← Chapters

အပိုင်း (၃၅၈)

Vol. 24 Ch. 358

အပိုင်း (၃၅၈)

Vol. 24 Ch. 358

ရှစ်ဖုန့်က မြွေလူသားမျိုးနွယ်ဝင်ငါးယောက်

၏ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။

“မင်းတို့တွေအရမ်းကြီး  ရန်လိုနေဖို့မလိုဘူး.. ဒီသခင်လေးက ဒီနေရာကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့

ရောက်လာတာမဟုတ်ဖူး..အကယ်၍ လုပ်ခဲ့မယ်ဆိုရင်တောင် မင်းတို့တွေတားဆီးနိုင်မှာမဟုတ်ဖူး…”

ရှစ်ဖုန့်၏လေသံက  မာနကြီးပြီး ဘဝင်ကိုင်သည့်ပုံစံဖြစ်ပေါ်နေသည်။

သို့သော် ရှစ်ဖုန့်ပြောသည်ကားအမှန်ပင်ဖြစ်သည်။ မြွေလူသားမျိုးနွယ်ဝင် ငါးယောက်ထဲတွင် အမြင့်ဆုံးသောကျင့်ကြံမှုနယ်

ပယ်အဆင့်ရှိသူက ကြယ်တစ်ပွင့် ဘုရင်နယ်ပယ် မြွေလူသားအမျိုးသမီးပင်ဖြစ်သည်။

အခြားသော အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ  စိတ်ဝိညာဉ်နယ်ပယ်အဆင့်များဖြစ်ကြသည်။  ရှစ်ဖုန့်အနေဖြင့် ၎င်းတို့အား လက်လေးတစ်ချက်လှုပ်ရုံဖြင့်ပင် သတ်ပစ်နိုင်သည်ဖြစ်သည်။

“ဇီယာက ဒီသခင်လေးရဲ့ မိတ်ဆွေဖြစ်တယ်..ဒီသခင်လေးကို

ဇီယာဆီကို အရင်ဆုံးခေါ်သွားပေး”

ရှစ်ဖုန့်က  ထပ်မံ၍ ပြောလိုက်သည်။

“မင်းသမီး ဇီယာလား… လူသား…

နင်ကဘာလို့  မင်းသမီးဇီယာကို တွေ့ချင်ရတာလဲ”

အဝါရောင်မြွေမြှီးအားပိုင်ဆိုင်ထားသော  ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်ဖြစ်သူ  မြွေလူသားအမျိုးသမီးက  ရှစ်ဖုန့်အား  ရန်လိုသောမျက်နှာထားဖြင့်  အော်ပြောလိုက်သည်။

သူမသည်သာမကဘဲ ကျန် မြွေလူသားမျိုးနွယ်ဝင်လေး

ယောက်တို့ကလည်း ရှစ်ဖုန့်အား ရန်လိုစွာကြည့်လိုက်ကြသည်။လူသားမျိုးနွယ်ဆိုသည်မှာ ကောက်ကျစ်စဉ်းလဲ   စက်ဆုပ်ဖွယ်ကောင်းပြီး  ကြမ်းကြုတ်ရက်စက်သောသူများဖြစ်ကြသည်။ ယင်းမှာ မြွေလူသားများ၏  နှလုံးသားထဲတွင် နက်ရှိုင်းစွာအရိုးစွဲနေသောအရာဖြစ်သည်။

လူသားမျိုးနွယ်များကိုအသာထား မြွေလူသားမျိုးနွယ်မဟုတ်သော သူများသည်လည်း မကောင်းသော ရည်ရွယ်ချက်များရှိကြသည်ဖြစ်သည်။

“ဇီယာက ဒီသခင်လေးရဲ့ မိတ်ဆွေလို့ မင်းတို့ကို ဒီသခင်လေး ပြောခဲ့တယ်….ဒီသခင်လေးက တစ်နေ့ကြ မြွေလူသားနယ်မြေကို လာလည်မယ်လို့ သူမကိုကတိပေးခဲ့အတွက်  သေချာပေါက်သူမကိုတွေ့ဖို့လာကိုလာမှာပဲ.. ဇီယာအတွက်ကြောင့်မို့  ဒီသခင်လေး မြွေလူသား တွေနဲ့ရန်သူတွေမဖြစ်ချင်ဘူး…

