← Chapters

သခင်ငါးကို ယုံကြည်၊ ထာဝရဘဝ ရမည်

Vol. 23 Ch. 318

သခင်ငါးကို ယုံကြည်၊ ထာဝရဘဝ ရမည်

Vol. 23 Ch. 318

"သခင်ငါး သိတယ်

"ခင်ဗျားမသိပါဘူး"

"အားးး ကောင်းပြီလေ" ကြက်တူရွေးက တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်ရင်း စူးစူးဝါးဝါး အော်သည်။ "ငါကိုယ်တော် ရှေးကောင်းကင်ငှက်က ဘယ်လောက်အစွမ်းထက်လဲ မင်းသိစေရမယ်" ကြက်တူရွေး၏မျက်လုံးများ အစိမ်းရောင်ပြောင်းသွားသည်။ သူ၏ ကိုယ်ကျင့်တရား မှာ မေးခွန်းထုတ်ခံလိုက်ရလေပြီ။ ရုတ်တရက် ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီး အသက်တစ်ရှိုက်အတွင်း တောင်တစ်တောင်လုံးပြည့်နှက်သွားသည်။

ထို့နောက် အလင်းသည် တောင်အတွင်းရှိ တစ်စုံတစ်ခုကို ယူဆောင်ပြီးသည့်အလား ပြန်ကျုံ့ဝင်လာသည်။ ၄င်းက လက်သီးဆုပ်အရွယ် မြေကြီးပုံအဖြစ်ပြောင်းရင်း စုဆုံလာသည်။

"မြင်လား" ကြက်တူရွေးက ခပ်စူးစူးအသံဖြင့် မောက်မာစွာပြောသည်။ "ဒီအနက်ရောင်နယ်မြေတွေရဲ့လျှို့ဝှက်ချက်ကို တောင်ထဲမှာ ရှာလို့ရတယ်။ ဒီမြေကြီးကို ငါကိုယ်တော် သခင်ငါးကိုယ်တိုင် သန့်စင်ထားတာပဲ"

ဘေးတွင် အသားဂျယ်လီက ယခုလေးတင် ဉာဏ်အလင်းရသွားသည့်အလား လုံးဝတိဆိတ်စွာဖြင့် ကြောင်တောင်တောင်ကြည့်နေသည်။ သို့သော် ၄င်း၏ပုံစံမှာ ရုတ်တရက် သဘောပေါက်သွားပုံပေါ်သည့်တိုင် ပို၍သိချင်စိတ်ပြင်းပြလာ၏။

"လခွမ်းဘာကြီးတုန်း" ၄င်းကပြောသည်။ ၄င်းသည် စောစောကမန်ဟို့စကားများနှင့် မာန်တက်နေသော ကြက်တူရွေး၏ပုံစံကို စဥ်းစားလိုက်သည်။ ရုတ်တရက် ၄င်းမှာ အလွန်စိတ်လှုပ်ရှားသွားပြီး အကျယ်ကြီးပြောတော့သည်။ "အံမယ် သောက်ချီးပုံကို သုံးပြီး ငါတို့ကိုအရူးလုပ်ဖို့ ကြိုးစားနေတာကိုး။ မင်း ဘာမှလဲမသိပါဘူးကွာ"

ကြက်တူရွေးက အသားဂျယ်လီကို အထင်သေးစွာ ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် ၄င်းက မန်ဟို့ကို တုံ့ပြန်သကဲ့သို့ တုံ့ပြန်ခြင်းမရှိရာ အသားဂျယ်လီကို မှင်သက်သွားစေသည်။

မန်ဟို၏ မျက်လုံးများ လင်းလက်သွားပြီး မြေကြီးကို သေသေချာချာကြည့်လိုက်ရာ တကယ်တော့ ခရမ်းစိမ်းပုပ်ရောင်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ သို့သော် ကြည့်ရုံလေးနှင့် ထူးဆန်းသည့်အရာတစ်ခုမှ သူမမြင်ရပေ။ ၄င်းမှာ သာမန်အတိုင်းသာ။

