← Chapters

တတိယအဆင့်

Vol. 33 Ch. 454

တတိယအဆင့်

Vol. 33 Ch. 454

မြူခိုးများရစ်သိုင်းနေသော တောင်ထိပ်တစ်ခုပေါ်၌

ဇူယွမ်မှာ ယင်းယန်နဂါးစင်မြင့်ထက်တွင် ထိုင်နေလျက်ရှိသည်။ ဇူယွမ်၏ ခန္ဓာကိုယ်မှာ ချွေးစေးများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ဇူယွမ်မှာ ကျောက်တုံးကြေးခွံအား တစ်ဆင့်ထပ်မံမြှင့်တင်ထားခြင်းပင် ဖြစ်သည်။

ဝူဟိုင်နှင့် ရင်ဆိုင်တိုက်ခိုက်မှုပြီးသည့်အချိန်မှစ၍ ဇူယွမ်မှာ ချိပ်ပိတ်ထားသော တောင်တန်းအတွင်း၌သာ ကျင့်ကြံလေ့ကျင့်ခြင်းအား အပတ်တကုပ် ကြိုးစားနေလျက် ရှိ၏။

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ကျင်းပရန်မှာ အလွန်ပင် နီးကပ်နေပြီဖြစ်သောကြောင့် ဇူယွမ်မှာ အနည်းငယ်မျှပင် အနားမယူဝ့ံပေ။

"အား....."

ဇူယွမ်မှာ အော်ဟစ်ညစ်ညူးလိုက်မိသည်။ ကျောက်စိမ်းရောင်အသားအရေအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ဇူယွမ်၏ခန္ဓာကိုယ်မှာ ကျောက်တုံးကြေးခွံ၏ ပထမအဆင့်အား ခံနိုင်ရည်ရှိခဲ့ပြီဖြစ်သဖြင့် ဒုတိယအဆင့်သို့ ပြောင်းလဲလေ့ကျင့်ခ့ဲ၏။

အဆင့်တစ်ခု ထပ်မံမြှင့်တင်လိုက်ကြောင့် ရရှိသည့်အကျိုးသက်ရောက်မှုမှာလည်း ပိုမိုများပြားလာသည်။ သို့သော် ခံစားရသော နာကျင်မှုမှာလည်း ပထမအဆင့်နှင့် များစွာကွာခြားလှ၏။

ဇူယွမ်မှာ ခက်ခဲစွာ မတ်တပ်ရပ်လိုက်ပြီးနောက် တောင်ကုန်းတစ်ခုပေါ်သို့ ပျံသန်းကာ ထိုင်ချလိုက်သည်။

ထို့နောက် ဇူယွမ်မှာ အနည်းငယ်မှပင် အနားယူခြင်းမပြုပဲ အင်္ကျီလက်မောင်းအိုးအတွင်းမှ ကြေးခွံတစ်ခုအား ထုတ်ယူလိုက်၏။ ဇူယွမ်မှာ ကြေးခွံအတွင်းမှ များပြားလှသော ရိမူချီစွမ်းအင်များကို ခံစားလိုက်ရသည်။

ယနေ့မတိုင်မီကပင် ဇူယွမ်မှာ ရွှမ်အဖိုးအို၏ ကူညီမှုဖြင့် နဂါးကြေးခွံ အခုနှစ်ဆယ်ကျော်အား ထပ်မံခုတ်ယူနိုင်ခ့ဲ၏။ ဇူယွမ်မှာ ပြင်ပသန်မာမှုကျင့်စဥ်များအား ပြင်းထန်စွာ ကျင့်ကြံနေသောကြောင့် ခန္ဓာကိုယ်အတွင်းရှိ ထိုက်ရိအမှတ်အသားမှာလည်း စွမ်းအင်များ လျော့ပါးလာရသည်။ ထို့ကြောင့် ဇူယွမ်မှာ ထိုက်ရိအမှတ်အသားအား ရိမူချီများဖြင့် ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်၏။

