← Chapters

အပိုင်း(၃၆၀)

Vol. 24 Ch. 360

အပိုင်း(၃၆၀)

Vol. 24 Ch. 360

အစိမ်းရောင်မြွေမြှီးနှင့်  တုတ်ခိုင်သော သက်လတ်ပိုင်းအရွယ် မြွေလူသား က  အရပ်ကတော့သိပ်မြင့်မားခြင်းမရှိပေ။

အကွာအဝေးတစ်ခုအတွင်းရှိ အနက်ရောင်ပုံရိပ်အားသူမြင်တွေ့လိုက်ရသောအခါတွင်  သူ၏ သူငယ်အိမ်တို့က ရုတ်တရက်ကျဉ်းမြောင်းသွားသည်။  သူ့အနေဖြင့် အသက်ဆယ့်ငါး ဆယ့်ခြောက်ဝန်းကျင်ခန့်သာရှိ

သေးပုံရသောဤလူသားမျိုးနွယ်လူငယ်၏ ကျင့်ကြံမှုအဆင့်အား ဖောက်ထွင်းမြင်နိုင်ခြင်းမရှိသည်ကို

သူရုတ်တရက် သဘောပေါက်လိုက်သည်။

“ဆရာဝေ့ကောင်း…ဒီလူသားကို ကျွန်ုပ်တို့ရဲ့ နယ်မြေနေမောင်းထုတ်ပစ်လိုက်ပါ”

“ဟုတ်ပါတယ်..ဆရာ ဝေ့ကောင်း  သူ့ကိုကျွန်ုပ်တို့ရဲ့ ပိုင်နက်ကနေမောင်းထုတ်ပစ်လိုက်ပါ…ကျွန်ုပ်တို့ မြွေလူသားမျိုးနွယ်တွေက လူသားမျိုးနွယ်တွေကြောင့်ကျွန်ုပ်တို့ရဲ့ နယ်မြေ နမည်ပျက်မှာကို ခွင့်မပြုနိုင်ဘူး”

“ဟမ့် ဒီလူသား အထီးက  သူ့ရဲ့ကျင့်ကြံမှုအဆင့်က  အင်ပါယာနယ်ပယ်မှာရှိတာနဲ့ပဲ  အားလုံးကိုအထက်စီးကနေကြည့်လို့ရပြီလို့ထင်နေတယ်… ဆရာဝေ့ကောင်း သူ့ကို  အထက်စီးဆန်တယ်ဆိုတာက ဘာလဲဆိုတာကို သိသွားအောင်ပြလိုက်ပါ”

“လူသား..ငါတို့နယ်မြေထဲကနေထွက်သွားစမ်း”

“ငါတို့ရဲ့နယ်မြေထဲကနေထွက်သွား”

ကျောက်တုံးအိမ်များအတွင်းမှနေ၍

ထွက်လာကြသော မြွေလူသားများက ဟင်းလင်းပြင်ထဲသို့အော်ပြောလိုက်ကြသည်။  သူတို့၏အမြင်တွင်  ဤငယ်ရွယ်သောလူသားက   အသက် ဆယ့်ငါး ဆယ့်ခြောက်သာရှိသေးသည်ဖြစ်သည်။  အကယ်၍သူပျံသန်းနိုင်သည်ဆိုလျှင်  သူ၏ ကျင့်ကြံမှုနယ်ပယ်က  အင်ပါယာနယ်ပယ်အစောပိုင်းနား

လောက်သာရှိဦးမည်ဖြစ်သည်။ ဘယ်လိုလုပ်ပြီးသူက အချိန်ကြာမြင့်စွာနမည်ကြီးနေခဲ့ပြီးဖြစ်သော   အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးအား  ယှဉ်ပြိုင်နိုင်စွမ်းရှိနိုင်ပါမည်နည်း။

သူ၏ရှေ့တွင်ရှိနေသောရှစ်ဖုန့်အား စိုက်ကြည့်ရင်းဝေ့ကောင်း၏မျက်နှာထားက လေးနက်မှုတို့ရှိနေသည်။  ရုတ်တရက် ဝေ့ကောင်းက သဘောပေါက်နားလည်သွား

သောပုံစံတစ်ခုကို လှစ်ဟာပြလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော  ပုံစံတစ်ခုကိုလှစ်ဟာပြလိုက်သည်။ သူက သိပ်မဝေးလှသောနေရာတွင်ရှိနေ