"ဒီမြေကြီး ဘယ်ကလာတာလဲတောင်မသိဘဲနဲ့ ဆရာကြီးလုပ်နေတယ်" မန်ဟိုက အေးစက်စက်ပြောသည်။ ကြည့်ရသရွေ့ ဤကြက်တူရွေးမှာ .... ရန်စခံသည်ကို မကြိုက်ပုံပင်။

စောစောက အသားဂျယ်လီ ဤနည်းလမ်းကို စမ်းကြည့်ခဲ့စဥ်က သက်ရောက်မှုမရှိသည့်တိုင် မန်ဟိုက နောက်တစ်ကြိမ်စမ်းရန် ဆုံးဖြတ်လိုက်သည်။

စကားလုံးများ သူ့ပါးစပ်မှထွက်သွားသည်နှင့်တစ်ပြိုင်နက် ကြက်တူရွေး၏ ရောင်စုံငှက်မွှေးများ အဆုံးထိထောင်သွားပြီး မျက်ဝန်းများမှ အစိမ်းရောင်အလင်းဖြာထွက်လာကာ ၄င်း၏ခေါင်းထိပ်မှ အဖြူရောင်ချီတစ်ခု စိမ့်ထွက်လာသည်။ ကိုယ်ကျင့်တရားမှာ ဆိုးဆိုးရွားရွား အစော်ကားခံလိုက်ရသဖြင့် မာနကြီးသော ၄င်းမှာ သည်းခံနိုင်တော့ပုံရသည်။

၄င်းသည် အသားဂျယ်လီ ဘာပြောပြောလျစ်လျူရှုနိုင်သော်လည်း မန်ဟိုရန်စသည်ကိုတော့ နည်းနည်းလေးမှ သည်းခံနိုင်ပေ။

"သခင်ငါးကို ရာရာစစ အထင်သေးရဲလား" "သခင်ငါးက ရှေးကောင်းကင်ငှက်ကွ။ ငါမသိတာမရှိဘူး။ တောင်တန်းနဲ့ပင်လယ်တွေ၊ ကောင်းကင်တွေရေ ၊ ဟော့ဒီမှာ သခင်ငါးကို ယုံကြည်ရင် ထာဝရဘဝရနိုင်တယ်ဆိုတာ မသိတဲ့ကောင်ပဲ။ သခင်ငါးပြောတာနားထောင် မိတ်ဆွေ။ ဒါက အင်မိုတယ်အာရုံမြေကြီးပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အစွမ်းထက် စီနီယာမျိုးဆက်တစ်ယောက် ဂြိုဟ်တွေရဲ့အလယ်မှာ အဆောင်တစ်ခုကို ရေးဆွဲခဲ့တယ်။ သူက ဒီဂြိုဟ်ကို ချုပ်နှောင်ဖို့ ရည်ရွယ်ရင်း အောက်ကိုပစ်ချလိုက်တယ်။ ဒါပေမယ့် တခြားတစ်ယောက်က ဟန့်တားလိုက်တာကြောင့် အဆောင်ဟာ ဂြိုဟ်ထဲဝင်ရောက်ပြီး ပြာကျသွားခဲ့တယ်

"ဒါပေမဲ့ အဲ့ဒီ့အစွမ်းထက်ပုဂ္ဂိုလ်မှာ အင်မတန်မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံရှိတဲ့အတွက် သူရေးဆွဲခဲ့တဲ့ မှော်သင်္ကေတတွေမှာ နတ်ဘုရားစွမ်းရည်တွေ ပါရှိတယ်။ ပြာကျသွားတာတောင်မှ အင်မိုတယ်တစ်ယောက်ရဲ့အစွမ်း ရှိနေတုန်းပဲ။ ပြာက ဒီနယ်မြေအပေါ် ကျရောက်လာတယ်။ ဒါ့ကြောင့် ဒီနေရာရဲ့ မြေကြီးတွေ အနက်ရောင်ဖြစ်နေတာက လောင်ကျွမ်းသွားတဲ့အဆောင်ရဲ့အကြွင်းအကျန်တွေ ရှိနေလို့ပဲ။ ငါကိုယ်တော် သခင်ငါးအနေနဲ့ ဟိုးဟိုးနှစ်တွေက ဒီအဖြစ်အပျက်အားလုံးကို မြင်ခဲ့ရတယ်။ငါက ဘယ်လိုလုပ်မှားနိုင်မှာလဲ"

အကြောင်းစုံကြားသော် မန်ဟို့၏မျက်လုံးများကျဥ်းမြောင်းသွားပြီး ရင်တဒိန်းဒိန်းခုန်လာသည်။

ဂြိုဟ်များအကြား၌ မှော်သင်္ကေတများကို ရေးဆွဲပြီး ဂြိုဟ်တစ်ခုလုံးကို ချုပ်နှောင်နိုင်သည်အထိ အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်.... ပြန်လည်မွေးဖွားခြင်းဂူက အဖြစ်အပျက်များမတိုင်ခင်ဆိုလျှင် မန်ဟို့အနေဖြင့် ထိုကဲ့သို့အရာမျိုးအား မှန်ကန်သည်ဟူ၍ အလွယ်တကူယုံကြည်မည်မဟုတ်ပေ။ သို့သော် ချုံမန်းတိုင်ကိုမြင်ပြီးနောက်ပိုင်း အဆိုပါအကြောင်းအရာများကို သူကောင်းကောင်းနားလည်လာခဲ့သည်။

ယခုတွင် သူသည် အသက်ပြင်းပြင်းရှုရင်း စိတ်ဆိုးနေသောကြက်တူရွေးကို ကြည့်ပြီး ၄င်းပြောနေသည့်အရာများကို ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ယုံသွားလေပြီ။

"ဂြိုဟ်တစ်ခုလုံးကို ချုပ်နှောင်နိုင်တဲ့ ချိတ်တံဆိပ်ကို ရေးဆွဲနိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်၊ အံသြစရာကောင်းလိုက်တာ" သူက တွေးလိုက်မိသည်။ "ဒါပေမယ့် တစ်ယောက်ယောက် အဲ့ဒါကို လောင်ကျွမ်းပြာကျစေပြီး အနက်ရောင်နယ်မြေတွေ ဖြစ်ပေါ်လာစေခဲ့တယ်.... သူက ဘယ်သူလဲ" လောလောဆယ်တွင် ကျီဆိုသောစကားလုံးက သူ့ခေါင်းထဲ ပေါ်လာ၏။

"လက်တွေ့မှ ပုံရိပ်ယောင်တွေကို လောင်ကျွမ်းပြာချဖို့က ခက်နိုင်တယ်" မန်ဟိုက အေးစက်စွာပြောသည်။ "သိပ်ကောင်းတဲ့ပုံပြင်လေးပါပဲ။ ဒါမဲ့အမှန်ဟုတ်လားမဟုတ်လား ဘယ်သူသိနိုင်မလဲ" တကယ်တမ်း မန်ဟိုသည် အများစုကို ယုံကြည်နေပြီဖြစ်သော်လည်း သူ့မျက်နှာထားကို မပြောင်းလဲပေ။

ကြက်တူရွေးမှာ ပို၍ပင် ဒေါသထွက်လာသည်။ ၄င်းက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ကျင့်ကြံခြင်းဂူကို ပတ်၍ ပျံဝဲနေသည်။ ထို့နောက် ပါးစပ်ဟပြီး အစိမ်းရောင်အလင်းစက်လုံးတစ်လုံး ထွေးထုတ်လိုက်သည်။ ၄င်းက မန်ဟိုထံ ပြေးဝင်သွားသည်။

အဖြစ်အပျက်မှာ အလွန်မြန်ဆန်လွန်းသဖြင့် မန်ဟိုရှောင်ခွင့်မရလိုက်ပေ။ အစိမ်းရောင်အလင်းသည် သူ့နဖူးကိုဖြတ်၍ ဝင်ရောက်သွားပြီးနောက် သူ့စိတ်ထဲအပေါ်သို့ အချက်အလက်အား ခတ်နှိပ်လိုက်သည်။

