ဝူဟိုင်
Vol. 33 Ch. 449
မူလသူတော်စင်တောင်ထွတ်
တောင်ထွတ်တစ်ခုရှိ ကျင့်ကြံခြင်းစင်မြင့်ပေါ်၌
လူများစွာမှာ ထုိနေရာ၌ စုဝေးနေကြပြီး အခြားသူများမှာလည်း နေရာအစုံမှ တဖွဲဖွဲ ရောက်လာလျက် ရှိသည်။
ရောက်ရှိလာသော ပုံရိပ်များမှာ အုပ်စုသုံးခု ကွဲလျက်ရှိ၏။ လူအများဆုံး ပါဝင်နေသောအုပ်စုမှာ လုဟုန်း၏အုပ်စုပင် ဖြစ်သည်။ လုဟုန်း၏ တပည့်များမှာ မောက်မာစွာပင် ပြောဆိုဆက်ဆံနေလျက်ရှိပြီး အခြားအုပ်စုနှစ်ခုအား အနည်းငယ်မျှပင် လေးစားခြင်းမရှိချေ။
ဓားကပ်ဘေးတောင်ထွတ်မှ ရောက်ရှိလာခဲ့သော တပည့်များဖြစ်သည့်အလျောက် လုဟုန်း၏တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား အထင်အမြင်သေးကြ၏။ ထို့အပြင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ ကျင်းပတော့မည်ပင် ဖြစ်သည်။ ထိုအခမ်းအနား ပြီးဆုံးသွားသည်နှင့်တကွ လုဟုန်း၏အုပ်စုမှာ ဆရာသခင်အုပ်စုဖြစ်လာမည်ဖြစ်ကာ အခြားသောအုပ်စုနှစ်ခုထက် အဆင့်အတန်း ပိုမိုမြင့်မားသွားတော့မည် ဖြစ်၏။
လုဟုန်းမှ သွန်သင်ဆုံးမခြင်း မရှိသည့်အလား တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် ပါဝင်ယှဥ်ပြိုင်သူစာရင်းအား ထုတ်ပြန်ပြီးသည့် အချိန်မှစ၍ လုဟုန်း၏ တပည့်များမှာ အလွန်ပင် မောက်မာရိုင်းစိုင်းလာကြသည်။
လွန်ခ့ဲသော တစ်လမှစ၍ မူလသူတော်စင်တောင်ထွတ်တွင် သဘောထားကွဲလွဲမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်ခ့ဲ၏။ မည်မျှပင် တရားမျှတမှုမရှိပါစေ လုဟုန်း၏ တပည့်များမှသာ အနိုင်ရလေ့ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် အရည်အတွက်ရော၊ အရည်အချင်းရောတွင် လုဟုန်း၏ အုပ်စုမှ အသာလွန်ဆုံး ဖြစ်သောကြောင့် ဖြစ်၏။
ထိုသို် သေးငယ်သောအငြင်းပွားမှုများစွာတွင် အနိုင်ရရှိနေခြင်းကြောင့် လုဟုန်း၏ တပည့်များမှာ ပို၍ပို၍ မောက်မာလာခ့ဲသည်။ ထို့ကြောင့် တစ်လမျှသော အချိန်အတွင်း၌ပင် မူလသူတော်စင်တောင်ထွတ်မှာ တင်းမာခက်ထန်မှုများဖြင့် ပြည့်နှက်လာရ၏။
လုဟုန်းအုပ်စု၏ အရှေ့၌ အပြာဝတ်စုံအား ဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ လက်အားကျောဖက်တွင် ယှက်သန်းထားကာ ရပ်နေလျက်ရှိသည်။ ထိုလူငယ်၏ ခါးထက်တွင် ခရမ်းရောင်ခါးစည်းအား ချည်နှောင်ထားပြီး အမူအရာမှာ ခက်ထန်နေ၏။ လူငယ်လေး၏ မျက်ခုံးများမှာ ဓားသွားအလား ထက်မြနေသည်။
ထိုလူငယ်မှာ ဝူဟိုင်ဟုခေါ်တွင်ပြီး လုဟုန်း၏ အုပ်စုတွင် ကျော်ကြားလှသော တပည့်တစ်ဦး ဖြစ်၏။ ထို့အပြင် ဝူဟိုင်မှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်မည့်သူ တစ်ဦးလည်းဖြစ်ပေသည်။ ထို့ကြောင့် ဝူဟိုင်မှာ မည်မျှပင် အရည်အချင်းရှိကြောင်း သိရှိနိုင်၏။
ဝူဟိုင်မှာ တပည့်များမှ ဖိနှိပ်ထားလျက်ရှိသော ရှန်ဝမ့်ကျင်းအား ကြည့်ရှုလိုက်သည်။ သွေးချင်းချင်းနီနေသော မျက်နှာအား ကြည့်ရုံမျှနှင့်ပင် ရှန်ဝမ့်ကျင်းမှာ နှိပ်စက်ခံထားရကြောင်း ထင်ရှားနေ၏။
"ရှန်ဝမ့်ကျင်း ကြည့်ရတာတော့ မင်းရဲ့ဇူယွမ်က ငကြောက်တစ်ကောင်ပဲ ထင်ပါတယ်။ သူ့ရဲ့ညီအကိုလို ရင်းနှီးရတဲ့သူကို ကာကွယ်ပေးဖို့တောင် မရောက်လာဘူး။" ဝူဟိုင်မှ လှောင်ပြောင်သရော်ဟန်ဖြင့် ပြောဆိုလိုက်သည်။
ရှန်ဝမ့်ကျင်းမှ ကြောက်ရွ့ံနေသော အမူအရာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "စီနီယာအကိုတော်ဝူဟိုင်ရဲ့ အဆင့်အတန်းနဲ့ ကျွန်တော့်လို မလောက်လေးမလောက်စားကောင်ကို ဂရုစိုက်နေဖို့ မလုိအပ်ပါဘူး။ ကျွန်တော် တောင်းလည်းတောင်းပန်ပြီးပြီပဲ။ ကျွန်တော်က အကိုတော်ရဲ့ ဂျူနီယာညီမတော်ကို မတော်တဆ ထိခိုက်စေမိတာပါ။ ကျွန်တော် အလျော်ပေးတဲ့အနေနဲ့ မူလကျောက်စိမ်းပြား ပေးပါ့မယ်။"
ဝူဟိုင်မှ ခပ်ဖွဖွရီမောကာ ပြောလိုက်သည်။ "အလျော်ပေးမယ် ဟုတ်လား။ အဲ့အကြံမဆိုးဘူးပဲ။ မူလကျောက်စိမ်းပြားတစ်သိန်းပေးမယ်ဆိုရင် ငါတို့ကျေအေးပေးလိုက်မယ်။"
စောင့်ကြည့်နေသော တပည့်များထံမှ ရီမောသံများ ကျယ်လောင်စွာ ပေါ်ထွက်လာ၏။
ရှန်ဝမ့်ကျင်းမှ ပြုံးကာပြန်၍ပြောလိုက်သည်။ "စီနီယာအကိုတော်ဝူဟိုင် ကျွန်တော်က အနက်ရောင်ခါးစည်း တပည့်အဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုလို့ မူလကျောက်စိမ်းပြား အဲ့လောက်ရှိပါ့မလဲ။"
ဝူဟိုင်မှ အေးစက်စွာဖြင့် တုံ့ပြန်လိုက်၏။ "မင်းမှာမရှိဘူးဆိုရင် အဲ့ပါးစပ်ကို ပိတ်ထားလိုက်တော့။ နေဝင်တဲ့အချိန်ထိမှ ဇူယွမ်မလာသေးဘူးဆိုရင် မင်းကိုတောက်ပေါ်ကနေ ပစ်ချပစ်မယ်။"
"စိတ်ချပါ မင်းမသေပါဘူး။ အရိုးတွေ ကျိုးရုံလောက်ပါ ဟဟ။"
ရှန်ဝမ့်ကျင်းမှ အလျင်အမြန် စကားဆိုရန် ပြင်ဆင်လိုက်သည်။
ဖြောင်း...
သို့သော် ဝူဟောင်မှ ရှန်ဝမ့်ကျင်းအား ပြင်းထန်စွာပင် ပါးရိုက်လိုက်၏။ ဝူဟောင်၏ ပါးပြင်ပေါ်၌ နီရဲနေသော လက်ဝါးရာတစ်ခု ပေါ်လာသည်။
ဝူဟိုင်မှ အေးစက်စွာ အော်ဟစ်လိုက်၏။ "ပါးစပ်ပိတ်ထားစမ်း။"
ရှန်ဝမ့်ကျင်းမှာ ဒေါသထွက်စွာဖြင့် လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီးနောက် ခေါင်းအားငုံ့ထားလိုက်တော့သည်။
ဝူဟိုင်မှာ ရှန်ဝမ့်ကျင်းအနေဖြင့် အပြစ်ပြု၍ရမည့်သူမျိုး မဟုတ်ချေ။
ဝူဟိုင်မှာ ရှန်ဝမ့်ကျင်း၏ပုံစံအားကြည့်ရှုကာ ကျေနပ်အားရစွာဖြင့် ရီမောလိုက်၏။ ဝူဟိုင်မှာ ဇူယွမ်လာရောက်ရဲခြင်းရှိမရှိ လွန်စွာသိချင်လှပြီ ဖြစ်သည်။ အကယ်၍ ဇူယွမ်မှ လာရောက်ခြင်းမရှိပါက ဝူဟိုင်မှာ ထိုသတင်းအားဖြန့်၍ ဇူယွမ်အား အရှက်ခွဲရန် ကြံစည်ထား၏။
ဝူဟိုင်တို့နှင့် ခပ်လှမ်းလှမ်း၌ စိန်းထိုက်ယွမ်၏ တပည့်များ စုဝေးနေကြသည်။ ထိုတပည့်များမှာ ဝူဟိုင်မှ ရှန်ဝမ့်ကျင်းအား နှိပ်စက်နေသည်ကို မြင်တွေ့နေရသောကြောင့် အလွန်အမင်း ဒေါသထွက်လျက် ရှိ၏။
သို့သော် မည်သူကမှ ဝူဟိုင်အား ဝင်ရောက်စွက်ဖက်ရဲခြင်း မရှိပါချေ။ အဘယ့်ကြောင့်ဆိုသော် ဝူဟိုင်မှာ သာမန်တပည့်တစ်ဦး မဟုတ်သောကြောင့်ပင် ဖြစ်သည်။
"စီနီယာအကိုတော်ဇူထိုက်ဖြစ်ဖြစ် ဇူယွမ်ဖြစ်ဖြစ် မြန်မြန်သွားရှာရအောင်။"
"ခုနကပဲ တစ်ယောက် သွားရှာနေပြီလေ။"
"စီနီယာအကိုတော်ဇူယွမ်ကိုရော..."
"ဘယ်သူမှ ရှာလို့မတွေ့သေးဘူးတဲ့..."
"ကျွတ်...သူကဒီကိစ္စကိုကြားလို့ ပုန်းနေတာပဲဖြစ်မှာ။ ရှန်ဝမ့်ကျင်းက သူ့အပေါ် အများကြီး လုပ်ပေးခ့ဲတာလေ။ ဒါတောင်မှ သူရဲ့ညီအကိုအပေါ်ကို အလေးမထားဘူးလား။"
"စီနီယာအကိုတော်ဇူယွမ် လာခ့ဲရင်တောင်မှ ဘာမှထူးခြားမယ်မထင်ဘူး။ ဝူဟိုင်က သာမန်တပည့်တစ်ယောက်မှ မဟုတ်တဲ့ဟာ။"
"........"
ထိုတပည့်များမှာ အဆက်မပြတ် တီတိုးဆွေးနွေးနေကြ၏။ အကယ်၍ ရှန်ဝမ့်ကျင်းသာ တောင်ပေါ်မှ ပစ်ချခံခ့ဲရပါက အကြီးအကဲစိန်းထိုက်ယွမ်၏ အုပ်စုတစ်ခုလုံးမှာ အမှန်တကယ်ပင် အရှက်ကွဲရပေလိမ့်မည်။
အခြားသောအုပ်စုမှာ အကြီးအကဲလုစုန့်၏ တပည့်များ စုဝေးနေခြင်း ဖြစ်သည်။ ဤနေရာ၌ လုစုန့်၏ တပည့်များ အတော်ပင် စုဝေးနေကြသော်လည်း အခြားအုပ်စုနှစ်ခု၏ ပဋိပက္ခဖြစ်သောကြောင့် မည်သည့်စကားမှ ဝေဖန်ပြောဆိုနေခြင်းမရှိပေ။
ဝှစ်....
လုစုန့်၏တပည့်များရှိရာသို့ ပုံရိပ်အချို့ ပျံသန်းရောက်ရှိလာ၏။ လှပတင့်တယ်သောမျက်နှာ၊ သေးသွယ်သော အချိုးအစားနှင့် သွယ်လျသောခေတံရှည်တို့မှာ လုယန်းမှလွဲ၍ အခြာသူ မရှိနိုင်ချေ။
လုယန်းမှာလည်း အခြေအနေအား ကြားသိပြီးြဖစ်သောကြောင့် ဝူဟိုင်တို့အားငေးမောနေရင်းဖြင့် အနီးရှိ တပည့်တစ်ဦးအား မေးမြန်းလိုက်သည်။ "ဇူယွမ် ရောက်လာပြီလား။"
ထိုတပည့်မှ ပြန်လည်ဖြေကြားလိုက်၏။ "မလာသေးပါဘူး။"
လုယန်း၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရသည်။ " မလာရဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဝူဟိုင်က သူ့ကိုပစ်မှတ်ထားနေတာ အသိသာကြီးပဲဟာ။"
လုယန်း၏ ခန့်မှန်းချက်အရဆိုလျှင် ဝူဟိုင်မှာ လုဟုန်း၏ ခိုင်းစေချက်ဖြင့် ဇူယွမ်၏စွမ်းအင်အား စမ်းသပ်ရန် ကြံစည်နေခြင်းပင် ဖြစ်၏။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ လုဟုန်းတို့အတွက် လွန်စွာပင် အရေးကြီးလှသောကြောင့် ဇူယွမ်က့ဲသို့ သေးသိမ်သော သူတစ်ဦးကိုပင် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ဇူယွမ်မှ ရောက်ရှိလာခြင်းမရှိလျှင် ဝူဟိုင်မှာ တာဝန်ကျဆုံးရမည်သာ ဖြစ်သည်။
ထိုအကြောင်းအရာအား လုယန်းမှသိရှိနေသည့်တိုင်အောင် ဇူယွမ်အား စိတ်ပျက်မိ၏။ ဇူယွမ်မှာ အမှန်တကယ်ပင် အကြင်နာတရား ကင်းမဲ့လွန်းလှသည်။
ဤနေရာ၌ ရှိနေသည်မှာ လူငယ်များသာဖြစ်သဖြင့် ရှန်ဝမ့်ကျင်းမှာလည်း လူအများရှေ့၌ အရှက်တကွဲ ဖြစ်လိုမည်မဟုတ်ချေ။
"စီနီယာအမတော် ကျွန်တော်တို့ ဝင်ပါကြမလား။ လုဟုန်းရဲ့ တပည့်တွေက အရမ်းကို တရားလွန်လာပြီ။" တပည့်တစ်ဦးမှ စိတ်အလိုမကျဟန်ဖြင့် ပြောလိုက်၏။
လုယန်းမှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်သည်။ "ခဏလောက် စောင့်ကြည့်ရအောင်။ နေဝင်တဲ့အချိန်ထိမှ ဇူယွမ်မလာသေးရင် ငါတို့ရှန်ဝမ့်ကျင်းကို ကယ်ကြတာပေါ့။"
လုယန်းမှာ စိန်းထိုက်ယွမ်၏ အုပ်စုအား အကူအညီပေးရန် ဆုံးဖြတ်လိုက်၏။ လုဟုန်း၏ တပည့်များမှာ ပို၍ပို၍မောက်မာခက်ထန်လာခြင်းအား သူမလက်ပိုက်၍ မကြည့်နေနိုင်ပေ။
ဤသို့နှင့် နေဝင်ချိန်သို့ ဖြည်းညင်းစွာ ရောက်ရှိလာခ့ဲသည်။
သို့သော်လည်း ဇူယွမ်မှာ ရောက်ရှိလာခြင်း မရှိသေးချေ။
ဝူဟိုင်မှာ ခေါင်းကိုခါယမ်းလျက် ရှန်ဝမ့်ကျင်းအားကြည့်ကာ ပြောလိုက်၏။ "မင်းရဲ့ညီအကိုက မင်းကိုအဖက်မလုပ်ဘူး ထင်ပါတယ်ကွာ။ သနားစရာပါလား။"
ထို့နောက် ဝူဟိုင်မှာ လက်ကိုဝေ့ယမ်း၍ အေးစက်စွာ စကားဆိုလိုက်သည်။
"ဇူယွမ်မှာ အကြင်နာတရားမရှိမှတော့ ငါတို့ကလည်း စောင့်နေစရာ အကြောင်းမရှိတော့ဘူး။ ရှန်ဝမ့်ကျင်းကို ပစ်ချလိုက်ကြ။"
ရှန်ဝမ့်ကျင်းအား ဖိနှိပ်ထားသော တပည့်နှစ်ဦးမှာ ပြုံးရွှင်စွာဖြင့် ရှန်ဝမ့်ကျင်းအား တောင်ကုန်းပေါ်မှပစ်ချရန် ပြင်ဆင်လိုက်၏။
"ရပ်လိုက်ကြ။" စိန်းထိုက်ယွမ်၏ တပည့်များမှ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေပါသော်လည်း မည်သူကမှ အရေးတယူ မရှိကြပေ။
ရှန်ဝမ့်ကျင်းမှာ ကြောက်ရွံ့တုန်လှုပ်စွာအော်ဟစ်လျက် တောင်ကုန်းပေါ်မှ ပြုတ်ကျသွားတော့သည်။
လုယန်းမှာ စိတ်အလိုမကျဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်၏။ ကြည့်ရသည်မှာ ဇူယွမ်သည် ဝူဟိုင်၏ရည်ရွယ်ချက်အား ခန့်မှန်းမိသောကြောင့် လာရောက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဇူယွမ်ရဲ့စရိုက်က တော်တော်ဆိုးရွားတာပဲ။"
လုယန်းမှ သက်ပြင်းချကာ ရေရွတ်လိုက်ပြီးနောက် ပြုတ်ကျသွားသော ရှန်ဝမ့်ကျင်းထံသို့ ပျံသန်းသွားရန် ပြင်ဆင်လိုက်သည်။
ဝှစ်.....
သို့သော် လုယန်းမှ ပျံသန်းတော့မည့်အချိန်မှာပင် လေတိုးသံတစ်ခုအား ကြားလိုက်ရ၏။ ထို့နောက် မိုးကုပ်စက်ဝိုင်းအား ဖြတ်သန်းသွားသော အနက်ရောင်အရိပ်တစ်ခုအား မြင်တွေ့လိုက်ကြရသည်။
နှင်းက့ဲသို့ဖြူဖွေးနေသော အမွှေးများမှာ ရှန်ဝမ့်ကျင်း၏ခါးအား ရစ်ပတ်ထား၏။ ရှန်ဝမ့်ကျင်း၏ခန္ဓာကိုယ်မှာ လေထဲ၌ ယိမ်းထိုးနေလေသည်။
လူများမှ လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် တောင်ကုန်းပေါ်၌ အနက်ရောင်စုတ်တံတစ်ခုအား မြင်တွေ့လိုက်ရပြီး စုတ်တံ၏အမွှေးများမှာ ရှန်ဝမ့်ကျင်း၏ခါးအား ရစ်ပတ်ထားလျက်ရှိ၏။
"နောက်ဆုံးတော့လည်း ရောက်လာပြီပေါ့။" ဝူဟိုင်မှ ခပ်ဖွဖွရီမောကာ ခေါင်းအားမော့လိုက်သည်။ အဝေးတစ်နေရာမှ ချီတိမ်တိုက်တစ်ခု ပျံသန်းရောက်ရှိလာကာ ကျင့်ကြံခြင်းစင်မြင့်ပေါ်သို့ ဆင်းသက်လာ၏။
"စီနီယာအကိုတော်ဇူယွမ်။" စိန်းထိုက်ယွမ်အုပ်စုမှ တပည့်များမှာ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
"ငါက မင်းပုန်းနေဦးမယ်လို့ ထင်နေတာ။" ဝူဟိုင်မှ ကျယ်လောင်စွာ ရီမောလျက် ပြောလိုက်၏။ ဝူဟိုင်၏မျက်ဝန်းများမှာ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
"မင်းရောက်လာတာလည်း ကောင်းပါတယ်။ မင်းရဲ့သူငယ်ချင်းက ငါ့ရဲ့ဂျူနီယာညီမတော်ကို ထိခိုက်စေခ့ဲတယ်။ ဒါပေမယ့် အလျော်ပေးဖို့ မူလကျောက်စိမ်းပြားတစ်သိန်းကိုကြ မပေးနိုင်ဘူးတဲ့။ ဘယ်လိုလဲ သူ့အကြွေးတွေကို မင်းဆပ်ပေးမလား။"
ဝူဟိုင်မှာ ဇူယွမ်အားကြည့်၍ ဆက်လက်ပြောဆိုလိုက်သည်။ "ကောင်းကောင်းမွန်မွန်နဲ့ အကြွေးကိုပေးလိုက်နော်။"
"အကြီးအကဲလုဟုန်းက မင်းကို ဒီလိုလုပ်ဖို့ ခိုင်းလိုက်တာမလား။" ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်၏။
ဝူဟိုင်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားရသည်။ "မင်းလိုကောင်မျိုးအတွက်နဲ့လား။"
ဇူယွမ်မှာ ခေါင်းကိုခါယမ်းလျက် လက်နှစ်ချောင်းကိုသာ ထောင်ပြလိုက်၏။
"မူလကျောက်စိမ်းပြားနှစ်ထောင်လား။ နည်းတယ် မရဘူး။" ဝူဟိုင်မှ ပြောလိုက်သည်။
ဇူယွမ်မှ သက်ပြင်းချကာ အေးစက်စွာဖြင့် ပြောလိုက်၏။
"ငါပြောတာက မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်လို့ ပြောတာ။"
"မင်းဘာသာမင်း ဒီကနေခုန်ချမလား။"
"ဒါမှမဟုတ် ငါက မင်းခြေထောက်တွေကိုရိုက်ချိုးပြီး ပစ်ချပေးရမလား။"
"အဲ့တော့ မင်းဘာကိုရွေးမှာလဲ။"
ရယ်မောနေသော ဝူဟိုင်၏ အမူအရာမှာ ခက်ထန်သွားလေတော့သည်။