ထိုက်ရိအမှတ်အသားသာမရှိပါက ဇူယွမ်မှာ ပြင်ပသန်မာမှုကျင့်စဥ်များ၏ နာကျင်မှုများအား ခံနိုင်ရည်ရှိမည်မဟုတ်ပဲ ကျင့်ကြံခြင်းတိုးတက်မှုမှာ နှေးကွေးနေရပေလိမ့်မည်။

ဇူယွမ်မှာ ကြေးခွံအား လက်ကြားတွင်ထားလျက် မျက်ဝန်းများအား ပိတ်လိုက်သည်။ ထို့နောက် နဂါးကြေးခွံထံမှ အစိမ်းရင့်ရောင် စွမ်းအင်လှိုင်းများ ပေါ်ထွက်လာပြီး ဇူယွမ်၏ အရေပြားမှတဆင့် အသွေးအသားများထဲသို့ စီးဝင်သွားတော့၏။

ဇူယွမ်၏အသွေးအသားများထဲမှ အစိမ်းရင့်ရောင် အလင်းတန်းများ မှေးမှိန်စွာ လင်းလက်လာသည်။ ထို့နောက် အမှတ်အသားတစ်ခု ပေါ်ထွက်လာကာ ထိုအလင်းတန်းများအားစုပ်ယူလိုက်၏။

ဖြည်းညင်းစွာဖြင့် ဇူယွမ်၏ခန္ဓာကိုယ်အတွင်း၌ အသက်စွမ်းအင်များ ပြန်လည်ကြွယ်ဝလာခ့ဲသည်။

ဖြူရော်နေသော ဇူယွမ်၏ အသားအရေမှာလည်း သွေးရောင်လွှမ်းနေကာ ကျန်းမာပြည့်ဖြိုးသော အသွင်အပြင် ပြန်လည်ဖြစ်ပေါ်လာ၏။ အစောပိုင်း၌ ဇူယွမ်ခံစားခ့ဲရသော နာကျင်မှုများအားလုံးမှာလည်း ပျောက်ကွယ်သွားခ့ဲပြီ ဖြစ်သည်။

နှစ်နာရီကြာပြီးနောက်....

ဇူယွမ်၏ လက်ကြားတွင်ရှိနေသော နဂါးကြေးခွံမှာ ဖုန်မှုန့်အဖြစ်သို့ စတင်ပြောင်းလဲလာ၏။ တင်းကြပ်စွာပိတ်ထားသော ဇူယွမ်၏မျက်ဝန်းများ ပြန်လည်ပွင့်ဟလာခ့ဲသည်။

ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းမှ ကြွယ်ဝများပြားသော အသက်စွမ်းအင်များကို ခံစားမိလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှ္ူထုတ်လိုက်၏။

"တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲကိုရောက်ဖို့က ဆယ့်နှစ်ရက်ပဲ လိုတော့တာပဲ။"

ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အနည်းငယ် တွေးတောလိုက်သည်။ ဇူယွမ်၏ လက်ရှိစွမ်းအင်ဖြင့်ဆိုလျှင် ဝူဟိုင်အား ရင်ဆိုင်နိုင်ပြီဖြစ်ပါသော်လည်း တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက်မူ မလုံလောက်သေးချေ။

အဘယ့်ကြောင့်ဆိုသော် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်မည့်သူတစ်ဦးဖြစ်သော ယွမ်ဟောင်မှာ အလွန်ပင် သေချာနေသောကြောင့် ဖြစ်၏။

ဇူယွမ်မှာ ကျောက်စိမ်းရောင်အသားအရေအဆင့်သို့ ရောက်ရှိခ့ဲပြီဖြစ်သော်လည်း ယခုအချိန်ထိ လုံလောက်မှုမရှိသေးဟုသာ ခံစားနေမိသည်။ ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်၏ ငွေရောင်ခြည်အသွေးအသားအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံထားမှသာ စိတ်ချရမည်ဟု တွေးတောလိုက်၏။