ဒီလိုဆိုရင်ရော …မင်းတို့တွေ တစ်ယောက်ယောက်ကို ဇီယာဆီကို သတင်းပို့ခိုင်းလိုက်….ဒီသခင်လေး ရှစ်ဖုန့် ရောက်နေတယ်လို့”

ရှစ်ဖုန်ု့ကပြောလိုက်သည်။

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင်   မြွေလူသား ငါးယောက်တို့မှာ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်

လိုက်ကြသည်။  ထို့နောက်   ဘုရင်နယ်ပယ်အမျိုးသမီးဖြစ်သူက သူတို့ထဲက တစ်ဦးအားတီးတိုးပြောလိုက်သည်။

“ကျိုးလုံ နတ်ဆရာကိုသတင်သွားပို့   လူသား အထီးကောင်ဖြစ်တဲ့ရှစ်ဖုန့်က မင်းသမီးဇီယာကိုတွေ့ချင်နေတယ်တဲ့လို့”

“ဟုတ်ကဲ့”

ခံ့ညားသော မြွေလူသားထီးက ပြန်ဖြေလိုက်သည်။ထို့နောက်သူ၏ မြွေမြှီးအားလှုပ်ရှားလိုက်ပြီး  ဧရာမ အတောင်ပံပါ သဲကင်းမြှီးကောက်ကြီးပေါ်မှ ခုန်ဆင်းသွားသည်။ မြေပေါ်သို့ဆင်းသက်ပြီးပြီးချင်း သူက မြွေလူသားများ၏ ခန္ဓာကိုယ်ရွေ့လျားမှုပညာရပ်အားသုံးပြုကာ  လျှင်မြန်စွာဖြင့်  အမြင့်မားဆုံးနှင့် အခမ်းနားဆုံးသော  ကျောက်တုံးအဆောက်အဦးများရှိရာ  ကျောက်တုံးမြို့လေး၏ အလယ်ဗဟိုသို့ ပြေးသွား လိုက်သည်။

“ဒီသခင်လေးက ဇီယာနဲ့တွေ့ချင်တာကို ဇီယာကိုသတင်းပို့ရမဲ့အစား ဘာလို့မင်းတို့ နတ်ဆရာကို သတင်းပို့တာလဲ”

မြွေလူသားအမျိုးသမီး၏အသံက အရမ်းကိုတိုးသော်လည်း ရှစ်ဖုန့်အနေဖြင့် ၎င်းအား အလိုအလျောက်ပင် ရှင်းလင်းစွာကြားနိုင်စွမ်းရှိသည်ဖြစ်သည်။ ထို့ကြောင့်လည်းသူက ပါးစပ်ကိုဖွင့်ဟ၍ ဤမြွေလူသားများအားစစ်မေးလိုက်သည်။

“ဒါက မြွေလူသားတွေရဲ့ စည်းမျဉ်းပဲ”

မြွေလူသားခေါင်းဆောင်အမျိုးသမီးက အေးစက်စွာအော်ပြောလိုက်သည်။

“လူသား  ငါတို့မြွေလူသားမျိုးနွယ်က နင်တို့လူသား မျိုးနွယ်ရဲ့ စည်းမျဉ်းတွေကိုလိုက််နာရမှာလား”

“ဟမ့်”

မြွေလူသား အမျိုးသမီးဖြစ်သူ၏ စ အေးစက်သာ အော်ပြောသံအားကြားလိုက်

ရသောအခါတွင်  ရှစ်ဖုန့်က အေးစက်စွာနှာမှုတ်လိုက်သည်။  သူ့အနေဖြင့် မြွေလူသားမျိုးနွယ်အားလုံလောက်သော လေးစားမှုကိုပြသခဲ့ပြီးဖြစ်သည်။  အကယ်၍ဇီယာကြောင့်သာမဟုတ်ခဲ့လျှင် သူ့အနေဖြင့် မြို့အပြင်ဘက်လေထဲ၌ ရပ်နေခဲ့လိမ့်မည်မဟုတ်ပေ။သူ့အနေဖြင့်  မြို့အလယ်ဗဟုသို့ တိုက်ရိုက်ပင် ဆင်းသက်လိမ့်မည်ဖြစ်သည်။

မြွေလူသားနယ်မြေရှိ မြို့ငယ်လေး၏ အလယ်ဗဟိုတွင်  ဆန်းကြယ်သော သလင်းနက်ကျောက်တို့ဖြင့်ပြုလုပ်ထားသော အမြင့်မားဆုံးအဆောက်အဦးတစ်ခုရှိသည်။  ဤအဆောက်အဦးမှာ ရှေးဦးအချိန်ကာလကတည်းက မြွေလူသားမျိုးနွယ်၏   ယဇ်ပူဇော်ရာခန်းမတစ်ခုဖြစ်သည်။