သောရှစ်ဖုန့်အားပြောလိုက်သည်။

“လူသား..မင်းတို့လူသားမျိုးနွယ်မှာ မင်းတို့ရဲ့ပုံပန်းသွင်ပြင်ကိုပြောင်းလဲပြီး ကျင့်ကြံခြင်းကိုဖုံးကွယ်တဲ့ လျှို့ဝှက်ပညာရပ်တွေ အမျိုးအစားများစွာရှိတယ်လို့

ငါကြားထားတယ်…မင်းအနေနဲ့ မင်းရဲ့ကျင့်ကြံမှုကိုငါဖောက်မမြင်နိုင်အောင်  လျှို့ဝှက်ပညာရပ်အချို့ကို အသုံးပြုထားတာပဲဖြစ်ရမယ်”

ဝေ့ကောင်းသည်လည်း အခြားသောမြွေလူသားများနှင့်

အတွေးတူသည်ဖြစ်သည်။ ဤကဲ့သို့ငယ်ရွယ်သောလူသားတစ်ယောက်က  အကယ်၍သူ့၌ ကောင်းကင်ဘုံအားဆန့်ကျင်သောပါရမီစွမ်းရည်တို့ရှိနေသည််ဆိုလျှင်တောင်

သူ့အနြေဖြင့်  အင်ပါယာနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာရှိ

နေလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က ကြယ်သုံးပွင့်  အင်ပါယာနယ်ပယ်အဆင့်သာ

ရှိသောဝေ့ကောင်းအားရင်ဆိုင်၍  အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ဒီသခင်လေးလမ်းကဖယ်စမ်း… မင်းကငါနဲ့ပြိုင်ဖို့မထိုက်တန်ဘူး… မင်းကိုမင်းအရှက်ခွဲမနေနဲ့”

“ဟမ့်”

ဝေ့ကောင်းက အေးစက်စွာနှာမှုတ်လိုက်ပြီးပြောလိုက်သည်။

“ဒါက လူသားမျိုးနွယ်တွေ အမြဲသုံးနေကျ  စက်ဆုပ်စရာလှည့်ကွက်မလား.. မင်းအနေနဲ့ မင်းရဲ့ကျင့်ကြံမှုကိုဖုံးကွယ် အဲ့စကားတွေကိုပြောပြီးတော့ ငါ့ကို ခြောက်လှန့်လို့ရတယ်လို့တွေးနေတယ်လို့လာမပြောနဲ့…လူသားမင်းက အရမ်း နုံတာပဲ ဟားဟား”

ဤအချိန်တွင်   မြွေလူသားနယ်မြေတစ်ခုလုံးအား သတိပေးလိုက်သလိုဖြစ်သွားသည်သာမကဘဲ အလယ်ဗဟိုတွင်ရှိနေသော ယဇ်ပူဇော်ခန်းမအတွင်းမှ လူအုပ်စုတစ်ခုကလည်း လျှောက်လှမ်းထွက်လာသည်။ လူအုပ်စုလိုက်ခြံရံ၍ နတ်ဆရာမကြီးက ခရမ်းရောင်မြွေမြှီးကိုလွှဲယမ်းကာရှေ့ဆုံးမှ လျှောက်လှမ်းထွက်လာသည်။

“နတ်ဆရာမကြီး..အဲ့တာသူပါပဲ…သူက ကျွန်မတို့နဲ့သဲကန္တာရထဲမှာတွေ့ခဲ့တဲ့

ရှစ်ဖုန့်ပါ”

ဇီလင်းကနတ်ဆရာမကြီးဘေးသို့လျှောက်လှမ်းလာပြီး  ဟင်းလင်းပြင်ထဲရှိ အနက်ရောင်ပုံရိပ်အားထိုးညွှန်ပြ၍  ပြောလိုက်သည်။

“သူတကယ်ကြီး အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်

လာလိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး..သူကအရမ်းငယ်သေးပြီး  အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်နေပြီ  သူ့ရဲ့ပါရမီက  သာမန်ထက်ကို ထူးခြားလွန်းနေတာပဲဖြစ်ရမယ်   ..စတုတ္တညီမလေးကသူ့ကို ခန့်မှန်းချက်မလွဲခဲ့ဘူး”

