← Chapters

အပိုင်း(၃၅၉)

Vol. 24 Ch. 359

အပိုင်း(၃၅၉)

Vol. 24 Ch. 359

“အရူးနတ်ဆိုးရှစ်ဖုန့်က ဒဏ္ဍာရီလာ ကြယ်လေးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ကို သတ်ပစ်ခဲ့တယ်..အကယ်၍ သူသာ ငါတို့ရဲ့မြွေလူသားနယ်

မြေဆီကိုလာခဲ့မယ်ဆိုရင်   တစ်ယော်မှသူ့ကို တားဆီးနိုင်စွမ်းရှိမှာမဟုတ်ဘူး”

“သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ”

နတ်ဆရာမကြီးက သူ့အားသတင်းလာပို့သော မြွေလူသားထီးအားမေးလိုက်သည်။

အကယ်၍ ၎င်းကသာ တူညီသောလူတစ်ယောက်တည်းသာဆိုလျှင် အရူးနတ်ဆိုးရှစ်ဖုန့်က ထိုလောက်အသက်ကြီးလိမ့်မည်မဟုတ်ပေ။

အကယ်၍ ၎င်းက တူညီသောလူတစ်ယောက်တည်းဖြစ်နေပြီး သူကမင်းသမီးဇီယာနှင့်ရင်း

နှီးသောဆက်ဆံရေးအချို့ရှိနေခဲ့လျှင် ကြယ်လေးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်အား သတ်ပစ်ခဲ့သူတစ်ယောက်က အဘယ်ကြောင့်များ  အမှောင်နတ်သူငယ်များအား

ကြောက်နေပါမည်နည်း။

“ကျွန်တော်သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကို ဖြတ်မမြင်နိုင်ပါဘူး”

မြွေလူသားထီးက အမှန်အတိုင်းပင်ပြောလိုက်သည်။ မြွေလူသားထီးက ရိုးသွားစွာပြောခြင်းပင်ဖြစ်သည်။

ထို့နောက်သူကဆက်ပြောသည်။

“ဒါပေမဲ့သူကပျံသန်းနိုင်တာကြောင့် သူ့ရဲ့ကျင့်ကြံမှုအဆင့်က အနည်းဆုံးတော့ အင်ပါယာနယ်ပယ်မှာရှိလိမ့်မယ်”

“အိုး”

မြွေလူသားထီး၏စကားတို့အား

ကြားပြီးသည့်နောက်တွင်   နတ်ဆရာမအိုကြီး၏ မျက်နှာထက်၌ မျှော်လင့်ချက်တို့ဖြင့်ပြည့်နှက်သွားသည်။

ဤအချိန်တွင် ဇီလင်းကလည်း  နတ်ဆရာမကြီး၏ စိတ်အားဖတ်နိုင်ပုံရသည်။သူမက နတ်ဆရာမကြီးအားပြောလိုက်သည်။

“နတ်ဆရာမကြီး ကျွန်မတို့

အဲ့လူငယ်လေးကို  သဲကန္တာရထဲမှာတွေ့တုံးကသူက ဘုရင်နယ်ပယ်မှာပဲရှိသေးတာ…

လောလောဆယ်မှာသူက အင်ပါယာနယ်ပယ်လောက်ပဲ

ရောက်လိမ့်အုံးမယ်..စတုတ္ထညီမလေးက ကျိလီမြွေခန္ဓာကို ဆီးလ်ကနေလွှတ်လိုက်တုံးက သူမက အဲ့ရှစ်ဖုန့်နမည်နဲ့လူငယ်လေးကို သတ်မိလုနီးပါးတောင်ဖြစ်ခဲ့တယ်”

“အိုး..ဘုရင်နယ်ပယ်လား”

နတ်ဆရာမကြီးက ပြန်တုံ့ပြန်လိုက်သည်။  သူ၏မျှော်လင့်ချက်များဖြင့်မျက်နှာထားက   စိတ်ပျက်မှုတို့အစားထိုးဝင်သွားသည်။ ဇီယာပျောက်သွားခဲ့ခြင်းက လအနည်းငယ်သာကြာသေးသည်ဖြစ်သည်။