ယဇ်ပူဇော်ရာခန်းမအတွင်းတွင်   အလင်းရောင်က မှုန်မှိုင်းနေသည်ဖြစ်သည်။

လက်သီးဆုပ်အရွယ်ခရမ်းရောင်မီးလုံးများက  ခန်းမအတွင်းလွင့်မျောနေပြီး  မှိန်ဖျော့ဖျော့ နှင့်ထူးဆန်းသော မှုန်ဝါးသည့် ခရမ်းရောင်အလင်းကိုထုတ်လွှတ်နေသည်။

ခန်းမ၏ အလယ်ဗဟိုတွင်   ဧရာမဆဋ္ဌဂံ ရှေးဟောင်း အမှောင်အစီအရင်တစ်ခုတည်ရှိသည်။

အစီအရင်အပြင်ဘက်တွင်အနက်ရောင်စက်ဝိုင်းတစ်ခုရှိပြီး ၎င်းက ထောင့်ခြောက်ထောင့်နှင့် ချိတ်ဆက်ထားသည်။

ဤရှေးဟောင်းအစီအရင်အားကြယ်ခြောက်ပွင့် အမှောင်အစီအရင်ဟုခေါ်သည်။ ၎င်းတွင် သိပ်သည်းပြီး ထူးဆန်းသာ အင်းစာလုံးများ ထွင်းထုထားသည်။  ရှေးဟောင်းအစီအရင်နှင့်အတူတကွ

၎င်းက မှုန်မှိုင်းသောအလင်းကိုထုတ်

လွှတ််နေသည်။ အလင်းရောင်က ဇီယာ၏ ကျစ်လစ်သေးသွယ်လှပသောခန္ဓာကိုယ်၏ ဆွွဲ ယူမှုကို ခံရပုံရသည်။ ၎င်းက အလယ်ဗဟိုတွင် မီးခိုးငွေ့များကဲ့သို့လွင့်မျောနေပြီး  ဇီယာခန္ဓာကိုယ်၏ စုပ်ယူမှုကိုခံနေရသည်။

ရှေးဟောင်းအစီအရင်၏ အလယ်ဗဟိုထဲတွင်  အသက် ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်သာရှိသေးသော ကျစ်လစ်သေးသွယ်သော ပုံရိပ်လေးတစ်ခုကထိုင်နေသည်။ သူမ၏မျက်လုံးတို့က အနည်းငယ်ပိတ်နေပြီး သူ၏မျက်နှာကငယ်ရွယ်သော်လည်း ညှို့ဓာတ်အပြည့်ဖြင့်ဖြစ်သည်။သူမတွင် ရမ္မက်ကိုနိုးကြွစေလောက်သော

ခန္ဓာကိုယ်တစ်ခုနှင့် ရှည်လျားသောခရမ်းရောင်မြွေမြှီးတစ်ခုရှိသည်။  ၎င်းမှာရှစ်ဖုန့်တွေ့ချင်နေသော မြွေလူသားမျိုးနွယ်၏ မင်းသမီးဖြစ်သူ ဇီယာပင်ဖြစ်သည်။

ဤအချိန်တွင် ယဇ်ပူဇော်ခန်းမအတွင်းရှိ ကြယ်ခြောက်ပွင့် အမှောင်အစီအရင်၏ အပြင်ဘက်၌   များပြားလှသော မြွေလူသား ယောက်ျားနှင့်မိန်းမများက ရပ်နေကြပြီး  ရှေးဟောင်းအစီအရင်အတွင်းရှိနေသော ပုံရိပ်ထံသို့ စိုးရိမ်သောမျက်နှာထားတို့ဖြင့် စိုက်ကြည့်နေကြသည်။

“နတ်ဆရာမကြီး.. မင်းသမီးကတကယ်ပဲ အသက်ရှစ်ခု မြွေနတ်ဘုရား ရဲ့စွမ်းအားကို ရှေးဟောင်းအစီအရင်ကနေတစ်ဆင့် နိုးထစေနိုင်စွမ်းရှိနိုင်မှလား”

စွဲမက်ဖွယ်ကောင်းပြီး  ရမ္မက်နိုးကြွစေနိုင်သော တူညီသည့် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့်  သက်လတ်ပိုင်းအရွယ် မြွေလူသားအမျိုးသမီးက  သူမဘေးတွင်ရှိသော  မြွေလူသားအမျိုးသမီးအိုကြီးအား စိုးရိမ်စိတ်အပြည့်ဖြင့်မေးလိုက်သည်။

“အာ..ငါလည်းမသိဘူး”

မြွေလူသားအမျိုးသမီးအိုကြီး၏ မျက်နှာထက်တွင်  အရေးအကြောင်းများဖြင့်ပြည့်နှက်နေသည်။ သူမသည် အသက်ရှင်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်ပြီး သူမက မြွေလူသား မျိုးနွယ်စု၏   နတ်ဆရာမကြီးဖြစ်သည်။   သူမက‌မြွေလူသားမျိုးနွယ်တွင် အသက်အကြီးဆုံးသောပုဂ္ဂိုလ်ဖြစ်ပြီး   မြွေလူသားမျိုးနွယ်စု၏ ဘုရင်မအပြင် အစွမ်းထက်ဆုံးသောသူလည်းဖြစ်သည်။

မြွေလူသားအမျိုးသမီးအိုကြီး၏ လက်အတွင်းအတွင် ခရမ်းရောင်မြွေတောင်ဝှေး

တစ်ချောင်းကိုကိုင်ဆောင်ထားသည်။ သက်လတ်ပိုင်းအရွယ်မြွေလူသားအမျိုးသမီး၏ မေးခွန်းအားကြားပြီးသည့်နောက်တွင်သူမက   သက်ပြင်းချပြီးခေါင်းခါလိုက်သည်။

ထို့နောက် အမျိုးသမီးအိုကြီးကပြောလိုက်သည်။

“မင်းသမီးဇီယာရဲ့ကိုယ်ထဲမှာ အသက်ရှစ်ခု မြွေနတ်ဘုရားရဲ့ ကိုယ်ပွားတစ်ခုရှိနေတယ်…အဲ့တာက မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့တဲ့ဟာပဲ…အသက်ရှစ်ခုမြွေနတ်ဘုရားရဲ့ကိုယ်ကမြွေလူသားမျိုးနွယ်စုအတွက် အရမ်းပဲ အရေးကြီးတယ်”

“ရှေးအချိန်ကာလကတည်းက  အသက်ရှစ်ခု မြွေနတ်ဘုရားက ကိုယ်ပွားခုနှစ်ခုခွဲထွက်သွား

တယ်လို့ပြောကြတယ်… အကယ်၍ ကိုယ်ပွားခုနှစ်ခုလုံးကိုသာ စုစည်းနိုင်ခဲ့ရင်  အသက်ရှစ်ခုမြွေနတ်ဘုရားက ကမ္ဘာကြီးကိုပြန်လည်ရောက်ရှိလာပြီး  ရှေးအချိန်ကာ လက  မြွေလူသားမျိုးနွယ်စုရဲ့ဘုန်းကျတ်သရေကို ဦးဆောင်ပြန်လည်ရယူပေးလိမ့်မယ်တဲ့…

ဒါကြောင့်ငါတို့တွေအနေနဲ့ မင်းသမီးဇီယာကို အမှောင်နတ်သူငယ်တွေဆီကို  လွှဲပေးလို့မရနိုင်ဘူး”

စကားပြောနေရင်း အမျိုးသမီးအိုကြီး၏ မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားမှုများဖြင့်ပြည့်နှက်နေသည်။

“အခု ကြယ်ခြောက်ပွင့်အမှောင် အစီအရင်ကို အသုံးပြုပြီး  ဇီယာရဲကိုယ်အတွင်းက ကျိလီ(အသက်ရှစ်ခု)မြွေနတ်ဘုရားရဲ့  ခန္ဓာကိုယ်ကို နိုးထစေခြင်းတစ်ခုတည်းကသာ  အမှောင်နတ်သူငယ်တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် စွမ်းအားကို ငါတို့မှာ ရှိလာနိုင်မယ်”

“ဟူး”

အမျိုးသမီးအိုကြီး၏ စကားတို့အားကြားရပြီးသည့်နောက်တွင်  သက်လတ်ပိုင်းအရွယ်မြွေလူသားအမျိုးသမီးဖြစ်သူက သက်ပြင်းချပြီးပြောလိုက်သည်။

“လွန်ခဲ့တဲ့ငါးနှစ်လောက်ကသာ ဘုရင်မ ဇီရှာလီ ပျောက်ကွယ်မသွားခဲ့ရင်  ကျွန်မတို့မြွေလူသားမျိုးနွယ်စုအနေနဲ့ အမှောင်နတ်သူငယ်တွေကို

ကြောက်နေစရာလိုမှာ မဟုတ်ဖူး”

“အရှင်..အရှင်..နယ်မြေအပြင်ဘက်မှာ ရှစ်ဖုန့်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်က မင်းသမီးဇီယာကိုတွေ့ဖို့မေးနေပါတယ်”

ဤအချိန်တွင်လက်ထဲ၌လှံတစ်ချောင်းကိုကိုင်ဆောင်ထားသော မြွေလူသား

ထီးတစ်ယောက်က  ယဇ်ပူဇော်ခန်းမအတွင်းသို့ရောက်ရှိလာပြီး သတင်းပို့လိုက်သည်။

“အရှင်..အရှင်..နယ်မြေအပြင်ဘက်မှာ ရှစ်ဖုန့်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်က မင်းသမီးဇီယာကိုတွေ့ဖို့မေးနေပါတယ်”

“ရှစ်ဖုန့်ဟုတ်လား”

“ရှစ်ဖုန့်”

“ရှစ်ဖုန့်”

ယဇ်ပူဇော်ခန်းမအတွင်းတွင်လက်ရှိရှိနေကြသောသူများအားလုံးမှာ  မြွေလူသားမျိုးနွယ်စု၏ အရေးကြီးသောပုံရိပ်များဖြစ်ကြသည်။ လွန်ခဲ့သောအချိန်အချို့က အရူးနတ်ဆိုးရှစ်ဖုန့်က လူသားမျိုးနွယ်တွင်ပေါ်လာခဲ့ပြီး   လူများစွာကိုသတ်ပစ်ခဲ့သည်။  ထိုသတင်းများက မြွေလူသားမျိုးနွယ်စုထံသို့လည်းပျံ့နှံ့ရောက်ရှိပြီးဖြစ်သည်။  ဤအချိန်၌ ရှစ်ဖုန့် ဟူသောနမည်အား သူတို့ကြားလိုက်ရသောအခါတွင်  သူတို့အားလုံး တုန်လှုပ်အံ့အားသင့်သွားကြပြီး

အလန့်တကြား ဖြစ်သွားကြသည်။

“သူပဲ”

လူအုပ်ကြားထဲတွင်  ဆွဲဆောင်မှုရှိသော ခရမ်းရောင်အမြှီးနှင့် မိန်းကလေးတစ်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။ ဤမိန်းကလေးမှာ ဇီယာ၏ အမဖြစ်သူ ဇီလင်းပင်ဖြစ်သည်။

ချက်ချင်းပဲ ဇီလင်းက သူမ၏ ခရမ်းရောင်အမြှီးကို လှုပ်ရှားလိုက်ပြီး  နတ်ဆရာကြီးထံသို့လျှောက်သွားလိုက်သည်။ သူမကပြောလိုက်သည်။

“နတ်ဆရာမကြီး အဲ့ရှစ်ဖုန့်က  ကျွန်မတို့ကြားဖူးတဲ့အရူးနတ်ဆိုးရှစ်ဖုန့်မဟုတ်ပါဘူး.. ကျွန်မရဲ့စတုတ္ထညီမလေးပျောက်သွားတာကို  နတ်ဆရာမကြီးတို့ မှတ်မိပါသေးလား…  အဲ့အချိန်တုံးက ကျွန်မရဲ့ စတုတ္ထညီမလေးနဲ့ အရဲ့ရှစ်ဖုန့်ဆိုတဲ့နမည်နဲ့လူငယ်လေးတို့က သဲကန္တရာထဲမှာ အတူတူပျောက်ဆုံးသွားခဲ့ကြတာပါ”

“အိုး”

ဇီလင်း၏ စကားတို့အား နားထောင်ပြီးသည့်နောက်တွင် သူတို့အားလုံးခေါင်းညိမ့်လိုက်ကြပြီး ပြောလိုက်သည်။

“လူတူမရှားနမည်တူမရှားဆိုတာရှိတာပဲ..

လူသားမျိုးနွယ်ရဲ့အရူးနတ်ဆိုးရှစ်ဖုန့်က မြွေလူသားမျိုးနွယ်ဆီကို လာတယ်လို့ထင်သွားခဲ့တာ”

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters