← Chapters

လက်သီးတစ်ချက်

Vol. 33 Ch. 450

လက်သီးတစ်ချက်

Vol. 33 Ch. 450

ကျင့်ကြံခြင်းစင်မြင့်ပေါ်၌ လေပြေများ တိုက်ခတ်နေသည်။

လူပေါင်းများစွာမှာ ယခုလေးတင်မှ ရောက်ရှိလာသော ဇူယွမ်၏စကားများကြောင်​့ အ့ံအားသင့်နေကြ၏။

မည်သူကမှ ဇူယွမ်သည် ဝူဟိုင်အား ခက်ထန်ပြင်းထန်စွာဖြင့် ဆက်ဆံလိမ့်မည်ဟု မထင်မှတ်ထားခ့ဲချေ။ ဝူဟိုင်မှာ အကြီးအကဲလုဟုန်းအုပ်စု၏ ထိပ်သီးတပည့်ငါးဦးအတွင်း ပါဝင်သူတစ်ဦးဖြစ်သည်။

စိန်းထိုက်ယွမ်၏ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြ၏။ ဇူယွမ်မှာ ပုံမှန်အားဖြင့် အလွန်ပင် သဘောကောင်းသူဖြစ်သည်။ သို့သော် ယခုအချိန်၌ မြင်တွေ့နေရသော ဇူယွမ်၏ပုံစံမှာ အလွန်ပင် ခက်ထန်နေ၏။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ ခက်ထန်မှုများမှာ ဝူဟိုင်၏ ဒေါသအား ဆွပေးသက့ဲသို့သာ ဖြစ်နေပေလိမ့်မည်။

"ဇူယွမ်က နည်းနည်းမှကို ဦးနှောက်မရှိဘူးပဲ။"

လုယန်းမှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ လုယန်း၏ အတွေးများကသာ မှားယွင်းနေပုံရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိနေသောကြောင့် ဖြစ်သည်။

"သူ့မှာ သတ္တိရှိရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာတဲ့လား။ သူ့ရဲ့ စကားလုံးတွေက အခြေအနေတွေကိုပိုဆိုးအောင် လုပ်နေတာပဲ။"

လုယန်း၏စကားအား တပည့်တစ်ဦးမှ ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ "ဟုတ်တယ်။ ဇူယွမ်က အရှုံးကို လက်မခံနိုင်ဘူးဖြစ်နေတာ။"

"စီနီယာအမတော်ကရော ဝင်ပါဖို့ ဆန္ဒရှိလား။"

လုယန်းမှာ လက်နှစ်ဖက်အားပိုက်လျက် တွေးတောလိုက်သည်။ ထို့နောက် လုယန်းမှာ ဇူယွမ်၏ပုံရိပ်အား ငေးမောလျက် စနောက်လိုဟန်ဖြင့် စကားဆိုလိုက်၏။ "သူ့ရဲ့သတ္တိကိုတော့ ငါအ့ံသြမိတယ်။ ဘာပဲဖြစ်ဖြစ် အ​ခြေအနေတွေ အရမ်းဆိုးလာရင်တော့ ငါဝင်ပြီး ကူညီပေးမှာပါ။"

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှ ကြောက်ရွ့ံခြင်းမရှိပဲ ဝူဟိုင်အား စိန်ခေါ်လိုက်ခြင်းမှာ လုယန်အား အနည်းငယ် အ့ံအားသင့်စေခ့ဲသည်။ ထို့ကြောင့် ယခုအချိန်တွင် ဇူယွမ်အကူအညီ လိုအပ်လာပါက လုယန်းမှ ဝင်ရောက်ကူညီပေးရန် ဆုံးဖြတ်လိုက်၏။

သို့သော် လုယန်းမှာ ဇူယွမ်အား အနည်းငယ် နာကျင်အောင် လွှတ်ပေးထားဦးမည်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ ဘဝင်မြင့်လွန်း၍ပင် ဖြစ်၏။ ထို့ကြောင့် လုယန်းမှာ ဇူယွမ်အား ဝူဟိုင်မှ နှိပ်စက်သည်ကို ဦးစွာကြည့်ရှုရန် တွေး​ေတာလိုက်သည်။

များစွာသောအကြည့်များ၏အောက်၌ပင် ဝူဟိုင်၏ ရယ်မောနေသော အမူအရာမှာ ကွယ်ပျောက်သွား၏။ ဝူဟိုင်မှာ ခက်ထန်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။

ထို့နောက် ဝူဟိုင်မှာ တပည့်များဖက်သို့လှည့်၍ ကျယ်လောင်စွာ ရီမောလျက် ပြောဆိုလိုက်၏။ "ခုနက ဒီကောင်ဘာပြောလိုက်လဲဆိုတာ ကြားလိုက်ကြတယ်မလား။"

အကြီးအကဲလုဟုန်း၏ တပည့်များမှာလည်း ကျယ်လောင်စွာ အော်ဟစ်ရီမောကြတော့သည်။

"ကြည့်ရတာ ဒီကောင် ဒေါသထွက်လွန်းလို့ ရူးသွားပုံပဲ။"

"စီနီယာအကိုတော်ဝူဟိုင်ကိုများ ဘာထင်နေလဲမသိဘူး။"

"ဇူယွမ်က သတ္တိရှိပေမယ့် အသိဉာဏ်တော့ မရှိဘူးပဲ။"

"......."

လုဟုန်း၏ တပည့်များမှာ ဇူယွမ်အား အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်နေကြ၏။ တစ်ဦးတစ်ယောက်ကမှ ဇူယွမ်အား အလေးအနက် မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် ဝူဟိုင်မှာ လုဟုန်းအုပ်စု၏ ထိပ်သီးငါးဦးထဲတွင် ပါဝင်နေသောကြောင့်ပင် ဖြစ်သည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် လက်ဖြောက်တစ်ချက်အား တီးလိုက်သည်နှင့်တကွ ရှန်ဝမ့်ကျင်းမှာ တောင်ကုန်းပေါ်သို့ ပြန်လည်ရောက်ရှိလာ၏။

"မင်းအဆင်ပြေရဲ့လား။" ဇူယွမ်မှ ရှန်ဝမ့်ကျင်းအားကြည့်ကာ မေးလိုက်သည်။

ရှန်ဝမ့်ကျင်းမှာ ရှက်ရွံ့နေဟန်ဖြင့် ခေါင်းကိုကုတ်ကာ ပြောလုိက်၏။ "ကျွန်တော်အဆင်ပြေပါတယ် အကိုလေးယွမ်။ ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရကြအောင်။"

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောကြားခြင်းမပြုပဲ ရှန်ဝမ့်ကျင်း၏ ပါးပြင်ပေါ်မှ လက်ဝါးရာအား ကြည့်ရှုလိုက်သည်။ ထို့နောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ရှန်ဝမ့်ကျင်းအား ဝေ့ယမ်းပြကာ စကားဆိုလိုက်၏။

"အနောက်မှာသွားရပ်နေ။"

ရှန်ဝမ့်ကျင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခါးသက်သက် ရီမောလိုက်သည်။ ရှန်ဝမ့်ကျင်းမှာ ဇူယွမ်အား စကားအချို့ ပြောချင်နေပါသော်လည်း စကားလုံးများကို မြိုချထားလိုက်​ေတာ့၏။ ထို့နောက် ဇူယ​ွမ်၏ ပုံရိပ်အား ကျေးဇူးတင်စွာဖြင့် ကြည့်ရှုနေမိသည်။

ဇူယွမ်မှာ သူ့ဖက်၌ ရပ်တည်ပေးမည်ကို ရှန်ဝမ့်ကျင်းမှ ကောင်းမွန်စွာ သိရှိထားခ့ဲ၏။

ရှန်ဝမ့်ကျင်းမှာ အရေထူလှသဖြင့် အရှက်ခွဲခံခဲ့ရခြင်းအား အနည်းငယ်မျှပင် စိတ်မခုမိချေ။ ရှန်ဝမ့်ကျင်းမှာ ဇူယွမ်၏ကျောပြင်အား မျက်တောင်ပင်မခတ်ပဲ ငေးမောကြည့်ရှုနေသည်။

ဇူယွမ်မှာ ခပ်ဖွဖွရီမောလျက် ဝူဟိုင်အား ပြောလိုက်၏။ "မင်းဆုံးဖြတ်ပြီးပြီလား။"

ဝူဟိုင်မှာလည်း ကျယ်လောင်စွာရီမောလျက် ဇူယွမ်အား ခွန်းတုံ့ပြန်လိုက်သည်။ "မင်းကစိတ်ဝင်စားစရာ ကောင်းသားပဲ။"

ဝုန်း....

ထို့နောက် ချက်ချင်းဆိုသလိုပင် ဝူဟိုင်၏ ခန္ဓာကိုယ်ထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသဖြင့် အနီးရှိ တပည့်များသည်ပင် အနောက်သို့ ဆုတ်သွားကြရ၏။

ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာ ဝူဟိုင့်ထံမှ ထွက်ပေါ်နေလျက် ရှိသည်။

ထိုစွမ်းအင်ဖိအားများမှာ မဟူရာမီးတောက်စီရင်စု၌ ဇူယွမ်ရင်ဆိုင်ခ့ဲရသော ယန်ရွှမ်းထက်ပင် အနည်းငယ် သန်မာနေ၏။

ဝူဟိုင်၏ အမူအရာမှာ အေးစက်နေပြီး မထီမဲ့မြင်ပြုသောဟန်ပန်ဖြင့် ရေရွတ်လိုက်သည်။ "အရူးကောင်.."

ဝူဟိုင်မှာ လက်ငါးချောင်းလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ဝူဟိုင်၏ဦးခေါင်းထက်မှ ထွက်ပေါ်နေသော ချီစွမ်းအင်များမှာ ရာချီသောဓားအရိပ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထက်ရှလှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူများအားလုံးသည်ပင် စူးရှမှုအား ခံစားလိုက်ရ၏။

ဝှစ်....ဝှစ်....

ရာနှင့်ချီသော ဓားအရိပ်များမှာ လျှပ်စီးအလား လျင်မြန်စွာဖြင့် ဇူယွမ်၏ သေကွင်းသေကွက်များဆီသို့ ဦးတည်ပျံသန်းလာခ့ဲသည်။

ဓားအရိပ်တစ်ခုစီကပင် မူလစဦး ဆဋ္ဌမအဆင့်ရှိသူအား ကြောက်ရွံ့စေနိုင်၏။ ထိုသို့ ဓားအရိပ်ပေါင်း ရာချီနေသည်ဖြစ်သောကြောင့် မူလစဦး သတ္တမအဆင့်ရှိသူသည်ပင်လျှင် ဤတိုက်ခိုက်မှုအား ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။

"စီနီယာအကိုတော်ဝူဟိုင်က တကယ်ကြီး တိုက်ခိုက်နေတာပဲ။ ကြည့်ရတာ အကိုတော် ဒေါသထွက်နေပြီနဲ့တူတယ်။" လုဟုန်း၏ တပည့်များမှာ ​ဝူဟိုင်၏ပုံရိပ်အား ငေးမောကြည့်ရှုရင်းဖြင့် ကျေနပ်အားရနေကြသည်။

တစ်ဖက်တွင်မူ စိန်းထိုက်ယွမ်၏ တပည့်များမှာ အလွန်ပင် စိုးရိမ်ပူပန်နေကြ၏။

ဝှစ်....ဝှစ်....

ဓားအရိပ်များမှာ လေထုကိုဆုတ်ဖြဲလျက် ပျံသန်းလာနေသက့ဲသို့ ဇူယွမ်မှာလည်း စတင်လှုပ်ရှားလိုက်သည်။ ဇူယွမ်၏ပုံရိပ်မှာ ဒြပ်မဲ့သဏ္ဍာန်သို့ ပြောင်းလဲသွားကာ အခိုးအငွေ့အလား လျင်မြန်စွာ ရွေ့လျားလိုက်၏။

ချပ်....ချပ်....

ဓားအရိပ်များမှာ ဇူယွမ်၏ပုံရိပ်အား ဖြတ်သန်းသွားပြီးနောက် မြေပြင်ပေါ်၌ ကြီးမားလှသော အခေါင်းပေါက်များကို ဖြစ်ပေါ်စေခ့ဲသည်။

ဇူယွမ်မှာ မြွေတစ်ကောင်အလား လျင်မြန်သွက်လက်စွာဖြင့် ဓားအရိပ်များအားလုံးကို ရှောင်ရှားနိုင်ခ့ဲ၏။

ဇူယွမ်အား ကြည့်ရှုနေသော ဝူဟိုင်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားကာ လက်များကို လှုပ်ရှားလိုက်သည်။

ေကာင်းကင်ထက်၌ ပိုမိုများပြားသော ဓားအရိပ်များဖြင့် ပြည့်နှက်သွားကာ ဇူယွမ့်ထံသို့ တဟုန်ထိုး ဆင်းသက်လာကြ၏။

လုယန်း၏ဘေးတွင်ရှိနေသော တပည့်တစ်ဦးမှ မေးမြန်းလိုက်သည်။ "စီနီယာအမတော် ဇူယွမ်က ဒီတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါ့မလား။"

လုယန်းမှ ပြန်လည်ဖြေကြားလိုက်၏။ "ကောင်းကင်အဆင့် မူလလက်နက်သာ မရှိဘူးဆိုရင် ဇူယွမ်က ဘယ်လိုမှ ခံနိုငရည််ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့လက်နက်နဲ့တောင်မှ ဒါကိုကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး။"

"ဇူယွမ်မတောင့်ခံနိုင်တော့ဘူးဆိုတာနဲ့ ဝူဟိုင်က အပြင်းအထန် တိုက်ခိုက်လိမ့်မယ်။"

"ဘယ်လိုပဲပြောပြော ဇူယွမ်ရဲ့ ကျင့်ကြံရေးအဆင့်က နိမ့်ပါးနေတဲ့အပြင် ခန္ဓာကိုယ်ကလည်း အားနည်းတယ်လေ။"

လုယန်းမှာ ဇူယွမ်အတွက် စိတ်မကောင်းဖြစ်မိသလို ခံစားလိုက်ရ၏။  အကယ်၍ ဇူယွမ်၏ ကျင့်ကြံခြင်းအဆင့်သာ မြင့်မားနေပါက တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် အခွင့်အရေး ရှိနိုင်ပေသေးသည်။

သို့သော် ကံမကောင်းစွာဖြင့် ဇူယွမ်မှာ အားနည်းနေဆဲသာ ဖြစ်၏။

ချပ်....ချပ်....

ဓားအရိပ်များမှာ အဆက်မပြတ် ကျဆင်းနေလျက်ရှိပြီး အခိုးအငွေ့တစ်ခုမှာလည်း လျင်မြန်စွာ ရွေ့လျားနေလျက် ရှိသည်။ ဓားအရိပ်များကြောင့် မြေပြင်တစ်ခုလုံးမှာ အက်ကွဲနေရ၏။

ဇူယွမ်မှာ ခေါင်းကိုမော့လျက် လှောင်ပြောင်သရော်လိုဟန်ဖြင့်ရှိနေသော ဝူဟိုင်အား ကြည့်ရှုလိုက်သည်။ ထို့နောက် ဇူယွမ်၏ ခန္ဓာကိုယ်ထက်၌ ကျောက်စိမ်းရောင်သ့ဲသ့ဲမျှ လင်းလက်လာတော့၏။

ဇူယွမ်မှာ မြေပြင်အားဆောင့်နင်းကာ ဝူဟိုင့်ထံသို့ ဦးတည်ပျံသန်းလိုက်သည်။ ပျံသန်းနေသောအရှိန်မှာ လျင်မြန်လှသောကြောင့် ဓားအရိပ်တစ်ခုတစ်လေမှပင် ဇူယွမ်အား မထိခိုက်နိုင်ခ့ဲပေ။

"မင်းက အမြန်နှုန်းကို မြှင့်လိုက်တာပေါ့လေ။" ဝူဟိုင်မှာ လှောင်ပြောင်လိုသော မျက်ဝန်းများဖြင့် လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်လိုက်၏။

ပြင်းထန်လှသော ချီစွမ်းအင်များမှ အတူတကွ စုဝေးသွားကာ သုံးပေမျှရှိသော ဓားတစ်ချောင်း ဖြစ်ပေါ်လာပြီး ဓားသွားတစ်ခုလုံးအား လျှပ်စီးများမှ လွှမ်းခြုံထားသည်။

"လျှပ်စီးဓားအရိပ်.."

ဝူဟိုင်မှာ ဓားသွားအား အရှေ့သို့ ပျံသန်းစေလိုက်၏။ ဇူယွမ်မှာ ဓားသွားအား အနည်းငယ်မှပင် ရှောင်ရှားခြင်းမပြုပဲ တည်ငြိမ်စွာဖြင့် ဆွဲကိုင်ရန် ပြင်ဆင်လိုက်သည်။

"မင်းတော့သေပြီပဲ။" ဝူဟိုင်၏ နှုတ်ခမ်းထက်၌ သရော်လိုသော အပြုံးတစ်ခု တွဲလဲခိုနေ၏။

"ငတုံးကောင်.." လုယန်းမှာ ကူကယ်ရာမဲ့စွာဖြင့် အောိဟစ်လိုက်သည်။ ဇူယွမ်မှာ ကောင်းကင်အဆင့် မူလလက်နက်အား အသုံးမပြုပဲ လက်ဗလာဖြင့်ပင် ဝူဟိုင်၏ တိုက်ခိုက်မှုအား ရင်ဆိုင်လိမ့်မည်ဟု လုယန်းမှ မည်သည့်အခါမှပင် တွေးထင်မထားခ့ဲချေ။

များစွာသောအကြည့်များ၏အောက်၌ပင် ဇူယွမ်နှင့် ဓားသွားတို့မှာ တွေ့ဆုံတော့မည်ပင် ဖြစ်၏။ တပည့်များမှာ ကူကယ်ရာမဲ့စွာဖြင့် မျက်ဝန်းများအား ပိတ်ထားလိုက်ကြတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ လက်တစ်ဖက်လုံးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့မည်ကို အားလုံးမှ သိရှိနေသောကြောင့်ပင် ဖြစ်၏။

ချပ်....

ဇူယွမ်၏လက်နှင့် လျှပ်စီးဓားသွားအရိပ်တို့ တွေ့ဆုံသွားကြသည်။ သို့သော် ထိုအချိန်၌ပင် ရီမောနေသော ဝူဟိုင်၏ အမူအရာမှာ အေးခဲသွားခ့ဲ၏။

အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏လက်ထံမှ ေသွးတစ်စက်မျှပင် ထွက်ပေါ်မလာသောကြောင့် ဖြစ်သည်။ ထို့အပြင် ဇူယွမ်မှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို အနည်းငယ်မျှပင် မခံစားရသည့်အလား လျှပ်စီးဓားသွားအား ဆုပ်ကိုင်ထား၏။

"ဘာ...." ကျင့်ကြံခြင်းစင်မြင့်တစ်ခုလုံး၌ အ့ံအားသင့်သွားသော အော်ဟစ်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

လုယန်းမှာလည်း အလွန်ပင် အ့ံအားသင့်သွားကာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေမိ၏။

ေကာင်းကင်အဆင့် မူလလက်နက်၏ အကူအညီ မပါဘဲနှင့်ပင် ဇူယွမ်မှာ ဝူဟိုင်၏ တိုက်ခိုက်မှုအား ရင်ဆိုင်နိုင်ခ့ဲလေသည်။

ခရက်....

များစွာသောအကြည့်များ၏အောက်၌ပင် ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် လျှပ်စီးဓားသွားအား ဖျက်စီးပစ်လိုက်၏။

ဝှစ်...

ထို့နောက် ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ပုံရိပ်မှာ ဝူဟိုင်၏ရှေ့သို့ ရောက်ရှိသွားသည်။

ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ဝူဟိုင်အား ထိုးချလိုက်၏။

ဇူယွမ်၏ လက်မောင်းတစ်ခုလုံးမှာ ကျောက်စိမ်းရောက်သ့ဲသဲ့မျှ လင်းလက်နေခဲ့သည်။

ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ မီးတောက်တစ်ခုအလား ပေါက်ကွဲထွက်ပေါ်လာတော့၏။

ဝူဟိုင်မှာ လျင်မြန်စွာဖြင့်ပင် လက်နှစ်ဖက်ကို ချိတ်ဆက်၍ ခုခံကာကွယ်ရေးအလွှာအား ဖန်တီးလိုက်သည်။

ချလန်း.....

သို့သော် ဝူဟိုင်၏ ကာကွယ်ရေးအလွှာမှာ ဇူယွမ်၏ လက်သီးဒဏ်ကြောင့် ပျက်စီးသွားရ၏။ မျက်စိတစ်မှိတ်စာမျှသော အချိန်လေးအတွင်းမှာပင် ဝူဟိုင်၏ ကာကွယ်ရေးအလွှာအားလုံးမှာ ပျက်စီးသွားရပြီ ဖြစ်သည်။

ဝုန်း....

ပြင်းထန်လှသော အသံတစ်ချက်နှင့်အတူ ဇူယွမ်မှာ ဝူဟိုင်၏ ရင်ဘတ်အား ထိုးချလိုက်၏။

ဇူယွမ်၏အမူအရာမှာ တည်ငြိမ်နေလျက်ပင်ရှိသော်လည်း ဝူဟိုင်၏ မျက်ဝန်းများ၌ ကြောက်ရွ့ံမှု အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။

များစွာသောအကြည့်များ၏အောက်၌ပင် ဝူဟိုင်မှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရပြီးနောက် အမြှောက်ဆံတစ်ခုအလား လေထုထဲသို့ လွင့်စင်သွား၏။

ဒုန်း....

ဝူဟိုင်မှာ တောင်ကုန်းတစ်ခုနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။ ပြင်းထန်လှသောအရှိန်ကြောင့် တောင်ကုန်းတစ်ခုလုံးမှာ ပြိုကျလာခ့ဲပြီး ဝူဟိုင်၏ခန္ဓာကိုယ်အား ဖုံးအုပ်သွား၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

ဇူယွမ်မှာ ခပ်ဖွဖွရီမောလျက် ရေရွတ်လိုက်၏။

"ငတုံးကောင်..."

"မင်းဘာသာမင်း ခုန်ချလိုက်ဖို့ ငါပြောခ့ဲသားပဲ။"

"အခုတော့ သက်သက်မဲ့ ငါ့အချိန်တွေ လာဖြုန်းသွားတယ်။"

All Chapters