ဤအချိန်၌ သူမည်မျှပင်ပါရမီရှိနေပါစေ ဘုရင်နယ်ပယ်တစ်ယောက် က ကြယ်လေးပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်အား သတ်ရန်မှာ မဖြစ်နိုင်ပေ။

“သူ့ကိုသွားခွင့်ပြုပေးလိုက်ပါ”

နတ်ဆရာမကြီးက မြွေလူသားထီးအားပြောလိုက်သည်။

“သူ့ကိုပြောလိုက်ပါ..ဇီယာက တစ်သီးတစ်ခြားနေနေတာမို့ သူ့ကို မတွေ့နိုင်ဘူးလို့”

“ဟုတ်ကဲ့”

မြွေလူသားထီးက  ဦးညွှတ်လိုက်ပြီး တုံ့ပြန်လိုက်သည်။ ထို့နောက်သူက လှည့်လိုက်ပြီး  ယဇ်ပူဇော်ခန်းမအတွင်းမှာ ၎င်း၏အမြှီအားယမ်း၍ ထွက်ခွာသွားသည်။

“ဟူး”

ဖြည်းဖြည်းချင်းထွက်ခွာသွား

သောမြွေလူသားထီး၏ပုံရိပ်အားကြည့်ကာ ဇီလင်းက သက်ပြင်းချလိုက်ပြီး အသံတိုးဖြင့်တီးတိုးရေရွတ်လိုက်သည်။

“အကယ်၍ စတုတ္ထညီမလေးသာ အဲ့ပုဂ္ဂိုလ်သူ့ကိုလာရှာတာကိုသိရင် သေချာပေါက်အရမ်းကိုပျော်မှာ ..ဟူး…”

ဇီလင်း၏စိတ်ထဲတွင် ခေါင်မိုးထက်၌ လက်မောင်းအတွင်းခရမ်းရောင်ဓား

အားပိုက်ကာထိုင်နေခဲ့သော ဇီယာ၏ပုံရိပ်လေးအား

ပြန်မြင်ယောင်မိနေသည်။

“လူသား မင်းသမီးဇီယာကသီးသန့်ကျင့်ကြံမှုလုပ်နေတယ်..မင်းကိုမတွေ့နိုင်ဘူး.ပြန်တော့”

မြွေလူသားထီးက  ကျောက်တုံးမြို့ပြင်ဘက်တွင်ပေါ်လာပြီး ခေါင်းကိုမော့၍ ရှစ်ဖုန့်အားအော်ပြောလိုက်သည်။

“သီးသန့်ကျင့်ကြံတာလား”

အောက်ရှိအသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မျက်မှောင်အနည်း

ငယ်ကြုတ်လိုက်သည်။ သူက မြွေလူသားခေါင်းဆောင်အမျိုးသမီးအားကြည့်လိုက်ပြီးပြောလိုက်သည်။

“ဇီယာက ကျင့်ကြံနေတယ်ဆိုတော့ ဒီသခင်လေးသူ့ကို မနှောက်ယှက်တော့ဘူး.. မြွေလူသားမျိုးနွယ်ထဲက လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံး

သူကိုပြောလိုက်..ဒီသခင်လေးကိုကြိုဆိုဖို့”

“မင်းဘယ်လိုတောင်ရဲတင်းတာလဲကွ”

“ရဲတင်းလိုက်တာ”

ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် သဲကင်းမြှီးကောက် ပေါ်ရှိ မြွေလူသားမျိုးနွယ်လေးယောက်က အလျှင်အမြန်သူ့အားအော်ပြောလိုက်သည်။  မြွေလူသား ခေါင်းဆောင်အမျိုးသမီးက သူမ၏လှံအားရှစ်ဖုန့်ထံထိုးညွှန်ပြီး အော်ပြောလိုက်သည်။

“နင်ကဘယ်သူမို့လဲ.. မြွေလူသားမျိုးနွယ်က အာဏာအရှိဆုံးလူကိုနင့်ကိုထွက်ကြိုဆိုဖို့ဘယ်လိုတောင် တောင်းဆိုရဲတာလဲ..လူသား ..နင်သေချင်နေတာလား”

