "လေလုံးထွားတာက အကျင့်သီလပျက်တာပဲ။ မင်း ထပ်ပြီး အပြစ်ကျူးလွန်ပြန်ပြီ။ ငါမင်းကိုပြောင်းလဲမယ်" ၄င်းထံမှ ဖြောင့်မြတ်တည်ကြည်သော အရှိန်အဝါသည် ကြက်တူရွေးထံဦးတည်သွား၏။ သို့သော် ၄င်းအနားရောက်လာစဥ် ကြက်တူရွေး၏မျက်နှာပေါ်၌ အထင်သေးသောအကြည့် ပေါ်လာပြီး ၄င်းက အထက်လူကြီးဖြစ်ပြီး ကောင်းကင်မှာ သူ့လက်ထောက်ဖြစ်သည့်အလား ၄င်း၏မောက်မာမှုအငွေ့သက်မှာ ပို၍ထူထပ်လာသည်။

၄င်းက အသားဂျယ်လီကိုကြည့်ရင်း ပြောသည်။ "ဟိုးအရင်နှစ်တွေတုန်းက မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေ မီးလျှံတောင်တန်းမှာ ငါ့ရဲ့ရုပ်တုထားဖို့အတွက် နဂါးငွေ့တန်းပင်လယ်ကို သန့်စင်ခဲ့ကြတယ်။ ဘာကြောင့်လဲသိချင်လား။ ရှေးရှေးတုန်းကပေါ့ကွာ ကြယ်ပင်လယ်ထဲမှာ ငါ ငြိမ်းချမ်းရေးတာအိုသီလရှင် အပျိုစင် သုံးသောင်းကို ငါ့အရှေ့မှာ အတင်းအဓမ္မရေချိုးခိုင်းခဲ့တယ်။ သူတို့ဘာလို့ သဘောတူကြလဲသိချင်လား

"ဟိုးအရင်တုန်းက ဂြိုဟ်တွေအားလုံးထဲမှာ ဘယ်သူက နာမည်အကြီးဆုံး လူမိုက်လဲသိလား။ ဒါ့အပြင် တစ်ခါက မင်းကို အလစ်တိုက်ခိုက်ပြီးတော့ ငါ့ကို နှစ်တစ်သိန်းကြာတဲ့အထိ ဒူးထောက်အရိုအသေပေးခဲ့တဲ့ ဟိုဖက်တီးပုတ်ကို မှတ်မိသေးလား။ သူအခုဘယ်မှာလဲ မင်းသိချင်လား။ တစ်၊နှစ်၊သုံးထက်ပိုပြီး ဘယ်လိုရေရမလဲသိချင်လား" ကြက်တူရွေး၏စကားလုံးများက တစ်လုံးချင်းထွက်လာစဥ် အသားဂျယ်လီမှာ တဖြေးဖြေးငြိမ်ကျလာသည်။ ကြက်တူရွေး ပြောပြီးသည့်အခါ ၄င်းမှာ ဇဝေဇဝါဖြစ်နေသောမျက်နှာထားဖြင့် တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ သို့သော် ၄င်း၏သိချင်စိတ်ကို ချုပ်တည်းထားနိုင်သေးပုံရလေသည်။

ကြက်တူရွေးက အသားဂျယ်လီကို မောက်မာသောဟန်ဖြင့် မထီမဲ့မြင်ကြည့်သည်။ "မင်းသိချင်ရင် သခင်ငါး အရှေ့မှာ အပိုးကျိုးကျိုးနေ။ ခွေးမသား မတွေ့တာကြာတာတောင် တုံးအနေတုန်းပဲ"

မန်ဟို ဤအခြင်းအရာအားလုံးကို မြင်သောအခါ ကြက်တူရွေး အသားဂျယ်လီအား မည်သို့ရင်ဆိုင်နိုင်ပုံကို ရုတ်တရက်သဘောပေါက်လိုက်သည်။ အသားဂျယ်လီမှာ အလွန်တရာသိချင်နေပြီး တကယ်တမ်း ဤသည်မှာ ၄င်း၏အကြီးမားဆုံးအားနည်းချက်ဖြစ်လေသည်။

အစကပြောခဲ့သည့်အတိုင်း ဤကြက်တူရွေး၏အကျင့်စရိုက်မှာ အသားဂျယ်လီပြောင်းခဲ့သောပုံစံနှင့် အတန်ငယ်ကွဲပြားနေသည်ဟု မန်ဟိုခံစားနေရသည်။ မောက်မာထောင်လွှားမှုကလွဲ၍ ၄င်းတွင် မည်သည့် နှာဘူးကျသောအငွေ့အသက်ကိုမှ အာရုံမရပေ။

ဤအခိုက်အတန့်တွင် ကြက်တူရွေး၏ နှုတ်သီးက ရုတ်တရက် တောက်ချလိုက်ပြီး ၄င်း၏မျက်နှာပေါ်တွင် သံသယဝင်နေသောအမူအရာပေါ်လာသည်။ ၄င်းသည် ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ပြီးနောက် လေပေါ်ပျံတက်ကာ ကျင့်ကြံခြင်းကို အကြိမ်အနည်းငယ်ပတ်၍ ဝဲနေသည်။

"အီး" ၄င်းက ပျံဝဲနေရင်း မသင်္ကာသလိုပြောသည်။ "မဟုတ်သေးဘူး။ ဒါဘာအနံ့တုန်း"