သို့သော် ငွေရောင်ခြည်အသွေးအသားအဆင့်သို့ ရောက်ရှိရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

ဇူယွမ်မှာ တစ်လမျှသော အချိန်အတွင်း၌ ကေျာက်စိမ်းရောင်အသားအရေအဆင့်သို့ ရောက်ရှိနိုင်ခ့ဲခြင်းသည်ပင် လွန်စွာထူးခြားကောင်းမွန်နေပြီ ဖြစ်၏။

ပြောရမည်ဆိုလျှင် ေကျာက်တုံးကြေးခွံအား အဆင့်မြှင့်တင်ခ့ဲပါသော်လည်း ဇူယွမ်၏အသွေးအသားများမှာ အဆင့်တက်မည့် အရိပ်အယောင်ပင် ပေါ်မလာသေးချေ။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေစဥ်မှာပင် ရွှမ်အဖိုးအိုမှ လှမ်း၍ပြောလိုက်သည်။ "ကောင်လေး နားပြီးပြီဆိုရင်လည်း ပြန်ပြီးလေ့ကျင့်တော့လေ။ အချိန်တွေ ဖြုန်းမနေနဲ့။"

အိုဟောင်းနေသော လသာဆောင်တစ်ခုအတွင်း၌ ရွှမ်အဖိုးအိုမှာ ဆေးပြင်းလိပ်အားခဲလျက် ထိုင်နေခြင်း ဖြစ်၏။ ရွှမ်အဖိုးအိုမှာ မီးခိုးငွေ့များအား မှုတ်ထုတ်ရင်းဖြင့် ဇူယွမ်အား ပျင်းရိစွာ ကြည့်ရှုနေလျက် ရှိသည်။

ဇူယွမ်မှာ ခေတ္တမျှ တွေဝေနေရပြီးနောက် ဆုံးဖြတ်ချက်တစ်ခုအား ပြတ်သားစွာ ချလိုက်တော့၏။

"အဖိုး ကျွန်တော် ယင်းယန်စွမ်းအင်တွေကို အဆင့်သုံးအထိ တိုးမြှင့်ချင်တယ်။"

ရွှမ်အဖိုးအိုမှာ အလွန်ပင် အ့ံအားသင့်သွားပုံရကာ လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။ "မင်းအသက်မရှင်ချင်တော့ဘူးလား။ ဒုတိယအဆင့်တောင် မင်းအတွက် များနေပြီကို တတိယအဆင့်ထိတက်ဖို့ တွေးရဲသေးတယ်ပေါ့။"

ရွှမ်အဖိုးအိုမှာ ဇူယွမ်၏ ပြတ်သားသောမျက်ဝန်းများအား တွေ့ရှိလိုက်ရပြီးနောက် အမှန်တကယ်ပင် အထင်ကြီးလေးစားမိသွား၏။

"တကယ်ကြီး လုပ်တော့မှာလား။" ရွှမ်အဖိုးအိုမှာ မယုံကြည်နိုင်သေးသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

တတိယအဆင့်သို့ ထပ်မံမြှင့်တင်ခြင်းမှာ အလွန်ပင် စွန့်စားလွန်းရာကျ၏။

ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဇူယွမ်မှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် တစ်နှစ်ပတ်လုံး စောင့်ဆိုင်းနေခ့ဲရ၏။ အကယ်၍သာ တပည့်ခေါင်းဆောင်နေရာအား ရရှိရန်ကျရှုံးခ့ဲလျှင် အချိန်များစွာ ထပ်မံစောင့်ဆိုင်းနေရပေလိမ့်မည်။

သို့သော် ဇူယွမ်မှာ အချိန်များစွာ ထပ်မံစောင့်ဆိုင်းနေလိုခြင်း မရှိပေ။

ထို့ကြောင့် အကန့်အသတ်သို့ ရောက်သည်အထိ အပြင်းထန်ဆုံး လေ့ကျင့်မှုများကိုပြုလုပ်၍  စွမ်းအင်များကို တိုးတက်အောင် ပြုလုပ်ရမည်သာ ဖြစ်သည်။

ကြီးမြတ်သော ဇူအင်ပါယာအတွင်း ရှိစဥ်ကာလများ၌  ဇူယွမ်မှာ စွမ်းအင်ဝင်ပေါက်များ ပိတ်နေခ့ဲသောကြောင့် ကျင့်ကြံခြင်းလမ်းစဥ်အား လျှောက်လှမ်းရန် မဖြစ်နိုင်ခ့ဲချေ။ ထိုအချိန်ထဲကသာ လက်လျော့လိုက်မည်ဆိုပါက ဇူယ​ွမ်မှာ ဤနေရာသို့ပင် ရောက်ရှိလာနိုင်မည် မဟုတ်ပေ။

အတိတ်ကာလများ၌ပင် လက်မလျော့ခ့ဲသော ဇူယွမ်မှာ ယခုအချိန်မှ လက်လျော့လိုက်ရန် အနည်းငယ်မျှပင် မဖြစ်နိုင်ချေ။

ရွှမ်အဖိုးအိုမှာ မီးခိုးငွေ့များအား မှုတ်ထုတ်လုိက်ပြီးနောက် ဇူယွမ်အား လေးနက်စွာ ကြည့်ရှုကာ စကားဆိုလိုက်၏။ "ကောင်လေး တတိယအဆင့်က မင်းအတွက် များလွန်းတယ်။ အဲ့ဒါကြောင့် မင်းအဆပေါင်းထောင်သောင်းမက နာကျင်ခံစားရလိ်မ့်မယ်။"

ဇူယွမ်မှာ ရွှမ်အဖိုးအိုအား ပြုံးပြလိုက်ပြီးနောက် ကျောက်တုံးစင်မြင့်ပေါ်သို့ ပျံသန်းဆင်းသက်လိုက်သည်။ ဇူယွမ်၏ အပြုအမူများဖြင့်ပင် ပြတ်သားသော ဆုံးဖြတ်ချက်အား ​တွေ့မြင်နိုင်၏။

ရွှမ်အဖိုးအိုမှာ အနည်းငယ်တွေဝေသွားရသော်လည်း ခေါင်းညိတ်ကာ ဇူယွမ်အား အသိအမှတ်ပြုလိုက်သည်။

ကျင့်ကြံရေးလောကမှာ အမှန်တကယ်ပင် ခက်ထန်ကြမ်းတမ်းလွန်းလှ၏။ ကျင့်ကြံခြင်းလမ်းစဥ်အား လျှောက်လှမ်းမည့်သူမှာ စိတ်ဓာတ်ပြတ်သားမှုနှင့် ပြင်းပြသောလုံ့လတို့အား အလိုအပ်ဆုံးပင် ဖြစ်သည်။

ရွှမ်အဖိုးအိုမှာ မည်သည့်စကားမှ ထပ်၍မဆိုနေတော့ပဲ တံမြက်စည်းကိုဆုပ်ကိုင်ကာ မြေပြင်တစ်နေရာအား လှည်းကျင်းလိုက်၏။

ချက်ချင်းဆိုသလိုပင် နဂါးရုပ်ထုနှစ်ခု၏ ဦးခေါင်းထက်မှ တတိယမြောက် ကျောက်တုံးကြေးခွံမှာ လင်းလက်တောက်ပလာခဲ့သည်။

ဝုန်း.....