ထိုအချက်အလက်တွင် စာလုံးရာဂဏန်းမျှပါဝင်သည်။ ၄င်းတို့သည် ရှုပ်ထွေးသော်လည်း လေ့လာပြီးနောက်တွင် စက္ခုပညာရပ် ဖြစ်ကြောင်း မန်ဟိုသဘောပေါက်လိုက်သည်။

"ဒီပညာရပ်ကို သုံးပြီး ထပ်ကြည့်။ ဒီကောင်းကင်ပညာရပ်က မင်းအပေါ်ခတ်နှိပ်ပြီးသား၊ ဉာဏ်အလင်းရဖို့လည်းမလိုဘူး။ လေ့လာစရာလည်းမလိုဘူး။ သုံးသားသုံးလိုက်စမ်း" ကြက်တူရွေးမှာ သူ့စကားကို မန်ဟိုမယုံမချင်းမရပ်မည့်ပုံဖြင့် စိန်းစိန်းဝါးဝါးကြည့်နေသည်။

မန်ဟို မျက်လုံးများပိတ်လိုက်သည်။ သူပြန်ဖွင့်လိုက်သောအခါ သူ၏ညာဘက် မျက်ဆံ ကျုံ့သွား၏။ ထိုအခိုက်မှာပင် ရုတ်တရက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားမှာ ညာမျက်လုံးမှ ထုတ်လွှတ်ခြင်းခံလိုက်ရသည့်အလား ခံစားလိုက်သည်။

တခဏအတွင်း ကျင့်ကြံခြင်းအခြေခံ ခမ်းခြောက်သွားသည့်အလား ခံစားနေရသဖြင့် မန်ဟို အတော်လေး ထိတ်လန့်သွားသည်။ ရုတ်တရက် သူ့ကိုယ်တွင်းရှိ အင်မိုတယ်စိတ်ဝိညာဥ်စွမ်းအင်၏ အမျှင်တစ်မျှင်က ညာမျက်လုံးထံ ဦးတည်သွားပြီး ၄င်းနှင့်ပေါင်းစည်းသွား၏။

ညာမျက်လုံးမှာ ဆစ်ခနဲနာကျင်သွားပြီး မျက်ရည်များစီးကျလာသည်။ သူ၏အမြင်အာရုံဝေဝါးသွားပြီးနောက် ပြန်လည်ကြည်လင်လာသည်။ ယခုတွင် သူ့ညာမျက်လုံးမှ မြင်ရသောမြင်ကွင်းမှာ အလွန်ခြားနေ၏။ သို့ရာတွင် မည်သို့ခြားနားနေသည်လဲ ပြောရခက်သည်။

သူက ခရမ်းစိမ်းရောင်မြေကြီးပုံကို ငုံ့ကြည့်လိုက်သည်။

ပထမဆုံးအကြည့်မှာပင် မန်ဟို့စိတ်နှလုံးတုန်ရီသွား၏။ တဖြေးဖြေးနှင့် မြေကြီးထံမှ လွင့်လူတက်လာပြီး ခပ်မှိန်မှိန် မှော်သင်္ကေတများအဖြစ် စုစည်းလာနေသော ရွှေရောင်အရှိန်အဝါအား မြင်လိုက်ရလေသည်။ ထိုမှော်သင်္ကေတများက မန်ဟိိုတစ်ယောက်သာ အာရုံခံနိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။

ဖိအား၏လွှမ်းမိုးမှုအောက်တွင် မှော်သင်္ကေတများမှာ လူသေးသေးလေးများအဖြစ် ပြောင်းသွားပုံရသည်။ သူတို့အားလုံးသည် မန်ဟို့အရှေ့တွင် မျောလွင့်နေပြီး တစ်ခုခုကိုရေးဆွဲနေပုံရသည်။

ဖိအားက မဆိုစလောက်သာဖြစ်သော်လည်း မန်ဟို့စိတ်တွင် ထစ်ချုန်းသံကြီးပြည့်နှက်၍ သူ၏စိတ်ဝိညာဥ်အာရုံကို မငြိမ်မသက်ဖြစ်သွားစေသည်။ သူက ကပျာကယာ မျက်လုံးမှိတ်၍ မြင်ကွင်းကိုအဆုံးသတ်လိုက်သည်။ သို့ထိတိုင် သူ့မျက်နှာမှာ ဖြူဆုပ်သွားပြီး စိတ်နှင့်ကိုယ်ပြန်ကပ်ရန် အချိန်မနည်းယူလိုက်ရသည်။ သူ မျက်လုံးပြန်ဖွင့်သောအခါ ညာမျက်လုံးတွင် သွေးကြောများပြည့်နေချေသည်။

"ကဲ သိပြီလား" ကြက်တူရွေးက မောက်မောက်မာမာပြောသည်။ "သခင်ငါး မသိတာမရှိပါဘူးဆို။ဒီမြေကြီးအပေါ်က မှော်သင်္ကေတနည်းနည်းပါးပါးက ဘာမှမဟုတ်သေးဘူး။ အဲ့ဒီနှစ်က အင်မိုတယ်အဆောင်အစစ်ကြောင့် ဖြစ်လာတဲ့ပြာကိုသာ မင်းတွေ့ရင် အသိစိတ်လွတ်ပြီး သေသွားလောက်တယ်

"မင်းသိလား၊ ဒီလိုမြေကြီးမျိုးက အနက်ရောင်နယ်မြေအနှံ့မှာရှိတယ်။ အများကြီးတော့ ပြောမရပေမယ့် များတော့များတယ်။ မင်းလို အင်မိုတယ်အဆောင်ရဲ့စိတ်ဆန္ဒကို တကယ်ကြည့်နိုင်တဲ့သူတွေကတော့ အင်း ဖီးနစ်ငှက်မွှေးနဲ့ ဒဏ္ဍာရီလာမြင်းချိုတွေလို ရှားတယ်ပဲဆိုရမှာပေါ့။ ဒီနေရာ ဖိနှိပ်ခံထားရတာကြောင့်သာ မဟုတ်ရင် အခုအချိန်ထိ ရှိနေမှာမဟုတ်ဘူး

"ဒီမြေကြီးကို ဒီနေရာကယူသွားရင် အလကားဖြစ်သွားလိမ့်မယ်။ အဲ နောက်လျှို့ဝှက်ချက်တစ်ခု ထပ်ပြောပြမယ်။ မင်း ကံကောင်းထောက်မပြီး ဒီလိုမြေကြီးတွေအများကြီး စုဆောင်းနိုင်ရင် အဲ့ဒီစီနီယာကြီးရဲ့ မှော်သင်္ကေတတွေထဲက နတ်ဘုရားစွမ်းရည်တချို့ကို ညဏ်အလင်းရရင် ရလောက်တယ်။ အခု ငါချပေးတဲ့အတိုင်း ကျယ်ကျယ်လိုက်ဆို။ သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ ၊ ဘယ်ကောင်ရန်ဖြစ်ရဲမှာ။ ဟိုးအရင်နှစ်တွေက မရေမတွက်နိုင်တဲ့လူတွေ ဒီစာကြောင်းတွေကို ရွတ်ခဲ့တာကွ" ၄င်းက ၄င်းမည်မျှ အစွမ်းထက်သည်ကို ပိုပို၍ယုံကြည်လာပုံရသော ဖြူဖပ်ဖြူလျော်မျက်နှာနှင့် မန်ဟို့ကို အထက်စီးဆန်စွာကြည့်သည်။

မန်ဟိုက ကြက်တူရွေးကို အဖက်မလုပ်ပေ။ "ဘယ်လောက် အစွမ်းထက်လှတဲ့ အရှိန်ဝအဝါလဲ... မြေကြီးက ဘယ်လောက်မှမရှိတာကို။ ဒါတောင် ဒီလောက် အံသြစရာကောင်းတဲ့ စွမ်းအားပါရှိနေတယ်။ အနက်ရောင်နယ်မြေတွေမှ ဒီလိုမြေမှုန့်တွေ အများကြီးရှိတာ စဥ်းစားကြည့်ရင်...." သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏မျက်လုံးတို့ တောက်ပလာသည်။

ရုတ်တရက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏ စကားလုံးများကို သူပြန်တွေးလိုက်မိသည်။

"နဝမတောင်ရဲ့ အင်မိုတယ်တစ်ယောက်။ စုတ်ချက်ရဲ့ အထွတ်အထိပ်။ သတ္တဝါအားလုံးရဲ့ မှော်သင်္ကေတတွေ။ ကောင်းကင်တွေ ပြိုကျခြင်း.... စွမ်းအားကဒီနယ်မြေထဲမှာ ပေါင်းစည်း၊ ပျက်စီးခြင်းအဖြစ် ပြောင်းလဲပြီးတော့ မိစ္ဆာအသက်စွမ်းအားနဲ့ပြည့်ဝနေတယ်။ ဒီနယ်မြေကို.... သမာဓိအပ်နှင်းခြင်းပညာရပ်....ကျင့်ကြံဖို့ အသုံးပြုနိုင်တယ်"

မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်လာသည်။ သမာဓိအပ်နှင်းခြင်းပညာရပ်အတွက် ကျင့်ကြံနည်းမှာ သူ့စိတ်ထဲတွင် တည်ရှိနေပြီးဖြစ်သည်။ ဒဏ်ရာများကုသရာတွင် အာရုံစိုက်ထားရသည့် အတောအတွင်း သူ့မှာ ဉာဏ်အလင်းရအောင် အားထုတ်ဖို့အချိန်မရှိခဲ့သော်လည်း ဤမြေပုံက သူ့ကို အတွေးထဲနစ်မြောသွားစေသည်။

အချိန်များ လျှပ်တပြက်ကုန်ဆုံးသွားသည်။ မကြာမီ လဝက်ကြာခဲ့လေပြီ။ ကြက်တူရွေးနှင့် အသားဂျယ်လီမှာ တစ်နေရာကို ပျောက်ကွယ်သွားကြပြီး ကျင့်ကြံခြင်းဂူတွင် မရှိတော့ပေ။ ရန်သူဟောင်းကြီးနှစ်ယောက်အကြားက အပြန်အလှန်ခနဲ့မှုများတွင် များသောအားဖြင့် အသားဂျယ်လီက ကြက်တူရွေးကို မခံချင်အောင် ရန်စ၏။ သို့ရာတွင် ကြက်တူရွေးက အမြဲတမ်း စကားတစ်လုံးနှစ်လုံးစသာ ပြန်ခွန်းတုံ့ပြန်၍ အသားဂျယ်လီကို တစ်ယောက်တည်း ဆွေ့ဆွေ့ခုန်နေစေသည်။

မန်ဟိုသည် သမာဓိအပ်နှင်းခြင်းပညာရပ်တွင် အာရုံစိုက်ထား၏။ ရံဖန်ရံခါ သူသည် စက္ခုပညာရပ်ကိုသုံး၍ မြေကြီးကိို စစ်ဆေးတတ်သည်။ အကြိမ်တိုင်း ဉာဏ်အလင်းမဟုတ်လျှင် တစ်ခုခုက လိုအပ်နေလေသည်။ သူသည် ၄င်းကို ဆက်လက်လေ့လာနေစဥ် တစ်ခါတလေ ကျီဟုန်တုန်၏သိုလှောင်အိတ်ကို ထုတ်ကြည့်တတ်သည်။ မှော်ချိတ်တံဆိပ်မှာ ရှိနေသေးသော်လည်း အားနည်းလာနေသည်။ ၄င်းအား ချိုးဖျက်ရန် အကြိမ်ရေအနည်းငယ်ကြိုးစားပြီးနောက် အိတ်ကိုဖွင့်နိုင်ရန် သိပ်ကြာတော့မည် မဟုတ်ကြောင်း မန်ဟိုခံစားလိုက်ရသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးလာ၏။ သူသည် လေ့လာမှုများအပြင် တွေးတောရင်းလည်း အချိန်ကုန်ဆုံးသည်။ သူ့ဆရာပေးထားသော ဆန်းကြယ်ဆေးလုံးကို သူမစားရသေးပေ။ ၄င်းက သက်တမ်းတိုးပေးနိုင်သော်လည်း ပို၍အရေးကြီးသည်က ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်ရန် အသုံးပြုဖို့ ဖြစ်သည်။

သူ့အနေဖြင့် တစ်သက်တွင် သုံးကြိမ်သာ စားသုံးနိုင်သည့်အတွက် ထိုအခွင့်အရေးများကို အလဟဿမဖြစ်စေလိုပေ။

ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးအတွက်မူ ၄င်းလည်း သက်တမ်းအား ဆွဲဆန့်ပေးနိုင်သော်လည်း သူ့တွင် တစ်လုံးသာရှိသည်။ လောလောဆယ်တွင် ပွားရန် ဝိညာဥ်ကျောက်တုံးမရှိသဖြင့် တခဏတွေးပြီးနောက်တွင် ၄င်းကို ပြန်ချိတ်ပိတ်လိုက်သည်။ ယခု သူ့မှာ အရှင်းသက်သာနေပြီဖြစ်သည်။ သက်တမ်းမှာတော့ အလွန့်အလွန်တိုတောင်းသွားသော်လည်း ၄င်းက အရေးပေါ်အခြေအနေမဟုတ်ပေ။

သူ အစိုးရိမ်ဆုံးမှာ ပြီးပြည့်စုံသောရွှေအမြုနှင့်အတူလာမည့် ပြစ်ဒဏ်မိုးကြိုးပင်။ ယုခုအချိန်တွင် အပင်တစ်ပင်မှအပ ပြီးပြည့်စုံသော အမြုတေဆေးလုံးကို ဖော်စပ်ရန် လိုအပ်သည့် ဆေးလုံးအကုန်စုံနေလေပြီ။

သူလိုအပ်သည့်အပင်မှာ အလွန်ရှားပါးနေသည့်အရာမဟုတ်ပေ။ အနက်ရောင်နယ်မြေများတွင်ပင် တစ်ပင်လောက် ရှာဖွေနိုင်လောက်သည်။

သို့သော် ပြစ်ဒဏ်မိုးကြိုးကိစ္စအတွက် အသားဂျယ်လီအပြင် မည်သို့ရင်ဆိုင်ရမည်လဲ မန်ဟို စဥ်းစားမရသေးပေ။

တစ်ရက်တွင် ကောင်းကင်မြေကြီးနှင့်ပတ်သက်၍ ဉာဏ်အလင်းရပြီးနောက် မန်ဟို့စိတ်သည် ရုတ်တရက် တုန်ရီသွား၏။ သူက ကျင့်ကြံခြင်းဂူမှ ကီလိုမီငါးဆယ်ခန့်အကွာသို့ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုနေရာတွင် ကောက်ကျစ်စဥ်းလဲသောအသွင်ရှိသည့် ချီအခြေတည်အဆင့်ကျင့်ကြံသူများကို သူရှိရာသို့ သတိထား၍ ခေါ်လာနေသော ဟွမ်ဒရှန်းကို မြင်လိုက်သည်။

"စီနီယာတို့" သူက ခပ်တိုးတိုးပြောသည်။ "ဟိုးအရှေ့မှာ၊ အဲ့ဒီလူနေနေတဲ့နေရာကို မြင်လား" သူ့နှာခေါင်းမှာ သွေးထွက်နေပြီး မျက်နှာက ဖူးရောင်နေရာ သွားတချို့ပင်ကျွတ်နေဟန်တူသည်။ သူ့အမူအရာမှာ အလွန်စိတ်ဓာတ်ကျနေဟန်ပင်။

"သောက်ပါးစပ်ပိတ်" ချီအခြေတည်အဆင့်ကျင့်ကြံသူလေးယောက်အနက် တစ်ယောက်က အေးစက်စက်နှာမှုတ်၍ ပြောသည်။ "ရှေ့ကဆက်သွားစမ်း"

"ဒီလူ့မှာ မင်းပြောသလို သဘာဝလွန်စွမ်းရည်တွေရှိနေတာလား ငါကိုယ်တိုင်ကြည့်ချင်တယ်" နောက်တစ်ယောက်က ပြောသည်။ "ပြီးတော့ အဲ့ဒီဆေးလုံးတွေဆိုတာရော"

ကျင့်ကြံသူလေးယောက်၏ မျက်လုံးများမှာ လောဘများဖြင့် တလက်လက်တောက်ပနေ၏။ လေးယောက်ထဲတွင် တစ်ယောက်သည် အံဖွယ်ကောင်းစွာ ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့်ဖြစ်သည်။ သုံးယောက်မှာ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ဖြစ်၏။ ဤလေးယောက်သည် သံမဏိလက်သီးများဖြင့် နယ်မြေတစ်ခွင် စိုးမိိုးထားပြီး အတော်လေးကျော်ကြားလေသည်။ သူတို့၏ခန္ဓာကိုယ်များသည် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အရုပ်များနှင့်ဆင်သော်လည်း တစ်ထပ်တည်းမဟုတ်သည့် ဆေးမင်ကြောင်အရုပ်များဖြင့် ပြည့်နေသည်။

သူတို့လေးယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် တီးတိုးပြောကြသည်။

"ငါတို့ သတိထားဖို့လိုတယ်။ ဒီလောက်ဆေးလုံးအများကြီးနဲ့ဆိုရင် သူက သာမန်လူတော့ မဟုတ်တန်ဘူး။ သူသေရင် သိုလှောင်အိတ်မပျက်စီးစေနဲ့၊ မဟုတ်ရင် ဒီခရီးက အလကားဖြစ်လိမ့်မယ်"

"မှန်တယ်။ ငါတို့အားလုံး တစ်ပြိုင်တည်းတိုက်ပြီး သူ့ကိုရှင်းပစ်မယ်။ အဲ့မတိုင်ခင်သူ့သိုလှောင်အိတ်ကို သူ့ဘာသာသူ မဖျက်စီးစေနဲ့"

ဟွမ်ဒရှန်းမှာ ဒေါသထွက်နေပုံရသော်လည်း သူတို့နှင့်ခေါင်းညိတ်သဘောတူရုံမှတစ်ပါး ဘာမှမပြောရဲပေ။

မန်ဟို စိတ်ဝိညာဥ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ ဟွမ်ဒရှန်းမှာ သူ၏စိတ်ဝိညာဥ််််အာရုံဖြင့် ခတ်နှိပ်ခံထားရသည့်အတွက် ဆေးလုံးကြောင့် ဆိုက်ရောက်လာသော ကပ်ဘေးအပါအဝင် သူ၏လှုပ်ရှားမှုအားလုံးနှင့် သူမည်သို့ဖမ်းခံခဲ့ရသည်လဲ မန်ဟိုသိသည်။

စိတ်ရှိလျှင် သူတို့အားလုံးကို မန်ဟိုရှင်းပစ်နိုင်သည်။ သို့သော် ကောင်းကင်မြေကြီးအကြောင်း တွေးပြီးနောက် စိတ်ပြောင်းသွားပြီး ဟွမ်ဒရှန်းကို သူတို့အား ခေါ်ဆောင်လာစေလိုက်သည်။

"ငါ ကောင်းကင်မြေကြီးလုံလုံလောက်လောက်လိုတယ်။ များလေ ကောင်းလေပဲ။ အဲ့ဒါက ဉာဏ်အလင်းအပြည့်အဝရဖို့ ငါ့ရဲ့စွမ်းရည်ကို တိုးစေလိမ့်မယ်" မန်ဟို၏မျက်လုံးများ ပြန်ပိတ်သွားသည်။

***

All Chapters