ဤသည်က အသားဂျယ်လီ၏ သိချင်စိတ်ကို ချက်ချင်းလှုံ့ဆော်လိုက်ပြီး ၄င်းလည်း တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်သည်။ ကြက်တူရွေး တစ်ခုခုကို အနံ့ခံနေကြောင်း မြင်သောအခါ ၄င်းသည် ဖောက်ခနဲ ခွေးဖြူကြီးတစ်ကောင်အသွင်ပြောင်းလိုက်သည်။ ၄င်းသည် မြေကြီးပေါ် နှာခေါင်းကပ်ပြီး အမြီးတနှံ့နှံ့နှင့် အနံ့ခံနေတော့သည်။

"လခွမ်း" အသားဂျယ်လီက အတန်ကြာအနံ့ခံပြီးနောက် မေးသည်။ "ဘာအနံ့မှမရဘူး။ မင်းဘာအနံ့ခံနေတာတုန်း" ၄င်းက ကြက်တူရွေးကို သိချင်စိတ်ပြင်းပြစွာ မော့ကြည့်သည်။

"မင်းနားမလည်ဘူး ငတုံးရဲ့။ဘယ်ခွေးပုံစံပြောင်းပြောင်း မင်းအနံ့ခံနိုင်မှာမဟုတ်ဘူး။ ငါက ကောင်းကင်အားလုံးမှာ အလေးအမြတ်ထားခံရတဲ့ ရှေးကောင်းကင်ငှက်ကွ။ ဒီအနက်ရောင်နယ်မြေတွေမှာ အရမ်းထူးဆန်းတဲ့ အရှိန်အဝါတစ်ခုရှိနေတယ်။ ဘာလဲဆိုတာ ငါဆုံးဖြတ်ပြီးပြီ။ အံ့သြစရာပဲ။ မယုံနိုင်စရာကောင်းလိုက်တာ။ အာ ဒါကြောင့် ဒီလိုတွေဖြစ်နေတာကိုး" ၄င်း၏မျက်နှာပေါ်ရှိ မောက်မာသောအရိပ်အယောင်က ၄င်းကို ကောင်းကင်နှင့်မြေကြီးရှိအရာခပ်သိမ်အား နားလည်သည့်ပုံပေါ်စေသည်။

အသားဂျယ်လီ၏မျက်နှာကြီးရှုံ့မဲ့သွားသည်။ ၄င်းမှာ သိချင်လွန်း၍ ရွစိရွစိဖြစ်နေပုံပင်။ ကြည့်ရသရွေ့ ၄င်းမည်သည့်ပုံစံပြောင်းပြောင်း ဤအရှိန်အဝါကို အာရုံမခံနိုင်မည့်ပုံရသည်။

မန်ဟိုက အခြေအနေကို ဘေးမှရပ်ကြည့်နေသည်။ ထိုနှစ်ကောင်ကြားရှိအပြောအဆိုများကိုကြားသော် အနက်ရောင်နယ်မြေကိုဝင်ရောက်ခဲ့စဥ်က မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြောခဲ့သည့်စကားများကို ရုတ်တရက်ပြန်တွေးမိလိုက်သည်။

"ဒီနေရာနဲ့ပတ်သက်ပြီး ဘာက အဲ့လောက်ထူးခြားနေတာလဲ" သူကမေးသည်။

ကြက်တူရွေးက သူ့ကိုပြန်ကြည့်သည်။ အကြည့်က ၄င်းသည် ရှေးကောင်းကင်ငှက်ဖြစ်သည့်အတွက် သူ့ကိုအရာရာတိုင်း ရှင်းပြနေစရာမလိုဟု ပြောနေသယောင်ပင်။ ၄င်းက ကောင်းကင်နှင့်မြေကြီးတွင် တုနှိုင်းမရှိ ပြိုင်ဘက်ကင်းနေသည့်အလား မောက်မာသောမျက်နှာထားဖြင့် ဆက်လက်ပျံဝဲနေသည်။

မန်ဟိုက မျက်မှောက်ကြုတ်၍ အေးစက်စွာ ပြောသည်။ "အင်း ဘယ်သူမဆို အပြောကြီးတာပဲ။ တကယ်မသိရင်လဲ သိချင်ယောင်ဆောင်မနေပါနဲ့" သူသည် အမြုတေဖြစ်တည်မှုအဆင့်ဖြစ်သည်။ အစွမ်းထက်ပညာရှင် ဖြစ်လာရန် လျှောက်လှမ်းနေသော လမ်းကြောင်းပေါ်တွင် ပြန်လည်မွေးဖွားခြင်းဂူ၌ အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် သူသည် နည်းနည်းလေးပင် ဝမ်းနည်းခြင်းမရှိသကဲ့သို့ ပျင်းစရာကောင်းသောလေသံဖြင့် စကားပြောနိုင်ပြီး သူ့ကိုယ်သူယုံကြည်ချက်အပြည့်ရှိလေသည်။

သူ၏စကားများက ကြက်တူရွေးကို ပျံသန်းနေရာမှချက်ချင်း ရပ်သွားစေသည်။ ၄င်းကိုယ်ပေါ်ရှိ ရောင်စုံငှက်မွှေးများအားလုံး ထောင်သွားပြီး အစော်ကားခံလိုက်ရသောပုံဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်သည်။

"ငါမသိဘူးတဲ့လား။ ငါက ရှေးကောင်းကင်ငှက်ကွ။ အပေါ်က မသေမျိုးတွေအကြောင်းရော၊ အောက်က သေမျိုးတွေအကြောင်းရော ငါသိတယ်။ သခင်ငါး မသိတာရှိတယ်လို့ မင်းထင်လား။ ငါအကုန်သိတယ်ကွ"

"ခင်ဗျား ကြွားစရာမလိုပါဘူး" မန်ဟိုက မဆိုင်းမတွပြန်ဖြေသည်။ သူ့မှာရင်ခုန်နေပြီး သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းဖြင့် တောက်ပသွား၏။

***

All Chapters