စကားစမြည်ပြောဆိုခြင်း
Vol. 33 Ch. 456
ကျဥ်းမြောင်းသော တောင်ထွတ်လျှောက်လှမ်းတစ်လျှောက်တွင် ပုံရိပ်နှစ်ခုမှာ အတူတကွ လျှောက်လှမ်းနေလျက် ရှိသည်။ ထန်ထန်မှာ ပုံရိပ်နှစ်ခုကြားတွင် လိုက်ပါလာလျက် ဇူယွမ်အား မကြာခဏ လှည့်၍ကြည့်နေ၏။ အခြေအနေများအရ ယောင်ယောင်မှာ စိတ်အလိုမကျဖြစ်နေကြောင်း ထင်ရှားနေသည်။
ဇူယွမ်မှာ ခေါင်းကိုကုတ်ကာ ကသိကအောက်ဖြစ်စွာဖြင့် ယောင်ယောင်အား ငေးမောကြည့်ရှုလိုက်၏။ ပုံမှန်အားဖြင့် မည်သည့်အရာကိုမှ အလေးမထားတက်သော ယောင်ယောင်မှာ အဘယ့်ကြောင့် အလွန်အမျက်ဒေါသထွက်နေမှန်း ဇူယွမ်မှာ စဥ်းစားမရအောင်ပင် ဖြစ်နေရသည်။
ယောင်ယောင်မှာ မည်သည့်စကားကိုမှ မဆိုသေးသောကြောင့် ဇူယွမ်မှာလည်း စကားစမြည်ပြောဆိုရန် မဝ့ံမရဲ ဖြစ်နေရ၏။ ဤသို့နှင့်ပင် ဇူယွမ်နှင့် ယောင်ယောင်တို့မှာ ဂူနန်းဆီသို့ ပြန်လည်ရောက်ရှိလာခ့ဲသည်။
ဂူနန်းဆီသို့ ပြန်လည်ရောက်ရှိသောအခါတွင် ယောင်ယောင်မှ တည်ငြိမ်စွာ ပြောလိုက်၏။ "နင့်ကိုယ်နင် အရင်သန့်ရှင်းလိုက်ဦး။"
ဇူယွမ်မှာ ချွေးစေးများ ရွှဲစိုနေသော ခန္ဓာကိုယ်အားကြည့်ကာ ရီမောလိုက်ပြီးနောက် ရေချိုးသန့်စင်ရန် ထွက်လာလိုက်သည်။
ယောင်ယောင်မှာ ကျောက်သားစားပွဲတစ်ခုထံတွင် ထိုင်ချလိုက်၏။ ထို့နောက် ဝိုင်တစ်အိုးအားထုတ်ကာ ဝိုင်ခွက်ထဲသို့ လောင်းချလိုက်သည်။ ယောင်ယောင်မှာ မျောလွင့်နေသော တိမ်စိုင်များအားကြည့်ရှုလျက် ဝိုင်ခွက်အား မော့သောက်လိုက်တော့၏။
အချိန်အချို့ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ သန့်ရှင်းသပ်ရပ်စွာဖြင့် ထွက်လာပြီး ယောင်ယောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။
ယောင်ယောင်မှာ ဇူယွမ်အား အရေးပင်စိုက်ပုံမရပဲ တိမ်စိုင်များအား ဆက်လက်ငေးမောနေ၏။
အချိန်အနည်းငယ်မျှ ကြာမြင့်သွားသည့်တိုင် ယောင်ယောင်မှာ တိမ်စိုင်များအား ငေးမောနေပြီးနောက် ဇူယွမ်အားကြည့်ကာ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။ "နင်...."
ဇူယွမ်မှာ ယောင်ယောင်၏စကားအားဖြတ်ကာ ပြောလိုက်၏။ "ကျွန်တော်မှားသွားပါတယ်။"
ယောင်ယောင်မှာ အနည်းငယ် အ့ံအားသင့်သွားပြီး မျက်မှောင်ကျုံ့ကာ ေပြာလိုက်သည်။ "မှားတယ်..."
"အမကြီးယောင်ယောင် ပြောတာမှန်ပါတယ်။" ဇူယွမ်မှ လျင်မြန်စွာ ထပ်မံပြောဆိုလိုက်၏။
"ဘယ်လို....."