မြေပြင်တစ်ခုလုံးမှာ တုန်ခါသွားရပြီး ယင်းယန်စွမ်းအင်များမှာ မိုးကုပ်စက်ဝိုင်း၏ တစ်ဝက်မျှထိပင် လွှမ်းခြုံသွား၏။

ထို့နောက် နဂါးရုပ်ထုနှစ်ခု၏ ပါးစပ်မှာ ပွင့်ဟလာကာ အေးစက်နေသော ရေလှိုင်းလုံးများနှင့် ပြင်းထန်လှသော ချော်ရည်ပူများ ကျဆင်းလာလေတော့သည်။

ကျောက်တုံးစင်မြင့်ထက်တွင်ရှိနေသော ဇူယွမ်၏ပုံရိပ်အား ဝိုးတဝါးမျှသာ မြင်တွေ့နေရ၏။ ကျောက်တုံးစင်မြင့်တစ်ဖက်မှာ နီရဲပူလောင်နေပြီး ကျန်တစ်ဖက်မှာမူ အေးခဲနေ၏။

အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်

နဂါးရုပ်ထုနှစ်ခုထံမှ ကျဆင်းနေသော ရေနှင့်မီးလှိုင်းလုံးမှာ လျော့ပါးလာခ့ဲသည်။ ရွှမ်အဖိုးအိုမှ ကျောက်တုံးစင်မြင့်အား ကြည့်ရှုလိုက်သောအခါတွင် အငွေ့တထောင်းထောင်းထနေသော ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ရ၏။ ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ပြဲနေကာ မြင်မကောင်းအောင်ပင် ဒဏ်ရာများ ရရှိနေလေသည်။

ကျဆင်းနေသော ရေနှင့်မီးလှိုင်းလုံးများ ရပ်တန့်သွားသည်နှင့်တကွ ဇူယွမ်မှာ သတိလစ်သွားကာ စင်မြင့်ပေါ်မှ ပြုတ်ကျသွား​ေတာ့၏။

ဇူယွမ်၏ခန္ဓာကိုယ်မှ ချီစွမ်းအင်အမျှင်တန်းတစ်ခု ပေါ်ထွက်လာကာ ဇူယွမ်အား လွှမ်းခြုံသွားပြီးနောက် ညင်သာစွာဖြင့်ပင် တောင်ကုန်းပေါ်သို့ ရောက်ရှိလာခ့ဲသည်။

ရွှမ်အဖိုးအိုမှာ သတိလစ်နေသော ဇူယွမ်အား ကြည့်ရှုလိုက်၏။ ဇူယွမ်၏ အသားအရေထက်၌ အစိမ်းရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိခိုက်ဒဏ်ရာများ ဖြည်းညင်းစွာဖြင့် ပြန်လည်ကောင်းမွန်လာသည်ကို သာမန်မျက်စိနှင့်ပင် မြင်တွေ့နေလေသည်။

ရွှမ်အဖိုးအိုမှာ ဇူယွမ်၏ အသွေးအသားအတွင်းမှ မှေးမှိန်စွာဖြင့် လင်းလက်တောက်ပလာသော ငွေရောင်ခြည် အလင်းတန်းအား တွေ့ရှိလိုက်ရ၏။

ရွှမ်အဖိုးအိုမှာ သက်ပြင်းချလိုက်ပြီးနောက် အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။

"တော်တော်ရူးနှမ်းတဲ့ကောင်လေးပဲ။"

........

ဇူယွမ်မှာ ယင်းယန်နဂါးစင်မြင့်ထက်တွင် တိတ်ဆိတ်စွာပင် ကျင့်ကြံနေသက့ဲသို့ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာလည်း ဖြည်းညင်းစွာဖြင့် ပိုမိုနီးကပ်လာခ့ဲပြီ ဖြစ်၏။

ကလန်အတွင်းရှိ တပည့်များအားလုံးမှာ ကလန်၏ အကြီးမားဆုံး အခမ်းအနားဖြစ်သော တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲအတွင် အလွန်ပင် စိတ်လှုပ်ရှားနေကြလေသည်။

ဤသို့နှင့်ပင် တပည့်ခေါင်းဆောင် ေရွးချယ်ခြင်းအခမ်းအနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

All Chapters