ထို့နောက်တွင် ကင်းမြှီးကောက်ပေါ်ရှိ အခြားသော အမျိုးသား နှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့က သူတို့လှံများအားရှစ်ဖုန့်ထံသို့ထိုးညွှန်လိုက်သည်။သူတို့၏မျက်နှာထက်တွင် ဒေါသတရားတို့ဖြင့်ပြည့်နှက်နေသည်။

“ဟမ့်”

လှံလေးခုအားရင်ဆိုင်ရင်း ရှစ်ဖုန့်က အထင်သေးစွာဖြင့်  နှာခေါင်း ရှုံ့လိုက်သည်။ဆုတ်ခွာရမည့်အစား သူက သဲကင်းမြှီးကောက်ပေါ်ရှိ မြွေလူသားလေးဦးထံသို့ လေထဲမှနေ၍ လျှောက်လှမ်းသွားလိုက်သည်။

“သတ်”

ရှစ်ဖုန့်က ဆုတ်ခွာမသွားရုံသာမကဘဲ သူတို့ထံသို့ချဉ်းကပ်လာသည်

ကိုတွေ့လိုက်ရသောအခါတွင် ခေါင်းဆောင်ဖြစ်သူ မြွေလူသားအမျိုးသမီးက အလျှင်အမြန်အော်ပြောလိုက်သည်။ သူ၏အထင်သေးသောမျက်နှာက သူမတို့အားလုံးဝဂရုစိုက်ခြင်းမရှိပုံပေါ်နေသည်။

ချက်ချင်းပဲ  မြွေလူသားမျိုးနွယ်စုဝင်လေးယောက်၏ လှံရှည်တို့၌ တောက်ပသော  အဖြူရောင်အလင်း တစ်ခုစွန်းထင်းသွားသည်။  သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးအားအသုံးပြု၍ ရှေ့သို့လျှောက်လှမ်းလာနေသောရှစ်ဖုန့်ထံသို့  ကြမ်းကြုတ်စွာလှံများအား ပစ်သွင်းလိုက်သည်။ ရုတ်ခြည်းဆိုသလို လှံရိပ်များက

တစ်ခုပြီးတစ်ခု ပေါ်လာပြီး  ရှစ်ဖုန့်ထံသို့ မုန်တိုင်းတစ်ခုကဲ့သို့ သိမ်ကျုံးဦးတည်လာသည်။

ရှစ်ဖုန့်က လုံးဝမလှုပ်ရှားခဲ့ပေ။သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“မြွေလူသားမျိုးနွယ်တေွက အရမ်းကိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတာပဲ… မင်းတို့တွေဒီသခင်လေးကို မယှဉ်နိုင်တာကိုသိသားနဲ့ ကိုယ့်ကိုယ်ကိုယ်ဆက်ပြီး အရှက်ခွဲချင်နေသေးတယ်..ဒီမျိုးနွယ်စုက ဒီအခြေအနေထိရောက်အောင် နိမ့်ကျသွားတာကို မအံ့ဩတော့ပါဘူး”

ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။  သူ၏ကိုယ်ကရှေ့သို့ဆက်လက်၍

ချီတက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူက သိပ်သည်းသောလှံရိပ်များ

အတွင်းဝင်သွားသည်။တောက်ပသော

လှံရိပ်လေးခုက  သူ့အားထိုးသွင်းကာနီးတွင်  ရုတ်တရက်ရှစ်ဖုန့်က မျက်လုံးလေးစုံ၏ အကြည့်များအောက်မှ ပျောက်ကွယ်သွားသည်။

လှံလေးခုက ချက်ချင်းလေတဲတွင်ရပ်တန့်သွားသည်။

“ဘာ..ဘာတွေဖြစ်နေတာလဲ..သူဘယ်မှာလဲ”

“သူဘယ်ကိုသွားတာလဲ”

“သူထွက်ပြေးသွားတာလား”