ဇီလင်းက ဟင်းလင်းပြင်ထဲတွင်ရှိနေသော ရှစ်ဖုန့်အားကြည့်၍ တွေးလိုက်သည်။

ဤအချိန်တွင် နတ်ဆရာမကြီး၏နောက်၌ရှိနေကြသော မြွေလူသားမျိုးနွယ်စု၏အရေးကြီးသော ပုံရိပ်များကလည်း  အနက်ရောင်ပုံရိပ်အားကြည့်ပြီး  ဆွေးနွေးနေကြသည်။

“ ဒီလူသားရဲ့ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ..ငါအဲ့တာကိုမပြောနိုင်ဘူး”

“ဟုတ်တယ်…ငါရောပဲ… လူသားမျိုးနွယ်မှာ တကယ်ပဲ  ဆန်းကြယ်တဲ့ပညာရပ်အချို့ရှိနေတာလား”

“မင်းတို့တွေ အဲ့လူက တကယ်ကြီးရှစ်ဖုန့်လို့ထင်လား.. အဲ့ရှစ်ဖုန့်လေ”

“ဘယ်လိုဖြစ်နိုင်မှာလဲ..  ဇီလင်းနတ်ဆရာမကြီးကိုပြောတာကို မကြားဘူးလား.. အရင်ကဘုရင်နယ်ပယ်တစ်ယောက်က ဘယ်လိုလုပ်ပြီးတော့  ကြယ်လေးပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ကိုသတ်နိုင်မှာတဲ့လဲ”

“ဒီလူ…သူကအဲ့ရှစ်ဖုန့်ဟုတ်မ

ဟုတ်ဆိုတာအရေးမကြီးဘူး.. ဒီလူက သေချာပေါက်မရိုးရှင်းဘူး”

ဤအချိန်တွင်  လူအုပ်၏ရှေ့

ဆုံး၌ရှိနေသော  နတ်ဆရာမကြီးက  ဟင်းလင်းပြင်ထဲရှိ အနက်ရောင်ပုံရိပ်အားကြည့်၍   ဖြည်းညှင်းစွာပြောလိုက်သည်။

“အာ..နတ်ဆရာမကြီးဘာလို့အဲ့

လိုပြောတာလဲ.. ဒီလူနဲ့ပက်သက်ပြီးဘာများမှားယွင်းနေလို့လဲ”

နတ်ဆရာမကြီး၏ စကားတို့အားကြားလိုက်ရသောအခါတွင်   တစ်စုံတစ်ယောက်ကမေးလိုက်သည်။

“ဘာလို့ဆိုရင်  ငါတောင်မှပဲ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို ဖောက်ထွင်းမမြင်နိုင်ဘူး..”

နတ်ဆရာမကြီးက အနည်းငယ်ဘဝင်မကျသော မျက်နှာထားဖြင့်  ပြောလိုက်သည်။

“ဘာ..”

“ဘာ.”

“ဘာ”

ရုတ်တရက် အလန့်တကြားအော်သံများထွက်လာသည်။ တစ်စုံတစ်ယောက်ကလည်း အလန့်တကြားပြောလိုက်သည်။

“အဲ့လူသားမျိုးနွယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပညာရပ် က နတ်ဆရာမကြီးတောင် အဲ့လူရဲ့ကျင့်ကြံမှုကိုဖောက်ထွင်းမမြင်နိုင်စေတဲ့အဆင့်ထိကိုရောက်နေပြီလား”

“မှားတယ်..”

နတ်ဆရာမကြီးက ထိုလူအားကြည့်၍ပြောလိုက်သည်။

“ဒါက လျှို့ဝှက်ပညာရပ်တစ်ခုမဟုတ်ဖူး…  ဒီလူရဲ့ စွမ်းအားက  ငါ့ရဲ့အထက်မှာရှိတယ်”

“ဘာ..ဘယ်…ဘယ်လိုဖြစ်နိုင်မှာလဲ”

နတ်ဆရာမကြီး၏ ဘေးတွင်ရပ်နေသော ဇီလင်းပင် အလန့်တကြားအော်ပြောမိလိုက်သည်။

သူမက ဟင်းလင်းပြင်ထဲတွင်ရှိ‌နေသော အနက်ရောင်ပုံရိပ်အား  မှင်တွေစွာဖြင့်ကြည့်နေမိသည်။နမည်ကျော် အရူးနတ်ဆိုးရှစ်ဖုန့် ။ ယင်းက သူများဖြစ်နေနိုင်မည်လော။

……………….

ဟင်းလင်းပြင်ထဲတွင် ဝေ့ကောင်းကလှုပ်ရှားလိုက်သည်။ အစိမ်းရောင်မြွေမြှီးအားလွှဲယမ်းလိုက်ပြီး  ကြီးမားသော   ဧရာမ မြွေတစ်ကောင်၏  အမြှီးရိပ်ကြီးက ရှစ်ဖုန့်၏အထက်ဟင်းလင်းပြင်ထဲတွင် ပေါ်လာသည်။  ၎င်းက  အစိမ်းရောင်နဂါး  တစ်ကောင်ကဲ့သို့ကောင်းကင်ပြင်

အားထိုးခွင်းပြီး   အားကောင်းသောဖိအားတစ်ခုကိုထုတ်လွှတ်နေသည်။ ၎င်းက ရှစ်ဖုန့်ထံသို့ထုနှက်ရန် ကျဆင်းလာပြီး အံ့ဖွယ်နဂါးတစ်ကောင်က  ၎င်း၏အမြှီးအား လွှဲယမ်းသကဲ့သို့ဖြစ်သည်။

၎င်း၏စွမ်းအားက  အောက်တွင်ရှိနေသောအရာအားလုံးအား ဖျက်ဆီးပစ်တော့မည့်သကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်မှာ ဟင်းလင်းပြင်ထဲတွင် အထက်စီးဆန်စွာဖြင့်   ရပ်နေဆဲဖြစ်သည်။သူကဟင်း

လင်းပြင်ထဲတွင်ပေါ်လာသော အစိမ်းရောင်မြွေမြှီးရိပ်အား  ကြည့်ပင်မကြည့်ခဲ့ပေ။ သူ၏လက်ချောင်းကိုသာဖျက်

ခနဲလှုပ်ရှားလိုက်ပြီး သွေးနီရောင်မီးတောက်အစုအဝေးတစ်ခုက  ရှစ်ဖုန့်၏လက်ချောင်းထိပ်မှ ဖျက်ခနဲထွက်ပေါ်လာသည်။၎င်းက  ကျဆင်းလာသော မြွေမြှီးရိပ်ထံသို့ ပျံသန်းထွက်သွားသည်။

ထို့နောက်တွင် ဧရာမအစိမ်းရောင်မြွေမြှီးရိပ်ကြီးနှင့်  ပြင်းထန်သော သွေးနီရောင်မီးတောက်တို့က အပြင်းအထန်ပစ်ဆောင့်မိကြသည်။

“ဟားဟား..မီးတောက်သေးသေးလေးပါကွာ… ပိုးစုန်းကြူးအလင်း..တကယ်

ကိုပိုးစုန်းကြူးအလင်းပဲ..ဟားဟား.. ဒါကလူသားမျိုးနွယ်မှာပြောနေကြစကားမလားကွ…ပိုးစုန်းကြူးအလင်းလေးကများ  တောက်ပတဲ့လမင်းရဲ့ရောင်ဝင်ကို ယှဉ်ပြိုင်ချင်သေးတယ်..”

အောက်တွင်ရှိနေသော မြွေလူသားမျိုးနွယ်က ကောင်းကင်ထဲတွင်ရှိနေသော  ဧရာမ မြွေမြှီးရိပ်ကြီးနှင့် ရှစ်ဖုန့်၏

ပိုးစုန်းကြူးကဲ့သို့ မီးတောက်အစုအဝေးလေး

အားတွေ့လိုက်ရသည်။ သူတို့က ချက်ချင်းပဲ  ရယ်မောလိုက်ကြ၏။

“ဒီလူကို လူသားမျိုးနွယ်က ဟာသလုပ်ဖို့ ပို့လိုက်တာလားကွာ…ဟားဟားဟား”

“အမ်…”

ထို့်နောက်ချက်ချင်း ရယ်မောနေကြသော မြွေလူသားများ၏ မျက်နှာထက်မှ အပြုံးတို့အေးခဲသွားသည်။ သူတို့၏မျက်လုံးများက ရုတ်ခြည်းပြူးကျယ်ကုန်၏။ ကောင်းကင်အားဖြတ်သန်း