"ကျွန်တော် ဘယ်တော့မှ အဲ့လိုမလုပ်တော့ပါဘူး။"
ယောင်ယောင်မှာ မည်သည့်စကားမှ ပြောမရအောင်ပင် ဇူယွမ်မှာ စကားစဖြတ်ကာ တောင်းပန်နေလေသည်။
ဒုန်း......
အကြိမ်ရေများစွာ စကားစဖြတ်ခံလိုက်ရပြီးနောက် ယောင်ယောင်မှာ ဝိုင်ခွက်အား စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။ ထို့နောက် ယောင်ယောင်မှာ အေးစက်ခက်ထန်စွာဖြင့် ဇူယွမ်အား အော်ဟစ်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။"
ဇူယွမ်မှာ လျင်မြန်စွာပင် နှုတ်ခမ်းအား လက်ဖြင့်အုပ်ထားလိုက်၏။
ယောင်ယောင်၏ဘေးတွင်ရှိနေသော ထန်ထန်မှာ လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလေသည်။
ဇူယွမ်မှာ သက်ပြင်းတစ်ချက် ခိုး၍ချလိုက်ပြီးနောက် ယောင်ယောင်၏ ဝိုင်ခွက်ထဲသို့ လျင်မြန်စွာပင် ဝိုင်များဖြည့်ပေးလိုက်၏။
သို့သော် ယောင်ယောင်မှာ ဇူယွမ်အား လျစ်လျူရှုလျက် ဝိုင်တစ်အိုးအား ထပ်မံထုတ်ယူကာ ဝိုင်ခွက်အသစ်တစ်ခုဖြင့် ထည့်၍သောက်လိုက်သည်။
အချိန်အတန်ကြာအောင် ဝိုင်သောက်နေပြီးနောက် ယောင်ယောင်မှာ မျက်ဝန်းများ ကျဥ်းမြောင်းလာပြီး ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "ဇူယွမ် နင်ကအရမ်း မဆင်မခြင်လုပ်လွန်းတယ်။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ ပြန်လည်တုံ့ပြန်လိုက်သည်။ "အမကြီးယောင်ယောင် ကျွန်တော် အေးဆေးဆေးဆေး လုပ်နေလို့မှမရတာ။ အမကြီးပြောဖူးသလိုပဲ စီနီယာအကိုတော်ချူချင်းနဲ့ ကျွန်တော်က ခြားနားတယ်လေ။ အဲ့ဒါကြောင့် သူများက ငါးဆယ်ရာခိုင်နှုန်းကြိုးစားရင် ကျွန်တော်ကတော့ တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းလောက် ကြိုးစားဖို့လိုအပ်တယ်။"
"ဝူအင်ပါယာက အခုအချိန်ထိ ကြီးမြတ်သော ဇူအင်ပါယာကို လွှမ်းမိုးထားနိုင်တုန်းပဲ။ ဝူအင်ပါယာကသာ တစ်နေ့နေ့မှာ လှုပ်ရှားလာခ့ဲရင် ကြီးမြတ်သော ဇူအင်ပါယာက ဒုက္ခရောက်သွားရလိမ့်မယ်။"
"ကြီးမြတ်သောဇူအင်ပါယာက ဝူအင်ပါယာကို ရင်ဆိုင်နိုင်တဲ့ အင်အားမရှိသေးဘူး။ ကျွန်တော်ကသာ ဇူအင်ပါယာရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။"
ယောင်ယောင်မှာ သူမ၏ရှေ့တွင်ရှိနေသော လူငယ်လေးအား ငေးမောကြည့်ရှုလိုက်မိ၏။ အတိတ်ကာလများ၌ စွမ်းအင်မဲ့နေခ့ဲဖူးသော ထိုလူငယ်လေးမှာ လေးလံသော တာဝန်ဝတ္တရာများကို ထမ်းပိုးထားရင်းဖြင့် ဖြည်းညင်းစွာ တိုးတက်ပြောင်းလဲလာခဲ့သည်။
သို့သော် ထုိလူငယ်လေးမှာ တစ်ခါမှပင် ပင်ပန်းသည့်အရိပ်အယောင် မပြခဲ့ဘူးချေ။
ယောင်ယောင်မှာ ဝိုင်ခွက်အားဆုပ်ကိုင်ထားလျက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "နင်က ဇူအင်ပါယာရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဆိုတာ ငါလည်းသိပါတယ်။ ဒါပေမယ့် နင်သာတစ်ခုခုဖြစ်သွားရင် ဇူအင်ပါယာအတွက် ဘယ်လိုလုပ်မလဲ။"
"ပြီးတော့ အဲ့အခါကြရင် ငါကရော ဘယ်ကိုသွားရမှာလဲ။"
ယောင်ယောင်၏ အသံမှာ အနည်းငယ် ဖျော့တော့နေခ့ဲသည်။ ယောင်ယောင်၏ မူလဇာတ်မြစ်မှာ လျှို့ဝှက်လွန်းလှပြီး ယောင်ယောင်ကိုယ်တိုင်ပင် သူမ၏ အကြောင်းအား မသိရှိခ့ဲရပေ။ အတိတ်ကာလများ၌ ေယာင်ယောင်ရင်းနှီးခ့ဲရသည့် တစ်ဦးတည်းသောသူမှာ ကန်းယွမ်သာရှိ၏။
ကန်းယွမ်မှာ ဇူယွမ်အား ယုံကြည်စိတ်ချစွာဖြင့် ယောင်ယောင့်အား အပ်နှံခ့ဲလေသည်။ ထိုသို့နှင့် အချိန်အတန်ကြာအောင် အတူတကွ နေထိုင်လာပြီးနောက်တွင် ယောင်ယောင်၏ အဖော်မဲ့နေသော စိတ်နှလုံးမှာ ဇူယွမ့်အား မိသားစုဝင်အဖြစ် စတင်လက်ခံလာခ့ဲ၏။ ထို့ကြောင့် ယောင်ယောင်မှာ ဇူယွမ်ထိခိုက်မည့်ကိစ္စဆိုလျှင် အနည်းငယ်မျှပင် စိတ်မကူးကြည့်ရဲပေ။
ယောင်ယောင်မှာ ကန်ရွှမ်းကလန်အား အနည်းငယ်မျှပင် သံယောဇဉ်မရှိပဲ ဇူယွမ်ရှိနေခြင်းကြောင့်သာ ဤနေရာ၌ နေထိုင်နေခြင်း ဖြစ်သည်။
ဇူယွမ်သာ ကန်ရွှမ်းကလန်၌ မရှိတော့လျှင် သူမသည်လည်း ဤနေရာ၌ ဆက်လက်နေထိုင်လိုတော့မည် မဟုတ်ပေ။
ထို့ကြောင့် ဇူယွမ်သာ တစ်စုံတစ်ခု ဖြစ်သွားခ့ဲလျှင် ကမ္ဘာကြီး မည်မျှပင် ကျယ်ဝန်းနေပါစေ ယောင်ယောင့်ထံ၌ သွားစရာနေရာ ရှိတော့မည်မဟုတ်ချေ။
ဇူယွမ်မှာ ညှိုးနွမ်းဖျော့တော့နေသော ယောင်ယောင်၏ မျက်ဝန်းများအား ကြည့်ရှုရင်းဖြင့် နှလုံးသားများပင် နာကျင်သွားရ၏။ ဇူယွမ်မှာ အေးစက်နေသော ယောင်ယောင်၏လက်ကလေးကိုဆုပ်ကိုင်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ယောင်ယောင်က ကျွန်တော်ခန့်မှန်းကြည့်လို့ မရလောက်အောင် ထူးခြားတဲ့သူမှန်း သိပါတယ်။ ဆရာသခင်ကန်းယွမ်နဲ့ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းတို့တောင်မှ ယောင်ယောင်နဲ့ ပက်သတ်ဆက်နွယ်နေကြတယ်လေ။ သူတို့နဲ့ နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော့်ရဲ့အဆင့်က ပုရွက်ဆိတ်တစ်ကောင်သာသာပဲ ရှိပါတယ်။"
"ဒီနှစ်တွေအတွင်း ယောင်ယောင်ကပဲ ကျွန်တော့်ကို အန္တရာယ်တွေကြားကနေ အမြဲကာကွယ်ပေးနေခ့ဲတာ။"
"ဒါပေမယ့် ယောင်ယောင့်ကို စောင့်ရှောက်ပါ့မယ်လို့ ဆရာသခင်ကန်းယွမ်ကို ကတိပေးထားတယ်လေ။ ကျွန်တော် ဒီကတိလေးတစ်ခုတောင်မှ မတည်နိုင်တဲ့သူ မဖြစ်ချင်ဘူး။"
ဇူယွမ်မှာ လှပတင့်တယ်လှသော ယောင်ယောင်၏ မျက်နှာလေးအားကြည့်၍ ပြုံးကာပြောလိုက်၏။ "အမကြီးယောင်ယောင် ကျွန်တော်အခုလို အပြင်းအထန် လေ့ကျင့်နေရတာ အကြောင်းအရင်း နှစ်ချက်ပဲရှိတယ်။ ပထမတစ်ချက်က ကြီးမြတ်သောဇူအင်ပါယာကို ကာကွယ်နိုင်ဖို့။ နောက်ထပ်တစ်ချက်ကတော့ တစ်နေ့မှာ ယောင်ယောင်အန္တရာယ်နဲ့ တွေ့လာခ့ဲရင် ကျွန်တော် နည်းနည်းလေးပဲဖြစ်ဖြစ် အကူအညီဖြစ်စေချင်လို့ပဲ။"
"ယောင်ယောင့်ကို ကာကွယ်နိုင်ဖို့ ကျွန်တော့်အသက်ကို ပေးရမယ်ဆိုရင်တောင် ဆန္ဒရှိတယ်။"
ေယာင်ယောင်အား ကြည့်ရှုနေသော ဇူယွမ်၏မျက်ဝန်းများမှာ လေးနက်တည်ကြည်နေသည်။
ယောင်ယောင်မှာ အ့ံအားသင့်စွာဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုလိုက်မိ၏။ ယောင်ယောင်၏ မျက်ဝန်းများထဲမှ အေးစက်ခက်ထန်မှုများသည်ပင် အနည်းငယ် အရည်ပျော်ကျသွားသယောင် ရှိသည်။
ယောင်ယောင်မှာ သူမ၏လက်အား ထွေးပွေ့ထားသော ဇူယွမ်၏လက်ကို ဖြည်းညင်းစွာ ပြန်လည်ဆုပ်ကိုင်ရင်းဖြင့် စကားဆိုလိုက်၏။ "ငါအန္တရာယ်နဲ့ ကြုံရတဲ့နေ့ရောက်လာရင် နင့်ကိုယ်နင် လွတ်မြောက်အောင် ကြိုးစားရမယ်နော်။"
နေရောင်ခြည်မှာ တိမ်စိုင်များကိုထိုးဖောက်လျက် ဇူယွမ်နှင့် ယောင်ယောင်တို့အပေါ်သို့ ဖြာဆင်းနေလေသည်။ နေရောင်ခြည်အတွင်းရှိ မြူခိုးပြာမှုန်များမှာ ကခုန်နေသက့ဲသို့ ရှိ၏။
ဇူယွမ်မှာ လှပတင့်တယ်လှသော ယောင်ယောင်အား ငေးမောကြည့်ရှုနေရင်းဖြင့် ရင်ခုန်သံများပင် ကျယ်လောင်လာရသည်။ ဇူယွမ်မှာ မတ်တပ်ထရပ်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ယောင်ယောင်၏ပါးပြင်အနားသို့ တိုးကပ်သွားမိ၏။
ဇူယွမ်၏ပုံစံကြောင့် ယောင်ယောင်မှာ အနည်းငယ် တောင့်တင်းသွားရလေသည်။
ဇူယွမ်နှင့် ယောင်ယောင်မှာ အလွန်ပင် နီးကပ်နေပြီဖြစ်ကာ တစ်ဦး၏အသက်ရှ္ူသံကိုပင် တစ်ဦးမှကြားနေရ၏။
"အာဝု...."
သို့သော် ယောင်ယောင်နှင့် ဇူယွမ်တို့ ထိတွေ့တော့မည့်အချိန်မှာပင် ဟောင်သံတစ်ခု ထွက်ပေါ်လာလေသည်။ ယောင်ယောင်မှာ အသိစိတ်ပြန်ဝင်လာကာ ဇူယွမ်အား ဝိုင်ခွက်နှင့် ကောက်ပက်လိုက်မိ၏။
ဇူယွမ်မှာ ရုတ်တရက်ဆိုသလို တောင့်တင်းသွားရသည်။
ယောင်ယောင်၏ ပါးပြင်လေးများ နီမြန်းနေလျက် အိမ်ငယ်လေးဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားတော့၏။ ထို့နောက် အိမ်ငယ်လေး၏တံခါးအား ကျယ်လောင်စွာ ဆောင့်ပိတ်လိုက်လေသည်။
ဇူယွမ်မှာ ကျောက်ရုပ်ကြီးအလား ငြိမ်သက်စွာ ရပ်နေမိ၏။
အချိန်အတန်ကြာသည်အထိ ဇူယွမ်မှာ တောင့်တင်းနေမိပြီးနောက် မျက်နှာပေါ်ရှိ ဝိုင်များအား သုတ်လိုက်သည်။ ထို့နောက် ဇူယွမ်မှာ ထန်ထန်အားကြည့်၍ ခက်ထန်နေသော အမူအရာဖြင့် အော်ဟစ်လိုက်၏။ "မကောင်းဆိုးဝါးလေး ငါဒီနေ့ မင်းကိုချက်စားပစ်မယ်။"
ဇူယွမ်မှာ ဒေါသတကြီးဖြင့် ထန်ထန်အား လိုက်ဖမ်းလေတော့သည်။
ယောင်ယောင်မှာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်အေးစက်သွားမည်ဆိုပါက ဇူယွမ်မှာ ယခုက့ဲသို့ ရဲတင်းစွာ ပြုမူရဲတော့မည် မဟုတ်ပေ။ ထို်သို့ရှားပါးလှသော အခွင့်အရေးလေးအား ထန်ထန်မှ ဖျက်စီးပစ်ရက်လေ၏။
ဤသို့ဖြင့် ထန်ထန်နှင့် ဇူယွမ်မှာ လုံးထွေးသတ်ပုတ် ကြလေတော့သည်။
အချိန်အချို့ကြာမြင့်သွားပြီးနောက်
ဇူယွမ်မှာ သွေးစွန်းနေသော ကုပ်ခြစ်ရာများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ ထန်ထန်မှာမူ ကျေနပ်အားရနေဟန်ဖြင့် လူးလိမ့်နေလျက် ရှိသည်။ ဇူယွမ်သည် ထန်ထန့်ထံတွင် ရှုံးနိမ့်ခ့ဲရသည်မှာ ထင်ရှားလှ၏။
ဇူယွမ်မှာ ထန်ထန်မျှသော အကောင်ငယ်လေးကိုပင် ရှုံးနိမ့်ခဲ့ရသောကြောင့် စိတ်မသက်မသာဖြစ်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက် ဇူယွမ်မှာ ေမာပန်းစွာဖြင့် မြေပြင်ပေါ်၌ပင် အိမ်မောကျသွားတော့၏။
ထန်ထန်မှာ အိပ်မောကျနေသော ဇူယွမ်အနီးသို့ကပ်ကာ ခြေကိုမြှောက်လျက် ဇူယွမ်၏ဦးခေါင်းပေါ်သို့ သေးပန်းချရန် ကြံစည်လိုက်သည်။
သို့သော် ထိုအချိန်၌ပင် အေးစက်နေသော လက်တစ်စုံမှ ထန်ထန့်အား နားရွက်မှဆွဲကာ လေပေါ်သို့ မချီလိုက်၏။
ထန်ထန်မှ လှည့်ကြည့်လိုက်သောအခါတွင် အေးစက်နေသော အမူအရာနှင့် ယောင်ယောင်အား တွေ့ရှိလိုက်ရသဖြင့် သနားစဖွယ် မျက်လုံးဝိုင်းလေးများဖြင့် ကြည့်လိုက်လေသည်။
"သူ့ကိုအထဲခေါ်သွား။" ယောင်ယောင်မှာ အိပ်မောကျနေသော ဇူယွမ်အားကြည့်၍ ထန်ထန့်အား အမိန့်ပေးကာ မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်၏။
ထန်ထန်မှာ ကြီးမားသောသားရဲကြီးအသွင်သို့ ပြောင်းလဲသွားပြီး ဇူယွမ်အားကျောပေါ်တင်ကာ အိမ်ငယ်လေးဆီသို့ ခေါ်ဆောင်သွားလေသည်။
.......
နောက်တစ်နေ့တွင် ဇူယွမ်မှာ နိုးထလာသောအခါတွင် အိပ်ရာပေါ်သို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။ ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်များ ပြန်လည်ပြည့်နှက်လာသည်ကို ခံစားလိုက်ရသည်။
ဒေါင်.....
ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်ခုမှာ ကန်ရွှမ်းကလန်တစ်ခုလုံးသို့ ပျ့ံနှ့ံသွား၏။
ဇူယွမ်၏မျက်ဝန်းများမှယ လင်းလက်တောက်ပလာပြီး တိုက်ပွဲဆာလောင်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာလေတော့သည်။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ စတင်ခဲဲ့လေပြီ။