ရှစ်ဖုန့်ရုတ်တရက်ပျောက်ကွယ်

သွားသည်အားတွေ့လိုက်ရသောအခါတွင်  မြွေလူသားလေးယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် တုန်လှုပ်အံ့အားသင့်သော မျက်နှာထားဖြင့်ကြည့်လိုက်ကြသည်။

“သတိထား နောက်မှာ”

ဤအချိန်တွင်အောက်ဘက်ရှိ မြို့ဂိတ်၌ရှိနေသော  မြွေလူသားထီးက  အပေါ်တွင်ရှိနေသောလူများ

အားအော်ပြောလိုက်သည်။

“နောက်မှာလား”

မြွေလူသားထီး၏ စကားလုံးတို့အားကြားလိုက်ရသောအခါတွင် မြွေလူသားလေးယောက်တို့မှာ သူတို့၏ခေါင်းများအားတစ်ခုခြင်း

လှည့်လိုက်ကြသည်။ ဤအချိန်တွင်အနက်ရောင်ပုံရိပ်တစ်ခုက  သူတို့၏နောက်တွင်ပေါ်လာသော်လည်းအရိပ်ကတော့သူတို့နှင့်များစွာဝေးကွာဆဲဖြစ်သည်။

“အား.အား..အား..အား”

ထို့နောက်တွင် သဲကင်းမြှီးကောက်ပေါ်ရှိ မြွေလူသားလေးယောက်ထံမှ နာကျင်စွာအော်ဟစ်သောအသံ

လေးခုထွက်ပေါ်လာသည်။သူတို့၏ရင်ဘက်နှင့်ဝမ်းဗိုက်တို့အား  ဧရာမတူကြီးတစ်လက်ဖြင့်  ပြင်းထန်စွာထုရိုက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ကြရသည်။

သူတို့အနေဖြင့် ရှစ်ဖုန့်၏လှုပ်ရှားမှုကို မမြင်တွေ့ရခြင်း သို့မဟုတ်  သူလှုပ်ရှားလိုက်ချိန်ကိုသူတို့

မသိလိုက်ကြရပေ။ ယင်းက သူပျောက်ကွယ်မသွားခင် သို့မဟုတ်   သူတို့၏နောက်၌ ပြန်ပေါ်လာပြီးသည့်အခါ၌ ဖြစ်နိုင်သည်ဖြစ်သည်။ သို့သော်

နာကျင်များက   ဤလူက တကယ်ကြီးသူတို့အပေါ်၌ လှုပ်ရှားမှုတစ်ခု လုပ်ခဲ့သည်ဟု ပြောနေသည်။

ထို့နောက်တွင် သူတို့၏အောက်တွင်ရှိသော သဲကင်းမြှီးကောက်က ၎င်း၏အတောင်မျာကိုခပ်၍ ပျံသန်းနေခြင်းကိုရပ်တန့်သွား

သည်ကိုတွေ့လိုက်ကြရသည်။  ၎င်း၏ ကြီးမားသောကိုယ်ကြီးက  အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည်။

“အား..အား.အား..အား..အား”

မြွေလူသားလေးယောက်စလုံးသူတို့၏   မျှခြေညီမှုကိုဆုံးရှုံးသွားရသည်။ ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သူ သူတို့၏ ခေါင်းဆောင်ဖြစ်သူမှာ   ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်အဆင့်

သာရှိသည်ဖြစ်သည်။   သူမတွင်လေကိုထိုးခွင်းပျံသန်းနိုင်သောစွမ်းရည်တို့ရှိမနေခဲ့ပေ။   အတောင်ပံနှစ်ခု သဲကင်းမြှီးကောက်ကြီးက ပြုတ်

ကျလာသကဲ့သို့  သူတို့၏ကိုယ်များကလည်း အော်ကသို့တစ်ဟုန်ထိုးပြုတ်ကျလာသည်။

“ဟမ့်”

မြွေလူသားများမြေပြင်ထက်သို့ ပြုတ်ကျနေသည်အားတွေ့

လိုက်ရသောအခါတွင် ရှစ်ဖုန့်က

နော်တစ်ကြိမ် အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။  တောက်ပသောအနီရောင်တစ်ခု

လင်းလက်လာပြီး  တောက်ပသောအနီရောင်ဥက္ကာခဲတစ်ခုကဲ့သို့ အောက်ဘက်မှနေ၍သူ့ဆီသို့ပစ်ဝင်လာသည်။

မြေပြင်ထက်တွင်ရှိနေကြသော မြွေလူသားများကလည်းသူ့အားတိုက်ခိုက်လိုက်ကြသည်။ ကောင်းကင်အား

ထိုးခွင်းလာသော အနီရောင်အလင်းမှာ  ပစ်လွှတ်လိုက်သော လှံဖြစ်သည်။

ရှစ်ဖုန့်၏ လက်ချောင်းက  ဖျက်ခနဲဖြစ်သွားပြီး  လေပြင်းတစ်ခုကသူ၏

လက်ချောင်းထိပ်မှ ရွှတ်ခနဲထွက်လာ၏။၎င်းက

သွေဖယ်ခြင်းသို့မဟုတ်လွဲချော်ခြင်းမရှိဘဲ  အနီရောင်အလင်းကိုထိမှန်သွားသည်။ ရုတ်ခြည်းအပေါ်သို့ထောင်တက်

လာသောအနီရောင်အလင်းမှာ အောက်သို့ချက်ချင်းရွှတ်ခနဲပြန်စိုက်သွားသည်။ အနီရောင်အလင်းသွားရာလမ်း

ကြောင်းမှာအောက်တွင်ရှိနေသော လှံရှည်၏ပိုင်ရှင်ထံသို့ဖြစ်သည်။

“အားအား..အား.အား”

အနီရောင်အလင်းနှင့်လှံက သူ့ထံသို့ပြန်လည်၍ ဦးတည်လာသည်ကိုတွေ့

လိုက်ရသောအခါတွင်

မြွေလူသားအမျိုးသားမှာ အလန့်တကြားအော်ဟစ်ပြီး သူ့ခေါင်းအား သူ့လက်တို့ဖြင့်ကာ၍

ထွက်ပြေးတော့သည်။

“ဘယ်သူလဲကွ..ငါတို့မြွေလူသားနယ်မြေမှာ မင်းကဘယ်လိုတောင်လာ

ပြီးတော့ရဲတင်းစိတ်ကြီးဝင်နေရဲတာလ”

ဤနေရာရှိဆူညံပွက်လောရိုက်မှုများက  အခြားသောမြွေလူသား အားလုံးအား သတိပေးလိုက်သလိုဖြစ်သွားသည်။ စွမ်းအားကြီးမားလှသော

အရှိန်အဝါတစ်ခုက   ကျောက်တုံးမြို့၏ သိပ်မဝေးလှသော နေရာမှနေ၍ ကောင်းကင်ထဲသို့ထိုးတက်လာသည်။ ထို့နောက် တွင် တုတ်ခိုင်သော

ပုံရိပ်တစ်ခုက ကျောက်တုံးမြို့ထံမှ ဖြည်းဖြည်းချင်းမြင့်တက်လာသည်။

“ဆရာ ဝေ့ကောင်း”

“အဲ့တာ ဆရာဝေ့ကောင်းပဲ”

“ဘယ်သူကများ  ငါတို့မြွေလူသားနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရဲတာလဲ..

ဆရာဝေ့ကောင်းကိုတောင် သတိပေးသလိုဖြစ်သွားတယ်ဆိုတော့”

ကျောက်တုံးမြို့ထဲတွင် မြွေအမြှီးများဖြင့် ပုံရိပ်များစွာက ကျောက်တုံးအိမ်များထဲမှထွက်လာသည်။ သူတို့က  အနက်ရောင်ပုံရိပ်နှင့်သိပ်မဝေးလှသောနေရာရှိ  တုတ်ခိုင်သန်မာပြီး ခံ့ညား

သောအသွင်ရှိသည့် ဟင်းလင်းပြင်ထဲရှိ ပုံရိပ်အားကြည့်လိုက်ကြသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters