← Chapters

ကျောက်စိမ်းရောင်အသားအရေ

Vol. 33 Ch. 447

ကျောက်စိမ်းရောင်အသားအရေ

Vol. 33 Ch. 447

အချိန်များမှာ တစ်လကျော်ခန့် ကုန်ဆုံးခ့ဲပြီဖြစ်ပြီး တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာလည်း နီးကပ်လာပြီပင် ဖြစ်သည်။

ကန်ရွှမ်းကလန်တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအကြောင်းအား ဝေဖန်ဆွေးနွေးနေကြလျက် ရှိ၏။

တပည့်များမှာ ပါဝင်ယှဥ်ပြိုင်သူစာရင်းအားကြည့်၍ အနိုင်ရရှိမည့်သူအား ခန့်မှန်းကာ အလောင်းအစားများ ပြုလုပ်ကြ​ေပသည်။ ထို့ကြောင့် သက်ဆိုင်ရာတောင်ထွတ်များမှ အနိုင်ရနိုင်ခြေအများဆုံးသူမှာ အကျော်ကြားဆုံး ဖြစ်နေ၏။

မူလသူတော်စင်တောင်ထွတ်ရှိ တပည့်ခေါင်းဆောင်နေရာအတွက် လုဟုန်း၏အုပ်စုမှ ယွမ်ဟောင်အား လောင်းကြသည်။ အဘယ့်ကြောင့်ဆိုသော် အခြားသောအုပ်စုနှစ်ခုမှ ပါဝင်ယှဥ်ပြိုင်သူများမှာ ယွမ်ဟောင်ထက် အားနည်းကြသူများသာ ဖြစ်သောကြောင့် ဖြစ်၏။

ဇူယွမ်၏အမည်မှာမူ မည်သူကမျှပင် အရေးတယူ မရှိကြပေ။ သို့သော် ရယ်စရာအကောင်းဆုံးအချက်မှာ ဇူယွမ်အတွက် လောင်းကြေးသည် ကန်ရွှမ်းကလန်တစ်ခုလုံး၌ အမြင့်ဆုံးဖြစ်နေခြင်းပင် ဖြစ်သည်။

ဇူယွမ်အတွက် လောင်းကြေးမှာ ကလန်အတွင်း၌ ရယ်စရာဟာသဖြစ်နေပြီး တပည့်များမှ မကြာခဏပင် လှောင်ပြောင်သရော်ကြ၏။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ဇူယွမ်အနိုင်ရနိုင်မည့် အခွင့်အရေးမှာ တစ်သန်းပုံတစ်ပုံမျှပင် မရှိပါချေ။ ထို့ကြောင့် ဇူယွမ်အား လောင်ကြေးထပ်မည့်သူ တစ်ဦးတစ်ယောက်မှပင် မရှိခ့ဲပေ။

.........

ဝုန်း.....

နဂါးရုပ်ထုနှစ်ခုထံမှ အေးစက်နေသော ရေလှိုင်းလုံးများနှင့် ပြင်းထန်လှသော ချော်ရည်ပူများ စီးကျလာသည်။ ကျောက်တုံးစင်မြင့်အလယ်၌ ထိုဆန့်ကျင်ဖက်စွမ်းအင်နှစ်ခု တွေ့ဆုံသွားကာ ရေနွေးငွေ့များ တထောင်းထောင်း ထနေတော့၏။

ကျောက်တုံးစင်မြင့်ပေါ်၌ ပုံရိပ်တစ်ခုမှာ ငြိမ်သက်စွာ ထိုင်နေလျက် ရှိသည်။

ထိုပုံရိပ်မှာ ဇူယွမ်ပင် ဖြစ်၏။

စတင်လေ့ကျင့်စဥ်ကာလနှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် အချိန်တစ်လခန့်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ ယင်းယန်စွမ်းအင်များအား အတော်ပင် ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

အကန့်အသတ်မဲ့သော ယင်းယန်ချီစွမ်းအင်များမှာ ဇူယွမ်၏ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်နေ၏။

ဇူယွမ်မှာ မျက်ဝန်းများကို ပိတ်ထားလျက်ရှိသည်။ ဇူယွမ်၏ ခန္ဓာကိုယ်ထက်၌ တောင့်တင်းနေသော ကြွက်သားများကို မမြင်တွေ့ရပါသော်လည်း ခန့်ခန့်ထည်ထည် ရှိနေ၏။

ဇူယွမ်၏ အသားအရေမှာ ကျောက်စိမ်းရောင်သ့ဲသ့ဲမျှ လင်းလက်နေပြီး ချောမွေ့ပြောင်လက်နေသည်။ ေကျာက်စိမ်းရောင်သ့ဲသ့ဲမျှ တောက်ပနေသော အသားအရေမှာ အနည်းငယ်မျှပင် ထိုးဖောက်၍မရနိုင်သယောင် မြင်ကွင်းအား ပေးစွမ်းနေ၏။

သို့သော် အနီးကပ်ကြည့်ရှုမည်ဆိုပါက ကျောက်စိမ်းရောင်အသားအရေ၏အောက်၌ အမဲရောင် အစက်အပြောက်အချို့အား တွေ့မြင်နိုင်လေသည်။ ဤသည်မှာ ဇူယွမ်၏ ကျောက်စိမ်းရောင်အသားအရေမှာ ပြီးပြည့်စုံခြင်း မရှိသေးသည့် လက္ခဏာပင် ဖြစ်၏။

ယင်းယန်ချီစွမ်းအင်များမှာ ဇူယွမ်၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေလျက် ရှိသည်။ ဇူယွမ်၏ အသားအရေအား အလုံးစုံ သန့်စင်သွားစေရန်မှာ ခက်ခဲလှ၏။

တင်းကြပ်စွာပိတ်ထားသော ဇူယွမ်၏ မျက်ဝန်းများမှာ ပြန်လည်ပွင့်ဟလာသည်။

ဇူယွမ်မှာ ေခါင်းကိုငုံ့လျက် ခန္ဓာကိုယ်အား ကြည့်ရှုလိုက်၏။ အချိန်တစ်လကြာမျှ ကျင့်ကြံခ့ဲပြီးနောက်တွင် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်၏ ကျောက်စိမ်းရောင်အသားအရေအဆင့်အား အောင်မြင်နိုင်တော့မည်ပင် ဖြစ်သည်။

သို့သော် ကျန်ရှိနေသော အညစ်အကြေးများမှာ ယင်းယန်စွမ်းအင်များနှင့် နေသားတကျ ဖြစ်လာသည့်အတွက် အသားအရေအား သန့်စင်ရခြင်းမှာ ပိုမိုခက်ခဲလာရ၏။

ယင်းယန်ချီစွမ်းအင်များအား တိုး၍ခံယူကာ ကျင့်ကြံမည်ဆိုပါက ထိုအညစ်အကြေးများမှာ ဖြည်းညင်းစွာဖြင့် သန့်စင်သွားမည်ဖြစ်သော်လည်း တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားသည် လွန်စွာနီးကပ်နေပြီဖြစ်သဖြင့် ဇူယွမ်မှာ အချိန်ပမာဏ များစွာမကျန်ရှိတော့ပေ။

"ယင်းယန်စွမ်းအင်ကို တိုးပြီးခံယူမှရမယ်။"

ဇူယွမ်မှာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ရွှမ်အဖိုးအိုအားကြည့်ကာ ပြောလိုက်သည်။ "အဖိုး ယင်းယန်စွမ်းအင်ကို ထပ်ပြီးမြှင့်ပေးပါလား။"

နဂါးရုပ်ထုနှစ်ခု၏ ဦးခေါင်းထက်၌ ကျောက်တုံးကြေးခွံ ဆယ့်ရှစ်ခုပါဝင်၏။ ကျောက်တုံးကြေးခွံတစ်ခုသည် ယင်းယန်စွမ်းအင် ပြင်းထန်ခြင်းအဆင့်တစ်ခု ဖြစ်သည်။ ရွှမ်အဖိုးအို၏ ပြောပြချက်အရ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ အပြင်းထန်ဆုံးအဆင့်ဖြင့်သာ အစဥ်အမြဲ လေ့ကျင့်လေ့ရှိသည်ဟု ဆို၏။

သို့သော် ဇူယွမ်အတွက်မူ အနိမ့်ဆုံးအဆင့်ဖြစ်သော ပထမအဆင့်သည်ပင် ပြင်းထန်လွန်းလှပြီ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်အတွက် ကျောက်တုံးကြေးခွံအဆင့်တစ်ခု တိုးမြှင့်ခြင်းမှာ ခက်ခဲလှသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်၏။

ရွှမ်အဖိုးအိုမှာ ခေတ္တမျှတွေဝေနေပြီးနောက် ဇူယွမ်အားကြည့်၍ စကားဆိုလိုက်သည်။ "မင်းသေချာလို့လား လူငယ်လေး။ ဒုတိယအဆင့်က ပထမအဆင့်ထက် အများကြီးပိုပြီး ကွာခြားတယ်နော်။"

ဇူယွမ်မှာ မည့်သည့်စကားမှ ပြန်လည်ဖြေကြားခြင်းမပြုပဲ ရွှမ်အဖိုးအိုအား ဆုံးဖြတ်ချက်ပြတ်သားသော မျက်သန်းများဖြင့်သာ ကြည့်ရှုလိုက်၏။ ရွှမ်အဖိုးအိုမှာ ဇူယွမ်အား အသိအမှတ်ပြုလိုက်မိသည်။

ဇူယွမ်၏ ဇွဲလုံ့လနှင့် စိတ်အားထက်သန်မှုမှာ အမှန်တငယ်ပင် လေးစားဖွယ် ကောင်းလှ၏။

"မင်းဆုံးဖြတ်ပြီးပြီဆိုရင်လည်း ဒီအဖိုးကြီးက ဘာမှပြောစရာ မရှိတော့ပါဘူး။" ရွှမ်အဖိုးမှာ တံမြက်စည်းဖြင့် မြေပြင်တစ်နေရာအား လှည်းကျင်းလိုက်သည်။ ထို့နောက် နဂါးရုပ်ထုနှစ်ခု၏ ဦးခေါင်းထက်မှ ေကျာက်တုံးကြေးခွံတစ်ခုမှာ ထပ်မံလင်းလက်လာ၏။

ဝုန်း....

မြေပြင်သည်ပင် ပြင်းထန်စွာ လှုပ်ခါသွားခ့ဲသည်။ ဇူယွမ်မှာ နဂါးရုပ်ထုနှစ်ခုထံမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ခံစားလိုက်မိ၏။

"သတိထားနော်။ စွမ်းအင်တွေက အရမ်းပြင်းထန်တယ်။ မင်းခံနိုင်ရည်မရှိတော့ဘူးဆိုရင် အဲ့နေရာက မြန်မြန်ထွက်ခ့ဲလိုက်။" ရွှမ်အဖိုးအိုမှ အော်ဟစ်သတိပေးလိုက်သည်။

ဟူး.....

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှ္ူထုတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ထက်၌ ကျောက်စိမ်းရောင်သ့ဲသ့ဲမျှ လင်းလက်လာ၏။

ဝုန်း......

နဂါးရုပ်ထုနှစ်ခုထံမှ အေးစက်နေသော ရေလှိုင်းလုံးများနှင့် ပြင်းထန်လှသော ချော်ရည်ပူများ ကျဆင်းလာလေတော့သည်။

​နဂါးရုပ်ထုများထံမှ ယင်းယန်စွမ်းအင်များ ပေါ်ထွက်လာသည်နှင့်တကွ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တစ်ဝက်ကပူ၍ တစ်ဝက်က အေးခဲသွားရ၏။

ကျောက်တုံးကြေးခွံတစ်ခု၏ အဆင့်မှာ များစွာခြားနားလှပေသည်။

ဝုန်း...ဝုန်း....

ုပြင်းထန်လှသော ယင်းယန်စွမ်းအင်များမှာ နဂါးရုပ်ထုနှစ်ခုထံမှတဆင်​့ ဇူယွမ်၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေလျက် ရှိ၏။

ဇူယွမ်မှာ အလွန်အမင်း နာကျင်နေသောကြောင့် အသက်ကိုပင် ပြင်းထန်စွာ ရှ္ူနေရသည်။ ဇူယွမ်၏ခန္ဓာကိုယ်တစ်ဖက်မှာ အလွန်ပင် ပူပြင်းနေပြီး ကျန်တစ်ဖက်မှာ အေးစက်တောင့်တင်းနေ၏။

ဇူယွမ်မှာ ခေတ္တမျှ အချိန်ဆွဲနေရန်ပင် မဝ့ံရဲသောကြောင့် လျင်မြန်စွာပင် ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်အား စတင်ကျင့်ကြံလိုက်သည်။

ယင်းယန်စွမ်းအင်များမှာ ဇူယွမ်၏ အရေပြားမှတဆင့် အသွေးအသာများထဲသို့ စတင်စိမ့်ဝင်လာ၏။ ယင်းယန်စွမ်းအင်များမှာ ဇူယွမ်၏ခန္ဓာကိုယ်အတွင်း လျင်မြန်စွာပင် တိုးပွားလာခဲ့သည်။

ပြင်းထန်လှသော ယင်းယန်စွမ်းအင်များကြောင်​့ ဇူယွမ်၏ပုံရိပ်မှာ တုန်ခါနေလျက် ရှိ၏။

ရွှမ်အဖိုးအိုမှာ ကျောက်တုံးကြေးခွံအား ပြန်လည်ပိတ်နိုင်ရန်အတွက် အသင့်ပြင်ထားလေသည်။ သို့သော် ဇူယွမ်၏ပုံရိပ်မှာ တုန်ခါနေခ့ဲသော်လည်း အသက်စွမ်းအင်မှာမူ အနည်းငယ်မျှပင် လျော့ပါးခြင်းမရှိသည့်အပြင် ပိုမိုတိုးပွားလာလျက်သာရှိကြောင်း ရွှမ်အဖိုးအိုမှ တွေ့မြင်လိုက်ရ၏။

ယင်းယန်စွမ်းအင်များမှာ အချိန်အတန်ကြာမျှ ဇူယွမ်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေခ့ဲသည်။

ထို့နောက် ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်ရှိ စွမ်းအင််များမှာ ဇူယွမ်ရှိရာနေရာသို့ စုဝေးသွား၏။ ယင်းယန်စွမ်းအင်များလည်း ပျောက်ကွယ်သွားပြီး ဇူယွမ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား မြင်တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်မှ စုဝေးသွားသော စွမ်းအင်လှိုင်းများမှာ ဇူယွမ်၏ အရေပြားမှတဆင့် အသွေးအသာများထဲသိ​ု့ စိမ့်ဝင်သွားတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။

ခေတ္တမျှကြာမြင့်သွားပြီးနောက်

တင်းကြပ်စွာပိတ်ထားသောဇူယွမ်၏ မျက်ဝန်းများမှာ ပြန်လည်ပွင့်ဟလာ၏။ ဇူယွမ်၏ အသားအရေမှာလည်း သန့်စင်သော ကျောက်စိမ်းရောင်သ့ဲသ့ဲမျှ လင်းလက်နေသည်။

ယခင်ကရှိနေခ့ဲသော အမည်းရောင် အစက်အပြောက်အချို့မှာ ယခုအခါ၌ လုံးဝပျောက်ကွယ်သွားခ့ဲပြီ ဖြစ်၏။

ဇူယွမ်၏ အသားအရေမှာ ပြီးပြည့်စုံသော ကျောက်စိမ်းတစ်ခုက့ဲသို့ ဖြစ်နေပေသည်။

ဇူယွမ်မှာ ခန္ဓာကိုယ်အား ကြည့်ရှု​ေနရင်းဖြင့် မျက်ဝန်းများ၌ ေကျနပ်အားရသော အရိပ်အယောင်များ ယှက်သန်းလာ၏။

အချိန်တစ်လကျော်မျှ ပြင်းထန်စွာ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်၏ ကျောက်စိမ်းရောင်အသားအရေအား ရရှိနိုင်ခ့ဲပြီပင် ဖြစ်သည်။

All Chapters