ကာလွှဲယမ်းရိုက်လိုက်ပြီးအရာအားလုံးအား ဖျက်ဆီးပစ်နိုင်သောစွမ်းအား

တို့ကိုပိုင်ဆိုင်ပုံရသော ဧရာမ အစိမ်းရောင်မြွေမြှီးရိပ်ကြီးက  ပိုးစုန်းကြူးကဲ့သို့သော သွေးနီရောင်မီးတောက်အစု

အဝေးလေးကြောင့် တကယ်ကြီး ချေမှုန်းသုတ်သင်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။

ပိုးစုန်းကြူးကဲ့သို့သော အလင်းရောင်လေးက  ဧရာမမြွေမြှီးရိပ်ကြီးအား  ဖျက်ဆီးပြီးသည့်နောက်တွင် ၎င်းကကောင်းကင်ထဲ၌ပျံသန်း

လာနေသေးဆဲဖြစ်သည်။

“ဒါက… “

သူတို့အားလုံးက တုန်လှုပ်အံ့အားသင့်နေကြပြီး  ပါးစပ်များက ကျယ်လောင်စွာပွင့်ဟနေသည်။ နမည်ကျော် အင်ပါယာနယ်ပယ်ကျွမ်းကျင်သူဖြစ်သော ဆရာဝေ့ကောင်းက စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ခဲ့သော်လည်း   ၎င်းမှာ လူသားမျိုးနွယ်မှ လူငယ်လေးတစ်ယောက်၏ အလွယ်တကူ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။

“ဘယ်…ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝေ့ကောင်းကိုယ်တိုင် အရမ်းကိုတုန်လှုပ်အံ့အားသင့်နေပြီး မျက်လုံးများကပြူးကျယ်နေသည်။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။

“မီးတောက်..ဒီလူသားမျိုးနွယ်က လူငယ်က မီးတောက်ရဲ့စွမ်းအားကိုအား

ထားတာပဲဖြစ်ရမယ်..အဲ့လိုဆိုရင်..”

ဝေ့ကောင်း၏မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့်ပြည့်နှက်နေသည်။ သူကညာလက်အားသူ၏

သိုလှောင်လက်စွ ပ်အတွင်းလှမ်းလိုက်ပြီး လက်ကိုင်ရှည်နှင့်အစိမ်းရောင်

တူတစ်လက်အားထုတ်ယူလိုက်သည်။ ရုတ်ခြည်းဆိုသလို အစိမ်းရောင်တူမှ  အစိမ်းရောင်အလင်းတို့ တစ်လက်လက်တောက်ပလာသည်။

ဝေ့ကောင်းက အစိမ်းရောင်တူအားလက်

နှစ်ဖက်ဖြင့်တင်းကျပ်စွာဆုပ်ကိုင်ပြီး  သူ၏ခေါင်းထက်သို့မြှောက်လိုက်ကာ အော်ပြောလိုက်သည်။

“ကောင်းကင်ဖြိုခွင်းနတ်ဘုရားတူ”

“ဝုန်း”

ကောင်းကင်ထဲတွင် ပြင်းထန်သော အသံတစ်ခုပေါက်ကွဲ ထွက်ပေါ်လာသည်။ယင်းမှာ

ကောင်းကင်ပြင်ကတကယ်ပဲ ပြိုကျလာသကဲ့သို့ပင်ဖြစ်သည်။ ဤအသံ၏အောက်၌ ကမ္ဘာတစ်ခုလုံးပင် ပြင်းထန်စွာလှုပ်ခါလာသည်။

ထို့နောက်ချက်ချင်း ဟင်းလင်းပြင်ထဲတွင် အစိမ်းရောင်တူပုံရိပ်ကြီးက ဧရာမတောင်တစ်လုံးကဲ့သို့ဖြည်း

ညှင်းစွာပေါ်လာသည်။အစိမ်းရောင်တူ ပုံရိပ်ကြးပေါ်လာခြင်းနှင့်အတူ  အလင်းရောင်တို့မှာ ပိတ်ဆို့ခြင်းခံလိုက်ရပြီး ကမ္ဘာတစ်ခုလုံးက  မှောင်မိုက်သွားသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters